Thursday, January 31, 2013

မင်းကွန်း ခေါင်းလောင်းကြီးသမိုင်း

မန်မာနိုင်ငံတွင် လက်ရှိအကြီးဆုံး ခေါင်းလောင်းမှာ မင်းကွန်းခေါင်းလောင်း ကြီးဖြစ်သည်။ ယင်းခေါင်းလောင်းကို ဘိုးတော်ဘုရားလက်ထက် ( ၁၇၈၂ - ၁၈၁၉ ) က ၁၇၉၀ ခုနှစ်တွင် သွန်းလုပ်ခဲ့သည်။ ကုန်းဘောင်ခေတ်မဟာရာဇ၀င်တွင် သက္ကရာဇ် ၁၁၇၀ ပြည့်နှစ်၊ ကဆုန်လ ဆန်း ၅ ရက်နေ့တွင် သွန်းလုပ်ခဲ့သည်ဟုဆိုပါသည်။ ခေါင်းလောင်း၏အတိုင်းအတာ ကိုလည်း အ၀အချင်း ၃၁ တောင် ၄ သစ် (၁၆ ပေ၊ ၁.၄ လက်မ)၊ လုံးပတ် ၃၃ တောင် ၁ မိုက် ၄ သစ် (၅၀ ပေ ၁.၄ လက်မ)၊ စောက် ၁၃ တောင် ၁ မိုက် ၄ သစ် (၂၀ ပေ ၃ လက်မ) ရှိသည်ဟုဖော်ပြခဲ့သည်။ တန် ၈၀ ရှိသည်ဟု အင်္ဂလိပ်တို့က ခန့်မှန်းခဲ့ကြသည်။ သို့သော် ခေါင်းလောင်း၏အလေးချိန်မှာ ကြေးပိဿာ ၅၅၅၅၅ ရှိသဖြင့် ၄င်းကို တန်ဖွဲ့ပါက ၉၀.၅၂ တန်ရှိသည်။

ဆူးလေစေတီတော် သမိုင်း

ဆူးလေစေတီတော်တည်နေရာရန်ကုန်မြို့လည်ခေါင်၊မြို့တော်ခန်းမအနီးဉာဏ်တော် ၁၅၁-ပေ ကျော်ကြားမှု မြို့လည်ခေါင်မှ ကပ်ကျော်ဘုရားဆူးလေစေတီတော်သည် ရန်ကုန်မြို့လည်ခေါင်ရှိ ဆူးလေဘုရားလမ်းနှင့် မဟာဗန္ဓုလမ်းဆုံ (မြို့တော်ခန်းမအနီး)တွင် တည်ရှိသည်။

သမိုင်းကြောင်း

သီဟဒီပမင်းကြီးသည် ရဟန္တာအရှင်သူမြတ်တို့၏ သာသနာပြု ရည်မှန်းချက်အတိုင်း သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် အမတ်သူရဲကောင်းများအား လမ်းညွှန်ချက်ပေး၍ သာသနာခရီးကို စီစဉ်ပေးခဲ့သည်။ အမတ်သူရဲကောင်းတို့သည်လည်း ဘုရင်ညွှန်ကြားချက်အတိုင်း ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်၊ ဆံတော်များအား ပင့်ဆောင်၍ ရွှေတိဂုံ စေတီတော် ကြီးတည်ရာ သိင်္ဂုတ္တရ ကုန်းတော်ပတ်လည်တွင် စေတီတော်များ တည်ထားကိုးကွယ်ရန် ကြိုးစားစွမ်းဆောင်မှုများ ပြုခဲ့ကြသည်။ သမိုင်း အထောက်အထားများအရ ဆူးလေစေတီ တော်အား အသုတ်အမတ် ကြီး တည်ထားသည်ဟုသိရ၏။ သူရဲကောင်း အသုတ်အမတ်ကြီး တည်ထားသဖြင့် သမိုင်းအချို့တွင် “ကျိုက်အသုတ်” ဘုရားဟုတွေ့ရ၏။ ကျိုက် - ဘုရား၊ အသုတ် - အမတ်ကြီးဟု အဓိပ္ပါယ်ရ၏။ အသုတ်အမတ်ကြီး ဘုရား ဟုဖွင့်ဆိုရမည်ဖြစ်၏။ သို့နှယ်ပင် အချို့ပညာရှင်တို့က အသုတ်ဟူသည်မှာ ဆံတော်ဟု ဖွင့်ဆိုကြသဖြင့် “ဆံတော်ဘုရား” ဟု ခေါ်ဆိုနိုင်၏။

ရွှေတိဂုံ စေတီတော် သမိုင်း

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ဉာဏ်တော်မှာဖိနပ်တော်မှစိန်ဖူးတော်ထိ(၃၂၆)ပေဖြစ်ပြီးရန်ကုန်မြို့ရှိ သိင်္ဂုတ္တရကုန်းတော်ပေါ်တွင်တည်ရှိသည်။လေးဆူဓာတ်ပုံရွှေတိဂုံဟုလည်း ခေါ်တွင်သည်။စေတီအစရွှေတိဂုံက ဟုဆိုကြသည်။

အမည်ခေါ်တွင်ပုံ

ရန်ကုန်တိုင်းကိုမွန်လူမျိုးတို့သည်ဒဂုံတိုင်းဟုသမုတ်ခဲ့ကြသည်။ဒဂုံတိုင်းမှာတည်ထားသောဘုရားဖြစ်သည့် အတွက်ကြောင့်ဒဂုံတိုင်းကဘုရားဟုခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။မွန်ဘာသာဖြင့်ကျာ်လဂုင်ဟုရေးသားပြီး ကျိုက်လဂုံဟုအသံထွက်ဆိုခဲ့ကြသည်။တတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင်မွန်တို့ကိုတိုက်ခိုက်အောင်မြင်ပြီးနောက်ဒဂုံကိုရန်ကုန်ဟု အမည်နာမပြောင်းလည်ခဲ့သည်။ကျိုက်လဂုံကိုကျိုက်ဒဂုံဟုခေါ်ဆိုကြသည်။နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့)ကျိုက်ဒဂုံသည်မြန်မာပြည်၏မူပိုင်သင်္ကေတအဖြစ်ကျော်ကြားလာခဲ့သည်။ မူပိုင်ကျိုက်ဆိုသောစကားလုံးနေရာတွင်ရွှေနိုင်ငံ(Goldenland)ကိုကိုယ်စားပြုသောရွှေဆိုသောစကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ထို့အတူလဂုံလိုလိုဒဂုံလိုလိုဖြစ်နေသောစကားလုံးကိုလည်းတိဂုံဖြင့် အတည်ပြုပေးလိုက်ကြသည်။ထိုအချိန်မှစ၍ကျိုက်လဂုံသည်မြန်မာပြည်တွင်မှာသာမကကမ္ဘာ့ တ၀ှမ်းမှာရွှေတိဂုံဟူသောအမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။

ကျိုက်ထီးရိုးစေတီတော် သမိုင်း

စေတီတော်တည်ထားပုံကျိုက်ထိုမြို့နယ်ရှိကျိုက်ထီးရိုးစေတီတော်သည်အရှေ့ရိုးမတောင်တန်း အပါအဝင်ဖြစ်သောပေါင်းလောင်းတောင်ပေါ်တွင်တည်ရှိ၍မြန်မာနိုင်ငံတွင် တန်ခိုးကြီးသောစေတီတစ်ဆူဖြစ်သည်။ကျိုက်ထီးရိုးစေတီကိုအစွဲပြု၍စေတီတော်တည်ရှိရာတောင်ကို ကျိုက်ထီးရိုးတောင်ဟုခေါ်ကြသည်။ကျိုက်ထီးရိုးစေတီတည်ရှိရာတောင်ထွက်မှပင်လယ်ပြင်ရေအမြင့်ပေ ၃၆၀၀ခန့်မြင့်သည်။ကျိုက်ထီးရိုးစေတီတော်တည်နေပုံမှာအံ့အားသင့်ဖွယ်ကောင်းလှသည်။ကြီးမား၍ မတ်စောက်သောကျောက်ဆောင်တစ်ခု၏အစွန်းတွင်လုံးပတ်ပေ၅၀ခန့်ရှိသော ဦးခေါင်းပုံသဏ္ဌာန်ကျောက်လုံးကြီးတစ်ခုကပြုတ်လုတည်းကားတင်၍နေသည်။ ထိုကျောက်တုံးကြီးပေါ်တွင်မှဉာဏ်တော်၁ပေခန့်မြင့်သောစေတီတော်တည်ထားသည်။စေတီတော် တည်ရှိရာကျောက်ဆောင်နှင့်ရင်ပြင်တော်ကိုချောက်တစ်ခုခြားနေသောကြောင့်သံတံတားငယ်ဖြင့် ဆက်သွယ်ထားရသည်။စေတီတော်တည်ထားရာကျောက်တုံးကြီးသည်လူတစ်ယောက်တွန်းရုံမျှဖြင့် လှုပ်ရှား၏။ထိုကျောက်တုံးကိုတွန်း၍အောက်ခံကျောက်အကြားသို့အပ်ချည်ကြိုးကိုသွင်းပြီးလျှင် ဆွဲယူနိုင်သည်။ကျိုက်ထီးရိုးဘုရားသမိုင်းမှာမူအမျိုးမျိုးကွဲလျက်ရှိသည်။စစ်ကဲကြီးဦးရွှေနော်ရေးသားသော မွန်ရာဇဝင်နှင့်စေတီတော်သမိုင်းပေါင်းချုပ်အရဖော်ပြပေးပါမည်။

Liver Blood Test အသဲအတွက် သွေးစစ်ခြင်း

ကျွန်တော့် အသက်က ၃၁ ပြည့်ပြီးသွားပါပြီ။ ကျွန်တော်မှာ အသည်းရောင် B ပိုးရှိပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ဆေးစစ်တော့ တွေ့တာပါခင်ဗျာ။ ကုသမှုတော့ မလုပ်ခဲ့ပါဘူး။ မနှစ်ကမှ ဆရာကြီး (့) ကို စပြီး ပြခဲ့ပါတယ်။ 14 Dec 2011 မှာ သွေးစစ်တဲ့ အဖြေတွေက
1. HBV - DNA Test - 71
2. ALT - 70 (high)
3. AST - 32 (normal) ဖြစ်ပါတယ်။ အဲ့ဒီ ကုသမှုမှာ LIVE UP, ZINCOVIT, LIVER (MILK THISTLE), RACIPER 20 (၄) မျိုး သောက်ဖို့ ညွှန်ကြားပြီး ၁ နှစ် ပြည့်ရင် ပြန်လာပြဖို့ ပြောပါတယ်။ အကြောင်းကြောင်းကြောင့် ကျွန်တော် ၁ လ ပြည့်အောင် မသောက်ဖြစ်ခဲ့ပါဘူး။ 25 Dec 2012 မှာ နောက်ထပ်တစ်ခေါက် ထပ်ပြပြီး နောက်တစ်ကြိမ် သွေးစစ်ပါတယ်။ အဖြေတွေက HBV DNA Test - Not detected, ALT 87 (high), AST 26 (normal) ဖြစ်ပါတယ်။

Bad breath ခံတွင်းနံ့ မကောင်းရင်

လူတွေထဲက ၂၅% ဟာ အနည်းနဲ့အများ ခံတွင်းနံ့ မကောင်းကြပါ။ Bad breath ခံတွင်းနံ့ မကောင်းတာကို ဆေးစာနဲ့ Halitosis ခေါ်တယ်။ သွား-ခံတွင်းရောဂါနဲ့ တခြား ကျန်းမာရေး အခြေအနေတွေကနေ ဖြစ်စေတယ်။ အစားအသောက် ကြောင့်လဲ ဖြစ်စေတယ်။ ၈၅-ဝဝ% ဟာ ခံတွင်းနဲ့ ဆိုင်တယ်။ အသား-ငါးစားတာ၊ အရက်သောက်တာ၊ ဆေးလိပ် သောက်တာ၊ ဆေးငုံတာတွေကြောင့်လဲ အနံ့ မကောင်းစေဘူး။ လူဝလို့လဲ ဖြစ်တတ်တယ်။                                                              
• အစားအစာတွေကို ပါးစပ်ကနေ စားသောက်လိုက်ပြီးရင် ကျေချက်ပြီးနောက် သွေးထဲရောက်မယ်။ နောက်မှာ အဆုပ်ကို ရောက်ရာကနေ အသက်ရှူထုတ်တော့ ဆိုင်ရာ အနံ့ထွက်စေတယ်။ ပါးစပ်ထဲမှာ အစားအစာတွေ ကပ်သတ် ကျန်နေရင် (ဗက်တီးရီးယား) တွေ ပေါက်ဖွါးစေမယ်။ သူတို့ထဲမှာ အနံ့ ဆိုးစေတာမျိုးတွေ ရှိတယ်။ Bacteria ကနေ toxins အဆိပ်လို ဖြစ်လာစေနိုင်တယ်။ ဆေးမကုရင် သွားဖုံးရော မေးရိုးပါ ရောဂါ ရစေနိုင်တယ်။
• ကြက်သွန်ဖြူ၊ ကြက်သွန်နီတွေ စားရင် Brushing and flossing ပါးစပ်ဆေး၊ သွားတိုက်တာတောင်မှ ခဏတာ အနံ့ ဖုံးပေးတာ လောက်သာ တတ်နိုင်တယ်။
• သွားတု တပ်တာ နေရာမကျရင်၊ (ရိစ်) မှိုရောဂါရရင်၊ သွားပိုးစားရင်လဲ အနံ့မကောင်းတာ ဖြစ်စေနိုင်တယ်။
• Dry mouth (Xerostomia) ပါးစပ်ခြောက်နေတာဖြစ်လို့လဲ ဖြစ်နိုင်သေးတယ်။ တံတွေးဟာ ပါးစပ်ကို သန့်ရှင်းပေးတယ်။ အက်စစ်ဓါတ်ကို ဖြေပေးတယ်။ သေသွားတဲ့ (ဆဲလ်) တွေကိုလဲ ရှင်းပေးတယ်။ တံတွေးနည်း-ခြောက်နေရင် အဲလို ကောင်းကျိုးတွေ မဖြစ်စေတော့ဘဲ ပုပ်နံ့ထွက်လာစေတယ်။ ပါးစပ်ခြောက်နေတာက ဆေးဝါးတွေကြောင့် ဖြစ်နိုင်တယ်။ Salivary gland တံတွေး ထွက်အိတ်တွေ ရောဂါရနေလို့လဲ ဖြစ်စေတယ်။
• နူမိုးနီးယား၊ လေပြွန်ရောင်၊ နာတာရှည် (ဆိုင်းနပ်စ်) ရောဂါ၊ တာရှည်နှာရည်ယိုတာ၊ ဆီးချို၊ အက်စစ်ရည် အထက် ဆန်ရောဂါ၊ အသဲရောဂါ နဲ့ ကျောက်ကပ် ရောဂါတွေ ကြောင့်လဲ အာခေါင်ခြောက် နေနိုင်တယ်။

(၁) လျှာ
Don't let your tongue become a dirty carpet! လျှာကို ညစ်ထေးနေတဲ့ ကော်ဇောလို မဖြစ်ပါစေနဲ့လို့ တင်စား ပြောကြတယ်။ ဘာလို့လဲဆိုတော့ ခံတွင်းနံ့ မကောင်းတာကို လျှာကြောင့်ဖြစ်ရတာ ၈ဝ-၉ဝ% ရှိတယ်။ လျှာမှာနေတဲ့ (ဗက်တီးရီးယား) ကနေ Malodorous compounds နဲ့ Fatty acids တွေ ဖြစ်လာစေတယ်။ လူတိုင်းမှာရှိနေတဲ့ အဲလို ပိုးတွေက လျှာရဲ့ နောက်ပိုင်းမှာနေကြလို့ သန့်ရှင်းရေးလုပ်တာ မထိရောက်စေဘူး။ နှာရည်ယိုနေတာ၊ အာခေါင် ခြောက်နေတာတွေကြောင့် ပိုဆိုးစေတယ်။ Anaerobic bacteria အမျိုးအစားပိုးတွေက ပိုဆိုးစေတယ်။ ကြာတော့ Putrescent smell of indole, Skatole, Polyamines အနံ့တွေ ဒါမှမဟုတ် Rotten egg ဥပုပ်တဲ့အနံ့မျိုး ထွက်မယ်။ Volatile sulfur compounds (VSCs) အနံ့မျိုးဖြစ်တယ်။ Hydrogen sulfide, Methyl mercaptan, Allyl methyl sulfide နဲ့ Dimethyl sulfide တွေကို ဆိုလိုတာဖြစ်တယ်။ ဒီလိုကြောင့်ဖြစ်သူတွေက Mints, Mouth sprays, Mouthwash တွေ သုံးနိုင်တယ်။ ဒါတွေကလဲ အနံ့ဆိုကို ဖုံးပေးတာသာဖြစ်တယ်။ လျှာကို သန့်ရှင်းရေးက ပိုအရေးကြီးတယ်။


(၂) Mouth

ပါးစပ်၊ ပါးစပ်ထဲမှာ ဗက်တီးရီးယား အမျိုးအစားပေါင်း ၆ဝဝ ကျော်ရှိတယ်။ အဒီထဲက တချို့တွေက အနံ့ဆိုး ထွက်စေအောင် လုပ်နိုင်တယ်။ သူတို့ကနေ Proteins (ပရိုတင်း) တွေကို ချေဖျက်ပြီး Amino acids (အမိုင်နိုအက်စစ်) တွေ ထွက်လာမယ်။ ဆက်ပြီး Hydrogen sulfide နဲ့ Methyl mercaptan တွေ ဖြစ်တဲ့ အနံ့ဆိုး ဓါတ်ငွေ့တွေ ဖြစ်စေမယ်။ Bad mouth ဆိုတာ အာဖရိက ကလာတဲ့ ကျိန်စာသဘော ဖြစ်ပြီး ဒီခေတ်မှာ သူများအပြစ်တင်တာကို ပြောတာဖြစ်တယ်။ ဗမာတွေကတော့ ခံတွင်းနံ့ ကောင်းချင်ရင် မုသား မပြောပါနဲ့တဲ့။

(၃) Gum disease

 သွားဖုံးရောဂါတွေကြောင့်လဲ ဖြစ်တယ်ဆိုတာကို အားလုံးကတော့ လက်မခံပါ။

(၄) Nose

 နှာခေါင်း၊ ဒုတိယလိုက်တယ်။ Sinus infections (ဆိုင်းနပ်စ်) ရောဂါ ထိပ်ခပ်နာ နဲ့ Foreign bodies ပြင်ပ-ပစ္စည်း ဝင်နေတာတွေကနေ ဖြစ်စေမယ်။

(၅) Tonsils 

အာသီးရောဂါကနေ (ဆဲလ်) ပျက်စီး-သေဆုံးတာတွေကြောင့် အနံ့ဆိုး ထွက်နိုင်တယ်။ ၃-၅% မှာဖြစ်တယ်။

 
(၆) Esophagus
အစာမြိုပြွန်မှာ Hiatal Hernia နဲ့ GERD ရောဂါရနေရင်ဖြစ်မယ်။ Zenker's diverticulum ရောဂါ ကနေလဲ ဖြစ်တယ်။

(၇) Stomach
 

အစာအိမ်ကြောင့် သိပ်မဖြစ်စေတတ်ပါ။ လေချင်တက်တာတော့ ဖြစ်မယ်။

(၈) Systemic diseases 

တခြားရောဂါတွေကတော့ Fetor hepaticus ရောဂါ၊ အသက်ရှူလမ်း အောက်ပိုင်း ရောဂါတွေ၊ ကျောက်ကပ်ရောဂါတွေ၊ ကင်ဆာ၊ ဆီးချိုရောဂါ နဲ့ Metabolic dysfunction ရောဂါ၊ လျှာ-ကင်ဆာ၊ လည်ချောင်း-ကင်ဆာ နဲ့ အစာမြိုပြွန်-ကင်ဆာတွေ ဖြစ်တယ်။

Management ဘယ်လိုကုသမလဲ
• Good oral hygiene ခံတွင်း သန့်ရှင်းပါ။ Fluoride toothpaste (ဖလိုရိုက်) ပါတဲ့ သွားတိုက်ဆေးနဲ့ တနေ့ ၂ ကြိမ် သွားတိုက်ပါ။ အစာစားပြီးရင်လဲ သွားတိုက်ပါ။ သွားပွတ်တံကို ၂-၃ လ တခါ အသစ်လဲပါ။
• Floss ဒါမှမဟုတ် Interdental cleaner သွားကြားသန့်ရှင်းနည်း တနေ့တခါ လုပ်ပါ။
• သွားအတုကို ညအချိန် ဖြုတ်ထားပြီး သန့်ရှင်းပေးပါ။
• သွားဆရာဝန်နဲ့ ပုံမှန် (တနှစ် နှစ်ခါ) စစ်ဆေးကုသပါ။
• ရေများများ သောက်ပါ။
• Chewing gum ငုံပါ။ ဖြစ်နိုင်ရင် သကြား မပါတာကို ငုံပါ။ Sucking on candy စုပ်ရတဲ့ အစားအစာမျိုးကနေ သွားရည် ပိုထွက်စေတယ်။ သကြားမပါရင် ပိုကောင်းတယ်။
• ကြော်ညာပြီး ရောင်းနေတဲ့ Mouthwashes ပါးစပ်ဆေး ဆေးရည်တွေကို သတိပြုသုံးပါ။ ခဏလောက်သာ အနံ့ဆိုးကို ဖုံးပေးမယ်။ Astring-O-Sol, Colgate, Dentyl pH, Listerine, Oral-B, Sarakan, Scope နဲ့ Tantum verde တွေဖြစ်တယ်။ Oral-B ကို ၂၀၀၉ ကတည်းက ရောင်းခွင့်ပိတ်လိုက်ပြီ။
• Antiseptic mouth-rinse တွေက ပိုးတွေသေစေမယ်။ 3G Mouthwash, All-Fresh, Alna Biotech, Am Pm Mouthwash, Ampm Mouthwash, Angelica Mouthwash, Antiplaque Mouthwash, Antiseptic & Antiplaque Mouthwash, Chlorex Mouthwash, Chlorhexadine Gluconate Mouth Wash, Chlorhexidine Mouthwash, C-Nate--Chlorhexidine Gluconate, Dysinc Mouthwash, FRESHO Mouthwash, Gumdent Mouthwash, Herbal Mouthwash, Listerine Liquid Mouthwash, Mouthwash (AMPM), Nirmal Mouth Wash, Oral care Flavours and Fragrances, Oraline Mouthwash (Chlorhexidine Mouthwash) နဲ့ Speedent Mouth Wash တွေ ဖြစ်တယ်။
• လျှာကို ညင်ညင်သာသာ တနေ့ ၂ ခါ သန့်ရှင်းပါ။ လျှာပေါ်က Bacterial biofilm ဗက်တီးရီးယား၊ Debris အစာ အကြွင်းအကျံတွေ နဲ့ Mucus အကျိအချွဲတွေကို Tooth brush, Tongue cleaner, Tongue brush/scraper စတဲ့ လျှာဆေးကရိယာ သုံးပါ။ ဇွန်းနဲ့လဲ လုပ်လို့ ရပါတယ်။ လျှာကို မခိုက်မိပါစေနဲ့။ လျှာနောက်နားမှာ V-shaped ပုံရှိနေတဲ့ Taste buds အရသာခံ အသီး-အဖုလေးတွေကို မထိခိုက်စေပါနဲ့။
• Gargling တခုခုစားပြီးတိုင်း ပါးစပ် ပလုပ်ကျင်းပါ။ Streptococcus salivarius K12 ဆေးလဲသုံးနိုင်တယ်။ Antibacterial mouthrinses က အကျိုးရှိစေတယ်။ ဗက်တီးရီးယားတွေကိုနိုင်တဲ့ Cetylpyridinium chloride, Chlorhexidine, Zinc gluconate, Essential oils, နဲ့ Chlorine dioxide တွေကို သုံးတယ်။ တချို့က Odor eliminators အနံ့ကိုနိုင်တဲ့ Oxidizers တွေကိုလဲ သုံးတယ်။
• အိမ်သုံး-ဆေးနည်းတွေ = Areca nut ကွမ်းသီး-အစို၊ Betel leaf ကွမ်းရွက် နဲ့ Betel leaf ကွမ်းသီး-အခြောက်တွေကို ဝါးခိုင်းတယ်။ တချို့က ဒီလိုလုပ်တာ Squamous cell carcinoma ကင်ဆာ ဖြစ်စေမလား စိုးရိမ်တယ်။ Lemon သံပုရာ-ရှောက်သီး၊ Clove လေးညှင်း၊ Cardamon seeds ဖါလာစေ့၊ Aniseed စမုန်စပါး၊ Apple ပန်းသီး၊ Zinc သွပ်ဓါတ်ပါတဲ့ အစားအစာတွေ၊ Green tea ရေနွေးကြမ်း၊ Baking soda (ဆိုဒါ)၊ Hydrogen peroxide ဟိုက်ဒရိုဂျင်-ပါအောက်ဆိုက် တွေကိုလဲ သုံးနိုင်တယ်။
• သွား-ခံတွင်း ကောင်းနေပေမဲ့ အနံ့မကောင်းသေးရင် တခြား ကျန်းမာရေး စစ်ဆေးရမယ်။

နာတာရှည် ပါးစပ်နဲ့ မကောင်းသူတွေကို ကုရတာ ခက်တယ်။ တာရှည်ဖြစ်နေရင် Periodontal disease သွားဖုံးရောဂါကို ဆက်ဖြစ်စေနိုင်တယ်။ Plaque on teeth သွားအပေါ်ဖုံအလွှာ ဖြစ်လာရင် အဲလိုရောဂါ ဖြစ်စေတယ်။

Mouthwashes သုံးပြီး Chronic halitosis နာတာရှည် ခံတွင်းနံ့ ဆိုးနေတာကို ကောင်းစေတယ်လို့ သုတေသနက သက်သေ မပြနိုင်ပါ။ ကိုယ့်ခံတွင်းနံ့ကို သိပ်ကောင်းစေချင်လို့ ဆေးလာကုသူတွေထဲက ကဲသူတွေကို Halitophobia ဆိုတာ Delusion halitosis လို့ ခေါ်တယ်။ အလိုလို ကြာညိုနံ့ သင်းချင်နေသူကို ပြောတာပါ။

