ရေနွေးကြမ်းကိုကျွန်ုပ်တို့မြန်မာလူမျိုးများငယ်စဉ်တည်းကသောက်ခဲ့ကြသည်။နေရာတိုင်း အိမ်တိုင်းမှာ ရေနွေးကြမ်းဝိုင်း ရှိခဲ့သည်။ဧည့်သည်လာလျှင်ရေနွေးကြမ်းအရင်ချပေးသည်။
ရေနွေးကြမ်းကို မြန်မာတို့ ဘာကြောင့် သောက်ခဲ့ရသနည်း
လျှာတွင်အရသာတွေ့သည်မှာမွေးကတည်းက၊လူမှန်းစသိကတည်းကအဖိုး၊အဘတို့နှင့်သောက်ခဲ့သော 'အခါးရည်'လည်းကောင်း၊'အဖန်ရည်'ဟုလည်းကောင်းခေါ်ကြသည်ရေနွေးကြမ်းးကိုသာကြိုက်ပါသည်။
တစ်ကယ်တော့ထမင်းစားပြီးလျှင်သို့မဟုတ်အစာများများစားပြီးလျှင်အချိုရည်သောက်သူနှင့်ရေနွေးကြမ်းသောက် သူတို့မှာကျန်းမာရေးရှုထောင့်မှကြည့်လျှင်အစာအိမ်သက်တမ်းရှည်မှုမတူညီကြပါ။
တိုင်းရင်းဆေးပညာရှုထောင့်တွင်ဖြစ်စေ၊အိန္ဒိယမှလာသောအာယုဗေဒဆေးပညာတွင်ဖြစ်စေ အစာစားပြီးလျှင်အစာကြေဖို့အတွက်'ဝမ်းမီး'လိုသည်။'ဝမ်းမီး'ကိုဒေသန္တရဆေးပညာတွင်'ပါစကတေဇော' ဟုလည်းခေါ်သည်။'ဝမ်းမီး'မှာဝမ်းထဲမှမီးဖြစ်သည်။ရေအေးနှင့်လောင်းလျှင်မီးငြိမ်းသွားမည်ဖြစ်သည်။
'ပါစကတေဇော'သည်စာကိုလောင်မြိုက်ပြီးကြေကျက်အောင်ချက်ပြီးသောတေဇောဖြစ်၍ပူသောတေဇော (ဥဏှတေဇော)ဖြစ်ပြန်သည်။
ပူသော တေဇော၏ ဆန့်ကျင်ဘက်မှာ အေးသောတေဇော
(သီတတေဇော)ဖြစ်သည်။အေးသောရေ၊ရေခဲရေ၊အချိုရည်တို့မှာအေးသောအရသာရှိသဖြင့်'သီတ' အစာဖြစ်သည်။အစာကြေစေသောအပူဆန့်ကျင်ဘက်လောင်းထည့်လိုက်လျှင်မည်သို့ဖြစ်မည်နည်း ရှင်းပါသည်။အစာမကြေနိုင်တော့။မကြေသည့်အပြင်ပါစကတေဇောပျက်မည်ဖြစ်လေသည်။
ပူလိုက်အေးလိုက်ဖြစ်ပါ များလျှင် အစာအိမ်ပျက်စီးသည်
အစာအိမ် ပျက်စီးလျှင် ရောဂါ တစ်ခုခုရမည်မှာ သေချာသည် ရနိုင်သော ရောဂါများမှာ-
ပူသော တေဇော၏ ဆန့်ကျင်ဘက်မှာ အေးသောတေဇော
(သီတတေဇော)ဖြစ်သည်။အေးသောရေ၊ရေခဲရေ၊အချိုရည်တို့မှာအေးသောအရသာရှိသဖြင့်'သီတ' အစာဖြစ်သည်။အစာကြေစေသောအပူဆန့်ကျင်ဘက်လောင်းထည့်လိုက်လျှင်မည်သို့ဖြစ်မည်နည်း ရှင်းပါသည်။အစာမကြေနိုင်တော့။မကြေသည့်အပြင်ပါစကတေဇောပျက်မည်ဖြစ်လေသည်။
