Wednesday, January 29, 2014

ပြဿနာတစ်ခုကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ

ပြဿနာတစ်ခုကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ

တစ်ခါကမုဆိုးကြီးတစ်ယောက်ဟာသူ့သားကိုအသိပညာတစ်ခုပေးချင်လို့သူတောလိုက်သွားရာကို
ခေါ်သွားသတဲ့.... တစ်နေရာလဲရောက်ရောတောင်ကမူလေးတစ်ခုမှာခွေးတစ်ကောင်ကနေပူစာလှုံနေသတဲ့..။ဖခင်မုဆိုးကြီးက သူ့သားကိုသေသေချာချာကြည့်ခိုင်းပြီးနေပူစာလှုံနေတဲ့ခွေးကိုမထိစေပဲခွေးရဲ့ဘေးသို့ရောက်အောင် ခဲလုံးတစ်လုံးနဲ့ပစ်ပေါက်လိုက်တယ်..။
ခွေးဟာသူ့ဘေးနားကျလာတဲ့ခဲလုံးကြောင့်လန့်ပြီးငေါက်ကနဲ့ထရပ်လိုက်တယ်.။
ပြီးတော့ဘာရယ်ညာရယ်မှန်းမသိပေမဲ့ခဲလုံးမှန်းတော့သူသိတယ်..။သူ့ကိုလာလန့်စေတဲ့
ခဲလုံးကိုလိုက်ကိုက်နေတော့တယ်။ခွေးဟာခဲလုံးကသူ့ကိုလာလဲမထိဘူး၊စားစရာလဲ
မဟုတ်ဘူးဆိုတာသိသိကြီးနဲ့ခဲလုံးကိုကိုက်နေတယ်။ဒီမြင်ကွင်းကိုကြည့်ပြီးသားအဖ
နှစ်ယောက်ပြန်လာခဲ့ကြတယ်။နောက်တစ်ပတ်လောက်နေတော့ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီးတောထဲကိုထွက်လာခဲ့ပြန်တယ်။ဒီတစ်ခါမှာတော့ သူတို့ဟာနေရာအချက်အချာကောင်းတဲ့သစ်ပင်ပေါ်မှာနေရာယူကြတယ်။သူတို့နေရာယူနေတဲ့သစ်ပင်ရဲ့ အရှေ့ဘက်မှာကျောက်ဂူတစ်ခုရှိတယ်။ကျောက်ဂူဝမှာခြင်္သေ့တစ်ကောင်ဟာနေပူစာလှုံနေတယ်။ ဖခင်မုဆိုးကြီးကသူ့သားကိုငြိမ်ငြိမ်နေဖို့ပြောပြီးခြင်္သေ့ရဲ့လက်နဲ့လည်ပင်းကြားထဲကိုခြင်္သေ့ကိုမထိစေပဲ
မြားတစ်စင်းပစ်လိုက်တယ်။မြားကလဲလိုရာနေရာကိုကွက်တိပါပဲ။ခြင်္သေ့ရဲ့လည်ပင်းနဲ့လက်ကြားထဲသွား
စိုက်တယ်။စွပ်ခနဲ့လာစိုက်တဲ့မြားကိုခြင်္သေ့ကဖြက်ခနဲ့ကြည့်ပါတယ်။ဒါပေမဲ့ခြင်္သေ့ကမြားကိုဘာမှမလုပ်ပဲ လက်ကြားထဲလာစိုက်တဲ့မြားကိုသေသေချာချာကြည့်ပြီးငြိမ်နေတယ်။ခဏကြာတော့မြားလာရာလမ်း
ကြောင်းကိုမျှော်ကြည့်တယ်။ပြီးတော့မြားကိုတလှည့်၊မြားလာရာလမ်းကြောင်းကိုတလှည့်သေချာကြည့်တယ်။
မြားတဲကိုခြင်္သေ့ကဘာမှမလုပ်ပဲမြားလာရာလမ်းကြောင်း၇ဲ့အစွန်းရှိရန်သူကိုတိုက်ခိုက်ဖို့ရာထပြီး တလှမ်းချင်းလှမ်းပြီးလျှောက်လာတယ်။
ဒါကြောင့်………. ကိုယ့်ကိုခြောက်လှန့်ခံရတဲ့ခဲလုံးကိုလိုက်ကိုက်နေတဲ့ခွေး……….။
ကိုယ့်ကိုရန်ပြုလာတဲ့မြားကိုလျစ်လျူရှုပြီးမြားလာရာလမ်းကြောင်းရဲ့ဟိုဘက်မှာရှိတဲ့
အဓိကရန်သူကိုတိုက်ခိုက်တတ်တဲ့ခြင်္သေ့……………။

ခွေးကတော့ခွေးပါပဲ…..ဒီလိုပဲ
ခြသေ့င်္ကလဲခြင်္သေ့ပါပဲ……..။.
ဒါကြောင့်မို့လဲခြင်္သေ့ဆိုတာတောဘုရင်ဖြစ်နေတာပေါ့…။
လောကကြီးမှာလဲဒီလိုပါပဲ…ကိုယ့်ဆီရောက်လာတဲ့ပြဿနာတွေကိုအတင်တွန်းထိုးတိုက်ခိုက်တတ်လား။
ပြဿနာရဲ့အစကိုရှာပြီးပြေလည်အောင်ရှင်းတတ်လား………..ဆိုတဲ့
လူနစ်မျိုးကွဲသွားပါတယ်..။
ဒါကြောင့်ပြဿနာနဲ့တွေ့တိုင်းသင့်ကိုသင်မေးကြည့်ပါ။
ငါဟာ………..ခြင်္သေ့……….လား
ခွေး………..လား…။
အဖြေရလာပါလိမ့်မယ်….။

ရင်သားတွဲကျခြင်းကိုကာကွယ်နိုင်သောနည်းလမ်းများ



ပြည့်ဖြိုးတင်းရင်းတဲ့ရင်သားအလှကိုပိုင်ဆိုင်လိုတာမိန်းကလေးတိုင်းရဲ့ဆန္ဒဖြစ်ပါလိမ့်မယ်။မိန်းကလေး တစ်ယောက်ရဲ့အလှတရားကိုထင်ရှားပေါ်လွင်စေပြီးဆွဲဆောင်မှုရှိစေတဲ့အရာတွေထဲမှာရင်သားက မရှိမဖြစ်ပါ။
သင့်ကောက်ကြောင်းလေးအထင်သားပေါ်လွင်စေဖို့ရင်သားကလည်းပံ့ပိုးပေးပါတယ်။ဒါပေမဲ့တစ်ချိန်မှာ ဒီအလှတရားဆုံးရှုံးသွားမှာကိုသင်စိုးရိမ်နေပါသလား။အဆီတွေ၊ဂလင်းတွေ၊တွယ်ဆက်တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့သင့်ရင်သားဟာတစ်သျှူးတွေလျော့ရဲလာတဲ့အခါ၊တစ်သျှူးရဲ့ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအားလျော့နည်းလာတဲ့အခါမျိုးတွေမှာတွဲကျလာတတ်ပါတယ်။
မိန်းကလေးအများစုကရင်သားတွဲကျလာတာကိုမလိုလားကြသလိုသင်တို့ရဲ့အမျိုးသား အဖော်ကလည်းနှစ်သက်မှာမဟုတ်ပါဘူး။ရင်သားတွဲကျတာကိုနို.သီးခေါင်းရဲ့အနေအထားပေါ်မူတည်ပြီး ခွဲခြားနိုင်ပါတယ်။နို.သီးခေါင်းကပုံမှန်အနေအထားထက်အနည်းငယ်နိမ့်ကျနေပါကရင်သားတွဲကျတာ သိပ်မဆိုးပါဘူး။တကယ်လို့နို.သီးခေါင်းတွေကပုံမှန်အနေအထားထက်အလွန်အမင်းနိမ့်ကျပြီး
အောက်ဘက်ကိုစိုက်နေရင်တော့ရင်သားတွဲကျတာဆိုးနေပါပြီ။

ရင်သားတွဲကျစေသောအကြောင်းအရာများ

၁။ ကိုယ်အလေးချိန်ကျဆင်းခြင်း

ကိုယ်အလေးချိန်ကျဆင်းတာကရင်သားတွဲကျတာကိုဖြစ်စေတဲ့အဓိကအကြောင်းရင်းပါ။ခန္ဓာကိုယ် အလေးချိန်တိုးလာတဲ့အခါအရေပြားကိုကျယ်ပြန့်အောင်ဆန့်ထားတာကြောင့်တင်းတင်းရင်းရင်း
ဖြစ်စေပါတယ်။ရုတ်တရက်ကိုယ်အလေးချိန်လျော့သွားတဲ့အခါခန္ဓာကိုယ်တစ်ခုလုံးက အရေပြားတွေလျော့တွဲလာသလိုသင့်ရင်သားတွေလည်းလျော့တွဲလာစေပါတယ်။

၂။ ကမ္ဘာမြေကြီးဆွဲငင်အား

ကမ္ဘာမြေကြီးဆွဲငင်အားကသင့်ရင်သားကိုတွဲကျစေတယ်ဆိုလို့မအံ့သြလိုက်ပါနဲ့။ဒါကအမှန်တကယ်ပါပဲ။ ကမ္ဘာမြေကြီးဆွဲငင်အားကအရာအားလုံးကိုဆွဲထားသလိုသင့်ရင်သားကိုလည်းဆွဲတာကြောင့် တွဲကျစေတာပါ။ရင်သားတစ်သျှူးတွေကိုလျော့ရဲစေသလိုရင်သားမှာအရေးကြောင်းတွေကိုပါ
ဖြစ်ပေါ်စေပါတယ်။

၃။ မီးယပ်သွေးဆုံးခြင်း

အမျိုးသမီးတွေသွေးဆုံးချိန်မှာအီစထရိုဂျင်လို့ခေါ်တဲ့မဟော်မုန်းဓာတ်လျော့နည်းသွားပါတယ်။ အဲဒီအချိန်မှာရင်သားကိုတင်းရင်းပြည့်ဖြိုးစေတဲ့ကော်လာဂျင်တွေလျော့နည်းသွားပြီး သင့်ရင်သားကိုလျော့တွဲလာစေပါတယ်။

၎။ လျော့ရဲသောဘရာစီယာဝတ်ဆင်ခြင်း

အမျိုးသမီးတွေအတွက်အရေးကြီးဆုံးကဘရာစီယာကိုရင်သားအရွယ်အစားအလိုက်သင့်တော်တဲ့ ပုံစံအနေအထားဝတ်ဆင်ဖို့ပါ။ဘာကြောင့်လဲဆိုတော့ဘရာစီယာပုံစံမှန်မှန်မဝတ်ဆင်တာက သင့်ရင်သားကိုတွဲကျစေတာကြောင့်ပါ။

ဘယ်လိုကာကွယ်ရမလဲ

၁။ အစားထိုးခြင်း၊ခွဲစိတ်ခြင်း

ရင်သားပိုမိုပြည့်ဖြိုးစေဖို့နဲ့တင်းတင်းရင်းရင်းရှိစေဖို့ရင်သားအစားထိုးခြင်းနဲ့ရင်သား ခွဲစိတ်ပြုပြင်ခြင်းတွေပြုလုပ်လို့ရပါတယ်။ရင်သားတွဲကျနေသူတစ်ယောက်အနေနဲ့ရင်သားအစားထိုးခြင်းနဲ့ ရင်သားခွဲစိတ်ပြုပြင်ခြင်းတွေလုပ်တာကတွဲကျနေတဲ့ရင်သားကိုအပြည့်အဝမပြုပြင်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ပြုပြင်တာဟာရင်သားပြည့်တင်းလာပေမယ့်နို.သီးခေါင်းကတော့
အောက်ဆိုက်နေနိုင်ပါတယ်။

၂။ အရွယ်အစားနဲ့ကိုက်ညီသောဘရာစီယာဝတ်ဆင်ပါ

ရင်သားအရွယ်အစားနဲ့ကိုက်ညီပြီးသင့်တော်တဲ့ဘရာစီယာအရွယ်အစားကိုရွေးချယ်ဝယ်ယူကာ ၀တ်ဆင်ပါ။ကိုယ်ဝန်ဆောင်ချိန်နဲ့နို.တိုက်ကျွေးချိန်တွေကရင်သားတွဲကျနိုင်တာကြောင့်သင့်တော်တဲ့ ဘရာစီယာဝတ်ဆင်ပေးဖို့ပိုမိုအရေးကြီးပါတယ်။