                                       ဒေါက်တာတင်ဆွေ

မြန်မာ ခန္ဓာကိုယ်ြ​ဖင့် ရင်းနှီးလု​ပ်ကိုင်ရသူ​များအတွက် ဆေးခန်း

သီတာဝင်းဟာ ရန်ကုန်မြို့လမ်းမပေါ်မှာ သူ့ခန္ဓာကိုယ်ကို ရောင်းစားရာကနေ (အိတ်ခ်ျ-အိုင်-ဗွီ) ကူးစက်ခံလာရတဲ့အခါ သူမ အားကိုးနိုင်တာက ယိုယွင်း ကျဆင်းနေတဲ့ နိုင်ငံတော်ရဲ့ ကျန်းမာရေးဌာန မဟုတ်ဘဲ သူမလို ဘဝတူတွေသာ ဖြစ်ပါတယ်။ ခန္ဓာကိုယ် ရင်းနှီးပြီး လုပ်ကိုင်နေသူတွေအတွက် သက်သက် ဆောင်ရွက်ပေးနေတဲ့ (တော့ပ်-ပရောဂျက်) ကနေ သူမကို ဆေးလဲ ကုပေးတယ်၊ (အိတ်ခ်ျ-အိုင်-ဗွီ) ရောဂါနဲ့ ဒီလို အသက်မွေးလုပ်ငန်းအပေါ်မှာ အထင်အမြင် မှားတာတွေနဲ့ ကင်းရာနေရာကိုလဲ ပေးတယ်။ ကုန်ကုန်ပြောရရင် အလုပ်အကိုင်လဲ ရှာပေးသေးတယ်။ “ကျမအခုဆို ကိုယ့်အသိုင်းအဝိုင်းကို ကူညီနိုင်တဲ့ ကျန်းမာရေး-လုပ်သား တယောက် ဖြစ်နေပြီ။ ကျမမှာ ရောဂါပိုး ရှိတယ် ဆိုတာကိုတောင် မေ့ထားနိုင်ပြီလေ။ ကျမဒီလို အလုပ်မျိုးတွေ လုပ်ခွင့်ရတာ ဂုဏ်ယူပါတယ်။ ကျမတသက်လုံး သူတို့အတွက် လုပ်သွားမှာပါ” လို့ အသက် ၃၃ နှစ်အရွယ်ကနေ (အေ-အက်ဖ်-ပီ) ကို ပြောလိုက်ပါတယ်။ (တော့ပ်) နဲ့ အလားတူ (ပရောဂျက်) တွေဟာ စစ်တပ်ကနေ ကြီးစိုးထားတဲ့ မြန်မာနိုင်ငံမှာ အလွန်လိုအပ်လှပါတယ်။ ဘာလို့လဲ ဆိုတော့ ကျန်းမာရေးအတွက် ငွေကနည်းလွန်းတယ်။ လူတွေက ဟိုဟိုဒီဒီ သွားလာ လှုတ်ရှားနေကြရတယ်။ ပညာရေးကလဲ နိမ့်ကျတယ်။ အာရှမှာ (အိတ်ခ်ျ-အိုင်-ဗွီ) ကပ်ရောဂါ အဆိုးဆုံးနိုင်ငံလဲ ဖြစ်လို့ပါဘဲ။ “ကျမမှာ ရောဂါရှိနေတာ စသိတော့ ကိုယ်ဝန်ကြီးနဲ့ပါ။ ကျမကို ကလေးစိတ်ချရအောင် ဘယ်လိုလုပ်ရလဲဆိုတာ သူတို့က ပြောပြကြတယ်။ ဒါ့ကြောင့် ကျမကလေးမှာ ရောဂါကင်းတာ ကျမသိမ်စိတ်ချမ်းသာတယ်” လို့ သီတာဝင်းက ဆိုပါတယ်။ ၂ဝဝ၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လိင်လုပ်ငန်းနဲ့ အသက်မွေးနေရသူပေါင်း ၆ သောင်းထဲက လူ ၅ ယောက်မယ် ၁ ယောက်မှာ (အိတ်ခ်ျ-အိုင်-ဗွီ) ရှိနေကြတယ်လို့ ခန့်မှန်းတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လထုတ် ကုလသမဂ္ဂ အစီရင်ခံစာ တခု အရ တရားဥပဒေဆိုင်ရာ အကန့်အသတ်တွေနဲ့ ခွဲခြားဆက်ဆံမှုတွေ ဒီ တရားမဝင်ဖြစ်နေတဲ့ အသက်မွေး လုပ်ငန်းဆီ ရောက်ဘို့ ခက်ခဲလှပါတယ်။ စစ်တမ်းအရ ရဲတွေဟာ ဖမ်းဆီးဘို့ (ကွန်ဒွမ်) ကို သက်သေအဖြစ် တင်ပြနေတာရှိတယ်လို့ ထောက်ပြထားတာ တွေ့ရတယ်။ (တော့ပ်) ကိုတည်ထောင်သူ ဒါရိုက်တာ (ဟဘစ်-ရာခ်မန်) ပြောတာက “စီမံချက်ရဲ့ သော့ချက်တခုကတော့ အယူအဆလွဲ တွေကနေ ကင်းဝေးတဲ့နေရာနဲ့ ပြဿနာတွေကို ဘဝတူတွေကြား မျှဝေနိုင်ရေး ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ “သန့်ရှင်းရေး လာလုပ်သူတွေဆိုတာလဲ လိင်လုပ်ငန်းကသူဘဲ။ အကူအညီပေးတဲ့ (ကောင်ဆယ်လာ) တွေဆိုတာလဲ သူတို့ဘဲ။ ဒါ့ကြောင့် ဒီအသိုင်းအဝိုင်းကနေဘဲ လူသစ်မွေးဘို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အယူအဆ လွဲတွေ၊ ခွဲခြားမှုတွေ မရှိစေချင်လို့ပါ။” (ရာမန်) ပြောတာက “အမျိုးသမီးတွေ အများစုဟာ အန္တရာယ်ကို ဘာမှမသိဘဲ လိင်နဲ့အသက်မွေးတဲ့ လုပ်ငန်းထဲ ဝင်လာခဲ့ကြတယ်။” “မြန်မာနိုင်ငံမှာ ယေဘုယျ ပြောရရင် ကျောင်းတွေမှာ လိင်ပညာပေးဆိုတာ မရှိပါ။” ဒီ (ပရောဂျက်) ကနေ လိင်နဲ့ အသက်မွေးနေဆဲသူတွေထဲကနေ လူသစ်စုရတယ်။ သူများတွေကို (အိတ်ခ်ျ-အိုင်-ဗွီ) အကြောင်း ပညာပေးဘို့နဲ့ သတင်းအချက်အလက်တွေ ဖြန့်ရာမှာ သူတို့သိတဲ့၊ ယုံရတဲ့သူဆီကနေတာမျိုး ဖြစ်အောင် လုပ်တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့က ရောဂါပိုး ရှိနေတာ သိပေမဲ့ ခင်ဗျားတို့ ဒီလို လိင်ရောင်းစားတာ မလုပ်ပါနဲ့လို့ ဘယ်သူ့ကိုမှ ပြောနိုင်စွမ်း မရှိပါ။ လုပ်နိုင်တာတခုကတော့ ကိုယ့်ကိုယ်ကို ကျန်းမာအောင်နေဘို့နဲ့ ဖေါက်သည်တွေကို (ကွန်ဒွမ်) သုံးပြီး ကာကွယ် စေဘို့သာ ဖြစ်ပါတယ်” လို့ (ရာမန်) ကပြောတယ်။ သူကဘဲ ဆက်ပြောတာက “(တော့ပ်) ရဲ့ အချိန်ပိုင်း ပညာပေးသူ (ပီးယား-အက်ကျူကေတာ) တွေကိုတော့ လိင်-လုပ်ငန်းမှာ ဆက်လုပ်ချင်ရင် လုပ်ဘို့ တိုက်တွန်းပါတယ်။ အချိန်ပြည့်သမားတွေကြတော့ လုံးဝ ဒီအလုပ် ဆက်မလုပ်ဘို့ ညွှန်ကြားထားပါတယ်။” မြင့်မြင့်ဟာ အိမ်ထောင်ပျက်ပြီး လိင်လုပ်ငန်း စီးပွါးရေးထဲရောက်ပြီး၊ မကြာခင်လေးမှာဘဲ (အိတ်ခ်ျ-အိုင်-ဗွီ) ကူးစက်တာ ခံရခဲ့တယ်။ သူမရဲ့ ဖေါင်သည်တွေဟာ ပဲနဲ့ငါး စီးပွါးရေးသမားတွေ ဖြစ်ပြီး ကာကွယ်တာ မသုံးချင်သူတွေ ဖြစ်တယ်လို့ ပြောပြတယ်။ (ကွန်ဒွမ်) မသုံးချင်တဲ့ ဖေါက်သည်တွေနဲ့ တွေ့ရင် ကျမ အကြမ်းဖက်တာ ခံရတယ်။ ဒါက ပြဿနာ အကြီးစားဘဲ။ ကျမ ထင်တာတော့ ဖေါက်သည်တွေဟာ (ကွန်ဒွမ်) အကြောင်း မသိကြဘူး။ သူတို့က ပလပ်စတစ်-အမှိုက်လို သဘောထား ကြတယ်။ ဒီလို ပြောပြသူကတော့ (တော့ပ်) ရဲ့ ပညာပေးသူ (ပီးယား-အက်ကျူကေတာ) နဲ့ လိင်လုပ်ငန်းကိုလဲ ဆက် လုပ်နေသူလဲ ဖြစ်တယ်။ ကုလသမဂ္ဂ အစီရင်ခံစာအရ မြန်မာပြည်မှာ (အိတ်ခ်ျ-အိုင်-ဗွီ) အဓိကကူးစက်နေတာက အန္တရာယ် အများဆုံး အုပ်စုဖြစ်တဲ့ လိင်ရောင်းစားသူတွေနဲ့ ဖေါက်သည်တွေ ဖြစ်ကြသလို ယောက်ျား လိင်တူ ဆက်ဆံသူတွေလဲ ဖြစ်တယ်။ မူးယစ်ဆေး ထိုးသူတွေမှာ ၃၆% နဲ့ အများဆုံးဖြစ်ပြီး၊ သူတို့ကဘဲ ပိုက်ဆံပေးတဲ့ လိင်လုပ်ငန်းထဲ ဝင်သေးတာမို့ လိင်လုပ်ငန်းကနေ ကပ်ရောဂါလို ဖြစ်အောင် လောင်စာထိုးပေးသလို ဖြစ်စေတယ်။ နှစ်ပေါင်းများစွာ စစ်ဗိုလ်ချုပ်တွေက ပေယျာလကန်ပြုထားတယ်။ မြန်မာနိုင်ငံဟာ ၂ဝဝ၇ ခုနှစ်မှာ ကျန်းမာရေး အသုံး စရိတ်ဟာ ဘတ်ဂျက်ရဲ့ ဝ့၉% သာ သုံးခဲ့တယ်။ ဒါ့ကြောင့် နိုင်ငံခြား အလှူရှင်တွေဟာ (အိတ်ခ်ျ-အိုင်-ဗွီ) ကုသရေးကိုသာ လုပ်ကြဘို့ တွန်းပို့စေတော့တယ်။ ၂ဝ၁ဝ အငြင်းပွါးဘွယ် ရွေးကောက်ပွဲကနေ တက်လာတဲ့ အစိုးရသစ်ကနေ နိုင်ငံခြား အလှူရှင်တွေကနေ ပိုမို ရင်းနှီး မြုတ်နှံဘို့ မျှော်လင်ချက်ပေးနေပေမဲ့ နိုင်ငံတော်ကတော့ စစ်တပ်ဖွဲ့စည်းပုံအတွက် ဒီနှစ်မှာ ၂ဝ% သုံးပါလိမ့်မယ်။ ၂ဝဝ၉ ခုနှစ် ကုလသမဂ္ဂ ခန့်မှန်းချက်အရ မြန်မာနိုင်ငံမှာ လူပေါင်း ၂၄ဝဝဝဝ မှာ ရောဂါပိုး ရှိနေတယ်။ တိုးတက်မှု ရှိလာတာ ဖြစ်ပေမဲ့ ရောဂါဖြစ်ပွါးနှုန်းကတော့ အာရှမှာ ထိုင်းနဲ့ ပါပူအာ-နယူးဂီနိ ပြီးရင် တတိယအများဆုံး ဖြစ်နေတာမို့ စိုးရိမ်စရာ ကောင်းလှပါတယ်။ (အိတ်ခ်ျ-အိုင်-ဗွီ) ကပ်ရောဂါဟာ မြန်မာပြည်မယ် သော့ချက်ကျတဲ့ လူဦးရေတွေမှာ အကျပိုင်းကို ဦးတည်နေတယ်။ ဒါပေမဲ့ မြင့်မားနေဆဲသာ ဖြစ်ပါတယ်လို့ မြန်မာနိုင်ငံရှိတဲ့ (ယူအက်စ်အေအိုင်ဒီ) က စိုးနိုင်က ပြောပါတယ်။ သူပြောတာက နိုင်ငံတော်က ထားပေးတဲ့ (အိတ်ခ်ျ-အိုင်-ဗွီ) ကုသရေးဌာနတွေဟာ မြို့ကြီးတွေမှာ ရှိပါတယ်။ ဒါပေမဲ့ အခြေအနေက အကောင်းကြီး မဟုတ်ပါ။ လူတွေက အရည်အသွေးနဲ့ သူများတွေကို မသိစေချင်တာတွေကြောင့် သိပ်မသွားချင်ကြဘူး။ (တော့ပ်) ဆေးခန်းတွေကနေ စမ်းသပ်တာတွေရော၊ ရှင်းပြတာတွေရော ကုသတာပါ အားလုံးလုပ်ပေးနေပါတယ်။ ပြီးခဲ့တဲ့နှစ်က စစ်ဆေးမှုနဲ့ ကုသမှုတွေကို စုစုပေါင်း လိင်ကုန်ကူးလုပ်ငန်းက အမျိုးသမီး ၁၁၇၇ဝ ယေက်နဲ့ အမျိုးသား ၁ဝ၇၂၇ ဦးကို ဆောင်ရွက်ပေးခဲ့တယ်။ ဒါဟာ (အိတ်ခ်ျ-အိုင်-ဗွီ) စမ်းသပ်မှု ၄ဝ% နဲ့ ၈၂% အသီးသီး ဖြစ်ကြတယ်။ ဒီစီမံချက်ဟာ လွန်ခဲ့တဲ့ ၇ နှစ်က နိုင်ငံတကာ လူဦးရေးဆိုင်ရာအဖွဲ့ကြီး (ပီ-အက်စ်-အိုင်) ကနေ ထူထောင်တာပါ။ အခု ဝန်ထမ်းပေါင်း ၃၅ဝ ရှိတယ်။ ဒီထဲက ၉၅% ဟာ လိင်လုပ်ငန်းလုပ်သူ အမျိုးသမီးတွေနဲ့ လိင်တူယောက်ျားတွေ ဖြစ်တယ်။ မြို့ပေါင်း ၁၉ မြို့မှာရှိပါတယ်။ အမေရိကန်ရဲ့ ၂ဝဝ၇ ခန့်မှန်းချက် အရ မြန်မာနိုင်ငံမှာ သုံးပုံတပုံဟာ ဆင်းရဲမွဲတေမှု အောက်မှာ ကျနေတယ်။ ငွေလိုအပ်ချက်ကြောင့် လူတွေကို လိင်အသက်မွေးမှုထဲ ဆက်ပြီး တွန်းပို့နေတယ်။ သီတာဝင်းဟာ လိင်ကို စပြီး ရောင်းခဲ့ရတုံးက တက္ကသိုလ်ကျောင်းသူသာ ရှိသေးတယ်။ အိမ်ထောင့် တာဝန်နဲ့ ကလေး ပြုစုရမဲ့ ဝန်ထုပ်ဝန်ပိုးတွေကြောင့် ခုထိ ဒီအလုပ်ဘဲ ဆက်နေရပါသတဲ့။ “ကျမဘွဲ့ရခဲ့တာ လိင်လုပ်ငန်းကနေ ဖြစ်ပါတယ်။ ဒီအလုပ်နဲ့ဘဲ ကျမမိသားစုကို ကောင်းကောင်း ထောက်ပံ့နိုင်ခဲ့တယ်” လို့ ဓါတုဗေဒနဲ့ ဘွဲ့ရခဲ့သူက ပြောပါတယ်။ သူမကဘဲ မိသားစု ၇ ယောက် လုံလောက်တယ်လို့ ဆက်ပြောသေးပါတယ်။
                                     ဒေါက်တာတင့်ဆွေ

စတေးခဲ့သမျှဟာ ဘ၀အတွက်ပါ

ကျွန်တော့်ဇာတိက မြစ်ဝကျွန်းပေါ်ဒေသပါ။ နယ်မြို့လေးတစ်မြို့ပေါ့။ အဖေကတော့ ကျွန်တော်ငယ်ငယ်တည်းက နောက်အိမ်ထောင် ပြုသွားခဲ့လို့ ကျွန်တော် သေသေချာချာ မမြင်ဖူးလိုက်ပါဘူး။ ကျွန်တော်ရယ် အမေရယ် ညီမလေးရယ် ဒီမိသားစု  ၃ ယောက်နဲ့ပဲ ကျွန်တော့်မိသားစုလေး တည်ရှိခဲ့တာ အတော်ကြာခဲ့ပါပြီ။
အမေကတော့ ခေါင်းရွက်ဈေးရောင်းပြီး ကျွန်တော့်ကို ၁၀ တန်းအောင်အောင် သင်ပေးခဲ့ပါတယ်။ ညီမလေးကလည်း အခုမှ အလယ်တန်းကျောင်းသူဆိုတော့ ငွေမရှာနိုင်သေးဘူးလေ။ ကျွန်တော်လည်း အဝေးသင် တက္ကသိုလ်တက်ရင်းပဲ ဘွဲ့ယူခဲ့ရပါတယ်။ မြို့မှာ ကြုံရာ ကျပန်းလုပ်ရင်းပဲ မိသားစု စားဝတ်နေရေးကို  ဖြေရှင်းနေကြရတာပေါ့ဗျာ။ ဆွေမျိုးဆိုလို့ပြေးကြည့်ရင် အမေ့ဘက်က ဘကြီးတစ်ယောက်ပဲ ရှိတယ်လေ.... ဘကြီးကတော့ သူ့မိသားစုနဲ့ သူ့လုပ်ငန်းနဲ့ အဆင်ပြေနေတာပေါ့လေ။
ပြီးခဲ့တဲ့နာဂစ်မုန်တိုင်းထဲမှာ ဘကြီးနဲ့ သူ့မိသားစုဝင် ၂ ဦးဆုံးပါးသွားခဲ့တယ်လေ။ ကျွန်တော်တို့ မိသားစုအတွက် အလွန်ကို အထီးကျန်စေတဲ့ အိမ်မက်ဆိုးကြီး ပေါ့ဗျာ။ ဆွေမျိုးဆိုတာ ကျွန်တော်တို့အတွက် လုံးဝ ဆိတ်သုဉ်းသွားပြီလေ။

ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိ ရောင်လည်လည်နဲ့နေခဲ့တာ ကြာပြီလေ။ ကျွန်တော့် သူငယ်ချင်းက နာဂစ်ဒေသအတွက် လာလုပ်ကြတဲ့ အန်ဂျီအိုတွေမှာ အလုပ်လျှောက်ဖို့တိုက်တွန်းတယ်။ ကျွန်တော်လည်း ကြံရာမရတော့ အလုပ်လျှောက်ဖို့ ကိုယ်ရေးအကျဉ်းတောင် မသေမသပ်နဲ့ရေးပြီး လျှောက်လွှာတင်ခဲ့တယ်။
ကံကောင်းတာလား ကံဆိုးတာလားတော့ မသိဘူးဗျ.. ကျွန်တော် အလုပ်ရခဲ့တယ် သန့်လေးသန့် စီမံချက်မှာ ရေသန့်လုပ်ငန်းအတွက် လူထုအတွင်း ကွင်းဆင်း လုပ်ရတဲ့ လုပ်သားအဖြစ်နဲ့ပါ။ အန်ဂျီအိုဆိုတာလည်း အကြီးကြီးတော့ မဟုတ်ပါဘူး။ နာဂစ်အပြီးမှ ဖွဲ့ထားတဲ့ ပြည်တွင်းက အဖွဲ့ငယ်တစ်ခုပါ။

