Showing posts with label လူငယ်များအတွက်လေ့လာစရာ. Show all posts
Showing posts with label လူငယ်များအတွက်လေ့လာစရာ. Show all posts

Tuesday, February 4, 2014

ကြောက်ဖို.ကောင်းသောအတွင်းစိတ်



ယခုစာရေးသူသည်အသက်၂၈နှစ်ရှိပေမဲ့လောကတွင်တွေ.ကြုံခဲ့ရသောကျန်းမာရေး၊လူမူရေးနှင့်စီးပွားရေး
ဗဟုသုတမျိုးစုံနှင့်တွေ.ကြုံခဲ့ရပါသည်။ပထမဦးဆုံးအနေဖြင့်လူတယောက်တွင်အရေးကြီးဆုံးမှာကျန်းမာရေး
ဟုဆိုရလိမ့်မည်။ကျန်းမာရေးကောင်းလျှင်စီးပွားရေးကောင်းဖို.ကျိုးစားရမည်စီးပွားရေးကောင်းလျှင်လူမူရေး
ကအလိုလိုကောင်းလာမှာသေချာပါတယ်…ကျန်းမာရေးကောင်းဖို.ဆိုတာလူတယောက်ကပုံမှန်အိပ်ချိန်၊စား
ချိန်၊အနားယူချိန်ဆိုတာလိုအပ်ပါတယ်။မည်သည့်ကိစ္စမဆိုလိုအပ်တာထက်ပိုလုပ်ရင်မကောင်းပါဘူး…ကျွန်တော့်အဖေမိတ်ဆွေတယောက်ဆိုရင်လွန်ခဲ့သော ၁၀ နှစ်လောက်ကကျန်းမာရေး၊စီးပွားရေး၊လူမူရေးဘာ
ဆိုဘာတခုမှမပြောပြနိုင်လောက်အောင်ကောင်းမွန်သူတယောက်ဖြစ်ပါတယ်…ရာထူးကလဲကြီးပဗျာ၊သူတာဝန်ကျသည့်တိုင်း၊ပြည်နယ်များကိုကျွန်တော်တို.သွားလည်သောအခါများတွင်အတိုင်းထက်အလွန်တာဝန်
ကျေခဲ့သောသူ၏မိတ်ဆွေများကိုယနေ.တိုင်မှတ်မိနေပါသေးသည်၊ဒီလိုနဲ.ဟိုပြောင်းလိုက်ဒီပြောင်းလိုက်
တာဝန်ထမ်းဆောင်နေရသောဝန်ထမ်းတယောက်ဖြစ်တာမလို.အသိမိတ်ဆွေတွေကလဲလေလိုပေါလာ
သည်မှာအမှန်ဖြစ်ပေသည်။လူတယောက်ကစနေ၊တနင်္ဂနွေလိုနေ.များတွင်ထမင်းဖိတ်ကျွေးချင်သည်ဆို
ရင်တောင် ၁ လ လောက်ကြိုတင်ချိန်းဆိုရတယ်၊အဲ့ဒီလောက်မိတ်ဆွေအပေါင်းအသင်းပေါများသလိုဥစ္စာ
ဓနလည်းပေါများခဲ့ပါတယ်။တနေ.ကျွန်တော်ကိုယ်တိုင်တောင်အတိအကျမသိတော့တဲ့နေမှာကျွန်တော့်
အဖေ၏မိတ်ဆွေသည်ရာသီဥတုနှင့်သွေးတိုးရောဂါကြောင့်လေရောဂါခံစားလိုက်ရပါတယ်…ထိုရောဂါဖြစ်
ဖြစ်ချင်းတိုင်း၊ပြည်နယ်အသီးသီးတွင်ရှိကြသောသူ၏မိတ်ဆွေများမှာသိသိချင်းပဲလိုက်လာကြပါတယ်။ဒီလို
နဲ.အချိန်အတိုင်းအတာတခုကြာသောအခါမှာရောဂါဝေသနာကြောင့်ရာထူးမှပင်စင်စားဘ၀သို.ရောက်ခဲ့ပါတယ်။ပင်စင်ယူပြီး ၁ နှစ်လောက်ကတော့သူ.မိတ်ဆွေတွေကလာကြသေးတယ်ဗျ…အဘဘယ်သူကိုဘာ
ပြောပေးပါအုံး၊ကူညီပေးနိုင်ရင်လုပ်ပေးပါဦးအဘရယ်ဆိုပြီးတချိန်ကအတိုင်းထက်အလွန်တာဝန်ကျေခဲ့
သောမိတ်ဆွေများကမပြောပြလောက်သောသိတတ်မူအဆင့်သောရောက်သွားခဲ့ပါတယ်…ဒီလိုနဲ.နေရင်း
