Wednesday, January 23, 2013

အဆုတ်ရောဂါရှိသူများ စိတ်ခံစားမူ ကောင်းစေရန်

သင့်မှာနာတာရှည်အဆုတ်ရောဂါရှိတဲ့အခါ နေကောင်းတဲ့ နေ့ရက်တွေရှိသလို နေထိုင်မကောင်းတဲ့ နေ့ရက်တွေလည်း ရှိမှာပါပဲ။ နာတာရှည်အဆုတ်ရောဂါရှိသူတွေအနေနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်သလိုပဲ စိတ်ခံစားမူဆိုင်ရာ ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။

ထိန်းချုပ်ကာ နေထိုင်ပါ
နာတာရှည်အဆုတ်ရောဂါရှိရင်စိတ်ပျော်ရွှင်မူအပေါ်သက်ရောက်မူရှိနေပါတယ်။ဒီရောဂါကြောင့် ဒေါသထွက်တာ။ အလိုမကျတာနဲ့စိတ်ဓာတ်ကျတာတွေဖြစ်တတ်ပါတယ်။အောက်ပါအချက်တွေကသင့်ခံစားချက်ကို ထိန်းချုပ်နိုင်မယ့်နည်းတွေ ဖြစ်ပါတယ်။

- ပျော်ရွှင်ဖွယ်ရာ အရာတွေကို လုပ်ဆောင်ပါ။ သင့်ရဲ့ တစ်နေ့တာကို အစီးအစဉ်ရေးဆွဲနေစဉ်မှာ သင့်စိတ်ပျော်ရွှင်မူရစေမယ့် လုပ်ဆောင်မူတချို့ပါဝင်ပါစေ။

- သူငယ်ချင်းနဲ့ မိသားစုနဲ့ အတူနေထိုင်ပါ။ အပေါင်းအသင်းတွေနဲ့ စုရုံးပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်တာက အထီးကျန်နေထိုင်တာထက်စိတ်ခံစားမူကိုကောင်းမွန်စေပါတယ်။သင်ခင်မင်ရသူတွေကိုသင့်ခံစားချက်အကြောင်း ဖွင့်ဟ ပြောဆိုပါ။

- အဆုတ်ရောဂါနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို တတ်နိုင်သမျှလေ့လာပါ။ သင့်အနေနဲ့ အဆုတ်ရောဂါအကြောင်းကောင်းကောင်းသိလေလေ၊ရောဂါကို ထိန်းချုပ်နိုင်စွမ်း ပိုရှိလေလေ ဖြစ်နေမှာပါ။ သင့်ရောဂါအကြောင်း သိနားလည်တဲ့ မိသားစုဝင်တစ်ဦးကို ဆရာဝန်ထံ သွားတိုင်း ခေါ်သွားပါ။

- ဆေးကုသမူမှာ တက်တက်ကြွကြွပါဝင်ပါ။ ဆိုလိုတာက သင်သိလိုတဲ့ မေးခွန်းတွေကို ဆရာဝန်ကို မေးပါ။ မသက်သာရင် ကုသမူ အသစ်ကို ပြောင်းလို့ရမလား ဆိုတာကို ထည့်သွင်းမေးမြန်းပါ။

အိမ်ထောင်ဖက်နှင့် ချစ်ခင်စွာ နေပါ
သင့်အနေနဲ့ အောက်ဆီဂျင်ကို သုံးနေရရင်တောင်မှ နာတာရှည် အဆုတ်ရောဂါရှိတာနဲ့ အိမ်ထောင်ဖက်နဲ့ ကာမဆက်ဆံမူမပြုရတော့ဘူးဆိုတာ မဟုတ်ပါဘူး။

- သင်တို့ရဲ့ စိတ်ခံစားချက်တွေ ထိစပ်မူကတစ်ဆင့် သင့်ရဲ့ စိတ်ကျန်းမာရေး ပိုကောင်းလာပါလိမ့်မယ်။

- ကာမစပ်ယှက်မူဟာ စိတ်ခံစားမူကို ပိုကောင်းစေပါတယ်။ ဒါပေမဲ့ ပင်ပန်းစေမယ့် နည်းလမ်းမျိုးကို ရှောင်ပါ။

- ကာမစပ်ယှက်မူကို သဘောမကျရင်လည်း အဆင်ပြေပါတယ်။ အိမ်ထောင်ဖက်ကို ပွေ့ဖက်တာ၊ ချစ်ခင်ကြောင်းပြောတာ၊စောင့်ရှောက်တာစတဲ့နည်းတွေကလည်းသင့်စိတ်ကိုကြည်နူးသာယာမူ ဖြစ်စေနိုင်ပါတယ်။

သတိပြုရန်
နာတာရှည်အဆုတ်ရောဂါရှိတာကြောင့်တစ်ချိန်လုံးနာမကျန်းဖြစ်နေလိမ့်မယ်လုမဆိုလိုပါဘူး။ ရောဂါကြောင့် သင့်စိတ်ကမျှော်လင့်ချက်ကင်းမဲ့နေသလိုလို၊အကူအညီမဲ့နေသလိုလိုဖြစ်နေရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ စိတ်ဓာတ်ကျတဲ့လက္ခဏာတွေကိုထိန်းချုပ်နိုင်မှသာသင့်ရဲ့ခန္ဓာကိုယ်ကျန်းမာရေးပါပိုကောင်းလာမှာ ဖြစ်ပါတယ်။
 
  ညီမလေးမိုးနှင်းဖြူ (လာရှိုး)မှကူညီပံပိုးပေးပါသည်

No comments:

Post a Comment