ကျွန်တော် တစ်လကို လခ တစ်သိန်းခွဲ ရပါတယ်။ ဒီငွေလေးနဲ့ပဲ အမေနဲ့ ညီမလေးကို ပြန်ထောက်ပံ့နိုင်ခဲ့တယ်လေ။ ကျွန်တော်လေ အရမ်းပျော်တာပဲ... ကိုယ့်လုပ်အားခနဲ့ အမေ့ကို ကျေးဇူးဆပ်နိုင်လို့ အလွန်ကို ပီတိဖြစ်မိတာပေါ့နော်....။ ဒီအဖွဲ့လေးမှာ ကျွန်တော့ကို အလွန်ဂရုစိုက်တဲ့ ကျွန်တော့ရဲ့ ကြီးကြပ်ရေးမှုး တစ်ယောက်ရှိတယ်ဗျ။ အသက် ၃၅ လောက်ရှိပြီ။ လူပျိုကြီး တစ်ယောက်ပေါ့။ ရုပ်ရည်လည်း သန့်တယ်၊ အပြောဆိုလည်း ကောင်းတယ်၊ ကျွန်တော့ကိုလည်း အများကြီး သင်ကြားပေးတယ်၊ အတွေ့ကြုံလည်း အလွန်များတယ်လို့ထင်ရတာပဲလေ။ သူ့ကောင်းမှုနဲ့ ကျွန်တော် သင်တန်းတွေ တက်ခွင့်ရတယ်လေ.... HIV/AIDS သင်တန်း၊ Gender သင်တန်း၊ စိတ်လူမှု မြှင့်တင်ရေး  သင်တန်း၊ သဘာဝဘေးဒဏ်အတွက် ကြိုတင်ပြင်ဆင်ရေး သင်တန်း.. အို... စုံတောပဲဗျာ။
တစ်ချို့တစ်ဝက်လည်း မေ့နေပါပြီ။ တစ်ချို့ဟာတွေလည်း လုံးဝနီးပါ မသိတော့ဘူးလေ။ ဒီအဖွဲ့လေးမှာ လုပ်နေရင်း ကျွန်တော် ကွန်ပျူတာကို တော်တော်လေး ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်လာတယ်။ အဲ..ပြီးတော့ အင်တာနက်လည်း သုံးတတ်စပြုလာတယ်။ အွန်လိုင်းပေါ်တတ်ပြီး သူများတွေနဲ့လည်း အလာပသလာပတွေ ပြောတတ် ကြူတတ်လာတယ်လေ။ ဖေ့စ်ဘွတ်တွေ တွစ်တာတွေ ဗွီဇက်အိုတွေလည်း သုံးတတ်လာတာပေါ့ဗျာ။ အွန်လိုင်းမှာလည်း သူငယ်ချင်းတွေ တော်တော် ရလာခဲ့တယ်။ လူချင်းမမြင်ဖူးပေမယ့် အွန်လိုင်းမှာတော့ အတော့်ကို ခင်ကြတာကိုး...။အလုပ်နဲ့ပက်သက်ပြီး ရွာတွေအထိ ဆင်းပြီး ရေသန့်ရှင်းရေးအတွက် လုပ်ရတာတွေ ကတော့ မမေ့နိုင်တဲ့ အထင်ကရ ဖြစ်ရပ်လေးတွေပါပဲ။
တခါတလေလဲ နယ်ဆင်းရင်း စက်လှေပျက်တာတွေ၊ ဒီတက်လို့ သွားရခက်တာတွေလည်း မှတ်မိနေပါသေးတယ်။ ကျွန်တော်အလုပ်ဝင်ပြီး ၁ နှစ်လောက်နေတော့ ကျွန်တော်လုပ်နေတဲ့ ရေသန့်လုပ်ငန်းက ပြီးဆုံး သွားခဲ့တယ်လေ။ ကျွန်တော်လည်း အလုပ်လက်မဲ့ဘ၀ ပြန်ရောက်သွား တာပေါ့ဗျာ။  ကျွန်တော် အရမ်းကို စိတ်ပျက် သွားခဲ့မိတယ်။ ပုံမှန်ဝင်ငွေ မ၇ှိလေတော့ အမေနဲ့ ညီမလေးကို မရှာကျွေးနိုင်ဘူး ဖြစ်နေတယ်လေ။ ကျွန်တော် ဘာအလုပ်လုပ်ရရင်ကောင်းမလဲပေါ့။
နီးစပ်ရာ သူငယ်ချင်းတွေကိုလည်း အကြံဥာဏ်တောင်းတယ်လေ... အလုပ်လေးဘာလေး ရလိုရညားပေါ့ဗျာ။ တစ်လ နှစ်လလောက် ကျွန်တော် အလုပ်ရှာပါတယ်။
ကျွန်တော်တို့မြို့ကလည်း နယ်မြို့ဖြစ်နေပြန်တော့ အလုပ်က ရဖို့ သိပ်မလွယ်ဘူးလေ။ နောက်ဆုံး အလုပ်ပေါတဲ့ ရန်ကုန်မှာ အလုပ်သွားလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရန်ကုန်ဆိုတာက သိလေတဲ့အတိုင်း နေစရိတ် စားစရိတ်က မိုးထိမြင့်တယ်လေ။ အသိအကျွမ်းတွေ ဆွေမျိုးတွေရှိရင်တော့ ကောင်းတာပေါ့ဗျာ။ ကျွန်တော့မှာက ဆွေမျိုးကလည်း မရှိ အသိအကျွမ်းကလည်း ရှားလေတော့ နောက်ဆုံးတော့ အဆောင်နေဖို့ပဲ ဖန်တီးလာခဲ့တယ်လေ။ ကျွန်တော် လှည်းတန်းမှာ အဆောင်နေ ဖြစ်ခဲ့ပါတယ်။ အဆောင်မှာတော့ လူစုံ နယ်စုံပဲ။ ကျွန်တော့ ရန်ကုန်မှာ ၃ လလောက် တ၀ဲလည်လည်နဲ့ အလုပ်ရှာနေခဲ့တယ်လေ။ နောက်ဆုံး ခရီးသွားလုပ်ငန်း တစ်ခုမှာ ကျွန်တော် လက်ထောက်မန်နေဂျာ အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ ကျွန်တော့ သူဌေးက နိုင်ငံခြားသားလေ။ ပွင့်လင်းတယ်။ တိကျတယ်။
စီးပွားးရေးဆန်တယ်။ အလုပ်နဲ့ ခင်မင်မှုကို ခွဲထားတယ်လေ။ အလုပ်ကိစ္စအတွက် သူဌေးက နေပြည်တော်ကို မကြာခဏဆိုသလို ခရီးသွားရလေ့ရှိတယ်။ ဒီတော့ သူဌေးအတွက် ကူဖော်လောင်ဖက်အနေနဲ့ ရုံးက လက်ထောက်မန်နေဂျာတွေက လိုက်ပေးရပါတယ်။ လိုက်ပေးသူ အတွက်လည်း လခအပြင်  အပိုဝင်ငွေလေး ပိုရတာပေါ့လေ။ အစပိုင်းမှာတော့ သူဌေးနဲ့အတူ ကျွန်တော့ရဲ့ စီနီယာအစ်ကိုကြီးတစ်ယောက် သွားကြတာပါ။ အခုတလော အဲဒီအကိုကြီးကို မတွေ့တာ ၃ ရက် ၄ ရက်ရှိနေပြီဗျ။ သူဌေးက ကျွန်တော့်ကို တစ်ခါမှ နေပြည်တော်လိုက်ဖို့ မခေါ်ပါဘူး။ တစ်နေ့တော့ သူဌေးဘာစိတ်ကူးပေါက်လဲမသိပါဘူး ကျွန်တော့ကို နေပြည်တော်
ခရီးအတွက် အထုပ်ပြင်လို့ ပြောလာပါတယ်။ ကျွန်တော်လည်း ဘာမသိ ညာမသိနဲ့ လိုက်ခဲ့ရတယ်လေ။
နေပြည်တော်ရောက်တော့ တည်းခိုခန်းမှာ သူဌေးနဲ့အတူ ၂ ယောက်ခန်းမှာ တည်းရတယ်လေ။ အဲဒီညကျမှပဲ သူဌေးရဲ့ ဇာတိရုပ်ပေါ်လာပါတော့တယ်။ သူက သာမန်မဟုတ်ပဲ လိင်တူဆက်ဆံသူ (Gay-ဂေး) ဖြစ်နေတာပါပဲ။ ကျွန်တော့အတွက်တော့ ကမ္ဘာပျက်တဲ့ညပါပဲ။ သူက ကျွန်တော့ကို သူ့အတွက် အာသာဖြေဖို့ အတင်းကျပ်ခိုင်းစေတယ်လေ။ ကျွန်တော် ငြင်းပါတယ်... လုံးဝကို မဖြစ်နိုင်ကြောင်းလည်း ရှင်းပြခဲ့ပါသေးတယ်။ နောက်ဆုံး သူ့အလိုမလိုက်ရင် အလုပ်ဖြုတ်
မယ်လို့လဲ ခြိမ်းခြောက်တဲ့အထိပါပဲ။ ကျွန်တော်လည်း ရတောင့်ရခဲအလုပ်လေးကို မပြုတ်ချင်ဘူးလေ။ မတတ်သာတဲ့အဆုံး သူ့အလိုလိုက်ပေးရတာပေါ့လေ။
ကျွန်တော်က အကာကွယ်သုံးဖို့ပြောတာတောင် သူက ဒီအတိုင်းက သဘာဝပိုကျတယ်ဆိုပြီး ငြင်းတယ်လေ။ ဘယ်တတ်နိုင်ပါတော့မလဲ.....ကျွန်တော့ဘ၀နဲ့ ကျွန်တော့်အကြောင်းပဲလေ။ ကျွန်တော့ဘ၀တော့ အရောင်စွန်းခဲ့ပါပြီ။ မသန့်ရှင်းတော့တဲ့ ဘ၀အခြေနေတစ်ခုကို ကျွန်တော်ရခဲ့ပြီလေ။ အမေနဲ့ညီမလေးသာ သိရင် ဘယ်လောက် ရှက်ကြလိမ့်မလဲလေ..။ နေပြည်တော်က ပြန်လာပြီး တစ်ပတ်နေတော့ ကျွန်တော့ကို မန်နေဂျာက နောက်နေ့ အလုပ်မဆင်းနဲ့တော့တဲ့..... ။
ကျွန်တော်လေ ဘ၀လုံးလုံးပျက်ခဲ့တာပါပဲ.... အလုပ်လည်းပြုတ်တယ် ကျွန်တော့ရဲ့ သန့်ရှင်းတဲ့ လူပျိုဘ၀လည်း အရောင်စွန်းထင်းခဲ့ပြီလေ... ကျွန်တော့်မှာ အဲဒီသူဌေးကို တရားစွဲဖို့နေနေသာသာ နေပြည်တော်က အဖြစ်ပျက်တွေကို ပြန်မတွေးဝံ့လွန်းလို့ မျက်နှာတောင် မဖော်ရဲပါဘူးဗျာ။ တစ်နေ့တည်းမှာပဲ သိလိုက် ရတာက အရင်က သူဌေးနဲ့အတူတူ နေပြည်တော်လိုက်သွားတဲ့ အစ်ကိုကြီးကိုလည်း အလုပ်ထုတ်လိုက်တာ ၂ပတ်ရှိသွားပြီတဲ့လေ....။
အလုပ်မ၇ှိပြန်တော့ အဆောင်မှာပဲ ကျွန်တော် တမှိုင်မှိုင်တတွေတွေပဲပေါ့လေ။ ဘာအလုပ်ကို ဆက်လုပ်ရမှန်းမသိတော့တဲ့ ဘ၀ပါ။ ဒီလိုနဲ့ တစ်လလောက်နေတော့ ကျွန်တော်တို့အဆောင်ကို လူသစ်တစ်ယောက် ပြောင်းလာတယ်။ သူက အသက် ၃၀ ၀န်းကျင်   ရုပ်ရည်သန့်သန့် အသားဖြူဖြူ အစ်ကိုကြီးတစ်ယောက်။ ဇာတိ ကတော့ နယ်ဘက်ကပဲ။ ဒါပေယ့် ရန်ကုန်ကိုတော့ ကျွမ်းကျင်ပုံရတယ်။ တစ်ညတော့ အဆောင်မှာ ဘီယာအတူသောက်ရင်း ကျွန်တော်က အလုပ်မရှိတော့ စိတ်ပျက်မိတဲ့အကြောင်း သူ့ကို ရင်ဖွင့်မိတယ်လေ။ သူကတော့ ခပ်ပြုံးပြုံးနဲ့ ဘာပြောတယ်မှတ်လဲ.... ရန်ကုန်မှာ ငွေရှာရ မခက်ပါဘူးကွာ...တဲ့။
ကျွန်တော် မျက်စိအပြူးသား ကြောင်ပြီး သူ့ကိုမေးခွန်းမေးမယ် ကြုံခိုက် သူက.... မင်းမှာ ရုပ်ရည်ရှိတယ် ငါ့ညီ.. ဒါဆို မင်းအတွက် တစ်ဝမ်းစာမကဘူး ဆယ်ဝမ်းစာ ဖူလုံတယ်ကွ... မင်းအတွက် ငါအလုပ်ကောင်းကောင်းလေး ရှာပေးမယ်... စိတ်ချ။ မင်းမနက်ဖြန်ညကနေစပြီး အလုပ်ဆင်းနိုင်မလား? တစ်ခုပဲ... မင်းနာမည်ကို Jack လို့တော့ ပြောင်းခေါ်ရမယ်။ ဒါမှ သူတို့တွေကကြိုက်ကြမှာ။ နာမည်က ခေတ်လည်းဆန်တယ်လေ။ မင်းနာမည်အရင်းကိုလည်း မထိခိုက်ဘူး.... ဒါဆို ငါတို့မနက်ဖြန် လုပ်ငန်းစကြမယ်။
သူ့အမေးမှာ ကျနော် မဖြေနိုင်ပဲ ဆို့နေခဲ့ပါတယ်။ သေသေချာချာလည်း သူပြောတာတွေကို ကျွန်တော် နားမလည်နိုင်ပါ။ သူက မနက်ဖြန် ညနေ ၆ နာရီမှာ အ၀တ်စားကောင်းကောင်းဝတ်ပြီး အဆောင်ကနေ အဆင်သင့် ပြင်ထားလို့ပြောပြီး အိပ်ယာဝင်ဖို့ တာ့တာပြသွားခဲ့ပါတယ်။ နောက်နေ့ညနေတော့ အဆောင်ရှေ့မှာ ဆလွန်းကား တစ်စီးထိုးရပ်လာပါတယ်။ ကားခေါင်းခန်းထဲမှာ မနေ့က အလုပ်လုပ်မယ် ပြောခဲ့တဲ့သူ ထိုင်နေလေရဲ့။ သူက ကျွန်တော့်ကို လက်ဟန်ခြေဟန်နဲ့ ကားပေါ်တတ်ဖို့ပြောပါတယ်။ ကျွန်တော်လည်း အူလည်လည်နဲ့ လိုက်သွားခဲ့ပါတယ်။ ခြံအကျယ်ကြီးတစ်ခုကို ကားဝင်ရပ်ပြီး အိမ်ထဲမှာဝင်ထိုင်ဖို့ သူကပြောပါတယ်။
နောက်တော့ သူက ခပ်တိုးတိုးလေးပြောပြီး ကားနဲ့ ပြန်ထွက်သွားပါတယ်။ “မင်း ဒီည ဒီက အန်တီမမကြီးကို အစွမ်းကုန် ပြုစုပေးလိုက်.... မနက်ဖြန် မနက် ၆ နာရီ ငါကားလွတ်ပြီး မင်းကို ကြိုခိုင်းလိုက်မယ်... ခပ်ကြမ်းကြမ်းလေး ကြွေးလိုက်ကွာ.... ဒီမမကြီးက မင်းကို မုန့်ဖိုးတွေ အများကြီးပေးလိမ့်မယ်... ငါသွားပြီနော်.... မင်းတာဝန်ကျေပါစေ....။”
ဒီလိုနဲ့ ကျွန်တော်ကို အဲလူကြီးက အန်တီကြီးတွေ မမကြီးတွေ အများကြီးနဲ့ လိုက်ချိတ်ပေးပါတယ်။ သူ့ကိုတော့ ပွဲခ တစ်ဝက်ပေးရတာပေါ့။ အခုတော့ သူပြောသလို
ကျွန်တော် ငွေရှာတတ်လာပြီလေ။ အိမ်ကိုလည်း တစ်လ အနည်းဆုံး ၃ သိန်းလောက်တော့ ပြန်ထောက်နိုင်တယ်လေ။ လက်ထဲမှာလည်း ရွှေတွဲလဲ  ငွေတွဲလဲ ပေါ့ဗျာ။ အန်တီတွေကလည်း လက်ဆောင်တွေ အများကြီးပေးကြတယ်လေ..... တွေးကြည့်ရင်တော့ ပျော်စရာကြီးပဲပေါ့ဗျာ။ စန်းထတယ်ပဲ ပြောရမလား.... မကြာလိုက်ဘူး ၃ လလောက်နေတော့ ကျွန်တော်က Jack မင်းသားလေးဖြစ်လာတယ်လေ။ အော်ဒါတွေလည်း မနားတမ်းလိုက်ရတယ်လေ။ ရက်ချိန်းတွေကလည်း စေ့လို့ပါပဲ။ မနည်းကိုကြိုးစားရတယ်လေ။
ဒါပေမယ့် ဒီအလုပ်ကို ကျွန်တော် မနှစ်မြို့ပါဘူး။ ဒါပေမယ့်လည်း တခြားအလုပ်ရယ်လို့လည်း ရန်ကုန်မှာ မယ်မယ်ရရမှ မရှိတာလေ။ ဒီလိုပဲ ရေလိုက်ငါးလိုက်ပေါ့..... အဖော်လား... သုံးတစ်လှည့် မသုံးတစ်လှည့်ပါပဲ... မမကြီးတွေက အဲဒီ အနံ့ကြီးက ဖီလင် မလာဘူးတဲ့လေ.... မကြာလိုက်သလိုပါပဲ ၆ နှစ်ကျော် ၇ နှစ်အတွင်း တော်တော်လည်း ကျွန်တော် ငွေရှာနိုင်ခဲ့ပါတယ်။ လူရေလည်း လည်လာတယ်လေ။ ပွဲစားလည်း မလိုတော့ဘူး။ ကိုယ့်ပွဲ ကိုယ်ဆက်ပေါ့။ ကျနော့လို လူသစ်တွေ ၀င်လာရင်တော့ သတိထားရတယ်လေ။ ဖောက်သည်တွေ မိတ်မပျက်အောင်ပေါ့။  ၀ါရင့် ကျားကလေး Jack အဖြစ်၇ပ်တည်လာတာ ၈ နှစ်ကျော်လို့ ၉နှစ်တောင် စွန်းခဲ့ပေါ့....။
တစ်နေ့တော့ ကျွန်တော် အပြင်းဖျား ပါတော့တယ်။ ဘာကြောင့်ရယ်မသိဘူး အဖျားက တစ်လလုံးနီးပါ ဆက်တိုက် ဖျားပါတော့တယ်။ ဆရာဝန်က တီဘီလို့ ပြောပါတယ်။ တီဘီဆေးသောက်လည်း အဖျားက အကင်းမသေဘူးလေ။ အကြိတ်တွေလည်း ယောင်လာပါတယ်။ တစ်ခါတစ်ခါလည်း ၀မ်းပျက်တာ မျိုးတွေ ရှိလာတယ်လေ။ နောက်ဆုံး ဆရာဝန်က သွေးစစ်ဖို့တိုက်တွန်းပါတယ်။ ကျွန်တော့်ကို ကျွန်တော်သိနေမိသလိုပါပဲ။ သွေးအဖြေက HIV positive တဲ့လေ။ ကျွန်တော့အတွက် လမ်းဆုံးသွားပါပြီ။ Jack မင်းသားအတွက် နေ၀င်ချိန်ပေါ့ဗျာ။ ဒါလောကကြီးက ကျွန်တော့ကို ဒဏ်ခတ်လိုက်တာပါပဲ။
ကျွန်တော် နေပြည်တော်မှာ သူဌေးနဲ့အတူ လိင်တူကိစ္စဖြစ်ခဲ့တာတွေ... ရန်ကုန်မှာ သူများ မယားတွေကို ကာမ အဖော်ပြုပေးရတဲ့ လိင်လုပ်သားလုပ်တာတွေက တရားနည်းလမ်းမှ မကျတာပဲလေ။ ဒါပေမယ့် ကျနော် စိတ်ဓာတ်မကျခဲ့ပါဘူး။ ကျွန်တော့် မိသားစုကို ကျွန်တော့်ဘ၀နဲ့ စတေးပြီး ငွေရှာပေးနိုင်ခဲ့တယ်လေ။
ကျွန်တော် ဒီလို စတေးခဲ့တာတွေကလည်း ဆင်းရဲလွန်းတဲ့ ဒီဘ၀က ရုန်းထွက်ချင်တဲ့ စိတ်တွန်းအားတွေ ရည်ရွယ်ချက်တွေ ကြောင့်ပါ။ ကျွန်တော့ကိုယ်ကျွန်တော် တော့ ရွံရှာမိပါတယ်။ ဒါပေမယ့် ကျနော် စတေးခဲ့သမျှဟာ ကျွန်တော့ ဘ၀ ကောင်းဖို့အတွက်လို့သာ ခံယူလျှက်....။
                                                                                             လမင်းကို

