Showing posts with label စာတို. Show all posts
Showing posts with label စာတို. Show all posts

Tuesday, February 12, 2013

လောကီပညာရှင်တို့ အကြံပြုကြတဲ့ နည်းလမ်းများ

လောကီပညာရှင်တို့ အကြံပြုကြတဲ့ နည်းလမ်းများမှာ...

၁။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ၊ စားဝတ်နေမှု ဖူလုံအောင် အလုပ်လုပ်ပါ။

၂။ ယနေ့လုပ်နိုင်တာကို နက်ဖြန်ထိ ဆိုင်းမထားပါနဲ့။

၃။ ပစ္စုပ္ပန်ကျကျ နေထိုင်ပါ၊ တစ်နေ့အတွက်သာ စဉ်းစားပါ။

၎။ သံတစ်ပွင့် ၀ါဒကို ကျင့်သုံးပါ။ လုပ်ဆဲအလုပ်မှာ နှလုံးသွင်းပါ။

၅။ အခက်အခဲကို ကျော်လွှားပါ။ ပင်ပန်းလေးလေ အမှတ်ရလေလေ ဖြစ်တယ်။

၆။ အဆိုးဆုံး အခြေအနေကို လက်ခံပါ။ စိတ်ဓာတ်အင်အားသစ်ကို ဖွင့်ထုတ်ပါ။

၇။ အောင်မြင်မှုရအောင် ကြိုးပမ်းပါ။ အောင်မြင်ခြင်းလို ချိုမြိန်တဲ့ အရသာမရှိဘူး။

၈။ အကောင်းဘက်ကို ကြည့်ပါ။ တိမ်တိုက်တိုင်းမှာ ငွေအနားကွပ် တစ်ခုစီရှိတယ်။

၉။ ဖိတ်သွားတဲ့ နို့အတွက် ငိုမနေနဲ့။ ကုက္ကုစမဖြစ်နဲ့။

၁၀။ ပုထုဇဉ်တို့မှာ အမှားပါရစမြဲ။ ခွင့်လွှတ်ခြင်းဟာ ထိပ်တန်း၊ မြင့်မြတ်မှုဖြစ်တယ်။

သင်၏ အကောင်းဆုံးမိတ်ဆွေ မည်သူလဲ?

သင်၏ အကောင်းဆုံးမိတ်ဆွေ မည်သူလဲ?

သင်သည်ဤကမ္ဘာလောကကြီးအတွင်းသို့တစ်ယောက်တည်းသာရောက်ရှိလာခြင်းဖြစ်သည်။

သင့်ဘ၀ခရီးကိုနှင်နေစဉ်အခြားသူများမှာဝင်လာသူများရှိသလိုထွက်ခွာသွားကြသူများလည်းရှိပေသည်။

နောက်ဆုံးတွင်သင်သည်တစ်ယောက်တည်းသာဤကမ္ဘာလောကကြီးမှထွက်ခွာသွားရပေလိမ့်မည်။

ထိုခရီးတစ်လျှောက်လုံးတွင်သင့်ကိုအဖော်ပြုမည့်သူမှာလည်းတစ်ယောက်တည်းသာရှိပေသည်။

ထိုသူမှာအခြားမဟုတ်သင်ကိုယ်တိုင်ပင်ဖြစ်သည်။

WHO IS YOUR BEST FRIEND?

You come into this world alone.

As you journey through life 0ther people come and go.

At the end, you leave this world all by yourself.

For the whole journey, there is only one person you keep company with … and that is YOURSELF.

မည်သူအဓိကလဲ

ဤလောကတွင် တစ်စုံတစ်ယောက်သော သူသည်သာ သင့်ကို ၀မ်းသာစေနိုင်သည်။

တစ်စုံတစ်ယောက်သော သူသည်သာ သင့်ကို ၀မ်းနည်းစေနိုင်သည်။

တစ်စုံတစ်ယောက်သော သူသည်သာ သင့်ကို စိတ်ဆိုးစေနိုင်သည်။

ထိုတစ်စုံတစ်ယောက်သော သူကား အခြားမဟုတ် သင်သာလျှင် ဖြစ်ချေသည်။

WHO IS RESPONSIBLE?

There is only one person who makes you Happy.
There is only one person who makes you SAD.

There is only one person who makes you ANGRY.

That person is You.

အကောင်းမြင်သမား နှင့် အဆိုးမြင်သမား

ဖန်ခွက်တစ်ခု၌ ရေတစ်ဝက်ရှိနေသည်ဆိုပါက၊ မိမိမှာ ရေတစ်ဝက်အပြည့်ရှိတယ်ဟု ဆိုသူသည် အကောင်းမြင်သမား ဖြစ်သည်။
မိမိမှာ ရေတစ်ဝက်တည်းသာရှိသည်ဟု ဆိုသူသည် အဆိုးမြင်သမားဖြစ်သည်။

OPTIMIST AND PESSIMIST

If a glass is half filled with water, people who focus on the glass being half full are potimists.

The person who describes the glass as half empty is a pessimist.

မသေခင်တော့ မပုတ်ပါစေနဲ.


* လောကမှာ … လူသေပုပ်၊ လူရှင်ပုပ် လို့ အပုပ်၂မျိုးရှိတယ်။

* လူသေပုပ် ဆိုတာကတော့ သေလို့ ပုပ်သွားတာပေါ့။

* မြေကြီးထဲမှာ ပုပ်နေတာဆိုတော့ အပေါ်ကို ဘာနံ့မှ မထွက်တော့ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးပေါ့။

* လူရှင်ပုပ် ဆိုတာကျတော့ အတော်ဆိုးတယ်။

* သူများကို ဒုက္ခသိပ်ပေးတယ်။

* အကျင့်ပျက်စီးနေသူတွေဟာ ရှင်လျက်နဲ့ ပုပ်နေသူတွေပဲပေါ့။

* သူ့ရဲ့အကျင့်စာရိတ္တ ပျက်စီးမူ အပုပ်နံ့တွေက သူရောက်လာတဲ့ နေရာတိုင်းမှာ နံစော်နေတာပဲပေါ့။

* ဒါကြောင့် လူတိုင်းက သူနဲ့မတွေ့အောင် ဝေးဝေးရှောင်ကြတယ်။

* မတတ်သာလို့ ဆက်ဆံကြရပြီဆိုရင်လည်း ဟိုမယုံရ၊ ဒီမယုံရနဲ့ အင်မတန် ဒုက္ခရောက်ကြရတာပေါ့။

* မိမိကိုယ်ကို သေမှပဲ ပုပ်ပါစေ၊ မသေခင်တော့မပုပ်ပါစေနဲ့။

ရွှေဂုဏ်၊ ငွေဂုဏ်၊ ရာထူးဂုဏ်လည်း

လူဘုံလောက၊ မကြည်ဖြူ၍၊

ခွာယူလိုက၊ ခွာ၍ရ၊

ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်၊

လူဘုံလောက၊ နှစ်သာရတည်း၊

သူကငြူစူ၊ မကြည်ဖြူလည်း၊

ခွာယူမရ၊ ကွာမကျ။

Friday, February 8, 2013

သူငယ်ချင်းဆိုတာ...

သူငယ်ချင်းဆိုတာဘာလဲလို့မေးရင်စာမှာဒီလိုဖွင့်ပြထားပါတယ်။
သုခဒုက္ခံသဟအာယန္တိဥပဂစ္ဆ န္တိတိသဟာယကော၊အဓိပ္ပါယ်ကတော့ချမ်းသာဆင်းရဲကိုအတူတကွ ခံစားတတ်သောကြောင့်သူငယ်ချင်းပါတဲ့၊သူငယ်ချင်းရဲ့ပါဠိကသဟာယပါ။မကြာသေးခင်ကမိမိတို့ရဲ့ ရိပ်သာကိုသုံးဆယ်စွန်းစွန်းဆရာဝန်နှစ်ယောက်ရောက်လာပါတယ်။တစ်ယောက်ကတရားဝင်ဖို့၊ တစ်ယောက်ကတော့အဖော်အာမခံအဖြစ်လိုက်လာတာပါ။အဖော်အာမခံအဖြစ်လိုက်လာတဲ့ ဆရာဝန်ကကျောင်းတိုက်နဲ့ဆက်စပ်နေသလိုတရားရိပ်သာဝင်မယ့်ဆရာဝန်ကလည်း ဆရာတော်အရှင်ဆန္ဒာဓိကနဲ့ဆက်စပ်နေပြန်ပါတယ်။ဒီတော့မိမိကလည်းထိုက်သင့်သလောက်ကူညီရုံပေါ့။ ကူညီတယ်ဆိုပေမယ့်ထူးပြီးမကူညီပါဘူး။နှုတ်အားဖြင့်ပြောပြရုံပါ။မိမိစိတ်ဝင်စားတာကအဖော်အဖြစ်
လိုက်လာတဲ့သူငယ်ချင်းဆရာဝန်ကိုပါ။အဲဒီဆရာဝန်ကရောက်တဲ့နေ့မှာသူ့သူငယ်ချင်းဆရာဝန်အတွက် ကိုယ်တိုင်အိပ်ရာခင်းပေးကိုယ်တိုင်ခြင်ထောင်ထောင်ပေးပါလာတဲ့ပစ္စည်းတွေကိုသင့်တော်သလိုထားပေးရင်း
သူ့သူငယ်ချင်းကိုအားပေးစကားတွေတွင်တွင်ပြောနေပြန်ပါတယ်။ပြန်ခါနီးတော့မိမိကိုလည်းသူ့သူငယ်ချင်းက
တစ်ခါမှတရားစခန်းမ၀င်ဖူးသေးလို့ဂရုစိုက်ဖို့မှာနေပြန်ပါတယ်။တရားဝင်နေတဲ့အခြားရက်တွေမှာလည်း မကြာခဏလာပြီးလိုအပ်တာတွေလုပ်ပေးလေ့ရှိပါတယ်။သူတို့နှစ်ယောက်ရဲ့ကံသုံးပါးအမူအရာလေးတွေဟာ
မြင်နေရသူမိမိအတွက်တော့သူငယ်ချင်းဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ပြနေသလိုခံစားရပါတယ်။စိတ်ထဲမှာလဲ အဖော်အဖြစ်လိုက်ပို့တဲ့ဆရာဝန်ကိုတော်တော်လေးကြည်ညိုသွားမိပါတယ်။ဟုတ်တယ်လေ။ တရားအားမထုတ်ဖူးသေးတဲ့သူငယ်ချင်းကိုရိပ်သာရောက်အောင်ပို့ပေးနိုင်တာဟာနည်းတဲ့သံယောဇဉ် နည်းတဲ့အသိဉာဏ်မှဟုတ်တာ။သူငယ်ချင်းဆိုတာဒါမျိုးမှတခြားပစ္စည်းတွေနဲ့ချီးမြှောက်တာထက်ဓမ္မနဲ့ ချီးမြှောက်တာဟာအကောင်းဆုံးချီးမြှောက်မှုပါ။အဲဒီဆရာဝန်သူငယ်ချင်းနှစ်ယောက်ရဲ့ကံသုံးပါး အမူအရာလေးတွေကြည့်ပြီးကြည်ညိုဖြစ်ရင်းအခုပြောပြမယ့်ဝထ္ထုလေးကအတွေးထဲပေါ်လာတာပါ။
ဖြစ်စဉ်နှစ်ခုကိုနှိုင်းယှဉ်တာတော့မဟုတ်ပါဘူး၊နှိုင်းယှဉ်ရအောင်ပုံသဏ္ဌာန်ချင်းလဲမတူပါဘူး။ဒါပေမဲ့
ဖြစ်စဉ်နှစ်ခုလုံးကသူငယ်ချင်းဆိုတဲ့အဓိပ္ပါယ်ကိုဖွင့်ပြနေလို့ပါ။ကဿပဘုရားရှင်လက်ထက်တော်က ဃဋိကာရလို့အမည်ရတဲ့အိုးထိန်းသည်တစ်ယောက်ရှိခဲ့ဖူးပါတယ်။ဃဋိကာရရဲ့အချစ်ဆုံးသူငယ်ချင်းက
ဇောတိပါလပါ။ဃဋိကာရကဇာတ်နိမ့်အမျိုး၊ဇောတိပါလကဇာတ်မြင့်အမျိုး၊ဒါပေမယ့်သူတို့နှစ်ယောက် အတော်ချစ်ကြတယ်လို့ဆိုပါတယ်။`တစ်နေ့တော့ဃဋိကာရကဇောတိပါလကိုကဿပဘုရားရှင်ကို သွားဖူးဖို့ခေါ်ပါတယ်။ဒီတော့ဇောတိပါလကဘယ်လိုပြန်ပြောသလဲဆိုတော့"ဦးပြည်းရဟန်းယုတ်ကိုဖူးလို့ ဘာအကျိုးရှိမှာလဲ"လို့ ပြန်ပြောပါတယ်။ဇောတိပါလရဲ့စကားသံထဲမှာဇာတ်မြင့်ဆိုတဲ့မာနသံက အထင်းသားပေါ်နေပါတယ်။ဃဋကာရကသုံးကြိမ်သုံးခါခေါ်ပါတယ်။ဇောတိပါလကသုံးကြိမ်သုံးခါငြင်းပါတယ်။
ဇောတိပါလရဲ့ငြင်းသံအဆုံးမှာဃဋိကာရကရေချိုးဖို့မြစ်ဆိပ်ကိုခေါ်ပြန်ပါတယ်။ဒီအခါမှာတော့ဇောတိပါလ
မငြင်းပါဘူး။ဃဋိကာရနောက်ကိုဖြောင့်ဖြောင့်တန်းတန်းလိုက်ခဲ့ပါတယ်။တကယ်တော့ဃဋိကာရက
ဇောတိပါလကိုပရိယာယ်နဲ့ခေါ်တာပါ။ဘာဖြစ်လို့လဲဆိုတော့မြစ်ဆိပ်နဲ့ မြတ်စွာဘုရားကျောင်းတော်နဲ့နီးလို့ပါ။ ဃဋိကာရကမြစ်ဆိပ်ရောက်တော့ဘုရားရှင်ဆီသွားဖူးဖို့ထပ်ခေါ်ပြန်ပါတယ်။ဒါပေမယ့်ဇောတိပါလက
ငြင်းမြဲပါပဲ။ဒီတော့ဃဋိကာရကဇောတိပါလရဲ့ခါးပုံစကိုကိုင်ပြီးတောင်းတောင်းပန်ပန်နဲ့ခေါ်ပြန်ပါတယ်။
ဇောတိပါလကတော့ရှေးနည်းအတိုင်းငြင်းမြဲပါပဲ။နောက်ဆုံးတော့ဃဋိကာရကဘာလုပ်လိုက်သလဲဆိုတော့
ဇောတိပလရဲ့ဆံပင်ကိုကိုင်တဲ့ပြီးမြတ်စွာဘုရားဆီလိုက်ခဲ့ဖို့တိုက်တွန်းလိုက်ပါတယ်။ ဒီအချိန်မှာတော့ဇောတိပါလလည်းတော်တော်လေးထိတ်လန့်တုန်လှုပ်သွားပါတယ်။ဇောတိပါလက ဇာတ်မြင့်၊ဃဋိကာရကဇာတ်နိမ့်။ဇာတ်နိမ့်သူကဇာတ်မြင့်သူရဲ့ဆံပင်ကိုကိုင်ခဲ့ရင်သူတို့ခေတ်ဥပဒေအရ
သေဒဏ်ပါ။ဒီတော့ဇောတိပါလကဘယ်လိုစဉ်းစားသလဲဆိုတော့"သူငယ်ချင်းဃဋိကာရဟာသေဒဏ်ကိုမမှုဘဲ
ငါရဲ့ဆံပင်ကိုကိုင်ပြီးသူ့ဆရာဘုရားရှင်ဆီလိုက်ခဲ့ဖို့ခေါ်တယ်။ဒီအပြုအမူဟာငါ့အပေါ်အတော်ချစ်လို့ဖြစ်မယ်၊
ပြီးတော့တစ်စုံတစ်ခုသောအကျိုးကိုလိုလားလို့ဖြစ်မယ်ထင်တယ်။ဘာပဲပြောပြောသူ့စေတနာကို အသိအမှတ်ပြုတဲ့အနေနဲ့လိုက်သွားမှာပဲ"လို့ စဉ်းစားပါသတဲ့။ပြီးတော့"သူငယ်ချင်း ဃဋိကာရ… ဆံပင်ကိုင်တဲ့အထိတောင်သင့်ဆရာကိုဖူးမြင်စေလိုသလား" လို့ ပြန်မေးလိုက်ပါတယ်။ဃဋိကာရလည်း " ဟုတ်ပါတယ်သူငယ်ချင်းရယ်"လို့ပြောပြီးဇောတိပါလကိုဘုရားရှင်ဆီပို့ပေးဖို့စီစဉ်ပါတယ်။ဒီနေရာမှာ
ပြောချင်တာကဇောတိပါလရဲ့အတွေးပါ။သူငယ်ချင်းဆိုတဲ့အသိကိုမေ့ပြီးဇာတ်နိမ့်၊ဇာတ်မြင့်ဥပဒေဆီကိုသာ
တွေးလိုက်ရင်ပွဲကတစ်မျိုးတစ်မည်ပြောင်းပြီးအကျည်းတန်သွားနိုင်ပါတယ်။ဒါပေမယ့်သူတို့တစ်တွေဟာ တကယ့်သူငယ်ချင်းတွေဖြစ်နေတာကြောင့်ပွဲကအကျည်းတန်မသွားဘဲအလှပဆုံးပွဲလေးတစ်ပွဲဖြစ်သွားတာ
ပါပဲ။ဘာဖြစ်လို့လဲဆိုတော့ဇောတိပါလကမြတ်စွာဘုရားဆီရောက်သွားခဲ့လို့ပါ။ပြီတော့ပိုပြီးအံ့သြဖို့
ကောင်းတာကဇာတ်ပေါင်းခန်းကြည့်လိုက်တော့မြတ်စွာဘုရားဆီသွားဖို့အကြောက်အကန်ငြင်းနေခဲ့တဲ့
ဇောတိပါလဟာတခြားသူဟုတ်ရိုးလား၊မိမိတို့ရဲ့ဂေါတမဘုရားအလောင်းဖြစ်လို့နေတာပါပဲ။
ဘာပဲပြောပြောကိုယ်ချစ်တဲ့သူငယ်ချင်းတစ်ယောက်ယောက်ဂမ္ဘီရယောင်ယောင်၊ဓာတ်ယောင်ယောင်၊ နတ်ယောင်ယောင်တောလိုလိုတောင်လိုလိုဆရာဆီရောက်ပြီးဘာသာရေးလမ်းကြောင်းချော်နေလို့ တည့်မတ်ပေးရတဲ့အရေးအင်တင်တင်လုပ်နေခဲ့ရင်တော့ဃဋိကာရထုံးနှလုံးမူပြီးနားရင်းအုပ်သင့်ရင် အုပ်ပစ်လိုက်ဖို့ပါပဲလေ။

ကျမ်းကိုး
မဇ္ဈိမပဏ္ဏာသပါဠိတော်- ဃဋိကာရသုတ်
အင်တာဗျုးဂျာနယ်
25-12-2002

Monday, February 4, 2013

ထူးဆန်းသောအိမ်မက်...

