Sunday, February 17, 2013

အချစ်ဆိုသော အရာ...

                               သင်ဟာအသည်းတွေခဏခဏကွဲနေတဲ့လူလား? ပျော်ရွှင်နေတဲ့အချစ်ရေးကိုဒီထက်ပိုပြီးပျော်အောင် ဖန်တီးချင်လား?
အချစ်မှာကံကောင်းစေဖို့ မသိလိုက်တဲ့လျို.၀ှက်တဲ့အဆောင်လေးတွေ ရှိပါတယ် ။
ကဲလေ့လာကြည့်ကြမယ်နော်


နားလည်မှုအချစ်
လူတွေဟာအချစ်နဲ.တွေ.ရင်အရည်ပျော်သွားတတ်ကြသလို၊စိုးရိမ်ပူပန်မှုတွေလည်းရှိလာတတ်ကြတယ်။
အဲ့ဒါကအပြစ်တော့မဟုတ်ပါဘူး။သဘာဝထဲကသဘာဝတစ်ခုပဲလေ။
အဲ့ဒီတော့အထူးသတိထားရမယ့်အချက်ကလက်ရှိအချစ်မှာလိုက်လျောညီထွေဖြစ်အောင်နေဖို.ပါပဲ။
case တစ်ခုဖြစ်လာပြီဆိုရင်နှစ်ဦးနှစ်ဘက်မျှတွေးပေးပါ။
သင့်ရဲ့ စိုးရိမ်ပူပန်မှု၊သ၀န်တိုမှုတွေကြောင့်တစ်ဖက်သားအတွက်ကြောက်လန့်စိုးရွံစရာတွေမဖြစ်စေဖို့ 
ဂရုပြုသင့်ပါတယ်။ပြီးတော့ နောက်တစ်ခုကသင်ကသူ.ကိုချစ်ပါလျက်နဲ.အေးစက်စက်အပြုအမူတွေ၊
အပြောအဆိုတွေကြောင့်သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦးလမ်းခွဲလိုက်ကြတယ်ဆိုတဲ့အဖြစ်မျိုးတွေ
မကြုံရအောင်လူတစ်ယောက်ကိုချစ်မိပြီဆိုတာနဲ့ နားလည်မှုဆိုတဲ့အရာလေးပါတစ်ပါတည်း
မွေးဖွားပေးလိုက်မယ်ဆိုရင်တော့ပိုပြီးပျော်ရွှင်နိုင်လိမ့်မယ်ထင်ပါတယ်နော်။

မျက်မြင်ကိုယ်တွေ့ မှယုံပါ
ချစ်သူနှစ်ဦးကြားမှာ ပြသနာတစ်ခုဖြစ်ပြီဆိုရင်ကြားစကားတွေကိုဘယ်တော့မှမယုံမိပါစေနဲ့ ။
ကြားစကားတွေနဲ့ လည်းချစ်သူကိုစကားနာမထိုးမိပါစေနဲ့ နော် ။
သင်ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ မဟုတ်ဘဲနဲ့ ၁၀၀%မယုံမိပါစေနဲ့ ။
တစ်ကယ်လို့ အဲ့ဒီအဖြစ်တွေဟာအမှန်တွေဖြစ်ခဲ့မယ်ဆိုရင်သင်ထံမကြာမီရောက်လာမှာပါ။
သင့်ဘက်ကသာအစစ်အမှန်တွေပေးခဲ့မယ်ဆိုရင်စစ်မှန်တဲ့အကြောင်းအရာတွေကို
ကံတရားကသင့်အတွက်ချန်ထားမှာမဟုတ်ပါဘူး။ဒါကြောင့် ဖြစ်မလာသေးတဲ့ ပြသနာတွေကို
တွေးပြီင်္းစိတ်ပူမနေပါနဲ့ ။သင်ဟာနဂိုကတည်းကသံသယများတတ်တယ်ဆိုရင်တော့အစကတည်းက
သင်သိချင်တဲ့အကြောင်းအရာတွေကိုအားမနာစတမ်းမေးထားပါ။သူဘယ်အချိန်ဘယ်နေရာမှာ
ရှိနေမယ်ဆိုတာကိုဇယားချထားပါ။နှစ်ဦးနှစ်ဘက်မညာစတမ်းပွင့်ပွင့်လင်းလင်းစကားပြောထားပါ ။
ဒါကြောင့်အရေးမကြီးတဲ့စွပ်စွဲချက်တွေကိုရှောင်ရှားဖို့ အစကတည်းကနှစ်ဦးကြားမှာပွင့်လင်းမှုတွေနဲ့ 
ပိတ်ပင်ထားပါ။

