Tuesday, February 12, 2013

“ဇေတ၀န်မြေ၀ယ်ယူစဉ်က ..ကိစ္စ”




ဓမ္မမိတ်ဆွေသည်ဓမ္မစာပေများလေ့လာသောအခါတွင်“ဘဂ၀ါ=မြတ်စွာဘုရားသည်၊
သာဝတ္တိယံ=သာဝတ္ထိပြည်၌…………ဇေတ၀နေ=ဇေတဥယျာဉ်၌ (ဇေတ၀န်မင်သား၏ဥယျာဉ်၌ဆောက်လုက်အပ်သောကြောင့်ဇေတ၀န်မည်သောဥယျာဉ်
ကျောင်း၌၊၀ိဟာရတိ=နေတော်မူ၏”ဆိုသည်ကိုမုချသတိပြုပေမည်။ထို“ဇေတ၀န်”နေရာမြေကို “သုဒတ္တ”ခေါ်“အနာထပိဏ်သူဋ္ဌေးကြီး”ကမည်သူ့ထံမှမည်၍မည်မျှပေးကမ်းဝယ်ခြမ်းပြီးမည်
သည့်ကျောင်းကိုဆောင်လုပ်၍လှူဒါန်းသည်ဆိုသည့်အခြေအနေမျိုးကိုတော့အတော်အတန်သိပြီးဖြစ်

ပါလိမ့်မည်။သို့သော်ထိုမြေနေရာကိုဝယ်ယူရာဖို့စကားပြောစဉ်ကပိုင်ရှင်နှင့်အကြိတ်အနယ်ပြောကာ “အနာထပိဏ်သူဋ္ဌေးကြီး”၏ချေပစကားသည်အလွန်နက်နဲပြီးအသိခက်လှသောကြောင့် မသိသေးသူများအတွက် ထုတ်ဖော်တင်ပြလိုပါသည်။
ဤသို့သူဋ္ဌေးကြီး၏ ချေပထုနှက်ဖျက်ဆီးပစ်နိုင်သောကြောင့်ပင်“ဇေတ၀န်ကျောင်းတော်ကြီး”ဟူ၍
သာသနာ့သမိုင်း၌တံတိုင်းခတ်ထားနိုင်ခဲ့ခြင်းဖြစ်သည်ဟုအတိုချုပ်နားလည်ခဲ့သည်ဆိုချင်ပါသည်။
သူဋ္ဌေးကြီးသည်ရှေးဆုတောင်းကောင်းမှုကြောင့်“ရာဇဂြိုလ်ပြည်”၌“ဘုရား-ဘုရား”ဆိုသော အသံကိုကြားရကာမျှဖြင့်အချိန်အခါမဲ့ကြီးတွင် “ဗုဒ္ဓမြတ်စွာဘုရား”ထံသွားရောက်ဖူးမျှော်ပြီး“သာဝတ္တိပြည်”သို့လည်းကြွရောက်တော်မူရန်ပင့်ဖိတ်
လျှောက်ထားလာခဲ့သည်။

မိမိ“သာဝတ္ထိ”သို့ပြန်ရောက်သောအခါမှာလည်းဘုရားအစရှိသောသူတော်ကောင်းတို့နှင့် သင့်တော်သောနေရာကိုရှာဖွေသောအခါ“မြို့နှင့်လည်းမနီးလွန်း၊မဝေးလွန်း၊သွားရောက်ဖို့လည်း လွယ်ကူ၊လူသံတို့မှလည်းတိတ်ဆိတ်”စသောအင်္ဂါရပ်တို့နှင့် ညီညွှတ်သည့်ဤ“ဇေတ၀န်ဥယျာဉ်ကြီး”ကိုသာ မျက်စိကျခဲ့သည်။သို့သော်ဤ“ဇေတ၀န်ဥယျာဉ်”သည်ကားသာမညလူပိုင်ဆိုင်ထားသည်မဟုတ်။
“သာဝတ္ထိပြည့်ရှင်ဘုရင်”“ကောသလမင်းကြီး”၏“ဇေတ”ခေါ်သားတော်တစ်ပါးပိုင်ဆိုင်သောနေရာကြီးဖြစ်ခဲ့သည်။
သို့ပါသော်လည်းသူဋ္ဌေးကြီးသည်ရလိုရငြားသဘောဖြင့်(အမှန်က မုချရမည်သာ)ထိုမင်းသားထံ အခေါက်ခေါက်အခါအခါသွားရောက်ပြီး ဤသို့လျှောက်ထားခဲ့လေသည်။
“အရှင့်သား-ကျွန်ုပ်သည် ဗုဒ္ဓမြတ်စွာဘုရားရှင်အတွက်ကျောင်းတိုက်အရာမ်ဆောက်လုပ်လှူဒါန်းလိုပါသည်။ထို့ကြောင့်
အရှင့်သား၏ဥယျာဉ်ကြီးကိုကျွန်ုပ်အား(အဖိုးဖြတ်၍)..ရောင်းစေချင်ပါသည်”
ဟု မကြာခဏပြောဆိုနေခဲ့ပါသော်လည်းမင်းသားကမရောင်းလို။

