Monday, February 4, 2013

ထူးဆန်းသောအိမ်မက်...

လူတိုင်းအိမ်မက်မက်ဖူုးကမှာပါ..အဲဒါကြောင့်အိမ်မက်ဆိုတာထူးဆန်းလို့လားလို့မေးလာနိုင်ပါတယ်.. ကျမအတွက်တော့သိပ်ပြီးတော့ထူးဆန်းနေပါတယ်..ကျမအိမ်မက်တွေကိုကျမမေမေကိုပြောပြပေမယ့် သူမလုံးဝမယုံခဲ့ပါ။နာက်ပိုင်းတော့ကျမအိမ်မက်တွေကိုယုံလာခဲ့ပါတယ်။
ကျမလွန်ခဲ့သောသင်္ကြန်မတိုင်ခင်ကအိမ်မက်တခုမက်ခဲ့ပါတယ်...အိမ်မက်ထဲမှာသေဆုံးသွားပြီဖြစ်တဲ့ကျမသူငယ်ချင်းရဲ့အမေဟာကျမ တို့အပိုင်းထဲကကလေးအလောင်းတွေနဲ့လူကြီးအလောင်းတွေကိုမနိုင်မနင်းသယ်ပြိးတော့မခွျေ့နေပါတယ်
အိမ်မက်ထဲမှာကျမကသူ့ကိုမေးတော့ဒါငါ့တာဝန်တဲ့သူကဒီအလောင်းတွေကိုသယ်ပေးရမှာတဲ့လေ
ပြီးတော့သူနေတာကသူငယ်ချင်းတို့အိမ်နောက်ဖေးးက၀ါးရုံတောကိုလက်ညိုးလှမ်းထိုးပြပါတယ်..ပြီးတော့သူပြောတာတွေကိုမယုံရင် သူ့အိမ်တခြံကျော်မှာရှိတဲ့ကလေးတွေကသူ့ခြံထဲမှာဇီးသီးလာခူးနေကျတဲ့ အဲ့ဒါကိုသူစိတ်ဆိုးတယ်ပေါ့..အပင်အောက်ကကျတာကိုမကောက်ပဲအပင်ကိုရိုက်ချတယ်တဲ့။
သူတို့ကိုဟုတ်လားမဟုတ် လားမေးကြည့်လိုက်တဲ့။ ကျမလည်းအိမ်မက်ကလှန့်နိုးတော့ တော်တော်လေးကြောက်သွားခဲ့ပါတယ်။
ဒါနဲ့ချက်ချင်းပဲမေမေ့ဆီကိုဖုန်းဆက်ခဲ့ပါတယ်.. ကျမရှိစဉ်တုံးကသူညွန်ပြတဲ့ဝါးရုံတောကရှင်းထားပြီးသားပါ.ဒါ့ကြောင့်အဲဒီဝါးရုံတောရှိ မရှိလှန်းမေးတော့ရှိတယ်လို့ပြောပါတယ်။ပြီးတော့ဇီးပင်အကြောင်းမေးတော့လည်းဟုတ်တယ်တဲ့ သူတို့ကဇီးသီးလာကောက်နေကျတဲ့။အဲဒါနဲ့ကျမလည်းအိမ်မက်အကြောင်းကိုမေမေ့ကိုပြောပြပါတယ်။ သူကစိတ်စွဲလို့ဖြစ်မှာပါတဲ့လေ...ကျမကတော့မျက်လုံးထဲကလုံးဝမထွက်  ခဲ့ပါဘူး...ဒါနဲ့ပဲကျမလည်းဘုရားစာတွေရွတ်ပြီးအမျှအတမ်းပေးဝေခဲ့ပါတယ်။

