Showing posts with label ဆုံးမစာများ. Show all posts
Showing posts with label ဆုံးမစာများ. Show all posts
Wednesday, January 29, 2014
ပြဿနာတစ်ခုကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ
ပြဿနာတစ်ခုကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ
တစ်ခါကမုဆိုးကြီးတစ်ယောက်ဟာသူ့သားကိုအသိပညာတစ်ခုပေးချင်လို့သူတောလိုက်သွားရာကို
ခေါ်သွားသတဲ့.... တစ်နေရာလဲရောက်ရောတောင်ကမူလေးတစ်ခုမှာခွေးတစ်ကောင်ကနေပူစာလှုံနေသတဲ့..။ဖခင်မုဆိုးကြီးက သူ့သားကိုသေသေချာချာကြည့်ခိုင်းပြီးနေပူစာလှုံနေတဲ့ခွေးကိုမထိစေပဲခွေးရဲ့ဘေးသို့ရောက်အောင် ခဲလုံးတစ်လုံးနဲ့ပစ်ပေါက်လိုက်တယ်..။
ခွေးဟာသူ့ဘေးနားကျလာတဲ့ခဲလုံးကြောင့်လန့်ပြီးငေါက်ကနဲ့ထရပ်လိုက်တယ်.။
ပြီးတော့ဘာရယ်ညာရယ်မှန်းမသိပေမဲ့ခဲလုံးမှန်းတော့သူသိတယ်..။သူ့ကိုလာလန့်စေတဲ့
ခဲလုံးကိုလိုက်ကိုက်နေတော့တယ်။ခွေးဟာခဲလုံးကသူ့ကိုလာလဲမထိဘူး၊စားစရာလဲ
မဟုတ်ဘူးဆိုတာသိသိကြီးနဲ့ခဲလုံးကိုကိုက်နေတယ်။ဒီမြင်ကွင်းကိုကြည့်ပြီးသားအဖ
နှစ်ယောက်ပြန်လာခဲ့ကြတယ်။နောက်တစ်ပတ်လောက်နေတော့ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီးတောထဲကိုထွက်လာခဲ့ပြန်တယ်။ဒီတစ်ခါမှာတော့ သူတို့ဟာနေရာအချက်အချာကောင်းတဲ့သစ်ပင်ပေါ်မှာနေရာယူကြတယ်။သူတို့နေရာယူနေတဲ့သစ်ပင်ရဲ့ အရှေ့ဘက်မှာကျောက်ဂူတစ်ခုရှိတယ်။ကျောက်ဂူဝမှာခြင်္သေ့တစ်ကောင်ဟာနေပူစာလှုံနေတယ်။ ဖခင်မုဆိုးကြီးကသူ့သားကိုငြိမ်ငြိမ်နေဖို့ပြောပြီးခြင်္သေ့ရဲ့လက်နဲ့လည်ပင်းကြားထဲကိုခြင်္သေ့ကိုမထိစေပဲ
မြားတစ်စင်းပစ်လိုက်တယ်။မြားကလဲလိုရာနေရာကိုကွက်တိပါပဲ။ခြင်္သေ့ရဲ့လည်ပင်းနဲ့လက်ကြားထဲသွား
စိုက်တယ်။စွပ်ခနဲ့လာစိုက်တဲ့မြားကိုခြင်္သေ့ကဖြက်ခနဲ့ကြည့်ပါတယ်။ဒါပေမဲ့ခြင်္သေ့ကမြားကိုဘာမှမလုပ်ပဲ လက်ကြားထဲလာစိုက်တဲ့မြားကိုသေသေချာချာကြည့်ပြီးငြိမ်နေတယ်။ခဏကြာတော့မြားလာရာလမ်း
ကြောင်းကိုမျှော်ကြည့်တယ်။ပြီးတော့မြားကိုတလှည့်၊မြားလာရာလမ်းကြောင်းကိုတလှည့်သေချာကြည့်တယ်။
မြားတဲကိုခြင်္သေ့ကဘာမှမလုပ်ပဲမြားလာရာလမ်းကြောင်း၇ဲ့အစွန်းရှိရန်သူကိုတိုက်ခိုက်ဖို့ရာထပြီး တလှမ်းချင်းလှမ်းပြီးလျှောက်လာတယ်။
ဒါကြောင့်………. ကိုယ့်ကိုခြောက်လှန့်ခံရတဲ့ခဲလုံးကိုလိုက်ကိုက်နေတဲ့ခွေး……….။
ကိုယ့်ကိုရန်ပြုလာတဲ့မြားကိုလျစ်လျူရှုပြီးမြားလာရာလမ်းကြောင်းရဲ့ဟိုဘက်မှာရှိတဲ့
အဓိကရန်သူကိုတိုက်ခိုက်တတ်တဲ့ခြင်္သေ့……………။
ခွေးကတော့ခွေးပါပဲ…..ဒီလိုပဲ
ခြသေ့င်္ကလဲခြင်္သေ့ပါပဲ……..။.
ဒါကြောင့်မို့လဲခြင်္သေ့ဆိုတာတောဘုရင်ဖြစ်နေတာပေါ့…။
လောကကြီးမှာလဲဒီလိုပါပဲ…ကိုယ့်ဆီရောက်လာတဲ့ပြဿနာတွေကိုအတင်တွန်းထိုးတိုက်ခိုက်တတ်လား။
ပြဿနာရဲ့အစကိုရှာပြီးပြေလည်အောင်ရှင်းတတ်လား………..ဆိုတဲ့
လူနစ်မျိုးကွဲသွားပါတယ်..။
ဒါကြောင့်ပြဿနာနဲ့တွေ့တိုင်းသင့်ကိုသင်မေးကြည့်ပါ။
ငါဟာ………..ခြင်္သေ့……….လား
ခွေး………..လား…။
အဖြေရလာပါလိမ့်မယ်….။
Monday, April 22, 2013
အရှင်ဆန္ဒာဓိကရဲ.ဆုံးမစာ
ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ၊
စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊
စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။
ဆဲဆိုတာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ကဲ့ရဲ့တာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ချစ်စရာကောင်းတာသူ့အလုပ်၊ မချစ်မိအောင်သည်းခံတာကိုယ့်တာဝန်၊
မုန်းစရာကောင်းတာသူ့အလုပ်၊ မမုန်းမိအောင်သည်းခံတာကိုယ့်တာဝန်။
စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှမချစ်ပါနဲ့၊
စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။
ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊
ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ် ပပျောက်အောင် ပြုလုပ်နိုင်စွမ်းရှိရမယ်။
သူတစ်ပါးရဲ့အမှားချို့ယွင်းချက်ကို အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း၊
ငါ့မှာရော အမှားလုံးဝမရှိဘူးလား လို့ ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့၊
သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ် သည်းခံခွင့်လွှတ်နိုင်စွမ်း တိုးပွားလာမှာအမှန်ပဲ။
ဘယ်အာရုံနဲ့တွေ့တွေ့တုန်လှုပ်မှုမရှိပဲ စိတ်ချမ်းသာအောင် နေတတ်ခြင်းဟာ စိတ်ကျန်းမာရေးပါပဲ။
စိတ်ကျန်းမာရေး ချို့ယွင်းသူတွေရဲ့ အဓိကအားနည်းချက်ကတော့၊ အရာရာကို နားလည်မှု ခွင့်လွှတ်မှုခေါင်းပါးခြင်းပဲ။
ကောင်းတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ဆိုးတဲ့အခြေအနေနဲ့ပဲတွေ့တွေ့၊ ကောင်းတဲ့အချက်ကို မရရအောင်ရှာကြံတွေးပြီး စိတ်ချမ်းသာအောင်ထားတတ်တာကိုစိတ်ထားတတ်တယ်လို့ခေါ်တယ်။ စိတ်မထားတတ်ရင် စိတ်ချမ်းသာစရာနဲ့ တွေ့နေတာတောင်မှ စိတ်ဆင်းရဲနေတတ်ပါတယ်။
သူတစ်ပါးကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။ ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန်ဖြစ်နေပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ သေဖို့ရာ တဖြည်းဖြည်းနီးလာပြီလေ။
ကောင်းမှုကုသိုလ်အလုပ်ဆိုတာ လုပ်ချင်စိတ်ထက်ထက်သန်သန်ရှိတုန်း မြန်မြန်သွက်သွက် ထလုပ်လိုက်မှ ထမြောက်အောင်မြင်တတ်ပါတယ်။ အကြောင်းတစ်ခုခုပြပြီး အချိန်ဆွဲမယ်ဆိုရင် မလုပ်ဖြစ်တော့ပဲ လွဲချော်သွားတတ်ပါတယ်။
စိတ်ညစ်တယ် စိတ်ဓာတ်ကျတယ်ဆိုတာ တစ်ကယ်တော့ လောကသဘာဝကို မသိလို့သာဖြစ်တယ်။ လောကမှာ ဘယ်အရာမှ ကြာရှည်တည်တံ့တယ်ဆိုတာ မရှိပါဘူး။ ရှုံးလို့စိတ်ဓာတ်ကျနေတာ၊ နိုင်လို့သွေးနားထင်ရောက်နေတာ၊ အားလုံးဟာလောကဓမ္မတာကိုသဘောမပေါက်လို့ဖြစ်ပါတယ်။ တကယ်တော့ ဘယ်အရာမဆို ရေပွက်ပမာပါပဲ။ နိုင်ခြင်းနဲ့ရှုံးခြင်း၊ ပျော်ရွှင်ခြင်းနဲ့စိတ်ညစ်ခြင်း၊ ထောင်လွှားခြင်းနဲ့နိမ့်ကျခြင်း၊ ရှင်ခြင်းနဲ့သေခြင်းဆိုတာတွေရဲ့ကြားမှာ ခြားထားတဲ့စည်းကြောင်းက ပါးပါးသေးသေးမျှင်မျှင်လေးဖြစ်တယ်။ တစ်ဖက်ကတစ်ဖက်ကိုရုတ်တရပ်ချက်ချင်းကြီး ကူးပြောင်းရောက်ရှိသွားနိုင်ပါတယ်။ နိုင်ချိန်မှာ မီးကုန်ယမ်းကုန်ပျော်မြူးပြီး မာနထောင်လွှားတာဟာ အသိဥာဏ်နည်းသူများရဲ့ လက္ခဏာဖြစ်တယ်။ အဲဒီအနိုင်က ဘယ်လောက်ကြာကြာခံမှာမို့လို့လဲ။ တစ်သက်လုံးနိုင်တဲ့နေရာကချည်းနေရမယ်များ ထင်နေလား။ ရှုံးနိမ့်သူက ရှုံးလို့ဆိုပြီး စိတ်ဓာတ်တွေကျဆင်းကာ ဘ၀ပျက်သလို ခံစားနေရတာဟာ လူညံ့ ဖြစ်ကြောင်းပြတဲ့ လက္ခဏာဖြစ်တယ်။ ရှုံးပေမယ့် မညံ့ရင် အနိုင်ဘက်ကို ကူးပြောင်းရောက်ရှိသွားနိုင်တယ်။ အခွင့်ထူးဆိုတာ မြင်တတ် ကြည့်တတ်တဲ့သူတွေအတွက်တော့ အခါမလပ်ရှိနေပါတယ်။ ယူတတ်ဖို့ ယူရဲဖို့လိုတယ်။ လူညံ့ဖြစ်နေရင်တော့ တစ်သက်လုံးအရှုံးချောက်ကမ်းပါးက တက်ဖွယ်မရှိဘူး။
စိတ်ညစ်စရာနဲ့ ကြုံတွေ့ရင် တစ်ကိုယ်ရေတိတ်တိတ်လေး ကျိတ်ကျိတ်မဆွေးပါနဲ့။ ဖြစ်လာတာဟာ ကောင်းဖို့ဖြစ်လာတာပဲလို့ နှလုံးသွင်းပါ။
လူတွေမှာ တစ်ခါတစ်လေ တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ဖြစ်တတ်တယ်။ သားသမီးအပေါ်၊ ခင်ပွန်း ဇနီးအပေါ်ကိုသာမက အလုပ်ခွင်မှာလည်း တစ်ယောက်ကိုတစ်ယောက် အနိုင်ယူချင်တဲ့စိတ်ရှိနေရင်တော့ စိတ်မချမ်းသာမှုမရှိနိုင်ပါဘူး။ နိုင်တဲ့သူလည်းစိတ်မအေးချမ်းဘူး။ရှုံးတဲ့သူလည်း စိတ်မအေးချမ်းဘူး။ အနိုင်အရှုံးမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစားဆက်ဆံပြောရတာပိုပြီး စိတ်ချမ်းသာတယ်။
Sunday, February 24, 2013
ငါအိုသွားသောအခါ...
