မစ္ဆရိယစိတ်သည် မကောင်းစိတ်၊ ၀န်တိုစိတ်ဟု ဆိုသည်ကို ကြားဖူးသည်။ မစ္ဆရိယစိတ်သည် အကု သိုလ်စိတ်လည်း ဖြစ်၏။
မစ္ဆရိယစိတ်ဝင်လာလျှင် သူတစ်ပါးအား ၀န်တိုစဉ်လဲတက်သလို မကောင်းကြံ မမှန်သောစိတ်ကြောင့် ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည်လုပ်ကိုင်တတ်၏။
မိမိ၏ မကောင်းစိတ်ကြောင့် သူတစ်ပါးကို မကောင်းကြံတတ်သလို ထိုစိတ်ကြောင့် မိမိတွင် အကုသိုလ်ဖြစ်၏။ သူယုတ်ဖြစ်၏။ မိမိ၏ မကောင်းကြံ၊ မကောင်းစိတ်ကြောင့် တစ်ပါးသူ အကျိုးပျက်သည်၊ မပျက်သည်ကို မသိသော်လည်း မိမိ၏ အကျိုးက ပျက်သုန်း၏။
ယင်းသမို့ လူကြီးသူမများက “မကောင်းစိတ်ကို မမွေးနဲ့၊ သူတစ်ပါးကို မကောင်းမကြံနဲ့” ဟု မိန့်ဆိုခဲ့သည်ကို မှတ်သားဖူးသည်။
“ဣဿာမစ္ဆရိယစိတ်ဆိုတာ သူတစ်ပါးကို မကောင်းစေချင်းထက် ကိုယ့်အတွက် ပိုပြီး မကောင်းဘူး၊ မစ္ဆရိယစိတ်ဟာ အကုသိုလ်စိတ်ဖြစ်တာကြောင့် ဒီစိတ်ကို ဖယ်ရှားပစ်ဖို့ လိုပါတယ်” ဟု ဆရာတော်ကြီးများ ကလည်း မိန့်ကြားလမ်းညွှန်ခဲ့ဖူး၏။
မစ္ဆရိယစိတ်ဆိုတာ အင်မတန် ကြောက်စရာကောင်းတဲ့စိတ်ပဲ၊ ကိုယ့်ဘ၀ကို မီးရို့တဲ့ စိတ်ဆိုရင်လည်း မမှားဘူး။ ပြောရရင်တော့ မစ္ဆရိယ စိတ်ဆိုတာ ၀န်တိုစဉ်းလဲစိတ်ဆိုလည်း မှန်တယ်။ အကောင် အထည်ပြုရ ခက်ပြီး ကြောက်စရာ အင်မတန်ကောင်းတဲ့စိတ်ပဲ ဟု မဟာဆေးဝင်္ပါ ဆရာတော်ဘုရားက မိန့်ကြားခဲ့ဖူး၏။ အလွယ်ပြောရလျှင် “ကိုယ်ထက်သာ မနာလိုသောစိတ်” သည်ပင် မစ္ဆရိယစိတ်ဟု ဆိုရလိမ့်မည်။
ထိုစိတ်က လူကို ဒုက္ခပေး၏။ သုခနှင့် ဝေးစေ၏။ အန္တရာယ်များ၏။ ထိုစိတ်လူတို့နှလုံးသားတွင် ကပ်ငြိလာလျှင် မကောင်းကျိုးတွေကို ဖြစ်စေ၏။
ယင်းကဲ့သို့ပင် မစ္ဆရိယစိတ်အား ဣဿာစိတ် ပူးကပ်လာလျှင် ပိုဆိုး၏။ ၄င်းစိတ်က အခြားတစ်ပါးအား မနာလို မရူစိတ်စသဖြင့် ဖြစ်ပေါ်လာသလို သူတစ်ပါးအကျိုး ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည်စိတ်ကူးသည့် စိတ်ဖြစ်၏။ သူတစ်ပါးအကျိုးပျက်တတ်ရုံသာမက သေလွန်ပြီးသည့်နောက်တွင်လည်း မကောင်းသလို အဖန်ဖန်လည်း မကောင်းကျိုးအား ခံစားရသည်ကို သတိချပ်သင့်ပေသည်။
