Friday, January 18, 2013

ကျေးဇူးတော်ရှင် ဆရာတော်ကြီး အရှင်ဇနကဘိဝံသ၏ သီလနှင့်ဆက်နွယ်သော သြ၀ါဒများ

၁။အချင်းချင်းမတ္တာနဲ့နေကြ၊၀ိုင်းဝန်းကူညီကြပါ။ငါးပါးသီလလုံခြုံအောင်နကြပါ။ဘုရားရှိခိုးကြတာလဲ သြကာသသြကာသနဲ့တင်မပြီးကြနဲ့။တကယ့်ဗုဒ္ဓအစစ်၊ဘုရားအစစ်ကိုမှန်းပြီးအာရုံပြုကြပါ။ ဘုရားဂုဏ်တော်တွေကိုအာရုံပြုကြပါ။ကမ္ဘာသူကမ္ဘာသားဝေနေယျသတ္တ၀ါတွေကိုကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေလို့ အမြဲမတ္တာနဲ့သစ္စာရှိရှိနကြပါ။
 
၂။တရားသာအားထုတ်ကြတယ်။သီလတောင်မရှိကြဘူး။သီလမရှိတော့တရားအားထုတ်တာမသန့်ရှင်းဘူး။ တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေဟာရှးဦးစွာသီလရှိရမယ်။ဒါမှတရားအားထုတ်တဲ့အခါမိမိရဲ့စိတ်သန့်ရှင်းတယ်။ ဒါမှတရားမှန်တယ်။ဒီလိုမှရှးဦးစွာသီလမရှိရင်တရားအားထုတ်တော့မသန့်ရှင်းဘူး။နည်းလမ်းမကျဘူး။

၃။သီလရှိသူဟာသူကိုယ်တိုင်ကစင်ကြယ်နေလို့စိတ်တောင့်တတိုင်းပီးစီးနိုင်ပါတယ်။ဒါကြောင့် ပစ္စည်းလေးပါးပါများလိုရင်၊ချစ်ခင်လေးစားကျာ်ကြားလိုရင်သီလကိုသာ မကျိုးမပေါက်အောင်စာင့်ထိန်းကြပါ။

၎။သီလစောင့်ထိန်းရတဲ့ကျးဇူးတွေဟာပြောပြလို့မကုန်နိုင်ပါ။နာက်ဆုံးနိဗ္ဗာန်ထိအောင် တင်ပို့နိုင်ပါတယ်။သြေဇာကောင်းမွန်တဲ့လယ်ယာခံမြေမှာဘယ်လိုအသီးနှံမဆိုဖစ်ထွန်းနိုင်သလို ကန့်သတ်လို့ရဘူး။

၅။အးမြကြည်လင်သန့်ရှင်းစင်ကြယ်တဲ့စိတ်နှလုံးကောင်းနဲ့ပြောဆို၊လုပ်ကိုင်နေသူရဲ့နာက်မှာ ချမ်းသာအမျိုးမျိုးဟာအရိပ်ပမာလိုက်နေကြပါတယ်။


၆။တဖြည်းဖြည်းနဲ့နာက်တစ်ဘ၀ရွှ့ကြဖို့နီးနီးလာပြီ။နာက်တစ်ဘ၀အတွက်ဒါနထက်သီလက ဘ၀ကောင်းပို့နိုင်တယ်။ဒါနမများသော်လည်းသီလကများနေရင်နာက်ဘ၀မှာမဆင်းရဲနိုင်ပါ။သီလကို အထူးဂရုစိုက်ပါ။ငါးပါးသီလထက်အာဇီဝဋ္ဌမကသီလကသာတယ်။ထိုသီလကို သူတော်ကောင်းတိုင်း နေ့စဉ် ထိန်းရတယ်။

၇။သီလလည်းဒီဘ၀၊နာက်ဘ၀ကာလမရွေးစိတ်ချမ်းသာကိုယ်ချမ်းသာကိုပးနိုင်တယ်။မတ္တာ၊ကရုဏာ၊ သစ္စာ၊ခန္တီတို့လည်းကာင်းကျိုးကိုပးနိုင်တယ်၊အရာရာသတိထားပါ။

၈။သီလပျက်နေကြလို့လူအများယခုဘ၀မှာပင်ဒုက္ခများနေကြတယ်။နာက်ဘ၀လူဆင်းရဲဘ၀ဖြစ်ပြီးသာ၍ ဒုက္ခရောက်ကြလိမ့်မယ်။

၉။သီလစောင့်တိုင်းဘုရားအာရုံရောက်အောင်ရှိခိုးပါ။ဗုဒ္ဓါနုဿတိဘာဝနာဖစ်ပါတယ်။

၁၀။မတ္တာတရားများများပို့ပါ။မတ္တာဘာဝနာဖြစ်ပါသည်။သီလရှိမှဒါနအကျိုးပေးကောင်းပါသည်။ သီလရှိမှဘာဝနာတက်လို့ရသည်။ရက်တော်တော်ကြာအောင်သီလများများထိန်းပါ။အမြဲတော့ငါးပါးသီလ လုံပါစေ။