သို့သော်ပဿနာကိုတိုတိုဖြင့်ပြီးသွားစေရန်တန်-မတန်၊တော်-မတော် မစဉ်းစားတော့ဘဲ-
“သူဋ္ဌေးကြီး-ကျွှန်ုပ်၏ဥယျာဉ်ကို အသပြာချင်းအစွန်းချင်းထိအောင်ခင်းပေးသဖြင့်လည်း(ဥယျာဉ်မြေပေါ်၌အသပြာအပြည့်
ဖြန့်ခင်းပေးပါသော်လည်း)ကျွန်ုပ်
မပေးနိုင်၊မရောင်းနိုင်ပါ”
ဟုနောက်ဆုံးပိတ်စကားပြောဆိုလိုက်တော့သည်။

ထိုအခါသူဋ္ဌေးကြီးသည်မင်းသား၏စကားကျကိုကောက်ယူဖမ်းကိုင်လိုက်ပြီးလျှင် -
“အရှင့်သားသည် ဇေတ၀န်ကျောင်းတော်ကြီးကိုရောင်းဝယ်ရန်စကားကမ်းလှမ်း ပြောကြားမိချေပြီ” ဟုမင်းသား၏စကားကိုကိုင်ငင်တုပ်ချည်ပြီးတစ်ဆင့်တက်ကာပြန်လည်လျှောက်ထားလိုက်လေသည်။

ထိုအခါမင်းသားက-
“သူဋ္ဌေးကြီးငါသည်ငါ၏ဥယျာဉ်ရောင်းဝယ်ရန်ကမ်းလှမ်းသည့်စကားမပြောခဲ့ပါတကား”ဟုပြန်လည်၍

ငင်းဆိုခုခံချေပလေတော့သည်။
သို့သော်ဤပြဿနာသည်ဤမျှဖြင့်ရပ်ဆိုင်းမသွားခဲ့ပါ။တစ်ဦးနှင့်တစ်ဦးငြင်းခုံပြီးနောက်ဆုံး၌ရုံးတော်သို့ ထိုအမှုရောက်သွားတော့သည်။ထိုခေတ်ကာလအလျောက်အလွန်တရားစောင့်သည့် အမတ်ကြီးများကအောက်ပါအတိုင်းဆုံးဖြတ်ပေးလိုက်ကြသည်။
“အရှင့်သားသည် အသပြာချင်းထိအောင်ခင်းသဖြင့်လည်းဟူ၍မတန်မရာ၊မထိုက်သည့်စကားပြောဆိုမိရကား(ပြောဆိုမိ
လိုက်သောကြောင့်)ရောင်းဝယ်ရန်ပြောဆိုသည့်စကားပြောမိပေပြီ”

ဟူ၍အဓိကအချက်ကိုကိုင်သုံးပြီင်္းမင်းသားအားအရှုံးပေးလိုက်လေသည်။ထို့ကြောင့်သာ “ဇေတ၀န်ကျောင်းတော်ကြီး”ဟူ၍ဖြစ်ထွန်းပေါ်ပေါက်လာနိုင်ခြင်းဖြစ်သည်။လွယ်လွယ်ကူ
ကူဖြင့်ဖြစ်ပေါ်လာခဲ့သည်မဟုတ်ပေ။အထက်ပါဗုဒ္ဓဘုရားရှင်ခေတ်ကအသုံး(ပါဠိဂတိ)စကားကို ယခုခေတ်ကျွန်ုပ်တို့ဉာဏ်၌ပေါ့ တော့တော့၊ပေါ့ရွှတ်ရွှတ်ဟုထင်
မြင်သူရှိကောင်းရှိပါလိမ့်မည်ဖြစ်သော်လည်း“မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး”ကပင်-