၃။ သဘာဝကရတဲ့ဆေး

ဒါတွေကိုအသုံးပြုတာဟာအန္တရာယ်အကင်းဆုံး၊ငွေကုန်ကြေးကျအသက်သာဆုံးနဲ့ခွဲစိတ်စရာမလိုတဲ့ နည်းလမ်းတစ်ခုပါ။သဘာဝကရတဲ့အရာတွေနဲ့ဖော်စပ်ထုတ်လုပ်ထားတဲ့လိမ်းဆေး၊ဖျန်းဆေးတွေ အသုံးပြုပြီးသင့်ရင်သားအလှကိုပြုပြင်နိုင်ပါတယ်။အသင့်တော်ဆုံးနည်းလမ်းဖြစ်ပါတယ်။

၎။ နှိပ်နှယ်ပေးခြင်း

သင့်ရင်သားကိုနှိပ်နယ်ပေးတာကဆိုးကျိုးအန္တရာယ်တစ်စုံတစ်ရာမပေးဘဲသင့်ရင်သားတွဲကျတာကို ကာကွယ်ပေးနိုင်ပါတယ်။နှိပ်နယ်ပေးတဲ့အခါရင်သားအတွက်သီးသန့်ထုတ်လုပ်ထားတဲ့အဆီနဲ့ လိမ်းဆေးတွေကိုအသုံးပြုပြီးနှိပ်နယ်ပေးပါ။

လူကျပ်တဲ့ဘတ်စ်ကားပေါ်ကထောက်လှမ်းရေးကိစ္စဟာအမျိုးသမီးတွေအတွက်စိတ်အနှောင့်အယှက်ဖြစ်စရာ


Ladies, Beware of Frotteurism! မိန်းကလေး များအတွက် အန္တရာယ် ရှိတဲ့ စိတ်ပိုင်း ဆိုင်ရာ ပြဿနာ ရှိသူတွေ ကတော့ frotteurism လို့ ခေါ်တဲ့ မသိတဲ့ ဆန့်ကျင်ဖက် လိင်ကို ထိတွေ့ ပွတ်သတ် မှုပြုပြီး သာယာမှု ရယူတဲ့ သူတွေပါပဲ။ ဒါဟာ နှာဘူးထ ရုံသာမကပဲ စိတ်ကျန်းမာ ရေး ဆိုင်ရာ ပြဿနာ ဆိုတာ သိသူ နည်းလှ ပါတယ်။ ဒါပေမဲ့ ဒီလို လူမျိုးနဲ့ ပတ်သက်ပြီး မကြုံ ဖူးရင် တောင်မှ ကြားဖူး ပါလိမ့်မယ်။ ရိုးသား စွာဝန်ခံ ရရင် ကျွန်မ အနေနဲ့ ကတော့ စိတ်ပျက် လှပါတယ်။ အင်းလေ ရှင်တို့လဲ သိပါတယ်။

Frotteurism ဆိုတာ လူတစ်ယောက်က လိင်ပိုင်းဆိုင်ရာ သာယာမှုကို သူ့ရဲ့ လိင်အင်္ဂါနဲ့ တခြား တစ်ယောက်နဲ့ ထိတွေ့ ပွတ်တိုက် ပြီးမှ သာ ယာ ပြီးမြောက်မှုကို ရရှိတဲ့ စိတ်ပိုင်း ဆိုင်ရာ စံလွဲမှု ပြဿနာ တစ်ရပ်ပါ။ အထူး သဖြင့် လူအုပ် ကြားထဲမှာ အကျူး လွန်ခံရသူရဲ့ အလိုဆန္ဓ မပါ ဘဲနဲ့ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဘာကို ရည်ညွှန်း သလဲ သတိပြု မိမှာပါ။ မြန်မာပြည်မှာ ဆိုရင်တော့ ဘတ်စ်ကား ပေါ်မှာ ထောက်လှမ်းရေး လုပ်တယ်လို့ အရပ် စကားနဲ့ ပြောကြ ပါတယ်။ ဒါက paraphilia လို့ခေါ်တဲ့ မူမမှန် လိင်စိတ် ရောဂါ ထဲမှာပါဝင် ပါတယ်။  ဒီစိတ် ရောဂါ စုဟာ လိင် စိတ် မြင့်မား တက်ကြွ မှုကို ပုံမှန် အခြေ အနေမှာ မဟုတ်ဘဲ တစ်ဖက်သား (သို့မဟုတ်) ကိုယ်တိုင် အရှက်ကွဲခံ၊ နစ်နာ ထိခိုက်အောင် လုပ်ပြီး ရယူ တတ်တဲ့ စိတ်ရောဂါ ဖြစ်ပါတယ်။ ဒီထိခိုက်ခံ ရသူ တစ်ဖက်သား ကတော့ သိတောင်မှ မသိလိုက် တာမျိုးလည်း ဖြစ်နိုင် ပါတယ်။ စိတ်ရောဂါ သယ်ဆောင် ထားသူတွေက ကလေးတွေ၊ အသက် ငယ်ရွယ် သူတွေ၊ မိန်းမသား တွေကို ပိုပြီး ပစ်မှတ်ထား တိုက်ခိုက် လေ့ရှိ ပါတယ်။ ဒီလူတွေကို Frottage လို့ခေါ်ပါတယ်။ ဒီ Frottage တွေဟာ ဘတ်စ်ကား၊ လူစည်ကား ကျပ်သိပ်တဲ့ နေရာတွေ ဥပမာ ဈေးဝယ် စင်တာ၊ ရှော့ပင်း မောလ်၊ ဓါတ်လှေ ကားတွေ၊ လူသွား လမ်းကျဉ်း လေးတွေ၊ အများ ပြည်သူသုံး ယာဉ်ရထား တွေမှာ လှုပ်ရှား လေ့ရှိပါ တယ်။ ဒီ Frottage တွေရဲ့ ပစ်မှတ်တွေ ကတော့ တခြား တစ်ယောက်ရဲ့ ပေါင်နဲ့ တင်ပါး ပိုင်းတွေကို လိင်အင်္ဂါနဲ့ ထိတွေ့ ပွတ်သတ် ခြင်းဖြစ် ပါတယ်။ တခြား နည်းလမ်း တစ်မျိုး ကတော့ သူတို့ရဲ့ လက်တွေနဲ့ တစ်ပါးသူရဲ့ လိင်အင်္ဂါ ရင်သား စတာ တွေကို ပွတ်သတ် အာသာဖြေ ပါ တယ်။ ဒါက ခံရသူ သားကောင် အတွက် စိတ်ဆင်းရဲ စရာ၊ စိတ်ဒုက္ခ ရောက်စရာ အခြေအနေပါ။

ဒီအကျင့်ဟာ ဆယ်ကျော်သက် အရွယ်မှာ အရွယ် ရောက်မှု ဖြစ်စဉ်နဲ့ အတူ တစ်ပါးသူ မသိအောင် ပွတ်သတ် ပေးပြီး နိုးကြွမှု ဖြစ်လာအောင် လုပ်လို့ရတယ် ဆိုတာ သိရှိသွား ရာမှ စတင် ဖြစ်ပေါ် လာပါတယ်။ ဒီရောဂါ ခံစားရသူ အများစုက ယောက်ျားတွေ ဖြစ်ပြီး မိန်းမတွေက သား ကောင်တွေ ဖြစ်ရလေ့ ရှိပါတယ်။ ဒီအကျင့် ကိုစတင် သူတွေက သူတို့ဟာ သူတို့ သားကောင်ရဲ့ အာရုံစိုက်မှုကို ထိတွေ့စဉ် အတောအတွင်း မှာ ခံစား ရလို့ သာယာမှု ဖြစ်ပေါ် ပါတယ်။ ဒါပေမဲ့ မထိတွေ့ လိုက်ရဘူး ဆိုတာနဲ့ စုံစမ်း စစ်ဆေးမှု ခံရမယ့် အန္တရာယ်ကို သူက သတိရပြီး ထွက် ပြေးဖို့ ကြိုးစား ပါတယ်။ ဒီကိစ္စဟာ ကျပ်ပိတ်သိတ် နေတဲ့ ဘတ်စ်ကား ပေါ်မှာ မြေအောက်ရထား ပေါ်မှာ ဖြစ်ပွား လေ့ရှိပါတယ်။ သတိထား ပြီးကြည့်မယ် ဆိုရင် အဲ့ဒီ လူမျိုးဟာ အဲ့ဒီလို နေရာ အခြေအနေနဲ့ ကြုံလာတဲ့ အခါတိုင်း အဲ့ဒီလို လုပ်ချင်တဲ့ စိတ်ပေါ်နေပြီး နေ့စဉ် လုပ်ဆောင် ဖွယ်ကိစ္စ တွေကိုပါ လွှမ်းမိုး လာပါတယ်။ ဒီလို အခြေ အနေကို တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ နေလို့ မဖြစ်နိုင်တဲ့ ကျပ်ပိတ် ညှပ် နေတဲ့ ဂျပန်က မြေအောက် ရထားတွေမှာ ခဏခဏ တွေ့မြင်ရလေ့ ရှိပါတယ်။ မြန်မာပြည် မှာလဲ ဘတ်စ်ကား ကျပ်တာကို အခွင့်ကောင်း ယူပြီး လှုပ်ရှား ကြတယ်လို့ အခုတလော ကြားလာ နေရပါတယ်။ ဂျပန် မှာတော့ ပို့ဆောင်ရေး ကုမ္ပဏီ တွေနဲ့ လူနေ ကျပ်ပိတ် ထူထပ်တဲ့ နေရာတွေ မှာ သတိထား ကာကွယ်ဖို့ ကြိုးစား နေကြ ပါတယ်။ တချို့ ပို့ဆောင်ရေး ကုမ္ပဏီ တွေက အမျိုးသမီး သီးသန့် ကားတွေကို စတင် မိတ်ဆက် ပြေးဆွဲ ပါတယ်။

စင်ကာပူ နိုင်ငံလို အမျိုး သမီးတွေ အတွက် တင်းကြပ်တဲ့ ဥပဒေ ရှိတဲ့ နေရာတွေ မှာတောင် တစ်ခါတစ်လေ ဖြစ်ပွား မှုတွေ ရှိတာကြောင့် နှစ် သစ် ကြိုဆိုပွဲလို လူပေါင်းစုံ၊ လူမျိုးစုံ လာတဲ့ နေရာ တွေမှာ ကြီးမားတဲ့ ဆိုင်းဘုတ် ကြီးတွေ ထောင်လို့ အမျိုး သမီးတွေကို သတိ ထားစေ ဖို့နဲ့ အတူ သူတို့ နိုင်ငံရဲ့ ပြစ်ဒဏ် တွေကို ဖော်ပြ ထားပါတယ်။ မြန်မာ ပြည်မှာလဲ အမျိုး သမီး အခွင့်အရေး အရေးထားသူ တွေက ၀ီစီတွေ ဝေလို့ မိန်းကလေးတွေကို သတိပေး နှိုးဆော်မှု လုပ်ခဲ့တာ၊ အမျိုးသမီး သီးသန့် ယာဉ်လိုင်းတွေကို ပြေးဆွဲဖို့ ကြိုးစား ခဲ့ပေမယ်လည်း လူဦးရေနဲ့ ပို့ ဆောင် ရေးဟာ မမျှတ တာမို့ သိသိသာသာ မအောင်မြင် ခဲ့ပါဘူး။ ဒီ frotteurism ဆိုတဲ့ စိတ်ရောဂါ ပြဿနာ ရှိသူတွေဟာ သူတို့ စိတ်မှာ ပြ ဿနာ ဖြစ်နေတာ စိတ်ဝေဒနာ တစ်မျိုး ဆိုတာ မသိတဲ့ ဒါမှမဟုတ် လက်မခံ နိုင်တဲ့ အတွက် စိတ်ရောဂါကု ဆရာဝန်၊ စိတ်ပိုင်း ဆိုင်ရာ ဆွေး နွေး တိုင်ပင်သူ တွေလို professional တွေရဲ့ အကူအညီကို ယူလေ့ မရှိပါဘူး။ သူတို့မှ  မဟုတ် ပါဘူး။ ပြည်သူလူထု အတွင်းမှာလဲ ဒါဟာ စိတ် ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့တဲ့လို့ ဖြစ်တဲ့ အမူအကျင့် ပြဿနာ တစ်မျိုးပဲ ဆိုတာ သိရှိသူ နည်းလှပါတယ်။ တချို့နိုင်ငံ တွေမှာ ဒီလူမျိုး တွေက အတိုင်ခံ ရလို့ တရားခံ အဖြစ် ရောက်လာ တဲ့အခါ တရားရုံးရဲ့ ညွှန်ကြားမှုနဲ့ စိတ်ရောဂါ ကုသရေး ဆေးရုံတွေကို လွှဲပေးလေ့ ရှိပါ တယ်။