သင်္ကြန်ရက်ကျတော့ကျမလည်းအိမ်ကိုဖုန်းဆက်ခဲ့တယ်။သူငယ်ချင်းကဖုန်းလာကိုင်တယ် အိမ်ကလူတွေဘယ်သူမှမရှိကျဘူးတဲ့လေ..ကျမလည်းဒီတိုင်းပဲသူငယ်ချင်းကိုစကားပြောနေခဲ့ပေမယ့် သူ့အသံတွေကတုန်နေတယ်..ကျမသတိထားမိလို့သူ့ကိုမေးကြည့်ပါတယ်..ဘာဖြစ်တာလဲဆိုတော့ မနက်ကပဲကိုယ်ဝန်ဆောင်ကလေးမမွေးနိုင်လို့မိခင်ရောကလေးေ၇ာဆုံးသွားတယ်တဲ့
အကောင်းကြီးကနေပြီးတော့ တဲ့..ကျမတို့အိမ်ဘေးနားကလေ..ကျမလည်းသတိမထားမိသေးပါဘူး။
နောက်သင်္ကြန်ပြီးတော့ကျမဖုန်းထပ်ဆက်ဖြစ်တယ်..နော်ကထပ်ကိုယ်ဝန်သည်နှစ်ယောက်နဲ့ကလေးနှစ်ယောက်ထပ်ဆုံးသွားတယ်တဲ့ ကျမဖုန်းဆက်တဲ့အချိန်နဲ့တိုက်ဆိုက်နေလို့သူတိုလည်းအံ့သြနေကျပါတယ်..ကျမလည်းစကားတောင်မပြောနိုင်တော့ပါဘူး...
ကျမအိမ်မက်ကိုပြန်တွေးမိပြီးတော့အရမ်းကြောက်လာမိတယ်..သူပြောတာတွေကအရမ်းမှန်နေပါလား..တခါမှကျမတို့နေရမှာအဲဒီလို မဖြစ်ဘူးပါဘူး။ဒါနဲ့ကျမအိမ်မက်ထဲကသူငယ်ချင်းအမေဆုံးသွားတုံးကဘယ်လိုပုံစံနဲ့ဆုံးသွားတာလဲလို့
ကျမမေးကြည့်တော့..သူဆုံးသွားတဲ့ပုံစံကလည်းအရမ်းထူးဆန်းပါတယ်တဲ့..ညကအားလုံးစကားထိုင်ပြောနေကျတာအကောင်းပဲတဲ့.. မနက်ကျရင်ထမင်းထချက်အုံးရမယ်ပေါ့ စောစောအိပ်မယ်ဆိုပြီးအရင်ဆုံးအိပ်သွားတာတဲ့
..နေမကောင်းတာလည်းမရှိဘူးတဲ့..မနက်ကျတော့နိုးလို့မရတော့ဘူးတဲ့..ပါးစပ်  မှာလည်းသွေးတွေနဲ့ ပြီးတော့ ခြေထောက်မှာရောပဲတဲ့... ဘေးအိမ်ကလူတွေဆိုလည်းမအိပ်ရျကဘူးပေါ့နော်...
သူငယ်ချင်းကလည်းသူ့အမေကော်ဖီကြိုက်တတ်လို့ဆိုပြီးတော့ကော်ဖီဖျော်ပြိးတော့ အပင်အောက်မှာအမြဲသြွးသွားထားတယ်တဲ့...မဖျော်ပေးတဲ့နေ့ဆိုရင် ဆံပင်ဖွားလားချပြီးတော့ပြတယ်ပေါ့..အဲဒါနဲ့အပိုင်းထဲကလူတွေအားလုံးပေါင်းပြီးတော့ နှစ်ခါပြန်တရားနာဖြစ်ရတယ်လို့ပြောတယ်...ကျမရှိစဉ်တုံးကတခါမှမကြုံဖူးတဲ့အဖြစ်တွေပါ..ဖုန်းနားထောင်ရင်းနဲ့ကျမစကားတောင်ပြန်မပြောနိုင်တော့ပါဘူး..   ဒါလည်းစိတ်စွဲနေတာပဲလို့သူငယ်ချင်းတွေထင်နေသေးတယ်ကျမဆက်ရေးမယ်အမှတ်တရတွေကို ဖတ်ကြည့်ပါနော်...
                            မေစံပယ်ဖြူထံမှကူးယူတင်ပြပါသည်...

No comments:

Post a Comment