အမှောင်ထဲက အလင်းတန်း

မြို့ငယ်လေးရဲ့ မြို့သစ်တစ်ခုမှာ နေထိုင်သော ထက်အောင်ခန့်ဆိုလျှင် ရပ်ကွက်ထဲတွင် မသိသူ မရှိပေ။ မုဆိုးမမိခင်အိုကြီးနှင့် သားအမိ နှစ်ယောက်တည်းနေပြီး မိခင်အပေါ် အလွန် နားလည်သိတတ်လိမ္မာသည့် သားလိမ္မာတစ်ယောက်ဖြစ်သည်။ ထက်အောင်ခန့်သည် စိတ်ရင်း စေတနာလည်းကောင်းကာ ဘယ်သူ့ကို မဆို စိတ်စေတနာဖြူစင်စွာကူညီလေ့ရှိသဖြင့် လူချစ်လူခင် ပေါများလေသည်။ ထက်အောင်ခန့် (၁၅)နှစ်သား ကိုးတန်းကျောင်းသားအရွယ်မှာပင် ဖခင်တိမ်းပါးသွားသည်။ မိခင် ဒေါ်စန်းမူမှာ စီးပွားရေးလုပ်ငန်း မလုပ်တတ်မကိုင်တတ်သဖြင့် ဆင်းရဲဒုက္ခရောက်ခဲ့ရ သည်။ သို့ပေမယ့်လည်း သားလေးရဲ့ပညာရေးအတွက် ကြိုစား၍လုပ်ကိုင်ခဲ့သည်။ ဒါကိုသိသော ထက်အောင်ခန့်ကလည်း (၁၀)တ န်းရောက်သော အခါ ကျောင်းမနေ ချင်တော့ပဲ အလုပ်လုပ်ချင်နေတော့သည်။
“အမေ”
“ဟေ…ဘာလဲသားရဲ့၊ သားဘာလိုလို့လဲ”
“ကျွန်တော် ကျောင်းမနေချင်တော့ဘူးအမေ။ အမေ အလုပ်လုပ်နေရတာ အရမ်း ပင်ပန်းတယ်အမေရာ။ ကျွန်တော်ပဲ အမေ့ကိုလုပ်ကျွေးတော့မယ်ဗျာ”
“သားရယ်..ပညာရေးကိုတော့ ပြီးအောင်သင်ပါကွယ်။ သားပညာတတ်ကြီးဖြစ်မှ မပင်ပန်းမှာသားရဲ့”
“ဘာပဲဖြစ်ဖြစ်အမေရာ။ ကျွန်တော်ကတော့ အမေပင်ပန်းတာကို မကြည့်ရက်ဘူး။ အလုပ်ပဲလုပ်ချင်ပြီဗျ။ အခုလည်း ကျွန်တော် စာကို စိတ်မ၀င်စားတော့ဘူး။ စာမေးပွဲလည်းအောင်မှာမဟုတ်ဘူးအမေရဲ့။ စာမေးပွဲဖြေပြီးတာနဲ့ အလုပ် လုပ်တော့မယ်ဗျာ”
ပြောပြောဆိုဆို လွယ်အိတ်လွယ်ရင်းဆင်းသွားသော သားဖြစ်သူကို ဒေါ်စန်းမူငေးကြည့်နေမိ တော့သည်။ ထက်အောင်ခန့် သည် အလွန်ချောမောပြေပြစ်သူတစ်ယောက်ဖြစ်သည်။ မျက်လုံး မျက်ခုံး ကောင်းကောင်း နှာတံပေါ်ပေါ်၊ ဆံပင်အလည်ခွဲနှင့် ကြည့်လိုက်လျှင် titanic ဇာတ်ကားထဲက မင်းသား လီရိုနာဒိုနှင့် ခပ်ဆင်ဆင်ဖြစ်သည်။ သူ့မျက်နှာလေးသည် အမြဲတမ်း ကြည်ကြည်လင်လင်နှင့် ကလေး တစ်ယောက်လိုအပြစ်ကင်းသည့်မျက်နှာပိုင်ရှင်။ အ၀တ်အစားကိုလည်း အမြဲတမ်း သပ်သပ်ရပ်ရပ်နှင့် ၀တ်စားတတ်လေသည်။  ရုပ်ရည်ကလည်း ချောမောလှပ၊ သားလိမ္မာလေးတစ်ယောက်လည်းဖြစ်ပြန်တော့ ရပ်ကွက်ထဲတွင် စတားဟုပင်ပြောကြလေသည်။
xxxxxxxxxxx
ဆယ်တန်းစာမေးပွဲဖြေပြီးသောအခါ ထက်အောင်ခန့် အလုပ်ဝင်လုပ်သည်။ အောင်စာရင်းထွက်၍ စာမေးပွဲမအောင်သောအခါ မိခင်က ကျောင်းပြန်တက်ခိုင်းသော်လည်း ထက်အောင်ခန့်က အလုပ်သာ ဆက်လုပ်တော့မည်ဆိုပြီး  ကျောင်းပြန်မ တက်တော့ပေ။ မိခင်ဒေါ်စန်းမူကိုလည်း ဘာအလုပ်မှ မလုပ်စေတော့ပေ။
ထက်အောင်ခန့်က ပွဲရုံတစ်ခုမှာ စာရေးဝင်လုပ်တယ်။ အလုပ်အပေါ်မှာလည်း တာဝန်ကျေ သိတတ်သောကြောင့် အလုပ် ရှင်နှင့် အခြားလုပ်ဖော်ကိုင်ဖက်များရဲ့ ချစ်ခင်မှုကို ရရှိခဲ့တယ်။
“အောင်ခန့်ရေ၊ ညနေကျ ဆရာအပြင်သွားရမယ့်ကိစ္စတစ်ခုရှိတယ်။ အဲဒါ မင်းလိုက်ခဲ့ဦးကွာ”
“ဟုတ်ကဲ့ဆရာ၊ ကျွန်တော် အိမ်ပြန်နောက်ကျမယ့်အကြောင်း အမေ့ကို ၀င်ပြောခဲ့မယ်ဆရာ”
ညနေပိုင်း အလုပ်ဆင်းချိန်မှာ နီးရာစားသောက်ဆိုင်မှ ခေါက်ဆွဲကြော်ဝယ်၍ အိမ်သို့ အမြန် ပြေးခဲ့ရသည်။
“အမေရေ”
“အို – သား၊ ဘာဖြစ်လာတာလဲသားရယ်၊ အလန့်တကြားနဲ့”
“ဘာမှမဖြစ်ပါဘူး။ ဒီနေ့ ကျွန်တော် အိမ်အပြန်နောက်ကျမယ်။ အလုပ်ကိစ္စရှိလို့ ဆရာနဲ့လိုက်သွားရမှာ။ ဒါကြောင့်မို့လို့ အမေ့ကိုလာပြောတာ။ ဒီမှာ အမေစားဖို့ ခေါက်ဆွဲကြော်ဝယ်လာတယ်။ ကျွန်တော့်ကိုမစောင့်နဲ့။ အမေ စားနှင့်တော့နော်။ သွားပြီအမေ”
ထက်အောင်ခန့်က အသောက်အစားကင်းပြီး ရိုးသားသည့်အတွက် အလုပ်ရှင် သူဋ္ဌေးရဲ့ ယုံကြည် စိတ်ချမှုခံရတဲ့ လူယုံတစ်ယောက်ဖြစ်လာခဲ့သည်။ လုပ်ငန်းခွင်မှာ (၇)နှစ်လောက်ကြာတဲ့အခါ လုပ်ငန်းကို ကျွမ်းကျင်သွားသည့်အတွက် ဆရာ့ကိစ္စမှန်သမျှကို ထက်အောင်ခန့်ပဲလုပ်ပေးရတော့သည်။ ဆရာ သွားလေရာ လိုက်ရင်း မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေလည်းတိုးလာတော့သည်။ တစ်နေ့ သူငယ်ချင်းတစ်ယောက်နဲ့ စားသောက်ဆိုင်တစ်ခုမှာ သွား၍ စားသောက်ကြရင်း အဲဒီဆိုင်မှာ သီချင်းဆို နေသည့် ကေခိုင်ကို ထက်အောင်ခန့် မြင်မြင်ချင်းပဲ စွဲလမ်းသွားခဲ့သည်။ သူငယ်ချင်းတွေရဲ့ ၀ိုင်းဝန်း မြှောက်ပင့်ပံ့ပိုးမှုကြောင့် သူနှင့်ကေခိုင် ချစ်သူတွေဖြစ်သွားကြတော့သည်။ ကေခိုင်သည် သာမန် မိန်းကလေးတစ်ယောက်လိုပင် လှပသော်လည်း သူမကိုမြင်ရသူတိုင်းက ချစ်ခင်ကြလေသည်။ ဒါကြောင့် ထက်အောင်ခန့်နှင့် လိုက်ဖက်သည်ဟု အများကပြောကြသည်။ သို့သော် ကေခိုင့်အလုပ်ကြောင့် ထက်အောင်ခန့်ကို ကေခိုင်နှင့် မပက်သက်ရန် အချို့ကလည်း တားမြစ်ကြသည်။
xxxxxxxxxxx
ထက်အောင်ခန့်အလုပ်အားသောတစ်ရက် ကေခိုင်နှင့် လျှောက်လည်ကြသည်။ ထက်အောင်ခန့် မျက်နှာမကောင်းဖြစ်သည်ကို ကေခိုင်သိလိုက်သည်။
“ကိုထက်”
“ပြော..ကေ၊ ဘာပြောချင်လဲ”
“ကိုထက် ကေ့ကိုချစ်မိတဲ့အတွက် နောင်တရနေလား”
“ကိုယ်က ဘာကို နောင်တရ ရမှာလဲ”
“သြော် …ကေ့ရဲ့ အလုပ်အကိုင်ကြောင့် သူများတွေပြောကြလို့ ကိုထက် နောင်တရနေလားလို့ပါ ကိုထက်ရယ်”
“ကေ နောက်ဘယ်တော့မှ ကေ့ကိုချစ်လို့ နောင်တဆိုတဲ့အကြောင်းမပြောနဲ့။ ကေ့ကိုချစ်မိခဲ့တဲ့အတွက်ကိုယ်ဘယ်   တော့မှ နောင်တမရဘူး။”
“ဒီစကားကြားရတာ ကေအရမ်းဝမ်းသာတယ်။ ကေ့ဘ၀အကြောင်း ကိုထက် သိအောင်ပြောပြချင်တယ်။ ကိုထက်နားထောင် မလား။ ကေ့အကြောင်း ကိုထက် သိထားတော့ ပိုကောင်းတာပေါ့နော်။
“အင်း …ပြောပြလေ။ ကိုယ် နားထောင်မယ်”
“ဒီလို ကိုထက်ရဲ့၊ ကေတို့မှာ မိသားစု(၄)ယောက်ရှိတယ်။ အဖေရယ်၊ အမေရယ်၊ မောင်လေးသန့်ဇင်ရယ်ပေါ့။  ကေတို့ငယ်ငယ်လေးကတည်းက အမေသေသွား ခဲ့တယ်။ အဖေကလည်း အရက်တွေသောက်ရင်း ဘ၀ကိုအချိန်ကုန်နေခဲ့တယ်လေ။ ကေတို့မောင်နှမ(၂)ယောက် အရမ်းဒုက္ခရောက်ရ တယ်။   ကေတို့မောင်နှမ (၂)ယောက်က ဆွေမျိုးတွေအိမ် ကပ်နေရတယ်။ ဆွေမျိုးတွေရဲ့ နှိမ့်ချမှုကိုလည်း ခံရတယ်။ ဟိုအမျိုးအိမ် ရောက်လိုက် ဒီအမျိုးအိမ်ရောက်လိုက်နဲ့။ ကေတို့ မောင်နှမ (၂)ယောက်ကို အမျိုးစုံအပြစ်ရှာပြီး သူတို့အိမ်တွေမှာ မနေနိုင်အောင် လုပ်ကြတယ်။ အဖေက သားသမီးတွေ ရှိတဲ့ဆီလိုက်လာပြီး ပိုက်ဆံခဏခဏ တောင်းတယ်လေ။ ဒါကြောင့် သူတို့အိမ်တွေမှာ မနေစေချင်တာလေ။ သူတို့ကို လည်း အပြစ်မပြောချင်ပါဘူး။ မောင်လေး (၇)တန်းရောက် တဲ့နှစ်မှာ   မောင်လေးနဲ့ ဦးလေးစကားများကြတယ်။ ဦးလေးက မောင်လေး မျက်နှာကို လက်သီးနဲ့ ထိုးလိုက်တယ်။   မောင်လေးက လည်း ဒေါသနဲ့ ဦးလေးကို ပြန်ပြောတယ်။
မောင်လေးက “ကျွန်တော်တို့မောင်နှမက ပိုက်ဆံမရှိလို့ ခင်ဗျားတို့နဲ့မနေနိုင်အောင် မျိုးစုံလုပ်တယ်။ ကျွန်တော် ပိုက်ဆံ ချမ်းသာအောင် လုပ်မယ်။ ပြီးရင် ခင်ဗျားတို့နဲ့တွေ့မယ်”ဆိုပြီး ပြောပြောဆိုနဲ့နဲ့ အိမ်ပေါ်က ဆင်းသွားတာ လုံးဝကို   ပြန်မလာတော့ဘူး။ မောင်လေးသတင်းကို ဘယ်မှာမှ စုံစမ်းလို့မရတော့ဘူး။ ကေလည်း (၁၀)တန်းနှစ်မှာပဲ ကျောင်းထွက်ပြီး အဖေနဲ့ပဲ ပြန်နေခဲ့တော့တယ်။ အဖေကလည်း အရက်နဲ့ပဲအချိန်ကုန်နေတော့ ကေပဲ စားဝတ်နေရေးအတွက် ကြိုးပမ်းခဲ့ ရတယ်။ ကာရာအိုကေစားသောက်ဆိုင်တစ်ခုမှာ ပန်းကန်ဆေးအိုးဆေးဝင်လုပ်ခဲ့တယ်။ အလုပ်က ညဥ့်နက်မှ ပြန်ရတယ်။ လစာကျတော့ မဖြစ်စလောက်နဲ့။ အခြားသီချင်းဆိုတဲ့သူတွေကျ အဆင်ပြေနေတာကို တွေ့တော့ အားကျလာတယ်။ ဒါနဲ့ အဲဒီမှာ သီချင်းဆိုတဲ့ အစ်မကြီး တစ်ယောက်ကိုပြောတော့ သူက တခြားဆိုင်မှာသီချင်းဆိုဖို့ အလုပ်ကို ပြောပေးလို့ သီချင်းစဆိုဖြစ်ခဲ့တယ်။ ကိုထက်ရယ်၊ လူတွေရဲ့အမြင်မှာ ကာရာအိုကေ၊ စင်တင်မှာ သီချင်းဆိုတယ်ဆိုတာနဲ့ အထင်သေး ချင်ကြတယ်။ ကာရာအိုကေ စင်တင်တွေမှာ သီချင်းဆိုတာနဲ့ ကိုယ်ကျင့်တရားပျက်ပြားသူတွေလို့ သတ်မှတ်ကြတယ်။ အကဲစမ်းချင်ကြတယ်။ ကိုယ့်ဝမ်းစာအတွက် သီချင်းဆိုရင်း ကိုယ့် ကိုယ်ကျင့်တရားကိုထိန်းသိမ်းတဲ့ မိန်းကလေးတွေလဲ အများကြီးရှိပါတယ်။ ဒီလို ထိန်းသိမ်းတဲ့အထဲမှာ ကေလည်းပါတယ်။ ကေလေ ဒီနေ့ထိ သီချင်းဆိုတဲ့အလုပ် ကိုပဲလုပ်ပါ တယ်။  ကေ့သိက္ခာအတွက် အမြဲတမ်းထိန်းသိမ်းပါတယ်။ ကေ့ ကိုယ်ကျင့်တရားပျက်ပြားမှုကို ကေဘယ်တော့မှမလုပ်ဘူး။ အဲဒီအတွက် ကေ လိပ်ပြာလုံတယ်။ ဒါကို ကိုထက်ယုံကြည်လား”
“ကေ့ကို ကိုယ်ယုံကြည်ပါတယ် ကေရယ်”
“ကျေးဇူးတင်ပါတယ် ကိုထက်ရယ်။ နောက်ပြီးတော့ ကေလေ ဆိုင်တွေပြောင်းပြီး သီချင်းဆိုရင်း မောင်လေးအကြောင်း အမြဲစုံစမ်းနေတာပါ။ မှော်ထဲက ပြန်လာတဲ့ တချို့အသိတွေကတော့ မောင်လေးကို မှော်ထဲမှာတွေ့ခဲ့တယ်တဲ့။ သူတို့ကို   မေးတော့လည်း တိတိကျကျမပြောဘူး။ မောင်လေးကိုခေါ်ပေးမယ်။ ငွေ ဘယ်လောက်ပေးရမယ်ပြောတယ်။ သူတို့က သိန်းနဲ့ချီပြီးတောင်းတာ ကိုထက်ရဲ့။ ကေလည်းလိုက်မယ်။ လိုက်ပြပေးဆိုတော့ ၀ါးတားတားလုပ်သွားကြတယ်။ တစ်ချို့ ကျတော့လည်း မောင်လေးသေပြီတဲ့။ ဒါပေမယ့်လေ ကေယုံကြည်နေတယ်သိလား။ မောင်လေး မသေဘူးဆိုတာ။ တစ်နေ့နေ့မှာတော့ မောင်လေးနဲ့ ပြန်ဆုံမယ်လို့ ကေတကယ်ယုံတယ်သိလား။”
“ကဲပါ ကေရယ်။ တော်ပါတော့။ ကေ့အကြောင်းပြောပြနေတဲ့ ကေ့စကားသံရယ် ကေ့မျက်နှာလေးရယ်ကို ကြည့်ရတာနဲ့တင် ကိုယ်အရမ်းစိတ်မကောင်းဖြစ်ရတယ်။ ကေ့မောင်လေး၊ ဘာ သန့်ဇင်ဟုတ်လား။ သူ့အကြောင်း ကိုယ်လည်း တတ်နိုင် သလောက် စုံစမ်းကြည့်ပေးမယ်။ သူက အခုဆိုရင် ဘယ်အရွယ်ရှိပြီလဲ”
“ကေ့ထက်(၃)နှစ်လောက်ငယ်တယ်ဆိုတော့ အခုဆိုရင် အသက်(၂၀)လောက် ရှိပြီပေါ့။ မောင်လေးက ကေနဲ့တစ်ပုံစံတည်းပဲ”
“ကိုယ်စုံစမ်းပေးပါ့မယ် ကေရယ်နော်”
“အင်းပါ … ကိုထက်ရယ်”
“ကေ … ဘာပဲဖြစ်ဖြစ်ပေါ့။ ကေနဲ့ကိုယ်နဲ့ တစ်ယောက်အကြောင်း တစ်ယောက် သိနေကြပြီပဲ။ ကိုယ်တို့ လက်ထက်ကြပါစို့လား။ နောက်ပြီး ကေ့ကို အလုပ်လည်းမလုပ်စေချင်တော့ဘူး”
“အခုအချိန်မှာ ကေလည်း ဒီအလုပ်ကို မလုပ်ချင်တော့ပါဘူး။ ကိုထက် အမေက ကေတို့လက်ထက်ရင် သဘောတူပါ့မလား။
“သြော် – ကေနဲ့ အမေလည်းတွေ့ဖူးနေတာပဲ အမေက သဘောတူပါတယ်။ အမေ့မှာ ဒီသားတစ်ယောက်တည်းရှိတာ။   ကေနဲ့ကိုယ် လက်ထပ်လိုက်ကြရင် အမေ့မှာ သမီးပါရသွားဦးမယ်။ နောက်ဆို မြေး၊ မြစ်တွေတောင်ရလာဦးမှာ နော့ မဟုတ်ဖူးလား။”
“အာ – ကိုထက်က ဘာမှန်းလဲမသိဘူး၊ သွား”
“ဟောဗျာ၊ ကိုယ်ကဘယ်သွားရမှာလဲ၊ ကေက ကိုယ့်ကိုခွဲနိုင်လို့လား။ အခုမှ ရှက်မနေပါနဲ့ ကောင်မလေးရယ်။ ဟား …ဟား …ဟား”
“ဘာတွေ ပြောနေမှန်းလဲ မသိဘူး”
“အလကား ကေ ပျော်အောင် ကိုယ်ကနောက်တာပါကွာ။ ကေ … ကိုယ်တို့ အမေ့ကိုပြောပြီး မြန်မြန် လက်ထက်ကြပါစို့ကွာ”
“အင်းပါ။ ကိုထက် အမေ့ကို ပြောဦးလေ။ ကေကတော့ တရားရုံးမှာ လက်မှတ်ထိုး ပြီး မိတ်ဆွေ သူငယ်ချင်း နည်းနည်းပါးပါးနဲ့ ဆွမ်းကျွေးလေးပဲ လုပ်ချင်တယ်။ အကျယ်မချဲ့ချင်တော့ပါဘူး။
“ကေ့သဘောပါပဲကေရယ်”
“ကဲ … ဒါဖြင့် ကေတို့ ပြန်ကြရအောင်နော် ကိုထက်”
xxxxxxxxxxx
ထက်အောင်ခန့် အိမ်ပြန်ရောက်တာနဲ့ အမေ့ကိုပြောပြပြီး ခွင့်တောင်းခဲ့သည်။ ဒေါ်စန်းမူကလည်း ကျေကျေနပ်နပ်ပင် သဘော တူခဲ့တာကြောင့် ကေခိုင်နဲ့လက်ထက်ဖြစ်ခဲ့ကြတော့သည်။ ကေခိုင့်ကိုလည်းအလုပ်မှထွက်ခိုင်းကာအိမ်မှာပဲ  နေစတော့သည်။ ကေခိုင်ကလည်း ဒေါ်စန်းမူကိုအမေအရင်းကဲ့သို့ ပြုစုစောင့်ရှောက်လေသည်။   ဒေါ်စန်းမူကလည်း ကေ့ခိုင့်ကို သမီးအရင်းလိုပဲ ပြုမူဆက်ဆံသည်။ ဒါကြောင့် ထက်အောင်ခန့်တို့မိသားစုလေးသည် ပျော်ရွှင်ဖွယ်ရာ ဖြစ်နေတော့သည်။ အိမ်ထောင်သက် တစ်နှစ်ခန့် ကြာလာသော်လည်း ထက်အောင်ခန့်တို့ လင်မယားနှစ်ယောက်မှာကြင်စဦးဇနီးမောင်နှံကဲ့သို့ပင် ယုယ ကြင်နာလို့မဆုံးပေ။
xxxxxxxxxxx
တစ်နေ့ အောင်ခန့်သူငယ်ချင်း စည်သူက သူ့ရဲ့မွေးနေ့မို့လို့ အိမ်မှာပဲသူငယ်ချင်းတွေကို ဧည့်ခံပွဲလေး လုပ်တာကြောင့်  အောင်ခန့် လည်းသွားခဲ့သည်။ ဟိုရောက်မှ တခြားကောင်မလေးတွေပါ တွေ့လိုက်ရသဖြင့် အောင်ခန့် အားနာပြီး  ပြန်မည်လုပ်သည်။ သူငယ်ချင်းတွေက ၀ိုင်းတားတာကြောင့် မပြန်ဖြစ်တော့ပေ။  ကေခိုင့်ကိုတော့ညမိုးချုပ်မည်မစောင့်နဲ့လို့ ပြောထားခဲ့ပေမယ့် ကေခိုင်စောင့်နေမှာကို သိ၍ စိတ်ပူနေမိသည်။
အိမ်မှ ကေခိုင်ကလည်း ကိုထက်က မစောင့်နဲ့လို့ မှာသွားပေမယ့် ကိုထက်ပြန်လာလာချင်း သိရအောင် ဧည့်ခန်းထဲမှာပဲ စာဖတ်ရင်း ထိုင်စောင့်နေခဲ့သည်။ ည(၃)နာရီခွဲသည်အထိ ကိုထက် ပြန်မလာ သေးသောကြောင့် ခုံပေါ်တွင် ခဏလှဲနေလိုက်သည်။ မှေးကနဲ အိပ်ပျော်သွားပြီး ပြန်နိုးလာ၍ နာရီကြည့် လိုက်တော့ နံနက်(၄)နာရီပင်ခွဲနေပြီ။ ကိုထက်ပြန်ရောက်မလာသေးသည့်အတွက်လည်း စိတ်ပူလာမိသည်။ (၅)နာရီလောက်မှာ ကိုထက်ပြန်ရောက်လာသည်။ ကေခိုင်က တံခါးသွားဖွင့်ရင်း -
“ကိုထက်ရယ် ကေကစိတ်ပူနေတာ၊ တော်သေးတာပေါ့”
“ကိုယ်လည်း ကေစောင့်နေမှာကို စိုးရိမ်နေတာ”
“ဟင် ကိုထက်အနားက အရက်နံ့ရတယ်”
“ရှူး …တိုးတိုး၊ အမေကြားသွားမယ်။ ဟုတ်တယ်။ ကိုယ်ကအစားနဲ့ပဲဧည့်ခံမှာ ထင်နေတာ ဟိုရောက်တော့ အသောက်ပါ ပါနေတယ်။ ကိုယ်ငြင်းပေမယ့် ဇွတ် ၀ိုင်းတိုက်ကြလို့ နည်းနည်းသောက်လိုက်တာ။ ဒေါင်ချာစိုင်းသွားတာပဲ။ ကိုယ်လည်း မဟန်နိုင်တော့ဘူး။ ဟိုကောင်တွေလည်းမူးပြီး ကိုယ်လည်း ဘယ်လို အိပ်ပျော်သွားမှန်းကို မသိလိုက်တော့ဘူး။ စည်သူ့အိမ်မှာလည်း ဘယ်သူမှ မရှိလို့ တော်သေးတာပေါ့။ နို့မို့ဆို သူ့အိမ်ကလူတွေကို အားနာနေရဦးမှာ။ ကဲ-ဒီနေ့ ရုံးလည်းပိတ်တယ်ဆိုတော့ ကိုယ်ရေချိုးပြီး တစ်ရေးလောက်အိပ်လိုက်ဦးမယ်။ ခေါင်းတွေလည်းတအားကိုက်နေလို့။ နေဦး၊ အမေနိုးနေပြီလား”
“အမေက ဆေးသောက်ပြီးအိပ်တာဆိုတော့ နိုးဦးမှာမဟုတ်ဘူး။ ကဲ…ကိုထက် ရေချိုးတော့ ကေဈေးသွားဖို့ ပြင်ဆင်လိုက်ဦးမယ်”
xxxxxxxxxxx