ဣဿာနှင့် အစဉ်အမြဲ ဒွန်တွဲနေသည်။ မစ္ဆရိယအားဆန်းစစ်ကြည့်လျှင် (၅)မျိုးရှိကြောင်း တွေ့ရ၏။
ယင်းဝန်တိုခြင်း မစ္ဆရိယ (၅)မျိုးနှင့် ပတ်သက်၍ “ဓမ္မသင်္ဂဏီပါဠိတော်” တွင် ဘုရားရှင်ဟောကြားတော်မှု၍ “အဌသာလိနီအဌကထာ” ဖြင့် အကျယ်ခဲ့ပြဆိုထားသည်ကာ…
၁။ အာ၀ါသမစ ၦရိယ
မိမိပိုင်ဆိုင်ရာ နေရာဌာန၌ မိမိမှတစ်ပါး မည်သူကိုမျှ မနေစေလိုခြင်း၊ (တစ်နည်း) မိမိရနေသော အဆောက်အဦးကောင်းမျိုးကို သူတစ်ပါး မနေစေလိုခြင်း။
ရဟန်းဖြစ်လျှင် မိမိကို ကိုးကွယ်သော ဒကာ၊ ဒကာမများ အခြားရဟန်းကို မကိုးကွယ်လိုခြင်း၊ လူဖြစ်လျှင် မိမိ၏ ဆွေမျိုးမိတ်သင်္ဂဟများက မိမိထက် အခြားသူများအား ပိုမို ချစ်ခင်သွားမည်ကို မလိုလားခြင်း။
၃။ လာဘမစ ၦရိယ
စီးပွားလာဘ်လာဘ မိမိရသလို သူတစ်ပါး မရစေလိုခြင်း။
၎။ ၀ဏၰမစ ၦရိယ
သူတစ်ပါး၏ လှပသော အဆင်းဂုဏ်၊ မြင့်မြတ်သော အကျင့်ဂုဏ်ကို မိမိလည်း မချီးမွမ်းနိုင်ခြင်း၊ သူတစ်ပါး ချီးကျူးသည်ကိုလည်း အလိုမရှိခြင်း။
၅။ ဓမၼမစ ၦရိယ
စာပေ၊ ပရိယတ္တိနှင့် တရားအသိ အမျိုးမျိုးကို မိမိသိသလို သူတစ်ပါးအား မသိစေလိုခြင်း။
ဣဿာမစ္ဆရိယကား ညီအစ်ကိုကဲ့သို့ ဖြစ်၏။ မနာလိုခြင်းခြင်း ဣဿာမှ ၀န်တိုခြင်း မစ္ဆရိယ အလွယ်တကူဖြစ်နိုင်၏။
သို့နှယ်ပင် ၀န်တိုခြင်း၊ သူတစ်ပါးကို မိမိကဲ့သို့ မရစေလိုခြင်း မစ္ဆရိယအဖြစ်များ နေသူတွင်လည်း မနာလိုခြင်း ဣဿာဖြစ်ရန် မခဲယဉ်းပေ။
ထို့အတူ ဤသို့ ဣဿာမစ္ဆရိယရှိသူသည် ဖြစ်ရာဘ၀တွင် သားသမီး၊ တပည့်မိတ်ဆွေ အခြွေအရံကင်းမဲ့ပြီး အထီးကျန်တစ်ယောက်တည်း နေရတတ်၏။
ထို့ကြောင့် သူတစ်ပါး၏ စည်းစိမ်ချမ်းသာကို မငြူစူရ။ မနာလို မဖြစ်ရ။ မနာလိုဖြစ်ခဲ့လျှင် လူမဆိုထားနှင့် စတုမဟာရာဇအနွယ်ဝင် “မနောပဒေါသိက” နတ်တို့ပင် နက်သက်ကြွေ၍ သေရသည်ဟု ဆို၏။
(စူဠကမ္မ ၀ိဘင်္ဂသုတ်)
လောကဇတ်ခုံ မှကူးယူတင်ပြပါသည်
No comments:
Post a Comment