Showing posts with label ဖြစ်ရပ်မှန်ဗဟုသုတ. Show all posts
Showing posts with label ဖြစ်ရပ်မှန်ဗဟုသုတ. Show all posts

Sunday, February 24, 2013

ထူးဆန်းသည့် ကုက္ကိုပင်ကြီးကို မခုတ်လှဲတော့ပါ




ဘဲချောင်းရွာသည်ဧရာဝတီမြစ်လက်တက်တစ်ခု၏ကမ်းနဖူးတစ်လျှောက်အရှေ့နှင့်အနောက်တန်းလျက် တည်ရှိနေသည့်ရွာတန်းရှည်ဖြစ်ပြီးဝါးခယ်မမြို့နယ်အတွင်းတည်ရှိကာအိမ်ခြေ၁၁၀ခန့်ရှိသည်။ဝါးခယ်မမြို.နှင့် ၁၃မိုင်ဝေးသောကျူံမငေးမြို.သို့သွားရာကားလမ်းအနီး၌ရှိ၍စည်ကားသည်။အရှေ့နှင့်အနောက်ရွာလယ်လမ်းကို 
ရွာသူရွာသားများကိုယ်ထူကိုယ်ထစနစ်ဖြင့်ငါးပေကျယ်သောကွန်ကရစ်လမ်းဖောက်လုပ်ထားရာ ရှစ်မျက်နှာစေတီနှင့်အ-လ-ကကျောင်းရှေ့တစ်ဖြတ်သာခင်းရန်ကျန်တော့သည်။ထိုလမ်းပိုင်းကို ဆက်ခင်းရန်မှာပင်စည်လူနှစ်ဖက်စာခန့်ရှိနှစ်၁၀၀ခန့်သက်တမ်းရှိပြီဖြစ်သောကုက္ကိုပင်ကြီးခံနေသည်။
ထိုအပင်ကြီးတွင်နှစ်စဉ်တပို့တွဲလရောက်တိုင်းမည်သည့်နေရာကလာသည်မသိသောငှက်ကြီးဝန်ပိုလို ငှက်ကြီးများအကောင်လေးငါးဆယ်ခန့်လာရောက်နားခိုကာအသိုက်လုပ်လေ့ရှိသည်ဟုဆိုသည်။ယခုနှစ် တွင်မိုးဒဏ်လေဒဏ်ကြောက်ရ၍ထိုကုက္ကိုပင်ကြီး၏အုပ်ဆိုင်းနေသည့်အကိုင်းများကိုရွာသားများက ချိုင်ခဲ့ကြပြီးယခုတစ်ဖန်လမ်းနှင့်မလွတ်၍အပင်ကြီးကိုခုတ်လှဲသင့်မလှဲသင့်အစည်းအဝေးပြုလုပ်သောအခါ ခုတ်လှဲရန်ဆန္ဒရှိသူကအများစုဖြစ်၍ခုတ်လှဲရန်ဆုံးဖြတ်ခဲ့ကြသည်။
သို့ဖြစ်၍သစ်ပင်ခုတ်ယူမည့်သူများအားငွေကျပ်တစ်သိန်းဖြင့်ရောင်း၍၎င်းတို့ခုတ်ယူကြရန်ဆွေးနွေး
သဘောတူလိုက်သည်။
ထိုညတွင်ပင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးမင်းအောင်ကိုလည်းကောင်း၊ရပ်ကျိုးရွာကျိုးဆောင်ရွက်နေသူ ကိုကျော်လွင်ကို လည်းကောင်း''ငါဒုက္ခရောက်သလို မင်းတို့လည်း ဒုက္ခရောက်စေ ရမယ်။ ငါငို ရသလို မင်းတို့လည်းငိုရမယ်'' ဟုထူးဆန်းစွာအိပ်မက်လာပေးကြောင်း၊ကျုံမငေးမြို့မြတ်စွယ်တော်ကျောင်းပရိယတ္တိ စာသင်တိုက်နာယကဆရာတော်ဘဒ္ဒန္တပညာဇောတိကလည်းတရားဟောရင်း''ဒီအပင်ကြီးကိုမခုတ်ကြပါနဲ့၊ မလုပ်ကောင်းပါဘူး''ဟုမိန့်ကြားခဲ့ကြောင်း၊သို့ဖြစ်၍အဆိုပါကုက္ကိုပင်ကြီး(ပုံ)ကိုခုတ်လှဲခြင်းမပြုတော့ဘဲ ကွန်ကရစ်လမ်းကိုအပင်ကြီးအားဝိုက်၍ခင်းသွားရန်စီစဉ်နေကြပြီဖြစ်ကြောင်းဘဲချောင်းရွာ ဘုန်းတော်ကြီးကျောင်းဆရာတော်ဘဒ္ဒန္တ၀ရသာမိနှင့်ကျေးရွာဖွံ့ဖြိုးရေးကိုရှေ့တန်းမှဆောင်ရွက်နေသူ ဦးကျော်စိုး(အလယ်တန်း ကျောင်းအုပ်-ငြိမ်း) တို့ကပြောပြလိုက်သည်။
                                                                                 ပြည်မြန်မာ

