Saturday, February 2, 2013

သင့်ရင်သား ကျန်းမာစေရန် စားသင့်သည်များ

နှလုံးကျန်းမာရေးအတွက်အိုမီဂါ-၃အဆီစားသင့်တယ်ဆိုတာသိထားကြပေမယ့်အိုမီဂါ-၉အဆီကို စားသုံးဖို့လိုတယ်ဆိုတာသင်သိချင်မှသိပါလိမ့်မယ်။မကြာသေးမီကပြုလုပ်ခဲ့တဲ့သုတေသနတွေအရ
အိုမီဂါ-၉ကကင်ဆာဆဲလ်တွေကိုသေစေနိုင်ပြီးရင်သားကင်ဆာရောဂါတွက်သောက်နေရတဲ့ဆေးတွေရဲ့ အာနိသင်ကိုပိုမိုထက်မြတ်စေပါတယ်။အိုမီဂါ-၉ဆိုတာအိုလိအက်စစ်(OleicAcid)ဖြစ်ပြီး ဗာဒံစေ့၊ထောပတ်သီးနဲ့သံလွင်ဆီတွေမှာပါဝင်ပါတယ်။ပြောင်းလဲမှုအဆင့်ဆင့်မပြုလုပ်မီပထမဆုံး ကြိတ်ယူရရှိလာတဲ့သံလွင်ဆီမှာဖိုက်တိုကမ်မီကယ်တွေပါဝင်သောကြောင့်Freeradicalsတွေကို ဟန့်တားပေးပါတယ်။တစ်နေ့ကိုအိုမီဂါ- ၉အဆီအနည်းဆုံးစားသင့်တဲ့ပမာဏကထောပတ်သီးတစ်လုံးရဲ့ ငါးပုံတစ်ပုံ၊ဗာဒံစေ့တစ်အောင်စ၊သံလွင်ဆီထမင်းစားဇွန်းတစ်ဇွန်းပါ။အပိုဆောင်းရနိုင်သော အကျိုးတရားကတော့သုတေသီတွေကအိုမီဂါ-၉မှာမပြည့်ဝဆီတွေပါဝင်သောကြောင့်ဗိုက်မှာရှိတဲ့အဆီတွေ
လျော့ကျစေတယ်လို့ဆိုပါတယ်။အင်ဆူလင်ဆေးမတိုးတာကို လျှော့ချပေးပြီး နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကိုပါ လျော့နည်းစေတယ်လို့ ပြောပါတယ်။
ဖလေဗိုနွိုက်

အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်ပြီးရောင်ရမ်းမှုလျှော့ချပေးနိုင်တဲ့အာနိသင်အပြင်ကင်ဆာဖြစ်စေနိုင်တဲ့ အန္တရာယ်တွေကိုလည်းလျှော့ချပေးပါတယ်။ဖလေဗိုနွိုက်တွေကFreeradicalsကိုဖယ်ရှားပေးပြီး ဆဲလ်နံရံတွေပျက်စီးမှုမရှိအောင်ကာကွယ်ပေးပါတယ်။လက်ဖက်စိမ်း၊စပျစ်သီးနဲ့ချောကလက်အညိုမှာ ဖလေဗိုနွိုက်တွေများစွာပါဝင်ပါတယ်။နေ့စဉ်သင်စားတဲ့အစားအသောက်တွေထဲမှာဖလေဗိနွိုက် ပါဝင်အောင်စားပေးပါ။အပိုဆောင်းရနိုင်သောအကျိုးတရားကတော့ဖလေဗိုနွိုက်သွေးကြောနံရံတွေကို
ပျော့ပျောင်းစေပြီးသွေးကြောတွင်းသွေးခဲဖြစ်ပေါ်မှုနှုန်းလျော့နည်းစေခြင်းဖြင့်နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ဗီတာမင်အေ
လက်တလောတွေ့ရှိချက်အရဗီတာမင်အေကရင်သားကင်ဆာရောဂါနဲ့ဆက်စပ်မှုရှိနိုင်တယ်လို့ သုတေသီတွေကပြောပါတယ်။ဗီတာမင်အေကအင်တီအောက်ဆီးဒင့်ဖြစ်တာကြောင့်Free Radicals တွေရဲ့ ဖျက်စီးမှုကနေကာကွယ်ပေးတာကြောင့်လို့လေ့လာသူတွေကကောက်ချက်ချပါတယ်။အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့မုန်နီလာဥ၊ကန်စွန်းဥ၊သရက်သီးတွေမှာဗီတာမင်အေပေါများစွာ ပါဝင်နိုင်ပါတယ်။မိန်းကလေးတစ်ယောက်ကတစ်နေ့ကိုဗီတာမင်အေ၇၀၀-၉၀၀မိုက်ခရိုဂရမ် လိုအပ်ပါတယ်။ဗီတာမင်အေကအဆီမှာပျော်ဝင်တဲ့ဗီတာမင်ဖြစ်ပြီးပိုလျှံနေပါကအသည်းထဲမှာ သိုလှောင်သိမ်းဆည်းထားပါတယ်။ခန္ဓာကိုယ်ထဲကိုကာလကြာရှည်စွာနဲ့ပမာဏများများရောက်ရှိနေပါက ခန္ဓာကိုယ်မှာအဆိပ်အတောက်ဖြစ်စေပါတယ်။ဒါကြောင့်ဗီတာမင်အေရရှိဖို့ဆေးသောက်မယ့်အစား အစားအစာကနေရအောင်ယူပါ။ပိုဆောင်းရနိုင်သောအကျိုးတရားကတော့ဗီတာမင်အေက သင့်ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ထိန်းထားပေးပါတယ်။