“ထိုစကားသည်အလွန်သိမ်မွေ့သောစကားဖြစ်သည်။ဉာဏ်ပညာကြီးရင့်စွာဖြင့်စဉ်းစားဆင်ခြင်နိုင်မှ
နားလည်ကျေနပ်နိုင်မည်ဖြစ်သည်”
ဟုသီးသန့်မှာထားချက်“မဟာဗုဒ္ဓ၀င်ကြီး”၌ဖော်ပြခဲ့ဖူးပါသည်။ထို့ကြောင့်ခေတ်ကာလဥပဒေကြောင်း

မျှလောက်တို့ဖြင့်မစဉ်းစားသင့်ပါ။
“ဗုဒ္ဓ”၏“ပဋိစ္စသမုပ္ပါဒ်”နည်းဖြင့်ကြည့်ပါကပြုလုပ်ပြီးခဲ့သည့်“ကံ(စေတနာ)၊ထို“ကံ”၏အသီးအပွင့်ဖြစ်သည့်
အကျိုးအာနိသင်တို့ကိုမလွဲမသွေထည့်သွင်းစဉ်းစားရမည်။
ထိုသို့ဖြစ်လျှင်ဘုရားရှင်ပြုကျင့်ခဲ့သည့်“ပါရမီ”များနှင့်သူဋ္ဌေးကြီး၏ရှေးဘ၀ဆုတောင်းများကြောင့် ထိုမြေကိုတစ်နည်းမဟုတ်တစ်နည်းဖြင့်ပိုင်ဆိုင်လာရမည်မှာဧကန်ဖြစ်ပေသည်။
“ဇေတ၀န”ခေါ်“ဇေတ၀န်ဥယျာဉ်(ဇေတ၀န်ကျောင်း)”နေရာကားရှေးရှေးကမရေမတွက်နိုင်သော ဘုရားရှင်များနှင့်နှစ်ကျိတ်ရှစ်ဆူဘုရားရှင်တိုင်း၏ကျောင်းတော်နေရာကြီးမဟုတ်ခဲ့ပါသော်လည်း

(၁) “၀ိပဿီဘုရား”လက်ထက်က တစ်ယူဇနာကျယ်သော
(၂) “သိခီဘုရား”လက်ထက်က သုံးဂါဝုတ်ကျယ်သော
(၃) “ဝေဿဘူဘုရား”လက်ထက်က ယူဇနာဝက်ကျယ်သော
(၄) “ကကုသန်ဘုရား”လက်ထက်က တစ်ဂါဝုတ်ကျယ်သော
(၅) “ကောဏာဂမဏဘုရား”လက်ထက်က ဂါဝုတ်ဝက်ကျယ်သော
(၆) “ကဿပဘုရား”လက်ထက်က ဥသဘ(၂၀)-(၀ိနည်း-ဋ္ဌ အလို) ကျယ်သော

ကြီးမားလှသည့် “သံဃာ့အရာမ်ကြီးများ” ဖြစ်ခဲ့ဖူးသည်။ဟူ၍“မဟာဗုဒ္ဓ၀င်ကျမ်းကြီး”၌ဖော်ပြထားသဖြင့်ကျွန်ုပ်တို့ “ဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်”တစ်ဆူတည်းသာသီတင်းသုံးခဲ့သည်မဟုတ်။
ရှးရှေးဘုရားရှင်တို့၏လမ်းကြောင်းဓမ္မတာအတိုင်းဖြစ်ခွင့်ရှိနေသောကြောင့်ဤဇေတ၀န်ကျောင်းတော်
နေရာကိုပိုင်လာရခြင်းဟုဆိုရပေလိမ့်မည်။
(၁၉၉၆၊မတ်လ၊ ဓမ္မရံသီဓမ္မမဂ္ဂဇင်း၊အမှတ်စဉ်(၇၅)၊ မှ ဆရာသာကီဆွေ၏“ဇေတ၀န်မြေ”အမည်ရဆောင်းပါးကို မှီငြမ်း၍ ,ပြန်လည်,မျှဝေ,ဓမ္မဒါနပြုခြင်းဖြစ်ပါသည်)

No comments:

Post a Comment