Tuesday, February 12, 2013

တိရစ္ဆာန်မှာလည်း အသိဥာဏ်နဲ့

တိရစ္ဆာန်တွေကစကားမပြောတတ်လို့အသိဥာဏ်မရှိဘူးမထင်လိုက်နဲ့။သူတို့လည်းသူတို့ရဲ့သားသမီး၊ဇနီး၊ ခင်ပွန်းတို့ကိုချစ်တတ်ကြတာပဲလေ။သူတို့ရဲ့သားသမီးတစ်ကောင်ကောင်သေသွားရင်ဝမ်းနည်းတတ်
ကြာတာပါပဲ။တချို့ခွေးမတွေဆိုသားသေသွားလို့တစ်နေ့လုံးသနားစဖွယ်အူနေရှာတယ်လေ။ တချို့မျောက်တွေကသေနတ်မှန်တော့သားသမီးတွေကိုဖက်ရမ်းနမ်းရူ့ပ်ပြီးသစ်ကိုင်းထက်မှာ တင်ထားပေးပြီးတော့မှသစ်ကိုင်းထက်မှပြုကျလာကြတယ်။အချို့ငှက်ဇနီးမောင်နှံကတစ်ကောင်သေရင် ကျန်တစ်ကောင်ကပါလိုက်ပြီးအသေခံတယ်။လူတွေထက်တောင်သာမနေဘူးလား။
၁၉၈၇ခုနှစ်ကမုဒုံမြို့ကကျွဲနွားသတ်ဖို့လိုင်စင်ရထားတဲ့ကုလားတစ်ဦးကကျိုက်ထိုကကျွဲနှစ်ကောင်ကို ၆၀၀၀ကျပ်နဲ့ဝယ်ယူလာတယ်။အဲဒီကျွဲနှစ်ကောင်ကိုသူ့တူအားသတ်ခိုင်းတော့ကျွဲနှစ်ကောင်က
ရှေ့ခြေနှစ်ချောင်းကိုခေါက်ကွေးပြီးဦးခေါင်းကိုအကြိမ်ကြိမ်ညွတ်ပြတယ်။မျက်ရည်တွေကလည်း ယိုစီးကျလို့ပေါ့။မသတ်ဖို့ကန်တော့တောင်းပန်နေတာပဲပေါ့လေ။
တူဖြစ်သူကသနားပြီးမသတ်ရက်ဘူး။သူ့ဦးကိုပြောပြတော့ဦးကမယုံချင်ဘူး။သူကိုယ်တိုင် သတ်ဖို့သွားတယ်။ကျွဲနှစ်ကောင်ကသူ့ကိုဒူးထောက်ပြီးထပ်ကန်တော့ကြပြန်တယ်။အဲဒီအချိန်မှာ မုဒုံကန်တော်ကြီးဘေးရှိအောင်အေးကျောင်းမှဆရာတော်ကဆွမ်းခံကြွရင်းသားသတ်ရံနားသို့
ရောက်လာတယ်။ကျွဲနှစ်ကောင်ရဲ့ထူးခြားတဲ့အမှုအရာကိုမြင်တော့သတ္တ၀ါများကိုကယ်ချင်တဲ့စေတနာနဲ့
ဆရာတော်ကမေးစမ်းလိုက်တယ်။
“ဟေ့…ဒကာ၊မင်းရဲ့ကျွဲ့နှစ်ကောင်ကိုငါ့ကိုရောင်းမလား။ငါကျပ်တစ်သောင်းတစ်ထောင်ပေးမယ်”
အမြတ်ငွေငါးထောင်ကျပ်ချက်ချင်းရမယ်ဆိုတော့ကုလားကရောင်းဖို့သဘောတူတယ်။ဆရာတောက သူ့ဒကာရင်းကိုခေါ်ပြီးစာချုပ်စာတမ်းနဲ့ငွေတစ်သောင်းကိုလက်ငင်းပေးချေစေတယ်။ ကျန်ကျပ်တစ်ထောင်ကိုတစ်လအတွင်းပေးချေဖို့သဘောတူကြတယ်။ 
ဆရာတော်ကကျွဲနှစ်ကောင်ကိုကျောင်းဝင်းထဲလွှတ်စေပြီးဘေးမဲ့ပေးလိုက်တယ်။“ကျွဲနှစ်ကောင်ကလူကို ကန်တော့တယ်” ဆိုတဲ့သတင်းမြို့ထဲကိုပျံ့နှံ့သွားတော့လူတွေတစ်စီတစ်တန်းကြီးလာကြည့်ကြတယ်။ လာကြည့်တဲ့လူတွေကိုကျွဲနှစ်ကောင်ကကန်တော့ပြရဖန်များတော့ရှေ့ဒူးနှစ်ဖက်ဟာ ဖူးဖူးရောင်ပြီးသွေးစတွေစို့နေတယ်။လူတွေကသနားပြီးဖလားထဲကိုသူငါးကျပ်ငါတစ်ဆယ်ကျပ် လှူဒါန်းသွားကြတယ်။ဖလားထဲမှာငွေများလာတာကိုမြင်တော့နွားသတ်ကုလားကသူ့ကျွဲတွေကို မရောင်းတော့ဘူးလို့စကားဆိုလာတယ်။ဆရာတော်ကကျန်ငွေတစ်ထောင်ကိုပေးချေလိုက်စေပြီး ကုလားအား“မင်းနဲ့မဆိုင်တော့ဘူး”လို့ အမိန့်ရှိလိုက်တယ်။
အလံတစ်ရာဆရာတော်ဟာသထုံမြို့နယ်ကျိုက်ကော်ရွာအနီးမှာစေတီပုထိုးကျောင်းကန်များကို တည်ဆောက်နေပါတယ်။ဆရာတော်ရဲ့လုပ်ငန်းမှာယောက်ျား၊မိန်းမများစွာတို့ကသက်သတ်လွတ်စားပြီး လုပ်အားပေးနေကြတယ်။ဆင်နှစ်ကောင်ကလည်းလူများနည်းတူလုပ်အားပေးနေကြတယ်။ အလုပ်စတဲ့အချိန်မှာရောက်လာကြပြီးအလုပ်ပြီးတဲ့အချိန်မှာပြန်သွားကြတယ်။ဆင်နှစ်ကောင်က အလံတစ်ရားဆရာတော်ကိုလည်းကန်တော့ကြတယ်။ကန်တော့နေတဲ့ပုံတွေကိုတောင် ဓာတ်ပုံရိုက်ထားကြပါသေးတယ်။

Wednesday, February 6, 2013

မြန်မာမိန်းကလေး ၁ ယောက် Living Together လုပ်ခဲ့မိလို.