ငါအိုသွားတဲ့အခါငါဟာအရင်ကငါမဟုတ်တော့ဘူး၊ငါ့ကိုနားလည်ပေးပါ၊စိတ်ရှည်ရှည်ထားဆက်ဆံပေးပါ။
ချိနဲ့နဲ့လက်တွေနဲ့ထမင်းဟင်းတွေအင်္ကျီပေါ်လောင်းမိတဲ့အခါ၊ဖိနပ်ကြိုးတွေချည်ဖို့မေ့သွားတဲ့အခါ၊ငါ့ကို မရွံပါနဲ့၊ငယ်ငယ်တုန်းကငါသင်ပေးခဲ့တာတွေကိုကျေးဇူးပြုပြီးသတိရပေးပါ။
အပ်ကြောင်းထပ်မကပြောဖူးတဲ့စကားတွေကိုငါပြန်ပြောမိတဲ့အခါစကားမဖြတ်ဘဲကျေးဇူးပြုပြီး နားထောင်ပေးပါ၊ငယ်ငယ်တုန်းကအိပ်ရာဝင်တိုင်းတစ်ထောင့်တညပုံပြင်တွေကိုမရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကိုသတိရပေးပါ။
မလှုပ်မရှားနိုင်လို့ရေချိုးဖို့အကူအညီလိုတဲ့အခါငါ့ကိုမငြိုငြင်ပါနဲ့၊ငယ်ငယ်တုန်းကချော့တစ်လှည့်
ခြောက်တစ်ခါရေချိုးပေးခဲ့ဖူးတဲ့ပုံရိပ်လေးကိုမြင်ယောင်ပေးပါ။
ခေတ်သစ်၊နည်းပညာသစ်တွေကိုမသိနားမလည်ခဲ့ရင်ငါ့ကိုမလှောင်ပါနဲ့၊ငယ်ငယ်တုန်းက “ဘာကြောင့်”ဆိုတဲ့မေးခွန်းတိုင်းကိုစိတ်ရှည်စွာငါပြန်ဖြေခဲ့တာကိုသတိရပေးပါ။
စိတ်သွားတိုင်းကိုယ်မပါနွမ်းလျပြီးလမ်းမလျောက်နိုင်တဲ့အခါခွန်အားပါတဲ့လက်တစ်စုံနဲ့ငါကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စအရွယ်တုန်းကတစ်လှမ်းချင်းလှမ်းလျောက်ကျင့်ပေးခဲ့ဖူးတာကိုကျေးဇူးပြုပြီး သတိရပေးပါ။
အသက်ကြီးလာလို့စကားပြောရာမှာရှေ့နောက်မညီဘဲအကြောင်းအရာတွေကိုငါမေ့သွားတဲ့အခါ အချိန်ပေးပြီးစဉ်းစားခွင့်ပေးပါ၊စကားအကြောင်းအရာတွေကငါ့အတွက်အရေးမကြီးပါဘူး။ဘေးကနေ ငါပြောသမျှကိုနားထောင်ပေးရင်ကျေနပ်ပါပြီ။
တစ်နေ့ထက်တစ်နေ့အိုစာသွားတဲ့ငါ့ကိုကြည့်ပြီးဝမ်းမနည်းပါနဲ့၊နားလည်ပေးပါအားပေးပါ၊အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက်ငါလမ်းညွှန်ခဲ့သလိုအခုအချိန်မှာငါ့ဘ၀နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။အချစ်နဲ့အေးမျှမှုတွေကိုငါပြုံးပြုံးလေးလက်ခံမှာပါ။အဲဒီအပြုံးတွေထဲမှာမဆုံးတဲ့ ငါ့မေတ္တာတွေတွေ့ရမှာပါ။
Monday, February 11, 2013
မူလသဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ ၏ဆုံးမသြ၀ါဒများ
မူလသဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ ၏ဆုံးမသြ၀ါဒများ
“ ရှေ့စိတ်ကတော်ချင်ရင် နောက်စိတ်ကတွန်းတင် ”
“ သမာဓိနဲ့ပညာ ဘောင်ချိန်ပေး ”
“ ဖေါက်ပြန်တာကရုပ် ခံစားတာကနာမ် ဒီအထဲမှ ‘ငါ’ မပါ ”
“ မသေခင်တော့ရှုပ် သေတော့ပုပ်၊ မကောင်းတဲ့ ခန္ဓာစုတ် ”
“ အဗျာကတ ရုပ်၊ မြေကြီးသြဇာဖြစ်မဲ့ အလကားအထုပ် ”
  မြင်တယ်၊ကြားတယ်၊နံတယ်၊တောင့်တယ်၊ကျင်တယ်၊ကိုက်တယ်၊နာတယ်၊ပူတယ်၊အေးတယ်
  အစရှိသည်များသည်မရှိသောပညတ်တရားများ ဖြစ်သည်။
  ထို ‘ မရှိပညတ်တရားများကိုအရှိ ’ထင်ကာအယူမှား၊အမှတ်မှားနှင့် 
  သံသရာလဆန်းတစ်ရက်နေ့ကတည်းကနေလာခဲ့ကြတာ။
  ဘိုင်စကုတ်တောင်သုံးနာရီကြည့်နိုင်သေးတာပဲဗျာ
  အပါယ်ဘေးကလွတ်အောင်သုံးနာရီတရားမထိုင်နိုင်ကြဘူးလား။
  အမှန်မြင်၊အမှန်သိနဲ့သေနိုင်အောင်ကြိုးစားကြ။
  အမှန်မြင်၊အမှန်သိနဲ့သေကြပြီဆိုရင်နတ်ပြည်လည်းရောက်နိုင်တယ်။
  ဗြဟ္မာပြည်လည်းရောက်နိုင်တယ်။နိဗ္ဗာန်လည်းရောက်နိုင်တယ်။
  သေခါနီးဆဲဆဲဓာတ်ကြီးလေးပါးဖေါက်ပြန်သောအခါ “ခံစားမှုဝေဒနာ” ဟုပညာသိဖြင့်မသိဘဲ၊
 “ငါနာတယ်၊ငါကိုက်တယ်၊ငါအောင့်တယ်၊ငါပူတယ်” ဟုအယူမှားအမှတ်မှားသညာသိဖြင့်သေခဲ့လျှင်
  မုချအပ္ပါယ်လေးပါးကျပေလိမ့်မည်။
“ နာတယ်၊ကျင်တယ်၊ထုံတယ်၊ယားတယ်လို့သိတာလူတိုင်းသိတယ်။ကလေးလေးလည်းသိတာပဲ။
*** သင်သေလျှင်ဘာစိတ်နဲ့သေမည်နည်း။ဘာတွေကိုအာရုံပြုသေမှာလဲ။
***တရားမကျင့်လျှင်လောဘ၊ဒေါသ၊မောဟ၊မာန၊ကိလေသာစိတ်တွေနဲ့သေပြီအပ္ပါယ်ကျရမှာပါ။
*** တရားမကျင့်ဘဲနေသူ၊တရားမကျင့်ဘဲသေသူ၊တရားကျင့်ပြီးနည်းမမှန်သူတို့အာ; အင်မတန်သနားမိပါသည်။ နေဖို့ရန် အချိန်မရှိတော့ဘူး။ ဆရာကောင်းရှာကြပါ။
*** ကိုယ့်စိတ်ကိုယ်စစ်ပါ။ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆမနေကြဘဲ တရားအား ထုတ်ခြင်းဖြင့် ဘ၀နေနည်း၊ သေနည်းကို လေ့လာဖို့ အချိန်တန်လေပြီ။
Friday, February 8, 2013
ဂေါဃာတက
“ကာမ၀တ္ထုကာမမူကြောင့်ရှာဖွေပြုလုပ်ရသောငါသည်ထိုအမူထိုအပြစ်တို့ကိုငါပင်ယူ၍သွားရမှာပါတကား”
ဟုသိသူအလွန်နည်းလှသည်။မသိသူကားအလွန်ပင်များ၏။ထိုသူတို့အထဲတွင်သာဝတ္ထိပြည်သား
နွားသတ်သမားလည်းအပါအ၀င်ဖြစ်၏။
ထိုနွားသတ်သမားသည်နွားတို့ကိုသတ်၍အကောင်းဆုံးသောအသားတို့ကိုယူပြီးလျှင်ကောင်းမွန်စွာ ချက်ပြုတ်စေ၍ဇနီး-သားသမီးတို့နှင့်အတူတကွစားသောက်လေ့ရှိသည်။ကြွင်းသောအသားတို့ကိုလည်း အဖိုးငွေနှင့်ရောင်း၍အသက်မွေးသည်။ယင်းသို့နွားသတ်သောအလုပ်လုပ်လာသည်မှာယခု၅၅-နှစ်မျှရှိပေပြီ။
မြတ်စွာဘုရားအားလည်းကောင်း၊သံဃာတော်များအားလည်းကောင်းတစ်ခါမျှယာဂုတစ်ဇွန်း၊ဆွမ်းတစ်ဇွန်း
လောင်းလှူဖူးသည်မရှိချေ။၎င်း၏အဖို့ကားနွားသားဟင်းမပါလျှင်ထမင်းစားလေ့မရှိ။