အချိန်တွေကြာလာတော့ရောဂါကြောင့်ကုသမှုစရိတ်ကုန်တာကတကြောင်း၊အရင်လိုရာထူးမရှိတာကတ
ကြောင်းလူတွေကအလာကျဲသွားခဲ့ပါတယ်…အရင်ကဆိုအရမ်းကိုလူစည်ကားခဲ့တဲ့အိမ်ကြီးမှာလဲမိသားစု
ဝင်နှင့်အလုပ်သမား ၃ ယောက်လောက်တာကျန်ခဲ့ပါတယ်…ခြံထဲမှာအရောင်၊အမျိုးအစားမျိုးစုံရှိသောကား
များမှာလည်းတဖြည်းဖြည်းနည်းလာခဲ့ပါတယ်၊၁လလောက်ရက်ချိန်းပြည့်ခဲ့သောနေ.ရက်များမှာလဲအချိန်
ပြည့်လိုလိုအားလပ်ခဲ့ပါတယ်…ကျွန်တော်ကိုယ်တိုင်ကလဲမရောက်ဖြစ်ခဲ့ပါဘူး…ဒီလိုနဲ.ကျန်းမာရေးကအသင့်သင့်ကောင်းလာသောအခါတလတခေါက်လောက်တော့အရင်ကမိတ်ဆွေတွေနဲ. Golf လေးဘာလေး
တော့ရိုက်ဖြစ်တာပေါ့ဗျာ…၂၀၁၃ နှစ်လည်ပိုင်းလောက်မှာတော့သူကိုတချိန်ကအရမ်းလေးစားသော
မိတ်ဆွေကြီး၏သမီးမင်္ဂလာဆောင်တော့သူကိုဖိတ်တာပေါ့ဗျာ…မဖိတ်ရင်ရိုင်းမှာဆိုးလို.ဖိတ်တာလား၊လေး
စားသမူနဲ.ဖိတ်တာလားတော့မသိဘူး…ဖိတ်တုန်းကတော့အဘမင်္ဂလာပွဲကိုချီးမြင့်ပေးပါဆိုပြီးဖိတ်သွားတယ်
ကျွန်တော်နဲ.ကလဲရင်းနီးနေတော့ဖိတ်စာရခဲ့ပါတယ်…ဒီလိုနဲ.မင်္ဂလာဆောင်ကိုကိုယ့်အစီအစဉ်နဲ.ကိုယ်သွား
ကြတယ်ပေါ့ဗျာ…မင်္ဂလာဆောင်ကမနက်ပိုင်းဖြစ်တာမလို.ကျွန်တော်တို.မိတ်ဆွေအဘကိုသူ.အိမ်က
ယာဉ်မောင်းကလိုက်ပို.ပေးပြီးအပြန်ကိုအဘကမင်္ဂလာဆောင်တဲ့မိန်းကလေးဖခင်ကိုလိုက်ပို.ခိုင်းမယ်လို.ဆို
ပြီးကားကိုအိမ်ပြန်လွတ်လိုက်တယ်ပေါ့ဗျာ…ကျွန်တော်မင်္ဂလာခန်းမထဲရောက်တော့အရမ်းကိုအံသြဖို.
ကောင်းတဲ့မြင်ကွင်းလေးကိုမြင်လိုက်တော့အရမ်းကိုအံသြသွားပါတယ်…ဘာလို.လဲဆိုတော့အဘ..အဘ
လို.တချိန်ကပါးစပ်ဖျားကမချတဲ့လူတစုက VIP ဆိုတဲ့ဝိုင်းတွေမှာထိုင်နေကြတယ်…အဲ့ဒီဝိုင်းမှာခုံတွေလဲ
လွတ်နေပါတယ်…ကျွန်တော်လိုဘာမဟုတ်တဲ့လူကိုတောင်ထိုင်ဖို.ခေါ်တယ်တချိန်ကအဘကိုကြတော့
ဘာလို.မခေါ်တာလဲ?????ကျွှန်တော်ကလဲအားနားတာနဲ.အဘဆိုတဲ့တုတ်ကောက်ကိုင်ဆံပင်အနည်းငယ်
ဖြူပြီးမျက်နှာမကောင်းဖြစ်နေတဲ့သူနဲ.ဘေးကပ်ရပ်ထိုင်လိုက်ပါတယ်….အဘကမျက်ရည်ဝဲပြီးအသံအနည်းငယ်တုန်နေတဲ့အသံနဲ.မင်းဟိုမှာထိုင်လေကွာ…အဘကရတယ်ဟိုနားကဘာဖြစ်လို.ညာဖြစ်လို.နဲ.စိတ်ဖြေ
ပြီးကျွှန်တော်ကိုပြောနေပါတယ်…ရပါတယ်အဘရယ်ကျွှန်တော်လဲအဘနဲ.စကားပြောရတာပေါ့ဆိုပြီးစကားတွေပြောခဲ့ပါတယ်…ဒီလိုနဲ.အခန်းအနားမှုးကမင်္ဂလာအချိန်ကြရောက်ပါသဖြင့်သတို.သား၊သတို.သမီးကို
ပွဲစထွက်လာပါတယ်…ဒီလိုနဲ.တချိန်ကအဘရှေ.ရောက်ရင်မျက်နှာလေးကိုပြုံးနေတဲ့သူကတလမ်းလုံးတော့