ဒီလိုနဲ့ပဲ ကိုထက်တို့အိမ်ထောင်သက် (၂)နှစ်ကျော်မှာ သားဦးလေးမွေးဖွားခဲ့တယ်။ သားလေးကို ဇွဲခန့်လို နာမည်ပေးခဲ့တယ်။ သားလေး(၂)နှစ်ကျော်ကျော်အရွယ်ရောက်တော့ အမေက သူ့ဇာတိမြို့လေးရဲ့ နှစ်စဉ် တပေါင်းလဘုရားပွဲကိုမရောက်တာကြာပြီ၊ ဆွေမျိုးများနှင့်လည်းတွေ့ချင်သည်၊ သူ့မြေးလေးကို လည်း ဆွေမျိုးများကိုပြချင်သည်ဟုဆိုလာသဖြင့် မိသားစုအားလုံး အမေ့ဇာတိမြို့လေးသို့ အလည်သွားခဲ့ ကြသည်။ နောက်နှစ်တွေမှာ အမေကသွားချင်သော်လည်း ကိုထက်အလုပ်မှ မအားသဖြင့် မသွားနိုင်ခဲ့ တော့ပေ။ သားလေး(၅)နှစ်လောက်မှာ ကေက သမီးလေးတစ်ယောက် ထပ်မံမွေးဖွားခဲ့ပြန်သည်။ သမီး လေးကိုတော့ ကေခန့်လို့နာမည်ပေးခဲ့တယ်။ ကိုထက်အတွက်တော့ ဒီမိသားစုကမ္ဘာလေးဟာ ပျော်စရာ အတိပေါ့။
သားလေးဇွဲခန့်ပင် ဒီနှစ် ဒုတိယတန်းကိုရောက်ရှိခဲ့ပေပြီ။ တစ်နေ့ သားလေးကို ကျောင်းကြိုပြီး အပြန်မိုးမိရာမှ ကိုထက် နေမကောင်းဖြစ်လာခဲ့သည်။ ကိုထက်တစ်ယောက် တစ်နေ့တစ်ခြား ပိုဆိုးလာပြီး အရိုးပေါ်အရေတင်ဖြစ်လာပြီး ဆေးခန်းပြတော့လည်း တီဘီရောဂါဖြစ်တယ်လို့သိရသည်။ ပတ်ဝန်းကျင် ကလည်း ပြောဆိုသံတွေထွက်လာသည်။
“အောင်ခန့်တစ်ယောက်တော့ သနားစရာပဲ”
“အေးလေ…သူ့ရောဂါက အရိုးတီဘီတဲ့ဟ”
“ဘယ်က အရိုးတီဘီဖြစ်ရမှာလဲ။ AIDS ဖြစ်တာနေတာပါ”
“နင်ကလည်း သေသေချာချာမသိပဲနဲ့ လျှောက်မပြောပါနဲ့ဟာ၊ မဟုတ်ရင် အားနာစရာကြီး”
“ငါလျှောက်ပြောနေတာမဟုတ်ဘူး။ သူ့မိန်းမ ကေခိုင်က အရင်တုန်းက ကာရာအိုကေမှာလုပ်တာပဲ။ သူ့ဆီက ကူးတာနေမှာပေါ့”
“ဒါဆို ကေခိုင်က ရောဂါအရင်ဖြစ်မှာပေါ့”
“အေး …သူဖြစ်နေလို့ အောင်ခန့်ကို ကူးတာပေါ့ဟ”
“ဒါဆို အောင်ခန့်တော့ သနားပါတယ်ဟာ။ ဒေါ်လေးစန်းမူလည်း သနားစရာပါပဲ။ အောင်ခန့် ကေခိုင့်ကိုယူမယ်ဆိုတုန်းကတည်းက သူကတားမှမတားပဲ။ ဒီလိုမိန်းမမျိုးကိုယူတော့ ဒီလိုရောဂါရမှာပေါ့”
“ဟဲ့-တော်တော့ ဟိုမှာလာနေတာ ကေခိုင်။ ကြားသွားလို့ ပြဿနာဖြစ်နေဦးမယ်”
“အို-ကြားကြားပေါ့။ အမှန်တွေပြောတာပဲ၊ ဘာဖြစ်လဲ”
“ကဲပါဟယ်၊ တော်ပါတော့၊ နောက်မှဆက်ပြောတော့”
xxxxxxxxxxx
အောင်ခန့်မှာလည်း အလုပ်မလုပ်နိုင်တော့ပဲ အိပ်ယာထဲလဲနေတော့သည်။ ပတ်ဝန်းကျင်က မိမိတို့  မိသားစုကိုမြင်လျှင် ရှောင်ဖယ်ရှောင်ဖယ်လုပ်ကာ သိပ်မခေါ်မပြောကြတော့ပေ။ မိမိသားရဲ့ရောဂါ ကူးစက်ခံရမှာကြောက်လို့ဟုသိရသည်။ ကေခိုင်ကတော့ နေမကောင်းဖြစ်နေတဲ့ခင်ပွန်းသည်ကို ပြုစုရင်း တစ်ဖက်ကပဲ အိမ်ရဲ့မိသားစု စားဝတ်နေရေးအတွက် လုံးပန်း နေရသည်။ ဒေါ်စန်းမူမှာလည်း နေမကောင်း နေသည့်သားနှင့် ပင်ပန်းဆင်းရဲစွာ မိသားစုအတွက် ၀မ်းစာ ရှာဖွေနေရသောချွေးမကို ကြည့်ကာ စိတ်မကောင်းရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။
တစ်နေ့ …
“အမေ”
“ဘာလဲသား”
“ကျွန်တော်တို့မြို့က ဒီနှစ် ဘုရားပွဲနီးလာပြီနော်။ ပြန်ကြရအောင်၊ အမေလည်း မပြန်ရတာကြာပြီမဟုတ်လား။ ကျွန်တော်လည်း သွားချင်နေတယ်”
“သားရယ် …သားနေကောင်းမှ သွားကြတာပေါ့”
“ဟာဗျာ ..အမေကလည်း ကျွန်တော်က ဒီလောက်တော့ သွားနိုင်ပါသေးတယ်၊ သွားကြရအောင်ဗျာ”
ကိုထက် ပြောလွန်းမကပြောသောကြောင့်  ဒီနှစ်တပေါင်းပွဲအမီ ဒေါ်စန်းမူရဲ့ ဇာတိမြို့လေးကို မိသားစုအားလုံး ပြန်ခဲ့ကြသည်။ တစ်လလောက်ကြာသွားသည်အထိ ဒေါ်စန်းမူတို့မိသားစု ပြန်မလာခဲ့ကြ သေးပေ။ တစ်လကျော်ကြာမှ ဒေါ်စန်းမူတို့မိသားစုပြန်လာကြသောအခါ ကိုထက်တစ်ယောက် ပါမလာ ခဲ့ပေ။ ဒေါ်စန်းမူတို့ကိုမြင်သည်နှင့် ရပ်ကွက်ထဲမှ ၀ိုင်းဝန်းနှုတ်ဆက်ကြပြီး ကိုထက်တစ်ယောက်ကို ၀ိုင်းမေး ကြလေသည်။ ထိုအခါကျမှ ဒေါ်စန်းမူနှင့် ကေခိုင်တို့ ၀မ်းနည်းကာ ငိုပြီးပြောပြခဲ့သည်။
“ကိုထက်က ဟိုရောက်တော့ နေကောင်းလာပြီး လန်းလန်းဆန်းဆန်းဖြစ်လာတယ်။ ဆွေမျိုးတွေအိမ်လျှောက်လည်ပြီး လိုက်နှုတ်ဆက်နေတာ။ ကေတို့ဖြင့် ၀မ်းသာနေကြတာ။ ကိုထက်ပြန်ပြီး နေကောင်းလာပြီဆိုပြီးတော့လေ။ ဆွေမျိုးတွေနဲ့ တွေ့ပြီး ဆယ်ရက်လောက်နေတော့မှ ပြန်ပြီးနေမကောင်းဖြစ်လာတယ်။ ဆယ်ရက်လောက် အိပ်ယာထဲလဲပြီးတော့ဆုံးသွားတယ်။ အခုရက်လည်ပြီးမှ ကေတို့ ပြန်လာခဲ့ကြတာ။ ဒီကိုလှမ်းပြောချင်ပါတယ်။ အဆင်မပြေလို့ မပြောရတာပါ။ အမေလည်း သူ့သားအကြောင်းတွေးတွေးပြီးငိုနေတာကြောင့် အမြန်ပြန်လာခဲ့တာ။ ကေ ကိုထက် ခေါင်းချခဲ့တဲ့နေရာကနေ ပြန်မလာချင် ပါဘူး။ ကလေးတွေရဲ့ ပညာရေးကလည်းရှိသေးတယ်လေ။ ဒါကြောင့် ပြန်လာ ခဲ့ရတာ။ ကိုထက်က မသေခင်နောက်ဆုံး ဆွေမျိုးတွေကို နှုတ်ဆက်သွားခဲ့တယ်လေ”
“ကဲပါ ..ကိုထက်အတွက် စိတ်တော့မကောင်းဖြစ်ရပါတယ်။ သူ့မြေပါလို့ သူ ဟိုမှာ သွားသေရတာလေ။ ကျန်တဲ့မိသားစုက သူ့အတွက် ကုသိုလ်ဒါန လုပ်ပေးကြတာပေါ့။ မဟုတ်ဘူးလား”
“ဟုတ်ပါတယ်။ သားလေးအတွက် ကျွန်မတို့ကျန်တဲ့လူတွေက ကောင်းမှု ကုသိုလ်တွေ လုပ်ပေးရမှာပါပဲ။ သားလေးအတွက်ရည်စူးပြီး ကျွန်မတို့ တတ်နိုင် သလောက်လေးလည်း လှူခဲ့ကြပါတယ်။ နောက်လည်းလုပ်ပေးရဦးမှာပါပဲလေ”
xxxxxxxxxxx
ဒါနဲ့ပဲကေခိုင်တစ်ယောက် ဈေးထဲမှာ ကုန်စိမ်းဆိုင်လေးဖွင့်ပြီး ယောက္ခမရယ်၊ သားသမီး (၂)ယောက်ရယ်အတွက် စီးပွားရှာဖွေခဲ့ရတော့တယ်။ တစ်နေ့မှာ သားလေး ဇွဲခန့်တစ်ယောက် နေမကောင်း ဖြစ်လာခဲ့တယ်။ ဆေးခန်းပြတော့ အရိုးတီဘီလို့ပြောတာကြောင့် ဆေးတွေကုနေရတော့တာပေါ့။ သားလေး ကလည်း တစ်နေ့ထက်တစ်နေ့ ပိန်ပိန်လာခဲ့တယ်။ မိမိမှာ မိသားစုစားဝတ်နေရေးကတစ်ဖက်၊ သားလေးရဲ့ ကျန်းမာရေးအတွက် ဆေးဖိုးတွေကတစ်ဖက်နဲ့ သောကတွေ ဝေနေတော့တယ်။ ကေကိုယ်တိုင်လည်း စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး ကျန်းမာရေးမကောင်းဖြစ်လာတော့တယ်။ မိမိကျန်းမာရေးကို ဂရုမစိုက်နိုင်ပဲ သားလေးကျန်းမာရေးနဲ့ မိသားစုစားဝတ်နေရေးအတွက် ကြိုးစားခဲ့ရတယ်။ သို့သော်လည်း သားလေးမှာ သက်ဆိုးမရှည်ခဲ့ရှာပေ။ ပတ်ဝန်းကျင်ကလည်း အမျိုးမျိုးပြောဆိုနေကြပြီ။ သူတို့ပြောသလို ရောဂါဆိုးကြီးက မိမိတို့မိသားစုကို ဒုက်္ခပေးနေတာလား။ ပတ်ဝန်းကျင်ကပြောနေကြသလို မိမိကြောင့် ရောဂါကူးသည် ဆိုရအောင် မိမိအနေက ဘယ်သူနှင့်မှ ပတ်သက်ဆက်ဆံခဲ့ဖူးတာမဟုတ်။ ကိုထက် တစ်ယောက်သာပဲ။ ဒါဆို ဒီရောဂါဆိုးက ဘယ်ကဘယ်လို ကူးစက်ခဲ့ပါလိမ့်။ သူများတွေပြောသလို မဟုတ်ပါစေနဲ့ဟုသာ ဆုတောင်းနေမိသည်။
နွေရာသီကျောင်းပိတ်ရက်ကုန်ဆုံးလို့ ကျောင်းပြန်ဖွင့်တော့မည်။ သမီးလေး ကေခန့်ကို ကျောင်း အပ်ရန်အတွက် ငွေလိုလာသည်။ မိမိမှာ အကြွေးတွေပတ်လည်ဝိုင်းနေတာကြောင့် ဘယ်သူကမှလည်း ငွေမချေးလိုကြတော့ပေ။ ဘယ်လိုလုပ်ရမလဲစဉ်းစားရင်းနဲ့ အင်္ကျီအ၀တ်အစားကောင်းလေးများကို ရသလောက်နှင့်ပဲရောင်းရန် စိတ်ကူးရခဲ့တယ်။ သေတ္တာထဲမှ အ၀တ်တွေကို ထုတ်ယူလိုက်စဉ် စာခေါက် ကလေးတစ်ခုထွက်ကျလာသည်။ ဘာပါလိမ့်ဟုတွေးရင် ဖွင့်ကြည့်လိုက်သည်။
“ကိုထက်လက်ရေးပဲ။ ဘာရေးထားပါလိမ့်”
“ကေ ….
ကေ – ဒီစာကိုဖတ်နေချိန်မှာ ကိုယ်ရှိတော့မှာမဟုတ်ဘူး။ ကိုယ့်ရောဂါက သူများတွေပြောကြသလို AIDS လို့ပဲထင်တယ်။ သူများတွေပြောကြသလို ကေ့ ဆီက ကူးတယ်ဆိုတာတော့ လုံးဝမဟုတ်နိုင်ပါဘူး။ ကေ ရိုးရိုးသားသား သီချင်းဆိုပြီး အလုပ်လုပ်ခဲ့တာ ကိုယ်သိပြီး ယုံကြည်ပါတယ်။ ကိုယ် မယုံနိုင် ဖြစ်နေတာက ကိုယ့်ကိုကိုယ်ပဲ။ ကေမှတ်မိလား။ ကိုယ့်သူငယ်ချင်း စည်သူရဲ့ မွေးနေ့မှာ ကိုယ်မနက်မိုးလင်းမှ အိမ်ပြန်လာခဲ့တဲ့နေ့လေ။ အဲဒီညက ကိုယ် တော်တော်မူးသွားပြီး ကောင်မလေးတစ်ယောက်ကို ကေအမှတ်ရဲ့ ကိုယ်လေ ….ဟို …မှားသွားခဲ့မိတယ်။ ကိုယ် မနက်လင်းခါနီးနိုးလာမှသိရတယ်။ သူကတော့ အဲဒီလိုအမြဲနေနေတဲ့မိန်းကလေးတစ်ယောက်ပါတဲ့။ ဒီတော့ ဘာ ပြဿနာမှတော့ မရှိခဲ့ဘူးပေါ့။ ဒါပေမယ့်လည်း ကေ့ကို ပြောမပြရဲဘူး။ ကိုယ် ဖောက်ပြန်တာ၊ ကေ့အပေါ် သစ်္စာမရှိတာမဟုတ်ပါဘူး။ ကိုယ်တကယ် မှားသွားခဲ့တာပါ။ တဒင်္ဂအမှားက ကိုယ့်ကို အမြဲခြောက်လှန့်နေခဲ့တယ်။ ကိုယ်တောင်းပန် ပါတယ်။ ကေ ကိုယ့်ကိုခွင့်လွှတ်ပေးပါလို့။ ကိုယ်မရှိတဲ့နောက် အမေရယ်၊ သားနဲ့ သမီးရယ်ကို ကေစောင့်ရှောက်ပြုစုပေးသွားပါလို့။
ကေ့ရဲ့ ကိုထက်
စာဖတ်ပြီး ကေတော်တော်တုန်လှုပ်သွားခဲ့တယ်။ ဒါဆို မိမိမှာ AIDS ရောဂါဖြစ်နေပြီပေါ့။ သားလေးလည်း ဒီရောဂါနဲ့ပဲ သေခဲ့ရတာပေါ့။ ရက်စက်လိုက်တာကိုထက်ရယ်။ ကိုထက်ရဲ့ တဒင်္ဂအမှား ဆိုပေမယ့် မိသားစုတစ်ခုလုံး ဒုက်္ခရောက်ရပြီပေါ့။ ကေဘာလုပ်ရမလဲ။ ကေ့သမီးလေးအတွက် ကေ ဘယ်လိုလုပ်ရမလဲ။ ကေ မရှိတော့ရင် သမီးလေး ဘ၀ပျက်တော့မှာပေါ့။ အဘွား ဒေါ်စန်းမူကလည်း ဘာမှ လုပ်ကိုင်နိုင်တော့တာမဟုတ်။ လုပ်ကြပါဦး။ ကေဘာလုပ်ရမဲ။ ကေ့စိတ်တွေ ဆောက်တည်ရာမရ ဖြစ်နေတော့တယ်။ ကေကလည်းနေမကောင်းဖြစ်နေတာဆိုတော့ ကေ သေရတော့မှာပါ။ ကေ့သမီးလေးနဲ့ ကေခွဲရတော့မှာပေါ့။ သမီးလေးမှာရော ဒီရောဂါကြီးဖြစ်နေပြီလား။ ဒါဆိုရင် ယောက္ခမဖြစ်သူကိုရော ကူးစက်ပြီးဖြစ်နေပြီလား။ သူတို့မှာ မကူးသေးရင်တော်ပါသေးရဲ့။ ကူးနေပြီဆိုရင် …. အို …. ကေ ဆက်မတွေးရဲတော့ပါ။
အဲဒီနောက် ကေ့ရောဂါကို ကေအလိုလိုသိလာတယ်။ ကေ့အကြောင်းကိုပြောပြရင်လည်း ယောက္ခမနဲ့ ဘာမှနားမလည်သေးတဲ့သမီးလေး စိတ်မကောင်းဖြစ်မှာရယ် ပတ်ဝန်းကျင်က ၀ိုင်းပြီး ဖယ်ကြဉ် လိုက်တော့မှာ စိုးရိမ်ပြီး မပြောပဲနေလိုက်တယ်။ ကေ့ရဲ့ ခန္ဓာကိုယ်ဟာ တစ်နေ့တစ်ခြားပိန်ပိန်လာတယ်။ ဘာစားစား အဟာရမဖြစ်ဘူး။ ရှိစုမဲ့စုလေးနဲ့ ဆေးခန်းပြနေရပြီး ကေ့မှာ သေမယ့်ရက်ကို လက်ချိုးပြီး တွက်နေရတာ။ သမီးလေးနဲ့ ယောက္ခမကို ကေဘယ်လိုမှ စိတ်မချနိုင်ဘူး။ ကေချက်ပြုတ်ကျွေးမွေးတာကို စားနေကြရတဲ့ သမီးလေးနဲ့ယောက္ခမကို ကေ့ဆီက ရောဂါကူးမှာ စိုးရိမ်တယ်။ သမီးလေးကိုလည်း ကေ့အနားသိပ်အကပ်မခံစေချင်တော့ဘူး။ ဒါနဲ့ပဲ ကေ့ဘ၀ဟာ အထီးကျန်ပြီး ခြောက်သွေ့လာခဲ့တော့တယ်။
xxxxxxxxxxx
ဒီလိုနဲ့တစ်နေ့ ရပ်ကွက်ထဲကို လူမှုကျန်းမာရေးပညာပေးအဖွဲ့ကဆိုပြီး ကောင်မလေး(၂)ယောက် (၃)ယောက်ကလာပြီး ကျန်းမာရေးပညာပေးပွဲလေးလုပ်တယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အသိပညာပေးနေတဲ့ အဖွဲ့အစည်းတစ်ခုကတဲ့။ သူတို့က HIV/AIDS ရောဂါအကြောင်းကို အဓိကပြောပြကြတယ်။ သူတို့ပြောပြတဲ့ HIV/AIDS ရောဂါ ကူးစက်ပုံကူးစက်နည်းတွေ၊ မကူးနိုင်တဲ့နည်းတွေ၊ ကာကွယ်နည်းတွေ၊ ရောဂါဖြစ်နေတဲ့သူကို ပြုစု ပေးတဲ့နည်းတွေ၊ စိတ်ဓါတ်အင်အား တိုးမြင့်စေတဲ့အကြောင်းတွေ၊ ဒီရောဂါသည်တွေကို ပစ်ပယ်မထား သင့်တဲ့အကြောင်းတွေ ပြောပြသွားလိုက်ကြတာ။ ကေ့မှာ သူတို့ပြောတာနားထောင်၊ သူတို့ကိုကြည့်ပြီး အားတွေရှိလာတယ်။ ပညာပေးပြောပြပြီးတဲ့နောက် ကေသိချင်တဲ့အကြောင်းလေးတွေကို သူတို့နားသွားပြီး ကပ်မေးကြည့်တယ်။ သူတို့က စိတ်ရှည်ရှည်နဲ့ပြောပြတယ်။ သူတို့ကို ကေယုံကြည်ပြီး ကေ့အကြောင်းတွေ အားလုံးပြောပြလိုက်တယ်။ သူတို့ကလည်းအားပေးကြတယ်။ ကေ့အတွက် အားတက်သရောကူညီ ပေးကြပါတယ်။ သွေးစစ်တာကအစ သူတို့ကူညီကြတယ်။ အမှောင်ထဲရောက်နေတဲ့ ကေ့အတွက် အလင်းတန်းတစ်ခုတွေ့လိုက်ရတာပါပဲ။
xxxxxxxxxxx
သွေးစစ်ပြီးတဲ့နောက် ကေ့မှာ AIDS ရောဂါဖြစ်နေပြီဆိုတာ သေသေချာချာ သိလိုက်ရ တော့တယ်။ အဲဒီနောက်လည်း ကေ့ဆီကို ခဏခဏလာပြီး အားပေးစကားတွေပြောတယ်။ တစ်ခါတစ်လေမှာ တစ်ယောက်စီလာကြတာလည်းရှိတယ်။ ဆေးဝါးတွေနဲ့ စားစရာသောက်စရာတွေအပြင် သမီးလေးအတွက်  အသုံးအဆောင်လေးတွေပါယူလာကြပြီး ကေနဲ့အတူတူ စားသောက်ကာ ကေ့ကိုပြုစုပေးနေတာ ကိုယ့်မိသားစုတစ်ယောက်ကိုပြုစုနေသလိုပါပဲ။ ကေလေ သူတို့လာရင် အရမ်းပျော်တာပဲ။ ကေ့ကိုယ်ကိုလည်း ရောဂါသည်တစ်ယောက်လို့ကို မထင်တောဘူး။ သူတို့လာရင် ကေ့ရောဂါဝေဒနာတွေပျောက်သွားသလိုပဲ။ ကေအားတွေရှိနေတယ်။ သမီးလေးကိုလည်း သူတို့က ချစ်ကြတယ်။ သမီးလေးဆို သူတို့လာရင် ပျော်နေ လိုက်တာအရမ်းပဲ။ သူတို့လေးတွေ ဒီလိုလူမှုရေးလုပ်ငန်းလေးတွေလုပ်ပေးနေတာကို ကေ အားကျမိတယ်။ အစောကြီးကတည်းကသာသိရင် ကေလည်း ဒီလိုလုပ်ငန်းတွေမှာ ပါဝင်မိမှာပါ။ ကေ့သမီးလေး ကြီးလာ ရင်လည်း ဒီလို ကျန်းမာရေးပညာပေးအဖွဲ့ကြီးမှာ ပါဝင်ဆောင်ရွက်စေဖို့ ကေတိုက်တွန်းမယ်။ သမီးလေး ကြီးလာတဲ့အချိန်မှာ ကေက သက်ရှိထင်ရှား မရှိနိုင်တော့ဘူး။ ဒီတော့ ကေစာရေးထားခဲ့မယ်။ သမီးလေး လည်း နားလည်ပြီး လုပ်ဆောင်မယ်လို့ ကေယုံကြည်နေပါတယ်။
xxxxxxxxxxx
အခု ကေပြောပြခဲ့တာတွေအားလုံးဟာ ကေ့ဘ၀ရဲ့ဖြစ်စဉ်တွေပါပဲ။ ကေအခုလိုပြောပြရတာဟာ နောက်လူတွေ သင်ခန်းစာယူနိုင်အောင်လို့ပါ။ လူတစ်ယောက်ရဲ့ တဒင်္ဂအမှား၊ အဲဒီအမှားကို ဖုံးကွယ် ထားလိုက်လို့ ဖြစ်ပေါ်လာရတဲ့ နောက်ဆက်တွဲရလဒ်တွေတွေကို အခြားသူတွေ သင်ခန်းစာယူစေချင်ပါတယ်။ ကေလည်း ဘ၀ဆက်တိုင်းမှာ ဒီလိုဒုက္ခဆင်းရဲမျိုးမှ ကင်းလွတ်ပါစေလို့လည်း ဆုတောင်းမိပါတယ်။
ကေ့ဘ၀ရဲ့နောက်ဆုံးအချိန်အထိ ကေ့ကိုအားပေးထောက်ကူခဲ့တဲ့ အသိပညာပေးနေတဲ့အဖွဲ့ကြီး ကို အလွန်ပဲ ကျေးဇူးတင်ပါတယ်။ လူသားထုအကျိုးကို ဒီထက်ပို၍ သယ်ပိုးဆောင်ရွက်နိုင်တဲ့အဖွဲ့ကြီး ဖြစ်ပါစေလို့လည်း ကေအမြဲဆုတောင်းပါတယ်။ ကျန်းမာရေးအသိပညာပေးနေတဲ့ အဖွဲ့ကြီးရဲ့ လုပ်ဆောင်ပေးမှုတွေ က ကေတို့လို့ အမှောင်ထဲ ရောက်နေသူတွေအတွက် အလင်းတန်းတစ်ခုလို့ပဲ ကေမှတ်ယူထားမိပါ တော့တယ်။
xxxxxxxxxxx
ကေခိုင်ပြောပြခဲ့လို့ သူ့ဘ၀အကြောင်းကို ကျွန်မအားလုံးသိခဲ့ရပါတယ်။ သူကလည်း သူ့ဘ၀ အကြောင်း သူများတွေကို သင်ခန်းစာယူနိုင်အောင် ပြောပြပေးပါလို့လည်း ပြောခဲ့ပါတယ်။ အခုဆိုရင် ကေခိုင့်သမီးလေးဟာ ကျန်းမာရေးပညာပေးအဖွဲ့တစ်ခုမှာ အားတက်သရောနဲ့ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လုပ်ဆောင်နေတာကို တွေ့နေရပါတယ်။ ဒီလိုမျိုးတွေ့ရတော့ ကျွန်မရင်ထဲမှာ ဖော်မပြနိုင်လောက် အောင် အလွန့်အလွန်ကို ၀မ်းသာကြည်နူးနေရပါတယ်။ နောက်နောင်လည်း ဒီလို စေတနာ့ဝန်ထမ်း လေးတွေ ပေါ်ပေါက်လာအောင် ထာဝစဉ် မွေးထုတ်ပေးသွားနိုင်ပါစေ လို့လည်း ဆုတောင်းနေမိပါတော့သည်။ ကေတို့လို AIDS ရောဂါသည်တွေအတွက် အသိပညာပေးနေတဲ့ အဖွဲ့အစည်းတွေက အမှောင်ထဲက အလင်းတန်း တစ်ခုပါလို့ ကေကပြောခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းလေးရဲ့ခေါင်းစဉ်ကို “အမှောင်ထဲက အလင်းတန်း”လို့ ပေးလိုက်ရခြင်း ဖြစ်ပါသည်။