တစ်နေ့သောအခါနွားကိုသတ်၍ရောင်းချပြီးသည်နှင့်မိမိအတွက်ဖယ်ထားသောအကောင်းဆုံးအသားကို မယားအားပေး၍ချက်ထားခိုင်းပြီးလျှင်မြစ်ဆိပ်သို့ရေချိုးရန်သွားလေသည်။ထိုအချိန်တွင် ထိုနွားသတ်သမား၏အလွန်ရင်းနှီးသောမိတ်ဆွေတစ်ယောက်သည်အိမ်သို့ရောက်လာကာနွားသတ်သမား၏ မယားအား“အမဲသားကျန်လျှင်နည်းနည်းမျှရောင်းပါ”ဟုဆိုလေသော်ထိုမိန်းမက“အမဲသားမရှိတော့ပါ၊ သူစားဖို့ထားတဲ့ဒီအမဲသားကလွဲလို့ရောင်းဖို့မရှိတော့ပါ”ဟုပြောသည်တွင်မိတ်ဆွေက“အဲဒီ အမဲသားပဲပေးပါ၊အိမ်မှာဧည့်သည်ရောက်နေလို့ပါ”ဟုပြောပြောဆိုဆိုနှင့်ပင်အမဲသားကိုအတင်းဆွဲယူ၍ သွားလေသည်။နွားသတ်သမားလည်းရေချိုးရာမှပြန်လာလျှင်ထမင်းစားရန်ထမင်းပွဲကို ကြည့်လိုက်သောအခါအမဲသားဟင်းကိုမမြင်သဖြင့်...
“အမဲသားဟင်း ဘယ်မှာလဲ”
“မရှိတော့ပါ”
“ချက်ထားဖို့ ငါပေးခဲ့သည် မဟုတ်လား”
ဟုပြောသောအခါ၎င်း၏မယားကသင်၏မိတ်ဆွေအတင်းအကျပ်ယူသွားကြောင်းကို အစုံအလင်ပြောပြသောအခါနွားသတ်သမားသည်“ငါအမဲသားမပါဘဲထမင်းမစားနိုင်ကြောင်း သင်သိပါလျက်ပေးလိုက်ရမလား”စသည်ဖြင့်အမျိုးမျိုးဆူပူရေရွတ်လျက်ဓားကိုယူ၍ အိမ်နောက်တွင်ထားသောနွားခြံသို.သွားပြီးလျှင်နွားတစ်ကောင်အားဆွဲ၍နွား၏ပါစပ်တွင်းသို့ လက်နှင့်နှိုက်လျက်လျှာကိုဆွဲထုတ်လိုက်ပြီးဓားနှင့်အရင်းမှဖြတ်၍ယူလာပြီးလျှင်မီးကျီးမီးခဲတွင်ကင်လျက် ကျက်သောအခါထမင်းပန်ကန်တွင်တင်၍ထမင်းတစ်လုတ်စားကာနွားလျှာကိုတစ်ကိုက်ကိုက်လျက် စားသောခဏ၌ပင်လျှင်နွားသတ်သမား၏လျှာသည်ပြတ်၍ထမင်းပန်ကန်၌ကျလေသည်။
နွားသတ်သမားသည်လည်းထိုနွားကဲ့သို့ပင်ခံတွင်းမှသွေးတို့သည်ခံတွင်းနှင့်အပြည့်ကျဆင်းလျက် အိမ်အတွင်းသို့ဝင်၍လေးဘက်ထောက်ကာထိုမှ-ဤမှအော်ဟစ်ပြေးသွားလေသည်။ ထိုသို့ပြေးသွားလျက်ပင်နွားလည်းသေ၍နွားသတ်သမားလည်းအော်ရင်းဟစ်ရင်းသေပြီးလျှင်အ၀ီစိငရဲသို့ ကျလေသည်။ဤသည်ကားရသအာရုံကာမဂုဏ်ကြောင့်ပစ္စုပ္ပန်ဘ၀မှာလည်းမချမ်းသာ၊ တမလွန်နောက်ဘ၀တွင်လည်းအ၀ီစိငရဲသို့ပင်ကျသွားနိုင်လောက်အောင်ဒုက္ခပေးသောအကုသိုလ်မူဖြစ်၏။
(ဓမ္မပဒဋ္ဌကထာ-၂၁၃)။
ယင်းကဲ့သို့ကာမဂုဏ်အာရုံတို့အတွက်မကောင်းသောအသက်မွေးမူနှင့်ရင်းနှီး၍မိမိဖို့ချည်းထင်မှတ်သော်လည်း
“ပရလောကံ ဂစ္ဆန္တံ ပုတ္တဓီတရောဝါ ဘာတရောဂါ ဘောဂါဝါ နာနုဂစ္ဆန္တိ၊ သရီရမ္ပိ အတ္တနာ သဒ္ဓိံန ဂစ္ဆတိ”
“တမလွန်လောကသို့သွားရောက်ကြကုန်သောသားသမီးတို့သည်လည်းကောင်း၊ညီအစ်ကိုမောင်နှမ စသည်တို့သည်လည်းကောင်း၊ဥစ္စာပစ္စည်းတို့သည်လည်းကောင်းအတူမလိုက်ကုန်၊မိမိခန္ဓာကိုယ် သည်လည်း မိမိနှင့်အတူမလိုက်”ဟူ၍လည်းကောင်း။
“အတ္တာဂေဟေ နိဝတ္တန္တိ”
“ပစ္စည်းဥစ္စာဟူသည် ပစ္စည်းရှင်သေသောအခါ အိမ်မှာပင် နေရစ်သည်” ဟူ၍လည်းကောင်း။
“ဥစ္စာစု ထိုက်သူဖို့၊ ခန္ဓာမွေး မြေကျွေးဖို့” ဟူ၍လည်းကောင်း။
ဥစ္စာပစ္စည်းနှင့်ပတ်သက်၍မကောင်းသဖြင့်ရှာဖွေသူတို့အတွက်သတိပေးသောစကားများရှိခဲ့သည်တွင် စိန္တကျော်သူဦးသြ၏သြ၀ါဒထူးပျို့သည်လည်းအလွန်မှတ်ဖို.ကောင်းသောကြောင့်“ရယ်ခြင်းသုံးပါး” အပိုဒ်ကိုကူးထည့်လိုက်အံ့။
“သုံးပါးတသီး၊ရယ်ခြင်းကြီးကား၊ဇနီးအိမ်ရှင်၊မိမိလင်လည်း၊ချစ်ခင်သောအား၊သမီးသားကို၊ပိုက်ဖျားအားရမ်း၊
 ချီရူတ်နမ်းသော်၊မယ်ဝမ်းကမွေး၊သူများသွေးကို၊အလေးတမြတ်၊သင့်သားမှတ်၍၊လှည့်ပတ်ဖက်ချီ၊ နမ်းလေပြီဟု၊မထီမလေး၊အသွမ်းသွေး၍၊အဝေးမျက်ကွယ်၊မယားရယ်၏။ငါ့လယ်ငါ့ယာ၊ငါ့မြေတာဟု၊ ဥစ္စာခင်မင်၊ဆိုပြန်လျှင်လည်းအရှင်မဲ့ပါ၊ငါတို့မှာကား၊ကမ္ဘာမကျေ၊မချင်းနေ၏။အောက်သွေးယွင်းယို၊ သင်တို့ကိုယ်မှ၊လိုမပိုင်ဘဲ၊ဖွယ်သရဲဟု၊ကျိန်ဆဲသောနှယ်၊မြေကရယ်၏။ငါ့ဝယ်ငါ့ရွှေ၊ငါ့ကြေးငွေဟု၊ စိတ်စေကြည်သာ၊ဆိုပြန်ပါလည်း၊ကြမ္မာဆော်တိုက်၊ကောင်းတော်ခိုက်ကို၊ဧည့်ဆိုက်မျှသာ၊တည်းခိုပါရှင့်။ ငါးဖြာရန်သူ၊ယူလှည့်တို့ပါ၊သေမင်းခွာလည်း၊သင့်ရာအလျောက်၊တို့ရောက်သည်ပင်၊ တို့အရှင်လျှင်၊ဖြစ်ချင်လွန်းလှ၊လွန်မင်းစွဟု၊ဒေါသချီချယ်၊ရွှေငွေရယ်သည်။သုံးသွယ်ရယ်ဆေးပျက်သွမ်းသွေး”
(သြ၀ါဒထူးပျို့ - ၁၅)
ယင်းသို့လျှင်“မိမိတို့နောက်သို့ပစ္စည်းဥစ္စာရတနာတို့သည်မလိုက်မပါပါဘဲဧည့်သည်အနေမျှသာဖြစ်ကြောင်း ရန်သူမျိုးငါးပါးယူခဲ့သော်ငါတို့ပါသွားမည်၊သင်တို့ကိုသေမင်းခေါ်လျှင်သင်တို့သာပါသွားမည်။ငါတို့ကားမပါ၊ သင့်သည့်နေရာတို့သို့ငါတို့ရောက်မည်၊ငါ့ရွှေငါ့ငွေနှင့်ငါတို့ရဲ့အရှင်သခင်ဖြစ်ချင်လွန်းသူတို့”ဟုရွှေငွေက ရယ်သည်ဟူ၏။
“ပစ္စည်းသင်္ခါရ-လူသင်္ခါရ”ဟုဗုဒ္ဓဘာသာဝင်တိုင်းလိုလိုပြောနေကြသည်၊ဤပစ္စည်းသင်္ခါရဖြစ်သကဲ့သို့ လူလည်းသင်္ခါရဟုသိခဲ့သော်အဘယ်ကြောင့်အကုသိုလ်နှင့်လူကရင်းနှီး၍သင်္ခါရပစ္စည်းကိုရှာဖွေသနည်း၊ လက်တွေ့တွင်များစွာကွာခြားပြီးလောကတွင်စား၊၀တ်၊နေမူကာမအကြောင်းစုကြောင့်မတရား ပစ္စည်းရှာသူတို့၏ယူကျုံးမရသောဖြစ်ရပ်တစ်ခုကို ပြပါအုံးမည်။
ဆရာကြီးဦးကြည်(သစ္စာဒီပကမူလဓမ္မာစရိယ)မဟာဒုက္ခက္ခန္ဓသုတ်အဖွင့်စာအုပ်မှပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။