လူတိုင်းအိမ်မက်မက်ဖူုးကမှာပါ..အဲဒါကြောင့်အိမ်မက်ဆိုတာထူးဆန်းလို့လားလို့မေးလာနိုင်ပါတယ်.. ကျမအတွက်တော့သိပ်ပြီးတော့ထူးဆန်းနေပါတယ်..ကျမအိမ်မက်တွေကိုကျမမေမေကိုပြောပြပေမယ့် သူမလုံးဝမယုံခဲ့ပါ။နာက်ပိုင်းတော့ကျမအိမ်မက်တွေကိုယုံလာခဲ့ပါတယ်။
ကျမလွန်ခဲ့သောသင်္ကြန်မတိုင်ခင်ကအိမ်မက်တခုမက်ခဲ့ပါတယ်...အိမ်မက်ထဲမှာသေဆုံးသွားပြီဖြစ်တဲ့ကျမသူငယ်ချင်းရဲ့အမေဟာကျမ တို့အပိုင်းထဲကကလေးအလောင်းတွေနဲ့လူကြီးအလောင်းတွေကိုမနိုင်မနင်းသယ်ပြိးတော့မခွျေ့နေပါတယ်
အိမ်မက်ထဲမှာကျမကသူ့ကိုမေးတော့ဒါငါ့တာဝန်တဲ့သူကဒီအလောင်းတွေကိုသယ်ပေးရမှာတဲ့လေ
ပြီးတော့သူနေတာကသူငယ်ချင်းတို့အိမ်နောက်ဖေးးက၀ါးရုံတောကိုလက်ညိုးလှမ်းထိုးပြပါတယ်..ပြီးတော့သူပြောတာတွေကိုမယုံရင် သူ့အိမ်တခြံကျော်မှာရှိတဲ့ကလေးတွေကသူ့ခြံထဲမှာဇီးသီးလာခူးနေကျတဲ့ အဲ့ဒါကိုသူစိတ်ဆိုးတယ်ပေါ့..အပင်အောက်ကကျတာကိုမကောက်ပဲအပင်ကိုရိုက်ချတယ်တဲ့။

Thursday, January 31, 2013

စတေးခဲ့သမျှဟာ ဘ၀အတွက်ပါ

ကျွန်တော့်ဇာတိက မြစ်ဝကျွန်းပေါ်ဒေသပါ။ နယ်မြို့လေးတစ်မြို့ပေါ့။ အဖေကတော့ ကျွန်တော်ငယ်ငယ်တည်းက နောက်အိမ်ထောင် ပြုသွားခဲ့လို့ ကျွန်တော် သေသေချာချာ မမြင်ဖူးလိုက်ပါဘူး။ ကျွန်တော်ရယ် အမေရယ် ညီမလေးရယ် ဒီမိသားစု  ၃ ယောက်နဲ့ပဲ ကျွန်တော့်မိသားစုလေး တည်ရှိခဲ့တာ အတော်ကြာခဲ့ပါပြီ။
အမေကတော့ ခေါင်းရွက်ဈေးရောင်းပြီး ကျွန်တော့်ကို ၁၀ တန်းအောင်အောင် သင်ပေးခဲ့ပါတယ်။ ညီမလေးကလည်း အခုမှ အလယ်တန်းကျောင်းသူဆိုတော့ ငွေမရှာနိုင်သေးဘူးလေ။ ကျွန်တော်လည်း အဝေးသင် တက္ကသိုလ်တက်ရင်းပဲ ဘွဲ့ယူခဲ့ရပါတယ်။ မြို့မှာ ကြုံရာ ကျပန်းလုပ်ရင်းပဲ မိသားစု စားဝတ်နေရေးကို  ဖြေရှင်းနေကြရတာပေါ့ဗျာ။ ဆွေမျိုးဆိုလို့ပြေးကြည့်ရင် အမေ့ဘက်က ဘကြီးတစ်ယောက်ပဲ ရှိတယ်လေ.... ဘကြီးကတော့ သူ့မိသားစုနဲ့ သူ့လုပ်ငန်းနဲ့ အဆင်ပြေနေတာပေါ့လေ။
ပြီးခဲ့တဲ့နာဂစ်မုန်တိုင်းထဲမှာ ဘကြီးနဲ့ သူ့မိသားစုဝင် ၂ ဦးဆုံးပါးသွားခဲ့တယ်လေ။ ကျွန်တော်တို့ မိသားစုအတွက် အလွန်ကို အထီးကျန်စေတဲ့ အိမ်မက်ဆိုးကြီး ပေါ့ဗျာ။ ဆွေမျိုးဆိုတာ ကျွန်တော်တို့အတွက် လုံးဝ ဆိတ်သုဉ်းသွားပြီလေ။

ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိ ရောင်လည်လည်နဲ့နေခဲ့တာ ကြာပြီလေ။ ကျွန်တော့် သူငယ်ချင်းက နာဂစ်ဒေသအတွက် လာလုပ်ကြတဲ့ အန်ဂျီအိုတွေမှာ အလုပ်လျှောက်ဖို့တိုက်တွန်းတယ်။ ကျွန်တော်လည်း ကြံရာမရတော့ အလုပ်လျှောက်ဖို့ ကိုယ်ရေးအကျဉ်းတောင် မသေမသပ်နဲ့ရေးပြီး လျှောက်လွှာတင်ခဲ့တယ်။
ကံကောင်းတာလား ကံဆိုးတာလားတော့ မသိဘူးဗျ.. ကျွန်တော် အလုပ်ရခဲ့တယ် သန့်လေးသန့် စီမံချက်မှာ ရေသန့်လုပ်ငန်းအတွက် လူထုအတွင်း ကွင်းဆင်း လုပ်ရတဲ့ လုပ်သားအဖြစ်နဲ့ပါ။ အန်ဂျီအိုဆိုတာလည်း အကြီးကြီးတော့ မဟုတ်ပါဘူး။ နာဂစ်အပြီးမှ ဖွဲ့ထားတဲ့ ပြည်တွင်းက အဖွဲ့ငယ်တစ်ခုပါ။

ကျွန်တော် တစ်လကို လခ တစ်သိန်းခွဲ ရပါတယ်။ ဒီငွေလေးနဲ့ပဲ အမေနဲ့ ညီမလေးကို ပြန်ထောက်ပံ့နိုင်ခဲ့တယ်လေ။ ကျွန်တော်လေ အရမ်းပျော်တာပဲ... ကိုယ့်လုပ်အားခနဲ့ အမေ့ကို ကျေးဇူးဆပ်နိုင်လို့ အလွန်ကို ပီတိဖြစ်မိတာပေါ့နော်....။ ဒီအဖွဲ့လေးမှာ ကျွန်တော့ကို အလွန်ဂရုစိုက်တဲ့ ကျွန်တော့ရဲ့ ကြီးကြပ်ရေးမှုး တစ်ယောက်ရှိတယ်ဗျ။ အသက် ၃၅ လောက်ရှိပြီ။ လူပျိုကြီး တစ်ယောက်ပေါ့။ ရုပ်ရည်လည်း သန့်တယ်၊ အပြောဆိုလည်း ကောင်းတယ်၊ ကျွန်တော့ကိုလည်း အများကြီး သင်ကြားပေးတယ်၊ အတွေ့ကြုံလည်း အလွန်များတယ်လို့ထင်ရတာပဲလေ။ သူ့ကောင်းမှုနဲ့ ကျွန်တော် သင်တန်းတွေ တက်ခွင့်ရတယ်လေ.... HIV/AIDS သင်တန်း၊ Gender သင်တန်း၊ စိတ်လူမှု မြှင့်တင်ရေး  သင်တန်း၊ သဘာဝဘေးဒဏ်အတွက် ကြိုတင်ပြင်ဆင်ရေး သင်တန်း.. အို... စုံတောပဲဗျာ။
တစ်ချို့တစ်ဝက်လည်း မေ့နေပါပြီ။ တစ်ချို့ဟာတွေလည်း လုံးဝနီးပါ မသိတော့ဘူးလေ။ ဒီအဖွဲ့လေးမှာ လုပ်နေရင်း ကျွန်တော် ကွန်ပျူတာကို တော်တော်လေး ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်လာတယ်။ အဲ..ပြီးတော့ အင်တာနက်လည်း သုံးတတ်စပြုလာတယ်။ အွန်လိုင်းပေါ်တတ်ပြီး သူများတွေနဲ့လည်း အလာပသလာပတွေ ပြောတတ် ကြူတတ်လာတယ်လေ။ ဖေ့စ်ဘွတ်တွေ တွစ်တာတွေ ဗွီဇက်အိုတွေလည်း သုံးတတ်လာတာပေါ့ဗျာ။ အွန်လိုင်းမှာလည်း သူငယ်ချင်းတွေ တော်တော် ရလာခဲ့တယ်။ လူချင်းမမြင်ဖူးပေမယ့် အွန်လိုင်းမှာတော့ အတော့်ကို ခင်ကြတာကိုး...။အလုပ်နဲ့ပက်သက်ပြီး ရွာတွေအထိ ဆင်းပြီး ရေသန့်ရှင်းရေးအတွက် လုပ်ရတာတွေ ကတော့ မမေ့နိုင်တဲ့ အထင်ကရ ဖြစ်ရပ်လေးတွေပါပဲ။
တခါတလေလဲ နယ်ဆင်းရင်း စက်လှေပျက်တာတွေ၊ ဒီတက်လို့ သွားရခက်တာတွေလည်း မှတ်မိနေပါသေးတယ်။ ကျွန်တော်အလုပ်ဝင်ပြီး ၁ နှစ်လောက်နေတော့ ကျွန်တော်လုပ်နေတဲ့ ရေသန့်လုပ်ငန်းက ပြီးဆုံး သွားခဲ့တယ်လေ။ ကျွန်တော်လည်း အလုပ်လက်မဲ့ဘ၀ ပြန်ရောက်သွား တာပေါ့ဗျာ။  ကျွန်တော် အရမ်းကို စိတ်ပျက် သွားခဲ့မိတယ်။ ပုံမှန်ဝင်ငွေ မ၇ှိလေတော့ အမေနဲ့ ညီမလေးကို မရှာကျွေးနိုင်ဘူး ဖြစ်နေတယ်လေ။ ကျွန်တော် ဘာအလုပ်လုပ်ရရင်ကောင်းမလဲပေါ့။
နီးစပ်ရာ သူငယ်ချင်းတွေကိုလည်း အကြံဥာဏ်တောင်းတယ်လေ... အလုပ်လေးဘာလေး ရလိုရညားပေါ့ဗျာ။ တစ်လ နှစ်လလောက် ကျွန်တော် အလုပ်ရှာပါတယ်။
ကျွန်တော်တို့မြို့ကလည်း နယ်မြို့ဖြစ်နေပြန်တော့ အလုပ်က ရဖို့ သိပ်မလွယ်ဘူးလေ။ နောက်ဆုံး အလုပ်ပေါတဲ့ ရန်ကုန်မှာ အလုပ်သွားလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရန်ကုန်ဆိုတာက သိလေတဲ့အတိုင်း နေစရိတ် စားစရိတ်က မိုးထိမြင့်တယ်လေ။ အသိအကျွမ်းတွေ ဆွေမျိုးတွေရှိရင်တော့ ကောင်းတာပေါ့ဗျာ။ ကျွန်တော့မှာက ဆွေမျိုးကလည်း မရှိ အသိအကျွမ်းကလည်း ရှားလေတော့ နောက်ဆုံးတော့ အဆောင်နေဖို့ပဲ ဖန်တီးလာခဲ့တယ်လေ။ ကျွန်တော် လှည်းတန်းမှာ အဆောင်နေ ဖြစ်ခဲ့ပါတယ်။ အဆောင်မှာတော့ လူစုံ နယ်စုံပဲ။ ကျွန်တော့ ရန်ကုန်မှာ ၃ လလောက် တ၀ဲလည်လည်နဲ့ အလုပ်ရှာနေခဲ့တယ်လေ။ နောက်ဆုံး ခရီးသွားလုပ်ငန်း တစ်ခုမှာ ကျွန်တော် လက်ထောက်မန်နေဂျာ အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ ကျွန်တော့ သူဌေးက နိုင်ငံခြားသားလေ။ ပွင့်လင်းတယ်။ တိကျတယ်။
စီးပွားးရေးဆန်တယ်။ အလုပ်နဲ့ ခင်မင်မှုကို ခွဲထားတယ်လေ။ အလုပ်ကိစ္စအတွက် သူဌေးက နေပြည်တော်ကို မကြာခဏဆိုသလို ခရီးသွားရလေ့ရှိတယ်။ ဒီတော့ သူဌေးအတွက် ကူဖော်လောင်ဖက်အနေနဲ့ ရုံးက လက်ထောက်မန်နေဂျာတွေက လိုက်ပေးရပါတယ်။ လိုက်ပေးသူ အတွက်လည်း လခအပြင်  အပိုဝင်ငွေလေး ပိုရတာပေါ့လေ။ အစပိုင်းမှာတော့ သူဌေးနဲ့အတူ ကျွန်တော့ရဲ့ စီနီယာအစ်ကိုကြီးတစ်ယောက် သွားကြတာပါ။ အခုတလော အဲဒီအကိုကြီးကို မတွေ့တာ ၃ ရက် ၄ ရက်ရှိနေပြီဗျ။ သူဌေးက ကျွန်တော့်ကို တစ်ခါမှ နေပြည်တော်လိုက်ဖို့ မခေါ်ပါဘူး။ တစ်နေ့တော့ သူဌေးဘာစိတ်ကူးပေါက်လဲမသိပါဘူး ကျွန်တော့ကို နေပြည်တော်
ခရီးအတွက် အထုပ်ပြင်လို့ ပြောလာပါတယ်။ ကျွန်တော်လည်း ဘာမသိ ညာမသိနဲ့ လိုက်ခဲ့ရတယ်လေ။
နေပြည်တော်ရောက်တော့ တည်းခိုခန်းမှာ သူဌေးနဲ့အတူ ၂ ယောက်ခန်းမှာ တည်းရတယ်လေ။ အဲဒီညကျမှပဲ သူဌေးရဲ့ ဇာတိရုပ်ပေါ်လာပါတော့တယ်။ သူက သာမန်မဟုတ်ပဲ လိင်တူဆက်ဆံသူ (Gay-ဂေး) ဖြစ်နေတာပါပဲ။ ကျွန်တော့အတွက်တော့ ကမ္ဘာပျက်တဲ့ညပါပဲ။ သူက ကျွန်တော့ကို သူ့အတွက် အာသာဖြေဖို့ အတင်းကျပ်ခိုင်းစေတယ်လေ။ ကျွန်တော် ငြင်းပါတယ်... လုံးဝကို မဖြစ်နိုင်ကြောင်းလည်း ရှင်းပြခဲ့ပါသေးတယ်။ နောက်ဆုံး သူ့အလိုမလိုက်ရင် အလုပ်ဖြုတ်
မယ်လို့လဲ ခြိမ်းခြောက်တဲ့အထိပါပဲ။ ကျွန်တော်လည်း ရတောင့်ရခဲအလုပ်လေးကို မပြုတ်ချင်ဘူးလေ။ မတတ်သာတဲ့အဆုံး သူ့အလိုလိုက်ပေးရတာပေါ့လေ။
ကျွန်တော်က အကာကွယ်သုံးဖို့ပြောတာတောင် သူက ဒီအတိုင်းက သဘာဝပိုကျတယ်ဆိုပြီး ငြင်းတယ်လေ။ ဘယ်တတ်နိုင်ပါတော့မလဲ.....ကျွန်တော့ဘ၀နဲ့ ကျွန်တော့်အကြောင်းပဲလေ။ ကျွန်တော့ဘ၀တော့ အရောင်စွန်းခဲ့ပါပြီ။ မသန့်ရှင်းတော့တဲ့ ဘ၀အခြေနေတစ်ခုကို ကျွန်တော်ရခဲ့ပြီလေ။ အမေနဲ့ညီမလေးသာ သိရင် ဘယ်လောက် ရှက်ကြလိမ့်မလဲလေ..။ နေပြည်တော်က ပြန်လာပြီး တစ်ပတ်နေတော့ ကျွန်တော့ကို မန်နေဂျာက နောက်နေ့ အလုပ်မဆင်းနဲ့တော့တဲ့..... ။
ကျွန်တော်လေ ဘ၀လုံးလုံးပျက်ခဲ့တာပါပဲ.... အလုပ်လည်းပြုတ်တယ် ကျွန်တော့ရဲ့ သန့်ရှင်းတဲ့ လူပျိုဘ၀လည်း အရောင်စွန်းထင်းခဲ့ပြီလေ... ကျွန်တော့်မှာ အဲဒီသူဌေးကို တရားစွဲဖို့နေနေသာသာ နေပြည်တော်က အဖြစ်ပျက်တွေကို ပြန်မတွေးဝံ့လွန်းလို့ မျက်နှာတောင် မဖော်ရဲပါဘူးဗျာ။ တစ်နေ့တည်းမှာပဲ သိလိုက် ရတာက အရင်က သူဌေးနဲ့အတူတူ နေပြည်တော်လိုက်သွားတဲ့ အစ်ကိုကြီးကိုလည်း အလုပ်ထုတ်လိုက်တာ ၂ပတ်ရှိသွားပြီတဲ့လေ....။
အလုပ်မ၇ှိပြန်တော့ အဆောင်မှာပဲ ကျွန်တော် တမှိုင်မှိုင်တတွေတွေပဲပေါ့လေ။ ဘာအလုပ်ကို ဆက်လုပ်ရမှန်းမသိတော့တဲ့ ဘ၀ပါ။ ဒီလိုနဲ့ တစ်လလောက်နေတော့ ကျွန်တော်တို့အဆောင်ကို လူသစ်တစ်ယောက် ပြောင်းလာတယ်။ သူက အသက် ၃၀ ၀န်းကျင်   ရုပ်ရည်သန့်သန့် အသားဖြူဖြူ အစ်ကိုကြီးတစ်ယောက်။ ဇာတိ ကတော့ နယ်ဘက်ကပဲ။ ဒါပေယ့် ရန်ကုန်ကိုတော့ ကျွမ်းကျင်ပုံရတယ်။ တစ်ညတော့ အဆောင်မှာ ဘီယာအတူသောက်ရင်း ကျွန်တော်က အလုပ်မရှိတော့ စိတ်ပျက်မိတဲ့အကြောင်း သူ့ကို ရင်ဖွင့်မိတယ်လေ။ သူကတော့ ခပ်ပြုံးပြုံးနဲ့ ဘာပြောတယ်မှတ်လဲ.... ရန်ကုန်မှာ ငွေရှာရ မခက်ပါဘူးကွာ...တဲ့။
ကျွန်တော် မျက်စိအပြူးသား ကြောင်ပြီး သူ့ကိုမေးခွန်းမေးမယ် ကြုံခိုက် သူက.... မင်းမှာ ရုပ်ရည်ရှိတယ် ငါ့ညီ.. ဒါဆို မင်းအတွက် တစ်ဝမ်းစာမကဘူး ဆယ်ဝမ်းစာ ဖူလုံတယ်ကွ... မင်းအတွက် ငါအလုပ်ကောင်းကောင်းလေး ရှာပေးမယ်... စိတ်ချ။ မင်းမနက်ဖြန်ညကနေစပြီး အလုပ်ဆင်းနိုင်မလား? တစ်ခုပဲ... မင်းနာမည်ကို Jack လို့တော့ ပြောင်းခေါ်ရမယ်။ ဒါမှ သူတို့တွေကကြိုက်ကြမှာ။ နာမည်က ခေတ်လည်းဆန်တယ်လေ။ မင်းနာမည်အရင်းကိုလည်း မထိခိုက်ဘူး.... ဒါဆို ငါတို့မနက်ဖြန် လုပ်ငန်းစကြမယ်။
သူ့အမေးမှာ ကျနော် မဖြေနိုင်ပဲ ဆို့နေခဲ့ပါတယ်။ သေသေချာချာလည်း သူပြောတာတွေကို ကျွန်တော် နားမလည်နိုင်ပါ။ သူက မနက်ဖြန် ညနေ ၆ နာရီမှာ အ၀တ်စားကောင်းကောင်းဝတ်ပြီး အဆောင်ကနေ အဆင်သင့် ပြင်ထားလို့ပြောပြီး အိပ်ယာဝင်ဖို့ တာ့တာပြသွားခဲ့ပါတယ်။ နောက်နေ့ညနေတော့ အဆောင်ရှေ့မှာ ဆလွန်းကား တစ်စီးထိုးရပ်လာပါတယ်။ ကားခေါင်းခန်းထဲမှာ မနေ့က အလုပ်လုပ်မယ် ပြောခဲ့တဲ့သူ ထိုင်နေလေရဲ့။ သူက ကျွန်တော့်ကို လက်ဟန်ခြေဟန်နဲ့ ကားပေါ်တတ်ဖို့ပြောပါတယ်။ ကျွန်တော်လည်း အူလည်လည်နဲ့ လိုက်သွားခဲ့ပါတယ်။ ခြံအကျယ်ကြီးတစ်ခုကို ကားဝင်ရပ်ပြီး အိမ်ထဲမှာဝင်ထိုင်ဖို့ သူကပြောပါတယ်။
နောက်တော့ သူက ခပ်တိုးတိုးလေးပြောပြီး ကားနဲ့ ပြန်ထွက်သွားပါတယ်။ “မင်း ဒီည ဒီက အန်တီမမကြီးကို အစွမ်းကုန် ပြုစုပေးလိုက်.... မနက်ဖြန် မနက် ၆ နာရီ ငါကားလွတ်ပြီး မင်းကို ကြိုခိုင်းလိုက်မယ်... ခပ်ကြမ်းကြမ်းလေး ကြွေးလိုက်ကွာ.... ဒီမမကြီးက မင်းကို မုန့်ဖိုးတွေ အများကြီးပေးလိမ့်မယ်... ငါသွားပြီနော်.... မင်းတာဝန်ကျေပါစေ....။”
ဒီလိုနဲ့ ကျွန်တော်ကို အဲလူကြီးက အန်တီကြီးတွေ မမကြီးတွေ အများကြီးနဲ့ လိုက်ချိတ်ပေးပါတယ်။ သူ့ကိုတော့ ပွဲခ တစ်ဝက်ပေးရတာပေါ့။ အခုတော့ သူပြောသလို
ကျွန်တော် ငွေရှာတတ်လာပြီလေ။ အိမ်ကိုလည်း တစ်လ အနည်းဆုံး ၃ သိန်းလောက်တော့ ပြန်ထောက်နိုင်တယ်လေ။ လက်ထဲမှာလည်း ရွှေတွဲလဲ  ငွေတွဲလဲ ပေါ့ဗျာ။ အန်တီတွေကလည်း လက်ဆောင်တွေ အများကြီးပေးကြတယ်လေ..... တွေးကြည့်ရင်တော့ ပျော်စရာကြီးပဲပေါ့ဗျာ။ စန်းထတယ်ပဲ ပြောရမလား.... မကြာလိုက်ဘူး ၃ လလောက်နေတော့ ကျွန်တော်က Jack မင်းသားလေးဖြစ်လာတယ်လေ။ အော်ဒါတွေလည်း မနားတမ်းလိုက်ရတယ်လေ။ ရက်ချိန်းတွေကလည်း စေ့လို့ပါပဲ။ မနည်းကိုကြိုးစားရတယ်လေ။
ဒါပေမယ့် ဒီအလုပ်ကို ကျွန်တော် မနှစ်မြို့ပါဘူး။ ဒါပေမယ့်လည်း တခြားအလုပ်ရယ်လို့လည်း ရန်ကုန်မှာ မယ်မယ်ရရမှ မရှိတာလေ။ ဒီလိုပဲ ရေလိုက်ငါးလိုက်ပေါ့..... အဖော်လား... သုံးတစ်လှည့် မသုံးတစ်လှည့်ပါပဲ... မမကြီးတွေက အဲဒီ အနံ့ကြီးက ဖီလင် မလာဘူးတဲ့လေ.... မကြာလိုက်သလိုပါပဲ ၆ နှစ်ကျော် ၇ နှစ်အတွင်း တော်တော်လည်း ကျွန်တော် ငွေရှာနိုင်ခဲ့ပါတယ်။ လူရေလည်း လည်လာတယ်လေ။ ပွဲစားလည်း မလိုတော့ဘူး။ ကိုယ့်ပွဲ ကိုယ်ဆက်ပေါ့။ ကျနော့လို လူသစ်တွေ ၀င်လာရင်တော့ သတိထားရတယ်လေ။ ဖောက်သည်တွေ မိတ်မပျက်အောင်ပေါ့။  ၀ါရင့် ကျားကလေး Jack အဖြစ်၇ပ်တည်လာတာ ၈ နှစ်ကျော်လို့ ၉နှစ်တောင် စွန်းခဲ့ပေါ့....။
တစ်နေ့တော့ ကျွန်တော် အပြင်းဖျား ပါတော့တယ်။ ဘာကြောင့်ရယ်မသိဘူး အဖျားက တစ်လလုံးနီးပါ ဆက်တိုက် ဖျားပါတော့တယ်။ ဆရာဝန်က တီဘီလို့ ပြောပါတယ်။ တီဘီဆေးသောက်လည်း အဖျားက အကင်းမသေဘူးလေ။ အကြိတ်တွေလည်း ယောင်လာပါတယ်။ တစ်ခါတစ်ခါလည်း ၀မ်းပျက်တာ မျိုးတွေ ရှိလာတယ်လေ။ နောက်ဆုံး ဆရာဝန်က သွေးစစ်ဖို့တိုက်တွန်းပါတယ်။ ကျွန်တော့်ကို ကျွန်တော်သိနေမိသလိုပါပဲ။ သွေးအဖြေက HIV positive တဲ့လေ။ ကျွန်တော့အတွက် လမ်းဆုံးသွားပါပြီ။ Jack မင်းသားအတွက် နေ၀င်ချိန်ပေါ့ဗျာ။ ဒါလောကကြီးက ကျွန်တော့ကို ဒဏ်ခတ်လိုက်တာပါပဲ။
ကျွန်တော် နေပြည်တော်မှာ သူဌေးနဲ့အတူ လိင်တူကိစ္စဖြစ်ခဲ့တာတွေ... ရန်ကုန်မှာ သူများ မယားတွေကို ကာမ အဖော်ပြုပေးရတဲ့ လိင်လုပ်သားလုပ်တာတွေက တရားနည်းလမ်းမှ မကျတာပဲလေ။ ဒါပေမယ့် ကျနော် စိတ်ဓာတ်မကျခဲ့ပါဘူး။ ကျွန်တော့် မိသားစုကို ကျွန်တော့်ဘ၀နဲ့ စတေးပြီး ငွေရှာပေးနိုင်ခဲ့တယ်လေ။
ကျွန်တော် ဒီလို စတေးခဲ့တာတွေကလည်း ဆင်းရဲလွန်းတဲ့ ဒီဘ၀က ရုန်းထွက်ချင်တဲ့ စိတ်တွန်းအားတွေ ရည်ရွယ်ချက်တွေ ကြောင့်ပါ။ ကျွန်တော့ကိုယ်ကျွန်တော် တော့ ရွံရှာမိပါတယ်။ ဒါပေမယ့် ကျနော် စတေးခဲ့သမျှဟာ ကျွန်တော့ ဘ၀ ကောင်းဖို့အတွက်လို့သာ ခံယူလျှက်....။
                                                                                             လမင်းကို

