အမေရိကန်နိုင်ငံကjessicaCox
ဟာမွေးကတည်းက လက်နှစ်ဖက်လုံးမပါရှိခဲ့ပါဘူး။ဒီလိုမွေးရပါဒုက္ခတ
တစ်ယောက်ဖြစ်သော်ညားလဲစိတ်ပညာဖြင့် ဘွဲ့ရထားတဲ့သူမဟာစာရေးခြင်း၊စာရိုက်ခြင်း၊ ကားမောင်းခြင်း၊ခေါင်းလျှော်ခြင်းနှင့်ဖုန်းပြောခြင်းတို့ကိုသူမရဲ့ခြေထောက်ဖြင့်အကုန်ပြုလုပ်နိုင်ပါတယ်။ Coxဟာအကမယ်ဟောင်းတစ်ယောက်ဖြစ်သလိုတိုက်ကွမ်ဒိုအားကစားမှာလဲခါးပတ်
အနက်ရရှိထားသူဖြစ်ပါတယ်။သူကိုတော့ယာဉ်မောင်းလိုင်စင်ပေးဖို့အတွက်တော့ကန့်သတ်ခြင်းခံရပါတယ်။
သူဟာလေယာဉ်ကိုမောင်းနိုင်သလိုစာရိုက်တဲ့အခါမှာတစ်မိနစ်ကို၂၅လုံး အထိမြန်အောင်ရိုက်နိုင်သူဖြစ်ပါတယ်။သူမောင်းတဲ့လေယာဉ်အမျိုးအစားကတော့Ercoupe လို့ခေါ်ပြီးခြေနင်မပါရှိတဲ့ လေယာဉ်မျိုးဖြစ်ပါတယ်။လေယာဉ်ဝဲယာထိန်းပဲ့တက်ပြားခြေနင်းမပါသော်လည်း Jessica Cox ကတော့ ခြေထောက်နဲ့ လက်ကိုင်ကို ထိန်းပါတယ်။ ၏အဲ့ဒီလေယာဉ်မောင်းလိုင်စင်ရဖို့ အတွက်တော့ခြောက်လလောက်သူရဲကိုယ်အလေးချိန်ကိုလျှော့ခဲ့ရပြီးအဆင့်သုံးဆင့်ကိုသင်ကြားပြီး ၈၉ နာရီလေ့ကျင့်ပျံသန်းပြီးတဲ့နောက်မှာတော့လေယာဉ်မောင်းလိုင်စင်ရရှိသွားတဲ့ပထမဆုံးလက်နှစ်ဖက် မရှိတဲ့လေယာဉ်မောင်းသူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ဒီလို လိုင်နာ ဆွဲပါတယ်။ (သူလဲ မိန်းခလေးဘဲ လှချင်တာာပေါ့)
ဒီလို ခေါင်းဖီးပါတယ်။
စာရေးတော့လဲ ဒီလိုဘဲ
ဒီလိုမျိုးလည်း ကားမောင်းတတ်တယ်
လက်နှစ်ဖက်ရှိတာတောင် သူ့လိုလေယာဉ်မမောင်းတတ်သူတွေအများကြီး (ကျွန်တော်လည်းပါတယ်)
နှံချပ်ကူ လဲကစားတတ်တယ်နော် လက်နှစ်ဖက်မရှိဘူးဆိုပြီး အနိုင်တော့လာမကျင့်နဲ့ သေသွားမယ်
လောကကြီးမှာစိတ်ပျက်အားငယ်တတ်ကြတဲ့သူတွေအထဲမှာမပါဘဲကိုယ့်မွေးရာပါ
အရည်အချင်းတွေနဲ့  အနိုင်မခံအရှုံးမပေးဘဲ လက်နှစ်ဖက်မပါသော်ငြှား အတုယူဖွယ်
ကောင်းသော ကြံ့ခိုင်သောစိတ်ဓါတ်ကိုဖြင့် မိမိ ဘ၀ကိုရပ်တည်နေတဲ့ ဒီညီမငယ်ကို
ဂုဏ်ပြုသောအားဖြင့် ထပ်ဆင့်တင်ပြပေးဘိုက်ပါတယ်....
အင်္ဂါအစုံအလင်ပါပြီးရေသာခိုအချောင်လိုက်နေတဲ့သူတွေအတွက်တော့ကောင်းကောင်းသင်္ခန်းစာပါဘဲ...
ကိုယ်ယုံကြည်ရတဲ့သူငယ်ချင်းနဲ့ဆုံတဲ့အခါသင့်မြတ်အောင်နေထိုင်နိုင်ဖို့ ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာကိုယ်နဲ့သဘောထားချင်းတိုက်ဆိုင်သူနဲ့ဆုံဖို့ဆိုတာမလွယ်လှဘူး။
ဆန္ဒနဲ့ဘ၀တထပ်ထဲကျပါစေနော်။
Your affectionately
သီရီရတနာစိုးမှတင်ပြပါသည်
No comments:
Post a Comment