ရောဂါ နာမည်တပ်ဖို့ အတွက်ကို ဒီအကျင့် ရှိသူကို စိတ်ရောဂါကု ဆရာဝန် တွေလို စိတ်ပိုင်းဆိုင်ရာ ဆွေးနွေး တိုင်ပင်သူ တွေလို profes sional တွေက အင်တာဗျူး လုပ်ရပါတယ်။ သူတို့မှာ ဒီလို သူတစ်ပါးကို ထိတွေ့ရမှ ကျေနပ်မှု ရတယ် ဆိုတာကို သတိပြု မိအောင် ဖော်ထုတ် ရပါတယ်။ ဒါမှ စစ်ချက် ရယူနိုင် မှာမို့ပါ။ ဒီစိတ်ပိုင်း ဆိုင်ရာ ပြဿနာကို ရောဂါအမည် တပ်ပြီး တာတောင် ဘာလို့ ဒီလို ဖြစ်တာလဲ ဆိုတာက အကြောင်း အရင်းကို ဖော်ထုတ် နိုင်ဖို့ ခဲယဉ်း ပါတယ်။ တချို့ အခြေအနေ တွေမှာ ဝေဒနာရှင် ကိုသာမက ကျူးလွန်ခံရသူ သားကောင်နဲ့ ဘေးနားက မျက်မြင် သက်သေ တွေကို အင်တာဗျူး ရလေ့ ရှိပါတယ်။ ကုသမှု ကတော့ ဒီစိတ်ပိုင်း ဆိုင်ရာ ပြဿနာ လူနာဆီမှာ ဘာကြောင့် ဖြစ်လာတဲ့ ဆိုတဲ့ အကြောင်း အရင်းကို အဖြေရှာလို့ ဖော်ထုတ်ရင်း အပြုအမှုကို ထိန်းသိမ်းဖို့ စိတ်ပိုင်း ဆိုင်ရာ ကုသမှု တွေကို ပေးပါတယ်။ frotteur လူနာ အနေနဲ့ ဒီလို စိတ်ခံစားမှု ဖြစ်ပေါ်စေ နိုင်တဲ့ အခြေအနေ မျိုးမှာ ကိုယ့်အတွင်းပိုင်း စိတ်တုံ့ပြန်မှု impulse ကိုထိန်းသိမ်းပြီး တခြား သူ တစ်ယောက်ကို ထိတွေ့ တဲ့အခါ သာယာစိတ် ပေါ်လာ တာကို ထိန်းချုပ်လို့ ရအောင် သင်ကြား ပေးပါတယ်။ Medroxyprogestr one လို့ခေါ်တဲ့ ဟော်မုန်းကို လိုအပ်သူ တွေမှာ ပေးလေ့ရှိ ပါတယ်။

ဒီဘတ်စကား ပေါ်က ထောက်လှမ်းရေး ကိစ္စက ရာဇ၀တ်မှုလို ဆုံးဖြတ် ကြပေမယ့် အမှုကြီး ထဲမှာ မပါလို့  တချို့ နိုင်ငံတွေမှာ ပြစ်ဒဏ်က သေးငယ် ပါတယ်။ မြန်မာပြည် မှာတော့ ရာဇသတ်ကြီး ပုဒ်မ ၅၀၉မှာ "မည်သူမဆို မိန်းမ တစ်ဦး၏ ကာယ အိနြေ္ဒကို စော်ကားရန် ကြံရွယ်၍ ပြောဆိုခြင်း ပြုသည်တွင် သို့တည်း မဟုတ် အသံပြု သည်တွင်၊ သို့တည်းမဟုတ် ကိုယ်အမူအရာ ပြသည်တွင်၊ သို့မဟုတ် အမျိုးသမီး များ အား အရာဝတ္ထု တစ်ခုခု ပြသသည်တွင် ပြောဆိုသော စကားကို ဖြစ်စေ၊ ပြုသော အသံကို ဖြစ်စေ၊ ထိုမိန်းမအား ကြားစေရန် ကြံရွယ်လျှင် သို့ မဟုတ် ပြုသော ကိုယ်အမူ အရာကို ဖြစ်စေ၊ ပြသော အရာဝတ္ထုကို ဖြစ်စေ၊ ထိုမိန်းမအား ကြံရွယ်လျှင် သို့တည်း မဟုတ် ထိုမိန်းမ၏ ဆိတ် ကွယ်ရာသို့ ကျူးကျော်လျှင် ထိုသူကို ၁နှစ်ထိ အလုပ်နှင့် ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ် ရမည်။" လို့ပါရှိ ပါတယ်။ ဒါပေမဲ့ ဒီ frotteurs ကိုအရေးယူ ဖို့က မလွယ်ကူ ပါဘူး။ သာမန် အားဖြင့် မျက်မြင် သက်သေ မရှိတာမို့ မတော်တဆ ထိမိ တာပါလို့ ဖြေရှင်းချက် ပေးကြလေ့ ရှိပြီး အမျိုးသမီးက ရှက်တာကြောင့် တိုင်ကြားမှု မလုပ်တာ ကြောင့်လည်း ပါပါတယ်။ ဒါကြောင့်လည်း ဒီလူတွေ ဒီ လို အတင့်ရဲ လာကြ တာပါပဲ။ ဟိုအရင်က မြန်မာ နိုင်ငံမှာ ဒီလိုကိစ္စမျိုး ဖြစ်တယ်လို့ အမျိုးသမီးက တခြားလူ တွေကို ချက်ခြင်း ပြောခဲ့ရင် လူ ထုရဲ့ အကူအညီနဲ့ အရေးယူ မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ လူတိုင်းက ကိုယ့်ပြဿနာနဲ့ ကိုယ်မို့လို့ အလုပ်ရှုပ် မခံချင် ကြလို့ သိပ်ဂ ရုမစိုက် တော့ပါဘူး။ ဟုတ်ကဲ့။ ဒါကြောင့် ကျွန်မ ကတော့ ကိုယ့်ကိုကိုယ် ကာကွယ်ပါ။ ခုခံ တိုက်ခိုက်ပါလို့ ပြောချင် ပါတယ်။ တကယ်လို့များ ကိုယ်က သတိပြု မိသွား တာကို သူသိတာတောင် သူ့လုပ်ရပ်ကို မရပ်ဘဲ ရှိနေမယ် ဆိုရင် သူ့ကို နာကျင်အောင် လုပ်လိုက်ပါ လို့အကြံ ပေး ချင်ပါတယ်။ မုဒိမ်း အကျင့်ခံရမှ မိန်းကလေး တစ်ယောက်ကို ထိခိုက် စေတာ မဟုတ်ပါဘူး။ အလို မတူဘဲ ကာယ အိနြေ္ဒကို ပျက်ပြား စေခြင်း ကလည်း ထိခိုက် စေပါတယ်။ ဘယ်လောက် စိတ်အနှောင့် အယှက် ဖြစ်ရတယ် ဆိုတာကို မိန်းမသားချင်းပဲ သိတယ် မဟုတ် ပါလား။

ငါးဦးလျှင်လေးဦးကလက်မထပ်ခင်လိင်ကိစ္စအတွေ.အကြုံ ရှိ


လက်ထပ်ထိမ်းမြားခြင်းမပြုမှီမှာပင်အမျိုးသမီးငါးဦးလျှင်သုံးဦးကသူတို.၏
အပျိုစင်ဘ၀ကိုဘ၀ကြင်ဖော်မဟုတ်သည့်အခြားတစ်ယောက်နှင့်မျှဝေခဲ့ကြောင်း
နှင့်ငါးဦးလျှင်လေးဦးကမူကြင်ဖော်သို့ မဟုတ်အခြားတစ်ယောက်နှင့်မျှဝေခဲ့
ကြောင်း FNG ၏ လေ့လာမှုစစ်တမ်းတစ်ရပ်အရသိရသည်။

ရန်ကုန် ၊ မန္တလေး နှင့် နေပြည်တော်မြို.များတွင်ပြုလုပ်သည့်FNG ၏” လက်
မထပ်မှီအပျိုစင်ဘ၀ထိမ်းသိမ်းနိုင်မှု ” စစ်တမ်းတွင်ရန်ကုန် မြို.မှ၂၄ဦး၊မန္တလေး
မြို့ မှ၁၅ဦးနှင့်နေပြည်တော်မှအမျိုးသမီး၈ဦးကသူတို.၏အတွေ့ အကြုံများ
ကိုမျှဝေခဲ့ကြသည်။

နိုဝင်ဘာလအတွင်းကလက်ထပ်ထိမ်းမြှားမှုပြုခဲ့သည့်ကွန်ပျုတာဆော့ဖ်ဝဲနည်း
ပညာရှင်အသက်၂၅နှစ်အရွယ်အမျိုးသမီးတစ်ဦးက”လက်မထပ်ခင်ရည်းစားငါး
ယောက်ထားဖူပြီးငါးယောက်လုံးနဲ.အတူလိင်ဆက်ဆံခဲ့ဖူးကြောင်းFNGကို
ပြောသည်။

စစ်တမ်းတွင်ဖြေဆိုသည့်အမျိုးသမီးများ၏ထက်ဝက်ခန့် မှာလက်မထပ်ခင်
လိင်ကိစ္စအတွေ.အကြုံရှိဖူးရာနှစ်ယောက်ထက်ပင်ပိုမိုသည်ဟုအဖြေပေး
ခဲ့ကြသည်။

  ရန်ကုန်မြို့ မှဖက်ရှင်နဲ့ အလှအပရေးရာမဂ္ဂဇင်းမှာတာဝန်ရှိသူတစ်ဦးကမူ
” မိန်းကလေးတွေလက်မထပ်ခင်လိင်ကိစ္စအတွေ.အကြုံကသိပ်ပြီးတော့
အဆန်းကြီးတော့မဟုတ်တော့ပါဘူး၊တစ်ချို့ တွေဆိုတစ်ပြိုင်တည်းရည်း
စားနှစ်ယောက်ထားတာတို့ (ဘွိုင်းဖရန့် ) ရည်စားနှစ်ယောက်နဲ.အတူအိပ်တာတို့ 
တောင်ရှိတယ်”ဟုပြောသည်။

မြို.ပြယဉ်ကျေးမှုနှင့်အလှမ်းဝေးသည့်နယ်မြို.များတွင်မူမိန်းကလေးဆယ်ဦးလျှင်ရှစ်ဦးကသူတို.၏အပျိုစင် ဘ၀ကိုထိမ်းသိမ်းနိုင်ကြောင်းဖြေကြားခဲ့သည်။

ရန်ကုန်မြို့ မှဆရာဝန်တစ်ဦးကမူလစဉ်အသက်၁၈ နှစ် မှ ၂၈ နှစ် အရွယ်အမျိုး
သမီးဆယ်ဦးခန့် မှာကိုယ်ဝန်ဖျက်ချရန်အတွက်လာသည်ဟုသိရသည်။

ရန်ကုန်မြို့ ရှိဆေးဆိုင်များတွင်သန္ဓေတားဆေး ၊ လိင် အကာအကွယ်များမှာထိပ်
တန်း ၁၀ စာရင်းဝင်ရောင်းအကောင်းဆုံးဖြစ်သည်ဟုသိရသည်။

Thursday, April 25, 2013

ကျောက်ချဉ်အစွမ်းနဲ့ အမျိုးသမီးများ ကျန်းမာရေး...