Thursday, February 7, 2013
အပါယ်လေးပါးကလွတ်မြောက်ပါတယ်
(က)အပါယ်လေးပါးအပါယ်လေးပါးဆိုတာကငရဲ၊တိရိစ္ဆာန်၊ပြိတ္တာ၊အသုရကာယ်တို့ဖြစ်ပါတယ်။
 အပါယ်ဆိုတာက(အပါယ)ဆိုတဲ့ပါဠိပုဒ်ကနေဆင်းသက်လာတာပါ။(အပါယ)မှာ(အပ+အယ) ဆိုပြီးနှစ်ပုဒ်ရှိပါတယ်။အပ=ကင်းခြင်း၊အယ=ကုသိုလ်တရား၊သို့မဟုတ်ချမ်းသာ။နှစ်ပုဒ်ပေါင်းလိုက်တော့ ကုသိုလ်တို့မှကင်းခြင်း၊ချမ်းသာတို့မှကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။ဆိုလိုတာက အပါယ်လေးဘုံးသားတို့မှာကုသိုလ်တွေမှကင်းခြင်း၊ကုသိုလ်တရားတို့ကိုပြုလုပ်နိုင်စွမ်းမရှိခြင်း ချမ်းသာခြင်းတရားတို့မှကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။မှန်ပါတယ်။အပါယ်လေးဘုံကိုရောက်သွားပြီဆိုရင် ကုသိုလ်တရားတွေကိုပြုလုပ်နိုင်စွမ်းမရှိသည့်အတွက်ကောင်းသောဘုံဌာနကိုပြန်ရောက်ဖို့ အင်မတန်မှခက်ခဲပါတယ်။အကုသိုလ်ကံအဟုန်တွေကုန်ဆုံးမှသာကောင်းရာဘုံကိုရောက်စေတာပါ။ ငရဲဘုံဆိုရင်လည်းငရဲသူ၊ငရဲသားတို့ရဲ့ဆင်းရဲဒုက္ခကအလွန်ကြီးပါတယ်။ သံရည်ပူများနှင့်လောင်းခံရခြင်း၊ခွေးနက်ကြီးများရဲ့ကိုက်ခဲခြင်းကိုခံရခြင်း၊ဓါး၊လှံတို့ဖြင့်ထိုးခံရခြင်း စသည်ဖြင့်ဒုက္ခများစွာဖြစ်နေတဲ့နေရာ၊ချမ်းသာဆိုလို့မြူမှုန်တစ်မှုန်မျှမရှိလို့ငရဲလို့ခေါ်တာပါ။ ဒုက္ခများစွာဖြစ်တည်ခံစားနေရတဲ့နေရာ၊ချမ်းသာကင်းတဲ့နေရာကိုငရဲလို့ခေါ်ပါတယ်။အိပ်ခြင်း၊စားခြင်း၊ ကာမဂုဏ်မှီဝဲခြင်းမှလွဲပြီးကုသိုလ်ကံကိုမသိ၊ကုသိုလ်ကံရဲ့ကောင်းကျိုးချမ်းသာကိုမသိ၊ အကုသိုလ်ကံကိုမသိ၊အကုသိုလ်ကံရဲ့ဆိုးကျိုးကိုမသိ၊ဘုရား၊တရား၊သံဃာ၊မိဘ၊ ဆရာဆိုတာမသိ၊နှမသားချင်းမှန်းမသိပဲမဂ်တရားဖိုလ်တရားတို့မှဖီလာကန့်လန့်သွားတတ်ခြင်း ကိုတိရိစ္ဆာန်လို့ခေါ်တာပါ။တိရိစ္ဆာန်ဘဝကိုစဉ်းစားကြည့်ပါ။မိဘနှမသားချင်းကိုတောင်မိဘနှမသားချင်း
မှန်းမသိသည့်အတွက်မှားယွင်းစွာဖောက်ပြန်မှုတွေရှိပါတယ်။ကုသိုလ်ကိုကုသိုလ်ပါလို့နားမလည်ပါဘူး။ အကုသိုလ်ဆိုတာကိုလည်းအကုသိုလ်လို့မသိရတဲ့ဘဝပါ။ဒါဖြင့်ယခုခေတ်အနေထားနဲ့အကုသိုလ်အလုပ်ကို
အကုသိုလ်အလုပ်လို့မသိတဲ့သူများအထူးသတိထားသင့်ပါတယ်။သတ္တဝါတစ်ကောင်ကိုလည်ပင်းဖြတ်လို့
အကုသိုလ်မဖြစ်ဘူးကုသိုလ်ဖြစ်တယ်။သတ်တဲ့သူမခံရဘူး၊ဖြတ်တဲ့ဓါးပဲခံရတယ်ဆိုရင်အဲလိုပုဂ္ဂိုလ်ဟာ ဘယ်လိုအနေထားကိုရောက်သွားပြီဆိုတာသိသာပါတယ်။ဒါကတိရိစ္ဆာန်ပါ။ပြိတ္တာဆိုတာကပေတဆိုတဲ့
ပါဠိကနေဆင်းသက်လာတာပါ။ချမ်းသာခြင်းတရားအပေါင်းတို့မှဝေးကွာသောသတ္တဝါ၊လူ့ခန္ဓာကိုယ် အတ္တဘောမှကင်းကွာသွားတဲ့အတွက်ကြောင့်ပေတ(ပြိတ္တာ)လို့ခေါ်ကာဒီပေတအရပြိတ္တာဘုံကို
ရောက်သွားသူတို့ကိုဆိုကြောင်းစာပေများကဖွင့်ဆိုပြပါတယ်။စာပေအဖွင့်တွေအရပြိတ္တာဆိုတာ
တောခြုံပိတ်ပေါင်းတောင်စောင်းဂူလှိုဏ်စတဲ့အရပ်တွေမှာမှီခိုပြီးဆင်းရဲထူပြောစွာခံစားနေရတဲ့ သတ္တဝါတစ်မျိုးကိုဆိုကြောင်းမှတ်သားနိုင်ပါတယ်။လူ့ပြည်လောကမှာလူဖြစ်စဉ်ကငြူစူဝန်တိုခြင်း များပြားပြီးကိုယ်ကိုယ်တိုင်လည်းပေးကမ်းလှူဒါန်းခြင်းမရှိ၊သူတပါးပေးကမ်းလှူဒါန်းတာကိုလည်းတားမြစ်ကာ
ကုသိုလ်မလုပ်ဖြစ်အောင်အန္တရာယ်ပြုခဲ့ကြတဲ့သူတွေဟာများသောအားဖြင့်ပြိတ္တာဘဝမှာအဖြစ်များ
ကြတယ်လို့ဆိုပါတယ်။ပြိတ္တာဘဝကိုရောက်ရှိသွားကြတဲ့သတ္တဝါတွေဟာမိမိတို့လုပ်ခဲ့တဲ့မကောင်းမှု
ကံကြောင့်အစာရေစာငတ်မွတ်ခြင်းဒုက္ခကိုခံစားကာနှစ်ပေါင်းရာထောင်သိန်းသန်းမကခံစားကြရသလို ဘုရားတစ်ဆူနဲ့တစ်ဆူကြားကာလအထိမကျွတ်မလွတ်နိုင်ဘဲရှိနေတတ်ကြတဲ့ပြိတ္တာများလည်းအများအပြား
ရှိကြောင်းဆိုပါတယ်။အဲဒီလိုအချိန်ကာလကြာမြင့်စွာအစာရေစာမစားမသောက်ရဘဲဆင်းရဲဒုက္ခကို ခံစားကြရပေမယ့်အကုသိုလ်ကံအရှိန်မကုန်သေးတဲ့အတွက်ကွယ်လွန်သေဆုံး၊ဘဝတုံးခြင်းမရှိသေးဘဲ အသားအသွေးမရှိအရေအကြောအရိုးမျှသာရှိကာအလွန်ဆိုးဝါးတဲ့အဆင်းနဲ့ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တည်ရှိနေရတယ်လို့ဆိုပါတယ်။ပြိတ္တာတစ်ဦးရဲ့အဆင်းဆိုးဝါးပုံကိုပေတဝတ္ထုမှာဖွင့်ပြထားတာကိုတွေ့
ရပါတယ်။အဲဒီအဖွင့်အရ“ပြိတ္တာတစ်ဦးရဲ့ကိုယ်ပမာဏဟာထန်းပင်လုံးပမာဏရှိပြီးကိုယ်အရေဟာလည်း အလွန်ကြမ်းတမ်းကြောင်း၊ဖောက်ပြန်တဲ့ဆံအမွေးရှိပြီးကြောက်မက်ဖွယ်အဆင်းရှိကာအလွန်ဖောက်ပြန် ဆိုးဝါးလျက်စက်ဆုတ်ရွံရှာဖွယ်အမြင်ရှိကြောင်း၊ထိုပြိတ္တာသည်ငါးဆယ့်ငါးနှစ်လုံးလုံးထမင်းတစ်လုံး
ရေတစ်ပေါက်ကိုမျှမရရှိဘဲခြောက်ကပ်သောလည်ချောင်းနှုတ်ခမ်းရှိလျက်ဆာလောင်မွတ်သိပ်ခြင်း
နှိပ်စက်ကာဟိုဟိုဒီဒီပြေးလွှားနေရတတ်ကြောင်း”စသဖြင့်သိရပါတယ်။ဒါကဒီဝတ္ထုမှာပါတဲ့ပြိတ္တာအကြောင်း
ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ပြိတ္တာအမျိုးအစားများသလောက်ခံစားရပုံချင်းလည်းမတူညီလှပါဘူး။ သင်္ဂါယနာတင်အဋ္ဌကထာဋီကာကျမ်းအဖွင့်များအရယေဘုယျအားဖြင့်ပြိတ္တာအမျိုးအစားလေးမျိုး
ရှိကြောင်းလည်းမှတ်သားရပါတယ်။အဲဒီလေးမျိုးက...
