Wednesday, January 23, 2013

အသားအရေအမျိုးအစားအားလုံးအတွက် မျက်နှာပေါင်းတင်နည်းများ

အသားအရေအမျိုးအစားအားလုံးအတွက် မျက်နှာပေါင်းတင်နည်းများ

သူငယ်ချင်းရဲ့အသားအရေကခြောက်သွေ့နေလား၊အဆီပြန်နေလား၊ပေါင်းစပ်အသားအရေလား၊ဆဲလ်အသေတွေကြောင်ညိုညစ်နေလား၊ ၀က်ခြံတွေနဲ့လား၊အရေးအကြောင်းတွေပေါ်နေတဲ့အသားအရေလား??စိတ်မပူပါနဲ့။အားလုံးအတွက် ပေါင်းတင်နည်းကိုယ်စီရှိပါတယ်။ လုပ်ကြည့်ပါဦးနော်။


ခြောက်သွေ့တဲ့အသားအရေ(Avocado honey mask)


ကြိတ်ချေထားတဲ့ထောပတ်သီးနဲ့ပျားရည်လက်ဘက်ရည်ဇွန်း၂ဇွန်းစာစီရယ်၊ကြက်ဥအနှစ်တစ်လုံးရယ်
ကိုသေချာရောမွှေပြီး မျက်နှာအနှံ့ လိမ်းပေးပါ။ မိနစ်၂၀ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


အဆီပြန်တဲ့အသားအရေ (Lemon Egg Mask)


သံပုရာသီးတစ်ခြမ်းကိုအရည်ညှစ်ပြီးအမြှပ်ထွက်အောင်ခေါက်ထားတဲ့ကြက်ဥအကာနဲ့ရောမွှေပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး ၁၅ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


Stawberry honey cream mask

အမှည့်လွန်နေတဲ့ အရွယ်တော်စတော်ဘယ်ရီသီး ၄လုံး၊ အစိုဓာတ်ထိန်းခရမ် (နှစ်သက်ရာ) လက်ဘက်ရည်ဇွန်း ၂ဇွန်း၊ ပျားရည်လက်ဘက်ရည်ဇွန်းတစ်ဇွန်းကို ရောမွှေပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး မိနစ်၃၀ ကြာတဲ့အခါ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


ပေါင်းစပ်အသားအရေ (Cucumber Yogurt Mask)


သခွားသီးအရွယ်တော်တစ်ခြမ်းကိုကြိတ်စက်နဲ့ကြိတ်ပြီးဒိန်ချဉ်စားပွဲတင်ဇွန်း၁ဇွန်းနဲ့ သေချာရာမွှေပေးပါ။မျက်နှာအနှံ့လိမ်းပေးပြီးမိနစ်၃၀ကြာတဲ့အခါရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


ဆဲလ်သေတွေနဲ့ ညိုညစ်နေတဲ့အသားအရေ (Papaya Mask)


သဘောင်္သီးတစ်လုံးကို အခွံခွာပြီး အစေ့တွေကို ဖယ်ထားပါ။ အသားကို ကြိတ်စက်ထဲထည့်ပါ။ အနှစ်ပျစ်ပျစ်လေးရလာတဲ့အခါ မျက်နှာအနှံ့လိမ်း လိုက်ပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး ၁၅ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


ဝက်ခြံရှိတဲ့အသားအရေ(Apple Honey Mask)


အရွယ်တော်ပန်းသီးတစ်လုံးကို ကြိတ်စက်ထဲ ထည့်ကြိတ်လိုက်ပါ။ ရလာတဲ့အနှစ်ကို ပျားရည်စားပွဲတင်ဇွန်း ၅ ဇွန်းနဲ့ ရောမွှေပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး ၁၀ မိနစ်ကြာတဲ့အခါ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


အရေးအကြောင်းရှိတဲ့အသားအရေ (Banana Mask)


ငှက်ပျောသီးတစ်လုံးရဲ့လေးပုံ၁ပုံကို ချေပြီး မျက်နှာအနှံ့လိမ်းပေးပါ။ ၂၀ မိနစ်ကြာတဲ့အခါ ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။


Helpful Hints

-သစ်သီးတွေဟာအသားရေအတွက်အကောင်းဆုံးအရာတွေပါ။အသားအရေကို ၀င်းလက်စိုပြေစေပြီး နုပျိုလန်းဆန်းစေတဲ့ သဘာဝရဲ့လက်ဆောင်တွေပါ။


-ပေါင်းတင်ပြီးတိုင်းမှာအစိုဓာတ်ထိန်းခရမ်တစ်ခုခုလိမ်းပေးရင် အသားအရေပိုမိုနူးညံ့ချောမွတ်စေပြီး ပေါင်းဆေးရဲ့အာနိသင်လည်း ပိုထိရောက်ပါတယ်။


- ပေါင်းတင်တဲ့အချိန်မှာဖြစ်ဖြစ်၊ မျက်နှာပေါ်မှာတစ်ခုခုလိမ်းနေတဲ့အချိန်မှာဖြစ်ဖြစ် အားနဲ့ပွတ်လိမ်းတာမျိုး မလုပ်ပါနဲ့။ အရေပြားဆဲလ်လေးတွေပျက်စီးပြီး စပ်ဖျဉ်းဖျဉ်းလေး ဖြစ်လာနိုင်ပါတယ်။


-တစ်ပါတ်တစ်ကြိမ်ပုံမှန်လုပ်ပေးသွားရင်အသားအရေပြဿနာတွေတဖြည်းဖြည်းနဲလာပြီး ဇရာကိုလည်း နှေးစေပါတယ်။


- ပေါင်းတင်ပြီးအသားအရေက အရမ်းကိုနုပြီး နေလောင်ဒဏ်ကို ပိုခံရနိုင်လို့ ၁ ရက်လောက် နေပူဒဏ်က ပိုပြီးသေချာကာကွယ်သင့်ပါတယ်။ကဲသူငယ်ချင်းတို့ ဘယ်အသားအရေရှိရှိ စိတ်ပူစရာမလိုတော့ဘူးနော်…


မူရင်းလင့်ခ် sai lin ထံမှပြန်လည်ကူးယူဖော်ပြပေးထားပါသည်။

No comments:

Post a Comment