ပြုံးနေတာပဲ…အဘနားရောက်မှမျက်နှာကဟိုဘက်ကိုလွှဲလိုက်တယ်…ခံရခက်လိုက်တာဗျာထိုသူကတချိန်ကဘာလဲဆိုတာကျွှန်တော်နဲ.ထိုအဘကအသိဆုံး…တော်တော်ခက်တဲ့သူဗျာကျေးဇူးတရားကိုနားမလည်တဲ့လူ…ဒီလိုနဲ.ကျွှန်တော်ကလူငယ်စိတ်တိုနေတဲ့မျက်နှာနဲ.အဘကားပါလားမေးလိုက်တော့ကားကတခြားသုံးစရာရှိလို.ပြန်သွားတယ်တဲ့….ဒါဆိုကျွှန်တော်လိုက်ပို.ပေးမယ်လို.ဆိုပြီးခဏနေပြီးသူတို.ပြောတဲ့မင်္ဂလာခန်းမကနေထွက်လာခဲ့ပါတယ်…ဒီလိုနဲ.တလမ်းလုံးဘာစကားမှမပြောပဲအင်းယားမြိုင်ထဲကအဘရဲ.တလုံးထဲသာရှိတဲ့အိမ်ကိုလိုက်ပို.ပေးခဲ့ပါတယ်…ထိုအချိန်တွင်အရင်ကကျွှန်တော်ထက်ပိုရင်းနှီးမှုရှိခဲ့သောအဘတပည့်
များကပြုံုးပြတာကလွှဲလို.နေကောင်းးလားလို.တောင်တခွန်းမမေးကြဘူးဗျာ…ကဲထားလိုက်တော့အိမ်ထဲ
ရောက်တော့အဘနေကောင်းအောင်နေဗျာ…ကျန်းမာရေးကအရေးကြီးတယ်တုတ်ကောက်နဲ.အဘကိုကြည့်
ရတာစိတ်မကောင်းဘူးလို.ပြောပြီးအဲ့အိမ်ကနေထွက်လာတော့တချိန်ကအိမ်အနေအထားကိုမြင်ပြီးတနေ
ကုန်စိတ်ထဲမှာအလိုမကျဖြစ်ခဲ့ပါတယ်…ဒီလိုနဲ.အချိန်အတန်ကြာတော့ကျန်းမာရေးမကောင်းတဲ့အဘကကျွှန်တော်ကိုဖုန်းဆက်လို.အိမ်ကိုသွားခဲ့ပါတယ်…အိမ်ရောက်တော့အရမ်းကိုပြုံးပျော်ပြီးတက်ကြွနေတဲ့အဘကို
မြင်လိုက်ရပါတယ်…၀မ်းသာတယ်ဗျာလို.ပြောလိုက်တော့မျက်ရည်ကျလာတဲ့အဘကငါအခုလိုနေကောင်းအောင်ခွန်အားတွေပေးခဲ့တဲ့ဦး…….ဆိုတဲ့သူကြောင့်ပဲကွလို.ပြောပြီးကျွှန်တော်ကိုအဘကတော်ကိုယ်တိုင်ချက်
ကျွေးသောကြက်ဘူးသီး၊၀က်သားကြော်၊ပဲကြီးနှပ်နဲ.မျှင်ငါးပိတောင်းကိုအားရပါးရတီးလိုက်တယ်ဗျာ…
ပြောရမယ်ဆိုရင်လူတယောက်ကဂုဏ်ရှိန်ရာထူးကြီးနေတဲ့အချိန်မှာဘေးကနေတောင်းလိုက်တဲ့အလုပ်
နဲ.တောင်းလိုက်တဲ့အကူအညီမျိုးစုံတွေကိုအမျိုးမျိုးအကူအညီပေးခဲ့ပေမဲ့…တနေ.လုပ်ပေးနိုင်တဲ့အရည်
အချင်းမရှိသောအခါတချိန်ကပြုစုပျိုးထောင်ပေးလိုက်သောလူများကလှည့်တောင်မကြည့်ချင်သောပုံများ
ကတော်တော်တရားရဖို.ကောင်းပါတယ်ဗျာ…အရေးကြီးဆုံးပြောချင်တာကတော့လူတယောက်ကကျန်းမာ
ရေးကောင်းဖို.အရေးကြီးဆုံးပါပဲဗျာ…ကျန်းမာရေးကောင်းရင်စိတ်သွားတိုင်းကိုယ်ပါပြီးအရာရာအောင်မြင်
ပါမယ်လို.ကျွန်တော်ယုံကြည်လိုက်ပါတယ်…လူတိုင်း၊လူတိုင်းကိုလဲကျေးဇူးတရားကိုနားလည်စေချင်ပါ
တယ်….ကျေးဇူးတရားကိုမသိသောသူသည်ခွေးထက်မိုက်သောသူပင်ဖြစ်ပေလိမ့်မည်။   ။

