Sunday, February 3, 2013

ရှာလကာရည်ဖြင့် သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးသည့် နည်းလမ်းသစ်...

အိန္ဒိယနိုင်ငံရှိဆရာဝန်များကရှာလကာရည်ကိုအသုံးပြုထားသောသားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှု အခြေအနေရှိ၊မရှိစမ်းသပ်ရန်နည်းလမ်းသစ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ကြသည်။ပုံမှန်အားဖြင့်သားအိမ်ခေါင်း ကင်ဆာကိုဖြစ်ပွားစေနိုင်သည့်ပုံမှန်မဟုတ်သောဆဲလ်များကိုသားအိမ်အတွင်းမှခြစ်ယူ၍ စမ်းသပ်ရခြင်းဖြစ်ရာထိုစစ်ဆေးစမ်းသပ်မှုမှာငွေကုန်ကြေးကျများပြားပြီးအထူးပြုလုပ်ထားသော ကိရိယာများလည်းလိုအပ်သည်။ထို့ကြောင့်အိန္ဒိယဆရာဝန်များ၏ယခုတွေ့ရှိသောရှာလကာရည်အသုံးပြု နည်းလမ်းသစ်မှာအထောက်အကူပြုလာနိုင်ဖွယ် ရှိသည်။
သားအိမ်ခေါင်းကင်ဆာသည်အမေရိကန်နိုင်ငံတွင်အခြားသောရောဂါများထက်အမျိုးသမီးများကို ပိုမိုသေဆုံးစေနိုင်သောရောဂါတစ်ခုဖြစ်သည်။အမေရိကန်နိုင်ငံ၌pap smearဟုခေါ်သောရောဂါစမ်း
သပ်မှုကိုဆယ်စုနှစ်တစ်ခုကြာသုံးစွဲလာခဲ့ကြခြင်းဖြစ်သည်။ထိုစမ်းသပ်မှုဖြင့်စောစီးစွာစစ်ဆေးပြီး ကုသမှုခံယူကြရသည်။အိန္ဒိယတွင်မူတစ်နှစ်လျှင်အမျိုးဦးရေတစ်သောင်းခန့်မှာသားအိမ်ခေါင်း ကင်ဆာကြောင့် အသက် ဆုံး၇ှုံးနေကြရသည်။

လေ့ကျင့်သင်ကြားပေးထားသူများ၊ ကောင်းမွန်သော ဓာတ်ခွဲခန်းသုံး ပစ္စည်းကိရိယာများ လိုအပ်သည့် pap smearစမ်းသပ်မှုမှာအိန္ဒိယတွင်အများအပြားအသုံးပြုနိုင်လေ့မရှိသော်လည်းမိမိတို့အနေဖြင့် မိန်းမသားတို့၏အသက်ကိုမဆုံးရှုံးစေလိုကြောင်းမွမ်ဘိုင်းမြို့ရှိတာတာမန်မိုရီရယ်ဆေးရုံမှ ကင်ဆာအထူးကုဒေါက်တာဆူရန်ဒြာသျှတ္တရီကဆိုသည်။၎င်းပြသနာကိုဂျွန်ဟော့ပ်ကင်းတက္ကသိုလ်နှင့် အခြားတက္ကသိုလ်များရှိသိပ္ပံပညာရှင်များကဈေးသက်သာ၍အလွယ်တကူပြုလုပ်နိုင်သောရိုးရှင်းသည့် စမ်းသပ်နည်းတစ်ခုဖြင့်အဖြေထုတ်ခဲ့ကြသည်။
အက်ဆီတစ်အက်စစ်ခေါ်ရှာလကာရည်ဖြင့်စမ်းသပ်ရသောထိုနည်းလမ်းတွင်လျှပ်စစ်စွမ်းအားလုံးဝမလိုပေ။ ယင်းစမ်းသပ်မှုတွင်သန့်စင်သောရှာလကာရည်အားအမျိုးသမီး၏သားအိမ်ခေါင်းဝသို့ ဂွမ်းစနှင့်သုတ်ပေးပြီး တစ်မိနစ်ခန့်ကြာသောအခါ၌ရောဂါပိုးရှိလျှင်သားအိမ်ခေါင်းဝမှာအဝါရောင်သို့ပြောင်းလဲသွားသည်ကို
တွေ့ရသည်။ထိုသို့ပြောင်းလဲသွားခြင်းသည်ကင်ဆာဖြစ်စေနိုင်သောရောဂါပိုးများရှိနေခြင်းကြောင့်ဖြစ်သည်
ဟုသိရသည်။ထိုကဲ့သို့အမျိုးသမီးလိင်အင်္ဂါကိုစမ်းသပ်စစ်ဆေးမှုသည်အခြားသောဈေးကြီးသည့် စမ်းသပ်မှုများထက်ပိုမိုကောင်းမွန်ကြောင်းသက်သေပြနိုင်ခဲ့ကြသည်။အကယ်၍ယခုစမ်းသပ်မှုမှာ အလုံးစုံအောင်မြင်ပြီးဆက်လက်ကျင့်သုံးနိုင်မည်ဆိုပါကအိန္ဒိယနိုင်ငံရှိအမျိုးသမီးထောင်ပေါင်းများစွာတို့၏ အသက်ကိုကယ်တင်ပေးနိုင်မည်ဖြစ်သည်။

No comments:

Post a Comment