အမှောင်ထဲက အလင်းတန်း

မြို့ငယ်လေးရဲ့ မြို့သစ်တစ်ခုမှာ နေထိုင်သော ထက်အောင်ခန့်ဆိုလျှင် ရပ်ကွက်ထဲတွင် မသိသူ မရှိပေ။ မုဆိုးမမိခင်အိုကြီးနှင့် သားအမိ နှစ်ယောက်တည်းနေပြီး မိခင်အပေါ် အလွန် နားလည်သိတတ်လိမ္မာသည့် သားလိမ္မာတစ်ယောက်ဖြစ်သည်။ ထက်အောင်ခန့်သည် စိတ်ရင်း စေတနာလည်းကောင်းကာ ဘယ်သူ့ကို မဆို စိတ်စေတနာဖြူစင်စွာကူညီလေ့ရှိသဖြင့် လူချစ်လူခင် ပေါများလေသည်။ ထက်အောင်ခန့် (၁၅)နှစ်သား ကိုးတန်းကျောင်းသားအရွယ်မှာပင် ဖခင်တိမ်းပါးသွားသည်။ မိခင် ဒေါ်စန်းမူမှာ စီးပွားရေးလုပ်ငန်း မလုပ်တတ်မကိုင်တတ်သဖြင့် ဆင်းရဲဒုက္ခရောက်ခဲ့ရ သည်။ သို့ပေမယ့်လည်း သားလေးရဲ့ပညာရေးအတွက် ကြိုစား၍လုပ်ကိုင်ခဲ့သည်။ ဒါကိုသိသော ထက်အောင်ခန့်ကလည်း (၁၀)တ န်းရောက်သော အခါ ကျောင်းမနေ ချင်တော့ပဲ အလုပ်လုပ်ချင်နေတော့သည်။
“အမေ”
“ဟေ…ဘာလဲသားရဲ့၊ သားဘာလိုလို့လဲ”
“ကျွန်တော် ကျောင်းမနေချင်တော့ဘူးအမေ။ အမေ အလုပ်လုပ်နေရတာ အရမ်း ပင်ပန်းတယ်အမေရာ။ ကျွန်တော်ပဲ အမေ့ကိုလုပ်ကျွေးတော့မယ်ဗျာ”
“သားရယ်..ပညာရေးကိုတော့ ပြီးအောင်သင်ပါကွယ်။ သားပညာတတ်ကြီးဖြစ်မှ မပင်ပန်းမှာသားရဲ့”
“ဘာပဲဖြစ်ဖြစ်အမေရာ။ ကျွန်တော်ကတော့ အမေပင်ပန်းတာကို မကြည့်ရက်ဘူး။ အလုပ်ပဲလုပ်ချင်ပြီဗျ။ အခုလည်း ကျွန်တော် စာကို စိတ်မ၀င်စားတော့ဘူး။ စာမေးပွဲလည်းအောင်မှာမဟုတ်ဘူးအမေရဲ့။ စာမေးပွဲဖြေပြီးတာနဲ့ အလုပ် လုပ်တော့မယ်ဗျာ”
ပြောပြောဆိုဆို လွယ်အိတ်လွယ်ရင်းဆင်းသွားသော သားဖြစ်သူကို ဒေါ်စန်းမူငေးကြည့်နေမိ တော့သည်။ ထက်အောင်ခန့် သည် အလွန်ချောမောပြေပြစ်သူတစ်ယောက်ဖြစ်သည်။ မျက်လုံး မျက်ခုံး ကောင်းကောင်း နှာတံပေါ်ပေါ်၊ ဆံပင်အလည်ခွဲနှင့် ကြည့်လိုက်လျှင် titanic ဇာတ်ကားထဲက မင်းသား လီရိုနာဒိုနှင့် ခပ်ဆင်ဆင်ဖြစ်သည်။ သူ့မျက်နှာလေးသည် အမြဲတမ်း ကြည်ကြည်လင်လင်နှင့် ကလေး တစ်ယောက်လိုအပြစ်ကင်းသည့်မျက်နှာပိုင်ရှင်။ အ၀တ်အစားကိုလည်း အမြဲတမ်း သပ်သပ်ရပ်ရပ်နှင့် ၀တ်စားတတ်လေသည်။  ရုပ်ရည်ကလည်း ချောမောလှပ၊ သားလိမ္မာလေးတစ်ယောက်လည်းဖြစ်ပြန်တော့ ရပ်ကွက်ထဲတွင် စတားဟုပင်ပြောကြလေသည်။
xxxxxxxxxxx
ဆယ်တန်းစာမေးပွဲဖြေပြီးသောအခါ ထက်အောင်ခန့် အလုပ်ဝင်လုပ်သည်။ အောင်စာရင်းထွက်၍ စာမေးပွဲမအောင်သောအခါ မိခင်က ကျောင်းပြန်တက်ခိုင်းသော်လည်း ထက်အောင်ခန့်က အလုပ်သာ ဆက်လုပ်တော့မည်ဆိုပြီး  ကျောင်းပြန်မ တက်တော့ပေ။ မိခင်ဒေါ်စန်းမူကိုလည်း ဘာအလုပ်မှ မလုပ်စေတော့ပေ။
ထက်အောင်ခန့်က ပွဲရုံတစ်ခုမှာ စာရေးဝင်လုပ်တယ်။ အလုပ်အပေါ်မှာလည်း တာဝန်ကျေ သိတတ်သောကြောင့် အလုပ် ရှင်နှင့် အခြားလုပ်ဖော်ကိုင်ဖက်များရဲ့ ချစ်ခင်မှုကို ရရှိခဲ့တယ်။
“အောင်ခန့်ရေ၊ ညနေကျ ဆရာအပြင်သွားရမယ့်ကိစ္စတစ်ခုရှိတယ်။ အဲဒါ မင်းလိုက်ခဲ့ဦးကွာ”
“ဟုတ်ကဲ့ဆရာ၊ ကျွန်တော် အိမ်ပြန်နောက်ကျမယ့်အကြောင်း အမေ့ကို ၀င်ပြောခဲ့မယ်ဆရာ”
ညနေပိုင်း အလုပ်ဆင်းချိန်မှာ နီးရာစားသောက်ဆိုင်မှ ခေါက်ဆွဲကြော်ဝယ်၍ အိမ်သို့ အမြန် ပြေးခဲ့ရသည်။
“အမေရေ”
“အို – သား၊ ဘာဖြစ်လာတာလဲသားရယ်၊ အလန့်တကြားနဲ့”
“ဘာမှမဖြစ်ပါဘူး။ ဒီနေ့ ကျွန်တော် အိမ်အပြန်နောက်ကျမယ်။ အလုပ်ကိစ္စရှိလို့ ဆရာနဲ့လိုက်သွားရမှာ။ ဒါကြောင့်မို့လို့ အမေ့ကိုလာပြောတာ။ ဒီမှာ အမေစားဖို့ ခေါက်ဆွဲကြော်ဝယ်လာတယ်။ ကျွန်တော့်ကိုမစောင့်နဲ့။ အမေ စားနှင့်တော့နော်။ သွားပြီအမေ”
ထက်အောင်ခန့်က အသောက်အစားကင်းပြီး ရိုးသားသည့်အတွက် အလုပ်ရှင် သူဋ္ဌေးရဲ့ ယုံကြည် စိတ်ချမှုခံရတဲ့ လူယုံတစ်ယောက်ဖြစ်လာခဲ့သည်။ လုပ်ငန်းခွင်မှာ (၇)နှစ်လောက်ကြာတဲ့အခါ လုပ်ငန်းကို ကျွမ်းကျင်သွားသည့်အတွက် ဆရာ့ကိစ္စမှန်သမျှကို ထက်အောင်ခန့်ပဲလုပ်ပေးရတော့သည်။ ဆရာ သွားလေရာ လိုက်ရင်း မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းတွေလည်းတိုးလာတော့သည်။ တစ်နေ့ သူငယ်ချင်းတစ်ယောက်နဲ့ စားသောက်ဆိုင်တစ်ခုမှာ သွား၍ စားသောက်ကြရင်း အဲဒီဆိုင်မှာ သီချင်းဆို နေသည့် ကေခိုင်ကို ထက်အောင်ခန့် မြင်မြင်ချင်းပဲ စွဲလမ်းသွားခဲ့သည်။ သူငယ်ချင်းတွေရဲ့ ၀ိုင်းဝန်း မြှောက်ပင့်ပံ့ပိုးမှုကြောင့် သူနှင့်ကေခိုင် ချစ်သူတွေဖြစ်သွားကြတော့သည်။ ကေခိုင်သည် သာမန် မိန်းကလေးတစ်ယောက်လိုပင် လှပသော်လည်း သူမကိုမြင်ရသူတိုင်းက ချစ်ခင်ကြလေသည်။ ဒါကြောင့် ထက်အောင်ခန့်နှင့် လိုက်ဖက်သည်ဟု အများကပြောကြသည်။ သို့သော် ကေခိုင့်အလုပ်ကြောင့် ထက်အောင်ခန့်ကို ကေခိုင်နှင့် မပက်သက်ရန် အချို့ကလည်း တားမြစ်ကြသည်။
xxxxxxxxxxx
ထက်အောင်ခန့်အလုပ်အားသောတစ်ရက် ကေခိုင်နှင့် လျှောက်လည်ကြသည်။ ထက်အောင်ခန့် မျက်နှာမကောင်းဖြစ်သည်ကို ကေခိုင်သိလိုက်သည်။
“ကိုထက်”
“ပြော..ကေ၊ ဘာပြောချင်လဲ”
“ကိုထက် ကေ့ကိုချစ်မိတဲ့အတွက် နောင်တရနေလား”
“ကိုယ်က ဘာကို နောင်တရ ရမှာလဲ”
“သြော် …ကေ့ရဲ့ အလုပ်အကိုင်ကြောင့် သူများတွေပြောကြလို့ ကိုထက် နောင်တရနေလားလို့ပါ ကိုထက်ရယ်”
“ကေ နောက်ဘယ်တော့မှ ကေ့ကိုချစ်လို့ နောင်တဆိုတဲ့အကြောင်းမပြောနဲ့။ ကေ့ကိုချစ်မိခဲ့တဲ့အတွက်ကိုယ်ဘယ်   တော့မှ နောင်တမရဘူး။”
“ဒီစကားကြားရတာ ကေအရမ်းဝမ်းသာတယ်။ ကေ့ဘ၀အကြောင်း ကိုထက် သိအောင်ပြောပြချင်တယ်။ ကိုထက်နားထောင် မလား။ ကေ့အကြောင်း ကိုထက် သိထားတော့ ပိုကောင်းတာပေါ့နော်။
“အင်း …ပြောပြလေ။ ကိုယ် နားထောင်မယ်”
“ဒီလို ကိုထက်ရဲ့၊ ကေတို့မှာ မိသားစု(၄)ယောက်ရှိတယ်။ အဖေရယ်၊ အမေရယ်၊ မောင်လေးသန့်ဇင်ရယ်ပေါ့။  ကေတို့ငယ်ငယ်လေးကတည်းက အမေသေသွား ခဲ့တယ်။ အဖေကလည်း အရက်တွေသောက်ရင်း ဘ၀ကိုအချိန်ကုန်နေခဲ့တယ်လေ။ ကေတို့မောင်နှမ(၂)ယောက် အရမ်းဒုက္ခရောက်ရ တယ်။   ကေတို့မောင်နှမ (၂)ယောက်က ဆွေမျိုးတွေအိမ် ကပ်နေရတယ်။ ဆွေမျိုးတွေရဲ့ နှိမ့်ချမှုကိုလည်း ခံရတယ်။ ဟိုအမျိုးအိမ် ရောက်လိုက် ဒီအမျိုးအိမ်ရောက်လိုက်နဲ့။ ကေတို့ မောင်နှမ (၂)ယောက်ကို အမျိုးစုံအပြစ်ရှာပြီး သူတို့အိမ်တွေမှာ မနေနိုင်အောင် လုပ်ကြတယ်။ အဖေက သားသမီးတွေ ရှိတဲ့ဆီလိုက်လာပြီး ပိုက်ဆံခဏခဏ တောင်းတယ်လေ။ ဒါကြောင့် သူတို့အိမ်တွေမှာ မနေစေချင်တာလေ။ သူတို့ကို လည်း အပြစ်မပြောချင်ပါဘူး။ မောင်လေး (၇)တန်းရောက် တဲ့နှစ်မှာ   မောင်လေးနဲ့ ဦးလေးစကားများကြတယ်။ ဦးလေးက မောင်လေး မျက်နှာကို လက်သီးနဲ့ ထိုးလိုက်တယ်။   မောင်လေးက လည်း ဒေါသနဲ့ ဦးလေးကို ပြန်ပြောတယ်။
မောင်လေးက “ကျွန်တော်တို့မောင်နှမက ပိုက်ဆံမရှိလို့ ခင်ဗျားတို့နဲ့မနေနိုင်အောင် မျိုးစုံလုပ်တယ်။ ကျွန်တော် ပိုက်ဆံ ချမ်းသာအောင် လုပ်မယ်။ ပြီးရင် ခင်ဗျားတို့နဲ့တွေ့မယ်”ဆိုပြီး ပြောပြောဆိုနဲ့နဲ့ အိမ်ပေါ်က ဆင်းသွားတာ လုံးဝကို   ပြန်မလာတော့ဘူး။ မောင်လေးသတင်းကို ဘယ်မှာမှ စုံစမ်းလို့မရတော့ဘူး။ ကေလည်း (၁၀)တန်းနှစ်မှာပဲ ကျောင်းထွက်ပြီး အဖေနဲ့ပဲ ပြန်နေခဲ့တော့တယ်။ အဖေကလည်း အရက်နဲ့ပဲအချိန်ကုန်နေတော့ ကေပဲ စားဝတ်နေရေးအတွက် ကြိုးပမ်းခဲ့ ရတယ်။ ကာရာအိုကေစားသောက်ဆိုင်တစ်ခုမှာ ပန်းကန်ဆေးအိုးဆေးဝင်လုပ်ခဲ့တယ်။ အလုပ်က ညဥ့်နက်မှ ပြန်ရတယ်။ လစာကျတော့ မဖြစ်စလောက်နဲ့။ အခြားသီချင်းဆိုတဲ့သူတွေကျ အဆင်ပြေနေတာကို တွေ့တော့ အားကျလာတယ်။ ဒါနဲ့ အဲဒီမှာ သီချင်းဆိုတဲ့ အစ်မကြီး တစ်ယောက်ကိုပြောတော့ သူက တခြားဆိုင်မှာသီချင်းဆိုဖို့ အလုပ်ကို ပြောပေးလို့ သီချင်းစဆိုဖြစ်ခဲ့တယ်။ ကိုထက်ရယ်၊ လူတွေရဲ့အမြင်မှာ ကာရာအိုကေ၊ စင်တင်မှာ သီချင်းဆိုတယ်ဆိုတာနဲ့ အထင်သေး ချင်ကြတယ်။ ကာရာအိုကေ စင်တင်တွေမှာ သီချင်းဆိုတာနဲ့ ကိုယ်ကျင့်တရားပျက်ပြားသူတွေလို့ သတ်မှတ်ကြတယ်။ အကဲစမ်းချင်ကြတယ်။ ကိုယ့်ဝမ်းစာအတွက် သီချင်းဆိုရင်း ကိုယ့် ကိုယ်ကျင့်တရားကိုထိန်းသိမ်းတဲ့ မိန်းကလေးတွေလဲ အများကြီးရှိပါတယ်။ ဒီလို ထိန်းသိမ်းတဲ့အထဲမှာ ကေလည်းပါတယ်။ ကေလေ ဒီနေ့ထိ သီချင်းဆိုတဲ့အလုပ် ကိုပဲလုပ်ပါ တယ်။  ကေ့သိက္ခာအတွက် အမြဲတမ်းထိန်းသိမ်းပါတယ်။ ကေ့ ကိုယ်ကျင့်တရားပျက်ပြားမှုကို ကေဘယ်တော့မှမလုပ်ဘူး။ အဲဒီအတွက် ကေ လိပ်ပြာလုံတယ်။ ဒါကို ကိုထက်ယုံကြည်လား”
“ကေ့ကို ကိုယ်ယုံကြည်ပါတယ် ကေရယ်”
“ကျေးဇူးတင်ပါတယ် ကိုထက်ရယ်။ နောက်ပြီးတော့ ကေလေ ဆိုင်တွေပြောင်းပြီး သီချင်းဆိုရင်း မောင်လေးအကြောင်း အမြဲစုံစမ်းနေတာပါ။ မှော်ထဲက ပြန်လာတဲ့ တချို့အသိတွေကတော့ မောင်လေးကို မှော်ထဲမှာတွေ့ခဲ့တယ်တဲ့။ သူတို့ကို   မေးတော့လည်း တိတိကျကျမပြောဘူး။ မောင်လေးကိုခေါ်ပေးမယ်။ ငွေ ဘယ်လောက်ပေးရမယ်ပြောတယ်။ သူတို့က သိန်းနဲ့ချီပြီးတောင်းတာ ကိုထက်ရဲ့။ ကေလည်းလိုက်မယ်။ လိုက်ပြပေးဆိုတော့ ၀ါးတားတားလုပ်သွားကြတယ်။ တစ်ချို့ ကျတော့လည်း မောင်လေးသေပြီတဲ့။ ဒါပေမယ့်လေ ကေယုံကြည်နေတယ်သိလား။ မောင်လေး မသေဘူးဆိုတာ။ တစ်နေ့နေ့မှာတော့ မောင်လေးနဲ့ ပြန်ဆုံမယ်လို့ ကေတကယ်ယုံတယ်သိလား။”
“ကဲပါ ကေရယ်။ တော်ပါတော့။ ကေ့အကြောင်းပြောပြနေတဲ့ ကေ့စကားသံရယ် ကေ့မျက်နှာလေးရယ်ကို ကြည့်ရတာနဲ့တင် ကိုယ်အရမ်းစိတ်မကောင်းဖြစ်ရတယ်။ ကေ့မောင်လေး၊ ဘာ သန့်ဇင်ဟုတ်လား။ သူ့အကြောင်း ကိုယ်လည်း တတ်နိုင် သလောက် စုံစမ်းကြည့်ပေးမယ်။ သူက အခုဆိုရင် ဘယ်အရွယ်ရှိပြီလဲ”
