ပြည်သူ့ခေတ်ဂျာနယ်၃၀ဇွန်၂၀၁၁မှာaဖ်ာပြခဲ့တဲ့ဆာင်းပါးကလေးပါ။ဝလုံးဆိုတာကတကယ်တော့ ထိုက်ရဲ့အချစ်တော်ကြောင်ကလေးနာမည်ဖြစ်တယ်။ထိုက်စာရေးတဲ့အခါကျတော့ဝလုံးလို့ နာမည်ပေးထားတဲ့ဒိုင်ယာရီစာအုပ်လေးကို
သူငယ်ချင်းကိုပြောသလိုပြောပြနေဟန်ရေးထားတာဖြစ်ပါတယ်။ထိုက်ကမောင်ဝံသရဲ့သမီးနှစ်ယောက်၊ သားနှစ်ယောက်အနက်အကြီးဆုံးသမီးပါ။သီဟပူရဒိုင်ယာရီ–၄၅ထိုက်နိုင်င်ငံခြားရောက် မျိုးဆက်သစ်မြန်မာကလေးအချို့အကြောင်းဇွန်လ၁၈ရက်စနေနေ့ ရဲတိုင်လိုက်ရမလားဝလုံးရေ..ဘလော့တခုမှာဖတ်ဖူးတာတခုရှိတယ်။အမျိုးသမီးတွေ
စာနယ်ဇင်းသမားဖြစ်ချင်တာသတင်းသမားဆိုတာဟိုလူဒီလူကိုမေးခွန်းတွေထုတ်ပြီးသတင်းရေးရတာမို့ အဲဒီအလုပ်လုပ်ရင်တရားဝင်စပ်စုခွင့်ရတာမို့လုပ်ချင်ကြတာတဲ့။ငါလဲကိုယ်က စပ်စုတာမဟုတ်ပေမဲ့ပြီးခဲ့တဲ့အပတ်ကအသိတယောက်နဲ.စကားပြောရင်းခေါင်းထဲမှာအတွေးတွေဝင်လာပြီး
ဒီဒိုင်ယာရီရေးဖြစ်တယ်။ဖြစ်ပုံအသေအချာကိုတော့မမှတ်မိဘူးသူပြောပြတာကသူ့သားကကစားရင်း ဒဏ်ရာတခုရတယ်တဲ့။ဆေးခန်းသွားပြတော့ဆရာဝန်ကလိမ်းဖို့ဆေးပေးလိုက်တယ်။
အိမ်ပြန်ရောက်တော့ အမေဆိုတာက
သိတဲ့အတိုင်းမဟုတ်လား ကိုယ့်သားသမီးဖြစ်တယ် ဆိုတော့ ဗမာထုံးစံ ဒဏ်ကြေဆေး
လိမ်းပေးဖို့ လုပ်တာပေါ့။ အဲဒါကို သားက ဆရာဝန် ပေးထားတဲ့ ဆေးဘဲ လိမ်းမယ်
အမေလိမ်းပေးတာကို မခံနိုင်ဘူး လုပ်တယ်။ ဒီထက်ဆိုးတာက အမေက လိမ်းလိုက်ပါ
သားရယ် ပြောတာကို သူ့ဆန္ဒမပါတာကို အတင်းလုပ်ပါတယ်ဆိုပြီး ရဲကို
ဖုန်းဆက်တိုင်တယ်တဲ့ ၀လုံးရေ။ ဒါဟာ မြန်မာစစ်စစ် မိသားစုထဲမှာ
တကယ်ဖြစ်ခဲ့တယ်။ ငါလေကြားလိုက်ရတာ ဘယ်လိုဖြစ်သွားမှန်းမသိပါဘူး။ ရဲကို
တိုင်ပြီး ဘာဆက်ဖြစ်သွားလဲလို့ ထပ်လဲမမေးတော့ဘူး။ ဘာမှလဲ
ထပ်မကြားချင်တော့ဘူး။ ဒါပေမဲ့ ပြောချင်၊ ရင်ဖွင့်ချင်နေတဲ့ သူက ဆက်ပြီး
ပြောနေတော့ နားထောင်ပေးလိုက် ရတယ်။ ကလေးက ဒီင်္ကို အသက်ဘယ်နှစ်နှစ်မှာ
ရောက်တာလဲဆိုတော့ ၇နှစ်မှာ စရောက်ပြီး အခုဆို ၁၅နှစ်ရှိပြီတဲ့။ ဒါဆို