ဖောလိတ်
ဖောလိတ်ကဒီအင်န်အေမပျက်စီးအောင်ထိန်းပေးပြီးဆဲလ်တွေကြီးထွားဖို့လည်းလိုအပ်ပါတယ်။သဘာဝ အစားအစာတွေကနေရယူစားသုံးပါကခန္ဓာကိုယ်ထဲမှာလွန်ကဲသွားတယ်ဆိုတာမဖြစ်နိုင်ပါဘူး။ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေ၊ပဲအမျိုးမျိုး၊ပဲညွန့်နဲ့အချဉ်ဓာတ်ပါဝင်တဲ့အသီးတွေကနေ ရရှိနိုင်ပါတယ်။တစ်နေ့ကို၄၀၀မိုက်ခရိုဂရမ်လောက်လိုအပ်ပြီး၁၀၀၀မီလီဂရမ်ထက်ကျော်လွန်ပါက အန္တရာယ်ရှိနိုင်ပါတယ်။အပိုဆောင်းရနိုင်သောအကျိုးတရားကတော့ခန္ဓာကိုယ်မှာသွေးနီဥတွေ ထုတ်လုပ်ဖို့အတွက်ဖောလိတ်လိုအပ်ပါတယ်။

လိုင်ကိုဖင်း
လိုင်ကိုဖင်းကရင်သားကင်ဆာဆဲလ်တွေကြီးထွားမှုကိုဟန့်တားနိုင်ပါတယ်။ဖရဲသီး၊ကညွတ်၊ မာလကာသီး၊သင်္ဘောသီးနဲ့ခရမ်းချဉ်သီးတွေကနေရယူနိုင်ပါတယ်။ခရမ်းချဉ်သီးကို ချက်ပြုတ်စားသောက်ပါကအစိမ်းထက်လိုင်ကိုဖင်းဓာတ်ကိုပိုမိုရရှိနိုင်ပါတယ်။အဆီမှာပျော်ဝင်တာကြောင့် ခရမ်းချဉ်သီးကချက်ပြုတ်စားပါကသံလွင်ဆီထည့်ချက်ပြီးတစ်ပတ်နှစ်ကြိမ်စားပေးပါ။အပိုဆောင်းရနိုင်သော အကျိုးတရားကတော့လိုင်ကိုဖင်းကအဆုတ်နဲ့အစာအိမ်ကင်ဆာဖြစ်ပွားမှုတွေကိုပါကာကွယ်ပေးနိုင်ပါတယ်။

ဗီတာမင်ဒီ
ရင်သားကင်ဆာရောဂါခံစားနေရသူတွေရဲ့၅၀ရာခိုင်နှုန်းမှာဗီတာမင်ဒီ ချို့တဲ့နေတတ်ပါတယ်။လေ့လာမှုအရအမေရိကန်နိုင်ငံမှာနေထိုင်ကြတဲ့အမျိုးသမီးတွေရဲ့၅၃ရာခိုင်နှုန်းက ဗီတာမင်ဒီချို့တဲ့နေတာကိုတွေ့ရပါတယ်။ဗီတာမင်ဒီကိုဆယ်လ်မွန်ငါး၊တူနာငါး၊မက်ကရယ်ငါးနဲ့ ဥအမျိုးမျိုးကနေရယူနိုင်ပါတယ်။အပိုဆောင်းရနိုင်သောအကျိုးတရားကတော့ခန္ဓာကိုယ်အတွက်ဗီတာမင်ဒီ လုံလောက်တဲ့ပမာဏအတိုင်းရှိနေပါကရင်သားကင်ဆာမကပါဘူး။အားလုံးသော ကင်ဆာရောဂါတွေကနေ ကာကွယ်နိုင်ပြီး အရွယ်မတိုင်မီ သေဆုံးနိုင်ခြေကိုလည်းလျော့နည်းစေနိုင်ပါတယ်။

No comments:

Post a Comment