၁။သူတပါးတို့ပေးအပ်တဲ့အစားအစာကိုအမှီပြုပြီးအသက်ရှင်ရသောပရဒတ္တူပဇီဝိကပြိတ္တာ(အပေးခံပြိတ္တာ)
၂။ထမင်းငတ်ခြင်း၊ရေမွတ်သိပ်ခြင်းတို့မပြတ်နှိပ်စက်ခံနေရတဲ့ခုပ္ပိပါသိကပြိတ္တာ(အဆာခံပြိတ္တာ)
၃။အမြဲအကြွင်းမဲ့လောင်ကျွမ်းခံနေရတဲ့အတွက်ပူပန်ခြင်းရှိနေရသောနိဇ္ဈာမတဏှိကပြိတ္တာ(အလောင်ခံပြိတ္တာ)
၎။အသုရကာယ်လို့သီးသန့်ခေါ်ဆိုအပ်တဲ့အသုရာကာယခေါ်ကာလကဉ္စိကပြိတ္တာ(ဆင်းရဲခံပြိတ္တာ)
တို့ပဲဖြစ်ပါတယ်။ဒီပြိတ္တာလေးမျိုးမှာနံပါတ်တစ်အမျိုးအစားပြိတ္တာကတော့လူ့ဘဝကဆွေမျိုးဉာတကာ စသူတွေရဲ့ရည်စူးပြီးလှူဒါန်းပေးတဲ့အလှူကိုဝမ်းမြောက်ဝမ်းသာသာဓုခေါ်ဆိုနိုင်ပါကစားဖွယ်သောက်ဖွယ်များ
ကိုရရှိခံစားနိုင်ကြောင်းဆိုပါတယ်။ဒါကပြိတ္တာပါ။အသုရကာယ်ဆိုတာကတော့နတ်တွေလိုရဲရင့်ခြင်း၊
တောက်ပခြင်း၊တင့်တယ်ခြင်းကင်းနေတဲ့သတ္တဝါ၊မှင်စာနတ်သေးနတ်ငယ်၊နတ်စုတ်၊နတ်ပြတ်နတ်မွှားလေး
တွေကိုခေါ်တာပါ။(မရယ်လိုက်နဲ့နော်)။ဒါကအပါယ်လေးဘုံပါ။အဲဒီအပါယ်လေးဘုံကိုရောက်သွားမယ်ဆိုရင်
အတော်ကြောက်စရာကောင်းပါတယ်။ကုသိုလ်ကောင်းမှုတွေပြုလုပ်ခွင့်မရသလိုချမ်းသာခြင်းလည်း
ကင်းပါတယ်။လူဘုံလူလောကမှာကြုံဆုံနေရတဲ့ဒုက္ခများပင်အင်မတန်မှကြောက်စရာကောင်းတယ်ဆိုရင် အပါယ်လေးဘုံသားများကြုံဆုံနေရတဲ့ဘေးဒုက္ခများဟာလူ့လောကကဒုက္ခများထက်အဆ
ပေါင်းမြောက်များစွာသာလွန်နေပါတယ်။အပါယ်လေးပါးမှလွတ်မြောက်စေနိုင်သောကုသိုလ်(၇)မျိုး
(၁)။သရဏဂုံကုသိုလ်။ဘုရား၊တရား၊သံဃာတော်များရဲ့ဂုဏ်များကိုမိရိုးဖလာဗုဒ္ဓဘာသာလိုမကိုးကွယ် မဆည်းကပ်ပဲတကယ့်စစ်မှန်သောခိုင်မြဲသောသဒ္ဓါ၊ပညာဦးစီးတဲ့စိတ်ထားနဲ့ကြည်ညိုခြင်းလို့ဆိုတဲ့ (သရဏဂုံကုသိုလ်)။အဲဒီကုသိုလ်မျိုးရှိထားရင်အပါယ်လေးပါးကလွတ်မြောက်ပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေအပါယ်လေးပါးကလွန်မြောက်သလိုဒီကုသိုလ်လေးရှိထားရင်
သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)
(၂)။ငါးပါးသီလမြဲခြင်း(ပဉ္စသီလကုသိုလ်)။ငါးပါးသီလမြဲတဲ့ပုဂ္ဂိုလ်ဟာလည်းအပါယ်လေးပါးက
လွတ်မြောက်ပါတယ်။(သောတာပန်ပုဂ္ဂိုလ်တွေအပါယ်လေးပါးကလွတ်မြောက်သလိုဒီကုသိုလ်လေး
ရှိထားရင်သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)
(၃)။စာရေးတံမဲချခြင်းကုသိုလ်။ဆိုလိုတာကဦးဇင်းတို့ဗုဒ္ဓဘာသာများသီတင်းကျွတ်ကာလမှာဆိုရင်
ကျောင်းတိုက်များမှသံဃာများကိုမဲချပြီးကျတဲ့သံဃာတော်ကိုဆွမ်းစတဲ့လှူဘွယ်ပစ္စည်းများကို
ပေးလှူတဲ့ကုသိုလ်မျိုးပါ။ကထိန်ရာသီမှာဆိုရင်ပဒေသာပင်များလှူဒါန်းတဲ့ကုသိုလ်ပါ။မိမိလှူလိုက်တဲ့
ပစ္စည်းဝတ္ထုများကိုမဲပေါက်တဲ့ကျောင်းတိုက်ကသံဃာတော်များကိုကပ်လှူခြင်းဖြစ်ပါတယ်။ မိမိလှူလိုက်ပြီဆိုတည်းကပုဂ္ဂိုလ်ကိုမငဲ့ကွက်ပဲ(ဆိုလိုတာကငါနဲ့သိတဲ့ဦးဇင်းအတွက်ငါတို့ကိုးကွယ်
နေတဲ့ကျောင်းအတွက်)ဆိုပြီးပုဂ္ဂိုလ်ကိုမငဲ့ပဲကျရာသံဃာတော်တွေချမ်းချမ်းသာသာသုံးဆောင်
မှီဝဲစေလိုတဲ့အတွက်သံဃာ့ဂုဏ်ကိုရည်မှန်းပြီးလှူဒါန်းတဲ့အလှူမျိုးကိုခေါ်မယ်ဆိုရင်ခေါ်လို့ရပါတယ်။ ဒါကိုစာရေးတံဆွမ်းဝတ်လို့ခေါ်တာပါ။အလွယ်မှတ်ချင်ရင်စာရေးတံမဲချတဲ့ကုသိုလ်လို့မှတ်လိုက်ပါ။ အဲဒီကုသိုလ်ဟာအင်မတန်မှပြုရလွယ်ပြီးအကုန်အကျနည်းပေမယ့်ရလိုက်တဲ့အကျိုးတရားကတော့ အပါယ်လေးပါးကတောင်လွတ်မြောက်တယ်ဆိုတော့အင်မတန်ကိုမှအကျိုးကျေးဇူးများပါတယ်။ ဒီကုသိုလ်များဟာတကယ်ဘုန်းရှင်ကံရှင်များဖြစ်တဲ့ဗုဒ္ဓဘာသာဝင်များသာပြုလုပ်ခွင့်ရတဲ့ဒါနမျိုးပါ။ ဗုဒ္ဓဘာသာဖြစ်ရတာအင်မတန်ကျေနပ်စရာကောင်းပါတယ်။(သောတာပန်ပုဂ္ဂိုလ်တွေအပါယ်လေးပါးက
လွန်မြောက်သလိုဒီကုသိုလ်လေးရှိထားရင်သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)
(၄)ပက္ခိယဘတ်လို့ခေါ်တဲ့ကုသိုလ်ပါ။ရှင်းအောင်ပြောမယ်ဆိုရင်မိမိတို့ကိုးကွယ်နေတဲ့ကျောင်းတိုက်များ
ကိုတစ်လဆွမ်းတစ်ချိုင့်ဖြစ်စေ၊တစ်လဆွမ်းနှစ်ချိုင့်ဖြစ်စေလှူတဲ့အလှူကိုခေါ်တာပါ။လဆန်းပက္ခမှာလှူရင် လဆန်းပက္ခဆွမ်းပေါ့၊လဆုတ်မှာလှူရင်လဆုတ်ပက္ခဆွမ်းလို့ခေါ်တာပါ။အဲဒီလိုတစ်လကိုနှစ်ကြိမ်ဖြစ်စေ၊ တစ်ကြိမ်ဖြစ်စေလှူတဲ့အလှူဒါနမျိုးကို(ပက္ခိယဘတ္တ)ကုသိုလ်လို့ခေါ်ပါတယ်။ဒီကုသိုလ်လေးက
ငွေကုန်ကျေးကျလည်းနည်းပါတယ်။ပင်ပန်းမှုလည်းမကြီးလေးပဲရလိုက်တဲ့ကုသိုလ်ကအပါယ်လေးပါး
လွတ်မြောက်တဲ့အထိအကျိုးကျေးဇူးများပါတယ်။ဒီကုသိုလ်ကိုလည်းအသက်ထက်ဆုံးပြုလုပ်ပါလို့ တိုက်တွန်းလိုတာပါ။(သောတာပန်ပုဂ္ဂိုလ်တွေအပါယ်လေးပါးကလွန်မြောက်သလိုဒီကုသိုလ်လေးရှိထားရင်
သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)