အမျိုးသမီးတွေဟာအမျိုးသားတွေထက်ကျန်းမာရေးကိစ္စမှာဝန်ပိုတွေရှိကြပါတယ်။အခုကျွှန်တော်တင်ပြမယ့် အမျိုးသမီးကျန်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းမှာကျောက်ချဉ်နဲ့ပတ်သက်ပြီးအစွမ်းထက်မြက်မှုတချို့ပါ။ 


ကျောက်ချဉ်လို့ပြောလိုက်ရင်မြန်မာစာဖတ်ပရိသတ်တိုင်းသိနားလည်ပြီးဖြစ်နေပါလိမ့်မယ်။လူတိုင်း၊ ပစ္စည်းတိုင်းမှာသူ့တန်ဘိုးကိုယ်စီအသီးသီးရှိတတ်ကြစမြဲဖြစ်တာမို့ကျောက်ချဉ်ကလည်းသူ့အစွမ်းက သီးခြားရှိပါတယ်။ 

ကျောက်ချဉ်ကို Alum လို့ခေါ်ပြီးအလူမီနီယမ်ဆာလဖိတ်၊ပိုတက်ဆီယမ်ဆာလဖိတ်တို့ပါဝင်တဲ့ဓာတု တွင်းထွက်တမျိုး ဖြစ်ပါတယ်။ကျောက်ချဉ်ဟာအမျိုးသမီးတွေအတွက်အသုံးအတည့်ဆုံးတခုလို့ပြောရင် မမှားပါဘူး။မိန်းမပျိုကအစ၊ကိုယ်ဝန်မရနိုင်လို့ကလေးလိုချင်နေတဲ့အိမ်ထောင်သည် အလယ်၊သွေးဆုံးနေတဲ့အမျိုးသမီးတွေအဆုံးကျောက်ချဉ်ကအလွန်အသုံးဝင်ပါတယ်။ 
အမျိုးသမီးကျန်းမာရေးမှာအမျိုးသမီးတိုင်းမိန်းမကိုယ်သန့်ရှင်းရေးဟာအလွန်အရေးကြီးပါတယ်။ အမျိုးသမီးတွေကိုယ်နံ့ထွက်တာ၊စိတ်လက်မလန်းဆန်းပဲသွက်လက်မှုမရှိဖြစ်နေတာတွေဟာ၊ ယားယံတတ်တာတွေဟာမိန်းမကိုယ်သန့်ရှင်းရေးကိစ္စနဲ့တိုက်ရိုက်ပတ်သက်ပြီးအဆိုပါကိစ္စ မှာကျောက်ချဉ်ကအလွန်အသုံးတည့်ပါတယ်။ဒီအပြင်ခုခေတ်မှာနာမည်ကြီးနေပြီး ကာကွယ်ဆေးတွေငွေကုန်ခံထိုးနေရတဲ့သားအိမ်ခေါင်းကင်ဆာလိုမျိုးမဖြစ်ပွားအောင်ဟန့်တား ကာကွယ်နိုင်မှုမှာကျောက်ချဉ်ဟာလည်းအကျိုးအလွန်ရှိပါတယ်။ကိုယ်ဝန်ကိုကျန်းမာစွာလွယ်လိုသူ အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက်လည်းကျောက်ချဉ်ကအစွမ်းထက်ပါတယ်။ကလေးမရလို့ စိတ်ညစ်နေရသူများအတွက်လည်းအလွန်အသုံးတည့်ပါတယ်။ဒီအပြင်ရာသီလာချိန်ခေါင်းကိုက်တာ၊ ကိုယ်လက်အဆစ်အမြစ်ကိုက်ခဲတာ၊သွေးလန့်တတ်တာ၊ရာသီမမှန်ပဲလာရန်ခက်ခဲတာတွေအတွက်လည်း
ကျောက်ချဉ်ကအသုံးဝင်ပါတယ်။ပြီးတော့သွေသားသန့်ရှင်းပြီးအသားအရေစိုပြေမှုတွေကိုလည်း 
ကျောက်ချဉ်ကစွမ်းဆောင်စေပါတယ်။ချွေးပေါက်ကျယ်တာအစဒွါရပေါက်တွေလည်းကျယ်တာကိုလည်း ကျဉ်းစေတဲ့သတ္တိရှိပါတယ်။
 
ကျောက်ချဉ်ကိုအသုံးပြုပုံကတော့...အင်တုံတခုသို့မဟုတ်ပလပ်စတစ်ဇလုံကြီးတခုထဲမှာကျောက်ချဉ်ကို သင့်တင့်တဲ့ပမာဏထည့်ပြီးပျော်ဝင်သည်ထိစောင့်ပါ။ပြီးရင်အမျိုးသမီးများအနေနဲ့မိမိရဲ့မိန်းမကိုယ်ကို အဆိုပါဇလုံတွင်းကျောက်ချဉ်ရေဖြင့်တနေ့လျှင်၁၅မိနစ်လောက်စိမ်ပေးပါ။ 
လုပ်နည်းလုပ်ဟန်ကအင်မတန်ရိုးစင်းပြီးလွယ်ပေမယ့်နေ့စဉ်ပုံမှန်လုပ်ဆောင်ပေးခြင်းဆိုတဲ့အရာကို အမျိုးတော်တော်များများမှာအခက်အခဲတွေ့တတ်ကြပါတယ်။ဒါကိုတော့သတိပြုစေချင်ပါတယ်။ 
နေ့စဉ်၁၅မိနစ်တာကိုယ့်ကျန်းမာရေးအတွက်အချိန်ပေးပြီးကျောက်ချဉ်ရေစိမ်ပေးခြင်းကြောင့်ရရှိလာမယ့် ရလာဒ်ကကြီးမားလှပါတယ်။ပျိုမေတို့မှသည်သက်ကြီးရွယ်အိုအမျိုးသမီးကြီးတွေအထိအသုံးတည့်ပြီး အကျိုးရှိတဲ့နည်းလမ်းတခုလည်းဖြစ်ပါတယ်။ငွေကုန်ကျေးကျလည်းအလွန်နည်းပြီး ခက်ခဲမှုလည်း မရှိပါဘူး။

Tuesday, April 23, 2013

ဘောင်းဘီဝတ် မိန်းမ

ယနေ့ခေတ်ပြိုင်ကာလတွင်မြန်မာမိန်းကလေးများထဲ၌ခေတ်စားနေသောဝတ်စားဆင်ယင်မှုဖက်ရှင် တစ်မျိုးရှိသည်။ထိုဖက်ရှင်ကိုမြီးကောင်ပေါက်အရွယ်မှသည်အသက်၂ဝကျော်အရွယ်အပျိုကြီး ဖားဖားတို့အထိတောရောမြို့ပါကျေနပ်စွာဆင်ယင်နေကြသည်။ထိုဖက်ရှင်စတင်ခေတ်စားလာခဲ့သော ကာလကိုကျွန်တော်အစကောက်တင်ပြနိုင်ရန်မစွမ်းပါ။မြန်မာဖက်ရှင်ပညာရှင်များကတော့ ထိုဖက်ရှင်မြန်မာပြည်မှာစတင်ခေတ်စားလာခဲ့သောကာလကိုမှတ်မိသတိရစွာဖော်ထုတ်နိုင်ကြပါလိမ့်မည်။
ဖက်ရှင်ဆို၍ထူးထူးခြားခြားဆန်းဆန်းပြားပြားထဲကတော့မဟုတ်။သလုံးသားကိုဦးစားပေး ဗန်းပြလိုသောကြောင့်ဘောင်းဘီရှည်အောက်အနားစကိုဒူးခေါင်းများအောက်ဘက်တွင်ပုံစံအမျိုးမျိုးဖြင့် ကျပ်စည်းထားကြသည့်အမျိုးသမီးဝတ်ဘောင်းဘီဖက်ရှင်ဖြစ်သည်။များသောအားဖြင့်ချည်ထည်“ပြောင်” ပိတ်သားများကိုအသုံးပြုကြသည်။ဂျင်းသားကိုဆင်မြန်းကြသူတွေလည်းရှိကြသည်။အပျိုပေါက် ကလေးတွေကရောင်စုံဒီဇိုင်းနှင့်ပိတ်သားဘောင်းဘီတွေကိုဆင်ယင်ကြွားဝင့်ပြကြသည်။၂ဝရာစုထဲမှာ ကျန်ရစ်ခဲ့သောမြန်မာအဘွားအိုတို့၏အမြင်ကလေးကမူဣတ္ထိယငယ်တို့၏ဝင်းဝါပြည့်တင်းသော
ခြေသလုံးသားကိုလူမြင်ကွင်းမှာပေါ်ပေါ်တင်တင်ထုတ်ပြထားခြင်းကြောင့်ဟိရိသြတ္တပ္ပတရားကင်းမဲ့သည်၊ “ရိုင်း”သည်ဟုသတ်မှတ်ကြပေလိမ့်မည်။
အမျိုးသမီး အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော Elizebath Cady Staton နှင့် Amelia Blommer တို့ အထိမ်းအမှတ် ရုပ်တုများ
အမျိုးသမီးအခွင့်အရေးအတွက်တိုက်ပွဲဝင်ခဲ့ကြသော Elizebath Cady Staton နှင့် Amelia Blommer တို့အထိမ်းအမှတ်ရုပ်တုများ