အစ်ကိုအောင်အောင်ရေအစ်မမော်မော်ကတွေ.ချင်လို့ အိမ်ကိုလာခဲ့ပါတဲ့မော်မော်ရဲသူငယ်ချင်းဖြစ်သူ
မောင်တေဇာကဖုန်းဆတ်ပြီးကျွန်တော့်ကိုပြောပါသည်။တနယ်ထဲသားငယ်သူငယ်ချင်းတွေပါပဲ...
မော်မော်နိုင်ငံခြားမှာအလုပ်လာလုပ်တာ၁နှစ်နီးပါးကြာပြီးနောက်နေမကောင်းဖြစ်နေတာကိုတော့ကြားသည်။
တခေါက်မှမရောက်ဖြစ်သေး။ခုတော့သူကိုယ်တိုင်ခေါ်ခိုင်းနေပြီမို.ညနေဖက်အိမ်မှထွက်ခဲ့သည်။
သူအိမ်ရောတ်တော့ သူလုပ်ဖေါ်ကိုင်တ်ေတွေကသူအပေါ်ထပ်မှာရှိတယ်ပြောလို.ကျွန်တော် အိမ်အပေါ်ထပ်သို့ တန်းတက်ခဲ့သည်။မော်မော်ကကခြေသံကြားသဖြင့်ခေါင်းထောင်ကြည့်သည်။ ကျွန်တော်အနားရောက်သွားသည်နှင့်။အကိုအောင်အောင်ကတော့ငါ့ညီမလေးဘယ်လိုဖြစ်နေသလဲလို.
သတင်းတောင်လာမေးဖေါ်မရဘူး။ခေါ်ခိုင်းမှပဲပေါ်လာတော့တယ်နော်။မဟုတ်ပါဘူးမော်မော်ရာ အကိုလည်းဒီရက်မှာအလုပ်နဲနဲများနေလို့ မလာဖြစ်သေးတာပါ။မော်မော်ကိုကြည့်ရတာအသားအရေ
ဖြုဖတ်ဖြုရော်နှင့်တော်တော်လဲပိန်သွားသည်။ဟိုတုံးကမော်မော်နှင့်လုံးဝမတူတော့။မော်မော်နှင့်ကျွန်တော်
က၄နှစ်ကွာသည်။ငယ်ငယ်ကတည်းကအိမ်နီးချင်းနေလာသည်မို.မောင်နှမအရင်းကဲ့သို့ သံယောဇဉ်ရှိသည်။
တခုတော့ရှိသည်မော်မော်ကဘယ်တော့မှကျွန်တော့်ကိုအကိုဟုမခေါ်။ကျွန်တော့်နာမည်ပါတွဲခေါ်သည်။
သူ့ ကိုယ်သူတော့မော်မော်ကကညီိမလေးကဟုပြောတတ်သည်။တနေ့ တွင်အိမ်သို့ ကျွန်တော်ဖုန်းဆတ်ရာ
တွင် မော်မော်ကကျွန်တော့်အား။အကိုအောင်အောင်ပြောစရာရှိလို့ ပြောလေညီမလေးဘာပြောမလို.လဲ အစ်မ၀မ်းကွဲမမိယဉ်ယဉ်ကိုသိတယ်မဟုတ်လားအင်းသိတယ်လေသူကဒီမှာမဟုတ်လားဟုတ်တယ် သူခေါ်လိုမော်မော်အဲဒီကိုလိုက်လာပြီးအလုပ်သွားလုပ်မလို့ ဖြစ်ပါ့မလားမော်မော်ရယ်ခုချိန်ထိ
ကျောင်းတက်တာကလွဲပြီးဘာအလုပ်မှမလုပ်ဘူးတဲ့သူကနိုင်ငံခြားမှာတောင်အလုပ်လာလုပ်မယ်ဆိုတော့။
ဖြစ်ပါတယ်အကိုအောင်အောင်ကလဲဒီခောတ်မှာလူတိုင်းပဲတော်တော်များများသွားလုပ်နေကြတာ အထူးအဆန်းမှမဟုတ်တာ။မော်မော်ပြောတာဟုတ်ပါတယ်ဒါပေမဲ့။ဘာမှဒါပေမဲ့မနေနဲ့ အကိုအောင်အောင် အဖေက၀န်ထန်းအမေကဈေးထဲမှာဈေးရာင်းပြီးမော်မော်တို့ မောင်နှမ ၃ ယောက်ကိုလုပ်ကြွေးလာတာ သူတို.ပင်ပန်းလှပါပြီ။ဒီတစ်ခါမော်မော်အလှည့်အောက်မှကလဲမောင်လေးနဲ့ ညီမလေးကလဲရှိသေးတယ်
မော်မော်ဟိုမှာ ၃ နှစ်လောက်ကျိုးစားပြီးအလုပ်လုပ်မယ် ပိုက်ဆံစုမယ်။ပြီးရင်ဒီကိုပြန်လာပြီးစီးပွားရေး လုပ်ငန်းလုပ်မယ်မကောင်းဘူးလား။မော်မော်ပြောစကားကအကြောင်းပြချက်ခိုင်လုံနေသည်မို့  ကျွန်တော်ဘာမှမပြောသာတော့။အင်းလေညီမလေးကောင်းမယ်ထင်တာသာလုပ်ပါတော့။ ဒါနဲ့ ကုန်ကျစရိတ်ကရော။အဲဒါဘာမှပူစရာမလိုဘူးမမိယဉ်ယဉ်သူစိုက်ပေးထားမှာဟိုရောက်တော့မှ
အလုပ်လုပ်ပြီးပြန်ဆပ်ရမှာ။မော်မော်ရောတ်းပြီးတပတ်အကြာမှာသူကိုကျွန်တော်သွားတွေ့ ပါတယ်။
မော်မော်ညီမလေးအကိုတစ်ခုတော့ပြောချင်တယ်။တစ်ခုမပြောနဲ့ ဆယ်ခုပြော။မော်မော်ကမျက်စောင်းထိုး
ယင်းပြောသည်။တကယ်ပြောမလို့ မနောက်နဲ.။ကဲပါအကိုအောင်အောင်ပြောတာမော်မော်နားထောင်မယ်။
ပြီးတော့လိုက်နာပ့ါမယ်ဂတိပေးပါတယ်ရှင်။အင်းဒါဆိုလဲပြီးရော။ညီမလေးဒီမှာအလုပ်ကိုကျိုးကျိုးစားစားလုပ်။
ပိုက်ဆံကိုသေသေချာချာစု။သူငယ်ချင်းပေါင်းရင်လဲသတိထားပြီးပေါင်း။အားရင်စာဖတ်။ပြီိးတော့ဘုရားလဲရှိခိုး။
မိဘတွေကိုလည်းညတိုင်းကန်တော့ပြီးမှအိပ်နော်။ဟုတ်ကဲ့ပါအစ်ကိုကြီးဒါပဲလားကျန်သေးလား။မော်မော် ကငေါ့ပြီးမေးသည်ကျမ္မာရေးလဲဂရုစိုက်နော်ဒါပဲ...အကိုမောင်မောင်ဘာတွေစဉ်းစားနေတာလဲ ညီမလေးခေါ်နေတာဆယ်ခွန်းလောက်ရှိနေပြီ။မော်မော်စကားသံကြားမှကျွန်တော်လည်းသတိပြန်လည်လည်
လာပြီး။သြော်ဘာမှမစဉ်းစားပါဘူးညီမလေးရယ်။ကျွန်တော်ကပိန်သွယ်နေသောမော်မော် လက်ဖမိုးလေးအားအုပ်ကိုင်ယင်း။ညီမလေးကဘာရောဂါဖြစ်တာလဲလိုအပ်ရင်ဆေရုံတက်လိုက်ပါလား။
မော်မော်ကခေါင်းကိုခါရမ်းယင်း။အကိုမောင်မောင်သန်းထွေးကြူအဖေနဲအမေကိုပြန်မပြောပါဘူးလို့ 
ဂတိပေးပါလား။ဘာတွေပြောမှာမို.လို့ လဲညီမလေးရယ်။မရဘူးအကိုမောင်မောင်ဂတိအရင်ပေးပြီးမှ
ညီမလေးပြောမှာ။ကဲပါညီမလေးရယ်ဂတိပေးပါတယ်ဘယ်သူ့ ကိုမှမပြောပါဘူးကဲပြောတော့ ဒီလိုအကိုအောင်အောင်"ဒီကိုရောက်တော့စားသောက်ဆိုင်တစ်ဆိုင်မှာစားပွဲထိုးလုပ်ရတယ်။ အားလုံးမိန်းကလေး၆ယောက်ရှိတယ်။အားလုံးကိုအုပ်ချုပ်တဲ့စူပါဗိုက်စာတရုပ်မလဲရှိတယ်။မော်မော် ကရောက်ခါစဆိုတော့သူတို့ ဆီမှာပြောတဲ့စကားမတတ်သေးတော့အင်္ဂလိပ်လိုပဲပြောရတယ်။ဒီလိုနဲ့  ၆ လလောက်ကြာလာတော့စကားလဲတတ်လာပြီ။လုပ်ငန်းလဲကျွမ်းကျင်လာပြီ။ပြီးတော့ဆိုင်ကိုအမြဲလာစားနေ
ကျဖေါက်သယ်တွေနဲ့ လဲရင်းနှီးလာပြီ။မော်မော်ကအလုပ်ကိုမခိုမကပ်လုပ်တော့သူဌေးကလည်း
သဘောကျတယ်။လာစားတဲ့ဖေါက်သယ်တွေကလဲခင်ကြတယ်။သူဌေးကမော်မော်ကိုတဖြည်းဖြည်းန့ဲ လစာတိုးပေးတယ်ဒီလိုနဲ့ တစ်နှစ်လောက်ကြာတော့ကိုထိုတ်လို့ ခေါ်တဲ့ မြန်မာတယောက်နဲ့ ခင်မိတယ်။
ဆိုင်ကိုလာရင်လဲတခြားစားပွဲထိုးတွေကိုမခေါ်ပဲမော်မော်ကိုပဲခေါ်တယ်။အဲဒီကိုထိုတ်နဲ့ သူငယ်ချင်းတွေ
လာစားရင်စကားကိုယဉ်ယဉ်ကျေးကျေးပြောပြီးခိုင်းတတ်တယ်။စားပြီးလို့ ပြန်ရင်လဲငွေရှင်းလို့ ပိုတဲ့ပိုက်ဆံဆို
ရင်မော်မော်ကိုကိုအမြဲပေးတယ်။ဒီလိုနဲ့ တနေ့ တော့မော်မော်နဲ့ အတုတူလုပ်တဲ့အစ်မ မငယ် ကမော်မော်
နင့်ကိုကိုထိုတ်ကကြိုက်နေတယ်ငါ့ကိုပြောပေးပါလို့ ပြောတယ်နင်ဘယ်လိုသဘောရသလဲ။ဟာအစ်မကလည်း ဘာဖြစ်လို့ ပြန်ကြိုက်ရမှာလဲမော်မော်တို့ ကပိုက်ဆံလာရှာတာအချိန်တန်ရင်အိမ်ပြန်ကြရမှာ။အပူမရှာချင်ပါဘူး။
အေးလေစဉ်းစားပါဦးဟာအချိန်တွေရှိသေးတာပဲ။တနေ့ မော်မော်တို့ ဆိုင်ပိတ်လို့ မြို့ ထဲသွားဖို့ 
ကားစောင့်နေတုံးကိုထိုတ်ကားနဲ့ ရောက်လာပြီး။ မငယ် တို့ ပါလားဘယ်သွားမလို့ လဲ။ ကျွန်မတို့ မြို့ ထဲသွားလို့ ပါ။မော်မော် လဲပါတာကိုးလာကျွန်တော်လဲမြို့ ထဲသွားမှာလိုက်ခဲ့ပါလား။ရပါတယ် ဘတ်စ်ကားနဲ့ ပဲသွားမယ်ကျေးဇူးတင်ပါတယ်။မော်မော် ငြင်းလိုက်တယ်။ကိုထိုတ်က မငယ် ကိုကြည့်လိုက်ပြီး။လာပါဘာမှအားနာနေစရာမလိုပါဘူးလူရင်းတွေပဲတစ်ခါတစ်လေလမ်းကြုံလို့ ကူညီရတာပါ။
