Sunday, February 24, 2013

မြန်မာမိန်းကလေးများအင်တာနက်( On Line) ပေါ်တွင် Sex ကိစ္စပြောဆိုခြင်း၊ပြသခြင်းများရှောင်ကြဉ်ပါ



ဒီလို Chatting မျိုးကအနောက်တိုင်းမှာအင်မတန်ရေပန်းစားပါတယ်။အနောက်တိုင်းရယ်လို့တောင်မဟုတ် ပဲဂျပန်၊တောင်ကိုရီးယား၊ဖိလစ်ပိုင်၊အစရှိသဖြင့်အာရှနိုင်ငံများမှာပါaရပန်းစားလာတဲ့Chattingဖြစ်ပါတယ်။ စကားပြောဆိုရုံChatting,ရုပ်မြင်ရုံဗီဒီယိုChattingတင်မဟုတ်တော့ပဲမမြင်သင့်တာတွေပါမြင်အောင်ပြတဲ့ Chattingအမျိုးအစားဟာမြန်မာပြည်မှာပါရေပန်းစားလို့နေပါပြီ။အများစုကနိုင်ငံခြားရောက်နေတဲ့ချစ်သူနဲ့ စကားပြောဆက်သွယ်တဲ့အခါမှာဖြစ်ပါတယ်။အနောက်တိုင်းမှာခေတ်စားတာကတော့မဆန်းပြားပါဘူး။
ဒီလိုတွေခေတ်စားသလိုVideo-ChattingကRecordလုပ်ထားတာတွေဟာလည်းပလူပျံနေ တတ်ကြပါတယ်။မြန်မာဖြစ်Sexy-Chattingမှတ်တမ်းတင်ထားမှုတွေဟာလည်းအနောက်တိုင်းနဲ့ ရင်ဘောင်တန်းလို့အင်တာနက်စာမျက်နှာတွေမှာပလူပျံနေပါပြီ။ချစ်သူချင်းမဟုတ်ပဲအွန်လိုင်းမှာသိပြီး စိတ်ဝင်စားတဲ့သူအချင်းချင်းတောင်ပွင့်ပွင့်လင်းလင်းထင်သာမြင်သာတဲ့အထိတောင်ကြားနေရပါတယ်။ ဒါဟာဘာကြောင့်လဲ?ဘုရားဟောတရားနဲ့သာတရားကိုယ်ကောက်ရရင်တဏှာအရင်းခံပြီးဖြစ်တဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။အိန္ဒြိယလက္ခဏာချို.ယွင်းမှုတစ်ခုပါပဲ။ချစ်ရုံကြိုက်ယုံနဲ့မိမိမှာရှိတဲ့အရှက်(ဟီရိ) တရားပါလက်လွတ်စပယ်ပြုလိုက်တာမျိုးဟာမရင့်ကျက်တဲ့သူများဖြစ်ပါတယ်။အထူးသဖြင့်ဆယ်ကျော် သက်လူငယ်များ၊အသက်ကြီးသော်လည်းစာရိတ္တပျက်ပြားသောအမျိုးသား၊အမျိုးသမီးများဖြစ်ပါတယ်။
ပြန့်လွင့်သွားနိုင်တဲ့ဗီဒီယိုတွေကိုပြန်ပြီးRecoverလုပ်ပေးမယ့်ဆော့ဖ်ဝဲ၊ဘာညာအစရှိသဖြင့်ပေါ်ပေါက်လာပါတယ်။
သို့ပေမယ့်အင်တာနက်ခေတ်ကြီးထဲမှာဒါတွေဟာပုရွတ်တစ်ကောင်လောက်အောင်အစွမ်းမထက်ပါဘူး။ သို့ပေမယ့်အစွမ်းအထက်ဆုံးနည်းလမ်းတစ်ခုရှိပါတယ်။ဒီနည်းလမ်းကအင်တာနက်ပေါ်ပျံလွင့်မှုလုံးဝ မဖြစ်စေတော့ပါဘူး။လုံးဝ(လုံးဝ)SexyChattingမလုပ်ဖို့ပဲဖြစ်ပါတယ်။ကိုယ်နဲ့ယခုမှစသိတဲ့သူပဲဖြစ်ဖြစ်
နှစ်လရှည်ကြာ တွဲလာတဲ့ ချစ်သူပဲ ဖြစ်ဖြစ်ချက်တင်ထိုင်တဲ့အခါ လိင်ပိုင်းဆိုင်ရာ ရိုင်း စိုင်းသော ပြောဆိုမှု ကိုရှောင်ရှားရန်လိုအပ်ပါတယ်။အဲလိုသာရှောင်ရှားရင်တော့Sex-Chattingဘက်ကိုရောက်ဖို့ အင်မတန်ဝေးသွားပါပြီ။အချို.ကျသိသိမသိသိတစ်ဖက်သားကိုဇွတ်အတင်းမြင်အောင်၊ဖတ်အောင် ကြိုးပမ်းကြသူများဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ်ဘလော့(Block)ပစ်ဖို့လိုအပ်ပါတယ်။ချစ်သူအရင်းခေါက်ခေါက်ဖြစ်နေခဲ့ရင်လမ်းခွဲမယ်လို့ သတိပေးတဲ့အဆင့်ထိပြောဆိုရန်သတ္တိရှိပါတယ်။ဟုတ်ပါတယ်။ဒီလိုမကြိုက်ဘူးလို့ပြော ထားရဲ့သားဇွတ်အတင်းပြောဆိုပြသနေရင်ဒါတကယ်ချစ်တာမဟုတ်ပါဘူး။အကယ်၍ပျံလွင့်သွားရင်ဖြစ်လာ  မယ့်အကျိုးဆက်ကစာရေးသူမပြောလည်းသိကြမယ်ထင်ပါတယ်။အချို.ကျတော့Chattingမဟုတ်ပဲ Record လုပ်ထားတဲ့အပျော်ဗီဒီယို၊အသံဖိုင်အစရှိသဖြင့်ဖြန့်ဝေကြပါတယ်။ဒီမှာလည်းထိုနည်းတူစွာပါပဲ။
ဒီကိစ္စတွေကိုရှောင်ရှားထားရင်ပြဿနာဆိုတာဖြစ်လာစရာအကြောင်းမရှိပါဘူး။မရှောင်ရှားနိုင်ဘူး ဆိုရင်တော့ဗီဒီယိုရိုက်တဲ့ချစ်သူမျိုးဆိုရင်မတွဲသင့်တာလုံးဝသေချာနေပါပြီ။ဒါဘာရည်ရွယ်ချက်လည်း။ ဘာလို့မှတ်တမ်းတင်တာလဲ။အသိဥာဏ်ရှိရှိစဉ်းစားတွေးခေါ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။ဒါကြောင့်ဒီ ပြဿနာတွေ၊ အန္တရာယ်တွေကင်းကောင်တစ်ခုတည်းသောနည်းလမ်းကလုံးဝ(လုံးဝ)မပြုလုပ်ခြင်း၊ရှောင်ကြဉ်ခြင်းသာဖြစ်ပါ တယ်။

No comments:

Post a Comment