ထိုဘောင်းဘီမျိုးကိုမြန်မာပြည်မှာခေတ်ပြိုင်အမည်ဘယ်သို့မှည့်ခေါ်ထားကြောင်းကျွန်တော်မသိပါ။ ထိုဘောင်းဘီမျိုးကိုအားကစားမယ်များက“ထွက်စု” Track-Suit အဖြစ်စတင်ဝတ်ဆင်ခဲ့သည်ဟုထင်စရာ ရှိသော်လည်းမဟုတ်သေးပါ။ထိုမိန်းမဝတ်ဒူးကျပ်ဘောင်းဘီ၏မူရင်းအမည်မှာ Bloomer ဖြစ်ပါသည်။ ထိုဘောင်းဘီကိုခေတ်စားစေခဲ့သူအမေရိကန်အမျိုးသမီးအရေးလှုပ်ရှားသူ Amelia Bloomer(၁၈၁၈-၉၄) ကိုဂုဏ်ပြုရည်ညွှန်းပါသည်။ဆိုခဲ့သော“ဘလူးမား”ဒူးကျပ်ဘောင်းဘီတွင်ကျယ်ခေတ်စားလာရခြင်း၏ အကြောင်းရင်းနောက်ခံသမိုင်းကြောင်းရှိသည်။ဘလူးမားဒူးကျပ်ဘောင်းဘီစတင်ပေါ်ပေါက်ခဲ့သော၁၈၅ဝ ခုနှစ်အထိအမေရိကန်အမျိုးသမီးများသည်ကိုယ်ကျပ် “ကော့ဆက်” အင်္ကျီများနှင့်လေးလံကြီးမားလှသော ခါးစည်းဂါဝန်ဖားဖားရှည်ရှည်ကြီးများကိုသာပုံမကျပန်းမကျပင်ပန်းစွာဝတ်ဆင်နေခဲ့ကြရသည်။ထိုကဲ့သို့ ဝတ်စားမှပင်မိန်းမကောင်းပီသ၍ယဉ်ကျေးသည်ဟုလူမှုဝန်းကျင်အသိုင်းအဝိုင်းကလက်ခံကျေနပ်ကြသော ကာလဖြစ်သည်။သို့ရာတွင်အသုံးမတည့်လှသောစည်းစနစ်ဟောင်း၊ဝါဒဟောင်း၊အမူအကျင့်ဟောင်း များကိုတော်လှန်ပြောင်းလဲပစ်လိုသောအသိအမြင်သစ်တွေကလည်းထိုကာလမှာပင်နိုးကြားပေါက်ကွဲလျက် ရှိသည်။အထူးသဖြင့်ရာစုနှစ်နှင့်ချီ၍စွဲမြဲအမြစ်တွယ်ခဲ့သောငွေဝယ်ကျွန်စနစ်ကိုပယ်ဖျက်လိုသော “ငွေဝယ်ကျွန်စနစ်ဖျက်သိမ်းရေးဝါဒီ”များ၏လှုပ်ရှားမှုပြင်းထန်ချိန်ဖြစ်သည်။ထိုသို့သောဧရာမ အပြောင်းအလဲကြီးတစ်ခုနှင့်အတူလိုက်ပါပြောင်းလဲလိုကြသောအမျိုးသမီးများ၏တော်လှန်ရေး စိတ်ဓာတ်လည်းဆူပွတ်လာကြသည်။သမိုင်းတစ်လျှောက်သူတို့မှာမွေးရာပါအခွင့်အရေးများစွာ ဆုံးရှုံးနေခဲ့ကြသည်။ဥပမာဆိုရလျှင်သူတို့သည်တက္ကသိုလ်ကောလိပ်တက်ခွင့်မရခဲ့ကြ၊လူထုအစည်းအဝေး တရားဟောစင်မြင့်ပေါ်သို့လည်းတက်ရောက်ခွင့်မရခဲ့ကြသည့်နစ်နာဆုံးရှုံးမှုမျိုးများဖြစ်ကြသည်။ ဤသို့သောနှောင်ကြိုးများကိုဖြတ်တောက်ချိန်တန်ပြီဟုရဲရင့်သူအမျိုးသမီးတွေယူဆယုံကြည်ခဲ့ကြပြီ။
၁၈၅ဝ ခုနှစ်တွင်အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုထောက်ခံသူ၊ငွေဝယ်ကျွန်စနစ်ဖျက်သိမ်းရေးအတွက် တက်ကြွလှုပ်ရှားသူ Gerrit Smith သည်၊အမျိုးသမီးတို့၏အဝတ်အစားဖက်ရှင်ပြောင်းလဲရေး စတင်လှုံ့ဆော်သည်။အမျိုးသမီးများသည်မိမိတို့အကျဉ်းကျနေသောဝတ်စုံအကျဉ်းထောင်များထဲမှ ရုန်းထွက်ကြရမည်”ဟုစမစ်ကအမျိုးသမီးအခွင့်အရေးဝါဒီများကိုတိုက်တွန်းသည်။
စမစ်၏အကြံပေးလှုံ့ဆော်မှုကိုဦးစွာလက်တွေ့အကောင်အထည်aဖ်ာသူမှာသမီးဖြစ်သူ Elizabeth Smith Miller ဖြစ်သည်။အဲလိဇဘက်သည်ဘောင်းဘီရှည်ပွပွကြီးတစ်ထည်ကိုကိုယ်တိုင်ချုပ်၍ဒူးအထိသာ ရှည်သောစကတ်အောက်မှာထိုဘောင်းဘီပွကြီးကိုခံဝတ်သည်။သူ့ကိုအတုယူပြီးသူနှင့် ဝမ်းကွဲညီအစ်မတော်သူ Elizabeth Cady Staton ကလည်းထိုဖက်ရှင်ကိုအတုယူဝတ်ဆင်သည်။ စတင်တန်ဖက်ရှင်ကိုသူငယ်ချင်းအမ်မလီယာဘလွမ်းကပုံတူကူးဝတ်ဆင်ပြန်သည်။ဘလွမ်းက ဝတ်ဆင်ရုံမျှမဟုတ်။သူရေးသားနေသောသတင်းစာနီတိခန်းကနေအမျိုးသမီးတွေဘောင်းဘီ ဝတ်ဆင်သင့်ကြောင်းအားပေးလှုံ့ဆော်ရေးသားသည်။ဘောင်းဘီပွဖက်ရှင်ကိုကြော်ငြာသည်။ ထိုအခါဘောင်းဘီပွဖက်ရှင်ဝတ်ဆင်လိုကြသောအမျိုးသမီးပရိသတ်ကဘောင်းဘီပွဒီဇိုင်းနှင့်ချုပ်လုပ်ပုံ ချုပ်လုပ်နည်းများကိုစာဖြင့်တောင်းခံလာကြသဖြင့်ဘလွမ်းသည်ဘောင်းဘီပွဖက်ရှင်ချုပ်လုပ်နည်းကို ရုပ်ပုံများနှင့်တကွစာအုပ်ရိုက်နှိပ်ထုတ်ဝေရပြန်သည်။ဤသို့ဖြင့်မိန်းမဝတ်ဘောင်းဘီပွဖက်ရှင်သည်ကျော်ကြား ပျံ့နှံ့ကာ Bloomerettes အမည်ဖြင့်လည်းကောင်း  Bloomer Costume ဟုလည်းကောင်း၊  ထင်ရှားလာသည်။နောက်ဆုံးမှာတော့ Bloomers ဟူသောအမည်ကတရားဝင်တည်ရှိကာအဘိဓာန် စာရင်းဝင်ဝေါဟာရပင်ဖြစ်လာသည်။အမ်မလီယာဘလွမ်းသည် ၁၈၁၈ မှာမွေး၍ ၁၈၉၄ တွင် အနိစ္စရောက်သွားခဲ့သည်။အမေရိကမှာ ၁၈၅ဝ ခုနှစ်လောက်ကပေါ်ထွန်းခဲ့သောဘလူးမား မိန်းမဝတ်ဘောင်းဘီဒီဇိုင်းမျိုးကိုယခု ၂ဝ၁၂ ခုနှစ်တွင်မြန်မာပြည်မှကျွန်တော်၏မြေးမလေးကအမြတ်တနိုး ဝတ်ဆင်နေပါသည်။တစ်နေ့တော့အမ်မလီယာဘလွမ်းအကြောင်းမြေးမလေးကိုပြောပြဖို့ စိတ်ကူးထားသည်။ပြောမည်ဆိုလျှင်ဘလူးမားဘောင်းဘီနှင့်ဆက်လက်ပြီးပြောပြစရာတွေများစွာ ရှိလာလိမ့်မည်။ယခုဘလူးမားဘောင်းဘီဝတ်သောကျွန်တော့်ခေတ်မှာမည်သူကမျှမဝေဖန် မပုတ်ခတ်သော်လည်းဘလူးမားပေါ်ကာစကမူအမေရိကမှာပင်ပွက်ပွက်ညံသွားခဲ့ပါသည်။
ဘလူမားဘောင်းဘီလည်းဣတ္ထိယ၏ဒူးမှခြေမျက်စိအထိဟင်းလင်းဖြစ်နေသောကြောင့် “ယဉ်ကျေးသိမ်မွေ့မှုမရှိ”ဟုထင်မြင်ခဲ့ကြသည်။ဘလူးမားဘောင်းဘီဝတ်အမျိုးသမီးတွေကို လမ်းသွားလမ်းလာယောက်ျားတွေကလှောင်ပြောင်ကြသည်။သတင်းစာဆရာကာတွန်းဆရာတွေက “ယောက်ျားလိုဝတ်တဲ့မိန်းမတွေ”ဟုသရော်ကြသည်။သာသနာ့ဝန်ထမ်းများကတော့၊ဘလူးမားဘောင်းဘီ ဝတ်သောအမျိုးသမီးများကို“မိစ္ဆာမ”များဟုပင် ရှုတ်ချခဲ့ကြသည်။
ဘလူးမားဘောင်းဘီကိုစတင်ဝတ်ဆင်ခဲ့ပြီးဘလူးမားဘက်မှစာနှင့်ပေနှင့်အကြောင်းပြခုခံကာကွယ်ခဲ့သူ “အဲလိဇဘက်ကေဒီစတင်တန်”ကိုယ်တိုင်ဆန့်ကျင်မှုများစွာနှင့်မရှူသာမကယ်သာရင်ဆိုင်ခဲ့ရရှာသည်။
သူမ၏ဖခင်တရားသူကြီးဖြစ်သူကသူ့ထံလာလျှင်ဘလူးမားဘောင်းဘီဝတ်မလာရဟုသမီးကို အမိန့်ထုတ်သည်။အဆိုးဝါးဆုံးထိုးနှက်ချက်မှာအဲလီဇဘက်၏သားတော်မောင်နှစ်ယောက်က သူတို့၏ကျောင်းသို့လာလျှင်“တိုနံ့နံ့အဝတ်တွေဝတ်မလာပါနှင့်”ဟုမိခင်ဖြစ်သူကိုတားမြစ်ခဲ့ခြင်းပင်ဖြစ်ပေသည်။
ခေတ်သစ်ကရှေ့ကိုတိုးတက်လာတိုင်းခေတ်နောက်ပြန်ဆွဲသမားတွေကနောက်ကိုဆုတ်ကန်ဆုတ်ကန် လုပ်စမြဲမဟုတ်လား။
ယနေ.ခေတ် ယနေ.အချိန်တွင် ထိုဘလူးမားထက်ဆိုးသောဘောင်းဘီများကိုဝတ်ဆင်နေကြသောမြန်မာအမျိုးသမီးများရဲ.အလှကလဲ
ဖော်မပြနိုင်လောက်အောင်ကိုရှားပါးလှပါတယ်ဗျာ... 

Monday, April 22, 2013

အင်တာနက် မင်းသမီး မဖြစ်စေဖို့ မြန်မာ အမျိုးသမီး တို့ ဆင်ခြင်ဆို့



အမျိုးကောင်းသမီးများသို့အင်တာနက်မင်းသမီးမဖြစ်ရအောင်ကာကွယ်ဆေးကိုပြလည်ဖော်ပြပေးလိုက်ပါတယ်။ အခုခေတ်မှာလူတိုင်းနဲ့ရင်းနှီးကျွမ်းဝင်နေပြီဖြစ်တဲ့အင်တာနက်ရဲ့ကောင်းကျိုးတွေကတော့ဖော်ပြလို့ မကုန်နှိုင်အောင်များတာကိုတွေ့ရပါတယ်။အင်တာနက်နည်းပညာတိုးတက်လာတာနဲ့အမျှဘေးထွက် ဆိုးကျိုးတွေလဲမခွဲမခွာတွဲပါလာတာကိုလဲမြင်နေရပြန်ပါတယ်။ 
ကျွန်တော်နဲ့အဆင့်အလှမ်းကွာနေတဲ့spyware,mailware,virusစတာတွေကိုမပြောလိုပါဘူး။ ကျွန်တော့မျက်စိထဲကန့်လန့်ဝင်နေတဲ့အကြောင်းအရာကအမျိုးကောင်းသမီးတွေရဲ့ဘာညာကိစ္စ ဓါတ်ပုံ/ဗီဒီယိုများစွာကိုကာယကံရှင်မသိပဲအင်တာနက်ပေါ်မှာစေတနာကြီးမားစွာနဲ့ဝေငှ(share) အလုပ်ခံနေရတဲ့ကိစ္စပါ။ဒါကိုဒီအတိုင်းထိုင်ကြည့်နေလို့တော့မဖြစ်တော့ဘူးထင်ပါတယ်။နာမည်ကြီးချင်လို့၊ လူသိများချင်လို့(ဒါမှမဟုတ်)၀ါသနာအရကိုယ့်ပုံကိုယ်တင်တာဆိုရင်တော့လုပ်ပါ။ 
ကျွန်တော်တို့လဲကြည့်ရှုအားပေးပါ့မယ်။ဒါပေမယ့်တချို့ဆိုရိုးရိုးသားသားနေတာကိုချောင်းရိုက်ခံရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့လွပ်လွပ်လပ်လပ်နေတာကိုမှတ်တမ်းတင်ခံရတာတို့ကတော့မဖြစ်သင့်ပါ။အဆိုးဝါးဆုံး ကတော့ကိုယ့်ချစ်သူကိုယုံမှတ်လို့ပုံအပ်မိကာမှပဲကျောချမှဓါးပြမှန်းသိရတဲ့ကိစ္စပါ။ ကိုယ့်ချစ်သူကကိုဖော်ကောင်လုပ်ပြီးအင်တာနက်ပေါ်တင်ပေးတာပါ။ဒီကိစ္စကိုအမျိုးသမီးများအထူး
သတိထားစေချင်တယ်။တချို့ဆိုဒီကိစ္စကြောင့်အလုပ်အကိုင်ထိခိုက်၊ပတ်ဝန်းကျင်မှာမျက်နှာ မပြရဲအောင်ဖြစ်ရပါတယ်။ 
ဒါတွေရဲ့အရင်းခံကတော့မသိနားမလည်မှု၊နည်းပညာမကျွမ်းကျင်မှုကြောင့်ဆိုတာတွေ့နေရပါတယ်။ အမျိုးကောင်းသမီးများအနေနဲ့ဒီလိုအဖြစ်မျိုးတွေကရှောင်လွဲနှိုင်အောင်နည်းလမ်းကောင်းလေးတွေ 
ပေးချင်တယ်။ကျွန်တော်ကကွန်ပျူတာကျွမ်းကျင်သူတစ်ယောက်ပါ။ပြီးတော့ပညာရှင်အဆင့်ဓါတ်ပုံ၊ဗီဒီယို လဲရပါတယ်။ဒါကြောင့်ကျွန်တော်ပေးတဲ့နည်းလမ်းတွေကအမတို့ညီမတို့အရှက်နဲ့သိက္ခာကို တတ်နိုင်သလောက်ကာကွယ်ပေးနိုင်မယ်လို့လဲ ထင်ပါတယ်။ 