လိင်ဈေးတန်းမှာ နင်းခြေခံလိုက်ရတဲ့ပန်းကလေး

နအဖက ဖွဲ့စည်းပေးထားခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ ကော်မတီကနေ ထိုင်း - မြန်မာနယ်စပ်ကို အလုပ် လာလုပ်ကြတဲ့ အမျိုးသမီးလေးတွေနဲ့ ပတ်သက်ပြီး ပညာပေး ဇာတ်လမ်းတစ်ခုကို ဇူလိုင် (3) ရက်နေ့က မြန်မာ့အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ်ပြသခဲ့ရာမှာ  အတော်ကို သဘာဝတရားနဲ့ ယုတ္တိ နည်းပါးလွန်းတယ်လို့ ဝေဖန်စရာတွေ ဖြစ်ပေါ်လာပါတယ်။
ထိုင်းနိုင်ငံကို အလုပ် လာလုပ်ကြတဲ့ အမျိုးသမီးလေးတွေဟာ အိမ်မှာ လိုလေသေး မရှိအောင် မိဘတွေ ထားပေးတဲ့ကြားက မိဘတွေကို စိတ်ဆိုးစိတ်ကောက်ပြီး ထွက်လာကြတာ တစ်မျိုး၊ မြန်မာနိုင်ငံမှာ အလုပ်တွေ တောင်လို ပုံအောင် ရှိနေတဲ့ကြားက အပျော်သဘောမျိုးနဲ့ အလုပ် ထွက်လုပ်တာမျိုးက တဖုံ၊ သူငယ်ချင်းတွေနဲ့ စုမိပြီး သူများခေါ်လို့ လိုက်လာကြတာက တစ်နည်း စသဖြင့် ထွက်လာကြတာလို့ ဆိုပါတယ်။
ဒီလို အမျိုးသမီးတွေကို တိုင်း ၊ မြို့နယ်၊ ကျေးရွာ အမျိုးသမီးရေးရာ ကော်မတီအဖွဲ့ဝင်တွေက လိုက်လံကယ်ဆယ်ပြီး မိဘရပ်ထံ အပ်နှံခဲ့တယ်လို့ ရုပ်မြင်သံကြားမှာ ပြသခဲ့ပါတယ်။ အဲဒီလို ဇာတ်လမ်းမျိုးတွေကို နအဖအကြိုက် လိုက်လုပ်ပေးနေရတဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ ကော်မတီဟာ မြန်မာအမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ဘာတွေများ တာဝန် ယူပေးနေကြသလဲ  ဆိုတာ မသိနိုင်ပေမယ့် သိန်းနဲ့ချီပြီး ထိုင်းနိုင်ငံကို အလုပ် လာလုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေရဲ့ အရေအတွက်ကို ကြည့်ရင် ဘာကြောင့်ဆိုတာ အဖြေထုတ်ဖို့ လိုမယ် မထင်တော့ပါဘူး။
ကျမတွေ့ဆုံခဲ့ရတဲ့ အမျိုးသမီးလေး တစ်ဦးကတော့ မိဘနဲ့ စိတ်ကောက် စိတ်ဆိုးလို့ အပျော်သဘောနဲ့ မဲဆောက်ကို ရောက်လာ သူတော့ မဟုတ်ခဲ့ပါဘူး။ မိဘမဲ့ဘ၀ ၊ စားရမဲ့ သောက်ရမဲ့ ဘ၀နဲ့မို့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ လာရောက် ရောင်းစားတာကို ခံခဲ့ရပါတယ်။ သူမလိုချင်တာက ပန်းကန်ဆေး၊ ထမင်းချက်၊ အိမ်ဖော် အလုပ်လေးတွေပါ။ ဒါပေမဲ့ (13) နှစ် အရွယ် အပျိုမဖြစ်သေးတဲ့၊ ရင်သားက အစ မထွက်သေးတဲ့ အချိန်မှာပဲ “ပြည့်တန်ဆာ လောက” ရဲ့ ပါကင်ဖောက်တဲ့ စာရင်းထဲကို ၀င်သွားခဲ့ရပါတယ်။ ပါကင်ဖောက်တယ်ဆိုတာ ပြည့်တန်ဆာ အတွေ့အကြုံ လုံးဝမရှိသေးတဲ့ HIV / AIDS ရောဂါကင်းစင်တဲ့ အပျိုဖြန်း၊ အပျို မဖြစ်တဖြစ် အမျိုးသမီးလေးတွေကို ဈေးကြီးကြီးနဲ့ ရောင်းစားတဲ့ စနစ်တစ်ခုပါပဲ။
(13)နှစ်အရွယ် ကရင်မိန်းကလေးငယ် တစ်ဦးဟာ ပြည့်တန်ဆာရုံမှာ ရောင်းစားခံရပြီး ပါကင်ဖောက်တယ် ဆိုတာကို စတင်ကြားသိရတဲ့ လိင်ဈေးတန်းက ပထမဦးဆုံး သူမရဲ့ ဖြစ်ရပ်ကို အခုလို ပြောပြခဲ့ပါတယ်။
“ပထမဦးဆုံး သမီးကို ဖာရုံမှာ မထားသေးပါဘူး။ သူတို့ခေါ်တာ ဘာလဲမသိဘူး။ ပါကင်ဖောက်တယ်ဆိုလား ဘာလဲ မသိဘူး။ အဲဒီနေရာကို ပို့လိုက်တယ်။ အဲဒီနေရာကို ပို့လိုက်လိုက်ချင်းမှာပဲ လူကြီးတစ်ယောက်က ပါကင် စပြီး ဖောက်တယ်။ သမီးကပြောတယ်၊ အဲဒီလူကြီးကို ကျမကို ဘာလုပ်မှာလဲလို့ မေးမိတယ်။ အဲဒီဦးလေးကြီးက နင့်အတွက် ငါ ပိုက်ဆံ ပေးပြီးသွားပြီ၊ နင့်ကို ငါကြိုက်သလို လုပ်လို့ရတယ်လို့ ပြန်ပြောတယ်။ အဲဒီမှာ ကျမက ပုန်ကန်တော့ ရိုက်နှက်ပြီး လုပ်တယ်။ ပြီးတော့ အဲဒီမှာ ကျမကို 3 ခါလား မမှတ်မိတော့ဘူး - ပါကင်ဖောက်တယ်။ ဖောက်ပြီးတော့ ဖာရုံက ဖာခေါင်းမက လာပြန်ယူပြီး သူတို့ရဲ့ ဒါလင်ရုံမှာ အလုပ်လုပ်ခိုင်းတယ်။ အပြင်လည်း မထွက်ရဘူး။ အပြင်ထွက်ဖို့ နေနေသာသာ ပြတင်းပေါက်တောင် မကြည့်ရဘူး။ ကြည့်မိရင် ရိုက်တယ်။ ထမင်းလည်း ၀အောင် မကျွေးဘူး။”ပါကင်ဖောက်ပြီးတဲ့ အချိန်မှာတော့ မဲဆောက်မြို့က ပြည့်တန်ဆာရုံကို ရောက်ရှိခဲ့ပါတယ်။ ပြည့်တန်ဆာရုံကို ရောက်တဲ့အခါမှာ ဧည့်သည်တွေကို မြူဆွယ်တဲ့အလုပ်ကို စတင်လုပ်ခဲ့ရပါတယ်။ စကတ်တိုတိုမှာ အတွင်းခံမပါပဲ လူမြင်သာတဲ့ နေရာမှာ  စတင် ထိုင်ခဲ့ရပါတယ်။ ထိုင်ပုံထိုင်နည်းကအစ ပြည့်တန်ဆာခေါင်းတွေက သင်ကြား ပြသထားတာကြောင့် ထိုင်တဲ့ပုံ မဟုတ်ရင် ပြည့်တန်ဆာများကို ကြီးကြပ်တဲ့သူတွေက ရိုက်နှက် အပြစ်ပေးတာကို ကလေးမလေးဟာ တွေ့ကြုံခဲ့ရပါတယ်။
သူတို့ရဲ့ အင်္ကျီပေါ်မှာ ချိတ်ဆွဲထားတဲ့ နံပတ်ပြားလေးတွေကို ကြည့်ပြီး ကြိုက်ရင် လက်ညိုးထိုး  ခေါ်ယူနိုင်တဲ့ ဧည့်သည်တွေရဲ့ ဆန္ဒကို ပြည့်တန်ဆာဘ၀ သွတ်သွင်းခံထားရတဲ့ အမျိုးသမီးတွေက ခေါင်းခါ ငြင်းဆန်ခွင့် မရှိခဲ့ပါဘူး။ တနေ့မှာတော့ အပြင်ကို ခေါ်ဆောင်သွားမယ့် ဧည့်သည်ရဲ့ နောက်ကို သူမ လိုက်ခဲ့ရပါတယ်။
“သမီးဘ၀က အဲဒီ ဧည့်သည် ခေါ်သွားတဲ့နေ့က အဆိုးဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီဧည့်သည်က ဒါလင်ရုံကနေ ခေါ်သွားပြီး ပြန်မပို့ဘူး။ သမီးစိတ်ထင်တယ်။ သမီးတော့ သေပြီလို့။ လမ်းသရဲတွေလား မသိဘူး။ တောင်ယာထဲမှာ အလုပ်လုပ်တဲ့ လူနှစ်ယောက်က သမီးကို တောထဲမှာ တွေ့သွားတယ်။ ဓားကြီးနဲ့။ သမီးစိတ်ထင်နေတယ် - ငါတော့သေပါပြီလို့။ အဲဒီလူနှစ်ယောက်က သမီးကို ခြေတွေ လက်တွေမပြီး ခေါ်သွားတယ်။ သမီး အော်ဟစ်နေမိတယ်။ သမီးကို ဘာလုပ်မလို့လဲ၊ သမီးမှာ ပိုက်ဆံလည်း မရှိပါဘူး။ ဘာလိုချင်လို့ ခေါ်သွားရတာလဲလို့ အော်ဟစ် တောင်းပန်နေမိတယ်။ အဲဒီလူနှစ်ယောက်က သမီးကို တဲတစ်ခုကို ခေါ်သွားတယ်။ တဲကိုရောက်တော့ လူ (6) ယောက်လောက် စ်ရှိမယ်၊ သမီးကိုဝိုင်းပြီး တစ်ယောက်တစ်လှည့် အဓမ္မ ပြုကျင့်ကြတယ်။ ”
မိန်းကလေးငယ်ရဲ့ မိန်းမကိုယ်ကနေ သွေးအလိမ်းလိမ်း ယိုစီးထွက်ခဲ့ရသလို အထက်ကိုဆန်ပြီး ပါးစပ်၊ နှာခေါင်း နေရာတွေ ကနေ မြင်မကောင်းအောင် သွေးတွေစီးဆင်းခဲ့တယ်။ ဒီလိုနဲ့ ခန္ဓာကိုယ်ကို အနိုင်နိုင်သယ်ရင်း ဦးတည်ရာမဲ့စွာ လမ်းပေါ် ရောက်ရှိလာခဲ့ပါတယ်။ ဒီတော့လည်း ကံကြမ္မာက သူ့လက်ထဲ ရှိမနေပြန်ပါဘူး။ ပြည့်တန်ဆာတစ်ဦးကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့တယ်ဆိုတဲ့ သတင်းနဲ့ နောက်ဆုံးမှာတော့ ပြည့်တန်ဆာခေါင်းတွေ လက်ထဲကိုပဲ သူမ ပြန်ရောက်ရှိခဲ့ပါတယ်။
“သမီးဒါလင်ရုံကို ပြန်ရောက်လာတဲ့အချိန်မှာ ပြည့်တန်ဆာခေါင်းမက မေးတယ်။ နင်ဘာလို့ နှစ်ရက်တောင် ကြာနေရတာလဲ၊ နင်ထွက်ပြေးတာ မဟုတ်လားဆိုပြီး သမီးကို ရိုက်နှက်ပြန်တယ်။ အခန်းထဲမှာ သော့ခတ်ပြီး ထားတယ်။ ထမင်းလည်း မကျွေးဘူး။ (10) ရက် ကြာသွားတယ်။ သမီးရဲ့ ဘ၀တူ သူငယ်ချင်းတွေက စားစရာတချို့ လာခိုးကျွေးကြတယ်။ သမီး သူတို့ကို ပြောခဲ့ပါတယ်။ နင်တို့ကျေးဇူး ငါမမေ့ပါဘူးလို့ ပြောခဲ့ပါတယ်။ အဲဒီလို (10) ရက် ကြာပြီးတဲ့ အချိန်မှာ သမီးထွက်ပြေးဖို့ လုပ်ခဲ့တယ်။ သမီးဘ၀က ဒီထက်ပိုပြီး ဆိုးစရာ မရှိတော့ဘူးလေ။ သမီး အဲဒီတိုက်ကနေ ခုန်ချထွက်ပြေးမယ်။ သေချင်လည်း သေပါစေဆိုတဲ့ စိတ်နဲ့ ဆုံးဖြတ်ခဲ့မိတယ်။ သမီး မနေနိုင်တော့ဘူး။ သမီး ခုန်ဆင်းခဲ့ပါတယ်။"
 ဒီလိုနည်းနဲ့မှ မသေရင် ဘယ်တော့မှ သေဖို့မရှိတော့ဘူး။ ပြတင်းပေါက်ပေါ်ကနေ ခုန်ချထွက်ပြေးမှပဲ ငါ လွတ်မြောက်တော့မယ် ဆိုပြီး “ဒါလင်”လို့ အမည်ရတဲ့ ပြည့်တန်ဆာရုံကို နောက်လှည့်မကြည့်တော့ပဲ ထွက်ပြေး  လွတ်မြောက်သွားတဲ့ မိန်းမငယ်လေး ချိုချိုစမ်းဟာ သူ ဘယ်လိုဘ၀မျိုးတွေ ထပ်ကြုံတွေ့ရပါသလဲဆိုတာ ကျမတို့ အမျိုးသမီးတွေ စိတ်ဝင်စားကြဦးမလားပဲ။
ပြည့်တန်ဆာရုံကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ချိုချိုစမ်းဟာ “ပြည့်တန်ဆာရုံကနေ အထွက် အမျိုးသားတစ်ဦးရဲ့ ကောင်းမှုနဲ့ သမာအာဇီဝ အလုပ်လုပ်ကိုင်ဖို့ ဘန်ကောက်မြို့ကို တက်ခဲ့ပါတယ်။ အရင်အလုပ်ကလွဲရင် ဘာပဲလုပ်ရ လုပ်ရပေါ့။ ဘန်ကောက်မှာ အလုပ် လုပ်ကိုင်နေရင်း အသက် (14) နှစ်ထဲမှာ အိမ်ထောင် ကျခဲ့ပါတယ်။
အိမ်ထောင်ကျပြီး ကိုယ်ဝန် (5) လမှာ ခင်ပွန်းဖြစ်သူက နောက်အိမ်ထောင်ပြုတာကြောင့် သူမဟာ အားကိုးအားထား ပြုစရာ မရှိလောက်အောင် ၀မ်းနည်း ကြေကွဲခဲ့ရပါတယ်။ ဒီလိုနဲ့ သူမဟာ တရားမ၀င် အလုပ်သမလေးဘ၀နဲ့ ၀မ်းတထွာအတွက် ရုန်းကန်ရင်း ရင်သွေးငယ်ကို ငတ်တလှည့် ပြတ်တလှည့် ဘ၀နဲ့ ပြုစု ထိန်းသိမ်း ခဲ့ရရှာပါတယ်။ တနေ့မှာ တရားမ၀င် အလုပ်သမားတွေကို ထိုင်း လူဝင်မှု ကြီးကြပ်ရေးအဖွဲ့က ဘန်ကောက် အချုပ်ထောင်ကနေ ကယ်ရီခ မလိုပဲ မဲဆောက်ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ သူမရဲ့ဘ၀တွေကို ကြောက်ရွံ့ထိတ်လန့် ခဲ့ရပေမယ့် ပြည့်တန်ဆာလောကကို ဘယ်တော့မှ ပြန်မသွားတော့ဘူးလို့ သူမ သန္နိဌာန် ချခဲ့တယ်။ ပြည့်တန်ဆာ ဘ၀မှာတောင်မှ သူမဟာ အနှိမ်ခံဘ၀ ဖြစ်ခဲ့ရပါတယ်တဲ့။ မိဘမဲ့ ဖာဆိုပြီး ၀ိုင်းဝန်းပြောတာ ခံရတယ်ဆိုပဲ။
“သူတို့က သမီးကို နှိမ်တယ်။ အဖေ အမေမရှိ သားသမီးတဲ့၊ သူများ လာရောင်းစားတာ ခံရတယ်တဲ့၊ ဖာတောင်မှ မိဘမရှိတဲ့ ဖာဆိုပြီး ပြောကြတယ်။ သမီး မမှုပါဘူး။ ငါပိုက်ဆံလိုချင်လို့ ဒီနေရာကို ရောက်လာတာ မဟုတ်ဘူး။ ငါမသိလို့၊ ငါ သူများရောင်းစားတာ ခံရလို့ လာလုပ်ရတာလို့ ပြန်ပြောတယ်။”
ပြည့်တန်ဆာရုံထဲမှာ သူမလို အသက်မပြည့်သေးတဲ့ ကလေးတွေ ရှိကြတယ်လို့ ဆိုပါတယ်။ ချိုချိုစမ်းကို ဆေးရုံက ကျန်းမာရေး ပညာပေး ဆရာမတွေ လာရောက်ပြီး ကျန်းမာရေးအခြေအနေ စစ်ဆေးခဲ့ရာမှာ သူမကိုယ်ထဲမှာ ဆစ်ပလစ်ပိုး တွေ့ရှိခဲ့ ပါတယ်။ သေလောက်တဲ့ပိုး မဟုတ်ပေမယ့် သူမဟာ ထိတ်လန့်ကြောက်ရွံ့ရှာတယ်။ သူမလိုပဲ ရောဂါဖြစ်နေသူတစ်ဦး အကြောင်းကိုလည်း ပြောပြခဲ့ပြီး ပြည့်တန်ဆာခေါင်းဆီကနေ ရောဂါရှိနေပြီဆိုပြီး ဒါလင်ရုံကနေ ထွက်ခွာခွင့် တောင်းခဲ့တယ်။
“အဲဒီမှာ နောက်ထပ် ကောင်မလေးတစ်ယောက် ရှိခဲ့တယ်။ အသက်က (12)နှစ်၊ သမီးထက် တစ်နှစ်ငယ်တယ်၊ ကျမမှာ ရောဂါ ရှိနေပြီလို့ သူကပြောတယ်။ ကန်တော့နော်။ သူထိုင်လိုက်လို့ရှိရင် မိန်းမကိုယ်နေရာမှာ အရည်တွေ၊ ပြည်တွေကျတယ်။ ဘယ်ဧည့်သည်ကမှ သူ့ကို မငှားတော့ဘူး။ ဖာခေါင်းမတွေက သူ့ကိုမောင်းထုတ်တယ်။ တနေ့ကျတော့ ဖာခေါင်းမက အစည်းအဝေးခေါ်ပြီး အမျိုးသမီးတွေ အားလုံးကို ပြောတယ်။ ရောဂါရှိတဲ့သူတွေ မောင်းမထုတ်ခင် ထွက်သွားနော်တဲ့။ မပေးနေဘူး ပြောတယ်။ ဒီတော့ သမီးမှာ ရောဂါရှိနေပြီ။ ဒီကနေ ထွက်သွားပါရစေလို့ ခွင့်တောင်းမိတယ်။ ဖာခေါင်းမက ပြောတယ်၊ ဆစ်စ်ဖလစ်က အပေါ့ပဲတဲ့။ AIDS မဟုတ်ဘူးတဲ့။ ထွက်သွားစရာ မလိုသေးဘူးတဲ့၊ ဒီတော့ သမီး ဘာဆက်ပြောရမှန်း မသိတော့ဘူး။ ”
အခုလို ပြည့်တန်ဆာလောက အကြောင်းကို ပြောပြနေပေမယ့် သူမမှန်းသိရင် (ပြသနာ) ရှာကြလိမ့်မယ်ဆိုတဲ့ ကြောက်စိတ်တွေ လည်း ရှိနေခဲ့ပါတယ်။ မဲဆောက်မြို့ကို ကိုယ်ဝန်နဲ့ ပြန်ရောက်လာချိန် အခြေအနေကို ပြောပြရာမှာတော့ - “မဲဆောက်ဈေးကို သမီး ပြန်ရောက်လာတော့ ကိုယ်ဝန်နဲ့လေ၊ ကလေးကလည်း ဘယ်မှာမွေးရမှန်း မသိ၊ ကျောင်းသားဆေးခန်း (မယ်တော်ဆေးခန်း) က ဆရာမကြီးတစ်ယောက် ဟင်းသီးဟင်းရွက် လာဝယ်ရင်း သမီးကိုဈေးမှာ တွေ့သွားတယ်။"
"သမီးကို သူက မေးတယ်၊ သမီး နင်ဘယ်မှာ ကလေးမွေးမှာလဲလို့ မေးတယ်၊ နင်ဘယ်မှာ နေသလဲတဲ့၊ ယောက်ျား ကတော့ နောက်အိမ်ထောင် ပြုသွားပြီလို့ ပြန်ပြောပြခဲ့တယ်။ ဒါဆိုရင် မနက်ဖြန် ဆေးခန်းကို လာခဲ့ဆိုပြီး ကားခနဲ့ ထမင်းစားဖို့ ဘတ် (၁၀၀) ပေးသွားတယ်။ ဆေးခန်းကို သွားတော့ ဆရာမက ကိုယ်ဝန်ကိုလည်း ကြည့်ပေးတယ်။ သွေးလည်း စစ်ပေးတယ်။ သမီးသွေးက နောက်အပတ်ဆို ရောဂါရှိမရှိ သိရမယ်လို့ ပြောပြီး ပြန်လွှတ်လိုက်တယ်။ နောက်အပတ်ကျတော့ ဆေးခန်းကို သမီးပြန်လာခဲ့တယ်။ ဆရာမကြီးနဲ့ တွေ့တော့ သမီးမှာ ရောဂါပိုးရှိတယ်လို့ ပြောပြတာကို ကြားရတယ်။ သမီးတကိုယ်လုံး တောင့်သွား သလို ဖြစ်ရတယ်။ သမီးလန့်သွားပြီး ရင်တွေလည်း တုန်ယင်သွားမိတယ်။ ရောဂါပိုးရှိရင် သမီးလည်း မကြာဘူး၊ သေရလိမ့်မယ်။ ဗိုက်ထဲက မွေးလာတဲ့ ကလေးကကော သမီးမရှိရင် သူဘယ်သူနဲ့ နေမလဲဆိုပြီး သမီးအမျိုးစုံ တွေးတောနေမိတယ်။"
"သမီးက ဆရာမကြီးကို ဘာရောဂါပိုး တွေ့လဲလို့ မေးမိတယ်။ ဆရာမကြီးက စိတ်မပူပါနဲ့ သမီးရယ်တဲ့။ ကာလသားရောဂါဟာ ကုရင်ပျောက်ပါတယ်တဲ့၊ အဲဒီမှာ ဆေးလည်းထိုးပေးတယ်။ ဆေးလည်း သောက်ခိုင်းတယ်။ ဒီလိုနဲ့ သမီးဟာ ကလေး မွေးဖွားဖို့ရက် နီးကပ်လာခဲ့တယ်။ ကလေးကို ကျောင်းသားဆေးခန်းမှာပဲ သွားမွေးခဲ့တယ်။ ကလေးမွေးတဲ့ နေ့ကတော့ သမီးဘ၀မှာ ၀မ်းအနည်းဆုံးပဲ။ သမီးဘေးမှာ လူတစ်ယောက်မှ မရှိကြဘူး။ မွေးလာတဲ့ ကလေးကိုကြည့်ပြီး မျက်ရည်ပေါက်ပေါက် ကျခဲ့ပြီး ဒီလိုခံစားမှုမျိုးကို သမီးဘယ်လိုမ ပြန်ပြောလို့ မရနိုင်တော့ပါဘူး။ ဆရာမတွေက ကလေးမွေးပြီးကာစ သမီးကို ထမင်းဆာမယ်ဆိုပြီး ထမင်း ယူလာကျွေးတယ်။ ထမင်းတစ်လုပ်မှ စားလို့မရအောင် သမီးရင်ထဲမှာ မွန်းကြပ်နေခဲ့တယ်။”
ဒီလိုနဲ့ ချိုချိုစမ်းလေး မွေးလာတဲ့ ရင်သွေးကတော့ သမီးလေး ဖြစ်နေပြန်ပါတယ်။ သမီးမွေးပြီး ၃ ရက်အကြာမှာ သားငါးဈေးခုံတွေမှာ ညဘက် အိပ်ရင်း သွေးနုနုနဲ့ လိုက်လံတောင်းရမ်း စားသောက်နေတဲ့ မဲဆောက်ဈေး အိမ်သာရှေ့က ကောင်မလေးဟာ ချိုချိုစမ်းပါပဲ။ ချိုချိုစမ်းကို ဈေးခုံပေါ်မှာ အိပ်ခွင့်ပြုတဲ့ ဈေးစောင့်သူ ထိုင်းအမျိုးသား အသက် ၅၀ အရွယ်ရှိတဲ့ လူတစ်ယောက်က သူမ ကလေးငယ် သုံးလေးလ ရောက်တဲ့အချိန်မှာ သူမကို အဓမ္မ ပြုကျင့်ခဲ့ပြန်ပါတယ်။ သမီးငယ်နဲ့ အိပ်စရာ တစ်နေရာရဖို့ အရေး အဓမ္မပြုကျင့်တာကို ခံခဲ့ရကြောင်း၊ ဘေးပတ်ဝန်းကျင်မှာ မြန်မာနိုင်ငံက သူတောင်းစားတွေ ရှိနေလျှက်နဲ့၊ အဓမ္မ ပြုကျင့်တာကို ကြားနေရလျှက်က ဘယ်သူကမှ သူမကို အကူအညီ မပေးဝံ့ကြဘူးလို့ သူမက ပြောပြခဲ့ပါတယ်။
အခုဆိုရင် (၁၅) နှစ်အရွယ် ရောက်ရှိနေပြီဖြစ်တဲ့ ချိုချိုစမ်းဟာ သူ့သမီးငယ်ကိုတော့ သူ့လိုဘ၀မျိုး မရောက်အောင် ထားမယ်။ မျက်နှာငယ် မခံရအောင် ပြုစုပျိုးထောင်မယ်ဆိုပြီး ကျမကို ပြောပြခဲ့ပါတယ်။ သမီလေးကြီးလာရင် သူ့အမေဟာ ပြည့်တန်ဆာဖြစ်ခဲ့ တယ်။ ပြည့်တန်ဆာရုံတွေမှာ လုပ်ခဲ့တယ်ဆိုတဲ့ အများက နှိမ့်ချမယ့် စကားတွေကို သူ့သမီးလေး မကြားစေရဘူးတဲ့၊ ဒါကြောင့် ညဈေးတွေမှာ ကလေးငယ်လေးကို ပိုက်ရင်း နေပူမိုးရွာမရှောင် ညဥ့်နက်သန်းခေါင်ကျော် အထိ တောင်းရမ်းနေရှာ တယ်။ ငွေလေး အနည်းငယ် စုမိရင် မြ၀တီဘက်ပြန်ပြီး ခြံအလုပ် လုပ်ကိုင်စားသောက်မယ်လို့ ဆိုပါတယ်။
အခုဆိုရင် ချိုချိုစမ်းနဲ့ သူမရဲ့ သမီးငယ်လေးဟာ အမျိုးသမီး အဖွဲ့အစည်းတစ်ခုရဲ့ အရိပ်အမိုးအောက်မှာ ဘ၀လုံခြုံစွာနဲ့ နေထိုင်နေ ပါပြီ။
ချိုချိုစမ်းလို ကလေးပြည့်တန်ဆာလေးတွေ ထိုင်း - မြန်မာနယ်စပ်မှာ ဘယ်လောက် အရေအတွက်အထိ ရောက်နေကြပြီလဲ --- ။
                                                          

