“ဘဲဥမရေနွေးတစ်ပန်ကန်လောက်ငှဲ့ပေးစမ်းပါ”
သူငယ်ချင်းတစ်စုလက်ဖက်ရည်ဆိုင်ထုင်ခိုက်မဲတူးကဘဲဥမကိုခိုင်းတယ်၊ရေနွေးကရားက မဲတူးရှေ့နားတွင်။“မင်းတော်တော်စီးပိုးတဲ့လူ”ကိုကောက်က၀င်ပြောတယ်။
“စီးပိုးတာမဟုတ်ပါဘူး၊ အပျင်းထူတာပါ” မဲတူက သွားဖြီးလေးနဲ့ ပြန်ပြောတယ်။
“ဟန်ကျပြီ၊ ငပျင်းပုံပြင်ပြော စရာရှိတယ်”
ပုံပြင်သမားရွှီးကသူပြောစရာပုံပြင်မေ့နေတာသတိရသွားပုံနဲ့ထအော်တယ်။သူ့အသံနည်းနည်း
ကျယ်သွားတော့ဘေးဝိုင်းတွေကတောင်သူတို့ဝိုင်းကိုစောင်းငဲ့ကြည့်ကြတယ်။
“တစ်ခါကလူပျင်းတစ်ယောက်သစ်ပင်အောက်မှာအိပ်နေသတဲ့၊သစ်သီးလေးတစ်လုံးက
သူ့ရင်ဘတ်ပေါ်ကိုကြွေကျလာတယ်။ဒါတောင်မှသစ်သီးကိုယူပြီးပါးစပ်ထဲထည့်ဖို့
သူက ပျင်းနေသေးတယ်တဲ့” “ပျင်းလဲပျင်းပါ့ကွာ” “ခဏကြာတော့ဟိုးဝေးဝေးမှာကုလားအုတ်စီးလာတဲ့ လူတစ်ယောက်ကိုလှမ်းမြင်တယ်တဲ့၊ကိုလူပျင်းကလဲကုလားအုတ်သမားရပ်ပါဦးလှမ်းအော်တယ်”
“ဘာလုပ်ခိုင်းမှာလဲ” “ကုလားအုပ်သမားကတော့ဆင်းရဲသားတစ်ယောက်နာဖျားနေပြီးရေသောက်ချင်ရှာလို့ဒါမှမဟုတ်
အကူအညီတစ်ခုခုတောင်းချင်လို့ခေါ်တာပဲဆိုပြီးတွေးတယ်၊ဒါကြောင့်ကုလားအုတ်ကိုရပ်ပြီးအိပ်နေသူရှိရာ လမ်းလျှောက်လာတာပေါ့”
“.........................”
“ဘာလုပ်ပေးရမလဲမေးတော့လဲလျောင်းနေတဲ့လူပျင်းကသစ်သီးဟာ ကျွန်တော့်ရင်ဘတ်ပေါ်ကိုကြွေကျနေပါတယ်၊အကြင်နာတရားရှေ့ထားပြီးကျွန်တော့်ပါးစပ်ထဲ ထည့်ပေးပါလို့ပြောတယ်”
“ဖြစ်မှ ဖြစ်ရလေကွာ”
“ကုလားအုပ်သမားကခွတိုက်ချင်စိတ်ဖြစ်လာတယ်၊ကျုပ်ကကုလားအုတ်ပေါ်ကဆင်းပြီး လယ်ကွင်းတစ်ဝက်ခင်ဗျားဆီလမ်းလျှောက်လာခဲ့ရတယ်၊ခင်းဗျားကျုပ်ကိုလှမ်းခေါ်တာ
ဒီကိစ္စတစ်ခုတည်းအတွက်လားမေးတယ်၊ဒေါသထွက်ထွက်နဲ့ပြန်လှည့်ထွက်သွားတယ်”
“ဖြစ်ရမယ်လေ”
“လူပျင်းကတော့လှမ်းအော်ပြောတယ်၊ခင်ဗျားကတော့တကယ့်ငပျင်းပဲ၊ခင်ဗျားလုပ်ပေးရမှာက ကျုပ်ပါးစပ်ထဲသစ်သီးကောက်ထည့်ပေးလိုက်ရုံပဲဟာကို”
“စံပဲကွာ”
“စဉ်းစားသာကြည့်ပေါ့၊လူပျင်းဟာရင်ဘတ်ပေါ်ကသစ်သီးလေးကောက်ယူပြီးပါးစပ်ထဲထည့်ပေးဖို့အတွက်
သူများကိုလှမ်းခေါ်တယ်၊တို့ကိုယ်တိုင်ရောပါးစပ်ဝရောက်နေတဲ့သစ်သီးကိုယူမစားဘဲသူများကို
မျှော်နေမိသလား” “စဉ်းစားစရာပဲ”
ဖေလင်းသစ်
No comments:
Post a Comment