(၅)။ ဝေဿဝါသိကကုသိုလ်ပါ။ဗမာလိုရှင်းရှင်းပြောရင်ဝါဆိုသင်္ကန်းကပ်လှူတဲ့ကုသိုလ်ပါ။နှစ်စဉ်နှစ်တိုင်း ဝါဆိုဝါကပ်တော်မူကြတဲ့သံဃာတော်အရှင်မြတ်များကိုနှစ်စဉ်နှစ်တိုင်းဝါဆိုသင်္ကန်းကပ်လှူမယ်ဆိုရင်
(မှတ်ချက်မိမိတတ်နိုင်သလောက်ပေါ့နော်တစ်စုံတတ်နိုင်ရင်တစ်စုံ။နှစ်စုံတတ်နိုင်ရင်နှစ်စုံပေါ့) အဲဒီကုသိုလ်ဟာလည်းပြုလုပ်လိုက်တဲ့ကုသိုလ်လေးကသေးပေမယ့်ရလိုက်တဲ့အကျိုးက အပါယ်လေးပါးကတောင်လွတ်မြောက်ခြင်းဆိုတဲ့အကျိုးမျိုးကိုခံစားရတာပါ။သောတာပန်ပုဂ္ဂိုလ်နဲ့ အလားသဏ္ဍန်တူတယ်လို့ဆိုပါတယ်။သောတာပန်ပုဂ္ဂိုလ်ဟာအပါယ်လေးပါးကလွတ်မြောက်သလို ဒီကုသိုလ်ကိုနှစ်စဉ်နှစ်တိုင်းလုပ်သွားမယ်ဆိုရင်စိတ်သာချပါ။အပါယ်လေးပါးကလွတ်မြောက်ပါတယ်။
(၆)။ ဧကောအာဝါသောဆိုတဲ့ကုသိုလ်ပါ။ဆိုလိုတာကကျောင်းတစ်ဆောင်ဖြစ်စေ၊ဇရပ်တစ်ဆောင်ဖြစ်စေ လှူဒါန်းတဲ့အလှူဒါနကိုဆိုလိုခြင်းဖြစ်ပါတယ်။ကျောင်းတစ်ဆောင်လုံးတပည့်တော်တို့မတတ်နိုင်ပါဘူး
ဘုရားဆိုရင်တော့တစ်ဆောင်လုံးမတတ်နိုင်ရင်တတ်နိုင်သလောက်လှူပါလို့ပြောချင်ပါတယ်။ အဓိကကျောင်းဆောက်တဲ့ကုသိုလ်ထဲမှာမိမိရဲ့ဒါနပါဖို့သာအရေးကြီးပါတယ်။အဲဒီကုသိုလ်ဟာလည်း ကျန်တဲ့ကောင်းကျိုးချမ်းသာကိုမပြောလိုတော့ပါဘူး။အပါယ်လေးပါးကလွတ်မြောက်ခြင်းဆိုတဲ့ အဆင့်မြင့်တဲ့အကျိုးကိုပဲပြောချင်ပါတယ်။အဲလိုကျောင်းတစ်ဆောင်၊ဒါမှမဟုတ်တတ်နိုင်သလောက်
လှူဒါန်းလိုက်မယ်ဆိုရင်အပါယ်လေးပါးကလွတ်မြောက်ပါတယ်။သောတာပန်ပုဂ္ဂိုလ်နဲ့အလားတူဖြစ်ပါတယ်။ ဒီကုသိုလ်ကိုလည်းတတ်နိုင်သလောက်လှူဒါန်းပါလို့ပြောပြအသိပေးပါတယ်။
(၇)ဧကာပေါက္ခရဏီတဲ့။ဆိုလိုတာကရေတွင်းရေကန်များကိုတူးဖော်ခြင်း၊လှူဒါန်းခြင်း၊
ရေတွင်းရေကန်အဟောင်းများကိုပြုပြင်လှူဒါန်းခြင်းဆိုတဲ့ကုသိုလ်မျိုးပါ။အဲလောက်ထိမလုပ်နိုင်သေးဘူး
ဘုရားဆိုရင်မိမိအိမ်ရှေ့မှာဖြစ်စေ၊လမ်းထောင့်တစ်နေရာရာမှာဖြစ်စေရေအိုးစင်လေးဆောက်ပြီး
သောက်ရေအိုးလေးတည်ထားမယ်ဆိုရင်လည်းရပါတယ်။အဲလောက်ထိမလုပ်နိုင်ဘူးဆိုရင်အောက်ထစ်ဆုံး
ရေသန့်ဗူးလေးကိုတည်ထားပြီးခရီးသွားရဟန်း၊ရှင်၊လူများသောက်သုံးဖို့တည်ထားမယ်ဆိုရင်လည်း အဲဒီဒါနဟာငွေကြေးနဲ့တိုင်းတာမယ်ဆိုရင်သေးပေမယ့်ရလိုက်တဲ့အကျိုးကအပါယ်လေးပါးလွတ်မြောက်တဲ့
အထိတန်ဘိုးလည်းကြီးအကျိုးလည်းများပါတယ်။သောတာပန်ပုဂ္ဂိုလ်များနဲ့အလားတူဖြစ်တာပါ။ဒါဖြင့်ရင် အားလုံးသောဒကာ၊ဒကာမများဆိုခဲ့ကုသိုလ်(၇)မျိုးထဲကတစ်မျိုးကိုဖြစ်စေ၊နှစ်မျိုးကိုဖြစ်စေ၊(၇)မျိုးလုံးကို
ဖြစ်စေအမြဲဝတ်ထားပြီးပြုလုပ်မယ်ဆိုရင်မြတ်စွာဘုရားကသောတာပန်ပုဂ္ဂိုလ်နှင့်အလားတူပါတယ်၊
သောတာပန်ပုဂ္ဂိုလ်များအပါယ်လေးပါးကလွတ်မြောက်သလိုအဲဒီကုသိုလ်များကိုအမြဲပြုလုပ်တဲ့ ပုဂ္ဂိုလ်များလည်းအပါယ်လေးပါးကလွတ်မြောက်ပါတယ်လို့သေသေချာချာဟောထားခဲ့တာပါ။     တစ်ကြိမ်လောက်လုပ်ပြီးအပါယ်လေးပါးကလွတ်မြောက်ချင်လို့တော့မရဘူးနော်၊(နိဗဒ္ဓ)ဆိုတဲ့ပါဠိက
ပါနေတော့အမြဲဝတ်ထားပြီးပြုလုပ်ရမယ်လို့ပြောတာပါ။ဝါဆိုသင်္ကန်းဆိုလည်းနှစ်စဉ်၊စာရေးတံမဲဆိုရင်လည်း
နှစ်စဉ်၊ဆွမ်းချိုင့်ဆိုရင်လည်းလစဉ်၊ရေအိုးစင်ဆိုရင်လည်းနေ့စဉ်နေ့တိုင်းပေါ့။ရတနာသုံးပါးကိုလည်း အသက်ထက်ဆုံးကိုးကွယ်ဆည်းကပ်ရမယ်။ငါးပါးသီလကိုလည်းအတတ်နိုင်ဆုံးစောင့်ထိန်းမယ်ဆိုရင် အပါယ်လေးပါးကလွတ်မြောက်ပါတယ်လို့တိုက်တွန်းအသိပေးချင်တာပါ။အားလုံးသောဒကာ၊ဒကာမများ မိမိနှင့်ပတ်သတ်တဲ့ဆွေမျိုး မိတ်ဆွေအပေါင်းသင်းများကိုလည်းဒီကုသိုလ်(၇)ချက်ကို တစ်ဆင့်ပြောပြပေးပါလို့တိုက်တွန်းချင်ပါတယ်။ပြီးတော့မိမိကိုယ်တိုင်လည်းတတ်နိုင်သလောက် တစ်မျိုးကိုဖြစ်စေ၊နှစ်မျိုးကိုဖြစ်စေ၊(၇)မျိုးလုံးကိုဖြစ်စေဝတ်ထားပြီးအားထုတ်ပါလို့တိုက်တွန်းလိုက်ရပါတယ်။
                         အားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ၊                                           
 သာသနာတော်အကျိုးကိုလည်း ဆောင်ရွတ်နိုင်တဲ့သာသနာပြု အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများဖြစ်ကြပါစေ။ အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်) (အပါယ်လေးပါးကလွတ်မြောက်ပါတယ် )
 by Ashin Vimalavamsa (အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)
Wednesday, February 6, 2013
ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ဆုံးမစာများ
၁။ ရေကန်၌ မှော်ကိုဖယ်၍ သောက်ရေခတ်ရသည်။
၂။ မသူတော်၌ အပြစ်ဖယ်၍ ဂုဏ်တော်ရှာရသည်။
၃။ တုံးကံတား လျှောက်စဉ် အရပ်တပါးမကြည့်နှင့် ချောက်သို့ကျလိမ့်မယ်။