မိခင်ဖခင်တို.ကိုပြစ်မှားစော်ကားလျှင်

မိတ်ဆွေတစ်ယောက်နှင့်အွန်လိုင်းမှာစကားလက်စုံကြမိရင်းသူကတောင်းဆိုလာသည်။အမေ့ကျေးဇူးကို
ဖွဲ့နွဲ့ရေးသားထားတဲ့ဆောင်းပါးမျိုးတွေခဏခဏဖတ်ဘူးတယ်၊အဖေ့ကျေးဇူးနဲ့ပတ်သက်ရင်ရေးသားတာ၊ ဖွဲ့နွဲ့တာမျိုးတွေနဲပါးတယ်ဆိုတဲ့အကြောင်းပြောပြီးစာရေးသူကိုအဖေ့ကျေးဇူးနဲ့ပတ်သက်တဲ့
ဆောင်းပါးလေးတခုလောက်ရေးပေးဖို့တောင်းဆိုလာသည်။ကြိုးစားကြည့်မည်ဟုပြောလိုက်ပေမယ့်
တကယ်ရေးမည်ဆိုသောအခါဘာရေးရမှန်းမသိတော့။မိဘကျေးဇူးတို့မှာမိမိအတွက်တော့စကားလုံး
ဖြင့်ထုတ်ပြဖို့မဖြစ်နိုင်လောက်အောင်များပြားလှသည်သာဖြစ်ပါသည်။များပြားလွန်းလှသောမိခင်ဖခင်
တို့၏ကျေးဇူးအနန္တဂုဏ်အင်ကိုထုတ်ပြဖို့ဆိုသည်မှာစာရေးသူအနေနှင့်တကယ်မစွမ်းဆောင်နိုင်လှပါ။
ထို့ကြောင့်မိဘကျေးဇူးဆိုတာကိုထုတ်ဖော်ရေးသားဖို့မစွမ်းနိုင်လှပေမယ့်အမိအဖကိုစော်ကားလျှင်
ကျေးဇူးရှင်ကိုပြစ်မှားလျှင်တော့ရရှိနိုင်မယ့်အပြစ်ဆိုးကျိုးတွေကိုတော့ထုတ်ပြချင်နေမိသည်။
ပြီးခဲ့သောရက်အနည်းခန့်ကဘယ်မှမသွားဖြစ်ဘဲကျောင်းမှာအေးအေးဆေးဆေးနေပြီးသတင်းစာစောင်
တစ်ခုကိုဖတ်နေခိုက်အတူနေမိတ်ဆွေရဟန်းတစ်ပါးကပြည်ပနိုင်ငံတခုမှာသားကအဖေကိုသတ်လိုက်
တယ်ဆိုတဲ့အကြောင်းကိုစာစောင်တစ်ခုမှာဖတ်လိုက်ရသည်ဆိုတဲ့အကြောင်းလာပြောသည်။ကိုယ့်နိုင်ငံမှာ
ဖြစ်တာမဟုတ်တဲ့အတွက်ကြောင့်စာရေးသူအနေနဲ့ထိုအကြောင်းအရာနဲ့ပတ်သက်ပြီးဘာမှအကျယ်တ၀င့်
မပြောဖြစ်ခဲ့။အတွေးထဲမှာတော့ငယ်စဉ်ကတွေ့မြင်ကြုံတွေ့ခဲ့ဘူးတဲ့အဖြစ်အပျက်လေးတစ်ခုကိုအမှတ်ရမိသည်။
နာမည်ကမောင်ဆန်းတဲ့အမည်နဲ့လိုက်အောင်ဆန်းတာတော့တော်တော်ဆန်းသည်ကောင်းတဲ့နေရာမှာ ဆန်းတာတော့မဟုတ်ဆိုးတဲ့နေရာမှာသူမတူအောင်ဆန်းခြင်းဖြစ်၏။မနက်မိုးလင်းတာနဲ့အရက်နဲ့
မျက်နှာသစ်ပြီးနေပြီနေ့စဉ်နဲ့အမျှမူးယစ်သောင်းကျန်းကာမိခင်ဖခင်တို့အားမကြားဝံ့မနာသာအော်ဟစ်ဆဲဆို
နေသည့်အသံကိုသူ့အိမ်နားကဖြတ်သွားသူတိုင်းကြားနေရသည်။ရပ်ရွာရှိလူအများမှအစတွင်
ဝိုင်းဝန်းဆုံးမတာမျိုးရှိပေမယ့်မည်သူမှဆုံးမ၍မရ။တရွာလုံး၏အော်ကျော့လန်ဖြစ်လာပြီးအားလုံးက
ဝိုင်းကျဉ်ထားလိုက်ကြသည်။နောက်ဆုံးဘယ်လောက်ထိဆိုးလာသလဲဆိုရင်ဖခင်ကို ဓားနဲ့လိုက်ပြီးသတ်ဖို့
ကြိုးစားလာသည်။ဘေးပတ်ဝန်းကျင်မှလူအများ၏၀င်ရောက်ကူညီမှု့ကြောင့်ဖခင်ကြီးခဗျာသေဘေးမှ
လွတ်ရရှာ၏။နေ့စဉ်နဲ့အမျှမိဘကိုအမျိုးမျိုးစိတ်ဆင်းရဲအောင်လုပ်ပြီးကျေးဇူးရှင်ကိုပြစ်မှားနေသော
ထိုငမိုက်သားမောင်ဆန်းလူ့ဘ၀မှာကြာကြာမနေလိုက်ရငယ်ငယ်ရွယ်ရွယ်ဖြင့်အသေဆိုးနှင့်သေကာ
လူ့လောကကြီးမှထွက်ခွါသွားရရှာပါသည်။မောင်ဆန်း၏အဖြစ်အပျက်ကိုကြည့်ပြီးမိဘကိုစော်ကားလျှင်
ငယ်ငယ်ရွယ်ရွယ်နဲ့သေဆုံးရတတ်ကြောင်း၊ရောဂါဘယထူပြောကြောင်း၊ဘေးဆိုးအန္တရာယ်ဆိုး
တွေနဲ့ အမြဲကြုံတွေ့ရကြောင်း စသည်စသည်.. ဖြင့်လူကြီးသူမများမှဆိုဆုံးမှု့များကိုပြန်လည်မြင်ယောင်
နေမိသည်။
ဤသို့ဖြင့်စာရေးသူ၏အတွေးများကလွန်ခဲ့သည်လကသွားရောက်ခဲ့သည့် မြန်မာပြည်၏ရှေးဟောင်းယဉ်
ကျေးမှု့မြို့တော်ကြီးပုဂံသို့ ရောက်ရှိသွားပြန်သည်။စာရေးသူရောက်ဖူးသမျှနေရာဒေသအားလုံးတို့အထဲ
တွင်ပုဂံမြို့လောက်အနှစ်သာရ၊ရသနှင့်ခံစားမှု့မျိုးစုံပေးနိုင်တဲ့နေရာဘယ်နေရာမှမရှိသေးဟုထင်မိသည်
ရှေးမြန်မာဘုရင်များ၏ အတွေးအခေါ်၊ ပညာရှင်များ၏အနုပညာလက်ရာများကမြင်ရသူတိုင်းမချီးကျူးဘဲ
မနေနိုင်လောက်အောင်ထူးခြားဆန်းပြားလှသည်။ဘယ်နေရာကြည့်ကြည့်လက်ညိုးထိုးမလွဲဘုရားစေတီ
ပုထိုးများကကမ္ဘာ့အလယ်တွင်မြန်မာဟူ၍ဂုဏ်ယူဝံ့ကြွားစွာပြသနေသောအဓိကသော့ချက်တခုဖြစ်နေ၏။
မိမိကိုယ်ကိုလည်းမြန်မာပြည်မှာလူလာဖြစ်ရတာကိုဂုဏ်ယူဝမ်းမြောက်မဆုံးဖြစ်နေမိသည်။
ပုဂံဘုရားများထဲတွင်ပုဂံခေတ်မှယခုအချိန်ထိမပြုမပြင်မပျက်မစီးဘဲတည်ရှိနေသောဓမ္မရံကြီးဘုရားသို့
ရောက်သောအခါတွေ့ရသောအနုပညာလက်ရာများ၊ဘုရားကြီး၏ထုထည်၊ဘေးပတ်လည်တွင်ရှိသော
မဟာရံတံတိုင်းကြီးကစာရေးသူအဖို့တော့တော်တော်အံ့အားသင့်စေခဲ့၏။ဘုရားကြီးကို တည်ဆောက်ခဲ့သောဘုရင်ကိုလည်းစိတ်ဝင်စားမိသည်။ဘုရားဖူးရာတွင်အတူပါလာသောမိတ်ဆွေ ကိုမင်းသူရိန်မှဓမ္မရံကြီးဘုရား၏တည်ဆောက်ပုံ၊အနုပညာလက်ရာများ၊သမိုင်းကြောင်းစသည်တို့ကို လိုက်လံရှင်းပြပါသည်။ဓမ္မရံကြီးဘုရားကိုတည်ဆောက်သူဘုရင်နရသူသည်အဖေကိုသတ်တဲ့မင်း၊ အကိုဖြစ်သူကိုသတ်တဲ့မင်း၊ဘုရားကြီးတည်ဆောက်ရာတွင်လည်းအုပ်စီရာတွင်မသေသပ်ပါက
လက်ဖြတ်သတ်ဖြစ်ကြောင်း၊နရသူလက်ထက်တွင်ကောင်းတာဆို၍ဒီဘုရားတည်တာတခုသာရှိကြောင်း
ပြောပြလာသောအခါပို၍မင်သက်အံ့သြမိသည်။နောက်ပိုင်းတွင်ဘုရင်နရသူအကြောင်းကိုလေ့လာကြည့်မိသော အခါတွင်တော့အလွန်ဆိုးသောမင်းဆိုးမင်းညစ်ဖြစ်ကြောင်းတွေ့ရပေ၏။ဖခင်ကိုသတ်သောနရသူ၏
ဇာတ်သိမ်းခန်းတွင်အသေဆိုးနဲ့သေရကြောင်းတွေ့ရပေ၏။ဓမ္မရံကြီးဘုရားကိုယခုလိုမျိုးပေါ်ပေါက်လာအောင် တည်ဆောက်သူမှာဘုရင်နရသူရဲ့အတွေးအခေါ်ဥာဏ်ပညာဖြင့်တည်ဆောက်သလော၊သို့တည်းမဟုတ် ပညာရှိအမတ်အနန္တသူရိယအမတ်ကြီး၏ဥာဏ်ပညာတို့ဖြင့်တည်ဆောက်ခဲ့လေသလောဟုသို့လောသို့လော
နှင့်စာရေးသူ၏အတွေးများထဲယခုအချိန်ထဝေခွဲမရဘဲရှိနေမိသည်။
ဓမ္မရံကြီးဘုရားကိုလေ့လာလို့ပြီးသောအခါစာရေးသူတို့အဖွဲ့သည်နောက်ဘုရားတဆူသို့သွားရောက်လေ့
လာဖို့ ထွက်ခဲ့ကြပြန်၏။ကားပေါ်ရောက်သောအခါကိုလင်းအောင်ပြည့်မှယခုသွားရောက်မယ့်ဘုရားမှာ
ပြဿဒ်ကြီးဘုရားဖြစ်ကြောင်း၊ပြဿဒ်ကြီးဘုရားကိုတည်ဆောက်သောဘုရင်မှာမြန်မာတို့၏အယူအဆ
တခုဖြစ်သောရက်ရာဇာ၊ပြဿဒါးနေ့များကိုဆန့်ကျင်ပြီးအုတ်ဖုတ်သောနေ့၊ပန္နက်ချသောနေ့၊စတင်တည်
ဆောက်သောနေ့၊နေကဇာတင်သောနေ့စသည်တို့ကိုပြဿဒါးနေ့မှာချည်းပဲလုပ်ဆောင်ခဲ့ကြောင်း
ပြောပြလာသောအခါစိတ်ထဲတွင်အလွန်ကြည်နူးမိသည်။ဘုရားကြီးဖူးမြော်လေ့လာအပြီးကားပေါ်ပြန်
ရောက်သောအခါအတူပါလာသောဒကာဒကာမများနှင့်ဘုရားကြီးအကြောင်းနဲ့ပတ်သက်ပြီးဆွေးနွေးပြောဖြစ်ကြပါသည်။
“ ပုဂံဘုရားတွေထဲမှာဒီပြဿဒ်ကြီးဘုရားကိုနာမည်နဲ့သမိုင်းကြောင်းကြားတာနဲ့တင်ဦးဇင်းတော့
တော်တော်သဘောကျမိတယ်”
“ ဘာဖြစ်လို့လဲ ဦးဇင်း၊ ဦးဇင်းကလည်း ပြဿဒါးနေ့တွေဆိုတာမျိုးကို အယုံအကြည်မရှိလို့လား”
“ဟုတ်တယ်ဒကာမကြီး၊ရက်ရာဇာ၊ပြဿဒါးဆိုတဲ့နေ့မျိုးတွေကိုငယ်ငယ်ကတည်းကအယုံအကြည်
မရှိဘူး၊အလုပ်တခုကိုရက်ရာဇာနေ့မှာလုပ်ရင်အောင်မြင်မယ်၊ပြဿဒါးနေ့မှာလုပ်ဆောင်ရင်အဆင်
မပြေဘူးဆိုတဲ့မြန်မာတွေလက်ခံယုံကြည်ထားတာမျိုးကိုဦးဇင်းအနေနဲ့သဘောမကျမိဘူး၊ဘယ်လိုနေ့မျိုး
မှာဘဲလုပ်လုပ်ကောင်းတဲ့အလုပ်မျိုးလုပ်တယ်ဆိုရင် အဲဒီနေ့မျိုးဟာမင်္ဂလာရှိသောနေ့ပဲလေ၊ပြဿဒါးတွေ
ရက်ရာဇာတွေရွေးနေစရာမလိုပါဘူး”
ဤသို့ဖြင့်ဘုရားအကြောင်းစသည်များပြောလိုက်၊ဟိုဟိုဒီဒီပြောဖြစ်ကြရင်းနဲ့နောက်ဘုရားတဆူသို့ဆက်
လက်ထွက်ခွါဖြစ်ခဲ့ကြပြန်သည်။အာနန္ဒာဘုရားသို့ရောက်သောအခါတွင်လည်းအာနန္ဒာဘုရား၏အနုပညာ
လက်ရာများကိုလေ့လာပြီးအတူပါလာသောမိတ်ဆွေများဖြစ်သည့် နိုင်လင်း၊မြူငှက်တို့နဲ့ စကားလက်ဆုံ
ကြမိပြန်သည်။
“ပုဂံဘုရားတွေကိုလေ့လာကြည့်မိသမျှဘယ်ဘုရားပဲကြည့်ကြည့်တခြားသောအယူဝါဒမျိုးတွေရောယှက်
နေတာမျိုးမတွေ့ရဘူး။အရပ်ရှစ်မျက်နှာ၊ ဂြိုလ်ပြေနံပြေဘုရားဆိုတာမျိုးတွေလည်းမတွေ့ရဘူး၊ဒါကို
ကြည့်ခြင်းအားပုဂံခေတ်ကaထရ၀ါဒဟာလုံးဝစစ်မှန်တယ်ဆိုတာပုဂံဘုရားတွေကသက်သေပြနေတာပဲ”
“ဟုတ်တယ်ဦးဇင်း၊တပည့်တော်လည်းအဲဒါပဲစဉ်းစားနေတာ၊ဘယ်ဘုရားပဲကြည့်ဟိုဘက်ဒီဘက်
လေးမျက်နှာလောက်ပဲထားတယ်၊အဲဒီနေရာတွေမှာလည်းဗုဒ္ဓရုပ်ပွါးတော်ပဲရှိတာတခြားသောအယူဝါဒ
တွေဝင်ရောထားတာမျိုးဘာမှမတွေ့ရဘူး၊ဒါနဲ့ဒီအာနန္ဒာဘုရားမှာခြေင်္သေ့တွေတွေ့တယ်၊ဘုရားရှေ့မှာ
ခြေင်္သေ့ကိုဘာဖြစ်လို့ ထားကြတာလဲ”
“အရင်ရှေးမြန်မာမင်းတွေလက်ထက်တုန်းကပေါ့ကွာ၊ဘုရင့်သမီးတော်တစ်ယောက်ဟာတောထဲမှာ
ခြေင်္သေ့နဲ့အကြောင်းပါးပြီး၊သီဟဗာဟုလို့အမည်ရတဲ့မင်းသားလေးတစ်ပါးဖွါးမြင်ခဲ့တယ်။
အဲဒီမင်းသားလေးကြီးလာတဲ့အခါတောအရပ်မှာမနေချင်တော့လို့ခြေင်္သေ့ကြီးအစာရှာထွက်တဲ့
အချိန်မှာမိခင်ကိုခေါ်ပြီး၊သူ့ရဲ့ဘိုးတော်များရှိတဲ့မင်းနေပြည်တော်ဆီပြန်သွားတာပေါ့။ခြေင်္သေ့ကြီး
ပြန်လာတဲ့အခါမှာသူ့သားကိုမတွေ့တော့လိုက်ရှာရင်းနဲ့လူတွေနေတဲ့နေရာဆီရောက်လာပြီးသောင်းကျန်း
တော့တာပဲ။အဲဒီအချိန်မှာသီဟဗာဟုမင်းသားဟာသူရဲ့ဖခင်ခြေင်္သေ့ကြီးကိုပြန်သတ်တော့တာပဲ။
သီဟဗာဟုမင်းဖြစ်လာတဲ့အခါမှာခေါင်းကိုက်တဲ့ဝေဒနာကိုကြီးစွာခံစားရလို့၊မင်းနေပြည်တော်မှာရှိတဲ့
အကောင်းဆုံးသမားတော်တွေနဲ့ကုလည်းမပျောက်ဘူးပေါ့။အဲဒီတော့ပညာရှိအမတ်တွေကပြောကြတယ်
ဖခင်ခြေင်္သေ့ကိုသတ်လို့ခေါင်းကိုက်တဲ့ဝေဒနာကိုခံစားရတာပဲ။ခေါင်းကိုက်ဝေဒနာပျောက်သွားအောင်
ဘုရားရဲ့ရှေ့မှာခြေင်္သေ့ရုပ်ကိုတည်းထားကိုးကွယ်ပြီးဝန်ချတောင်းပန်မှဒီဝေဒနာပျောက်မယ်ဆိုတော့
အဲဒီသီဟဗာဟုကအစပြုပြီးခြေင်္သေ့တွေဘုရားရှေ့မှာပေါ်လာတာလို့စာအုပ်တွေထဲမှာတော့ဖတ်ဘူး
တယ်။တနည်းအားဖြင့် မိဘရဲ့ဂုဏ်ကျေးဇူးကို အောက်မေ့နိုင်အောင်ပေါ့ကွာ။မိခင်ဖခင်ဟာဘာပဲဖြစ်နေ
ဖြစ်နေသာသမီးကသတ်တယ်ဆိုရင်တော့မာတုဃာတကကံပိတုဃာတကကံထိုက်ပြီးသေရင်တော့
အ၀ိစိရောက်မှာပါပဲ”ဟုရှင်းပြဖြစ်ခဲ့ပါသည်။ဖခင်ကိုပြစ်မှားလျှင်၊ဖခင်ကိုစော်ကားလျှင် ယခုဘ၀မှာလည်းကောင်းကျိုးမပေး၊ဆိုးကျိုးတွေပဲကြုံတွေ့ရတတ်ကြောင်း၊သေလွန်သည့်အခါမှာလည်း အ၀ိစိငရဲရောက်ရကြောင်းကိုဘုရားရှင်လက်ထက်ကဖခင်ဗိမ္ဗိသာရကိုသတ်သောအဇာတသတ် မင်းသားကိုကြည့်၍လည်းသိနိုင်ပေ၏။အဇာတသတ်သည်ယခုဘ၀တွင် မဂ်ဖိုလ်ရနိုင်သောသူဖြစ်ပါလျှက်ဒေ၀ဒတ်ကိုဆရာတင်မှားမိသောကြောင့်၊ဖခင်ကိုသတ်
ကာအ၀ိစိငရဲသို့သွားရရှာပါသည်။ဆရာအတင်မှားလျှင်အပါယ်ငရဲရောက်နိုင်တတ်ကြောင်းစာဖတ်သူ
များကောင်းကောင်းသတိချပ်အပ်ပါ၏။ဗိမ္ဗိသာရမင်းကြီးကိုအဇာတသတ်သတ်သည်ဟုသာလူတော်
တော်တော်များကသိထားကြပါသည်။အဇာတသတ်ကိုကောဘယ်သူသတ်သလဲဆိုတာသိသူနည်းမည်
ထင်မိပါ၏။သာမညဖလသုတ္တန်တွင်အောက်ပါအတိုင်းတွေ့ရပါသည်…

“အဇာတသတ္ထု ဗိမ္ဗိသာရံ ဃာတေသိ။ ဥဒယော အဇာတသတ္ထုံ၊ တဿ ပုတ္တော မဟာမုဏ္ဍိကော နာမ
ဥဒယံ၊ တဿ ပုတ္တော အနုရုဒ္ဓေါနာမ မဟာမုဏ္ဍိကံ၊ တဿ ပုတ္တော နာဂဒါသော နာမ အနုရုဒ္ဓံ။
နာဂဒါသံ ပန “၀ံသစ္ဆေဒက ရာဇာနော ဣမေ၊ ကိံ ဣမေဟိ” တိ၊ ရဌ၀ါသိနော ကုပိတာ ဃာတေသုံ”
                                                                        (သီ၊ ဌ၊ သာမညဖလသုတ္တ)

ဗိမ္ဗိသာရ ကို အဇာတသတ်မင်းသားက သတ်၏။
အဇာတသတ် ကို သားဖြစ်သူ ဥဒယဘဒ္ဒ မင်းသားက သတ်၏။
ဥဒယဘဒ္ဒ ကို သားဖြစ်သူ မဟာမုဏ္ဍိက မင်းသားက သတ်၏။
မဟာမုဏ္ဍိက ကို သားဖြစ်သူ အနုရုဒ္ဓ မင်းသားက သတ်၏။
အနုရုဒ္ဓ ကို သားဖြစ်သူ နာဂဒါသ မင်းသားက သတ်၏။
နာဂဒါသမင်းသား၏လက်ထက်တွင်မူတိုင်းသူပြည်သားများကဒီမင်းတွေကအနွယ်ကိုဖျက်တဲ့မင်းတွေပဲ။
ဖခင်ကိုသတ်တဲ့မင်းဆိုးမင်းညစ်တွေပဲဟုဆိုကာတိုင်းသူပြည်သားအပေါင်းမှနာဂဒါသကိုသတ်ပစ်လိုက်
ကြပါသည်။ထိုအခါမှစ၍အဇာတသတ်၏မျိုးဆက်လည်းပြတ်သွားသည်ကိုတွေ့ရပေ၏။
ဤသာဓကတို့ကိုကြည့်ပါကဖခင်ကိုစော်ကားလျှင်၊ဖခင်ကိုသတ်လျှင်ယခုပစ္စုပ္ပန်ဘ၀တွင်လည်း
အသေဆိုးနဲ့သေရကြောင်းတွေ့ရပေ၏။သေလွန်သည့်အခါတွင်လည်းအ၀ိစိငရဲသို့မလွဲမသွေ
ရောက်ရကြောင်းတွေ့ရပေ၏။အချုပ်အားဖြင့်ဆိုချင်သည်မှာစာဖတ်သူအပေါင်းသူတော်ကောင်းများသည်
မိခင်ဖခင်တို့၏ကျေးဇူးကိုမပေးဆပ်နိုင်လျှင်တောင်မှမိခင်ဖခင်တို့အပေါ်တွင်မပြစ်မှားမိဖို့၊
မစော်ကားမိဖို့ စာရေးသူအနေနဲ့ တိုက်တွန်းချင်ပါသည်။
မိခင်ဖခင်တို့၏ဂုဏ်ကျေးဇူးကိုတတ်စွမ်းနိုင်သမျှပေးဆပ်နိုင်သောသားကောင်းရတနာ၊သမီးကောင်း
ရတနာလေးများ ဖြစ်နိုင်ကြပါစေဟုလည်းဆုတောင်းမေတ္တာပို့သမိပါ၏။
                                                                                      အရှင်ဝရသာမိ(မုံရွာ)

ချစ်သူများနေ.လက်ဆောင်...

လပြည့်ဝန်းပလာဇာရှေ့မှာကားငှားဖို့စောင့်နေတဲ့၊အဖြူရောင်တီရှပ်ပေါ်မှာအသည်းပုံLove၊Lifeစာတန်း ထိုးထားတဲ့ဆင်တူအင်္ကျီဝတ်စုံတွဲကိုကြည့်ပြီးဒီနေ့တရက်တော့ချစ်သူကိုသတိရမိတယ်လို့သူ့ချစ်သူနဲ့ လမ်းခွဲခဲ့ပြီးသူမကေခိုင်ကဆိုပါတယ်။
ဒီနေ့အတွက်သူ့မှာဘာအစီအစဉ်မှမရှိပေမယ့်ကော်ဖီဆိုင်မှာအတူတူထိုင်ပြီးစကားဖောင်ဖွဲ့နေတဲ့စုံတွဲတွေ၊
ရှော့ပင်းစင်တာထဲမှာလှည့်ပတ်သွားလာပြီးဈေးဝယ်နေတဲ့စုံတွဲတွေ၊ဂိမ်းပြိုင်ပွဲဝင်နေတဲ့စုံတွဲတွေ၊ လက်ဆောင်အပြန်အလှန်လဲလှယ်နေတဲ့စုံတွဲတွေကိုမနက်အလုပ်လာကတည်းက
တောက်လျှောက်တွေ့ရတာကတော့ကြည်နူးစရာကောင်းတယ်လို့လပြည့်ဝန်းပလာဇာမှာအရောင်း ၀န်ထမ်းလုပ်ကိုင်နေတဲ့သူကဆက်ပြောပါတယ်။
 “အလုပ် တရက်ပျက်ရင်တရက်စာဖြတ်တော့ချစ်သူရှိသေးရင်လည်း
ဒီနေ့လည်ဖြစ်မယ်မထင်ဘူး” လို့မကေခိုင်က ဆိုပါတယ်။
မြန်မာနိုင်ငံဟာစီးပွားရေး၊နိုင်ငံရေးပြဿနာတွေကြောင့်ပြင်ပကမ္ဘာနဲ့တော်တော်လေးအဆက်ပြတ်၊ အထီးကျန်နေခဲ့ပေမယ့်လည်းလွန်ခဲ့တဲ့၁၀နှစ်လာက်ကစတင်ပြီးလူငယ်ထုကြားမှာခေတ်စားလာတဲ့ ချစ်သူများနေ့မှာတော့ ပန်းစည်းတွေပေးတာ၊ချောကလက်ကျွေးတာ၊ပို့စ်ကတ်
လဲလှယ်ကြတာစတဲ့အလေ့အထတွေကတော့ပိုများလာတာတွေ့ရပါတယ်။
 အဲဒီလက်ဆောင်တွေရဲ့အောက်မှာဖုံးကွယ်နေတဲ့အမှတ်တရလက်ဆောင်တခု
ရှိနေပါတယ်။ဒါကတော့ အပျို၊ လူပျို ဘ၀ကိုစွန့်လွှတ်ပြီးအဲဒီနေ့မှာချစ်သူနဲ့အတူတူ
စနေမယ်ဆိုတဲ့အလေ့အထမြန်မာပြည်မှာရှိနေပြီဆိုတာပါပဲ။(ရာနှုန်းပြည့်တော့မဆိုလိုပါဘူး)
 “ကျနော်သတိထားမိသလောက်သိပ်မကြာသေးဘူး။၃ နှစ်လောက်ပဲရှိဦးမယ်။
အဲဒီနေ့ဆိုတည်းခိုခန်းကအချိန်ပိုင်းနဲ့တင်ဝင်ငွေတ်ာတော်ဖြောင့်တာ။တချို့ဆို
အခန်းပတ်ရှာတာမရလို့ဒီမှာပဲထိုင်စောင့်နေရတဲ့အထိပါရှိတယ်”လို့ ကန်တော်ကြီးအနီးမှာ
ရှိတဲ့ ဟိုတယ်တစ်ခုရဲ.ဟိုတယ် ၀န်ထမ်းတဦးကပြောပါတယ်။
အဲဒီနေ့မှာအဆင့်မြင့်ဟိုတယ်ကြီးတွေမှာထက်မိုတယ်တွေ၊တည်းခိုခန်းတွေ၊အင်းတွေ မှာ
အခန်းရဖို့မသေချာဘူးလို့သူကဆိုပါတယ်။
 ဒီလိုထွန်းကားလာတာကြောင့်လည်းပန်းခြံ၊စားသောက်ဆိုင်နဲ့ရှော့ပင်းမောလ်ကပရိုမိုးရှင်းပွဲတွေ၊ ချစ်သူများနေ့စင်တင်တေးဂီတဖျော်ဖြေပွဲတွေအပြင်
တည်းခိုခန်းနဲ့မိုတယ်တွေမှာအဲဒီနေ့ဆိုအခန်းအပြည့်ငှားရတဲ့အထိရှိနေတယ်လို့ဟိုတယ်ဝန်းထမ်းတွေမှ သိရပါတယ်။“သန်လျင်လို တည်းခိုခန်းနဲ့ ဟိုတယ်ပေါတဲ့ နေရာမှာတောင်အဲဒီနေ့ဆို
အခန်းရဖို့ မလွယ်ဘူး” လို့သန်လျင်မြို့နယ်သီလဝါဆိပ်ကမ်း MITT က အရာရှိ တဦးဖြစ်တဲ့
ကိုကျော်မင်းဆွေက ပြောပါတယ်။
ချောကလက်နဲ့ပန်းစည်းပေးတာတွေက ၁၄ နှစ်အောက်လူငယ်တွေကြားမှာပဲ
ရှိတော့တဲ့ အလေ့အထဖြစ်တယ်လို့သူက ဆိုပါတယ်။
ယုဇနပလာဇာအနောက်ဘက်က တောင်ပေါ်သား တည်းခိုခန်း၊ မြေနီကုန်းနားက
Motherland၊Summerplace၊စမ်းချောင်းကအကယ်ဒမီ၊ဖိုးစိန်လမ်းပေါ်ကဟိုတယ်တွေ၊အင်းတွေမှာဆိုလည်း စုံတွဲတွေအပြည့်လို့ သိရပါ တယ်။
ရန်ကုန်ကအထက်တန်းကျောင်းသားတဦးဖြစ်တဲ့ဇေယျာကတော့သာမန်နေ့တွေမှာထက်ချစ်သူများနေ့မှာ
စုံတွဲတွေအတူအိပ်ကြတာအဓိပ္ပာယ်ပိုရှိတယ်၊ပိုပြီးလေးနက်မှုကိုပြတယ်လို့ဆိုပါ တယ်။
“လွန်ခဲ့တဲ့၅နှစ်လောက်ကဆိုရင်တော့မယူဖြစ်ရင်အတူတူနေတယ်ဆိုတာ မိန်းကလေးရော၊ယောက်ျားလေး အတွက်ပါနစ်နာတယ်ဆိုတဲ့စကားကမှန်ပါသေးတယ်။အခုခေတ်မှာတော့မြို.နေအသိုင်းအ၀န်းမှာဆို ဒီလိုကိစ္စကိုလက်မခံတော့ပါဘူးလို့” သူကပြောပါတယ်။
အခုခေတ်မှာလူငယ်တွေကအတူတူနေတဲ့ကိစ္စကိုပွင့်လင်းတယ်လို့မြင်လာလက်ခံလာပြီးသူတို့ ဆယ်ကျော်သက်တွေ အလယ်မှာတော့ဖြစ်သင့်တဲ့ သဘာဝ တခုလို့မြင်တယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့အိမ်နီးချင်းထိုင်းနိုင်ငံမှာဆိုရင်ချစ်သူများနေ့ဆိုတာစောင့်ဆိုင်းရတဲ့ ရက်တရက်လို့ပြောကြပါတယ်။ထိုင်းမှာရှိတဲ့အထူးနေ့ထူးနေ့မြတ်တွေအမျိုးစုံရှိတဲ့ကြားထဲကထိုင်းတွေဟာ လည်းချစ်သူများနေ့ကိုနေ့ထူးနေ့မြတ်တရက်လိုသတ်မှတ်ထားကျင်းပကြတာ ၁၀ စုနှစ်တခုလောက်ရှိပါပြီ။
စေ့စပ်ပွဲတွေ၊လက်ထပ်ပွဲတွေကအဲဒီနေ့မှာအများဆုံးကျင်းပတတ်ကြသလို၊
ချစ်သူတွေလည်း အဲဒီနေ့ကနေစပြီးအတူတူနေကြပါတယ်။အဲဒီနေ့ဟာထိုင်းတနိုင်ငံလုံးမှာ
ကွန်ဒုံးအရောင်းရဆုံးနေ့လို့လည်းသိရပါတယ်။ထိုင်းလူမျိုးတွေကချစ်သူများနေ့အတွက်
အကုန်အကျခံကြတဲ့ပိုက်ဆံတွေကမနည်းပါဘူး။
ချစ်သူများနေ့ဟာအနောက်နိုင်ငံကအစပြုခဲ့တဲ့၊မြန်မာ့ယဉ်ကျေးမှုမဟုတ်ပေမယ့်ချစ်သူတွေအချင်းချင်း လက်ဆောင်တွေဖလှယ်ကြတာ၊ပန်းကလေးတွေ၊ကဗျာကလေးတွေပို့ပေးကြတာ ကြည်နူးစရာကောင်းပါတယ်လို့စာရေးဆရာမ နုနုရည် (အင်းဝ) ကဆိုပါတယ်။ဒါပေမယ့်
စီးဆင်းလာတဲ့ယဉ်ကျေးမှုမှာမလိုလားအပ်တဲ့ဆိုးကျိုးတွေကိုသတိမူသင့်တယ်လို့ပြောပါတယ်။
“အဲဒီရေစီးကြောင်းကြီးထဲကိုတိုက်စားပွတ်တိုက်ပြီးပါမသွားစေချင်တာကတော့
Virgin ဆိုတဲ့ အပျိုစင်ဂုဏ်လေးပါပဲ။စောင့်ထိန်းနိုင်ခြင်းတန်ဖိုး၊မိမိကိုယ်ကိုယ်
ယုံကြည်မှုတန်ဖိုး၊သိက္ခာတန်ဖိုး၊ယဉ်ကျေးမှုတန်ဖိုးတွေနဲ့ ပြည့်စုံနေတဲ့ အပျိုစင်
ဆိုတဲ့ ဂုဏ်လေးကိုမြန်မာမိန်းကလေးငယ်တွေဂုဏ်ယူစွာနဲ့စောင့်ရှောက်ထိန်းသိမ်းစေချင်ပါတယ်”
လို့ မြန်မာစာ ဆရာမတဦးလည်းဖြစ်တဲ့ စာရေးဆရာမ နုနုရည် (အင်းဝ) ကဆိုပါတယ်။
ဆရာမနုနုရည်ကသူ့ကိုရှေးဆန်လိုက်တာလို့ပြောချင်ပြောပါစေ၊ရယ်စရာလို့လည်းထင်ကောင်းထင်မယ်၊ ဒါပေမယ့်ကိုယ့်ယဉ်ကျေးမှုဆိုတာကိုထိန်းသိမ်းစောင့်ရှောက်ချင်တဲ့၊ကိုယ့်ယုံကြည်မှုသိက္ခာကို တန်ဖိုးထားချင်တဲ့မြန်မာမိန်းကလေးတွေအနေနဲ့ ကတော့ နားလည်လောက်မယ်
ထင်ပါတယ်လို့ဆက်ပြောပါတယ်။တနင်္လာနေ့လိုပျားပန်းခတ်မျှရှုပ်ထွေးလှတဲ့ရန်ကုန်လမ်းတွေပေါ်မှာ
ဆင်တူအင်္ကျီဝတ်ဆင်ထားတဲ့စုံတွဲတွေ၊ချစ်သူများနေ့စင်တင်ဂီတဖျော်ဖြေပွဲကြော်ငြာဘေလ်ဘုတ်ကြီးတွေ၊ လမ်းမကြီးပေါ်အထိလျှံကျလာတော့မယ်ထင်ရတဲ့အင်းလျားကန်ပေါင်ကစုံတွဲတွေဟာ
ရန်ကုန်မြို့ရဲ့ချစ်သူများနေ့ပွဲတော်ကိုထင်ရှားပေါ်လွင်စေတဲ့ပြယုဂ်တွေပါပဲ။
ဒီလိုနေ့မှာစုံတွဲတွေအတူနေတာကြောင့်တည်းခိုခန်းတွေမှာအခန်းတွေမအားလပ်တဲ့အထိဖြစ်နေပေမဲ့
ကွန်ဒုံးတွေရဲ့ရောင်းအားကတော့သိသိသာသာ တက်မလာပါဘူးလို့လူငယ်ဆရာဝန်တဦးကပြောပါတယ်။
“ကွန်ဒုံးသုံးတာကိုကြေးစားဆန်တယ်လို့သဘောထားလို့လိင်ဆက်ဆံချိန်မှာကွန်ဒုံးမသုံးဖြစ်တာ များတယ်။
သုံးတဲ့ အချိန်ကလည်းကြေးစားလိင်အလုပ်သမမိန်းကလေးတွေနဲ့ နေတဲ့အချိန်ပဲ။လေ့လာရသလောက်
ချစ်သူတွေ၊သမီးရည်းစားတွေကြားထဲမှာကွန်ဒုံးမသုံးကြဘူး။အဲဒါနဲ့ပတ်သက်ပြီးလွဲမှားတဲ့
အမြင်တွေရှိတာကိုဘယ်လိုမှမတားဆီးနိုင်သေးဘူး” လို.ဆရာဝန်ငယ်ကပြောပါတယ်။
 မြန်မာနိုင်ငံနဲ့တခြားအိမ်နီးချင်းနိုင်ငံတွေကွာခြားတာကတော့မူလတန်းကျောင်းသား၊ကျောင်းသူ
အရွယ်ကတည်းကလိင်ပညာပေးသင်ခန်းစာတွေကိုအစိုးရကျောင်းတွေမှာသေသေချာချာသင်ကြားပေးတာပါ။ မြန်မာပြည်က အစိုးရကျောင်းတွေကတော့ယဉ်ကျေးမှုဆိုတဲ့တံတိုင်းနဲ့ဘောင်ခတ်ထားပြီးဒီလိုသင်ခန်းစာတွေကို ရှက်စရာလို့မြင်နေသေးတာတွေ့ရပါတယ်။ထိုင်းနိုင်ငံမှာဆိုရင်ဒီနေ့လိုချစ်သူများနေ့မှာဟိုတယ်တွေ၊ ကလပ်တွေမှာကွန်ဒုံး အခမဲ့ဝေတဲ့ဓလေ့မျိုး ရှိပါတယ်။ဒီမှာကတော့အလကားပေးရင်တောင်ပြန်ရောင်း
စားနေကြတာပါ။အမျိုးသမီး သတင်းထောက်တဦးက “အိမ်ထောင်ကွဲတွေကိုတွေ့ရတာ
များလို့လားတော့မသိဘူး။ယူလိုက်ပြီးမှအဆင်မပြေတာထက်အတူနေရင်းလေ့လာစေချင်တယ်။
တကယ်ချစ်တဲ့သူဆိုရင်တော့အစဉ်အလာတွေမထိန်းသိမ်းချင်ဘူး။ကိုယ့်မှာလည်းလွတ်လပ်ခွင့်
ရှိတယ်လေ။အပျိုစင်မဟုတ်တော့ပေမယ့်လည်းကိုယ့်ကိုချစ်တဲ့၊ကြိုက်တဲ့ယောက်ျားကယူလိမ့်မယ်”
လို့ပြောပါတယ်။ဒီလိုချစ်သူစုံတွဲတွေလက်မထပ်ခင်အတူတူနေတာနဲ့ပတ်သက်ပြီး
ဘာသာစကားသင်တန်းကျောင်းတကျောင်းမှာအင်္ဂလိပ်စာသင်ကြားနေတဲ့မကေဇင်သွယ်က“တရားဝင်
လက်ထပ်ထားတာမဟုတ်သေးတဲ့အတွက်အဲဒီလိုနေလိုက်ပြီးလို့မယူဖြစ်ကြတော့ရင်ယောက်ျားလေးက
ဘာမှမဖြစ်ဘူး။မိန်းကလေးပဲနစ်နာမှာလေ။မယူခင်အဲဒီအခွင့်အရေးကိုယောက်ျားလေးတွေကို
မပေးသင့်ဘူး။မြန်မာ့ယဉ်ကျေးမှုနဲ့ကြည့်ပြီးပြောရရင်လည်းမကိုက်ညီဘူး”လို့ ပြောပါတယ်။
မြန်မာပြည်မှာHIV/AIDS ရောဂါနဲ့ပတ်သက်လို့ပညာပေးနေတဲ့ NGO အဖွဲ့အစည်း PSI ရဲ့ဆက်သွယ်ရေး အရာရှိတဦးဖြစ်သလို၊ကျန်းမာရေးအသိပညာပေးစာပေတွေရေးသားနေတဲ့စာရေးဆရာမမြနှောင်းညိုက အချိန်မတိုင်ခင်သိပ်နုနယ်တဲ့အရွယ်မှာလိင်ဆက်ဆံတာကိုမလုပ်စေချင်ပါဘူးလို့ဆိုပါတယ်။
“လက်မထပ်ခင်အတူနေတဲ့အလေ့အထကိုခေတ်နဲ့လျော်ညီတဲ့ အကြံပေးရရင်မယူနိုင်သေးဘဲတအိမ်တည်းမှာအတူတူနေကြတဲ့အခိုက်အတန့်တယောက်နဲ့တယောက် သစ္စာရှိစေချင်တယ်။ကွဲသွားကြလို့မယူဖြစ်ရင် HIV စစ်ပေါ့” လို့ဆရာမမြနှောင်းညိုကဆက်ပြောပါတယ်။
ဒီအချိန်မှာတာ့မော်လမြိုင်မြို.ကအင်တာနက်ဆိုင်တဆိုင်မှာလွန်ခဲ့တဲ့ ၅ရက်လောက်ကတည်းကချစ်သူနဲ့တွေ့ဆုံစကားပြောနိုင်ဖို့အတွက်စက်တလုံး
ချန်ထားပေးဖို့တောင်းဆိုထားတဲ့ အသက် ၂၀ အရွယ် မနှင်းအိကတော့သူချိန်းဆိုထားတဲ့နာရီအတိုင်း
အရောက်သွားနိုင်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။
“လက်ဆောင် ကိုယ်တိုင်ကိုယ်ကျမပေးရပေမယ့်အင်တာနက်ကနေဒီမတိုင်ခင်ကတည်းက
ကြိုရှာထားတဲ့ Valentine ကတ် ကိုဒီနေ့ပို့ပေးလိုက်တယ်။ဖုန်းပြောချင်ပေမယ့်အိမ်ကိုတိုက်ရိုက်ခေါ်ဖို့ ဖုန်းကအဆင်မပြောတော့ဂျီတော့ခ်ကနေပဲပြောရတာပေါ့။ဒီနေ့အတွက်အမှတ်တရကသူများတွေလို
အကောင်အထည်ပြလို့မရတဲ့ချစ်စကားတွေပဲရှိတယ်လို့” သူကဆိုပါတယ်။
ချစ်သူသာအနားမှာရှိမယ်ဆိုရင်အတူတူလျှောက်လည်ပြီးတနေရာရာ
သွားဖို့ စီစဉ်မယ်၊သူကြိုက်တဲ့ ပန်းကိုအဲဒီနေ့မှာပေးဖို့တောင်းဆိုမယ်လို့မနှင်းအိကဆက်ပြောပါတယ်။
နိုင်ငံတ၀န်းလုံးကျင်းပနေတဲ့ချစ်သူများနေ့ဟာအနောက်နိုင်ငံတွေမှာဓလေ့တခုလိုဖြစ်နေပေမယ့်ကူးစက်ခံ အရှေ့တိုင်းနိုင်ငံတွေမှာကတော့ချစ်သူများနေ့ကိုပိုပြီးအမှတ်တရဖြစ်အောင်ဖန်တီးကြ တာတွေ့လာရပါတယ်။
ရောမခေတ်ကချစ်သူ၂ဦးကိုတိတ်တဆိတ်ထိမ်းမြားပေးခဲ့တာကြောင့်သေဒဏ်ပေးခံရတဲ့ဘုန်းတော်ကြီး
St. Valentine ကိုဂုဏ်ပြုတဲ့အနေနဲ့ဖေဖော်ဝါရီ ၁၄ ရက်နေ့ကိုချစ်သူများနေ့လို့သတ်မှတ်ခဲ့ကြပါတယ်။
ဒီအနောက်တိုင်းယဉ်ကျေးမှုကမြန်မာလူငယ်တွေရဲ့ယဉ်ကျေးမှုကိုစတင်ဖျက်ဆီးနေပြီလားဆိုတာကတော့စဉ်းစား စရာပါ။     ။
                                                              