ဒီရောက်တာ ၈နှစ်ကျော်ပြီပေါ့။ သူက ဆက်ပြောတယ်။ အခုဆို ကလေးက အဖေက ဗမာပုဆိုး
ဝတ်ပြီး အိမ်အောက် ဆင်းရင် ရှက်တယ်တဲ့။ သူတို့လင်မယား နှစ်ယောက်စလုံးက
ကိုယ်ပိုင် ဆိုင်ဖွင့်ထားတဲ့သူတွေဆိုတော့ တခါတလေ နေမကောင်းဖြစ်လို့
မအားလပ်လို့ သားကို ဆိုင်ကို ခဏကြည့်ပေးဖို့ ပြောမယ်ဆိုရင် ၃ရက် ကြိုပြီး
အပွိုင့်မင့် တောင်းပါ ပြောတယ်တဲ့။ သူ့မှာ ဖျက်မရတဲ့ အလုပ်တွေနဲ့
မအားလပ်လို့ ကြိုသာမပြောလို့ကတော့ ဘာဖြစ်ဖြစ် မကူနိုင်ပါတဲ့။ ဗမာစကားတော့
ပြောနိုင် နားလည်နိုင်သေးပေမဲ့ ဗမာစာ မရေးတတ်တော့ပါတဲ့။ ကလေးက
မြန်မာအသိုင်းအ၀ိုင်းနဲ့ ထိတွေ့တာထက် သူ့ဘေးပတ်ဝန်းကျင်က ကျောင်းက
နေ့တဓူဝအတွေ့များနေတဲ့ လူတွေက စင်ကာပူလူမျိုး သူငယ်ချင်း တွေ
များနေလို့တဲ့။ ငါ့ရဲ့ အသိက ငါ့ကို ဘာလုပ်ရမလဲလို့ ရင်နာနာနဲ့ မေးပါတယ်။
ငါကတော့ ဗမာစကားပုံအတိုင်း သားသမီးမကောင်း မိဘခေါင်းဆိုတာလို
မိဘကြောင့်ဘဲလို့ ပြန်ပြောလိုက်ပါတယ်။ သူတို့ဟာ ကိုယ်ပိုင်အလုပ်နဲ့
ဝင်ငွေကောင်းတဲ့သူတွေမို့ ကလေးက အထင်သေးပြိး ပြန်ပြောတာကို မခံရသေးပေမဲ့
မွေးလာတဲ့ နိုင်ငံနဲ့ လူမျိုးကိုတော့ အထင်သေးနေပြီ။ ငါ့အသိက သူတို့တွေဟာ
ဒီကို စရောက်တုန်းက လင်မယား၂ယောက်စလုံး တနေ့ကို ၁၂နာရီလောက်
အလုပ်တွေလုပ်ခဲ့ရပြီး ရပ်တည်နိုင်ရေးအတွက် ကြိုးစားခဲ့ရတာမို့ ကလေးကို
ပြန်မကြည့်နိုင်ခဲ့ဘူး အချိန်မပေးနိုင်ခဲ့ဘူး ဘာမှ မသွန်သင်
မဆုံးမနိုင်ခဲ့ဘူးလို့ ပြောတယ်။ နေရာဖယ်ပေးလိုက်ရတာလား
ဝလုံးရေ..ဒီလိုအဖြစ်တွေက ကြားလာရတာများနေပြီမို့မဆန်းတော့ဘူးလို့လဲ
ပြောလို့ရတယ်။ဒါဆိုရင်ထားလိုက်ပါတော့လို့ ပြောရတော့မှာလား။ ငါကသူ့ကို
ဥပမာ တခုပေးပါတယ်။မြန်မာပြည်ကိုရောက်လာတဲ့ပြည်ကြီးတရုတ်တွေ
အိန္ဒိယအနွယ်တွေ..သူတို့သားသမီးေ
ဖေစ့်ဘွတ်ကသူငယ်ချင်းတစ်ယောက်ရဲ့ ဆိုက်ကနေရတာပါသူလည်းကြိုက်နှစ်သက်လို
့တင်ထားတာ မူရင်းစာရေးသူ တွေ ရဲ့ 
အတိုင်းပါပဲ၊၊ဘာကိုမှပြင်ဆင်ဖြတ်တောက်ခြင်းမပြုလုပ်ပါဘူး။
လေးစားစွာဖြင့်
ကိုညီညီအောင်
No comments:
Post a Comment