တိုက်ဆိုင်မှု တွေနဲ့ အချစ်အဓွန့် ရှည်ပါစေ
အချစ်ကိုတွေ.ရှိပြီးနောက်ကိုယ့်ဆီကထွက်မသွားစေဖို့ ချစ်သက်တမ်းတစ်လျှောက်အံ့သြမှုလေးတွေ၊
တိုက်ဆိုင်မှုလေးတွေနဲ.ချစ်သက်တမ်းလေးဆွဲဆန့် ကြည့်ပါ။သင့်အတွက်နေ.စဉ်အလုပ်တွေ လုပ်နေရင်းနဲတောင်တိုက်ဆိုင်မှုလေးတွေရှိအောင်ဖန်တီးနိုင်ပါတယ်။ဒီနေ.သူဝတ်ထားတဲ့ အင်္ကျီအရောင်နဲ့  သူဝတ်ထားတဲ့အင်္ကျီအရောင်လေးတွေကအစစားသောက်မှုလေးတွေ၊အကြိုက်လေးတွေ အဆုံးနေ့ စဉ်စကားပြောတိုင်းတိုက်ဆိုင်ကြည့်ပါ။သင်ဟာသူ.ကိုတကယ်ချစ်ရင်အနေဝေးနေပေမဲ့  အနီးမှာရှိနေသလိုခံစားရပါလိမ့်မယ်။ဒါပြင်သင်သိပ်ကြိုက်တဲ့ မင်းသား၊မင်းသမီး၊အစားအစာ၊ရုပ်ရှင်၊ အရောင်စသည်ဖြင့်သူ့ ကိုပြောပြထားပါ။သူရဲ.့အကြိုက်လေးတွေကိုလည်းမေးပြီးမှတ်သားထားပါ။
အံ့သြစေမယ့်အကြောင်းအရာလေးတွေကိုလည်းမှတ်သားထားပါ။တစ်ခါတစ်ရံတစ်ဘက်သား မမျော်လင့်တဲ့ နေရာမျိုးတွေဆီကနေအံ့သြစရာအဖြစ်အပျက်တွေနဲ.စကားအဆန်လေးတွေကို ကြိုးစားပြီးဖန်တီးပြပါ။အချစ်ဆိုတဲ့အရာကမြေပြင်လိုငြိမ်သက်နေတာထက်လှိုင်းကြပ်ခွပ်လေးတွေလို
လှုပ်ရှားမှုလေးတွေရှိနေမှပျော်ရွှင်စရာကောင်းမှာပေါ့။ဟုတ်ဘူးလား။

အလေ့အကျင့်လေးတွေနဲ့ ရှေ့ ဆက်ပါ
သင်တို့ နှစ်ယောက်ရဲ့ အချစ်တွေကိုဘယ်သူမှ့ အသိအမှတ်မပြုပေးရင်တောင်
သင်တို့ နှစ်ယောက်ကြားကအချစ်တွေဘယ်တော့မှမပြယ်ပါစေနဲ.။မဖြစ်နိုင်ဘူးဆိုရင်တောင် ယခုထိဆက်ချစ်နေသေးတဲ့သင်တို့ နှစ်ယောက်ရဲ့ ရဲရင့်မှုတွေကိုဂုဏ်ယူပေးပါ။
ဒီအလေ့အကျင့်လေးတွေကိုသင်တစ်ယောက်တည်းမဟုတ်ဘဲနှစ်ယောက်စုံစုံညီညီနဲ့ အချစ်မှတ်တိုင်
နေ့ ရက်ကလေးတွေမှာကျင်းပပေးပါ။ဒီလိုအလေ့အကျင့်လေးတွေကိုဖန်တီးတဲ့အခါ
ပျော်ပျော်ရွင်ရွင်နက်နက်နဲနဲဖန်တီးပြပါ။ချစ်သက်သေတွေပြပြီးတဲ့ အခါ သင့်ရဲ.လုပ်ဆောင်မှုအတွက်
အပြုံးတစ်ပွင့်နဲ့ ဂုဏ်ပြုတဲ့အကျင့်ကိုအမြဲရယူပါ။ချစ်သူရဲ့ အပြုံးတစ်ပွင့်ဟာရှေ့ ဆက်ရမယ့် ချစ်သက်တမ်းအတွက်အားအင်အသစ်တွေနဲ့ နွေးထွေးမှုတွေကို
အပြည့်အ၀ပေးနိုင်တဲ့ စိတ်ခွန်အားပေးတဲ့ ဖန်တီးမှုလေးတစ်ခုပါ။

လက်တွဲဖော်မှန်ပါစေ
သင်ရွေးချယ်တဲ့သူဟာအချိန်တိုင်းသင့်ကိုလိုအပ်နေတယ်။သင်အတွက်ဘယ်အရာမဆိုပြောင်းလဲပစ်ဖို့ 
အဆင်သင့်ရှိသူလား။အချစ်ကံကောင်စေဖို့ ၊အချစ်မှာပျော်ရွှင်ဖို့ အတွက်အခြားလိုအပ်မှုပေါင်းများစွာကို ထည့်စဉ်းစားဖို့ တော့လိုအပ်ပါတယ်။လောကကြီးထဲမှာရှိတဲ့လူသားတွေရဲ့ ဘ၀မှာအရာတိုင်းက
ပြည့်စုံနေတယ်ဆိုတာတော့မရှိပါဘူး။လိုအပ်ချက်တွေလည်းရှိကောင်းရှိနိုင်ပါတယ်။
ဒါပေမဲ့အချစ်စစ်သမားအတွက်တော့အရာရာဖြည့်ယူမယ်၊နားလည်မှုတွေပေးမယ်၊
ညှိနှိုင်းကြမယ်ဆိုတဲ့ပန်းတိုင်ကိုမျှော်လင့်နိုင်ပါတယ်။ဆင်ခြေတွေကိုအမြဲမပေးပါနဲ.။
လက်ရှိအခြေအနေတွေကိုရိုးသားပါ။ကိုယ်ကလည်းအစစ်အမှန်ကိုရချင်တယ်ဆိုရင် သင်ကိုယ်တိုင်ကလည်းအစစ်အမှန်တွေပေးမှဖြစ်မှာပေါ့။ဟုတ်ဘူးလား...သင့်စိတ်ထဲမှာသူမှတစ်ပါး အခြားသူကိုပေးဆပ်ဖို့ ဘယ်တော့မှမစဉ်းစားပါနဲ့။ဒါကိုလည်းသူသိအောင်လုပ်ပါ။
သင်တို့ နှစ်ဦင်္းကြားကစစ်မှန်မှုတွေကိုထုတ်ဖော်လေလေယုံကြည်မှုတွေခိုင်မြဲလေလေဖြစ်လာပါလိမ့်မယ်။

No comments:

Post a Comment