 ၁။ဘယ်သူ့ကိုမျှမယုံပါနဲ့ဘယ်လောက်ပဲချစ်ချစ်၊ဘယ်လောက်ပဲရင်းနှီးနှီးလွပ်လွပ်လပ်လပ်နေတာကိုမှတ် တမ်းတင်မခံပါနဲ့။သူကိုယ်တိုင်ကစိတ်ချရသော်လဲသူ့ကိုယ်တိုင်မသိလိုက်ပဲသူဆီကကိုယ့်ဓါတ်ပုံကို သူများခိုးသွားတာမျိုးခံရတတ်ပါတယ်။

၂။ကိုယ်ကိုယ်တိုင်လဲမှတ်တမ်းမတင်ပါနဲ့ကိုယ့်ကိုယ်လုံးဘယ်လောက်လှသလဲသိချင်ရင်မှန်ထဲမှာပဲ စိတ်တိုင်းကျကြည့်ပါခင်ဗျာ။ဓါတ်ပုံရိုက်မကြည့်ပါနဲ့။အဲဒါလဲအွန်လိုင်းမင်းသမီးဖြစ်ဖို့လမ်းစပါ။
 ၃။ကင်မရာထဲမှာ၊ကွန်ပျူတာထဲမှာဖျက်ပစ်လိုက်ပြီ(delete)ဆိုတိုင်းလဲစိတ်မချပါနဲ့ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာဖျက်လိုက်ပြီဆိုတိုင်းလဲစိတ်ချရတာမဟုတ်ပါ။အစွမ်းထက်သောrecovery softwareမြောက်များစွာရှိနေပါတယ်။အဲဒီ့ဆော့ဝဲတွေဟာလွန်ခဲ့တဲ့၁နှစ်၊၂နှစ်လာက်ကဖျက်ထားတဲ့ဓါတ်ပုံ ဗီဒီယိုတွေကိုအလွယ်တကူပြန်လည်ရှာပေးနိုင်ပါတယ်။ကွန်ပျူတာပြင်ဆရာတိုင်းလိုလိုလုပ်တတ်ပါတယ်။ ကို့ကင်မရာနဲ့စိတ်ကြိုက်ရိုက်ကြည့်တယ်။ပြီးတော့ဖျက်ပစ်လိုက်တယ်ဆိုပေမယ့်သာမန်ကျွမ်းကျင်သူ တစ်ယောက်ဟာဒါတွေကိုအလွယ်တကူပြန်လည်ရယူနိုင်တာကိုလုံးဝမမေ့ပါနဲ့။ 
 ၄။အင်တာနက်ဆိုင်မှာကိုယ့်ကွန်ပျူတာနဲ့သုံးရင်လဲသတိထားပါ။အင်တာနက်ဆိုင်မှာကိုယ့်လက်ပ်တော့ပ် နဲ့သုံးရင်ကိုယ့်လက်ပ်တော့ပ်ထဲကအချက်အလက်ကိုအင်တာနက်ဆိုင်ကအလွယ်တကူ ၀င်ရောက်ကြည့်ရှုကော်ပီကူးထားနိုင်တယ်ဆိုတာသိထားပါ။အင်တာနက်ဆိုင်တွေမှာဆိုင်မှာရှိတဲ့ ကွန်ပျူတာတွေကိုကောင်တာကအလွယ်တကူထိမ်းချုပ်နိုင်အောင်networkစနစ်တစ်မျိုးချိတ်ဆက် ထားတတ်ပါတယ်။ကိုယ်ကအဲဒီဆိုင်မှာအင်တာနက်သုံးတယ်ဆိုရင်ကိုယ်ကလဲအဲဒီစနစ်ထဲကို အလိုလိုရောက်သွားပါတယ်။ဒါဆိုရင်အင်တာနက်ဆိုင်ကောင်တာကနေကိုယ့်ကွန်ပျူတာကိုနက်ဝါ့ခ်ကနေ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ဒါကြောင့်အင်တာနက်ဆိုင်မှာသုံးမယ့်ကိုယ့်လက်ပ်တော့ပ်မှာအရေးကြီးတဲ့ ကိုယ့်ပုံတွေထည့်မထားပါနဲ့။ 
 ၅။နည်းပညာကိုအထင်မသေးပါနဲ့ကိုယ့်လက်ပ်တော့ပ်ထဲမှာပုံတွေထည့်မထားပါနဲ့၊မလုံခြုံပါဘူးဆိုတော့ နည်းနည်းနားလည်တဲ့ကိုကို၊မမတွေကshareပေးမထားရင်ရပါတယ်လို့ဆိုကြတယ်၊ဟုတ်ကဲ့နည်းပညာကို အထင်မသေးပါနဲ့ခင်ဗျား၊ကိုယ့်ထက်ပိုတော်တဲ့ဆရာကြီးတွေရှိနေသေးတယ်ဆိုတာလဲမေ့မထားပါနဲ့။ crackerတို့hackerတို့ဆိုတာအလကားပေးထားတဲ့နာမည်တွေမဟုတ်ပါဘူး။သူတို့ရဲ့စွမ်းဆောင်ရည် ကပြောမယုံကြုံဖူးမှသိလောက်အောင်မြင့်တတ်ပါတယ်။ဒါကြောင့်ကိုယ့်ဘက်ကစိတ်ချရအောင်သတိရှိတာ အကောင်းဆုံးပါ။

၆။အင်တာနက်မှာတွေ့တဲ့သူကိုမယုံပါနဲ့အင်တာနက်ကတော်ကီကိုကိုတို့ကပဲအပြောကောင်းသလား၊ အွန်လိုင်းမမတွေကပဲအညှာလွယ်သလားမသိပါ။VZO Chat လိုဟာမျိုးနဲ့ချွတ်ပြ၊လှန်ပြတဲ့မမတွေ၊
ညီမတွေရဲ့ပုံများအင်တာနက်ပေါ်မှာတွေ့နေရပါတယ်။(ကျွန်တော်အသုံးရိုင်းသွားရင်ခွင့်လွှတ်ပါ)၀မ်းနည်း စရာကောင်းတာကပါးကွက်ကျားနဲ့ထမီနဲ့ဗမာမလို့ထင်းခနဲသိသာတဲ့ပုံတွေပါအများကြီးပါလာတာပါ။
ကြေးစားတွေပါလို့ပြောရအောင်လဲအိမ်မှာကိုယ်ပိုင်အင်တာနက်လိုင်းနဲ့ကိုယ်ပိုင်ကွန်ပျူတာနဲ့သုံးနိုင်တဲ့ အဆင့်ကကြေးစားမဟုတ်နိုင်ပါ။ဖြစ်နိုင်ခြေရှိတာကအွန်လိုင်းကိုကိုကလဲအပြောကောင်း၊ညီမလေးတို့ကလဲ သဒ္ဒါလွန်တယ်ထင်ပါတယ်။မယုံကြပါနဲ.ညီမလေးတို့ရယ်။ကိုယ့်ကိုတကယ်ချစ်တဲ့သူဆိုတာနှစ်ယောက်ချင်း ဆိတ်ကွယ်ရာမှာမှားချင်မှားမယ်၊အဲဒီလိုဗြောင်ကြီးတော့မတောင်းဆိုပါဘူး။အဲ…ကိုယ့်သိက္ခာကိုရင်းရဲတယ် ဆိုရင်တော့လုပ်ပေါ့။(VZO ကအရုပ်တွေအသံတွေမှတ်ထားလို့ရတယ်ဆိုတာလဲသတိရပါ။)
 ၇။ခိုးအရိုက်ခံရခြင်းမှကာကွယ်ဖို့ဆိုရင်ကိုယ်မရင်းနှီးမကျွမ်းဝင်တဲ့နေရာမှာ(ဟော်တယ်၊တည်းခိုခန်း၊ ပန်းခြံ)စတဲ့နေရာတွေမှာလွပ်လွပ်လပ်လပ်မနေပါနဲ့။သတိရှိပါ။ကင်မရာတွေအကြောက်ဆုံး၊အားနည်းချက် တစ်ခုကတော့အမှောင်ပါ။ဘယ်လောက်ကောင်းတဲ့ကင်မရာမဆိုအလင်းရောင်အားနည်းသောနေရာမှာ အဆင်မပြေနိုင်ပါ။ဒါကြောင့်စိတ်မချရသောနေရာများတွင်လွပ်လွပ်လပ်လပ်(ဥပမာ...အ၀တ်အစား လဲတာ)နေရတော့မယ်ဆိုရင်လုံးဝမှောင်သွားအောင်လုပ်ပါ။ဒါဆိုကင်မရာတွေမတတ်နိုင်တော့ပါ။ အမှောင်ထဲမှာရိုက်နိုင်တယ်ဆိုတဲ့(NightShot)ဆိုတဲ့ကင်မရာတွေတောင်အနဲဆုံးအနီရောင်ရောင်စဉ်လေး လင်းမှအလုပ်ဖြစ်တာပါ။ 
 ၈။spycameraတွေကိုတတ်နိုင်သမျှရှာပါအခုခေတ်မှာသုံးသောင်းလောက်ဆိုspycameraတစ်လုံးရနိုင်ပါတယ်။ ဒါကြောင့်စိတ်မချရတဲ့နေရာတွေမှာဆိုspy camera တတ်ထားမထားတတ်နိုင်သလောက်ရှာပါ။
ဒါကိုကိုတွေ၊ဦးဦးတွေအတွက်လဲအရေးကြီးပါတယ်။တော်ကြာကိုယ်တောင်မသိပဲနာမည်ကြီးအွန်လိုင်း မင်းသားဖြစ်သွားနိုင်ပါတယ်။များသောအားဖြင့်ကင်မရာတွေကိုမြင်ကွင်းကျယ်ကျယ်ရအောင်ဒေါင့်တွေမှာ တတ်ထားတတ်ပါတယ်။သေသေချာချာရှာပါ။အခန်းအပြင်မှာတတ်ထားပြီး မတ်စေ့လောက်အခန်းကိုဖောက်ထားတာမျိုးလဲလုပ်တတ်ကြပါတယ်။မသင်္ကာဖွယ်ရာ အပေါက်တွေကိုဒေါင့်တွေမျက်နှာကျက်တွေမှာသေချာရှာပါ။ဘာမှမတွေ့ဘူးဆိုပြီးလဲစိတ်ချမနေပါနဲ့၊ လိုအပ်ရင်အမှောင်ကိုအကာအကွယ်ယူပါ။အဲsupermarketတွေကအ၀တ်လဲခန်းတွေမှာလဲ ရှိတတ်တယ်နော်၊လုံခြုံရေးအတွက်တတ်ရတာပါဆိုပဲ။ 