“ကေ့ထက်(၃)နှစ်လောက်ငယ်တယ်ဆိုတော့ အခုဆိုရင် အသက်(၂၀)လောက် ရှိပြီပေါ့။ မောင်လေးက ကေနဲ့တစ်ပုံစံတည်းပဲ”
“ကိုယ်စုံစမ်းပေးပါ့မယ် ကေရယ်နော်”
“အင်းပါ … ကိုထက်ရယ်”
“ကေ … ဘာပဲဖြစ်ဖြစ်ပေါ့။ ကေနဲ့ကိုယ်နဲ့ တစ်ယောက်အကြောင်း တစ်ယောက် သိနေကြပြီပဲ။ ကိုယ်တို့ လက်ထက်ကြပါစို့လား။ နောက်ပြီး ကေ့ကို အလုပ်လည်းမလုပ်စေချင်တော့ဘူး”
“အခုအချိန်မှာ ကေလည်း ဒီအလုပ်ကို မလုပ်ချင်တော့ပါဘူး။ ကိုထက် အမေက ကေတို့လက်ထက်ရင် သဘောတူပါ့မလား။
“သြော် – ကေနဲ့ အမေလည်းတွေ့ဖူးနေတာပဲ အမေက သဘောတူပါတယ်။ အမေ့မှာ ဒီသားတစ်ယောက်တည်းရှိတာ။   ကေနဲ့ကိုယ် လက်ထပ်လိုက်ကြရင် အမေ့မှာ သမီးပါရသွားဦးမယ်။ နောက်ဆို မြေး၊ မြစ်တွေတောင်ရလာဦးမှာ နော့ မဟုတ်ဖူးလား။”
“အာ – ကိုထက်က ဘာမှန်းလဲမသိဘူး၊ သွား”
“ဟောဗျာ၊ ကိုယ်ကဘယ်သွားရမှာလဲ၊ ကေက ကိုယ့်ကိုခွဲနိုင်လို့လား။ အခုမှ ရှက်မနေပါနဲ့ ကောင်မလေးရယ်။ ဟား …ဟား …ဟား”
“ဘာတွေ ပြောနေမှန်းလဲ မသိဘူး”
“အလကား ကေ ပျော်အောင် ကိုယ်ကနောက်တာပါကွာ။ ကေ … ကိုယ်တို့ အမေ့ကိုပြောပြီး မြန်မြန် လက်ထက်ကြပါစို့ကွာ”
“အင်းပါ။ ကိုထက် အမေ့ကို ပြောဦးလေ။ ကေကတော့ တရားရုံးမှာ လက်မှတ်ထိုး ပြီး မိတ်ဆွေ သူငယ်ချင်း နည်းနည်းပါးပါးနဲ့ ဆွမ်းကျွေးလေးပဲ လုပ်ချင်တယ်။ အကျယ်မချဲ့ချင်တော့ပါဘူး။
“ကေ့သဘောပါပဲကေရယ်”
“ကဲ … ဒါဖြင့် ကေတို့ ပြန်ကြရအောင်နော် ကိုထက်”
xxxxxxxxxxx
ထက်အောင်ခန့် အိမ်ပြန်ရောက်တာနဲ့ အမေ့ကိုပြောပြပြီး ခွင့်တောင်းခဲ့သည်။ ဒေါ်စန်းမူကလည်း ကျေကျေနပ်နပ်ပင် သဘော တူခဲ့တာကြောင့် ကေခိုင်နဲ့လက်ထက်ဖြစ်ခဲ့ကြတော့သည်။ ကေခိုင့်ကိုလည်းအလုပ်မှထွက်ခိုင်းကာအိမ်မှာပဲ  နေစတော့သည်။ ကေခိုင်ကလည်း ဒေါ်စန်းမူကိုအမေအရင်းကဲ့သို့ ပြုစုစောင့်ရှောက်လေသည်။   ဒေါ်စန်းမူကလည်း ကေ့ခိုင့်ကို သမီးအရင်းလိုပဲ ပြုမူဆက်ဆံသည်။ ဒါကြောင့် ထက်အောင်ခန့်တို့မိသားစုလေးသည် ပျော်ရွှင်ဖွယ်ရာ ဖြစ်နေတော့သည်။ အိမ်ထောင်သက် တစ်နှစ်ခန့် ကြာလာသော်လည်း ထက်အောင်ခန့်တို့ လင်မယားနှစ်ယောက်မှာကြင်စဦးဇနီးမောင်နှံကဲ့သို့ပင် ယုယ ကြင်နာလို့မဆုံးပေ။
xxxxxxxxxxx
တစ်နေ့ အောင်ခန့်သူငယ်ချင်း စည်သူက သူ့ရဲ့မွေးနေ့မို့လို့ အိမ်မှာပဲသူငယ်ချင်းတွေကို ဧည့်ခံပွဲလေး လုပ်တာကြောင့်  အောင်ခန့် လည်းသွားခဲ့သည်။ ဟိုရောက်မှ တခြားကောင်မလေးတွေပါ တွေ့လိုက်ရသဖြင့် အောင်ခန့် အားနာပြီး  ပြန်မည်လုပ်သည်။ သူငယ်ချင်းတွေက ၀ိုင်းတားတာကြောင့် မပြန်ဖြစ်တော့ပေ။  ကေခိုင့်ကိုတော့ညမိုးချုပ်မည်မစောင့်နဲ့လို့ ပြောထားခဲ့ပေမယ့် ကေခိုင်စောင့်နေမှာကို သိ၍ စိတ်ပူနေမိသည်။
အိမ်မှ ကေခိုင်ကလည်း ကိုထက်က မစောင့်နဲ့လို့ မှာသွားပေမယ့် ကိုထက်ပြန်လာလာချင်း သိရအောင် ဧည့်ခန်းထဲမှာပဲ စာဖတ်ရင်း ထိုင်စောင့်နေခဲ့သည်။ ည(၃)နာရီခွဲသည်အထိ ကိုထက် ပြန်မလာ သေးသောကြောင့် ခုံပေါ်တွင် ခဏလှဲနေလိုက်သည်။ မှေးကနဲ အိပ်ပျော်သွားပြီး ပြန်နိုးလာ၍ နာရီကြည့် လိုက်တော့ နံနက်(၄)နာရီပင်ခွဲနေပြီ။ ကိုထက်ပြန်ရောက်မလာသေးသည့်အတွက်လည်း စိတ်ပူလာမိသည်။ (၅)နာရီလောက်မှာ ကိုထက်ပြန်ရောက်လာသည်။ ကေခိုင်က တံခါးသွားဖွင့်ရင်း -
“ကိုထက်ရယ် ကေကစိတ်ပူနေတာ၊ တော်သေးတာပေါ့”
“ကိုယ်လည်း ကေစောင့်နေမှာကို စိုးရိမ်နေတာ”
“ဟင် ကိုထက်အနားက အရက်နံ့ရတယ်”
“ရှူး …တိုးတိုး၊ အမေကြားသွားမယ်။ ဟုတ်တယ်။ ကိုယ်ကအစားနဲ့ပဲဧည့်ခံမှာ ထင်နေတာ ဟိုရောက်တော့ အသောက်ပါ ပါနေတယ်။ ကိုယ်ငြင်းပေမယ့် ဇွတ် ၀ိုင်းတိုက်ကြလို့ နည်းနည်းသောက်လိုက်တာ။ ဒေါင်ချာစိုင်းသွားတာပဲ။ ကိုယ်လည်း မဟန်နိုင်တော့ဘူး။ ဟိုကောင်တွေလည်းမူးပြီး ကိုယ်လည်း ဘယ်လို အိပ်ပျော်သွားမှန်းကို မသိလိုက်တော့ဘူး။ စည်သူ့အိမ်မှာလည်း ဘယ်သူမှ မရှိလို့ တော်သေးတာပေါ့။ နို့မို့ဆို သူ့အိမ်ကလူတွေကို အားနာနေရဦးမှာ။ ကဲ-ဒီနေ့ ရုံးလည်းပိတ်တယ်ဆိုတော့ ကိုယ်ရေချိုးပြီး တစ်ရေးလောက်အိပ်လိုက်ဦးမယ်။ ခေါင်းတွေလည်းတအားကိုက်နေလို့။ နေဦး၊ အမေနိုးနေပြီလား”
“အမေက ဆေးသောက်ပြီးအိပ်တာဆိုတော့ နိုးဦးမှာမဟုတ်ဘူး။ ကဲ…ကိုထက် ရေချိုးတော့ ကေဈေးသွားဖို့ ပြင်ဆင်လိုက်ဦးမယ်”
xxxxxxxxxxx
ဒီလိုနဲ့ပဲ ကိုထက်တို့အိမ်ထောင်သက် (၂)နှစ်ကျော်မှာ သားဦးလေးမွေးဖွားခဲ့တယ်။ သားလေးကို ဇွဲခန့်လို နာမည်ပေးခဲ့တယ်။ သားလေး(၂)နှစ်ကျော်ကျော်အရွယ်ရောက်တော့ အမေက သူ့ဇာတိမြို့လေးရဲ့ နှစ်စဉ် တပေါင်းလဘုရားပွဲကိုမရောက်တာကြာပြီ၊ ဆွေမျိုးများနှင့်လည်းတွေ့ချင်သည်၊ သူ့မြေးလေးကို လည်း ဆွေမျိုးများကိုပြချင်သည်ဟုဆိုလာသဖြင့် မိသားစုအားလုံး အမေ့ဇာတိမြို့လေးသို့ အလည်သွားခဲ့ ကြသည်။ နောက်နှစ်တွေမှာ အမေကသွားချင်သော်လည်း ကိုထက်အလုပ်မှ မအားသဖြင့် မသွားနိုင်ခဲ့ တော့ပေ။ သားလေး(၅)နှစ်လောက်မှာ ကေက သမီးလေးတစ်ယောက် ထပ်မံမွေးဖွားခဲ့ပြန်သည်။ သမီး လေးကိုတော့ ကေခန့်လို့နာမည်ပေးခဲ့တယ်။ ကိုထက်အတွက်တော့ ဒီမိသားစုကမ္ဘာလေးဟာ ပျော်စရာ အတိပေါ့။
သားလေးဇွဲခန့်ပင် ဒီနှစ် ဒုတိယတန်းကိုရောက်ရှိခဲ့ပေပြီ။ တစ်နေ့ သားလေးကို ကျောင်းကြိုပြီး အပြန်မိုးမိရာမှ ကိုထက် နေမကောင်းဖြစ်လာခဲ့သည်။ ကိုထက်တစ်ယောက် တစ်နေ့တစ်ခြား ပိုဆိုးလာပြီး အရိုးပေါ်အရေတင်ဖြစ်လာပြီး ဆေးခန်းပြတော့လည်း တီဘီရောဂါဖြစ်တယ်လို့သိရသည်။ ပတ်ဝန်းကျင် ကလည်း ပြောဆိုသံတွေထွက်လာသည်။
“အောင်ခန့်တစ်ယောက်တော့ သနားစရာပဲ”
“အေးလေ…သူ့ရောဂါက အရိုးတီဘီတဲ့ဟ”
“ဘယ်က အရိုးတီဘီဖြစ်ရမှာလဲ။ AIDS ဖြစ်တာနေတာပါ”
“နင်ကလည်း သေသေချာချာမသိပဲနဲ့ လျှောက်မပြောပါနဲ့ဟာ၊ မဟုတ်ရင် အားနာစရာကြီး”
“ငါလျှောက်ပြောနေတာမဟုတ်ဘူး။ သူ့မိန်းမ ကေခိုင်က အရင်တုန်းက ကာရာအိုကေမှာလုပ်တာပဲ။ သူ့ဆီက ကူးတာနေမှာပေါ့”
“ဒါဆို ကေခိုင်က ရောဂါအရင်ဖြစ်မှာပေါ့”
“အေး …သူဖြစ်နေလို့ အောင်ခန့်ကို ကူးတာပေါ့ဟ”
“ဒါဆို အောင်ခန့်တော့ သနားပါတယ်ဟာ။ ဒေါ်လေးစန်းမူလည်း သနားစရာပါပဲ။ အောင်ခန့် ကေခိုင့်ကိုယူမယ်ဆိုတုန်းကတည်းက သူကတားမှမတားပဲ။ ဒီလိုမိန်းမမျိုးကိုယူတော့ ဒီလိုရောဂါရမှာပေါ့”
“ဟဲ့-တော်တော့ ဟိုမှာလာနေတာ ကေခိုင်။ ကြားသွားလို့ ပြဿနာဖြစ်နေဦးမယ်”
“အို-ကြားကြားပေါ့။ အမှန်တွေပြောတာပဲ၊ ဘာဖြစ်လဲ”
“ကဲပါဟယ်၊ တော်ပါတော့၊ နောက်မှဆက်ပြောတော့”
xxxxxxxxxxx
အောင်ခန့်မှာလည်း အလုပ်မလုပ်နိုင်တော့ပဲ အိပ်ယာထဲလဲနေတော့သည်။ ပတ်ဝန်းကျင်က မိမိတို့  မိသားစုကိုမြင်လျှင် ရှောင်ဖယ်ရှောင်ဖယ်လုပ်ကာ သိပ်မခေါ်မပြောကြတော့ပေ။ မိမိသားရဲ့ရောဂါ ကူးစက်ခံရမှာကြောက်လို့ဟုသိရသည်။ ကေခိုင်ကတော့ နေမကောင်းဖြစ်နေတဲ့ခင်ပွန်းသည်ကို ပြုစုရင်း တစ်ဖက်ကပဲ အိမ်ရဲ့မိသားစု စားဝတ်နေရေးအတွက် လုံးပန်း နေရသည်။ ဒေါ်စန်းမူမှာလည်း နေမကောင်း နေသည့်သားနှင့် ပင်ပန်းဆင်းရဲစွာ မိသားစုအတွက် ၀မ်းစာ ရှာဖွေနေရသောချွေးမကို ကြည့်ကာ စိတ်မကောင်းရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။
တစ်နေ့ …
“အမေ”
“ဘာလဲသား”
“ကျွန်တော်တို့မြို့က ဒီနှစ် ဘုရားပွဲနီးလာပြီနော်။ ပြန်ကြရအောင်၊ အမေလည်း မပြန်ရတာကြာပြီမဟုတ်လား။ ကျွန်တော်လည်း သွားချင်နေတယ်”
“သားရယ် …သားနေကောင်းမှ သွားကြတာပေါ့”
“ဟာဗျာ ..အမေကလည်း ကျွန်တော်က ဒီလောက်တော့ သွားနိုင်ပါသေးတယ်၊ သွားကြရအောင်ဗျာ”
ကိုထက် ပြောလွန်းမကပြောသောကြောင့်  ဒီနှစ်တပေါင်းပွဲအမီ ဒေါ်စန်းမူရဲ့ ဇာတိမြို့လေးကို မိသားစုအားလုံး ပြန်ခဲ့ကြသည်။ တစ်လလောက်ကြာသွားသည်အထိ ဒေါ်စန်းမူတို့မိသားစု ပြန်မလာခဲ့ကြ သေးပေ။ တစ်လကျော်ကြာမှ ဒေါ်စန်းမူတို့မိသားစုပြန်လာကြသောအခါ ကိုထက်တစ်ယောက် ပါမလာ ခဲ့ပေ။ ဒေါ်စန်းမူတို့ကိုမြင်သည်နှင့် ရပ်ကွက်ထဲမှ ၀ိုင်းဝန်းနှုတ်ဆက်ကြပြီး ကိုထက်တစ်ယောက်ကို ၀ိုင်းမေး ကြလေသည်။ ထိုအခါကျမှ ဒေါ်စန်းမူနှင့် ကေခိုင်တို့ ၀မ်းနည်းကာ ငိုပြီးပြောပြခဲ့သည်။
“ကိုထက်က ဟိုရောက်တော့ နေကောင်းလာပြီး လန်းလန်းဆန်းဆန်းဖြစ်လာတယ်။ ဆွေမျိုးတွေအိမ်လျှောက်လည်ပြီး လိုက်နှုတ်ဆက်နေတာ။ ကေတို့ဖြင့် ၀မ်းသာနေကြတာ။ ကိုထက်ပြန်ပြီး နေကောင်းလာပြီဆိုပြီးတော့လေ။ ဆွေမျိုးတွေနဲ့ တွေ့ပြီး ဆယ်ရက်လောက်နေတော့မှ ပြန်ပြီးနေမကောင်းဖြစ်လာတယ်။ ဆယ်ရက်လောက် အိပ်ယာထဲလဲပြီးတော့ဆုံးသွားတယ်။ အခုရက်လည်ပြီးမှ ကေတို့ ပြန်လာခဲ့ကြတာ။ ဒီကိုလှမ်းပြောချင်ပါတယ်။ အဆင်မပြေလို့ မပြောရတာပါ။ အမေလည်း သူ့သားအကြောင်းတွေးတွေးပြီးငိုနေတာကြောင့် အမြန်ပြန်လာခဲ့တာ။ ကေ ကိုထက် ခေါင်းချခဲ့တဲ့နေရာကနေ ပြန်မလာချင် ပါဘူး။ ကလေးတွေရဲ့ ပညာရေးကလည်းရှိသေးတယ်လေ။ ဒါကြောင့် ပြန်လာ ခဲ့ရတာ။ ကိုထက်က မသေခင်နောက်ဆုံး ဆွေမျိုးတွေကို နှုတ်ဆက်သွားခဲ့တယ်လေ”
“ကဲပါ ..ကိုထက်အတွက် စိတ်တော့မကောင်းဖြစ်ရပါတယ်။ သူ့မြေပါလို့ သူ ဟိုမှာ သွားသေရတာလေ။ ကျန်တဲ့မိသားစုက သူ့အတွက် ကုသိုလ်ဒါန လုပ်ပေးကြတာပေါ့။ မဟုတ်ဘူးလား”
“ဟုတ်ပါတယ်။ သားလေးအတွက် ကျွန်မတို့ကျန်တဲ့လူတွေက ကောင်းမှု ကုသိုလ်တွေ လုပ်ပေးရမှာပါပဲ။ သားလေးအတွက်ရည်စူးပြီး ကျွန်မတို့ တတ်နိုင် သလောက်လေးလည်း လှူခဲ့ကြပါတယ်။ နောက်လည်းလုပ်ပေးရဦးမှာပါပဲလေ”
xxxxxxxxxxx
ဒါနဲ့ပဲကေခိုင်တစ်ယောက် ဈေးထဲမှာ ကုန်စိမ်းဆိုင်လေးဖွင့်ပြီး ယောက္ခမရယ်၊ သားသမီး (၂)ယောက်ရယ်အတွက် စီးပွားရှာဖွေခဲ့ရတော့တယ်။ တစ်နေ့မှာ သားလေး ဇွဲခန့်တစ်ယောက် နေမကောင်း ဖြစ်လာခဲ့တယ်။ ဆေးခန်းပြတော့ အရိုးတီဘီလို့ပြောတာကြောင့် ဆေးတွေကုနေရတော့တာပေါ့။ သားလေး ကလည်း တစ်နေ့ထက်တစ်နေ့ ပိန်ပိန်လာခဲ့တယ်။ မိမိမှာ မိသားစုစားဝတ်နေရေးကတစ်ဖက်၊ သားလေးရဲ့ ကျန်းမာရေးအတွက် ဆေးဖိုးတွေကတစ်ဖက်နဲ့ သောကတွေ ဝေနေတော့တယ်။ ကေကိုယ်တိုင်လည်း စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး ကျန်းမာရေးမကောင်းဖြစ်လာတော့တယ်။ မိမိကျန်းမာရေးကို ဂရုမစိုက်နိုင်ပဲ သားလေးကျန်းမာရေးနဲ့ မိသားစုစားဝတ်နေရေးအတွက် ကြိုးစားခဲ့ရတယ်။ သို့သော်လည်း သားလေးမှာ သက်ဆိုးမရှည်ခဲ့ရှာပေ။ ပတ်ဝန်းကျင်ကလည်း အမျိုးမျိုးပြောဆိုနေကြပြီ။ သူတို့ပြောသလို ရောဂါဆိုးကြီးက မိမိတို့မိသားစုကို ဒုက်္ခပေးနေတာလား။ ပတ်ဝန်းကျင်ကပြောနေကြသလို မိမိကြောင့် ရောဂါကူးသည် ဆိုရအောင် မိမိအနေက ဘယ်သူနှင့်မှ ပတ်သက်ဆက်ဆံခဲ့ဖူးတာမဟုတ်။ ကိုထက် တစ်ယောက်သာပဲ။ ဒါဆို ဒီရောဂါဆိုးက ဘယ်ကဘယ်လို ကူးစက်ခဲ့ပါလိမ့်။ သူများတွေပြောသလို မဟုတ်ပါစေနဲ့ဟုသာ ဆုတောင်းနေမိသည်။
နွေရာသီကျောင်းပိတ်ရက်ကုန်ဆုံးလို့ ကျောင်းပြန်ဖွင့်တော့မည်။ သမီးလေး ကေခန့်ကို ကျောင်း အပ်ရန်အတွက် ငွေလိုလာသည်။ မိမိမှာ အကြွေးတွေပတ်လည်ဝိုင်းနေတာကြောင့် ဘယ်သူကမှလည်း ငွေမချေးလိုကြတော့ပေ။ ဘယ်လိုလုပ်ရမလဲစဉ်းစားရင်းနဲ့ အင်္ကျီအ၀တ်အစားကောင်းလေးများကို ရသလောက်နှင့်ပဲရောင်းရန် စိတ်ကူးရခဲ့တယ်။ သေတ္တာထဲမှ အ၀တ်တွေကို ထုတ်ယူလိုက်စဉ် စာခေါက် ကလေးတစ်ခုထွက်ကျလာသည်။ ဘာပါလိမ့်ဟုတွေးရင် ဖွင့်ကြည့်လိုက်သည်။
“ကိုထက်လက်ရေးပဲ။ ဘာရေးထားပါလိမ့်”
“ကေ ….
ကေ – ဒီစာကိုဖတ်နေချိန်မှာ ကိုယ်ရှိတော့မှာမဟုတ်ဘူး။ ကိုယ့်ရောဂါက သူများတွေပြောကြသလို AIDS လို့ပဲထင်တယ်။ သူများတွေပြောကြသလို ကေ့ ဆီက ကူးတယ်ဆိုတာတော့ လုံးဝမဟုတ်နိုင်ပါဘူး။ ကေ ရိုးရိုးသားသား သီချင်းဆိုပြီး အလုပ်လုပ်ခဲ့တာ ကိုယ်သိပြီး ယုံကြည်ပါတယ်။ ကိုယ် မယုံနိုင် ဖြစ်နေတာက ကိုယ့်ကိုကိုယ်ပဲ။ ကေမှတ်မိလား။ ကိုယ့်သူငယ်ချင်း စည်သူရဲ့ မွေးနေ့မှာ ကိုယ်မနက်မိုးလင်းမှ အိမ်ပြန်လာခဲ့တဲ့နေ့လေ။ အဲဒီညက ကိုယ် တော်တော်မူးသွားပြီး ကောင်မလေးတစ်ယောက်ကို ကေအမှတ်ရဲ့ ကိုယ်လေ ….ဟို …မှားသွားခဲ့မိတယ်။ ကိုယ် မနက်လင်းခါနီးနိုးလာမှသိရတယ်။ သူကတော့ အဲဒီလိုအမြဲနေနေတဲ့မိန်းကလေးတစ်ယောက်ပါတဲ့။ ဒီတော့ ဘာ ပြဿနာမှတော့ မရှိခဲ့ဘူးပေါ့။ ဒါပေမယ့်လည်း ကေ့ကို ပြောမပြရဲဘူး။ ကိုယ် ဖောက်ပြန်တာ၊ ကေ့အပေါ် သစ်္စာမရှိတာမဟုတ်ပါဘူး။ ကိုယ်တကယ် မှားသွားခဲ့တာပါ။ တဒင်္ဂအမှားက ကိုယ့်ကို အမြဲခြောက်လှန့်နေခဲ့တယ်။ ကိုယ်တောင်းပန် ပါတယ်။ ကေ ကိုယ့်ကိုခွင့်လွှတ်ပေးပါလို့။ ကိုယ်မရှိတဲ့နောက် အမေရယ်၊ သားနဲ့ သမီးရယ်ကို ကေစောင့်ရှောက်ပြုစုပေးသွားပါလို့။
ကေ့ရဲ့ ကိုထက်
စာဖတ်ပြီး ကေတော်တော်တုန်လှုပ်သွားခဲ့တယ်။ ဒါဆို မိမိမှာ AIDS ရောဂါဖြစ်နေပြီပေါ့။ သားလေးလည်း ဒီရောဂါနဲ့ပဲ သေခဲ့ရတာပေါ့။ ရက်စက်လိုက်တာကိုထက်ရယ်။ ကိုထက်ရဲ့ တဒင်္ဂအမှား ဆိုပေမယ့် မိသားစုတစ်ခုလုံး ဒုက်္ခရောက်ရပြီပေါ့။ ကေဘာလုပ်ရမလဲ။ ကေ့သမီးလေးအတွက် ကေ ဘယ်လိုလုပ်ရမလဲ။ ကေ မရှိတော့ရင် သမီးလေး ဘ၀ပျက်တော့မှာပေါ့။ အဘွား ဒေါ်စန်းမူကလည်း ဘာမှ လုပ်ကိုင်နိုင်တော့တာမဟုတ်။ လုပ်ကြပါဦး။ ကေဘာလုပ်ရမဲ။ ကေ့စိတ်တွေ ဆောက်တည်ရာမရ ဖြစ်နေတော့တယ်။ ကေကလည်းနေမကောင်းဖြစ်နေတာဆိုတော့ ကေ သေရတော့မှာပါ။ ကေ့သမီးလေးနဲ့ ကေခွဲရတော့မှာပေါ့။ သမီးလေးမှာရော ဒီရောဂါကြီးဖြစ်နေပြီလား။ ဒါဆိုရင် ယောက္ခမဖြစ်သူကိုရော ကူးစက်ပြီးဖြစ်နေပြီလား။ သူတို့မှာ မကူးသေးရင်တော်ပါသေးရဲ့။ ကူးနေပြီဆိုရင် …. အို …. ကေ ဆက်မတွေးရဲတော့ပါ။
အဲဒီနောက် ကေ့ရောဂါကို ကေအလိုလိုသိလာတယ်။ ကေ့အကြောင်းကိုပြောပြရင်လည်း ယောက္ခမနဲ့ ဘာမှနားမလည်သေးတဲ့သမီးလေး စိတ်မကောင်းဖြစ်မှာရယ် ပတ်ဝန်းကျင်က ၀ိုင်းပြီး ဖယ်ကြဉ် လိုက်တော့မှာ စိုးရိမ်ပြီး မပြောပဲနေလိုက်တယ်။ ကေ့ရဲ့ ခန္ဓာကိုယ်ဟာ တစ်နေ့တစ်ခြားပိန်ပိန်လာတယ်။ ဘာစားစား အဟာရမဖြစ်ဘူး။ ရှိစုမဲ့စုလေးနဲ့ ဆေးခန်းပြနေရပြီး ကေ့မှာ သေမယ့်ရက်ကို လက်ချိုးပြီး တွက်နေရတာ။ သမီးလေးနဲ့ ယောက္ခမကို ကေဘယ်လိုမှ စိတ်မချနိုင်ဘူး။ ကေချက်ပြုတ်ကျွေးမွေးတာကို စားနေကြရတဲ့ သမီးလေးနဲ့ယောက္ခမကို ကေ့ဆီက ရောဂါကူးမှာ စိုးရိမ်တယ်။ သမီးလေးကိုလည်း ကေ့အနားသိပ်အကပ်မခံစေချင်တော့ဘူး။ ဒါနဲ့ပဲ ကေ့ဘ၀ဟာ အထီးကျန်ပြီး ခြောက်သွေ့လာခဲ့တော့တယ်။
xxxxxxxxxxx
ဒီလိုနဲ့တစ်နေ့ ရပ်ကွက်ထဲကို လူမှုကျန်းမာရေးပညာပေးအဖွဲ့ကဆိုပြီး ကောင်မလေး(၂)ယောက် (၃)ယောက်ကလာပြီး ကျန်းမာရေးပညာပေးပွဲလေးလုပ်တယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အသိပညာပေးနေတဲ့ အဖွဲ့အစည်းတစ်ခုကတဲ့။ သူတို့က HIV/AIDS ရောဂါအကြောင်းကို အဓိကပြောပြကြတယ်။ သူတို့ပြောပြတဲ့ HIV/AIDS ရောဂါ ကူးစက်ပုံကူးစက်နည်းတွေ၊ မကူးနိုင်တဲ့နည်းတွေ၊ ကာကွယ်နည်းတွေ၊ ရောဂါဖြစ်နေတဲ့သူကို ပြုစု ပေးတဲ့နည်းတွေ၊ စိတ်ဓါတ်အင်အား တိုးမြင့်စေတဲ့အကြောင်းတွေ၊ ဒီရောဂါသည်တွေကို ပစ်ပယ်မထား သင့်တဲ့အကြောင်းတွေ ပြောပြသွားလိုက်ကြတာ။ ကေ့မှာ သူတို့ပြောတာနားထောင်၊ သူတို့ကိုကြည့်ပြီး အားတွေရှိလာတယ်။ ပညာပေးပြောပြပြီးတဲ့နောက် ကေသိချင်တဲ့အကြောင်းလေးတွေကို သူတို့နားသွားပြီး ကပ်မေးကြည့်တယ်။ သူတို့က စိတ်ရှည်ရှည်နဲ့ပြောပြတယ်။ သူတို့ကို ကေယုံကြည်ပြီး ကေ့အကြောင်းတွေ အားလုံးပြောပြလိုက်တယ်။ သူတို့ကလည်းအားပေးကြတယ်။ ကေ့အတွက် အားတက်သရောကူညီ ပေးကြပါတယ်။ သွေးစစ်တာကအစ သူတို့ကူညီကြတယ်။ အမှောင်ထဲရောက်နေတဲ့ ကေ့အတွက် အလင်းတန်းတစ်ခုတွေ့လိုက်ရတာပါပဲ။
xxxxxxxxxxx
သွေးစစ်ပြီးတဲ့နောက် ကေ့မှာ AIDS ရောဂါဖြစ်နေပြီဆိုတာ သေသေချာချာ သိလိုက်ရ တော့တယ်။ အဲဒီနောက်လည်း ကေ့ဆီကို ခဏခဏလာပြီး အားပေးစကားတွေပြောတယ်။ တစ်ခါတစ်လေမှာ တစ်ယောက်စီလာကြတာလည်းရှိတယ်။ ဆေးဝါးတွေနဲ့ စားစရာသောက်စရာတွေအပြင် သမီးလေးအတွက်  အသုံးအဆောင်လေးတွေပါယူလာကြပြီး ကေနဲ့အတူတူ စားသောက်ကာ ကေ့ကိုပြုစုပေးနေတာ ကိုယ့်မိသားစုတစ်ယောက်ကိုပြုစုနေသလိုပါပဲ။ ကေလေ သူတို့လာရင် အရမ်းပျော်တာပဲ။ ကေ့ကိုယ်ကိုလည်း ရောဂါသည်တစ်ယောက်လို့ကို မထင်တောဘူး။ သူတို့လာရင် ကေ့ရောဂါဝေဒနာတွေပျောက်သွားသလိုပဲ။ ကေအားတွေရှိနေတယ်။ သမီးလေးကိုလည်း သူတို့က ချစ်ကြတယ်။ သမီးလေးဆို သူတို့လာရင် ပျော်နေ လိုက်တာအရမ်းပဲ။ သူတို့လေးတွေ ဒီလိုလူမှုရေးလုပ်ငန်းလေးတွေလုပ်ပေးနေတာကို ကေ အားကျမိတယ်။ အစောကြီးကတည်းကသာသိရင် ကေလည်း ဒီလိုလုပ်ငန်းတွေမှာ ပါဝင်မိမှာပါ။ ကေ့သမီးလေး ကြီးလာ ရင်လည်း ဒီလို ကျန်းမာရေးပညာပေးအဖွဲ့ကြီးမှာ ပါဝင်ဆောင်ရွက်စေဖို့ ကေတိုက်တွန်းမယ်။ သမီးလေး ကြီးလာတဲ့အချိန်မှာ ကေက သက်ရှိထင်ရှား မရှိနိုင်တော့ဘူး။ ဒီတော့ ကေစာရေးထားခဲ့မယ်။ သမီးလေး လည်း နားလည်ပြီး လုပ်ဆောင်မယ်လို့ ကေယုံကြည်နေပါတယ်။
xxxxxxxxxxx
အခု ကေပြောပြခဲ့တာတွေအားလုံးဟာ ကေ့ဘ၀ရဲ့ဖြစ်စဉ်တွေပါပဲ။ ကေအခုလိုပြောပြရတာဟာ နောက်လူတွေ သင်ခန်းစာယူနိုင်အောင်လို့ပါ။ လူတစ်ယောက်ရဲ့ တဒင်္ဂအမှား၊ အဲဒီအမှားကို ဖုံးကွယ် ထားလိုက်လို့ ဖြစ်ပေါ်လာရတဲ့ နောက်ဆက်တွဲရလဒ်တွေတွေကို အခြားသူတွေ သင်ခန်းစာယူစေချင်ပါတယ်။ ကေလည်း ဘ၀ဆက်တိုင်းမှာ ဒီလိုဒုက္ခဆင်းရဲမျိုးမှ ကင်းလွတ်ပါစေလို့လည်း ဆုတောင်းမိပါတယ်။
ကေ့ဘ၀ရဲ့နောက်ဆုံးအချိန်အထိ ကေ့ကိုအားပေးထောက်ကူခဲ့တဲ့ အသိပညာပေးနေတဲ့အဖွဲ့ကြီး ကို အလွန်ပဲ ကျေးဇူးတင်ပါတယ်။ လူသားထုအကျိုးကို ဒီထက်ပို၍ သယ်ပိုးဆောင်ရွက်နိုင်တဲ့အဖွဲ့ကြီး ဖြစ်ပါစေလို့လည်း ကေအမြဲဆုတောင်းပါတယ်။ ကျန်းမာရေးအသိပညာပေးနေတဲ့ အဖွဲ့ကြီးရဲ့ လုပ်ဆောင်ပေးမှုတွေ က ကေတို့လို့ အမှောင်ထဲ ရောက်နေသူတွေအတွက် အလင်းတန်းတစ်ခုလို့ပဲ ကေမှတ်ယူထားမိပါ တော့တယ်။
xxxxxxxxxxx
ကေခိုင်ပြောပြခဲ့လို့ သူ့ဘ၀အကြောင်းကို ကျွန်မအားလုံးသိခဲ့ရပါတယ်။ သူကလည်း သူ့ဘ၀ အကြောင်း သူများတွေကို သင်ခန်းစာယူနိုင်အောင် ပြောပြပေးပါလို့လည်း ပြောခဲ့ပါတယ်။ အခုဆိုရင် ကေခိုင့်သမီးလေးဟာ ကျန်းမာရေးပညာပေးအဖွဲ့တစ်ခုမှာ အားတက်သရောနဲ့ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လုပ်ဆောင်နေတာကို တွေ့နေရပါတယ်။ ဒီလိုမျိုးတွေ့ရတော့ ကျွန်မရင်ထဲမှာ ဖော်မပြနိုင်လောက် အောင် အလွန့်အလွန်ကို ၀မ်းသာကြည်နူးနေရပါတယ်။ နောက်နောင်လည်း ဒီလို စေတနာ့ဝန်ထမ်း လေးတွေ ပေါ်ပေါက်လာအောင် ထာဝစဉ် မွေးထုတ်ပေးသွားနိုင်ပါစေ လို့လည်း ဆုတောင်းနေမိပါတော့သည်။ ကေတို့လို AIDS ရောဂါသည်တွေအတွက် အသိပညာပေးနေတဲ့ အဖွဲ့အစည်းတွေက အမှောင်ထဲက အလင်းတန်း တစ်ခုပါလို့ ကေကပြောခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းလေးရဲ့ခေါင်းစဉ်ကို “အမှောင်ထဲက အလင်းတန်း”လို့ ပေးလိုက်ရခြင်း ဖြစ်ပါသည်။

လိင်ဈေးတန်းမှာ နင်းခြေခံလိုက်ရတဲ့ပန်းကလေး

နအဖက ဖွဲ့စည်းပေးထားခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ ကော်မတီကနေ ထိုင်း - မြန်မာနယ်စပ်ကို အလုပ် လာလုပ်ကြတဲ့ အမျိုးသမီးလေးတွေနဲ့ ပတ်သက်ပြီး ပညာပေး ဇာတ်လမ်းတစ်ခုကို ဇူလိုင် (3) ရက်နေ့က မြန်မာ့အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ်ပြသခဲ့ရာမှာ  အတော်ကို သဘာဝတရားနဲ့ ယုတ္တိ နည်းပါးလွန်းတယ်လို့ ဝေဖန်စရာတွေ ဖြစ်ပေါ်လာပါတယ်။
ထိုင်းနိုင်ငံကို အလုပ် လာလုပ်ကြတဲ့ အမျိုးသမီးလေးတွေဟာ အိမ်မှာ လိုလေသေး မရှိအောင် မိဘတွေ ထားပေးတဲ့ကြားက မိဘတွေကို စိတ်ဆိုးစိတ်ကောက်ပြီး ထွက်လာကြတာ တစ်မျိုး၊ မြန်မာနိုင်ငံမှာ အလုပ်တွေ တောင်လို ပုံအောင် ရှိနေတဲ့ကြားက အပျော်သဘောမျိုးနဲ့ အလုပ် ထွက်လုပ်တာမျိုးက တဖုံ၊ သူငယ်ချင်းတွေနဲ့ စုမိပြီး သူများခေါ်လို့ လိုက်လာကြတာက တစ်နည်း စသဖြင့် ထွက်လာကြတာလို့ ဆိုပါတယ်။
ဒီလို အမျိုးသမီးတွေကို တိုင်း ၊ မြို့နယ်၊ ကျေးရွာ အမျိုးသမီးရေးရာ ကော်မတီအဖွဲ့ဝင်တွေက လိုက်လံကယ်ဆယ်ပြီး မိဘရပ်ထံ အပ်နှံခဲ့တယ်လို့ ရုပ်မြင်သံကြားမှာ ပြသခဲ့ပါတယ်။ အဲဒီလို ဇာတ်လမ်းမျိုးတွေကို နအဖအကြိုက် လိုက်လုပ်ပေးနေရတဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ ကော်မတီဟာ မြန်မာအမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ဘာတွေများ တာဝန် ယူပေးနေကြသလဲ  ဆိုတာ မသိနိုင်ပေမယ့် သိန်းနဲ့ချီပြီး ထိုင်းနိုင်ငံကို အလုပ် လာလုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေရဲ့ အရေအတွက်ကို ကြည့်ရင် ဘာကြောင့်ဆိုတာ အဖြေထုတ်ဖို့ လိုမယ် မထင်တော့ပါဘူး။
ကျမတွေ့ဆုံခဲ့ရတဲ့ အမျိုးသမီးလေး တစ်ဦးကတော့ မိဘနဲ့ စိတ်ကောက် စိတ်ဆိုးလို့ အပျော်သဘောနဲ့ မဲဆောက်ကို ရောက်လာ သူတော့ မဟုတ်ခဲ့ပါဘူး။ မိဘမဲ့ဘ၀ ၊ စားရမဲ့ သောက်ရမဲ့ ဘ၀နဲ့မို့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ လာရောက် ရောင်းစားတာကို ခံခဲ့ရပါတယ်။ သူမလိုချင်တာက ပန်းကန်ဆေး၊ ထမင်းချက်၊ အိမ်ဖော် အလုပ်လေးတွေပါ။ ဒါပေမဲ့ (13) နှစ် အရွယ် အပျိုမဖြစ်သေးတဲ့၊ ရင်သားက အစ မထွက်သေးတဲ့ အချိန်မှာပဲ “ပြည့်တန်ဆာ လောက” ရဲ့ ပါကင်ဖောက်တဲ့ စာရင်းထဲကို ၀င်သွားခဲ့ရပါတယ်။ ပါကင်ဖောက်တယ်ဆိုတာ ပြည့်တန်ဆာ အတွေ့အကြုံ လုံးဝမရှိသေးတဲ့ HIV / AIDS ရောဂါကင်းစင်တဲ့ အပျိုဖြန်း၊ အပျို မဖြစ်တဖြစ် အမျိုးသမီးလေးတွေကို ဈေးကြီးကြီးနဲ့ ရောင်းစားတဲ့ စနစ်တစ်ခုပါပဲ။
(13)နှစ်အရွယ် ကရင်မိန်းကလေးငယ် တစ်ဦးဟာ ပြည့်တန်ဆာရုံမှာ ရောင်းစားခံရပြီး ပါကင်ဖောက်တယ် ဆိုတာကို စတင်ကြားသိရတဲ့ လိင်ဈေးတန်းက ပထမဦးဆုံး သူမရဲ့ ဖြစ်ရပ်ကို အခုလို ပြောပြခဲ့ပါတယ်။
“ပထမဦးဆုံး သမီးကို ဖာရုံမှာ မထားသေးပါဘူး။ သူတို့ခေါ်တာ ဘာလဲမသိဘူး။ ပါကင်ဖောက်တယ်ဆိုလား ဘာလဲ မသိဘူး။ အဲဒီနေရာကို ပို့လိုက်တယ်။ အဲဒီနေရာကို ပို့လိုက်လိုက်ချင်းမှာပဲ လူကြီးတစ်ယောက်က ပါကင် စပြီး ဖောက်တယ်။ သမီးကပြောတယ်၊ အဲဒီလူကြီးကို ကျမကို ဘာလုပ်မှာလဲလို့ မေးမိတယ်။ အဲဒီဦးလေးကြီးက နင့်အတွက် ငါ ပိုက်ဆံ ပေးပြီးသွားပြီ၊ နင့်ကို ငါကြိုက်သလို လုပ်လို့ရတယ်လို့ ပြန်ပြောတယ်။ အဲဒီမှာ ကျမက ပုန်ကန်တော့ ရိုက်နှက်ပြီး လုပ်တယ်။ ပြီးတော့ အဲဒီမှာ ကျမကို 3 ခါလား မမှတ်မိတော့ဘူး - ပါကင်ဖောက်တယ်။ ဖောက်ပြီးတော့ ဖာရုံက ဖာခေါင်းမက လာပြန်ယူပြီး သူတို့ရဲ့ ဒါလင်ရုံမှာ အလုပ်လုပ်ခိုင်းတယ်။ အပြင်လည်း မထွက်ရဘူး။ အပြင်ထွက်ဖို့ နေနေသာသာ ပြတင်းပေါက်တောင် မကြည့်ရဘူး။ ကြည့်မိရင် ရိုက်တယ်။ ထမင်းလည်း ၀အောင် မကျွေးဘူး။”ပါကင်ဖောက်ပြီးတဲ့ အချိန်မှာတော့ မဲဆောက်မြို့က ပြည့်တန်ဆာရုံကို ရောက်ရှိခဲ့ပါတယ်။ ပြည့်တန်ဆာရုံကို ရောက်တဲ့အခါမှာ ဧည့်သည်တွေကို မြူဆွယ်တဲ့အလုပ်ကို စတင်လုပ်ခဲ့ရပါတယ်။ စကတ်တိုတိုမှာ အတွင်းခံမပါပဲ လူမြင်သာတဲ့ နေရာမှာ  စတင် ထိုင်ခဲ့ရပါတယ်။ ထိုင်ပုံထိုင်နည်းကအစ ပြည့်တန်ဆာခေါင်းတွေက သင်ကြား ပြသထားတာကြောင့် ထိုင်တဲ့ပုံ မဟုတ်ရင် ပြည့်တန်ဆာများကို ကြီးကြပ်တဲ့သူတွေက ရိုက်နှက် အပြစ်ပေးတာကို ကလေးမလေးဟာ တွေ့ကြုံခဲ့ရပါတယ်။
သူတို့ရဲ့ အင်္ကျီပေါ်မှာ ချိတ်ဆွဲထားတဲ့ နံပတ်ပြားလေးတွေကို ကြည့်ပြီး ကြိုက်ရင် လက်ညိုးထိုး  ခေါ်ယူနိုင်တဲ့ ဧည့်သည်တွေရဲ့ ဆန္ဒကို ပြည့်တန်ဆာဘ၀ သွတ်သွင်းခံထားရတဲ့ အမျိုးသမီးတွေက ခေါင်းခါ ငြင်းဆန်ခွင့် မရှိခဲ့ပါဘူး။ တနေ့မှာတော့ အပြင်ကို ခေါ်ဆောင်သွားမယ့် ဧည့်သည်ရဲ့ နောက်ကို သူမ လိုက်ခဲ့ရပါတယ်။
“သမီးဘ၀က အဲဒီ ဧည့်သည် ခေါ်သွားတဲ့နေ့က အဆိုးဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီဧည့်သည်က ဒါလင်ရုံကနေ ခေါ်သွားပြီး ပြန်မပို့ဘူး။ သမီးစိတ်ထင်တယ်။ သမီးတော့ သေပြီလို့။ လမ်းသရဲတွေလား မသိဘူး။ တောင်ယာထဲမှာ အလုပ်လုပ်တဲ့ လူနှစ်ယောက်က သမီးကို တောထဲမှာ တွေ့သွားတယ်။ ဓားကြီးနဲ့။ သမီးစိတ်ထင်နေတယ် - ငါတော့သေပါပြီလို့။ အဲဒီလူနှစ်ယောက်က သမီးကို ခြေတွေ လက်တွေမပြီး ခေါ်သွားတယ်။ သမီး အော်ဟစ်နေမိတယ်။ သမီးကို ဘာလုပ်မလို့လဲ၊ သမီးမှာ ပိုက်ဆံလည်း မရှိပါဘူး။ ဘာလိုချင်လို့ ခေါ်သွားရတာလဲလို့ အော်ဟစ် တောင်းပန်နေမိတယ်။ အဲဒီလူနှစ်ယောက်က သမီးကို တဲတစ်ခုကို ခေါ်သွားတယ်။ တဲကိုရောက်တော့ လူ (6) ယောက်လောက် စ်ရှိမယ်၊ သမီးကိုဝိုင်းပြီး တစ်ယောက်တစ်လှည့် အဓမ္မ ပြုကျင့်ကြတယ်။ ”
မိန်းကလေးငယ်ရဲ့ မိန်းမကိုယ်ကနေ သွေးအလိမ်းလိမ်း ယိုစီးထွက်ခဲ့ရသလို အထက်ကိုဆန်ပြီး ပါးစပ်၊ နှာခေါင်း နေရာတွေ ကနေ မြင်မကောင်းအောင် သွေးတွေစီးဆင်းခဲ့တယ်။ ဒီလိုနဲ့ ခန္ဓာကိုယ်ကို အနိုင်နိုင်သယ်ရင်း ဦးတည်ရာမဲ့စွာ လမ်းပေါ် ရောက်ရှိလာခဲ့ပါတယ်။ ဒီတော့လည်း ကံကြမ္မာက သူ့လက်ထဲ ရှိမနေပြန်ပါဘူး။ ပြည့်တန်ဆာတစ်ဦးကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့တယ်ဆိုတဲ့ သတင်းနဲ့ နောက်ဆုံးမှာတော့ ပြည့်တန်ဆာခေါင်းတွေ လက်ထဲကိုပဲ သူမ ပြန်ရောက်ရှိခဲ့ပါတယ်။
“သမီးဒါလင်ရုံကို ပြန်ရောက်လာတဲ့အချိန်မှာ ပြည့်တန်ဆာခေါင်းမက မေးတယ်။ နင်ဘာလို့ နှစ်ရက်တောင် ကြာနေရတာလဲ၊ နင်ထွက်ပြေးတာ မဟုတ်လားဆိုပြီး သမီးကို ရိုက်နှက်ပြန်တယ်။ အခန်းထဲမှာ သော့ခတ်ပြီး ထားတယ်။ ထမင်းလည်း မကျွေးဘူး။ (10) ရက် ကြာသွားတယ်။ သမီးရဲ့ ဘ၀တူ သူငယ်ချင်းတွေက စားစရာတချို့ လာခိုးကျွေးကြတယ်။ သမီး သူတို့ကို ပြောခဲ့ပါတယ်။ နင်တို့ကျေးဇူး ငါမမေ့ပါဘူးလို့ ပြောခဲ့ပါတယ်။ အဲဒီလို (10) ရက် ကြာပြီးတဲ့ အချိန်မှာ သမီးထွက်ပြေးဖို့ လုပ်ခဲ့တယ်။ သမီးဘ၀က ဒီထက်ပိုပြီး ဆိုးစရာ မရှိတော့ဘူးလေ။ သမီး အဲဒီတိုက်ကနေ ခုန်ချထွက်ပြေးမယ်။ သေချင်လည်း သေပါစေဆိုတဲ့ စိတ်နဲ့ ဆုံးဖြတ်ခဲ့မိတယ်။ သမီး မနေနိုင်တော့ဘူး။ သမီး ခုန်ဆင်းခဲ့ပါတယ်။"
 ဒီလိုနည်းနဲ့မှ မသေရင် ဘယ်တော့မှ သေဖို့မရှိတော့ဘူး။ ပြတင်းပေါက်ပေါ်ကနေ ခုန်ချထွက်ပြေးမှပဲ ငါ လွတ်မြောက်တော့မယ် ဆိုပြီး “ဒါလင်”လို့ အမည်ရတဲ့ ပြည့်တန်ဆာရုံကို နောက်လှည့်မကြည့်တော့ပဲ ထွက်ပြေး  လွတ်မြောက်သွားတဲ့ မိန်းမငယ်လေး ချိုချိုစမ်းဟာ သူ ဘယ်လိုဘ၀မျိုးတွေ ထပ်ကြုံတွေ့ရပါသလဲဆိုတာ ကျမတို့ အမျိုးသမီးတွေ စိတ်ဝင်စားကြဦးမလားပဲ။
ပြည့်တန်ဆာရုံကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ချိုချိုစမ်းဟာ “ပြည့်တန်ဆာရုံကနေ အထွက် အမျိုးသားတစ်ဦးရဲ့ ကောင်းမှုနဲ့ သမာအာဇီဝ အလုပ်လုပ်ကိုင်ဖို့ ဘန်ကောက်မြို့ကို တက်ခဲ့ပါတယ်။ အရင်အလုပ်ကလွဲရင် ဘာပဲလုပ်ရ လုပ်ရပေါ့။ ဘန်ကောက်မှာ အလုပ် လုပ်ကိုင်နေရင်း အသက် (14) နှစ်ထဲမှာ အိမ်ထောင် ကျခဲ့ပါတယ်။
အိမ်ထောင်ကျပြီး ကိုယ်ဝန် (5) လမှာ ခင်ပွန်းဖြစ်သူက နောက်အိမ်ထောင်ပြုတာကြောင့် သူမဟာ အားကိုးအားထား ပြုစရာ မရှိလောက်အောင် ၀မ်းနည်း ကြေကွဲခဲ့ရပါတယ်။ ဒီလိုနဲ့ သူမဟာ တရားမ၀င် အလုပ်သမလေးဘ၀နဲ့ ၀မ်းတထွာအတွက် ရုန်းကန်ရင်း ရင်သွေးငယ်ကို ငတ်တလှည့် ပြတ်တလှည့် ဘ၀နဲ့ ပြုစု ထိန်းသိမ်း ခဲ့ရရှာပါတယ်။ တနေ့မှာ တရားမ၀င် အလုပ်သမားတွေကို ထိုင်း လူဝင်မှု ကြီးကြပ်ရေးအဖွဲ့က ဘန်ကောက် အချုပ်ထောင်ကနေ ကယ်ရီခ မလိုပဲ မဲဆောက်ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ သူမရဲ့ဘ၀တွေကို ကြောက်ရွံ့ထိတ်လန့် ခဲ့ရပေမယ့် ပြည့်တန်ဆာလောကကို ဘယ်တော့မှ ပြန်မသွားတော့ဘူးလို့ သူမ သန္နိဌာန် ချခဲ့တယ်။ ပြည့်တန်ဆာ ဘ၀မှာတောင်မှ သူမဟာ အနှိမ်ခံဘ၀ ဖြစ်ခဲ့ရပါတယ်တဲ့။ မိဘမဲ့ ဖာဆိုပြီး ၀ိုင်းဝန်းပြောတာ ခံရတယ်ဆိုပဲ။
“သူတို့က သမီးကို နှိမ်တယ်။ အဖေ အမေမရှိ သားသမီးတဲ့၊ သူများ လာရောင်းစားတာ ခံရတယ်တဲ့၊ ဖာတောင်မှ မိဘမရှိတဲ့ ဖာဆိုပြီး ပြောကြတယ်။ သမီး မမှုပါဘူး။ ငါပိုက်ဆံလိုချင်လို့ ဒီနေရာကို ရောက်လာတာ မဟုတ်ဘူး။ ငါမသိလို့၊ ငါ သူများရောင်းစားတာ ခံရလို့ လာလုပ်ရတာလို့ ပြန်ပြောတယ်။”
ပြည့်တန်ဆာရုံထဲမှာ သူမလို အသက်မပြည့်သေးတဲ့ ကလေးတွေ ရှိကြတယ်လို့ ဆိုပါတယ်။ ချိုချိုစမ်းကို ဆေးရုံက ကျန်းမာရေး ပညာပေး ဆရာမတွေ လာရောက်ပြီး ကျန်းမာရေးအခြေအနေ စစ်ဆေးခဲ့ရာမှာ သူမကိုယ်ထဲမှာ ဆစ်ပလစ်ပိုး တွေ့ရှိခဲ့ ပါတယ်။ သေလောက်တဲ့ပိုး မဟုတ်ပေမယ့် သူမဟာ ထိတ်လန့်ကြောက်ရွံ့ရှာတယ်။ သူမလိုပဲ ရောဂါဖြစ်နေသူတစ်ဦး အကြောင်းကိုလည်း ပြောပြခဲ့ပြီး ပြည့်တန်ဆာခေါင်းဆီကနေ ရောဂါရှိနေပြီဆိုပြီး ဒါလင်ရုံကနေ ထွက်ခွာခွင့် တောင်းခဲ့တယ်။
“အဲဒီမှာ နောက်ထပ် ကောင်မလေးတစ်ယောက် ရှိခဲ့တယ်။ အသက်က (12)နှစ်၊ သမီးထက် တစ်နှစ်ငယ်တယ်၊ ကျမမှာ ရောဂါ ရှိနေပြီလို့ သူကပြောတယ်။ ကန်တော့နော်။ သူထိုင်လိုက်လို့ရှိရင် မိန်းမကိုယ်နေရာမှာ အရည်တွေ၊ ပြည်တွေကျတယ်။ ဘယ်ဧည့်သည်ကမှ သူ့ကို မငှားတော့ဘူး။ ဖာခေါင်းမတွေက သူ့ကိုမောင်းထုတ်တယ်။ တနေ့ကျတော့ ဖာခေါင်းမက အစည်းအဝေးခေါ်ပြီး အမျိုးသမီးတွေ အားလုံးကို ပြောတယ်။ ရောဂါရှိတဲ့သူတွေ မောင်းမထုတ်ခင် ထွက်သွားနော်တဲ့။ မပေးနေဘူး ပြောတယ်။ ဒီတော့ သမီးမှာ ရောဂါရှိနေပြီ။ ဒီကနေ ထွက်သွားပါရစေလို့ ခွင့်တောင်းမိတယ်။ ဖာခေါင်းမက ပြောတယ်၊ ဆစ်စ်ဖလစ်က အပေါ့ပဲတဲ့။ AIDS မဟုတ်ဘူးတဲ့။ ထွက်သွားစရာ မလိုသေးဘူးတဲ့၊ ဒီတော့ သမီး ဘာဆက်ပြောရမှန်း မသိတော့ဘူး။ ”
အခုလို ပြည့်တန်ဆာလောက အကြောင်းကို ပြောပြနေပေမယ့် သူမမှန်းသိရင် (ပြသနာ) ရှာကြလိမ့်မယ်ဆိုတဲ့ ကြောက်စိတ်တွေ လည်း ရှိနေခဲ့ပါတယ်။ မဲဆောက်မြို့ကို ကိုယ်ဝန်နဲ့ ပြန်ရောက်လာချိန် အခြေအနေကို ပြောပြရာမှာတော့ - “မဲဆောက်ဈေးကို သမီး ပြန်ရောက်လာတော့ ကိုယ်ဝန်နဲ့လေ၊ ကလေးကလည်း ဘယ်မှာမွေးရမှန်း မသိ၊ ကျောင်းသားဆေးခန်း (မယ်တော်ဆေးခန်း) က ဆရာမကြီးတစ်ယောက် ဟင်းသီးဟင်းရွက် လာဝယ်ရင်း သမီးကိုဈေးမှာ တွေ့သွားတယ်။"
"သမီးကို သူက မေးတယ်၊ သမီး နင်ဘယ်မှာ ကလေးမွေးမှာလဲလို့ မေးတယ်၊ နင်ဘယ်မှာ နေသလဲတဲ့၊ ယောက်ျား ကတော့ နောက်အိမ်ထောင် ပြုသွားပြီလို့ ပြန်ပြောပြခဲ့တယ်။ ဒါဆိုရင် မနက်ဖြန် ဆေးခန်းကို လာခဲ့ဆိုပြီး ကားခနဲ့ ထမင်းစားဖို့ ဘတ် (၁၀၀) ပေးသွားတယ်။ ဆေးခန်းကို သွားတော့ ဆရာမက ကိုယ်ဝန်ကိုလည်း ကြည့်ပေးတယ်။ သွေးလည်း စစ်ပေးတယ်။ သမီးသွေးက နောက်အပတ်ဆို ရောဂါရှိမရှိ သိရမယ်လို့ ပြောပြီး ပြန်လွှတ်လိုက်တယ်။ နောက်အပတ်ကျတော့ ဆေးခန်းကို သမီးပြန်လာခဲ့တယ်။ ဆရာမကြီးနဲ့ တွေ့တော့ သမီးမှာ ရောဂါပိုးရှိတယ်လို့ ပြောပြတာကို ကြားရတယ်။ သမီးတကိုယ်လုံး တောင့်သွား သလို ဖြစ်ရတယ်။ သမီးလန့်သွားပြီး ရင်တွေလည်း တုန်ယင်သွားမိတယ်။ ရောဂါပိုးရှိရင် သမီးလည်း မကြာဘူး၊ သေရလိမ့်မယ်။ ဗိုက်ထဲက မွေးလာတဲ့ ကလေးကကော သမီးမရှိရင် သူဘယ်သူနဲ့ နေမလဲဆိုပြီး သမီးအမျိုးစုံ တွေးတောနေမိတယ်။"
"သမီးက ဆရာမကြီးကို ဘာရောဂါပိုး တွေ့လဲလို့ မေးမိတယ်။ ဆရာမကြီးက စိတ်မပူပါနဲ့ သမီးရယ်တဲ့။ ကာလသားရောဂါဟာ ကုရင်ပျောက်ပါတယ်တဲ့၊ အဲဒီမှာ ဆေးလည်းထိုးပေးတယ်။ ဆေးလည်း သောက်ခိုင်းတယ်။ ဒီလိုနဲ့ သမီးဟာ ကလေး မွေးဖွားဖို့ရက် နီးကပ်လာခဲ့တယ်။ ကလေးကို ကျောင်းသားဆေးခန်းမှာပဲ သွားမွေးခဲ့တယ်။ ကလေးမွေးတဲ့ နေ့ကတော့ သမီးဘ၀မှာ ၀မ်းအနည်းဆုံးပဲ။ သမီးဘေးမှာ လူတစ်ယောက်မှ မရှိကြဘူး။ မွေးလာတဲ့ ကလေးကိုကြည့်ပြီး မျက်ရည်ပေါက်ပေါက် ကျခဲ့ပြီး ဒီလိုခံစားမှုမျိုးကို သမီးဘယ်လိုမ ပြန်ပြောလို့ မရနိုင်တော့ပါဘူး။ ဆရာမတွေက ကလေးမွေးပြီးကာစ သမီးကို ထမင်းဆာမယ်ဆိုပြီး ထမင်း ယူလာကျွေးတယ်။ ထမင်းတစ်လုပ်မှ စားလို့မရအောင် သမီးရင်ထဲမှာ မွန်းကြပ်နေခဲ့တယ်။”
ဒီလိုနဲ့ ချိုချိုစမ်းလေး မွေးလာတဲ့ ရင်သွေးကတော့ သမီးလေး ဖြစ်နေပြန်ပါတယ်။ သမီးမွေးပြီး ၃ ရက်အကြာမှာ သားငါးဈေးခုံတွေမှာ ညဘက် အိပ်ရင်း သွေးနုနုနဲ့ လိုက်လံတောင်းရမ်း စားသောက်နေတဲ့ မဲဆောက်ဈေး အိမ်သာရှေ့က ကောင်မလေးဟာ ချိုချိုစမ်းပါပဲ။ ချိုချိုစမ်းကို ဈေးခုံပေါ်မှာ အိပ်ခွင့်ပြုတဲ့ ဈေးစောင့်သူ ထိုင်းအမျိုးသား အသက် ၅၀ အရွယ်ရှိတဲ့ လူတစ်ယောက်က သူမ ကလေးငယ် သုံးလေးလ ရောက်တဲ့အချိန်မှာ သူမကို အဓမ္မ ပြုကျင့်ခဲ့ပြန်ပါတယ်။ သမီးငယ်နဲ့ အိပ်စရာ တစ်နေရာရဖို့ အရေး အဓမ္မပြုကျင့်တာကို ခံခဲ့ရကြောင်း၊ ဘေးပတ်ဝန်းကျင်မှာ မြန်မာနိုင်ငံက သူတောင်းစားတွေ ရှိနေလျှက်နဲ့၊ အဓမ္မ ပြုကျင့်တာကို ကြားနေရလျှက်က ဘယ်သူကမှ သူမကို အကူအညီ မပေးဝံ့ကြဘူးလို့ သူမက ပြောပြခဲ့ပါတယ်။
အခုဆိုရင် (၁၅) နှစ်အရွယ် ရောက်ရှိနေပြီဖြစ်တဲ့ ချိုချိုစမ်းဟာ သူ့သမီးငယ်ကိုတော့ သူ့လိုဘ၀မျိုး မရောက်အောင် ထားမယ်။ မျက်နှာငယ် မခံရအောင် ပြုစုပျိုးထောင်မယ်ဆိုပြီး ကျမကို ပြောပြခဲ့ပါတယ်။ သမီလေးကြီးလာရင် သူ့အမေဟာ ပြည့်တန်ဆာဖြစ်ခဲ့ တယ်။ ပြည့်တန်ဆာရုံတွေမှာ လုပ်ခဲ့တယ်ဆိုတဲ့ အများက နှိမ့်ချမယ့် စကားတွေကို သူ့သမီးလေး မကြားစေရဘူးတဲ့၊ ဒါကြောင့် ညဈေးတွေမှာ ကလေးငယ်လေးကို ပိုက်ရင်း နေပူမိုးရွာမရှောင် ညဥ့်နက်သန်းခေါင်ကျော် အထိ တောင်းရမ်းနေရှာ တယ်။ ငွေလေး အနည်းငယ် စုမိရင် မြ၀တီဘက်ပြန်ပြီး ခြံအလုပ် လုပ်ကိုင်စားသောက်မယ်လို့ ဆိုပါတယ်။
အခုဆိုရင် ချိုချိုစမ်းနဲ့ သူမရဲ့ သမီးငယ်လေးဟာ အမျိုးသမီး အဖွဲ့အစည်းတစ်ခုရဲ့ အရိပ်အမိုးအောက်မှာ ဘ၀လုံခြုံစွာနဲ့ နေထိုင်နေ ပါပြီ။
ချိုချိုစမ်းလို ကလေးပြည့်တန်ဆာလေးတွေ ထိုင်း - မြန်မာနယ်စပ်မှာ ဘယ်လောက် အရေအတွက်အထိ ရောက်နေကြပြီလဲ --- ။
                                                          

Tuesday, January 22, 2013

မြက်ခင်းက အမြဲတမ်းတော့ပိုပြီးမစိမ်းပါဘူး

ကျွှန်တော်တို.အလဲအလှယ် လုပ်ကြတဲ့ခေတ်မှာနေနေကြတယ်လို.ဆိုရမလားဘဲ။ကျွှန်တော်တို.က အိမ်အသေးနဲ.အကြီးဖလှယ်ကြတယ်။ကားဟောင်းနဲ.ကားသစ်လဲလှယ်ကြတယ်။ကျွှန်တော်တို.ပိုပြီး
ကောင်းတဲ့အလုပ်တွေ၊၀င်ငွေပိုကောင်းတာတွေ၊အငြိမ်းစားယူပြီးရင်ဘယ်လိုနေမလဲ၊ပိုပြီးကောင်းတဲ့
အတွေ.အကြုံစတာတွေကိုလိုချင်ကြပါတယ်။ပြီးတော့ပိုပြီးကျန်းမာသန်းစွမ်းတဲ့ခန္ဓာကိုယ်တွေလိုချင်ကြပါတယ်။
ပိုပြီးကောင်းတဲ့ကွန်ပြူတာလိုချင်ကြပါတယ်။တစ်နှစ်၊နှစ်နှစ်ကြာရင်မော်ဒယ်ကခေတ်မမီပြန်တော့ပါဘူး။တိုးတက်
တဲ့နိုင်ငံတွေမှာပေါ်ပြူလာဖြစ်တဲ့ဆောင်ပုဒ်တွေက "သစ်ရမယ်၊ပြီးတော့တိုးတက်ကောင်းမွန်ရမယ်" "အဟောင်းကိုပယ်၊အသစ်ကိုဝယ်"တဲ့။အကြွေးစနစ်နဲ.ရမယ်ဆိုရင်အကြွေးတင်ချင်တင်ပါစေ၊ပစ္စည်းတွေပိုပြီးဝယ်
မယ်။ကိုယ်မှာရှိတာထက်ပိုပြီးကောင်းတာတွေကိုပိုင်ဆိုင်ဖို.ကြိုးစားကြပြန်ပါတယ်။ကျွှန်တော်တို.လိုချင်တယ်၊ပိုချင်
တယ်၊အမြဲပိုရချင်တယ်။တစ်ခုခုကပိုပြီးကောင်းနေမှာပဲ။
မိမိတို.ကမိမိတို.ရဲ.ဘ၀အဖော်ကိုတောင်အနည်းဆုံးအစိတ်အပိုင်းတစ်ခုလောက်ဖြစ်စေလဲလှယ်လိုစိတ်ရှိတာမထူးဆန်းပါဘူး။တကယ်တော့"တခြားတစ်ခုခုက ပိုပြီးသာလိမ့်မယ်"ဆိုတဲ့တွေးခေါ်မှုတွေထဲမှာစွဲဝင်နစ်မြုပ်နေပါတယ်။အဲ့ဒီ့အစွဲကြောင့်ဘသအဖော်၊ဒါမှမဟုတ်အရင်း
နီးဆုံးမိတ်ဆွေကိုလဲလှယ်ပစ်ချင်တဲ့အတွေးကရှောင်လွှဲမရဘဲတစ်ခါလောက်တော့ဝင်လာတတ်ပါတယ်။တခြားတစ်
ယောက်ဆိုရင်ပိုပြီးလှမှာပဲ၊ပိုပြီးချစ်စရာကောင်းမှာပဲ ဒါမှမဟုတ်တခြားသူဆိုရင်ပိုပြီးဆက်ဆံရေးကောင်းမှာ
ပဲ စတဲ့အတွေးများဖြစ်ပါတယ်။တခြားတစ်ယောက်သာဆိုရင်မိမိရဲ.အလိုဆန္ဒတွေကိုပိုပြီးဖြည့်ဆည်းနိုင်ပြီး
ဘ၀ဟာကျေနပ်စရာကောင်းမယ်လို.လည်းတွေးတတ်ကြပါတယ်။
ဘ၀အဖ်ာအသစ်ဖြစ်စေ၊မိတ်ဆွေအသစ်ဖြစ်စေ ရသွားတဲ့အချိန်တွေရှိလာရင်ဘ၀ရဲ.အဖြေမှန်ကိုသိသာ
ထင်ရှားစွာရပါပြီလား။ဒီအဖြေဟာခြွင်းချက်တစ်ခုဖြစ်ပါမယ်။တကယ့် norm လို.ခေါ်တဲ့သတ်မှတ်ထားတဲ့စံချိန်တော့မဟုတ်ပါဘူး။အဖော်အသစ်ရဖို.ဈေးကွက်ထဲမှာအားတက်သရော ရှာဖွေနေတာမဟုတ်ပေမယ့်အရေးကြီးတဲ့အချက်အနေနဲ.သိထားသင့်တာကစိတ်နဲ.ပဲတွေးတောခြင်းကပင်
သင့်ရဲ.လက်ရှိအခြေအနေအပေါ်မှာအပြည့်အ၀မပျှော်ရွှင်နိုင်အောင်အဆီးအတားဖြစ်နေပြီး ဆက်ဆံရေးတွေအရင်အတိုင်းရပ်တည်မနေတော့ပါဘူး။ပိုပြီးကောင်းမယ်ထင်တဲ့အပေါ်မှာအာရုံစိုက်နေတဲ့အခါမှာ
သင့်မှာရှိနေတဲ့အရာ၊ဒါမှမဟုတ်မိမိရဲ.အဖော်တွေနဲ.နှိုင်းယှဉ်ကြည့်နေပြီးစိတ်ကူးယှဉ်နေတော့မှာဖြစ်ပါတယ်။
ဒါဆိုရင် အဲ့ဒီ့အတွေးကစိတ်မကျေနပ်မှုတွေ၊အလိုမကျမှုတွေအများကြီးဖြစ်စေဖို.တွန်းအားပေးနေတော့မှာပါပဲ။
အမျိုးသား၊အမျိုးသမီးတွေကသူတို.ရဲ.အဖော်တွေကိုစွန်လွှတ်ပြီးအဖော်သစ်တွေရှာကြတာကိုကမ္ဘာအနှံတွေ.နေ
ရတာပါပဲ။အချစ်တော်ထားတဲ့သူတွေကလည်းဖူးဖူးမှုတ်ထားရာကနောက်တစ်ယောက်ရှာချင်တဲ့အခါမှာအဟောင်း
ကိုအပြစ်ရှာပြီးပယ်၊ပိုပြီးချစ်စရာကောင်းတဲ့သူကိုရှာပြန်တာပါပဲ။မန်ဒါလီလိုချောင်းကိုပစ်ပြီးမြစ်ကိုရှာတော့ရေသာ
များပြီးငါးမတွေ.ဘူးဖြစ်ရပါတယ်။ခြွင်းချက်မထားဘူးဆိုရင်တော့စိတ်ကူးယဉ်မှုကတကယ့်လက်တွေ.ထက်သာပါတယ်။
အသစ်အသစ်သောသူတွေနဲ.အတူအသစ်အသစ်သောပြသနာတွေပါလာကြပါတယ်။
လူတော်တောများများပြောသံကြားဘူးပါတယ် "ငါသာတခြားတစ်ယောက်နဲ.တွေ.ခဲ့ရင်အခုလိုဝဋ်ခံနေရသလို၊အရာရာကိုသည်းခံနိုင်မှာမဟုတ်ဘူး" တဲ့ဒီစကားကမှန်ချင်မှန်ပါလိမ့်မယ်။ဒါပေမဲ့တစ်ခြားသောအကြောင်းတစ်စုံတစ်ရာ၊ဒါမှမဟုတ်တစ်ခြားသူတစ်ယောက်
အတွက်နဲ.လည်းဒီလိုဘဲပြောသလိုဝဋ်ခံရဦးမှာပဲ။ဒါကိုတော့အာမခံနိုင်ပါတယ်။စက်ဝိုင်းလိုတစ်ပတ်ပြန်ပြီးလည်တော့
မှာပါ။ပစ္စည်းတောင်ဟောင်းလေကောင်းလေဆိုပြီး antique ဆိုတဲ့ရှေးဟောင်းပစ္စည်းတွေကိုတန်ဖိုးကြီးကြီးပေးပြီးလိုက်ဝယ်နေပြန်ကြတယ်မဟုတ်ပါလား။
သင့်ရဲဆက်ဆံရေးကိုပိုပြီးကောင်းမွန်စေချင်ရင်အခုပြောမဲ့နည်းဗျူဟာကအထောက်အကူပေးနိုင်ပါလိမ့်မယ်။အသုံးချ
လို.လည်းလွယ်ကူပါလိမ့်မယ်.သင်ပြုလုပ်ဖို.ကပိုပြီးသာမှပဲဆိုတဲ့အတွေးဝင်လာရင်သတိထားလိုက်ပြီးစိတ်ကိုထိန်း
ထားဖို.ပါပဲ။ဒါဟာသိပ်ပြီးကြီးကျယ်တဲ့အလုပ်မဟုတ်ပါဘူး။စောစောကလို တွေးနေမိတာကိုတခြားနည်းနဲ.လှည့်ပြီး
တွေးကြည့်လိုက်ဖို.ပါပဲ။
ဘာကပိုကောင်းတယ်။ဘယ်သူကပိုသာတယ်ဆိုတဲ့အတွေးနဲ.မိမိရဲ.စိတ်ကိုအနှောင့်အယှက်ဖြစ်စေမယ့်အစားအခု
လက်ရှိဆက်ဆံရေးကိုပိုပြီးကောင်းလာမယ့်နည်းလမ်းကိုရှာကြည့်လိုက်ပါ။ကျေးဇူးတင်စိတ်လေးထားလိုက်ပါ။မကြာ
ခင်မှာပဲမြက်ခင်းဟာ အမြဲတော့ပိုပြီးစိမ်းမနေဘူးဆိုတာကိုသင်ရှာဖွေတွေ.ရှိတော့မှာဖြစ်ပါတယ်။
"The grass is always greener on the other side of the fence"ဆိုတဲ့စကားရဲ.ဆိုလိုရင်းကတစ်ဖက်ခြံကမြတ်ကပိုပြီးစိမ်းတယ်လို.အမြဲထင်မြင်တတ်ပါတယ်တဲ့။တစ်ခြား
သူတွေကကိုယ်ထက်ပိုသာတယ်။ငါလဲဒီလိုအခြေအနေကိုရခဲ့ရင်ပိုပြီးကောင်းမှာပဲလို.တွေးမိတတ်ကြပါတယ်.။
ဒါကြောင့်အသိတရားရှိခြင်းဖြင့်ရရှိထားတဲ့အခြေအနေကိုကျေနပ်ရောင့်ရဲစိတ်ထားရမှာပါပဲ။ကိုယ့်မြတ်ကပိုပြီး
စိမ်းတဲ့အခါလည်းရှိတာပဲမဟုတ်ပါလား။
             You can't have everything.Where would you put it?
                                                                        
                                                 
                                     ခင်စောတင့်စာအုပ်မှတင်ပြထားပါသည်

Monday, January 21, 2013

သည်းခံခြင်းသာ...

ကိုယ်လုပ်နိုင်သမျှကို လုပ်နိုင်ခဲ့တဲ့အခါနဲ. ကိုယ်မလုပ်ခဲ့တဲ့အလုပ်အပေါ်မှာနောင်တမဖြစ်တာကိုသဘော
ပေါက်နားလည်ပြီဆိုရင် ကျွှန်တော်ဘ၀မှာအဆင်ပြေလိမ့်မယ်လို.တွေးမိပါတယ်။
သည်းခံခြင်းဆိုဒါကို သိနားလည်လိုတယ်ဆိုရင် နေ.လည်မွန်းတည့်ချိန်ဘဏ်တိုက်တစ်ခုရှေ.မှာ တန်းအရှည်ကြီးစီနေတဲ့လူတွေကြားမှာဝင်ပြီး တန်စီကြည့်လိုက်ပါ၊အဲ့ဒီ့နေရာ၊အဲ့ဒီ့အချိန်မှာ ဘ၀ဆိုတာ
သူရဲ.ရွှေ.လျားစဉ်ထက်ပိုပြီးလျင်မြန်အောင်လုပ်လို.မရနိုင်ဘူးဆိုတဲ့သိနားလည်မှုကိုတည့်တည့်ကြီးရင်ဆိုင်
တွေ.ပါလိမ့်မယ်။သင့်ရဲ.အခြေအနေကဘယ်လောက်ပဲအဆောတလျင်လို.ထင်မြင်နေပါစေ၊အရာရာဟာသူ
ဖြစ်ချိန်တန်တဲ့အချိန်ထက်တစ်မိနစ်တောင်မစောဘဲဖြစ်လာမှာပါပဲ။
တစ်ခါကရန်ကုန်ဆေးရုံကြီးကဓာတ်ခွဲခန်းမှုးတစ်ယောက်ကအလုပ်ကအပြန်ဆေးရုံရှေ.မှာသစ်ပင်ကြီးတစ်ပင်
သူ.အပေါ်တည့်တည့်ကြီးလဲကျလာတဲ့အတွက်သစ်ပင်ပိပြီးသေဆုံးသွားပါတယ်...သူသာအဲ့ဒီနေရာကိုတစ်မိနစ်
စောပြီးရောက်လာမယ်၊ဒါမှမဟုတ်တစ်မိနစ်နောက်ကျမှရောက်လာမယ်ဆိုရင် သူနဲ.သစ်ပင်ကြီးလွဲသွားမှာ
ပါပဲ။ချိန်ကိုက်ထားသလိုဖြစ်သွားတာကိုတွေးကြည့်ရင်ဖြစ်ချိန်တန်လို.ဖြစ်သွားတယ်ဆိုတာကိုသဘောပေါက်နိုင်
ပါတယ်။သူ.ရဲ.ကံကြမ္မာက ဒီအချိန် တဒင်္ဂဖြစ်ဖို.ဖန်လာခဲ့ပါတယ်။ဖြစ်ချင်သလိုမဖြစ်ဘူးဆိုတာဒီအဖြစ်က
သက်သေပြလိုက်ပါတယ်။သင်ကမျက်လုံးပြူး၊မျက်ဆန်ပြူးနဲ.အံကြီတ်ပြီးမောဟိုက်နေအောင်ကျိုးစားပေမယ့်
အခုပစ္စုပ္ပန်အချိန်မှာဖြစ်နေတာထက် ဘ၀ကိုပိုပြီးမြန်အောင်လုပ်ဆောင်လို.မရပါဘူး။
ဓာတ်ဆီဆိုင်မှာတွေ.ရတဲ့တန်းစီနေတဲ့ကားတန်းကြီးကိုကြည့်ရင်ဘယ်သူမှအမြန်ကြီးကျော်တက်လို.မရနိုင်
ပါဘူး။ကားတွေကိုမြန်အောင်မရွေ.လျားနိုင်တာကိုတွေ.နိုင်ပါတယ်။ပြောင်းလဲမှုတွေကရွေးလျားနေတဲ့အတွက်
အရာရာဟာအချိန်တန်ရင်သူ.သဘောနဲ.တူပြောင်းလဲသွားတာပါပဲ။
သည်းခုံခြင်းဆိုတာရွေးချယ်မှုတစ်ခုပါပဲ။မရပ်မနားရွေးလျားနေတဲ့ဘ၀အပေါ်မှာအားထားဖို.အတွက်နိုးကြား
တဲ့ရွေးချယ်မှုရှိရပါမယ်။သည်းခံခြင်းဆိုတာစွမ်းရည်တစ်ခုပါပဲ။ဘီးတွေစလည်ပြီဆိုရင်ရွေးလျားခြင်းကစတင်
တော့တာပါပဲ။နောက်ဆုံးမှာရောက်လိုရာခရီးကိုအသေအချာရောက်သွားလိမ့်မယ်ဆိုတာကိုသတိရှိရမယ့်စိတ်
စွမ်းရည်ဖြစ်ပါတယ်။
သည်းခံခြင်းဆိုတာ ကျွမ်းကျင်မှုအတတ်ပညာတစ်ခုဖြစ်တယ်။သင့်မျှောင်လင့်ထားတာ၊ရည်ရွယ်ထားတာ၊
ဆန္ဒရှိတာတွေကလိုအပ်တဲ့အချိန်မှာဖြစ်လာလိမ့်မယ်ဆိုတာကိုသိရှိတဲ့စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။
သည်းခံခြင်းဆိုတာသင့်ရဲ.စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုကိုအသုံးချပြီး အားသွန်ခွန်စိုက်လုပ်ရင်အကျိုးရဖို.က အစကတည်းကသေချာပါတယ်။ဒီနေရာမှာသည်းခံခြင်းကစိတ်ထဲမှာအစပျိုးထားတာကဘာလဲ၊သင့်နှလုံးသားထဲက
ယုံကြည့်ချက်ကဘာလဲဆိုတာကိုမှန်ကန်တဲ့အချိန်မှာမှန်ကန်တဲ့နည်းလမ်းနဲ.သိနားလည်လာတာကိုဆိုလိုပါတယ်။
နေပူပူအောက်ဘဏ်တိုက်ရှေ.မှာတန်းစီရခြင်းကသင့်ရဲ.သည်းခံခြင်းကိုအလေ့အကျင့်ရဖို.စိန်ခေါ်ခြင်းတစ်မျိုး
ဖြစ်ပါလိမ့်မယ်။ဘယ်လိုပဲဖြစ်စေ၊ဒီလိုနေယာမျိုးမှာသည်းခံခြင်းဆိုတာကိုကျင့်သားရပြီးကျော်လွှားသွားနိုင်ပြီ
ဆိုရင်နေရာတိုင်းမှာသည်းခံခြင်းအလေ့အကျင့်ကိုရရှိသွားပြီဖြစ်ပါတယ်။
ဆရာတော်ဦးဇောတိကမိန်.ထားတဲ့ဆောင်ပုဒ်လေးရှိပါတယ် "သည်းခံ အမှန်လုပ် မုချ ချမ်းသာမည်"တဲ့
သည်းလည်းခံ အမှန်လဲလုပ်မှ။တချို.ကသည်းတော့ခံတယ်၊ဒါပေမဲ့မဟုတ်တာအကုန်လုပ်တယ်။တချို.ကျ
တော့မှန်တာတော့လုပ်ပါတယ်ဒါပေမဲ့သည်းတော့လုံးဝမခံဘူး။ဒီနှစ်ဦးစလုံးဟာမအောင်မြင်နိုင်ပါဘူး။အောင်
မြင်ချင်ရင်၊ချမ်းသာချင်ရင်သည်းလဲခံအမှန်လည်းလုပ်ပါ။မြတ်စွာဘုရားကသည်းခံခြင်းဟာအလွန်မွန်မြတ်တဲ့
အကျင့်လိုဟောတော်မှုပါတယ်။ဒါကြောင့်သည်းခံအမှန်လုပ်ပြီးဘယ်သူဘာပြောပြောဝမ်းနည်းဝမ်းသာမဖြစ်
မဖြစ်ဘဲနဲ.ကိုယ်အလုပ်ကိုစိတ်ထားမှန်မှန်နဲ.လုပ်ဖို.လိုအပ်ပါတယ်။
"ကိုယ့်ကိုယ်ကိုသည်းခံပါသူများတွေကိုလည်းသည်းခံပါ။ဘ၀ကိုလဲသည်းခံပါ။သည်းခံခြင်းကြောင့်အကျိုးရလဒ်
များမပြတ်ရလာအ်လိမ့်မယ်"။

Saturday, January 19, 2013

ဘ၀တိုင်းဆုံတွေ.ချင်ပါသလား

ကိုလေးရေ "ဒီမှာကြည့်ပါအုံး သတင်းစာထဲမှာ"
"ဖတ်ပြပါဦး ဘာပါလို.လဲ"
"ဆယ်နှစ်မြောက်မင်္ဂလာ ကိုမောင်မောင်-မဇင်မာဝေ တဲ့၊သူ.အောက်တည့်တည့်မှာကျတော့ နှစ်ဦးသဘောတူကွာရှင်းပြတ်စဲခြင်း
ကိုစိုးသိန်း+မစန္ဒာတဲ့"
"ဘာလဲ အဲ့ဒါတွေက ညီမလေးအသိတွေဖြစ်နေလို.လား"
"မသိပါဘူး ကိုလေးရဲ.၊စာတစ်စုတည်းမှာဖတ်ရသူအဖို.ခံစားမှုနှစ်မျိုးတစ်ပြိုင်ထဲပေးနေလို."
"ဘယ်လိုခံစားမှုကိုတစ်ပြိုင်ထဲပေးနေလို.လဲ"
"ဒီလို ကိုလေးရဲ. အထက်က ဆယ်နှစ်မြောက်ကင်္ဂလာသတင်းဖတ်ရတော့စိတ်ထဲဝမ်းမြောက်မိတာပေါ့၊အောက်က
နှစ်ဦးသဘောတူကွာရှင်းပြတ်ရှင်းစံခြင်းသတင်းဖတ်ရတော့စိတ်မကောင်းဖြစ်မိတယ်၊အဲ့ဒီသဘောကိုပြောတာ
ကိုလေးရဲ."
"ဒီလိုပါပဲ ညီမလေးရယ်၊ကိုယ်နဲ.မဆိုင်ပေမဲ့ဝမ်းသာစရာရှိရင်ဝမ်းသာပေးမယ်၊၀မ်းနည်းစရာရှိရင်ဝမ်းနည်းပေးမယ်
ဒါ မြန်မာ တွေရဲ.စရိုက်တစ်ခုပဲလေ"
"ညီမလေး စာတစ်ခုထဲမှာဖတ်ရဖူးတယ် ကိုလေးရဲ. မြန်မာတွေမှာ ချစ်စရာ၊ကြည်ညိုစရာ ကောင်းတဲ့ဓလေ့စရိုက်တွေအများကြီးရှိတယ်တဲ့၊အဲ့ဒီစရိုက်တွေထဲမှာတစ်လင်တစ်မယား
စနစ်ဟာလည်းတစ်ခုအပါအ၀င်ဖြစ်တယ်တဲ့၊တစ်လင်တစ်မယားစနစ်ဟာတစ်ရွှေ.ရွှေ.ကွယ်ပျောက်နေပြီလားမသိဘူးနော်
နောက်ရှိသေးတယ်ကိုလေးရဲ.အထီးကျန်များစွာထဲမှာ အိမ်ထောင်ရေးအထီးကျန်မှုဟာအပြင်းဆုံးခံစားမှုကိုဖြစ်စေတယ်တဲ့၊ပြီးတော့အိမ်ထောင်ရေးအထီးကျန်မှုဟာ
အသက်ကိုလဲတိုစေတယ်လို.လည်းဖတ်ဖူးတယ်၊ဟုတ်လားတော့မသိဘူး"
"ငါ့ညီမကတော့ စာစုံဖတ်ထားတာပဲ"
"ကိုလေးပဲစာစုံဖတ်ဆို"
"ကိုယ်စကားနဲ.ကိုယ့်ကိုပြန်ပြောနေတော့ ဘာပြန်ပြောရမှန်းတောင်မသိတော့ဘူး၊ဟုတ်တယ်ညီမလေးရဲ.
အိမ်ထောင်ရေးပဋပက္ခဖြစ်လာရင် ကာယကံရှင်တွေတင်မကဘူး၊သူတို.တွေနဲ.နွယ်တဲ့ကလေးတွေပါစိတ်ဒုက္ခရောက်ရတော့တာပဲ"
"ဒီမှာ ကိုလေးရဲ.၊သတင်းစာမှာ တစ်ပုဒ်ပါသေးတယ်၊နိဗ္ဗာန် မရောက်သေးခင် သံသရာခရီးတစ်လျှောက်ထာဝရ လက်တွဲသွားရပါလို၏တဲ့၊ဆုတောင်းလေးကလှတယ်နော်၊ဒါနဲ.နေပါဦး
ကိုလေးရဲ. သူတို.ဆုတောင်းတဲ့အတိုင်းလောကမှာ သံသရာခရီးတစ်လျှောက်နှိဗ္ဗာန်ရတဲ့အထိပေါ့၊ထာဝရ
လက်တွဲသွားလို.ရနိုင်ရဲ.လားကိုလေးရဲ."
"ရတာပေါ့ ညီမလေးရဲ. ဘုရားဟော ပါဋ္ဌိတော်တွေမှာအများကြီးတွေ.ရတယ်။တွေ.ရုံတင်မကဘူး နိဗ္ဗာန်မရမိ ဘ၀တိုင်းဆုံတွေ.ချင်သူအတွက်လမ်းညွှန်ဟောကြားထားတာတွေတောင်ရှိသေးတယ်"
"ဟာ...ဟုတ်လားကိုလေးရဲ.၊စိတ်ဝင်စားစရာပဲ ဘ၀တိုင်းဆုံတွေ.ချင်ရင် ဘာလုပ်ရမလဲပြောပါဦး"
"အဲ့ဒီအကြောင်း အဂုင်္တ္တရနိကာယ် ပုညာဘိသန္ဒ၀ဂ် ပထမ သမဇီဝိသုတ်မှာဟောထားတာရှိတယ်"
ပြောပါဦးကိုလေး...
"ဘဂ္ဂတိုင်း သုသုမာရဂိရမြို. ဘေသကတောမှာ မြတ်စွာဘုရားသီတင်းတုန်းကပေါ့ မြတ်စွာဘုရားကနံနက်ရောက်တော့
သင်းပိုင်၊ကိုယ်ဝတ်တွေကိုသေသပ်စွာပြန်ဝတ်၊သပိတ်၊သင်္ကန်းကိုယူပြီး နကုလပိတာနဲ.နကုလမာတိုဇနီးမာင်နှံအိမ်ကိုကြွသွားတယ်၊အကြောင်းမဲ့ကြွတာမဟုတ်ဘူး။ရှိခဲ့ဘူးတဲ့ကျေးဇူးကို
ပြန်ဆပ်ချင်လို.၊ဒီလိုညီမလေးရဲ.၊နကုလပိတာဟာ ဘ၀ငါးရာ မြတ်စွာဘုရားရဲ.ဖခင်၊ဘ၀ငါးရာမြတ်စွာဘုရားရဲ.ဘထွေး(ဦးလေး)ဖြစ်ခဲ့ဖူးတယ်၊
ဒီအတူပဲ နကုလမာတာဟာလည်းဘ၀ငါးရာမြတ်စွာဘုရားမိခင်၊အဘွား၊မိထွေး(ဒေါ်လေး၊အရီး)ဖြစ်ခဲ့ဖူးတယ်၊ဒါကြောင့်ကြွသွားတာ။
အိမ်ရောက်တော့ ဘ၀အဆက်ဆက် သံယောဇဉ် ဖြစ်ခဲ့တဲ့အတွက် နကုလပိတာတို.ဇနီးမောင်နှံဟာမြတ်စွာဘုရားကို ချစ်သားချစ်သား လို.နှုတ်ကအလိုလိုထွက်ခေါ်မိတဲ့အထိဖြစ်သွားတယ်၊ပြီးတော့ နကုလပိတာတို.ဟာမြတ်စွာဘုရားကိုမြင်တာနဲ.တပြိုင်နဲ.သောတာပန်ဖြစ်သွားတယ်၊နောက်မြတ်စွာဘုရားကနကုလပိတာ
တို.ခင်းထားတဲ့နေယာမှာထိုင်တော်မှုတယ်ပေါ့လေ။အဲ့ဒီအခါမှာနကုလပိတာကမြတ်စွာဘုရားကိုဒီလိုလျှောက်တယ်။
"ဘုန်းတော်ကြီးတော်မှုသော မြတ်စွာဘုရား ဘုရားတပည့်တော်သည် ငယ်ရွယ်စဉ်အခါကပင်လျှင်ငယ်ရွယ်သောနကုလမာတာကိုထိမ်းမြားလက်ထပ်ခဲ့ပါတယ်။
လက်ထပ်ထိမ်းမားချိန်ကစပြီးယနေ.အထိနကုလမာတာမှတစ်ပါးအခြားသောအမျိုးသမီးနှင့်ဖောက်ပြန်ကျူးလွန်
ခြင်းမရှိပါ၊မြတ်စွာဘုရားတပည့်တော်သည်ယခုမျက်မှောက်ဘ၀တွင်လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး
နားလည်မှုများစွာ မခွဲမခွာ သက်ဆုံးတိုင် ထာဝရလက်တွဲသွားလိုပါတယ်ဘုရား၊အဲ့ဒီအတွက်ဘယ်လိုကျင့်ကြံနေထိုင်ရမယ်ဆိုတာကိုလမ်းညွှန်တော်မှုပါဘုရား"
"နကုလပိတာကမြတ်စွာဘုရားကိုအဲ့ဒီလိုလျှောက်ပြီးတော့နကုလမာတာကလည်း အားကျမခံတပည့်တော်မသည်နကုလပိတာမှတစ်ပါးအခြားသောအမျိုးသားနှင့်ဖောက်ပြန်ကျူးလွန်ခြင်းမရှိပါ။
ဘာညာပေါ့လေ နကုလပိတာပြောတဲ့အတိုင်းလျှောက်ပြန်တယ်၊ဒီနေရာမှာနကုလပိတာတို. ကိစ္စကိုရပ်ပြီး
ပြောစရာတစ်ခုကိုသတိရတယ်"
"ပြောပါဦး ကိုလေး ဘာကိုလဲ"
"လူနှစ်ယောက်ဟာ အခုပစ္စုပ္ပုန်ဘ၀မှာတွေ.ကြုံပဲ့တဲ့၊ဇာတကအဋ္ဌကထာ ပထမအုပ်မှာ ဂါတာတစ်ပုဒ်ပြထားတယ်။အဲ့ဒီဂါတာက...ပုဗ္ဗေ၀ သန္နိဝါသေန၊ပစ္စုပ္ပန္နဟိတေန၀ါ၊ဧ၀ံတံ ဇာယတေ ပေမံ၊
ဥပ္ပလံဝ ယထောဒကေ၊အနက်ပါ တစ်ခါတည်း ပြန်ပြမယ်နော်" "ဟုတ်ကဲ့ ကိုလေး" "ဥပ္ပလံဝါ-ကြာညှိ၊ကြာဖြူ၊ကြာနီသည်လည်းကောင်း၊အညံဝါ-အခြားသောပဒုမ္မာစသောကြာသည်လည်းကောင်း၊ဥဒကေ-ရေဉ်၊ဇယမာနံ-ပွင့်ထွန်းပေါ်ပေါက်လာသောသည်ရှိသော်၊ဒွိဟိကာရေစေဟိ-ရေနှင့်ညွန်ဟူသောနှစ်ပါးသောအကြောင်းတို.ကြောင့်
ဇာယတေယထာ-ဖြစ်ပေါ်လာရသကဲ့သို.။တထာ-ထို.အတူ၊တံပေမံ-ထိုချစ်ခြင်းသည်၊ပုဗ္ဗေ-ရှေ.ဘ၀ဉ်၊သန္နိဝါသေန၀ါ-အတူတကွနေထိုင်ခဲ့ရခြင်းလည်းကောင်း၊ပစ္စုပ္ပန်ဘ၀တွင်အကျိုးစီးပွားကိုဆောင်ရွက်ပေးခြင်းကြောင့်လည်းကောင်း
ဧ၀ံ-ထိုနှစ်ပါးသောကြောင့်တို.ကြောင့်၊ဇာယတေ-ဖြစ်၏"
"အဓိပ္ပါယ် ပြောပြပါဦး ကိုလေးရဲ."
"ကြာညှိ၊ကြာဖြူ၊ကြာနီ၊ပဒုမ္မာကြာစသည်တို.ဖူးပွင့်ပေါ်ထွက်ရခြင်းဟာ ရေနဲ.ညွှန်.နှစ်ပါးသောအကြောင်းကြောင့်
ဖြစ်ပေါ်ခဲ့ရသလို ဒီအတူပဲတဲ့၊လူနှစ်ယောက်အခု ပစ္စုပ္ပန်ဘ၀မှာချစ်ခင်တွေ.ကြုံပေါင်းသင်းရခြင်းဟာလည်း...
၁။အတိတ်ဘ၀တွင်အတူတကွနေထိုင်ခဲ့ရခြင်း
၂။ယခုပစ္စုပ္ပန်ဘ၀တွင် (မိမိ ပေါင်းသင်းရတဲ့သူရဲ.)အကျိုးစီးပွားကိုဆောင်ရွက်ပေးခြင်း အဲ့ဒီအင်္ဂါနှစ်ချက်ကြောင့်ပဲတဲ့ညီမလေးရဲ."
"အဲ့ဒီအကြောင်း ကိုလေးပြောပြမှပဲကြားဖူးတော့တယ်"
"ကဲ အဲ့ဒီဟာဒီမှာရပ်လိုက်တော့ နကုလပိတာတို.အကြောင်းပြန်ဆက်ရအောင် နကုလပိတာတို.ကမေးတော့ မြတ်စွာဘုရားကပြန်ဖြေတယ်။"
နကုလပိတာနှင့်နကုလမာတာတို. သင်တို.ဟာယခုဘ၀သာမက နောင်သံသရာ ဘ၀အဆက်ဆက် ထာဝရပေါင်းသင်းနေထိုင်သွားလိုလျှင်...
၁။တူညီသော သဒ္ဒါတရားရှိခြင်း
၂။တူညီသော သီလရှိခြင်း
၃။တူညီသော ပေးကမ်းစွန်.ကြဲမှုရှိခြင်း
၎။တူညီသော ဥာဏ်ပညာရှိခြင်း ထိုအင်္ဂါလေးပါးနှင့်ပြည့်စုံပါကသင်တို. အလိုရှိတဲ့အတိုင်းဖြစ်စေရမည်လို.မိန်.တော်မှုတယ်၊မိန်.ပြီးတော့ ကျောင်းကိုပြန်ကြွသွားတော်မူတယ်ပေါ့လေ"
"ဒီနေယာမှာ ကိုလေးကို စောဒကတစ်ခု ၀င်ချင်တယ်"
"နံပါတ် (၄) တူညီသောဥာဏ်ပညာရှိခြင်းဆိုတဲ့နေယာမှာပေါ့ ဥပမာပေါ့လေ..ယောကျာင်္င်္းကဘီအက်အေဘွဲ.ရတယ် မိန်းမကဆယ်တန်းမအောင်ဘူး အဲ့ဒီလိုဆိုရင်ဘယ်လိုလုပ်မလဲ"လောကမှာပညာတူဖို.ဆိုတာမလွယ်ကူတဲ့ကိစ္စမှမဟုတ်တာလေ"ကိုလေးရဲ.
"ဟာငါ့ညီမကတော့လုပ်ပြီ တူညီသောဥာဏ်ပညာရှိခြင်းဆိုတာလောကီအတန်းပညာကိုပြောတာမဟုတ်ဘူးငတုန်းမလေးရဲ."ဒါဖြင့်ဘာကိုပြောတာ
လဲအစ်ကိုဥာဏ်ကြီးရှင်ကြီးရဲ."ဥာဏ်ပညာတူရမယ်ဆိုတာ ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးခံစားရမယ်၊မကောင်းတာ
လုပ်ရင်မကောင်းတဲ့အကျိုးကိုခံစားရတယ်၊အဲ့ဒီလို အကြောင်းအကျိုး အကောင်းအဆိုးကိုခွဲခြားဝေဖန်နိုင်တဲ့ဥာဏ်ကိုပြောတာငတုန်းမလေးရဲ."
"အော်ဟုတ်လား""ကဲညီမလေးရေ ဒီလောက်ဆိုတော်ရော်ပေါ့ မေးစရာရှိရင်နောက်မှပဲဆက်မေးတော့ ကိုလေးသွားစရာရှိသေးတယ်"
"ဟုတ်ကဲ့ပါကိုလေး"
                                                        ရဝေနွယ် (အင်းမ)ဘာသာရေးလမ်းညွန်မှတင်ပြထားပါသည်