(ကျင့်စဉ် စရဏ)
“ဘုန်းကြီးက နေ့စဉ် အရုဏ်မတက်ခင် မနက်
၎-နာရီခွဲလောက်မှာ နိုးထပြီး ပဋ္ဌာန်း၊ ပရိတ်၊ ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်၊
မဟာသမယသုတ်တော်များကို အမြဲရွတ်ပွားပြီး အနန္တကျေးဇူးတော်ရှင်
မြတ်စွာဘုရားအား ပူဇော်လေ့ရှိပါတယ်။ ရွတ်ပွား မပူဇော်ခင်မှာ
နတ်ဒေဝါတွေအားလုံး ပင့်ဖိတ်ပြီးတော့မှ စနစ်တကျ ရွတ်တယ၊ ပြီးသွားတော့လဲ
ကိုယ်စောင့်နတ်မှအစ အားလုံးသော နတ်ဒေဝါတွေကို မေတ္တာပွားများပြီး
အမျှပေးဝေတယ်။ အဲဒီလို နှစ်ပေါင်း ကြာရှည်စွာ ကျင့်ကြံလာတော့ နတ်ဒေဝါတွေက
ကူညီစောင့်ရှောက်တယ် ထင်ပါရဲ့။
သာသနာပြုလုပ်ငန်းတွေဟာ အစစအရာရာ အောင်မြင်ခဲ့တယ်။
တကယ်တော့ ကျင့်စဉ်ဆိုတာ အရုဏ်မဆတက်ခင်မှာ ရွတ်ပွားတာဟာ အကောင်းဆုံးပဲ၊
ဘာလို့လဲဆိုရင် ဒါမှ နတ်ဒေဝတာတွေဟာ ကြွရောက်လာနိုင်ကြလို့ပါ။
လူတွေရဲ့ အနံ့အသက်ကို နတ်ဒေဝါတွေက မခံနိုင်တာမို့
စောစောရွတ်ပွားတာဟာ သူတို့အတွက် ကောင်းကျိုးရှိတယ်၊ အမျှကုသိုလ်တွေကို
ရရှိနိုင်တယ်၊ နောက်ပြီး မိမိအတွက်လဲ အရုဏ်မတက်ခင် နိုးနိုးချင်း
ဘာစိတ်အနှောင့်အယှက်မှ မရှိသေးခင် ကျင့်စဉ်တွေကို ရွတ်ပွားပူဇော်တဲ့အခါ
သမာဓိ ပိုရှိနေတော့ ကောင်းကျိုးများတာပေါ့။”
ကျင့်စဉ်များကို အားထုတ်သောအခါ လိုအပ်ချက်အနေဖြင့်
ဆရာတော်ကြီးမှ ပရိတ် ပဋ္ဌာန်းတရားတော်တွေကို နာကြားနေတဲ့ပုဂ္ဂိုလ်ဟာ
ပရိတ်အစောင့်အရှောက်ကို လိုချင်တဲ့အခါ ကံကြီးထိုက်နေရင် အဲဒီပုဂ္ဂိုလ်ကို
ပရိတ်တော်တွေက မစောင့်ရှောက်ဘူး။
နောက်ပြီး ပရိတ်နာတဲ့ပုဂ္ဂိုလ်ဟာ မိစ္ဆာဒိဋ္ဌိအယူ ရှိနေရင်လဲ မစောင့်ရှောက်နိုင်ဘူး။
ပြီးတော့ ပရိတ်ပဋ္ဌာန်းတွေကို နာတော့ နာပါရဲ့၊ ဒါပေမယ့် သိပ်မယုံဘူးဆိုရင်လဲ အဲဒီပုဂ္ဂိုလ်ကို မစောင်ရှောက်ပါဘူး။
အဲဒါကို လင်္ကာအနေနဲ့---
“ကံ ကိလေသာ၊ စင်ကွာလွတ်ကင်း၊ ယုံကြည်ခြင်း၊ နာလျှင်း သုံးအင်္ဂါ”တဲ့
တစ်ခါ ပရိတ်ပဋ္ဌာန်းတော်တွေကို ရွတ်ပွားတဲ့ပုဂ္ဂိုလ်အနေနဲ့ ပုဒ်ပါဌ်အက္ခရာတွေကို မှန်ကန်စွာ ရွတ်တတ်ရမယ်။
ပရိတ်ပဋ္ဌာန်းတော်တွေရဲ့ အနက်အဓိပ္ပါယ်တွေကို ကောင်းကောင်း နားလည်ရမယ်။
ပရိတ်နာကြားနေတဲ့ မြင်အပ်, မမြင်အပ်
ပုဂ္ဂိုလ်တွေအပေါ်မှာ သနားတဲ့ ကရုဏာစိတ်၊ ကောင်းကျိုး လိုလားတဲ့
မေတ္တာစိတ်တွေကို ထားရှိနေရမယ်။ ဟု မိန့်ကြားတော်မူပါသည်။
(ရတနာမြတ်သုံးပါး သစ္စာပြု ရွတ်ပွားဂါထာတော်)
၁။ အဂ္ဂေါ မေ ဗုဒ္ဓေါ လောကဿ၊
အဂ္ဂေါ မေ ဓမ္မော လောကဿ၊
အဂ္ဂေါ မေ သံဃော လောကဿ၊
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ အဂ္ဂမင်္ဂလံ။
၂။ ဇေဋ္ဌော မေ ဗုဒ္ဓေါ လောကဿ၊
ဇေဋ္ဌော မေ ဓမ္မော လောကဿ၊
ဇေဋ္ဌော မေ သံဃော လောကဿ၊
ဧတေန သစ္စဝဇ္ဖေန၊ ဟောတု မေ ဇေဋ္ဌမင်္ဂလံ။
၃။ သေဋ္ဌော မေ ဗုဒ္ဓေါ လောကဿ၊
သေဋ္ဌော မေ ဓမ္မော လောကဿ၊
သေဋ္ဌော မေ သံဃော လောကဿ၊
ဧတေန သစ္စဝဇ္ဇေန၊ ဟောတု မေ သေဋ္ဌမင်္ဂလံ။
(လူတိုင်းအတွက် အသေကောင်းရန် ဂုဏ် ၆-တန်)
ကိစ္စမများ၊ စကားနည်းစေ၊ ရောယှက်မှုကင်း၊ အိပ်ခြင်း ရှောင်သွေ၊
ပေါင်းသင်းမပြု၊ ချဲ့မှုပယ်လေ၊ သေကောင်းမှု၊ ခြောက်ခု ရှောင်ကြဉ်လေ။
ဦးထွန်းအောင် မှကောက်နုတ်တင်ပြပါသည်
No comments:
Post a Comment