၎။ သံသရာတံတား လျှောက်စဉ် သူတစ်ပါးအပြစ်မကြည့်နှင့် သံသရာချောက်သို့ ကျလိမ့်မည်။
၅။ ရိုသေစွာခစားလျှင် မင်းခစားပင် မင်းကို နိုင်သည်။
၆။ ကျင့်ဝတ်အချွတ်လျှင် တပည့်ပင် ဆရာကို နိုင်သည်။
၇။ မြင်းနိုင်လို ဇက်ဆွဲ၊ လှေနိုင်လို တက်စွဲ၊ ဆရာနိုင်လို ကျင့်ဝတ်ရိုသေမြဲ။
၈။ ပန်းပဲဆရာ အထုမခံရသော သံတုံးသည် လက်နက်မဖြစ်။
၉။ ကျောက်ဆစ်ဆရာ အဖြတ်မခံရသော ကျောက်တုံး အရုပ်မဖြစ်။
၁၀။ ဆရာကောင်းအဆုံးအမ မခံရသောတပည့် သူကောင်းမဖြစ်။
၁၁။ သစ်ပင်ကြီးသည် ခုတ်လှဲသူကို မလဲမချင်း အရိပ်ဖြင့် အေးစေ၏။
၁၂။ နံ့သာတုံးသည် မီးရို့သူကို မကျွမ်းမချင်း အနံ့ဖြင့် မွှေးစေ၏။
၁၃။ သူတော်ကောင်းသည် ညှဉ်းဆဲသူကို သော်လည်း မသေမချင်း အကျိုးဆောင်၏။
၁၄။ တုတ် ဓားကိုင်လျှင် ခွေးဟောင်သည်၊ အစာကြွေးလျှင် အမြီးနှံ့သည်၊ ထို့ကြောင့် တုတ်ဓား 
အားမကိုးကြနှင့်။
၁၅။ တရားဟောတတ်လျင် အကျင့်တန်လျှင် မျောက်အုန်းသီးရသည်နှင့် တူ၏။
၁၆။ ဗဟုသုတရှိလျက် သီလမရှိလျှင် ရေမတည်သောကန်နှင့် တူ၏။
၁၇။ ပညာရှိလျက် သီလမရှိလျှင် အသီးမချိုသော သစ်ပင်နှင့်တူ၏။
၁၈။ ကျမ်းဂန်တက်လျက် သီလမရှိလျှင် အဆိပ်သီးပင်နှင့်တူ၏။
၁၉။ မသူတော်ကား လာဘ်ရဖို့ကြံသည်။ သူတော်ကောင်းကား တရားရဖို့ကြံသည်။
၂၀။ ပညာမှီ၍ မာန်တက်လျှင် ထိုပညာသည် ရွံဖွယ်တည်း။
၂၁။ စာတတ်လျက် မိမိကိုယ်ကို မဆုံးမလျှင် ထိုစာ ငရဲရိက္ခာတည်း။
၂၂။ သရက်ပင်ငယ် အသီးကြွယ်လျှင် ကျိုးပဲ့တတ်သည်၊ ကြိုးဆွဲ၍ ဂွထောက်ရမည်။
၂၃။ ရဟန်းငယ်ငယ်၊ ဂုဏ်ထူးကြွယ်လျှင် ကျိုးပဲ့တတ်သည်၊ သီလကြိုးဆွဲ၍ သမာဓိဂွ ထောက်ရမည်။
                                                                       မိုးနှင်းဖြူမှကူးယူတင်ပြပါသည်
ကျည်းကန်ရှင်ကြီး၏ ဆုံးမစာများ ...
၁။ ကံကြမ္မာမြှောက်စားမှ စီးပွားဖြစ်သည်။
၂။ အတတ်မျိုးစုံမှ ကံပေးသည်။
၃။ ပညာရှာ မာန်သာနှိမ့်ချထား။
၎။ သီလရှာ ကိုယ်သာလွန်ကြိုးစား။
၅။ သုတရှာ ပမာ သူဖုန်းစား။
၆။ ဥာဏ်ရှိမှ ဟုတ်ရာမြင်သည်။
၇။ ကံရှိမှ ဥစ္စာတင်သည်။
၈။ တရားကျမ်းလာ တတ်ပါသော်လည်း အသာအယာ ပြောဆိုတတ်မှ ပညာရှိ လက္ခာဏာ ရောက်မည်။
၉။ ပညာရှိသော်လည်း ဂတိလေးပါးသို့ မကပ်ဘဲ ဓမ္မသတ်နှင့် တည့်မတ်အောင် ဆုံးဖြတ်မှ လူနတ်သာဓု ခေါ်မည်။
၁၀။ တည်ကြည်ဖြောင့်မတ်မှ မကောင်းမှု ကင်းမည်။
                                                        မိုးနှင်းဖြူမှကူးယူတင်ပြပါသည်
Friday, January 18, 2013
ဆရာတော်ဦးဇောတိက၏ သိစရာ၊ တွေးစရာများ
၁။ပစ္စည်းဥစ္စာဆုံးရှုံးခြင်း၊ရာထူးဆုံးရှုံးခြင်းစတာတွေဟာအကြီးမားဆုံးဆုံးရှုံးမှုမဟုတ်သေးပါဘူး၊ ကိုယ့်ရင်ထဲကအမြင့်မြတ်ဆုံးစိတ်ထားဆုံးရှုံးသွားတာကမှသာအကြီးမားဆုံးဆုံးရှုံးမှုဖြစ်တယ်။
၂။ တန်ဖိုးအရှိဆုံးအရာဆိုတာမျက်လုံးနဲ့မမြင်ရဘူး။
၃။ ခွင့်လွှတ်ခြင်းသည်စိတ်ကျန်းမာရေးနှင့်ပျာ်ရွှင်မှုအတွက်အလွန်အရေးပါသောအချက်ဖြစ်သည်။
၎။သူတစ်ပါးပြောတာကိုစိတ်ပါလက်ပါအာရုံစိုက်ပြီးနားထောင်ခြင်းဖြင့်သူ့အပေါ်သင့်ရဲ့ ချစ်ခင်လေးစားမှုကို ပြရာရောက်ပါတယ်။
၅။စိတ်ကျေနပ်မှုအစစ်ဆိုသည်မှာအားလုံးအတွက်အကျိုးရှိသော၊တန်ဖိုးရှိသောအလုပ်ကိုသစ္စာရှိရှိ ရိုးရိုးသားသားလုပ်ပြီးမှ ရနိုင်ပါတယ်။
ကိုယ်ကျိုးသက်သက်ရှိတဲ့အလုပ်မျိုးကို လုပ်နေရုံနဲ့ မရနိုင်ပါဘူး။
၆။ပါးစပ်ကဘာပြောပြောနောက်ဆုံးမှာသဘောထားကပဲအဆုံးအဖြတ်ပေးပါတယ်။ပါစပ်ကညာလို့ရတယ်၊ သဘောထားက ညာလို့မရဘူး။
၇။ချစ်စရာကောင်းတာလည်းသဘောထားကြောင့်ပဲ။ဘ၀မှာရေရှည်အဆင်ပြေဖို့အရေးကြီးဆုံးက သဘောထားမှန်ဖို့ပါပဲ။
သာမညဆရာတော်ဆုံးမစာ
၁။ အစာနှင်းခိုင်းဝမ်းကိုနိုင်း ၀င်တိုင်းမစားနဲ့။
၂။ နေ့ညချင်းနူန်း ကာလပိုင်း ပျော်တိုင်းမအိပ်နဲ့။
၃။ သူတစ်ပါးကို အမျက်လို ပြင်သို့မထွက်နဲ့။
၎။ သရမ်းမော်ကား နူတ်ထွက်ကြား စကားမကြံနဲ့။
၅။ ပိုက်ဆံအိတ်နဲ့ ပါးစပ်ကို သတိနဲ့ဖွင့်ပါ ။
၆။ နေလိုတောက်ပတုန်းက မမောက်မာခဲ့ရင် ၀မ်းလိုခြောက်သွေ့သော်လည်း ကြောက်စရာမရှိပါ။
၇။ ဘ၀ဆိုတာ တိုက်ပွဲတစ်ခု ဘ၀င်မမြင့်ပါနဲ့။
၈။ ဘ၀ကိုသာ ပြုပ်ပါ ကျွေးသောလက်ကိုမကိုက်ပါနဲ့။
၉။ ထမင်းကျွေးသောအလုပ်မှာ တာဝန်ကျေပါ။
၁၀။ မိတ်ဆွေသူပြုံးနေသည် အကြွေးယူတော့မည် ။
ကျေးဇူးတော်ရှင် ဆရာတော်ကြီး အရှင်ဇနကဘိဝံသ၏ သီလနှင့်ဆက်နွယ်သော သြ၀ါဒများ
၁။အချင်းချင်းမတ္တာနဲ့နေကြ၊၀ိုင်းဝန်းကူညီကြပါ။ငါးပါးသီလလုံခြုံအောင်နကြပါ။ဘုရားရှိခိုးကြတာလဲ သြကာသသြကာသနဲ့တင်မပြီးကြနဲ့။တကယ့်ဗုဒ္ဓအစစ်၊ဘုရားအစစ်ကိုမှန်းပြီးအာရုံပြုကြပါ။ ဘုရားဂုဏ်တော်တွေကိုအာရုံပြုကြပါ။ကမ္ဘာသူကမ္ဘာသားဝေနေယျသတ္တ၀ါတွေကိုကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေလို့ အမြဲမတ္တာနဲ့သစ္စာရှိရှိနကြပါ။
၂။တရားသာအားထုတ်ကြတယ်။သီလတောင်မရှိကြဘူး။သီလမရှိတော့တရားအားထုတ်တာမသန့်ရှင်းဘူး။ တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေဟာရှးဦးစွာသီလရှိရမယ်။ဒါမှတရားအားထုတ်တဲ့အခါမိမိရဲ့စိတ်သန့်ရှင်းတယ်။ ဒါမှတရားမှန်တယ်။ဒီလိုမှရှးဦးစွာသီလမရှိရင်တရားအားထုတ်တော့မသန့်ရှင်းဘူး။နည်းလမ်းမကျဘူး။
၃။သီလရှိသူဟာသူကိုယ်တိုင်ကစင်ကြယ်နေလို့စိတ်တောင့်တတိုင်းပီးစီးနိုင်ပါတယ်။ဒါကြောင့် ပစ္စည်းလေးပါးပါများလိုရင်၊ချစ်ခင်လေးစားကျာ်ကြားလိုရင်သီလကိုသာ မကျိုးမပေါက်အောင်စာင့်ထိန်းကြပါ။
၎။သီလစောင့်ထိန်းရတဲ့ကျးဇူးတွေဟာပြောပြလို့မကုန်နိုင်ပါ။နာက်ဆုံးနိဗ္ဗာန်ထိအောင် တင်ပို့နိုင်ပါတယ်။သြေဇာကောင်းမွန်တဲ့လယ်ယာခံမြေမှာဘယ်လိုအသီးနှံမဆိုဖစ်ထွန်းနိုင်သလို ကန့်သတ်လို့ရဘူး။
၅။အးမြကြည်လင်သန့်ရှင်းစင်ကြယ်တဲ့စိတ်နှလုံးကောင်းနဲ့ပြောဆို၊လုပ်ကိုင်နေသူရဲ့နာက်မှာ ချမ်းသာအမျိုးမျိုးဟာအရိပ်ပမာလိုက်နေကြပါတယ်။
ရှင်မဟာသီလ၀ံသ တိလောကဟု ဆုံးမစာများ
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
(၁)တိလောကဟု၊မရနိုင်းတူ၊ဘက်မပြူသည့်၊သုံးဆူရတနာ၊မာတာပိတ၊ဆရာစသား၊အရှင်များကို၊
ပစ်မှားမဆို၊ရိုသေကြစေ၊သာမဏေက၊သူငယ်စသား၊တပည့်များတို့မှတ်သားကြပ်ကြပ်၊မပြတ်သို့ပင်၊ ဆုံးမသင်သည်၊ ၀မ်းတွင်းအမြဲသွတ်။
(၂)ကယောက်ကယက်ကျက်ကျက်ပျောက်ပျောက်၊စားသောက်အိပ်နေ၊မရှိစေနှင့်၊သသေသပ်သပ်၊ စိတ်ယူစွဲ၍ အမြဲမှတ်။
(၃) ဆရာသမား၊ မိဘအားကို၊ နိုးကြားမပြတ်၊ မျက်သစ်တံပူ၊ လုံ့လကူသည်၊ ယူ၍မပြတ်၊ နေ့တိုင်းကပ်။
(၄)ဘုရားခြေရင်း၊ကျာင်းအသင်းတွင်၊မက်သစ်ပင်ကို၊မင်လျှင်မဖွယ်၊မတင့်တယ်သော်၊လယ်၍မပြတ်၊ တံမြက်ခတ်။
(၅)သုံးဆောင်ရေနှင့်၊သာက်ရေအိုးတွင်၊ရနည်းမြင်သော်၊ ခေါ်ငင်ညီညွတ်သွား၍ခပ်။
(၆)ရခပ်သွားလည်းကစား၍သာမနေနှင့်၊ကစား၍သာ၊ ရေမှာကြာသော်၊ သဲဒဏ်ရေဒဏ်၊ ပေးရန်မှန်သည်၊ ခံမည်သာကြံတော့ မင်းတို့ကျော။
ဆရာတော်ဦးဗုဓ် ၀ိဟိဝိနယ ဆုံးမစာများ
“သိင်္ဂါလောဝါဒသုတ်ထွက် ကျင့်ဝတ်များ”
တွင်ပါသောကျင့်ဝတ်များသည်ဆရာတော်ဦးဗုဓ်၏၀ိဟိဝိနယ ဆုံးမစာများဖြစ်ပါသည်။ကျန်ရှိသောကျင့်ဝတ်များကိုဤနေရာဝိဟိဝိနယ ဆုံးမစာ၌ ဖြည့်စွက်ထည့်သွင်းလိုက်ပါသည်။
အကျဉ်းပြဥဒ္ဒေသ
(၁)သူ့သက်သတ်က၊စသည့်လိမ်ကျံ၊ကံကိလေသာ၊လးဖြာပယ်ဘိ၊အဂတိဟု၊မပြုလေးဖြာ၊ ဥစ္စာကုန်ပျောက်၊သသောက်ခြင်းက၊စသည့်ခြောက်လီ၊မမှီဝဲမူ၊ဆယ့်လေးခုမူ၊ ပြုကြ ကင်းလပ်၊ ခြောက်ရပ် မျက်နှာ၊ ဖုံးလွှမ်းကာလျှင်။  ။ သေခါနတ်ပြည် ရောက်လိမ့်မည်။
(၂)ချစ်မုန်းကြောက်ထွေ၊ တွေဝေသော့အား၊ လွန်ကျူးမှားသော်။   ။မပွားလရောင် ဆုတ်ယောင်သောဝ်။
(၃)ချစ်မုန်းကြောက်ထွေ၊ တွေဝေသော့အား၊ မလွန်ငြားသော်။   ။တိုးပွားလရောင် ပြည့်ယောင်သောဝ်။
(၄)မွးတုံမွေးပြု၊ ဆောင်မူကြီးငယ်၊ မျိုးနွယ်တည်စေ၊ မွေထိုက်ကျင့်ဟန်၊ သေလွန်ကောင်းမူ၊ ပြု၍ဝေငြား။
(၅)မကောင်းမြစ်ထာ၊ကာင်းရာသွင်းပေ၊သင်စေအတတ်၊လျာက်ပတ်မယား၊ထိမ်းမြားချိန်ခါ၊ ဥစ္စာအတတ်၊လျာက်ပတ်မယား၊ထိမ်းမြားချိန်ခါ၊ဥစ္စာအမွေချိန်တန်ဝေးသည်။ ။ငါးထွေမိဘ-ကျင့်ဝတ်တည်း။
ရှင်မဟာရဋ္ဌသာရ လက်သစ်တောင်တာ ဆုံးမစာများ
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
(၁)လက်သစ်တောင်တာ၊ယူဇနာပေါင်း၊တာပြန်လောင်းသော်၊ရှစ်သောင်းလေးထောင်၊အမြင့်ဆောင်သား၊
တာင်မြင်းမိုရ်ရှိ၊ဂုဏ်ကြီးဘိသည်၊ မွေးမိဖခင်၊ ကျေးဇူးရှင်နှင့်၊ ထို့ပြင်တခြား၊ ဘိုးနှင့်ဘွားကို၊ ဘုရားတစ်ဆူ၊ ဂူတစ်လုံးသွင်၊ စိတ်က ထပ်လျက်၊ ဦးတင်လက်ထား၊ အစား အ၀တ်၊ မလွတ်စေရ၊ ရေပူ ရေအေး၊ လိုရာပေး၍၊ကျွးမွေးကြပေ၊တထွေမှတ်သား၊အခါးအချို၊သူတို့ဆိုလည်း၊ဘိုးဘွားမိဘ၊ ဆရာစသည်၊ ပြသဆိုထွေ မျိုတတ်စေ။
(၂)အစ်ကိုကြီးအား၊ ညီငယ်များလည်း၊ စကားနူတ်ဆက်၊ ဖက်၍မဆို၊ ရိုသေလှစေ၊ ကိုကြီးအစ်မ၊ သည်နှစ်ဝကို၊ မိဘကဲ့သို့ မှတ်ပါလေ။
(၃)ဆွကြီးမျိုးကြီး၊ အဘကြီးနှင့်၊ ဦးရီး သားချင်း၊ ဘထွေးရင်းက၊ ဟူသမျှကိ၊ ဂုဏ၀ုဍ္ဎာ၊ ပစာယနစိတ်က သိစေ၊ ပြစ်မှားမိက မသင့်ချေ။
(၄)ပါက်ဖော်သားချင်း၊ တစ်ဝမ်းတွင်းမှ၊ အရင်းအနှစ်၊ ဖွေစိစစ်၍၊ အပြစ်စုပုံ၊ မခြားတုံသည်၊ အူတုံဖြစ်က၊ ချစ်ကြလေ။
(၅)သတူရှင်ဖက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်းတွင်၊ အခင်းကြီးငယ်၊ ရှိခါဝယ်လည်း၊ မဖယ်မသွေ၊ ညီညာကုန်း၍ ရုန်းကြလေ။