“သိင်္ဂါလောဝါဒသုတ်ထွက် ကျင့်ဝတ်များ”
တွင်ပါသောကျင့်ဝတ်များသည်ဆရာတော်ဦးဗုဓ်၏၀ိဟိဝိနယ ဆုံးမစာများဖြစ်ပါသည်။ကျန်ရှိသောကျင့်ဝတ်များကိုဤနေရာဝိဟိဝိနယ ဆုံးမစာ၌ ဖြည့်စွက်ထည့်သွင်းလိုက်ပါသည်။
တွင်ပါသောကျင့်ဝတ်များသည်ဆရာတော်ဦးဗုဓ်၏၀ိဟိဝိနယ ဆုံးမစာများဖြစ်ပါသည်။ကျန်ရှိသောကျင့်ဝတ်များကိုဤနေရာဝိဟိဝိနယ ဆုံးမစာ၌ ဖြည့်စွက်ထည့်သွင်းလိုက်ပါသည်။
အကျဉ်းပြဥဒ္ဒေသ
(၁)သူ့သက်သတ်က၊စသည့်လိမ်ကျံ၊ကံကိလေသာ၊လေးဖြာပယ်ဘိ၊အဂတိဟု၊မပြုလေးဖြာ၊ ဥစ္စာကုန်ပျောက်၊သေသောက်ခြင်းက၊စသည့်ခြောက်လီ၊မမှီဝဲမူ၊ဆယ့်လေးခုမူ၊
ပြုကြ ကင်းလပ်၊ ခြောက်ရပ် မျက်နှာ၊ ဖုံးလွှမ်းကာလျှင်။ ။ သေခါနတ်ပြည် ရောက်လိမ့်မည်။
(၂)ချစ်မုန်းကြောက်ထွေ၊ တွေဝေသော့အား၊ လွန်ကျူးမှားသော်။
။မပွားလရောင် ဆုတ်ယောင်သောဝ်။
(၃)ချစ်မုန်းကြောက်ထွေ၊ တွေဝေသော့အား၊ မလွန်ငြားသော်။
။တိုးပွားလရောင် ပြည့်ယောင်သောဝ်။
(၄)မွေးတုံမွေးပြု၊ ဆောင်မူကြီးငယ်၊ မျိုးနွယ်တည်စေ၊
မွေထိုက်ကျင့်ဟန်၊ သေလွန်ကောင်းမူ၊ ပြု၍ဝေငြား။
(၅)မကောင်းမြစ်ထာ၊ကောင်းရာသွင်းပေ၊သင်စေအတတ်၊လျောက်ပတ်မယား၊ထိမ်းမြားချိန်ခါ၊ ဥစ္စာအတတ်၊လျောက်ပတ်မယား၊ထိမ်းမြားချိန်ခါ၊ဥစ္စာအမွေချိန်တန်ဝေးသည်။ ။ငါးထွေမိဘ-ကျင့်ဝတ်တည်း။
(၆)ခရီးဦးကြို၊ ဆိုသည့်ဓလေ့၊ တစ်နေ့သုံးခါ၊ ကပ်လှာမြဲတည်၊
ယုံကြည်နာယူ၊ ရေဒန်ပူက၊ စသည်လုပ်ကျွေး၊ ကျင့်ရေးကောင်းပေ၊ ရိုသေသင်ကြား၊ ဤငါးပါးကား။
။မမှားတပည့် ကျင့်ဝတ်တည်း။
(၇)ဆုံးမကောင်းဝေ၊ သင်စေကောင်းမွန်၊ မကျန်းကြားထွေ၊
မိတ်ဆွေစေ့စပ်၊ အရပ်စောင့်ငြား၊ ဤငါးပါးကား။ ။ခေါင်ဖျားဆရာ ကျင့်ဝတ်တည်း။
(၈)မည်ခေါ်နာအီ၊ မထီမဲ့မြင်၊ ပြုကျင်မဲ့တွန်၊ ကျူးလွန်ကျင့်ကင်း၊
ဆောင်နှင်းခန်းဝါ၊ တန်ဆာဆင်ယင်၊ ဤငါးအင်။ ။လင်တို့ကျင့်ရိုး-တံထွာတည်း။
(၉)စီမံမူခင်း၊ သင်္ဂြိုဟ်မျိုးမှန်၊ လွန်မကျင့်ရာ၊
ဥစ္စာစောင့်ခြင်း၊ မပျင်းမူမှာ၊ ဤငါးဖြာကား။ သည်းလျာ ဇနီး၊ ကျင့်ဝတ်တည်း။
(၁၀)ပေးကမ်းလိုမယ်၊ ချစ်ဖွယ်ဆိုငြား၊ စီးပွားကျင့်မူ၊
ကိုယ်တူပြုခြင်း၊ ချွတ်ယွင်းမဲ့စေ ဤငါးထွေကား။ ။ကြင်ဆွေတို့အား-ကျင့်ဝတ်တည်း။
(၁၁)မေ့လျော့စောင်လှာ၊ ဥစ္စာစောင့်ရှောက်၊ ကြောက်တန့်ပယ်လေ့၊
ဘေးတွေ့မစွန့်၊ ဆက်ညွန့် သားမြေး၊ မြတ်လေးပူဇော်၊ ဤငါးဖော်ကား။ ။ညီလျော်တို့လမ်း-ကျင့်ဝတ်တည်း။
(၁၂)အားလျော်မူခင်း၊ ထမင်းရိက္ခာ၊ ပေးရာတရေး၊ လုပ်ကျွေးဖျားနာ၊
ရသာဝေဖန်၊ ချိန်တန်လွှတ်ထား၊ ဤငါးပါးကား။ ။ကျွန်အားအရှင်-ကျင့်ဝတ်တည်း။
(၁၃)ရှေးဦးစွာထ၊ နောက်မှအိပ်ရေး၊ ပေးမှယူရာ၊ ကောင်းစွာပြုခြင်း၊
သီတင်းဆောက်တည်၊ ဤငါးမည် ကား။ ။စဉ်ရှည်ကျွန်တို့-ကျင့်ရိုးတည်း။
(၁၄)ကိုယ်နူတ်စိတ်မှာ၊ မေတ္တာရှိငြား၊ တံခါးဖွင့်ခြင်း၊
ဆွမ်းဟင်းရေစာ၊ ပေးလှူသာလျှင်။ ။ဒကာကျင့်ဝတ် ငါးပါးတည်း။
(၁၅)မကောင်းမြစ်ထာ,ကောင်းရာသွင်းကြောင်း,ကောင်းစိတ်သနား,မကြားစတောင်း,ထုံးကောင်းကြားသိ, ကြားမိသင်စေ, နတ်ပြည်ညွှန်လမ်း, ဤခြောက်ခန်းကား။
။ရဟန်းပုဏ္ဏား-ကျင့်ရိုးတည်း။
ဝိဟိဝိနယ ဆုံးမစာပြီး၏။
သစ္စာမဏ္ဍိုင် ဆယ်စောင်တွဲစာအုပ်မှ ပြန်လည်ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment