၁။ ရေကန်၌ မှော်ကိုဖယ်၍ သောက်ရေခတ်ရသည်။
၂။ မသူတော်၌ အပြစ်ဖယ်၍ ဂုဏ်တော်ရှာရသည်။
၃။ တုံးကံတား လျှောက်စဉ် အရပ်တပါးမကြည့်နှင့် ချောက်သို့ကျလိမ့်မယ်။
၎။ သံသရာတံတား လျှောက်စဉ် သူတစ်ပါးအပြစ်မကြည့်နှင့် သံသရာချောက်သို့ ကျလိမ့်မည်။
၅။ ရိုသေစွာခစားလျှင် မင်းခစားပင် မင်းကို နိုင်သည်။
၆။ ကျင့်ဝတ်အချွတ်လျှင် တပည့်ပင် ဆရာကို နိုင်သည်။
၇။ မြင်းနိုင်လို ဇက်ဆွဲ၊ လှေနိုင်လို တက်စွဲ၊ ဆရာနိုင်လို ကျင့်ဝတ်ရိုသေမြဲ။
၈။ ပန်းပဲဆရာ အထုမခံရသော သံတုံးသည် လက်နက်မဖြစ်။
၉။ ကျောက်ဆစ်ဆရာ အဖြတ်မခံရသော ကျောက်တုံး အရုပ်မဖြစ်။
၁၀။ ဆရာကောင်းအဆုံးအမ မခံရသောတပည့် သူကောင်းမဖြစ်။
၁၁။ သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလဲမချင်း အရိပ်ဖြင့် အေးစေ၏။
၁၂။ နံ့သာတုံးသည် မီးရို့သူကို မကျွမ်းမချင်း အနံ့ဖြင့် မွှေးစေ၏။
၁၃။ သူတော်ကောင်းသည် ညှဉ်းဆဲသူကို သော်လည်း မသေမချင်း အကျိုးဆောင်၏။
၁၄။ တုတ် ဓားကိုင်လျှင် ခွေးဟောင်သည်၊ အစာကြွေးလျှင် အမြီးနှံ့သည်၊ ထို့ကြောင့် တုတ်ဓား
အားမကိုးကြနှင့်။
၁၅။ တရားဟောတတ်လျင် အကျင့်တန်လျှင် မျောက်အုန်းသီးရသည်နှင့် တူ၏။
၁၆။ ဗဟုသုတရှိလျက် သီလမရှိလျှင် ရေမတည်သောကန်နှင့် တူ၏။
၁၇။ ပညာရှိလျက် သီလမရှိလျှင် အသီးမချိုသော သစ်ပင်နှင့်တူ၏။
၁၈။ ကျမ်းဂန်တက်လျက် သီလမရှိလျှင် အဆိပ်သီးပင်နှင့်တူ၏။
၁၉။ မသူတော်ကား လာဘ်ရဖို့ကြံသည်။ သူတော်ကောင်းကား တရားရဖို့ကြံသည်။
၂၀။ ပညာမှီ၍ မာန်တက်လျှင် ထိုပညာသည် ရွံဖွယ်တည်း။
၂၁။ စာတတ်လျက် မိမိကိုယ်ကို မဆုံးမလျှင် ထိုစာ ငရဲရိက္ခာတည်း။
၂၂။ သရက်ပင်ငယ် အသီးကြွယ်လျှင် ကျိုးပဲ့တတ်သည်၊ ကြိုးဆွဲ၍ ဂွထောက်ရမည်။
၂၃။ ရဟန်းငယ်ငယ်၊ ဂုဏ်ထူးကြွယ်လျှင် ကျိုးပဲ့တတ်သည်၊ သီလကြိုးဆွဲ၍ သမာဓိဂွ ထောက်ရမည်။
မိုးနှင်းဖြူမှကူးယူတင်ပြပါသည်
No comments:
Post a Comment