ပူလိုက်အေးလိုက်ဖြစ်ပါ များလျှင် အစာအိမ်ပျက်စီးသည်
အစာအိမ် ပျက်စီးလျှင် ရောဂါ တစ်ခုခုရမည်မှာ သေချာသည် ရနိုင်သော ရောဂါများမှာ-
(၁)အစာမကြေရောဂါ
(၂)အစာအိမ်ရောင်ရောဂါ
(၃)
အချဉ်ပြန်ရောဂါ
(၄)အစာအိမ်အချဉ်ပေါက်ရောဂါ
(၅) အစာအိမ်အနာပေါက်ခြင်း
(၆)
အစာအိမ်ကင်ဆာ စသော ရောဂါများဖြစ်နိုင်လေသည်။
ရိုးရာဆေးပညာ၊အာယုဗေဒဆေးပညာအလိုအရ'ရောဂါမှန်သမျှသည်အစာမကြေမှစသည်'
ဟုဆိုသည်။အနောက်တိုင်းဆေးပညာများတွင်မကြာသေးမီကမှဖတ်လိုက်ရသည်မှာအစာစားပြီးအချိုရည် နှင့်သံဗူးများ၊ဂက်စ်ပါသောအချိုရည်သောက်သုံးလေ့ရှိသူများမှာစားထားသမျှထဲမှအဆီဖတ် များကိုအေးပြီးခဲအောင်ပြုလုပ်လိုက်သဖြင့်ချေဖျက်ရန်ခက်ခဲပြီး'ဆီးချို”ရောဂါဖြစ်ဖို့လမ်းစဖြစ်လာနိုင်
သည်။ထို့အပြင်ထိုအက်ဆစ်ဖတ်များကိုအဟာရအဖြစ်အူသိမ်မှစုပ်ယူရာမှသွေးကြော များအတွင်းရောက်ရှိပြီးသွေးတွင်းအဆီထုတက်လာလေသည်။သွေးတွင်းအဆီထုတက်လာသူ များမှာသွေးကြောကျဉ်းရောဂါ၊နှလုံးရောဂါများခံစားရလေ့ရှိပြီးအခန့်မသင့်သောတစ်နေ့တွင်အဆီခဲ ပတ်ထွက်မျောပါသွားပြီးဦးနှောက်အတွင်းသို့ရောက်ရှိပြီးရုတ်တရက်မူးပြီးလဲကျခြင်း၊ ဦးနှောက်အတွင်းသွေးခဲပိတ်၍ကိုယ်တစ်ခြမ်းမလှုပ်ရှားနိုင်ခြင်း၊လေဖြတ်ခြင်းများပါဖြစ်နိုင်သည်။
စာရေးသူသည်လေဖြတ်သူများကိုနှစ်ပေါင်း(၂ဝ)ကျော်ကုသလာခဲ့သည့်အတွေ့
အကြုံများအရလည်းလေဖြတ်သူအတော်များများမှာဆီးချိုနှင့်သွေးတိုးရောဂါရှိခဲ့ကြပြီးရေခဲရေ၊ အချိုရည်ကိုထမင်းစားပြီးတိုင်းသောက်လေ့ရှိသူများဖြစ်သည်ကိုတွေ့ရပြန်ပါသည်။
ရေနွေးကြမ်းနှင့်ပတ်သက်ပြီးပြန်လည်ကောက်ချက်ချရမည်ဆိုလျှင်ကျေးလက်တောရွာများ တွင်၊မြို့ကြီးပြကြီးများ၌နေထိုင်သူများလောက်လေဖြတ်သူမများရခြင်းအကြောင်းအရင်း များတွင်ရေနွေးကြမ်းသောက်သောဓလေ့သည်လည်းတစ်ခုအပါအဝင်ဖြစ်နိုင်ပါသည်။