                                                                          နရီလင်းလက်

                                                          Monday, 14 February 2011 ကူညီပံ့ပိုးပါသည်...

Living together and Social problem

ယနေ့ခေတ်ကြီးမှာ
အရာရာဟာဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှရုပ်ဝထ္ထုပိုင်းဆိုင်ရာတွေဟာလည်းများစွာ
ဖွံ့ဖြိုးတိုးတက်လျှက်ရှိပါတယ်။ရုပ်ပိုင်းဆိုင်ရာတွေဘယ်လောက်ပဲ တိုးတက်တိုးတက်
စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေ၊အား နည်းချက်တွေဟာလည်း
နေရာတိုင်းမှာတွေ့မြင်နေရဆဲဖြစ်ပါတယ်။ကဲဒီတော့ဒီနေ့လူမှုရေးကွန်ယက်ကြီးအတွင်းInternetတွေ
Gtalk တွေ VZO တွေ Facebook တွေစသည်ဖြင့်ပေါ့အလွယ်တကူသုံးနေနိုင်ပြီဖြစ်တဲ့
ခေတ်ကြီးမှာဘာကြောင့်အားနည်းချက်တွေရှိနေသလဲ၊ဘာတွေလိုအပ်နေသေးလဲဆိုတာ
ကျွန်တော်တို့အား လုံးလေ့လာကြည့်ကြရအောင်။ယနေ့ခေတ်ကြီးမှာရေပန်းစားနေတဲ့
ဝေါဟာရတစ်ခုရှိပါတယ်။" Living Together " တဲ့ ..မြန်မာလိုပြောရရင်
လက်မထပ်ပဲအတူနေထိုင်ခြင်းပေါ့။ဒီထက်ပိုပြီးရှင်းရရင်လက်မထပ်ပဲလင်စုံမယား
ဖက်ပေါင်းသင်းနေထိုင်ခြင်းလို့အဓိပ္ပါယ်ရပါတယ် ။
 ဟိုးယခင်ကတော့....
Living Together ဟာမြန်မာလူမျိုးတွေနဲ့အတော်လေးစိမ်းနေခဲ့ပါတယ်။အခုတော့လည်း
ခေတ်လူငယ်တွေရဲ့တီးတိုးပါးစပ်ဖျားမှာရေပန်းစားလို့လာခဲ့ပါပြီ။အနောက်တိုင်းနိုင်ငံတွေမှာLiving
togetherအပေါ်ထောက်ခဲ့တဲ့လူတွေအများကြီးရှိခဲ့သလိုရှုံ့ချတဲ့သူတွေလည်း
အများကြီးရှိခဲ့ပါတယ်။ကဲဒါဆိုကျွန်တော်တို့ကရောLivinါtogetherအပေါ်ဘယ်လိုမြင်ပါသလဲ?
နှစ်ဦးနှစ်ဖက်လုံးကလည်းသဘောတူတယ်အခြေအနေအရပ်ရပ်ကလည်း
အိုကေတယ်ဆိုရင် ဘာမှဝေဖန်စရာ၊ မှတ်ချက်ချစရာမရှိပါဘူး။ဒီနေရာမှာအပိုင်းနှစ်ပိုင်းဖြစ်သွားပြီ။

(၁) နှစ်ဦးနှစ်ဖက်လုံး သဘောတူညီခြင်း
  
အိုဗျာ...အတူနေဖို့တောင်ညှိပြီးပြီပဲနှစ်ယောက်လုံးသဘောမတူတာမျိုးရှိပါ့မလားဗျာ”လို့မေးစရာရှိပါတယ် ။ အဲဒါကတော့အကျပ်ကိုင်ခြင်းပဲပေါ့။ယောင်္ကျားလေးဖက်က“နင်ငါ့ကိုတကယ်ချစ်ရင် တကယ်ယုံတယ်ဆိုရင် ဒီတစ်ခါတော့လိုက်လျောပေးပါ ” လို့
အကျပ်ကိုင်လာလို့ရှိရင်“ နင်ငါ့ကိုတကယ်ချစ်တာဟုတ်ရဲ့လားဟာဒါဆိုငါနဲ့အတူနေမှ
နင့်အချစ်ကို ယုံမယ် ” လို့ ဆိုလာရင်သာမန်အချစ်ကြီးတဲ့မိန်းကလေး၊ချစ်သူအတွက်
ဆိုဘာမဆိုပေးလိုက်မယ်လို့ ခံယူထားတဲ့မိန်းကလေး၊စိတ်ပျော့လွယ်တဲ့မိန်းကလေး
ကတော့ခေါင်းညှိတ်မိမှာအမှန်ပါပဲ။ဒီနေရာမှာလက်ထပ်ပြီးမှအပျိုစင်ဘ၀ကို
ပေးမယ်လို့ဆုံးဖြတ်ထားတဲ့မိန်းကလေးတစ်ယောက်ကငြင်းလိုက်ပြီဆိုရင်ပြဿနာရှိလာပါပြီ။ မိန်းကလေးကလည်းပြတ်သားဖို့လိုလာပြီပေါ့။ငါ့ကိုတကယ်ချစ်တာလား၊ကာမကိုလိုချင်တာလားဆိုတာ
ခွဲတတ်ဖို့လိုပါတယ်။တစ်ခုမှာချင်တာကမိန်းကလေးတစ်ယောက်ကိုတကယ်နှစ်နှစ်ကာကာ
ချစ်မိတဲ့ယောင်္ကျားလေးတစ်ယောက်အဖို့ အဲဒီမိန်းကလေးဆီကဘာမှလိုချင်တောင့်တမှု
မရှိပါဘူး။သူ့ကိုအမြဲဖြည့်ဆည်းပေးချင်တဲ့စိတ်သူပျော်နေတာကိုပဲမြင်ချင်တဲ့
စိတ်ကလေးသာရှိပါလိမ့်မယ်။ဒါကြောင့်နှစ်ဦးနှစ်ဖက်သဘောတူညီလို့ ဖြစ်မြောက်
သွားတဲ့Living togetherတွေရှိသလိုတစ်ဖက်ကအတင်းအကျပ်ကိုင်လို့ မတတ်သာလို့
(သူမချစ်ဘူးလို့ ထင်သွား မှာစိုးလို့ )အလျော့ပေးလိုက်ရတဲ့ တစ်ဖက်သတ် Living together
တွေလည်းရှိပါလိမ့်မယ် ။

(၂) အခြေအနေအရပ်ရပ်က အဆင်ပြေခြင်း

Living together နေဖို့ဆိုရင်အခြေအနေအရပ်ရပ်ကအဆင်ပြေမှသာလျှင်ဖြစ်မြောက်နိုင်မှာပါ ။
နိုင်ငံခြားမှာမိဘကွယ်ရာမှာကိုယ့်ခြေထောက်ကိုယ်ရပ်တည်နေတဲ့သူမျိုးကို
မဆိုလိုပါဘူး။မြန်မာနိုင်ငံအတွင်းမှာဆိုမိဘအလစ်လည်းဖြစ်ရဦးမယ်။ဥပမာ...မိဘက
ခရီးသွားနေတာမျိုး၊ဒါမှမဟုတ်အလုပ်(သို့မဟုတ်)ကျောင်းပြေးပြီး
ရည်းစားနဲ့အတူသွားနေခြင်းစတဲ့အပြုအမူမျိုးကိုဆိုလိုတာပါ။ဒါမှမဟုတ်နယ်ကနေ
မြို့တက်ပြီးတစ်ယောက်တည်းရပ်တည်နေရတဲ့သူမျိုး။ဇတ်လမ်းတွေကတော့
အမျိုးစုံရှိကြမှာပါ။မိုးကရွာ မှောင်ကလည်းမှောင်မိုးခိုရင်းဟော်တယ်မှာ
ရင်ခွင်ထဲရောက်သွားတဲ့သူတွေ၊သင်္ကြန်မှာလျှောက်လည်ရင်းချမ်းလွန်းလို့
အချမ်းပြေ Beer သို.မဟုတ် Spy လေးသာက်ဟိုတယ်၊တည်းခိုခန်းခဏရောက်သွားတဲ့အဖြစ်တွေ
အများကြီးရှိကြမှာပါ။
Living Together ၏ကောင်းကျိုးများသိပ်များများစားစားတော့ရှိမယ်မထင်ပါဘူး...
အလွန်ဆုံး ၁ နာရီလောက်အတူနေပြီးတဲ့နောက်မှာနှစ်ယောက်စလုံးရဲ့သံယောဇဉ်တွေ
ပိုပြီးခိုင်မာလာမယ်လို့သင်ထင်ပါသလား။နိုင်ငံခြားတိုင်း ပြည်အနေနဲ့ကြည့်ရင်တော့
လက်မထပ်သေးပဲ Living together နေခြင်းဖြင့်တစ်ယောက်နဲ့တစ်ယောက်အချိန်ကြာကြာ
လေ့လာနိုင်မယ်။ဒီအတောအတွင်းသဘောထားခြင်းမတိုက်ဆိုင်ရင်လမ်းခွဲကြမယ်ပေါ့။ပြဿနာမရှိဘူး
သူတို့ဆီမှာကဒီ sex ကိစ္စသည်ဒီလောက်ကြီးအရေးတယူရှိတဲ့ကိစ္စတော့မဟုတ်လှဘူး ။
ဒါကြောင့်တချို့ဆိုကလေးတွေဘာတွေရပြီးမှလက်ထပ်တာမျိုးလည်းရှိတာပေါ့။
သူ့အယူအဆနဲ့သူ၊သူ့အိုးနဲ့သူ့ဆန်တန်နေတာပါပဲ။
  
Living together ၏ဆိုးကျိုးများ

မှတ်ရလွယ်အောင်အချက်ကလေးတွေစဉ်ပြီးကြည့်ရအောင် ။

(၁) အပျိုစင်ဘ၀ကိုယူပြီးသွားတော့ချစ်သူကကြာရင်ရိုးလာပြီးစွန့်ပစ်ခံရတာမျိုး
ကြုံရနိုင်ပါတယ်။(ဒါကြောင့်ခက်ခဲလေပိုတန်ဖိုးမြင့်လေလို့ဆိုခဲ့ကြတာပေါ့ )

(၂) တနည်းနည်းနဲ့ မိဘတွေသိသွားရင်အရှက်၊သိက္ခာကျဆင်းနိုင်မဲ့အဖြစ်မျိုးပါ။အထူးသဖြင့်
မိန်းကလေးတွေမှာပေါ့။အရေးကြီးပါတယ်မိန်းကလေးများဂယုစိုက်ပါ။

(၃) ကိုယ်ကအပျိုစင်ဘ၀ပေးပြီးတော့သူ့ဖက်ကကိုယ့်ကိုတာဝန်ယူပါ့မလားဆိုတဲ့ပူပန်သောကမျိုး (Anxiety) ရနိုင်ပါတယ်။အမြဲတမ်းစိတ်ပူနေရတတ်ပါတယ်။နောက်ဆုံး depression အထိရနိုင်ပါတယ် ။

(၄) Living together နေခဲ့တုန်းကစိတ်ချရတဲ့သန္ဓေတားနည်း (Safety contraceptive
method) မသုံးခဲ့ရင်ကိုယ်ဝန်ရနိုင်ပါတယ် ။

(၅) ကိုယ်ဝန်ရလာခဲ့ရင်အဆင်သင့်မဖြစ်ကြသေးတော့အများစုကကိုယ်ဝန်ဖျက်ချခြင်း(Abortion) ဆိုတဲ့ဖက်ကိုဦးတည်ကြမှာပါ။ဒီအခါအပစ်မရှိတဲ့အသက်တွေသေကြရဦးမယ် ။

အထက်ပါအချက်(၅)ချက်ဟာအကြမ်းဖျဉ်းယေဘူယျဆိုးကျိုးငါးချက်ပဲရှိပါသေးတယ်။အသေးစိတ်ထပ်ချဲ့ရင်
အများကြီးရှိပါသေးတယ်။(ဥပမာအကုန်လုံးလူသိရှင်ကြားသိသွားပြီမှယောင်္ကျားလေးဖက်ကသဘောမတူဘူး တာဝန်မယူနိုင်ဘူးဆိုခဲ့ရင်.....................)

Living together ၏နောက်ဆက်တွဲကြုံတွေ့ရမည့်လူမှုရေးပြဿနာများ (Social Problems)

"သေသေချာချာ ပြင်ဆင်ထားခြင်းမရှိပဲ ဧည့်သည်တစ်ယောက်ကို ဖိတ်ခေါ်ခြင်းဟာ အိမ်ရှင်တာဝန် မကျေပါဘူး ”

လုပ်ပြီဆိုမှတော့ပီပီပြင်ပြင်ပေါ့...ကဲ Living together ဘယ်တော့မှအတူမနေဘူးဆိုရင်တော့ဘာမှပြော
စရာမရှိပါဘူး။ကဲနေမယ်ရှင်ဆိုတဲ့မိန်းကလေးတွေအဖို့ဘာတွေလုပ်သင့်သလဲဆိုတဲ့အချက်တွေကိုရေးပေး လိုက်ပါတယ်။
(၁) ကိုယ်ဝန်မရအောင်လုံးဝကာကွယ်မယ်ဆိုတဲ့စိတ်ကိုမွေးပါ။

(၂) မိမိရဲ့ partner ကိုကွန်ဒုံးသုံးခိုင်းပါ။တချို့လူတွေက
မိန်းကလေးဖက်ထည့်မတွက်ပဲတစ်လွှာခြားရင်တစ်ကမ္ဘာခြားတယ်လုပ်ကြသေးတယ်။
အဲဒီနေရာမျိုးမှာမိန်းကလေးဖက်ကပြတ်ပြတ်သားသားအမိန့်ပေးပါ ။
  
(၃) ကဲရှုံးနိမ့်သွားပြီဆိုပါစို့။အမိန့်ပေးနိုင်စွမ်းမရှိလို့အကာအကွယ်မဲ့
လိင်ဆက်ဆံမိပြီဆိုပါစို့။လိင်ဆက်ဆံမှုရဲ့အမြင့်ဆုံးအချိန်
သုတ်လွှတ်ခြင်းမရောက်ခင်ကြိုပြောခိုင်းပါ။သုတ်ရည်ကိုမိမိမိန်းမကိုယ် (vagina)
ထဲမှာမလွှတ်စေပဲအပြင်မှာထုတ်ခိုင်းပါ။ဒီနည်းလမ်းကလည်းပြောမယ့်သာပြောတာ
အဲဒီအချိန်ကျမှအပြင်ထုတ်၊အပြင်မှာလွှတ်ဆိုတာသိပ်တော့လွယ်မယ်မထင်ပါဘူး ။

(၄) ကဲနံပါတ်(၃)အချက်ကိုလည်းရှုံးနိမ့်ပြီးသုတ်ရည်ကိုလည်းမိန်းမကိုယ်ထဲလွှတ်မိသွားပြီး
အရာအားလုံးပြီးဆုံးသွားပြီဆိုပါစို့။ကိုယ်ဝန်မရအောင်အရေးပေါ်သန္ဓေတားဆေး
သောက်ဖို့လို ပါတယ် ။ ဈေးကွက်ထဲမှာ ၇၂ နာရီအတွင်း သေက်ရတဲ့အရေးပေါ်သန္ဓေတားဆေးတွေ
အလွယ်တကူဝယ်လို့ရပါပြီ။Levonogestrel 0.75 mgပါဝင်ပါတယ် ။
လိမ်ဆက်ဆံပြီးပြီးချင်း ၇၂ နာရီအတွင်းစောနိုင်သမျှစောစောစသောက်ရပါမယ်။ဆေး ၂
လုံးပါပါတယ်။ပထမဆေးသောက်ပြီးနောက်၁၂ နာရီကြာရင်နောက်တစ်လုံးသောက်ရပါမယ် ။
ဆေးသောက်ပြီးလို့ ၁ နာရီအတွင်းပျို့အန်ခဲ့ရင်ပြန်သောက်ရပါမယ်။
  
(၅) ခဏခဏတော့ Living together အတူမနေမိပါစေနဲ့။ဒါဆိုရင်အရေးပေါ်သန္ဓေတားဆေးကလည်း
ကူညီပေးနိုင်မှာမဟုတ်ပါဘူး။ခဏခဏနေမယ်စိတ်ကူးရှိရင်ရေရှည်စီမံကိန်းဆွဲပါ။
OC Pills မြှားကဒ်လေးတွေသောက်မလား၊ ၃ လခံဆေး 3 month depo injection
ထိုးမလား၊IUD လို့ခေါ်တဲ့သားအိမ်တွင်းထည့်ပစ္စည်းထည့်မလားသင်ကြိုက်ရာရွေးပါ။

ပြောရမယ်ဆိုရင်တော့ဖြင့်သိထားရမှာက...
ချစ်ခြင်းမေတ္တာဆိုတာsex နဲ့တွဲမှလေးနက်ခိုင်မြဲတဲ့အရာမဟုတ်ပါဘူး။သူ့အလိုလိုနားလည်ခွှင့်လွှတ်
ချစ်တတ်ခြင်းဟာလည်းမွန်မြတ်တဲ့စိတ်ကလေးတစ်ခုပါပဲ။

အထက်ပါအကြောင်းအရာများကို....
ရေးသားခြင်းဟာလူငယ်လူရွယ်လေးတွေအဖို့သိသင့်သိထိုက်တာတွေကိုရှင်းရှင်း လင်းလင်း
သိပြီးရှောင်သင့်တာရှောင်ဆောင်သင့်တာဆောင်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။Loveနဲ့Sexကိုခွဲခွဲခြားခြား သိမြင်နိုင်ပါစေဟု လေးနက်စွာ
ဆန္ဒပြုလျှက်.............။
(မရှင်းလင်းတာတွေ
ထပ်ပြီးသိချင်တာတွေကို ကွန်းမန့်မှာမေးသွားနိုင်ပါတယ်။အတတ်နိုင်ဆုံးပြန်လည်ဖြေပေးသွားပါ့မယ်။)
                                                             သက်တန်.ချို မှကူညီပံပိုးပါသည်