၁၁။သီလမကောင်းဘဲဘာဝနာတက်ဖို့မဖြစ်နိုင်ဘူး။သီလမကောင်းရင်ဒါနတောင်မသန့်ရှင်းဘူး။ သူများအထင်မသေးအောင်ဂုဏ်ရှိအောင်ပြုတဲ့ဒါနဟာအလွန်ညံ့တဲ့ဒါနဖစ်ပါတယ်။

၁၂။ကံကောင်းဆိုတဲ့အထဲမှာအခြေခံအကောင်းဆုံးကံဟာငါးပါးသီလဖြစ်တယ်။ထို့နောက်စီးပွားရှာတဲ့ အခါမှာမတရားမပါမှသမ္မာအာဇီဝဋ္ဌမကသီလဖြစ်တယ်။ဒါထက်ပိုပြီးတတ်နိုင်ရင်ဥပုသ်သီလဖြစ်တယ်။

၁၃။ကိုယ်ကသီလမပေါက်မကြားထိန်းမှတပည့်တွေကိသြ၀ါဒပးနိုင်တယ်။ဆရာကပရမ်းပတာနေရင် တပည့်တွေကိုဆုံးမလို့မရဘူး။

၁၄။ဒါနပြုတဲ့အခါသီလလည်းစင်ကြယ်အောင်ရုပ်ခန္ဓာ၊နာမ်ခန္ဓာကိုစိုက်ပြီး“အနိစ္စ၊ဒုက္ခ၊အနတ္တ”လို့ရူတဲ့ ဘာဝနာလည်းဖစ်အောငကြိုးစားတယ်။သီလစောင့်တဲ့အခါလည်းဒါနပါအောင်ဘာဝနာပါအောင် သတိထားတယ်။ဒီလိုအလိမ္မာများမှတော့ကုသိုလ်ကြောင့်ကုသိုလ်တွေအများကြီးထပ်၍ဖစ်ခွင့်ရတယ်။ နိဗ္ဗာန်အထိခရီးရှည်လှတယ်။ပါ့ပေါ့ဆဆနဲ့သွားသွားနေတဲ့လူတွေလမ်းဆုံးမရောက်နိုင်ပါ။

၁၅။ လူတွေဟာ သာသနာရဲ့ အနှစ် သီလ၊ သမာဓိ၊ ပညာကို မကြည်ညိုတတ်ကြဘဲ ကျောင်းကောင်း၊ ကန်ကောင်းကို ကြည်ညိုတတ်ကြတယ်။

၁၆။ ဓမ္မကတိကတွေကလည်း ဒါန၊ သီလ၊ ဘာဝနာ တရားအကျိုးတွေ ဟောပါရဲ့။ လူတွေကလည်း နာကြပါရဲ့။ အကျင့်အလုပ်မပါဘဲ နာနေရုံဖြင့် အကျိုးမရှိပါဘူး။

၁၇။ လောကကြီးမှာ ဒါနရှိမှ လူချစ်လူခင်ကြတယ်။ သီလရှိမှ ကြည်ညိုကြတယ်။ ပညာတတ်မှ လေးစားကြတယ်။

၁၈။ သိပ္ပံပညာ တိုးတက်လို့ အစားကောင်းတွေစားရ၊ အ၀တ်ကောင်းတွေဝတ်ရ၊ အနေကောင်းတွေနေရ၊ ဒါပေမယ့် အကျင့်စာရိတ္တဘက်က တိုးတက်မူ မရှိသောကြောင့် စိတ်ချမ်းသာမူတော့ ရကြလိမ့်မယ် မထင်ပါ။ ဗုဒ္ဓတရားတော်ကို သိမှသာ စိတ်ချမ်းသာမူ ရနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

၁၉။ ဒါနနဲ့ သီလမှာ ဒါနဟာ ပိုက်ဆံမကုန်ဘူးလား။ ကုန်တယ်။ သီလကော ကုန်ရဲ့လား၊ မကုန်ဘူး။ အကျိုးရတော့ ဘယ်ဟာက ကြီးသလဲ၊ သီလက ကြီးတယ်။

၂၀။ ကိုယ်ရေး ကိုယ်တာအတွက် ကျင့်လမ်းသည် ကောင်း၏၊ သာသနာအတွက် ပရိယတ်သာ ဆက်တည်နိုင်၏။

၂၁။ လောကမှာ နာမည်ကြီး ဥစ္စာပေါတယ်ဆိုတာ အလကား၊ သေတော့ ကိုယ့်ရဲ့ သီလ၊ သမာဓိ၊ ပညာကိုပဲ အားကိုးကြရပါမယ်။

No comments:

Post a Comment