အေးလေမော်မော်ကလဲကိုထိုတ်ကိုအားနာစရာကြီးလာပါဟာ။မငယ်လဲသူ.ဘက်ပါသွားပြီမို့ မော်မော် လဲအားနာနာနဲ့ ပဲကိုထိုတ်ကားနဲ့ မြို.ထဲကိုလိုက်ခဲ့ပါတော့တယ်။မြို့ ထဲရောက်တော့ကိုထိုတ် ကတစ်ခုခုကျွေးပါရစေဆိုတာနဲ့ ဆိုင်တစ်ဆိုင်မှာဝင်စားကြပြန်ပါတယ်။ပြီးတော့မှကိုထိုတ်လည်းနှုတ်ဆက်ပြီး
ထွက်သွားပါတော့တယ်။အဲဒီနောက်ပိုင်းမော်မော်တို့ အပြင်ထွက်တိုင်းကိုထိုတ်ရောက်ရောက်လာတာတွေရတယ်။
ကြည့်ရတာမငယ်နဲ့ ကိုထိုတ်အဆက်အသွယ်ရှိပုံရပါတယ်။ဒီလိုနဲ့ နှစ်သစ်ကူးမှာမော်မော်တို့ ဆိုင် ၅ ရက်ပိတ်ပါတယ်။ အဲဒီပိတ်ရက်မှာကိုထိုတ်ကမော်မော်နဲ့ မငယ် ကိုဟန်းဖုန်းတစ်လုံးစီဝယ်ပြီး လက်ဆောင်ပေးပါတယ်။မော်မော်ကအတန်တန်ငြင်းပေမဲ့ မငယ်ကနှစ်သစ်ကူးလက်ဆောင်ဆိုတာ မငြင်းကောင်းဘူးဆိုတာနဲ့ ယူလိုက်ရပါတယ်ဟန်းဖုန်းလဲရရောညဖက်ဆိုင်သိမ်းပြီးလို့ အိမ်ရောက်တာနဲ့  ကိုထိုတ်ကမော်မော်ဆီအကြောင်းမရှိအကြာင်းရှာပြီးဖုန်းဆက်ပါတော့တယ်။မငယ်ကလည်းပြောတယ်။
မော်မော်ကလဲ မြန်မာသူဌေးသားကကိုယ့်ကိုကြိုက်နေတာပဲပြန်ကြိုက်ပီးချူစားပေါ့ဟ။ဟာမငယ် ကလဲပြန်ကြိုက်ရုံကြိုက်လို့ ရမလားနောက်ပိုင်းမတော်တရော်တွေဖြစ်ကုန်ရင်ဘယ်လိုလုပ်မလဲ့ကျွန်မ
ပဲစိတ်ဆင်းရဲရမှာ။မော်မော်ကလဲအဲဒီအတွက်မပူပါနဲ့ ဟယ်ငါကူညီမှာပေါ့။အဲဒီအချိန်ကစပြီး မော်မော် လူပေါင်းမှားပြီဆိုတာသတိမထားမိခဲ့ပါဘူး။ဒီလိုနဲ့ မော်မော်နဲ့ ကိုထိုတ်ချစ်သူတွေဖြစ်သွားကြတယ်ဆိုပါတော့။
ကိုထိုတ်ကားလေးနဲ့ မော်မော်တို့ သွားလေရာ မငယ်လဲပါတယ်။မော်မော်ကိုဘာပဲဝယ်ပေးပေးမိုက်ကယ် ကမငယ်ကိုလည်းဝယ်ပေးတယ်။မငယ်လဲပျော်နေတာပေါ့။နားနဲ့ မနာဖ၀ါးနဲ့ နာပါအကိုအောင်အောင်။
နောက်ပိုင်းချစ်သူတိုသဘာဝလွတ်လွတ်လပ်လပ်တွ့ ကြတော့............... လတိုင်းလဲကိုထိုတ်ကလခ နီးပါးပဲပိုက်ဆံတွေပေးလိုချင်တာတွေဝယ်ပေးတော့မော်မော်လဲကိုထိုတ်နဲ့ နေရတာပျော်လာတယ် အကိုအောင်အောင်။အိမ်ကိုလဲလတိုင်းပိုက်ဆံများများပို့ နိုင်တော့အမေတို့ လဲပျော်နေကြတာပေါ့။ ဒီလိုနဲ့ မော်မော်နဲ့ ကိုထိုတ်တွဲနေတာ၁နှစ်လောက်ကြာတော့မိန်မသဘာဝတွေသိပ်မပြတော့ ဘူး.....့ သူပေးတဲ့ ဆေးအစွမ်းတွေကိုယုံကြည်လို့ လဲဖြစ်မှာလို့ မထင်မိဘူး။အလုပ်ကမအားလို့ ဆေးခန်းမပြဖြစ်တာ
လဲပါတာပေါ့ ......တစ်နေ့ တော့ မော်မော်နေတဲ့ တိုတ်ခန်းကိုကိုထိုတ်ရဲမိန်းမရောတ်လာပြီး
မော်မော်ကိုလာအသိပေးပါတယ်....ကိုထိုတ်မှာမိန်မနဲ့ ခလေး၂ယောတ်ရှိကြောင်းပေါ့ ...ပြီးတော့ မော်မော်
ခေါင်တွေအရမ်းမူပြီးနေမကောင်ဖြစ်ပါတယ်...မော်မော်အဲဒီလိုဖြစ်တာနိုင်ငံခြားမှာအလုပ်လုပ်တာ ၁ နှစ်ကျော်ထဲကိုဝင်လာတဲ့အချိန်ပဲ။အဲဒီလိုမော်မော်နေမကောင်းဖြစ်စမှာပဲမငယ်လဲ မြန်မာပြည်ကိုပြန်သွားတယ်။
ကိုထိုတ်လဲမော်မော်နေမကောင်းဖြစ်နေတော့ပိုက်ဆံတွေလဲပေးတယ်ဂရုလဲစိုက်တယ်။
မော်မော်ဆေးခန်းတစ်ခုမှာသွားပြလိုက်တယ်။အဲဒီမှာဆရာဝန်ကမော်မော်ကိုဆေးစစ်တယ်။
အဲဒီလိုစစ်လိုက်တဲ့အချိန်မှာပဲမော်မော်ဘ၀ဆုံးသွားပြီဆိုတာသိလိုက်ရတယ်အကိုအောင်အောင်။
ဆရာဝန်ကအမျိုးသမီးဆရာဝန်ဆိုတော့ကောင်းပါတယ်။မော်မော်ကိုမေးတယ်။ ညီမလေးဘာအလုပ်လုပ်တာလဲ။စားသောက်ဆိုင်မှာစားပွဲထိုးပါ။ယောင်္ကျားရှိသလား ။ လက်မထပ်ရသေးတဲ့ချစ်သူတော့ရှိပါတယ်။အတူတူနေကြတာလား။ဟုတ်ကဲ့။၂ရက်ခြား ၃ရက်ခြားတော့တွေ့ ဖြစ်ကြပါတယ်။အဲဒီလူနဲ့ အတူတူနေတာဘယ်လောက်ကြာပြီလဲ ။ တစ်နှစ်လောက်ရှိပါပြီ။သူ့ ကိုရော ဒီဆေးခန်းကိုခေါ်လာလို့ ရမလား။အဲ့ဒီလိုမေးတော့မော်မော် မျက်ရည်စို့ လာပြီးအင်းစိတ်မကောင်းပါဘူးညီမလေးရယ်သေခြာပါပြီ။ကျွန်မဘာဖြစ်တာလဲဒေါက်တာ ပွင့်ပွင့်လင်းလင်းပြောပါ။ကျွန်မလိုအပ်တာအားလုံးလုပ်ပါ့မယ်။ညီမမှာကိုယ်ဝန် ၃လကျော်နေပါပြီး ရှင်မော်မော်မေ့လဲမတတ်ဖြစ်သွားတယ်။ဒါဆိုကျွန်မကိုသူဆေးတွေကျွေးပါတယ်။ဆေးတွေသောတ်ရဲသားနဲ
ဘယ်လိုဖြစ်တာလဲ။အငမ်းမရမေးလိုက်တယ်။ညီမကိုတိုတ်တဲ ဆေးတွေပြကြည့်လေ။ဖြစ်မှဖြစ်ရလေ ညီမရယ်။သူဘယ်အချိန်မှာဒီဆေးတွေသောတ်ခိုင်းတာလဲ။ညီမတို့ အတူတူမနေခင်မှာသောတ်ခိုင်းပါတယ်။ ညီမကိုသူအခုတိုတ်နေတာကာကွယ်ဆေးမဟုတ်ဘူး၊ကာမအားတိုးဆေးတွေပါ ။ အဲဒီလိုသိလိုက်ရတော့မော်မော်လေဒေါက်တာရှေ့ မှာငိုနေတာတော်တော်ကြာတယ်။ ဆရာဝန်ကမော်မော်ကိုသူပါမလာပဲသူလတ်မှတ်မထိုးပေရင်ဒေါတ်တာတို့ ဘာမှလုပ်ပေးလို.မရပါဘူး။ လုပ်မယ်ဆိုလဲညီမလေးအတွတ်အသတ်စိုးရိမ်ရပါတယ်။နေမကောင်းဘူးလို့ ပြောပြီး မြန်မာပြည်ကို
ပြန်လိုက်ပါညီမရယ် အဲဒီလိုဖြစ်မှပဲရှေးလူကြီးတွေပြောခဲ့ကြတဲ့ငါးစာသာမြင်ပြီးငါးမျှားချိတ်မမြင်ဘူဆိုတဲ့ စကားပုံကိုသွားသတိယမိလိုက်တော့တယ်။မော်မော်မှာကိုယ်ဝန်၃လရှိတယ်ဆိုတာသိပြီးတဲ့ နောတ်ပိုင်း
သူကဖျတ်ဖို့ ပဲပြောတယ်လေ။မော်မော်က ဖျတ်ချပြီးခုလိုဖြစ်နေတဲ့ အချိန်မှာ သူကိုဆတ်သွယ်လို့ မရတော့ဘူး ...ဖုန်းခေါ်ရင်လဲ ဖုန်းပိတ်ထားတယ်.... မော်မော်ကကပြောလဲပြော ငိုလဲငို နှင့်မို့ ကျွန်တော်ကြည့်ရင်းတော်တော်စိတ်မကောင်းဖြစ်ရသည် ။ ဘယ်လိုအားပေးစကားပြောရမှန်းပင်မသိတော့။မော်မော်ပြောခဲ့ချင်တာကမော်မော်ကိုငွေမက်ပြီးချူစားချင်
လာအောင်မက်လုံးပေးပြီးကူညီသလိုနဲ့ စည်း၇ုံးသိမ်းသွင်းဖျက်ဆီးတတ်ကြတဲ့မငယ့် ပါ။ပြီးတော့ မိမိမှာ အိမ်ထောင်ရှိလျှတ်နဲ့ မိန်ကလေးငယ်လေးတွေကိုကူညီသလိုနဲ့ ငွေနဲမျှား၊အချစ်ကိုလိမ်ညာ၊ပြီး ဘ၀တွေကိုပါယူနေကြတဲ့ လူတွေကိုသတိထားစေချင်လိုပါ။ဘာပဲဖြစ်ဖြစ်အကိုအောင်အောင် စကားကိုနားမထောင်ပဲနားယောင်ခဲ့မိတဲ့မော်မော်ကိုယ်တိုင်ရဲ့ အမှားလဲပါပါတယ်။
တော်ပါတော့ညီမလေးရယ်ရော့ရေသောက်လိုက်ဦး။ကျွန်တော်ရေတစ်ခွက်ခပ်ပေးလိုက်ရင်းပြောလိုက်ပါတယ်။
မော်မော်လဲရေသောက်ပြီးမောသွားတာကြောင့်ဘာမှမပြောတော့ပဲကျွန်တော့်ကိုသာစိုက်ကြည့်နေပါတော့တယ်။
ယောင်္ကျားတစ်ယောက်နဲ့ တရားဝင်လက်မထပ်ပဲသိုသိုသိပ်သိပ်နေခဲ့ကြပြီးမော်မော်လိုဘ၀ ဆုံးသွားသောမိန်းကလေးများဘယ်လောက်ရှိနေဦးမည်ကိုလဲမမှန်းတတ်တော့ပါ ။ ကျွန်တော်ကတော့ သြော် ။။။။။။။။။။။။။။ ဒါလားဟေ့ living together ဟုပင် ငြီးတွားနေချင်ပါတော့သည်။