 ၉။ဘာကြောင့်ပဲဖြစ်ဖြစ်အွန်လိုင်းမင်းသားမင်းသမီးဖြစ်သွားပြီဆိုရင်ရောရှက်ပြီးငြိမ်မနေပါနဲ့၊ သိပ်မပျံ့သေးမှီတားဆီးပါ။Sex၀က်ဆိုက်တော်တော်များများဟာUserကတောင်းဆိုလို့ရှိရင်အချက် အလက်တွေဖျက်ပေးပါတယ်။ကိုယ့်ပုံပါနေတာသေချာရင်အဲဒီ့ဝက်ဆိုက်ကိုအကြောင်းကြားပြီးဖျက်ခိုင်းပါ။ အဲဒီလိုအကြောင်းကြားလို့ဖျက်ပေးတာသုံးခါလေးခါတွေ့ဖူးပါတယ်။ 
၁၀။ကိုယ်ချင်းစာပါ။တွေ.ဖူးပါတယ်။အမျိုးသားနဲ့အမျိုးသမီးတွဲရိုက်ထားတဲ့ပုံတွေမှာအမျိုးသားကိုယ်တိုင်က တင်တာဆိုတော့သူ့မျက်နှာတော့သူဖျက်ထားတာတွေ့ဖူးတယ်။ဒါကိုယ်ချင်းမစာတာပါ။မလုပ်ပါနဲ့ဗျာ သူတို့ကကျွန်တော်တို့ထက်ပိုရှက်တတ်တာပေါ့။ကိုတောင်ရှက်တတ်သေးရင်သူများအရှက်ကွဲအကျိုး နည်းဖြစ်အောင်မလုပ်သင့်ပါဘူး။ဒါစေတနာဗလဗွနဲ့မျှဝေတတ်တဲ့ကိုယ်ချင်းမစာတဲ့အမျိုးသားတွေ အတွက်ပါ။ခိုးလဲမရိုက်ကြပါနဲ့။ကိုယ့်ကိုချစ်လို့အလိုလိုက်ထားတဲ့သူကိုလဲမျက်နှာလွဲခဲပစ်မလုပ်သင့်ပါ။ ဇာတ်လမ်းအသစ်တင်ချင်တယ်ဆိုရင်လဲကြေးစားအဆင့်ထဲမှာအရိုက်ခံတဲ့သူတွေရှိပါတယ်။သူတို့နဲ့ လှုပ်ရှားပေါ့။နောက်ဆုံးအဆင့်မျက်နှာလေးဖျက်ပေးတာပဲဖြစ်ဖြစ်တော့မဖြစ်မနေလုပ်ပေးကြပါ။ အင်တာနက်ဆိုတာဟာလူ့အကျိုးသယ်ပိုးဖို့ပေါ်ပေါက်လာတာပါ။ဒါကိုအကျိုးမရှိတဲ့နေရာမှာသူများအကျိုး ထိခိုက်အောင်မလုပ်ကြပါနဲ့။(ဒါကSexWebsiteတွေကိုမကြည့်ပါနဲ့လို့ပြောတာမဟုတ်ပါ။တော်ကြာ ကိုကိုတို့ကစိတ်ဆိုးနေဦးမယ်။နာမည်ကြီးချင်လို့တို့၊၀ါသနာအရတို့ဆိုတဲ့ရုပ်ပုံတွေဗီဒီယိုတွေ ဆိုရင်တော့ရောင်းသူဝယ်သူအသံတူရင်ပြီးတာပါပဲဗျာ။)အမျိုးကောင်းသမီးများကိုညှာတာဖို့ပြောတာပါ။
 
ယခုလိုတင်ပြရတာကဆရာလုပ်ချင်လို.မဟုတ်ပါဘူးဓါတ်ပုံတွေဗီဒီယိုတွေ တင်ချင်တိုင်းတင်နေကြတဲ့
ဦးဦး  ဒေါ်ဒေါ် ကိုကို မမ ညီငယ် ညီမငယ် တို.အတွက်စေသနာထားပြီးတင်ပြပေးတာပါ...

အရက်၏ဆိုးကျိုးများ (များစွာသောက်သုံးမိလျှင်)

အရက်အလွန်အကျွံသောက်တဲ့သူတွေဟာ...

၁.Accidents...ကားတိုက်မှုအပြင်အခြားတိုက်ခိုက်မှု၊ခိုက်ရန်ဖြစ်ပွားမှုတွေဖြစ်နိုင်တယ်လေ။
   Body ထဲမှာAlcohol level 0.05 ဆိုရင်ကားတိုက်မှုဖြစ်နိုင်ချေ ၅ ဆ၊
   Alcohol level 0.08 ဆိုရင်ကားတိုက်မှုဖြစ်နိုင်ချေ ၂၅ ဆ၊
   Alcohol level 0.15 ဆိုရင်ကားတိုက်မှုဖြစ်နိုင်ချေ ၈၀ ဆ ပိုပြီးမြင့်တက်လာကြောင်းတွေ.ရပါတယ်။

၂.ကင်ဆာရောဂါ...အထူးသဖြင့်အစာအိမ်ကင်ဆာ၊လည်ချောင်းကင်ဆာ၊အသဲကင်ဆာတွေဖြစ်နိုင်ပါတယ်။

၃.အသဲရောဂါ...နှစ်ရှည်အရက်စွဲသောက်သူတွေမှာအသဲရောဂါဖြစ်ကိုဖြစ်တာတွေ.ရပါတယ်။သေဆုံးမှု           ဟာလည်းအသဲရောဂါဖြစ်ပြီးသေဆုံးတာအဖြစ်များပါတယ်။

၎.အစာအိမ်ဝေဒနာ...အရက်မှာပါတဲ့အဆိပ်ဓာတ်ကြောင့်ရင်ပူခြင်း၊အစာအိမ်လောင်ခြင်းအပြင် အစာအိမ်ကင်ဆာအထိတောင်ဖြစ်နိုင်ပါတယ် ။

.သွေးတိုးရောဂါ...သတိမထားမိတဲ့အချက်တခုပါ။အရက်ဟာသွေးတိုးစေတာတွေ.ရပါတယ်။ဒါကြောင့် နဂိုသွေးတိုးရှိသူတွေအရက်သောက်မိရင်ပိုဆိုးလာပါမယ် ။

.နှလုံးရောဂါ...အရက်ဟာသွေးတိုးစေတဲ့အတွက်နောက်ဆက်တွဲပြသနာတွေဖြစ်တဲ့နှလုံးသွေးကြော
 ရောဂါတွေကိုပါဆက်ပြီးဖြစ်စေပါတယ်။နဂိုနှလုံးရောဂါအခံရှိသူတွေမှာနှလုံးရပ်ပြီးသေဆုံးတဲ့အထိကို ဖြစ်နိုင်ပါတယ်။

.လေဖြတ်ခြင်း...အရက်သောက်သူတွေမှာအသက်ငယ်ရွယ်သူတွေအပါအ၀င်ဦးနှောက်သွေးကြောပိတ်ပြီး
 လေဖြတ်ဖို့ ၈၀ % ရှိနေပါတယ်။

၈.အ၀လွန်ရောဂါ...အရက်မှာသကြားဓာတ်ပါဝင်မှုများတာကြောင့်လူကိုဝစေပါတယ်။နောက်ဆက်တွဲ ဆီးချိုရောဂါပါဖြစ်နိုင်ပါတယ်။

၉. အရိုးပွရောဂါ...နှစ်ရှည်အရက်သောက်သူတွေအရိုးပွနေတာကိုတွေ.ရပါတယ်။

၁၀. Pancreatitis...ပန်ကရိယယောင်တာလဲဖြစ်နိုင်ပါတယ်။အစာအိမ်ရောဂါနဲ့ဆက်စပ်နေပါတယ်။

၁၁. အိပ်မပျော်ခြင်း...တချို့တွေမှာပဲတွေ.ရတာပါ ။

၁၂. ခုခံအားကျခြင်း...အရေးကြီးပါတယ်။အရက်ဟာbodyရဲ့ရောဂါတွေကိုကာကွယ်နိုင်တဲ့စွမ်းအားကို ကျဆင်းစေပါတယ်။ဒါကြောင့်အရက်သောက်တဲ့လူတွေဟာမကြာခဏဖျားခြင်း၊ရောဂါပိုးဝင်ခြင်း၊ အနာရင်းခြင်းတွေအပြင်ဝေဒနာဖြစ်ပြီးရင်လဲပျောက်ဖို့ကြာတတ်ပါတယ် ။

၁၃. စိတ်ဝေဒနာ...အရက်ကြောင့်ဖြစ်တဲ့စိတ်ဝေဒနာ(alcohol-related dementia )၊ပိုဆိုးရင်စိတ်ရောဂါ
(Korsakoff’s psychosis) အထိကိုဖြစ်စေပါတယ် ။

အဲ့ဒီရောဂါတွေအပြင်...

၁၄. စွမ်းဆောင်ရည်ကျဆင်းခြင်း

၁၅. အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှုအားနည်းလာခြင်း၊တက်ကြွမှုပျောက်ဆုံးခြင်း၊လူမှုရေးပြသနာများ၊ အဆိုးဆုံးကမိမိကိုယ်ကိုသတ်သေခြင်းအထိကိုဖြစ်စေပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများအရက်သောက်တာမြန်မာအမျိုးသမီးတွေမှာမရှိသလောက်ကိုရှားပါတယ်။
ဒါကြောင့်ဒီအကြောင်းကိုချန်ခဲ့ပါမယ်။

ဤသို့သောအမျိုးသမီးများ”သင်”တွေ့ဖူးပါသလား?

၁။နံနက်စောစောအိပ်ရာထတတ်သူ၊နာက်ဆုံးမှအိပ်တတ်သူ၊အိမ်မှုကိစ္စနိုင်နင်းသူ၊
    ဈေးဝယ်ကျွမ်းကျင်သူ။မိန်းမမြတ်စာရင်းဝင်

၂။လင်ယောင်္ကျား၏လုပ်ငန်းများအားကျွမ်းကျင်စွာလုပ်ကိုင်နိုင်၍မျက်နှာလွှဲရသူ။အဖိုးတန်မိန်းမ။

၃။ရည်းစားဘ၀ထဲကအလျှော့ပေးကာအနွံအတာခံတတ်သူ၊သင့်မျက်နှာသာတစ်ကမ္ဘာထင်သူ။
   သင့်ကိုအားကိုးသောမိန်းမ

၎။မိမိခင်ပွန်းအားဝတ်ကောင်းစားလှများသပ်ရပ်စွာစီစဉ်ပေးကာကိုယ်တိုင်လည်းသပ်သပ်ရပ်ရပ်နေတတ်သူ။
   အရည်အချင်းရှိသောမိန်းမ

၅။သင်ကျန်းမာရေးချို့တဲ့နေသည့်အခါတိုင်းမိမိမကျန်းမာသည်ကိုနောက်ချန်ကာသင့်ကိုသာဦးစားပေး၍
   မငြီးမငြူပြုစုသောသူသင့်ကိုချစ်သောမိန်းမ

၆။ချစ်သူဘ၀တွင်သင်နှင့်စိတ်တူကိုယ်တူသင်ကြိုက်တာမှန်သမျှအပေးအယူမျှတစွာဒိုးတူဘောင်ဖက်
   နေထိုင်တတ်သူ။သူငယ်ချင်းနှင့်တူသောမိန်းမ

၇။သင်မူးယစ်ဆေးစွဲနေသည်ကိုသိသော်လည်းစိတ်မပျက်ပဲသင့်အားချစ်လျှက်တွဲခေါ်ဖေးမဆေးပြတ်စေသူ။
   စိတ်ထားကောင်းသူမိန်းမ

၈။သင်ရိုင်းပျစွာပြောဆိုသော်လည်းသင့်ကိုအပြုံးနှင့်တုန့်ပြန်ကာဟာသလုပ်၍တုန့်ပြန်သူ။မိခင်လိုမိန်းမ

သင်နှစ်သက်သောလိင်ပိုင်းဆိုင်ရာကိစ္စရပ်များကိုစိတ်မပါသော်လည်းအလိုလိုက်ဖြည့်စည်းပေးသူ
   နားလည်မှုပေးစွမ်းနိုင်သောမိန်းမ

၁၀။ရည်းစားဘ၀တွင်သင့်အားချစ်သည့်စိတ်ဖြင့်”ကာမ”အလိုလိုက်မိသော်လည်းသင်၏
     စွန့်ပစ်မှုအပေါ်တွင်အသိတရားရှာကာသင့်ထက်သူမကိုတန်ဖိုးထားချစ်တတ်သူယောင်္ကျားကို
     ပြတ်သားစွာရှာဖွေတတ်သောမိန်းမ။ထက်မြက်သောမိန်းမ

၁၁။အားလုံးပြည့်စုံသောသင့်ကိုမရွေးချယ်ပဲသင့်ထက်အဆပေါင်းများစွာနိမ့်ကျသူကိုရွေးချယ်ခြင်းသည်
     သင့်ကိုမချစ်၍ဖြစ်သည်သတ္တိရှိသူမိန်းမ

