Monday, February 11, 2013
မူလသဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ ၏ဆုံးမသြ၀ါဒများ
မူလသဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ ၏ဆုံးမသြ၀ါဒများ
“ ရှေ့စိတ်ကတော်ချင်ရင် နောက်စိတ်ကတွန်းတင် ”
“ သမာဓိနဲ့ပညာ ဘောင်ချိန်ပေး ”
“ ဖေါက်ပြန်တာကရုပ် ခံစားတာကနာမ် ဒီအထဲမှ ‘ငါ’ မပါ ”
“ မသေခင်တော့ရှုပ် သေတော့ပုပ်၊ မကောင်းတဲ့ ခန္ဓာစုတ် ”
“ အဗျာကတ ရုပ်၊ မြေကြီးသြဇာဖြစ်မဲ့ အလကားအထုပ် ”
  မြင်တယ်၊ကြားတယ်၊နံတယ်၊တောင့်တယ်၊ကျင်တယ်၊ကိုက်တယ်၊နာတယ်၊ပူတယ်၊အေးတယ်
  အစရှိသည်များသည်မရှိသောပညတ်တရားများ ဖြစ်သည်။
  ထို ‘ မရှိပညတ်တရားများကိုအရှိ ’ထင်ကာအယူမှား၊အမှတ်မှားနှင့် 
  သံသရာလဆန်းတစ်ရက်နေ့ကတည်းကနေလာခဲ့ကြတာ။
  ဘိုင်စကုတ်တောင်သုံးနာရီကြည့်နိုင်သေးတာပဲဗျာ
  အပါယ်ဘေးကလွတ်အောင်သုံးနာရီတရားမထိုင်နိုင်ကြဘူးလား။
  အမှန်မြင်၊အမှန်သိနဲ့သေနိုင်အောင်ကြိုးစားကြ။
  အမှန်မြင်၊အမှန်သိနဲ့သေကြပြီဆိုရင်နတ်ပြည်လည်းရောက်နိုင်တယ်။
  ဗြဟ္မာပြည်လည်းရောက်နိုင်တယ်။နိဗ္ဗာန်လည်းရောက်နိုင်တယ်။
  သေခါနီးဆဲဆဲဓာတ်ကြီးလေးပါးဖေါက်ပြန်သောအခါ “ခံစားမှုဝေဒနာ” ဟုပညာသိဖြင့်မသိဘဲ၊
 “ငါနာတယ်၊ငါကိုက်တယ်၊ငါအောင့်တယ်၊ငါပူတယ်” ဟုအယူမှားအမှတ်မှားသညာသိဖြင့်သေခဲ့လျှင်
  မုချအပ္ပါယ်လေးပါးကျပေလိမ့်မည်။
“ နာတယ်၊ကျင်တယ်၊ထုံတယ်၊ယားတယ်လို့သိတာလူတိုင်းသိတယ်။ကလေးလေးလည်းသိတာပဲ။
*** သင်သေလျှင်ဘာစိတ်နဲ့သေမည်နည်း။ဘာတွေကိုအာရုံပြုသေမှာလဲ။
***တရားမကျင့်လျှင်လောဘ၊ဒေါသ၊မောဟ၊မာန၊ကိလေသာစိတ်တွေနဲ့သေပြီအပ္ပါယ်ကျရမှာပါ။
*** တရားမကျင့်ဘဲနေသူ၊တရားမကျင့်ဘဲသေသူ၊တရားကျင့်ပြီးနည်းမမှန်သူတို့အာ; အင်မတန်သနားမိပါသည်။ နေဖို့ရန် အချိန်မရှိတော့ဘူး။ ဆရာကောင်းရှာကြပါ။
*** ကိုယ့်စိတ်ကိုယ်စစ်ပါ။ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆမနေကြဘဲ တရားအား ထုတ်ခြင်းဖြင့် ဘ၀နေနည်း၊ သေနည်းကို လေ့လာဖို့ အချိန်တန်လေပြီ။
No comments:
Post a Comment