ဖြစ်ရပ်မှန်ကိစ္စများမှနံမည်များကိုပြောင်းလဲတင်ပြထားပါသည်...(မိဘ၊ဆွေမျိုး၊ညီကိုမောင်နှမများနှင့်အဝေးတွင်အလုပ်လုပ်နေရသောမြန်မာမိန်းကလေးများဂယုစိုက်နေထိုင်
ကြပါ...ကိုယ်ချစ်သူကိုမယုံကြည့်ဖို.နဲ.ငွေနောက်မလိုက်ကြပါနဲ.ဗျာ)
                                                                                 လေးစားစွာဖြင့်
                                                                                 ကိုညီညီအောင်

Thursday, January 31, 2013

လာဘ်ပိတ်နေရင်ဒီဂါတာလေးရွတ်လိုက်ပါ



တစ်ခါကမြစ်ကြီးနားမြို့မှသက်တော်(၂၃)နှစ်ရှိဦးဇင်းတစ်ပါးသည်ရွှေတဂုံဘုရားမဖူးဘူးသောကြာင့် ဘုရားဖူးရန်အလို့ငှာအဓိဋ္ဌာန်ဖြင့်ခြေလျှင်လျောက်လာလေ၏။ဇေယျဝတီမြို့သို့ရောက်သောအခါ၌ ဦးဇင်းလေး၏ သတင်းသည် ကျယ်ပြန့်၍ သွားလေတော့၏။
ကျွန်ုပ်၏မိတ်ဆွေစာရေးဆရာတက္ကသိုလ်တင်ထွန်းအောင်သည်ထိုဦးဇင်းလေး၏ဘေးမှကပ်၍ လိုက်လာလေ၏။လမ်းတွင်လှူဒါန်းကြသောလူများများပြားသောကြောင့်သပိတ်နှင့်မဆန့်ရကား ၎င်းတင်ထွန်းအောင်နှင့်မိတ်ဆွေများကလှူဒါန်းသောဆွမ်း၊ဆွမ်းဟင်းများကိုတောင်းများဖြင့်ထည့်ကာနီးရာ ဘုန်းကြီးကျောင်းများသို့ဝင်ရောက်လှူဒါန်းပေးရ၏။
ထိုဦးဇင်းလေးရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်သို့ရောက်သောအခါ၌ဦးဇင်းလေးကိုမြင်တွေ့သူတိုင်းက ၀တ္ထုငွေများပြေးလာ၍လှူဒါန်းကြလေ၏။ဦးဇင်းလေးအားသောအချိန်၌ကျွန်ုပ်၏မိတ်ဆွေစာရေးဆရာ တက္ကသိုလ်တင်ထွန်းအောင်က...ဦးဇင်းသိပ်ပြီးလာဘ်ရွှင်တာပဲ....။အဆောင်ကောင်းရှိပါသလား....။ ရှိရင်လည်း တပည့်တော်တို့ကို ချီးမြှင့်ပါ...ဟု တောင်ဆိုလေတော့၏။
ထိုအခါဦးဇင်းလေးက...အဆောင်ရယ်လို့တော့မရှိပါဘူး...ဒကာကြီးရယ်။ရဟန်းဝတ်တဲ့နေ.ကစပြီးဦးဇင်း အမြဲရွတ်တဲ့ဂါထာတော့ရှိပါတယ်။မနက်အခေါက်(၂၀)ညအခေါက်(၂၀)ရွတ်တယ်။သုံးလပြည့်တဲ့အခါမှာ အခု ဒကာကြီးတွေ့တဲ့အတိုင်းပဲ လာဘ်တွေ ပွင့်ကုန်တော့တာပဲ။ ဒကာကြီး ရွတ်ချင်ရင် ဦးဇင်းပေးပါမယ်... ဟုဆိုကာ အထက်ပါဂါထာကို ပေးလေတော့၏။
၎င်းစာရေးဆရာတက္ကသိုလ်တင်ထွန်းအောင်သည်ကျွန်ုပ်အားတစ်ဆင့်ပြန်၍ပေးလေ၏။ကျွန်ုပ်လည်း လာဘ်လာဘချို့ငဲ့သောကျွန်ုပ်၏သူငယ်ချင်းများကိုခေါ်ကာရေးပေးလေ၏။၎င်းသူငယ်ချင်များသည် သုံးလတိတိ ရွတ်ဆိုပြီးသောအခါ ကျွန်ုပ်ထံသို့ ရောက်လာကြ၏။ ထိုသို့ ရောက်လာပြီးလျှင်
ဖိုးအောင်ထွန်းရေ....မင်းပေးလိုက်တဲ့ဂါထာကိုသုံးလတိတိရွတ်ပါတယ်ကွာ။မင်းပြောတဲ့ ဦးဇင်းလေးလောက်တော့ထူးထူးခြားခြားလာဘ်မရွင်ပါဘူး။ဒါပေမဲ့လို့ဒို့နည်းဒို့ဟန်နဲ့တော့အတော်ကို အဆင်ပြေပါတယ်...ဟုဝန်ခံစကားပြောကြကုန်၏။ထို့ကြောင့်ကျွန်ုပ်၏စာဖတ်ပရိသတ် ရွတ်နိုင်ရန်အတွက်စေတနာရှေထား၍ဖော်ပြလိုက်ပါသည်။နံနက်အိပ်ယာထအခေါက်(၂၀)။ညအိပ်ရာဝင် အခေါက်(၂၀)၊ယုံယုံကြည်ကြည်ရက်ပေါင်း(၉၀)မပျက်တန်းရွတ်ပါလေ။အကျိုးထူး ရလိမ့်မည်ဖြစ်သတည်း။
                                                                        
                                                                          ဆရာဟိန်းတင့်ဇော် မှကူညီပံပိုးပေးပါသည်

Tuesday, January 29, 2013

ထူးခြားသောဖြစ်ရပ်မှန်

ကျွန်တော်သည် တောင်ဒဂုံမြို့နယ် ၂၅-ရပ်ကွက်တွင် နေထိုင်သူတဦးဖြစ်ပြီး စက်မှုဇုန် ၁-ရှိ ကုမ္ပဏီတခုမှ စာရင်းကိုင် ၀န်ထမ်းလည်း ဖြစ်ပါသည်။ အသက် ၆၀-ကျော် မိဘနှစ်ပါးကို တတ်စွမ်းသမျှ အလုပ်အကျွေး ပြုနေသူတဦးလည်း ဖြစ်ပါသည်။

အကို အမများမှာ အိမ်ထောင်အသီးသီးကျပြီး ပြောင်းရွှေ့သွားကြရာ ကျွန်တော်အလုပ်သွားချိန်တွင် အိမ်၌ အဖေနှင့်အမေသာ ကျန်ရစ်ခဲ့ပါသည်။ ကျွန်တော်သည် ဗုဒ္ဓဘာသာဝင်တဦးပီပီ ဘာသာရေးဘက်တွင် နားလည်သလောက် လေ့လာလိုက်စားပါသည်။ မြတ်မင်္ဂလာ၊ ဓမ္မရံသီ အစရှိသော စာစောင်များ ဖတ်ရှုခြင်း အခါအားလျော်စွာ တရားနာယူခြင်း တရားရှုမှတ်ခြင်းများကို အခါအခွင့်သင့်တိုင်း ကြိုးစားပြုလုပ်တတ်ပါသည်။

၂၀၀၇-ခုနှစ် ဇွန်လ၏ မိုးသည်းသော နေ့တနေ့။
ကျွန်တော် ရုံးမှပြန်လာချိန် ညနေပိုင်းတွင် အိမ်မှာ အဖေမရှိပါ။ မကွေးမှ ဆွေမျိုးများထံ အလည်အပတ်သွားနေရာ အမေသာ ထမင်းဟင်းချက်ရင်း စောင့်နေပါသည်။ ရောက်လျှင်ရောက်ချင်း အိမ်ရှေ့ခန်းမျက်နှာကြက်မှ မီးလုံးဟောင်းကို လဲလှဲနေစဉ် ဝေါ-ခနဲ မြည်ဟည်းလာသည့် ထူးဆန်းသောအသံကြီး နှင့်အတူ မုန်တိုင်းဟေ့၊ မုန်တိုင်း ဆိုသော ဆူညံသော သတိပေးသံများ ထွက်ပေါ်လာပါသည်။

သား ဘာသံကြီးလဲ။
လာ လာ အမေ၊ ဒီအခန်းထောင့်မှာ ၀ပ်နေလိုက်။
အမေ့ကို အကာအကွယ်ပြု ၀ပ်နေကြစဉ်မှာပင် အိမ်ခေါင်မိုး သွပ်ပြားများသည် လေပြင်းနှင့်အတူ အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားကြသည်ကို တအံ့တသြ ခံစားသိရှိလိုက်ရပါသည်။ အချိန်တိုလေးအတွင်းမှာပင် အင်အားပြင်းထန်သော လေဆင်နှာမောင်းတိုက်ခန်မှု ရပ်ဆိုင်းသွားပါသည်။

သို့ရာတွင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှ အိမ်ခေါင်မိုးများ၊ ဆိုင်ခန်းအမိုးများမှာ လွင့်ထွက်ပျက်စီးသွားကြသလို သစ်ကိုင်းကြီးများ ကျိုးကြေပြီး ပိကျမှုဒဏ်ကြောင့် အချို့ ပြိုပျက်ကုန်ကြပါသည်။ ရုတ်တရက် သတိပြန်ဝင် လာချိန်တွင် မြင်တွေ့ရသော မြင်ကွင်းများကြောင့် ကျွန်တော်များစွာတုန်လှုပ်မိပါသည်။ ကျွန်တော်တို့၏ အိမ်တဆောင်လုံးနီးပါး သွပ်ချပ်များ ကွာကျသွားပြီး ဟင်းလင်းပြင်ကြီး ဖြစ်နေပါသည်။ သွပ်ချပ်အနည်းငယ်သာ ပြန်လည်ကောက်ယူနိုင်သော အခြေအနေတွင် ရှိနေပါသည်။ ပတ်ဝန်းကျင်မှာလည်း အော်သံ ဟစ်သံ အထိတ်တလန့် အကူအညီတောင်းသံများကို စိတ်နှလုံး မချန်းမြေ့ဖွယ်ရာ ကြားနေရပါသည်။

မောင်ထက်မြတ်၊ လောလောဆယ် တာလပတ် မိုးထားလိုက်ပါလား။
ဟုတ်ကဲ့ ဦးလေး၊ ကျွန်တော့ကို နည်းနည်းဝိုင်းကူကြပါ။ အဖေကလည်း မကွေးသွားနေလို့။
ရပါတယ်၊ တို့အိမ်ပြီးရင် လာခဲ့မယ်။
အိမ်နီးနားချင်းတို့၏ အကူအညီကို ရယူပြီး ယာယီအမိုး ပြုလုပ်ထားရပါသည်။ သွပ်မိုးနှင့် သစ်သားတန်းများ ပျက်စီးဆုံးရှုံးမှုများကို တွေးတောရင်း အမေလည်း အတော်ပင် ၀မ်းနည်းလျက်ရှိနေပါသည်။

အမေ သိပ်လည်း ၀မ်းနည်းမနေပါနဲ့၊ လူမထိခိုက်တာဘဲ တော်လှပါပြီ။
အေးပါ သားရယ်၊ ဒါပေမယ့် ဒီသွပ်ပြားတွေ ပြန်ဝယ်မိုးဖို့ဆိုတာ. . .
မှန်ပါသည်။ ကျွန်တော့်အပေါ် စာနာသော အမေက ငွေကြေးကုန်ကျမှု အတိုင်းအတာအတွက် တွေးတောပူပန်သလို ကျွန်တော်ကိုယ်တိုင်လည်း လက်ရှိဈေးနှုန်းအရ သွပ်ချပ်တန်ဖိုးကို သိရှိထားသူဖြစ်ရာ စိတ်ထဲ လေးလံနေမိပါသည်။

အားမငယ်ပါနဲ့ အမေရယ်၊ သားလစာထဲက ဖဲ့ပြီး စုထားတာလေးတော့ ရှိပါသေးတယ်။
အဲဒါ မင်းခရီးထွက်ဖို့ စုထားတာမဟုတ်လား။ အမေ နှမြောလိုက်တာကွယ်။
ဖြစ်လာမှတော့ ဘာတတ်နိုင်မှာလည်း အမေရယ်။
ညနေ ၆-နာရီခန့်တွင် ရပ်ကွက်အတွင်းမှ လေပြင်းဒဏ်လွတ်မြောက်သူ စေတနာရှင်များက ထမင်းထုပ်များ၊ ဘီစကွက်ထုပ်များကို တတ်အားသမျှ လိုက်လံဝေငှကာ အားပေးစကားများ ပြောကြားကြသည်။ သူတို့ကျေးဇူးကြောင့် စိတ်အားငယ်မှုများ အတော်အတန် ပြေပျောက်ခဲ့ရပါသည်။

