မကြာသောနေ.တစ်နေ.။ထိုနေ.သည်လည်းအခြားအလုပ်တစ်ခု၌အလုပ်အင်တာဗျူးဖြေဆိုရမည့်
နေ့ ဖြစ်သည်။ထိုနေ.တွင်ကိုလတ်သည်မနက်စောစောထ၍ဘုရား ရှိခိုးသည်။ထို့ နောက်နံနက် ၁၀-နာရီတွင် အိမ်မှ ထွက်လာခဲ့သည်။လမ်း၌ နေ့ လယ်စာကိုအင်တာဗျူးဖြေဆိုရမည့်နေရာနှင့် နီးသောမြန်မာထမင်းဆိုင်တစ်ဆိုင်တွင်ဝင်၍စားသည်။ကိုလတ်ထမင်းစားနေစဉ်ထမင်းဆိုင်ထဲတွင် ခရီးသွားဦးပဉ္စင်းနှစ်ပါးဆွမ်းဘုဉ်းပေးနေသည်ကိုမြင်လိုက်ရသည်။ထိုအခါကိုလတ်က ဦးပဉ္စင်းတို့ အနားသွားပြီး...“အရှင်ဘုရား၊ပြည့်စုံအောင်
ဘုန်းပေးတော် မူပါဘုရား။တပည့်တော်၊ဤဆွမ်းပွဲကိုဒကာခံပါရစေဘုရား”ဟု လျှောက်ထားလေသည်။ဦးပဉ္စင်းက
ကြည်ဖြူစွာလက်ခံပြီး“ဒကာကြီး၊ဤသို့ လှူဒါန်းရတဲ့ ဆွမ်းအကျိုးကြောင့်
အစစ အရာရာ အဆင်ပြေ ချောမောပါစေ”ဟုဆုပေးလေသည်။ကိုလတ်သည်သူလှူဒါန်း ခဲ့ရသောအလှူအတွက်ကျေနပ် ကြည်နူး ခဲ့ရလေသည်။နေ့ လယ်၁၂-နာရီ၌ကိုလတ်အင်တာဗျူးဖြေသောအခါမေးခွန်းများကိုတစ်ခုမကျန် လွယ်ကူစွာဖြေဆို နိုင်ခဲ့သည်။ထို့ နောက်အလုပ်ခန့် စာ၌လည်းကိုလတ်နာမည်ထိပ်ဆုံးက ပါလာလေသည်။
ဤကဲ့သို့ လုပ်ရခြင်းသည်မိမိလှူခဲ့သောဆွမ်းအကျိုးကြောင့်ပင်ဖြစ်သည်ဟုကိုလတ်ယုံကြည်ယူဆနေပါသည်။ ညီလေးငယ်(လယ်တော်)
မြတ်မင်္ဂလာ--------၂၀၁၂-ခုနှစ်၊ဧပြီလ
No comments:
Post a Comment