Friday, January 25, 2013

အချိန်မတိုင်မီ အိမ်ထောင်ပြုရင်

အချိန်မတိုင်မီ အိမ်ထောင်ပြုရင

အချိန်မတိုင်မီပညာရေးနဲ့ငွေကြေးမလုံလောက်သေးခင်ဗဟုသုတနဲ့ရင့်ကျက်မှုမပြည့်စုံသေးခင် အိမ်ထောင်ပြုမယ်ဆိုရင်ပျော်ရွှင်သာယာတဲ့အိမ်ထောင်သည်ဘ၀ဆိုတာမဖြစ်နိုင်ပါဘူး။

ကိုယ့်ဖက်ကလည်းအဆင်သင့်မဖြစ်၊မိဘတွေကလည်းမကြည်ဖြူဘူးဆိုရင်တော့ အချန်တန်အရွယ်ရောက်မှအိမ်ထောင်ပြုတာအကောင်းဆုံးပဲ။
မိဘသဘောတူလို့မိဘစကား၊လူကြီးသူမစကားနားမထောင်ဘဲချစ်သူနောက်ခိုးရာလိုက်သွားတဲ့ မိန်းခလေး၊ယောကျာ်းလေးတွေတော်တော်များများလည်းမြင်ဖူးပါတယ်။

သီချင်းတောင် ရှိပါသေးတယ် " ချစ်သူနဲ့ဆိုရင် ထမင်းရေပူလျှက်ရပါစေ " ဆိုတာလေ။
အပြောသာလွယ်တာပါ။တစ်ကယ်တမ်းစဉ်းစားကြည့်တော့ ထမင်းရေပူလျှက်ဖို့ဆိုတာ ရေရှည်မဖြစ်နိုင်ပါဘူး။
ထမင်းရည်ဆိုတာရအောင်ဆန်ဝယ်နိုင်အောင်လည်းရှာရဖွေရအုံးမှာဘဲမဟုတ်လား။
အတန်ကြာတော့အဆင်မပြေလို့မိဘအိမ်ပြန်တက်ကျတာတွေအများကြီးပါ။
"မိဘအိမ်လောက်ကောင်းသောနေရာဘယ်မှာမှမရှိ " ဆိုတဲ့စကသားပုံအတိုင်းပါပဲ။

မိဘကျေးဇူးမဆက်ရသေးခင်မိဘရင်ကိုခြေစုံကန်ပြီးတစ်ခြားသူနောက်ကောက်ကောက် ပါအောင်လိုက်ရင်တော့မိဘစေတနာစော်ကား၊ကျေးဇူးကမ်းတဲ့သူဖြစ်သွားလို့ဆက်လျှောက်ရမယ့် ဘ၀ဟာအဆင်ပြေဖို့ဆိုတာတစ်ရာမှာတစ်ယောက်အင်မတန်ရှားပါတယ်။ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက ကဲ့ရဲ့တာ၊ပညာရေး၊လူမှုရေး၊စီးပွားရေးတွေထိခိုက်ဆုတ်ယုတ်တာတွေဖြစ်နိုင်သလိုအနဲနဲ့ အများတော့ ပြသာနာတွေနဲ့ရင်ဆိုင်ရမှာမလွဲပါဘူး။

ဒါကြောင့်အချိန်မတိုင်ခင်အိမ်ထောင်ပြုပြီး " ခလုတ်ထိမှ အမိတ" ဆိုတာမျိုးမဖြစ်အောင်မိမိရဲ့ အရေးကြီးလှတဲ့အနာဂတ်ဘ၀တစ်ခုလှပအောင်သေချာတွေးခေါ်စဉ်းစားသုံးသပ်နိုင်ရမယ်။ကိုယ့်ဘ၀ အနာဂတ်ကောင်းမလားဆိုးမလားဆိုတာကိုယ်ဘယ်လမ်းရွေးချယ်သလဲ ပေါ်မှာမှုတည်တယ်။

No comments:

Post a Comment