လေပြင်းဒဏ်လွတ်မြောက်သူများထဲတွင် ကျွန်တော်နှင့် တရုံးတည်းသား သူငယ်ချင်းကိုနန္ဒလည်း ပါဝင်သည်။
ဘာမှ အားမငယ်ပါနဲ့။ လိုတာရှိရင် တို့ကိုပြော-ဟု အားပေးစကား ဆိုလာသည်။ ကျေးဇူးတင်စွာဖြင့် ကျွန်တော် နက်ဖြန် အိမ်ပြင်ဖို့ ရုံးကို ခွင့်တင်ပေးပါ-ဟု အကူအညီတောင်းဆိုရပါသည်။
ထိုနေ့ညက မိုးတစိမ့်စိမ့် ရွာသွန်းနေရာ အမိုးအကာ မလုံခြုံသောကြောင့် ကျွန်တော်နှင့်အမေတို့ အိပ်လို့မပျော်ကြပါ။ လေပြင်းမုန်တိုင်း နောက်တချီ ထပ်လာဦးမလားဆိုသော စိုးရိမ်စိတ် ရောပြွန်းနေ သောကြောင့်လည်း ဖြစ်ပါသည်။

သား ဘုရားရှိခိုးပြီးပြီလား။
ဟုတ်ကဲ့ သား အခုပဲ ရှိခိုးတော့မလို့ အမေ။
အေးကွယ် မြတ်စွာဘုရားမှတပါး အားကိုးစရာ မရှိပါဘူး။ သားလည်း ဘုရားမှာဆုတောင်းဟုတ်လား။
ဟုတ်ကဲ့ပါ အမေ။

အမေ့ကို ကတိစကားဆိုရင်း အိမ်ရှေ့ဘုရားစင်ရှေ့တွင် ကျွန်တော် ဒူးတုပ်ထိုင်ချလိုက်ပါသည်။ ဆီမီးထွန်းညိပူဇော်ထားသည့်အတွက် ကျောင်းဆောင်ငယ်ထဲမှာ မြတ်စွာဘုရား ဆင်းတုတော်မှာ သက်ရှိထင်ရှားရှိသည့်အလား ၀င်းဝါသပ္ပါယ်နေသည်။ ကျွန်တော့စိတ်ထဲတွင် သက်တော်ထင်ရှား ကိုယ်ထင်ပြသည့်အလား ယုံကြည်ရင်း အားငယ်စိတ်များ ပျောက်ပျက်သွားသလို ခံစားမိပါသည်။

ကျွန်တော်သည် မြတ်စွာဘုရားကို မျက်လုံးစုံမှိတ် အာရုံပြုကာ လက်အုပ်မိုးရှိခိုးရင်း တပည့်တော်သည် ရိုးသားစွာ ရှာဖွေရရှိသော လုပ်ခလစာငွေဖြင့် မိဘနှစ်ပါးတို့အား ပြုစုစောင့်ရှောက်ပါသည်။ ထို့ပြင် ငယ်စဉ် သိတတ်စကာလမှစ၍ ယနေ့ထက်တိုင် ကျေးဇူးရှင်ဖြစ်သော နွားသတ္တ၀ါတို့၏ အသားကို မစားဘဲ ရှောင်ကြဉ် ခဲ့ပါသည်ဘုရား။ ဤမှန်ကန်သောသစ္စာစကားကြောင့် တပည့်တော် ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းနိုင်ပါစေ အရှင်ဘုရား-ဟု နှလုံးသားထဲမှ လေးလေးနက်နက် ဆုတောင်းရင်း အိပ်ရာဝင်ခဲ့ပါသည်။

နောက်တနေ့ ညနေစောင်းတွင် ကျွန်တော်သည် ပြန်လည်ကောက်ယူရရှိသော သွပ်ချပ်ဟောင်းများကို ဖာထေးပြုပြင်နေစဉ် သွပ်ချပ်အသစ်အများ တင်ဆောင်ထားသော ဒိုင်နာကားကြီးတစင်း ရောက်ရှိလာပါသည်။ ကားရှေ့ခန်းတွင် ကျွန်တော့်ကုမ္ပဏီမှ မန်နေဂျာ ဦးရန်နိုင်နှင့်အတူ သူငယ်ချင်း ကိုနန္ဒတို့ကိုပါ တွေ့ရပါသည်။

မောင်ထက်မြတ်၊ ဘာမှစိတ်မညစ်နဲ့တော့။ မင်းသတင်းကို ကြားတာနဲ့ ဆရာတို့အားလုံးက ဒီလိုကူညီဖို့ ဆုံးဖြတ်လိုက်ကြတာပဲ။ ဟောဒီမှာ သွပ်ချပ်ခြောက်ဆယ်။ ပြန်မိုးဖို့ လောက်တယ်မဟုတ်လား။
သူငယ်ချင်း မင်းအတွက် တို့ဌာနက မုန့်တွေ ၀ယ်ပေးလိုက်သေးတယ် ရော့။
ဟုတ် ဟုတ်ကဲ့၊ ကျေးဇူးတင်လှပါတယ် ခင်ဗျား။
ရုတ်တရက်မို့ ကျွန်တော်နှင့် အမေတို့ မယုံကြည်နိုင်လောက်အောင်ပင် အံ့သြမင်သက်နေမိပါသည်။ ခေတ်ကာလဈေးအားဖြင့် တန်ဖိုးမနည်းလှသော သွပ်ချပ်များကို ရရှိခဲ့ခြင်းမှာ ကျွန်တော့အလုပ်ကြိုးစာမှုအပြင် ဘုရား တရား သံဃာ မိဘ ဆရာတို့၏ ကျေးဇူးတရားကြောင့်ဟု ခံစားနားလည်မိပါသည်။ ထို့ပြင် ညအိပ်ရာ ၀င်ခါနီးတွင် ကျွန်တော်ဆိုထားခဲ့သော နွားသတ္တ၀ါ၏အသားကို ရာသက်ပန် ရှောင်ကြဉ်ခဲ့ပါ၏-ဟူသော အရိုးစင်းဆုံး မှန်ကန်သော သစ္စာစကားကြောင့် ယခုလို အကျိုးပေးထူးကြောင်း အသေအချာ ယုံကြည်လိုက် ပါသည်။ စစ်မှန်သော သစ္စာစကားကြောင့် စေတနာမေတ္တာများ ရောင်ပြန်ဟပ်ကာ အကျိုးကျေးဇူး ချက်ချင်းလက်ငင်း ခံစားခဲ့ရသည့်အတွက် ကံ ကံ၏အကျိုးကို ဆတက်ထမ်းပိုးတိုးပြီး ယုံကြည်သက်ဝင်ခဲ့မိ ပါတော့သည်။
( သူငယ်ချင်း၏ ဖြစ်ရပ်မှန်ကို ရေးသားတင်ပြပါသည်)
                                                                 
 ဇွဲနေရောင်ခြည်
( မြတ်မင်္ဂလာ ၂၀၀၈-ခု ဇန်န၀ါရီလ)

ထိုတစ်နေ.( ဇရာဗျာဓိ ဆင်ခြင်မိခြင်း )

စာရေးသူသည် ဘုတလင်မြို့နယ် သခွတ္တနယ် အ-ထ-က ကျောင်းအုပ်ဆရာကြီးအဖြစ် ထမ်းဆောင်ဆဲဖြစ်ပါသည်။ အသက် ၈၆-နှစ်အရွယ်ရှိ ယောက္ခမကြီးကို ဇနီးဖြစ်သူက မငြိုမငြင် ဝေယျာဝစ္စပြုစုလျက်ရှိပါသည်။

ယနေ့ကား ဇနီးဒေါ်ခင်ဆွေသည် သားကြီးမောင်သက်နိုင်ဦးနှင့်အတူ မုံရွာသို့ ဈေးဝယ်သွားသည့်အခါ စာရေးသူနှင့် သားငယ် မောင်သက်နိုင်ဇော်တို့သည် အိမ်စောင့်ရင်း ဈေးရောင်းရင်း ကျန်ရစ်၏။
နေ့လယ်ခင်းတွင် အိပ်ရာထက်မှ ယောက္ခမကြီးက ငါ-အပြင်ထွက်တော့မယ်ဟေ့-ဆိုသဖြင့် အိမ်ထဲက ခုတင်မှသည် အပြင်တန်းလျား (မီးဖိုထဲ)သို့ တွဲပို့ရပါသည်။