တောနယ်များတွင်ဆင်းရဲသားလယ်သမား၊ယာသမားများဘဝတွင်အချိုရည်၊ရေခဲရည်လည်း မသောက်နိုင်ကြပါ။တရုတ်ပြည်မှရှေ.နှစ်ပေါင်းများစွာ(အေဒီ-၆ဝဝ)ကျော်ကတည်းကဆူပွက်သောရေနွေး ထဲသို့သစ်ရွက်ကြွေကကျရာမှစတင်ခဲ့သောလဘက်ခြောက်ခတ်သောက်သောဓလေ့ကြောင့်အာရှနှင့်
အရှေ့တောင်ဥရောပနိုင်ငံများတွင်အစာအိမ်နှင့်အူမကြီးကင်ဆာဖြစ်သူ
နည်းပါးသည်။ဥရောပနိုင်ငံများမှာအဖြစ်များသောကင်ဆာသည်အရှေ့တောင် အာရှရှိရေနွေမ်းကြမ်းသောက်သောနိုင်ငံများတွင်ဖြစ်ပွားမှုရာနှုန်းနည်းသည်ကိုလေ့လာတွေ့
ရှိကြသည်။လေဖြတ်ခြင်းသည်လူမသေသော်လည်းဘဝဆုံးရသောရောဂါမျိုးဖြစ်သည်။
စီးပွားရေးအရလည်းမိသားစုတစ်ခုလုံးငွေကုန်ကြေးကျများပြီးနှစ်ရှည်လများထိခိုက်စေသောရောဂါဖြစ်သည်။
လေမဖြတ်အောင်ကြိုတင်ရှောင်ကြဖို့လိုသည်။အမှန်တော့လေဖြတ်ခြင်းကိုကာကွယ်သည့်ဆေးဟူ၍မရှိပါ။
သွယ်ဝိုက်သောနည်းဖြင့်သာအကျိုးရှိနိုင်သောဆေးများကိုသာ ရောင်းနေကြခင်း ဖြစ်သည်။
လေမဖြတ်အောင်နားရွက်နောက်မှအကြောဖြတ်သူများလည်းတွေ့ဖူးသည်။အလွန်မှားသော လုပ်ရပ်ဖြစ်သည်။နားကြောဖြတ်ပြီးမှလေဖြတ်လာသူကိုလက်တွေ့ကြုံဖူးပါသည်။ သတ္တုစပ်လက်ကောက်တစ်မျိုးကိုနိုင်ငံခြားမှလာသည့်လေမဖြတ်သည့်လက်ကောက်၊ဤလက်ကောက်ကို
ဝတ်ထားလျှင်သွေးမတိုးနိုင်ဟုညာရောင်း နေခြင်းများလည်းရှိသည်။
(လေဖြတ်ခြင်းမှကာကွယ်နိုင်သောနည်းလမ်းကောင်းတစ်ခုကိုညွှန်ပြပါဆိုလျှင်
'ရေနွေးကြမ်း' တစ် ခွက်ကိုပင်ညွှန်ပြလိုပါသည်။)သင်လေဖြတ်ခြင်းမှကာကွယ်သောဆေးတစ်ခွက်ကိုသောက်လိုလျှင် အစာစားပြီးတိုင်းရေနွေးကြမ်းတစ်ခွက်သောက်ပါ။အစာစားပြီးတိုင်းအချိုရည်၊ရေခဲရည်သောက်သည်ထက်
ရေနွေးကြမ်းသောက်သည်ကအစာလည်းကြေ၊ဆီးချိုသွေးတိုးရောဂါကိုလည်း
ကာကွယ်ပြီးသွေးတွင်းအဆီကျစေသည့်အပြင်လေဖြတ်ခြင်းမှလည်းကာကွယ်နိုင်သည့်ငွေကုန်ကြေး ကျနည်းသောဆေးကောင်းဖြစ်ကြောင်းရေးသားလိုက်ရပါသည်။
ဧရာဝတီ
No comments:
Post a Comment