၁၂။မိမိဆွေမျိုးများကိုအလိုက်အထိုက်သာဆက်ဆံပြီးသင့်ဆွေမျိုးများအားပေးကမ်းရက်ရောသူ။
     လိမ်မာပါးနပ်သောမိန်းမ

၁၃။လုပ်ဖေါ်ကိုင်ဖက်များနှင့်ပျော်ရွှင်စွာနေထိုင်တတ်ပြီးသင့်ထက်သူငယ်ချင်းကိုပို၍အလေးထားသူ။
     အပျိုကြီးလုပ်မဲ့မိန်းမ

၁၄။သင့်ကိုနေရာတကာအနိုင်ယူကာဗိုလ်ကျဆိုးနွဲ့တတ်သူသင့်ကိုမျက်စေ့အောက်ကအပျောက်မခံနိုင်အောင်
     ချစ်သူ။ကလေးဆန်သောမိန်းမ

၁၅။သင်တစ်ယောက်အတွက်သာဘ၀ကိုပုံပေးကာယာင်္ကျားဆိုသင်တစ်ယောက်သာသူမအတွက်
     ရှိသည်ဟုထင်မှတ်သူ။အချစ်ကြီးသောမိန်းမ

လောကမှာမိန်းမကောင်းတွေအများကြီးပါ…ရှာဖွေတတ်ဖို့တော့လိုတယ်နော်…(၁၅)ချက်ကလွတ်ကင်းတဲ့ယောင်္ကျားများဤကဲ့သို့သောမိန်းမမျိုးများရရန်လွယ်ကူပါကြောင်း။

အရှင်ဆန္ဒာဓိကရဲ.ဆုံးမစာ

ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊
စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊
စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။

ဆဲဆိုတာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ကဲ့ရဲ့တာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ချစ်စရာကောင်းတာသူ့အလုပ်၊ မချစ်မိအောင်သည်းခံတာကိုယ့်တာဝန်၊
မုန်းစရာကောင်းတာသူ့အလုပ်၊ မမုန်းမိအောင်သည်းခံတာကိုယ့်တာဝန်။

စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှမချစ်ပါနဲ့၊
စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။

ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊
ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ် ပပျောက်အောင် ပြုလုပ်နိုင်စွမ်းရှိရမယ်။

သူတစ်ပါးရဲ့အမှားချို့ယွင်းချက်ကို အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း၊
ငါ့မှာရော အမှားလုံးဝမရှိဘူးလား လို့ ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့၊
သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ် သည်းခံခွင့်လွှတ်နိုင်စွမ်း တိုးပွားလာမှာအမှန်ပဲ။

ဘယ်အာရုံနဲ့တွေ့တွေ့တုန်လှုပ်မှုမရှိပဲ စိတ်ချမ်းသာအောင် နေတတ်ခြင်းဟာ စိတ်ကျန်းမာရေးပါပဲ။
စိတ်ကျန်းမာရေး ချို့ယွင်းသူတွေရဲ့ အဓိကအားနည်းချက်ကတော့၊ အရာရာကို နားလည်မှု ခွင့်လွှတ်မှုခေါင်းပါးခြင်းပဲ။

ကောင်းတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ဆိုးတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ကောင်းတဲ့အချက်ကို မရရအောင်ရှာကြံတွေးပြီး စိတ်ချမ်းသာအောင်ထားတတ်တာကိုစိတ်ထားတတ်တယ်လို့ခေါ်တယ်။ စိတ်မထားတတ်ရင် စိတ်ချမ်းသာစရာနဲ့ တွေ့နေတာတောင်မှ စိတ်ဆင်းရဲနေတတ်ပါတယ်။

သူတစ်ပါးကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်ဖြစ်နေပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ သေဖို့ရာ တဖြည်းဖြည်းနီးလာပြီလေ။

ကောင်းမှုကုသိုလ်အလုပ်ဆိုတာ လုပ်ချင်စိတ်ထက်ထက်သန်သန်ရှိတုန်း မြန်မြန်သွက်သွက် ထလုပ်လိုက်မှ ထမြောက်အောင်မြင်တတ်ပါတယ်။ အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲမယ်ဆိုရင် မလုပ်ဖြစ်တော့ပဲ လွဲချော်သွားတတ်ပါတယ်။

စိတ်ညစ်တယ် စိတ်ဓာတ်ကျတယ်ဆိုတာ တစ်ကယ်တော့ လောကသဘာဝကို မသိလို့သာဖြစ်တယ်။ လောကမှာ ဘယ်အရာမှ ကြာရှည်တည်တံ့တယ်ဆိုတာ မရှိပါဘူး။ ရှုံးလို့စိတ်ဓာတ်ကျနေတာ၊ နိုင်လို့သွေးနားထင်ရောက်နေတာ၊ အားလုံးဟာလောကဓမ္မတာကိုသဘောမပေါက်လို့ဖြစ်ပါတယ်။ တကယ်တော့ ဘယ်အရာမဆို ရေပွက်ပမာပါပဲ။ နိုင်ခြင်းနဲ့ရှုံးခြင်း၊ ပျော်ရွှင်ခြင်းနဲ့စိတ်ညစ်ခြင်း၊ ထောင်လွှားခြင်းနဲ့နိမ့်ကျခြင်း၊ ရှင်ခြင်းနဲ့သေခြင်းဆိုတာတွေရဲ့ကြားမှာ ခြားထားတဲ့စည်းကြောင်းက ပါးပါးသေးသေးမျှင်မျှင်လေးဖြစ်တယ်။ တစ်ဖက်ကတစ်ဖက်ကိုရုတ်တရပ်ချက်ချင်းကြီး ကူးပြောင်းရောက်ရှိသွားနိုင်ပါတယ်။ နိုင်ချိန်မှာ မီးကုန်ယမ်းကုန်ပျော်မြူးပြီး မာနထောင်လွှားတာဟာ အသိဥာဏ်နည်းသူများရဲ့ လက္ခဏာဖြစ်တယ်။ အဲဒီအနိုင်က ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ။ တစ်သက်လုံးနိုင်တဲ့နေရာကချည်းနေရမယ်များ ထင်နေလား။ ရှုံးနိမ့်သူက ရှုံးလို့ဆိုပြီး စိတ်ဓာတ်တွေကျဆင်းကာ ဘ၀ပျက်သလို ခံစားနေရတာဟာ လူညံ့ ဖြစ်ကြောင်းပြတဲ့ လက္ခဏာဖြစ်တယ်။ ရှုံးပေမယ့် မညံ့ရင် အနိုင်ဘက်ကို ကူးပြောင်းရောက်ရှိသွားနိုင်တယ်။ အခွင့်ထူးဆိုတာ မြင်တတ် ကြည့်တတ်တဲ့သူတွေအတွက်တော့ အခါမလပ်ရှိနေပါတယ်။ ယူတတ်ဖို့ ယူရဲဖို့လိုတယ်။ လူညံ့ဖြစ်နေရင်တော့ တစ်သက်လုံးအရှုံးချောက်ကမ်းပါးက တက်ဖွယ်မရှိဘူး။

စိတ်ညစ်စရာနဲ့ ကြုံတွေ့ရင် တစ်ကိုယ်ရေတိတ်တိတ်လေး ကျိတ်ကျိတ်မဆွေးပါနဲ့။ ဖြစ်လာတာဟာ ကောင်းဖို့ဖြစ်လာတာပဲလို့ နှလုံးသွင်းပါ။

လူတွေမှာ တစ်ခါတစ်လေ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ဖြစ်တတ်တယ်။ သားသမီးအပေါ်၊ ခင်ပွန်း ဇနီးအပေါ်ကိုသာမက အလုပ်ခွင်မှာလည်း တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ရှိနေရင်တော့ စိတ်မချမ်းသာမှုမရှိနိုင်ပါဘူး။ နိုင်တဲ့သူလည်းစိတ်မအေးချမ်းဘူး။ရှုံးတဲ့သူလည်း စိတ်မအေးချမ်းဘူး။ အနိုင်အရှုံးမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားဆက်ဆံပြောရတာပိုပြီး စိတ်ချမ်းသာတယ်။

Wednesday, April 10, 2013

အမျိုးသား နဲ. အမျိုးသမီးကွာခြားချက်





၁။ အမျိုးသားတစ်ဦးဟာ၁ဒေါ်လာတန်အတွက်၂ဒေါ်လာပေးကောင်းပေးပါလိမ့်မယ်။အမျိုးသမီးကတော့၂
ဒေါ်လာအတွက်၁ဒေါ်လာသာပေးပါလိမ့်မယ်။

၂။ အမျိုးသမီးဟာအိမ်ထောင်မပြုမချင်းအနာဂတ်အတွက်တွေးပူးပြီးအမျိုးသားများကတော့ အိမ်ထောင်မပြုမချင်းအနာဂတ်အတွက်ဘာမှတွေးမပူပါဘူး။

၃။ အောင်မြင်သောယောင်္ကျားဆိုတောမယားဖြစ်သူသုံးစွဲရန်ငွေအလုံလောက်ရှာဖွေပေးနိုင်သူဖြစ်ပြီး
အောင်မြင်သောအမျိုးသမီးကတော့ယင်းကဲ့သို့ယောင်္ကျားကိုရှာဖွေယူထားနိုင်သူဖြစ်ပါတယ်။

၎။ အမျိုးသားတစ်ယောက်နဲ့ပျော်ရွှင်မှုတစ်ခုတည်ဆောက်မယ်ဆိုရင်သူ့ကိုအများကြီးချစ်ဖို့ထက်အများကြီး နာလည်ပေးနိုင်မှုကပိုလိုအပ်ပါတယ်။အမျိုးသမီးတစ်ဦးနဲ့ပျော်ရွှင်ဖို့ဆိုရင်တော့အများကြီးချစ်ဖို့သာ ပိုလိုအပ်ပါတယ်။

၅။ အိမ်ထောင်ရှင်အမျိုးသားများဟာလူပျိုကြီးများထက်အသက်ပိုရှည်ပါတယ်။သို့ပေမယ့် အိမ်ထောင်ရှင်အမျိုးသားများဟာလူပျိုတွေထက်အသက်မရှည်ဖို့ဆန္ဒပိုရှိကြပါတယ်။

၆။ အိမ်ထောင်ရှင်များအနေနဲ့အတိတ်ကမိမိအမှားများကိုမေ့မေ့ပျောက်ပျောက်ထားသင့်ပါတယ်။အမှား တစ်ခုတည်းကိုနှစ်ယောက်စလုံးကပြန်သတိရနေရင်အသုံးမဝင်ပါဘူး။

၇။ အမျိုးသားများဟာညမအိပ်ခင်မျက်နှာနဲ့အိပ်ယာထချိန်မျက်နှာပြောင်းလဲမှုသိပ်မရှိပါဘူး။ အမျိုးသမီးများကတော့မနက်အိပ်ယာထချိန်မှာဖရိုဖရဲဖြစ်နေပါတယ်။

၈။ အမျိုးသမီးတစ်ဦးဟာအမျိုးသားတစ်ယောက်ကိုသူပြောင်းလဲလာမယ်မျော်လင့်ချက်နဲ့ လက်ထက်ပါတယ်။သို့ပေမယ့်အမျိုးသားကပြောင်းလဲမသွားပါဘူး။အမျိုးသားတစ်ဦးကတော့အမျိုးသမီး တစ်ဦးကိုမပြောင်းလဲစေဖို့မျော်လင့်ချက်နဲ့လက်ထက်ပါတယ်။သို့ပေမယ့်သူမပြောင်းလဲသွားပါတယ်။

၉။ ရန်ဖြစ်တဲ့အခါအမျိုးသမီးကအဆုံးသတ်စကားပြောနိုင်ပြီးအမျိုးသားပြောတဲ့စကားကတော့ပြဿနာရဲ့  အစပဲဖြစ်ပါတယ်။

၁၀။ အမျိုးသားတို့အတွက်ဘဝမှာနှစ်ကြိမ်ပဲသူ့အမျိုးသမီးကိုနားမလည်တာပါ။အိမ်ထောင်မပြုခင်နဲ့ အိမ်ထောင်ပြုပြီးပဲဖြစ်ပါတယ်။