ထိုတန်းလျားသို့ရောက်ရန် ခြေလှမ်းပေါင်း ၆၀-ခန့် လှမ်းရပါသည်။ သာမန်အနေဖြင့် ခြေလှမ်း ၁၂-လမ်းခန့်သာ ရှိပါလိမ့်မည်။
တန်းလျားမှာ နေရာချထားပြီးသည့်အခါ ထမင်းစားချင်သည်ဆိုသဖြင့် ကျွေးမွေးရပေ၏။
ထို့နောက် ရေချိုးမည်ဆိုသဖြင့် ရေချိုးကျောက်ပျဉ်သို့ တွဲပို့ရ၏။ ထိုအခါမှာလည်း ခြေလှမ်းပေါင်း ၅၀-ခန့်မျှ ခက်ခက်ခဲခဲ လှမ်းရပါပေသည်။

ဇရာအို ယောက္ခမကြီး၏ ခြေလှမ်းများသည် ခြေလှမ်းစိပ်စိပ်မျှသာ ဖြစ်သည်။ ရှေ့ခြေလှမ်းနှင့် နောက်ခြေလှမ်း သည် လက်တဖ၀ါးခန့်သာ ကွာခြားပေ၏။ သာမန်အနေဖြင့် ခြေလှမ်းပေါင်း ၁၀-လှမ်းစာမျှသာ ရှိပါပေသည်။ သို့ဖြစ်ပေရာ ဇရာခြေလှမ်း၊ ဘယ်လိုလှမ်းလည်း၊ လှမ်းစိပ်စိပ်မျှ၊ ဗျာဓိပြသည်၊ မရဏခရီး၊ နီးပြီတကား-ဟု ရှုမြင်မိပါသည်။

ယောက္ခမကြီးမှာ ခေါင်းမှဆံပင်ကို ကတ်ကြေးဖြင့် ကိုက်ဖြတ်ထားခြင်းအရ ဆံတိုစုတ်ဖွား ဖြူကြောင်ကျား ဖြစ်နေပါပြီ။ ခေါင်းတုံးတုံးရအောင်ဆိုသည်ကို မနေတတ်ဆိုသဖြင့် ကတ်ကြေးဖြင့်သာ ကိုက်ထားရခြင်း ဖြစ်သည်။
ရေချိုးပြီး ထမည်ပြုသော် သူ့ဘာသာ မထနိုင်သဖြင့် ထူမပေးရပါပေသည်။ သူ့ထမီ သူလည်းယူငင်မ၀တ်နိုင်ပါပြီ။ ထမင်းစားလျှင်လည်း လက်ဖက်ရည်ပန်းကန် နှစ်လုံးစာမျှသာ စားနိုင်ပါသည်။

ခန္ဓာဟုဆို၊ ရှိတိုင်းကိုယ်လည်း၊ အိုတရွေ့ရွေ့၊ နောက်ဆုံးနေ့၌၊ စုတေ့မမြဲ၊ ပြိုကွဲအားလုံး၊ သေခြင်းဆုံး၏-ဟူသည်ကို သံဝေဂရယူမိပါ၏။
ခန္ဓာရထား၊ သံသရာသွား၊
လေးပါးဘူတာ၊ ဆိုက်ရရှာ။
ဇာတိမှထွက်၊ ဇရာဆက်၊
နာချက် မရဏာ၊ လေးဘူတာ-ဟူသည့် ကြားနာရမှုနှင့်အတူ သံဝေဂယူမိပါသည်။

၂၀၀၇-ခုနှစ် ဧပြီလထုတ် မြတ်မင်္ဂလာစာစောင်ပါ ဆရာသိပ္ပံစိုးလှ-၏သတိသံဝေ ယူကြပေရော့-ဟု အိုခြင်း၊ နာခြင်း ဒုက္ခကို ဖော်ပြချက်အား စွဲမြဲမိခြင်းနှင့်အတူ လက်တွေ့ဆင်ခြင်မိပါသည်။ ထိုသို့ ရှုမြင်ဆင်ခြင်မိရင်း
တနေကွယ် သေနယ်သို့ တခါကူး၊
မေ့လျော့ကာ သေဘူးထင်ပါနဲ့ ၊
နေကွယ်တာ အချိန်များရင်ဖြင့်၊
သေနယ်ရွာ တကြိမ်သွားပါလိမ့်ကွယ်၊
တားမရဘူး။
ဟူသည်ကို ထပ်ဆင့်သံဝေဂ ပွားမိပါတော့သတည်း။

ဝင်းမောင် (မြိုင်သာ)

ဆွမ်းအကျိုး

ကိုလတ်သည်အသက်၂၅-နှစ်အရွယ်လူငယ်တစ်ဦးဖြစ်သည်။ဘွဲ.တစ်ခုရရှိထားပြီးအလုပ်ရှာသော်လည်း မည်သည့်အလုပ်မှမရဖြစ်နေသည်။အလုပ်အင်တာဗျူးများဖြေတိုင်းမဖြေနိုင်သောကြောင့်အလုပ်ခန်.စာ၌ သူ၏နာမည်သည်လည်းလုံးဝပါမလာပေ။                                                                                                              
မကြာသောနေ.တစ်နေ.။ထိုနေ.သည်လည်းအခြားအလုပ်တစ်ခု၌အလုပ်အင်တာဗျူးဖြေဆိုရမည့်
နေ့ ဖြစ်သည်။ထိုနေ.တွင်ကိုလတ်သည်မနက်စောစောထ၍ဘုရား ရှိခိုးသည်။ထို့ နောက်နံနက် ၁၀-နာရီတွင် အိမ်မှ ထွက်လာခဲ့သည်။လမ်း၌ နေ့ လယ်စာကိုအင်တာဗျူးဖြေဆိုရမည့်နေရာနှင့် နီးသောမြန်မာထမင်းဆိုင်တစ်ဆိုင်တွင်ဝင်၍စားသည်။ကိုလတ်ထမင်းစားနေစဉ်ထမင်းဆိုင်ထဲတွင် ခရီးသွားဦးပဉ္စင်းနှစ်ပါးဆွမ်းဘုဉ်းပေးနေသည်ကိုမြင်လိုက်ရသည်။ထိုအခါကိုလတ်က ဦးပဉ္စင်းတို့ အနားသွားပြီး...“အရှင်ဘုရား၊ပြည့်စုံအောင် ဘုန်းပေးတော် မူပါဘုရား။တပည့်တော်၊ဤဆွမ်းပွဲကိုဒကာခံပါရစေဘုရား”ဟု လျှောက်ထားလေသည်။ဦးပဉ္စင်းက
 ကြည်ဖြူစွာလက်ခံပြီး“ဒကာကြီး၊ဤသို့ လှူဒါန်းရတဲ့ ဆွမ်းအကျိုးကြောင့် အစစ အရာရာ အဆင်ပြေ ချောမောပါစေ”ဟုဆုပေးလေသည်။ကိုလတ်သည်သူလှူဒါန်း ခဲ့ရသောအလှူအတွက်ကျေနပ် ကြည်နူး ခဲ့ရလေသည်။နေ့ လယ်၁၂-နာရီ၌ကိုလတ်အင်တာဗျူးဖြေသောအခါမေးခွန်းများကိုတစ်ခုမကျန် လွယ်ကူစွာဖြေဆို နိုင်ခဲ့သည်။ထို့ နောက်အလုပ်ခန့် စာ၌လည်းကိုလတ်နာမည်ထိပ်ဆုံးက ပါလာလေသည်။                                                                                                    ဤကဲ့သို့ လုပ်ရခြင်းသည်မိမိလှူခဲ့သောဆွမ်းအကျိုးကြောင့်ပင်ဖြစ်သည်ဟုကိုလတ်ယုံကြည်ယူဆနေပါသည်။ ညီလေးငယ်(လယ်တော်)                                                                                                                                                        မြတ်မင်္ဂလာ--------၂၀၁၂-ခုနှစ်၊ဧပြီလ