စာရေးသူသည် pro တယောက်မဟုတ်တဲ့အတွက်စာများကိုရေးတဲ့အခါအစီအစဉ်တကျမရှိမှာသေချာပါ
တယ်…စာဖတ်ပရိသတ်အနေဖြင့်နားလည်ပေးပါရန်အထူးအထူးတောင်းပန်ပါတယ်။

Wednesday, January 29, 2014

လူကျပ်တဲ့ဘတ်စ်ကားပေါ်ကထောက်လှမ်းရေးကိစ္စဟာအမျိုးသမီးတွေအတွက်စိတ်အနှောင့်အယှက်ဖြစ်စရာ


Ladies, Beware of Frotteurism! မိန်းကလေး များအတွက် အန္တရာယ် ရှိတဲ့ စိတ်ပိုင်း ဆိုင်ရာ ပြဿနာ ရှိသူတွေ ကတော့ frotteurism လို့ ခေါ်တဲ့ မသိတဲ့ ဆန့်ကျင်ဖက် လိင်ကို ထိတွေ့ ပွတ်သတ် မှုပြုပြီး သာယာမှု ရယူတဲ့ သူတွေပါပဲ။ ဒါဟာ နှာဘူးထ ရုံသာမကပဲ စိတ်ကျန်းမာ ရေး ဆိုင်ရာ ပြဿနာ ဆိုတာ သိသူ နည်းလှ ပါတယ်။ ဒါပေမဲ့ ဒီလို လူမျိုးနဲ့ ပတ်သက်ပြီး မကြုံ ဖူးရင် တောင်မှ ကြားဖူး ပါလိမ့်မယ်။ ရိုးသား စွာဝန်ခံ ရရင် ကျွန်မ အနေနဲ့ ကတော့ စိတ်ပျက် လှပါတယ်။ အင်းလေ ရှင်တို့လဲ သိပါတယ်။

Frotteurism ဆိုတာ လူတစ်ယောက်က လိင်ပိုင်းဆိုင်ရာ သာယာမှုကို သူ့ရဲ့ လိင်အင်္ဂါနဲ့ တခြား တစ်ယောက်နဲ့ ထိတွေ့ ပွတ်တိုက် ပြီးမှ သာ ယာ ပြီးမြောက်မှုကို ရရှိတဲ့ စိတ်ပိုင်း ဆိုင်ရာ စံလွဲမှု ပြဿနာ တစ်ရပ်ပါ။ အထူး သဖြင့် လူအုပ် ကြားထဲမှာ အကျူး လွန်ခံရသူရဲ့ အလိုဆန္ဓ မပါ ဘဲနဲ့ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဘာကို ရည်ညွှန်း သလဲ သတိပြု မိမှာပါ။ မြန်မာပြည်မှာ ဆိုရင်တော့ ဘတ်စ်ကား ပေါ်မှာ ထောက်လှမ်းရေး လုပ်တယ်လို့ အရပ် စကားနဲ့ ပြောကြ ပါတယ်။ ဒါက paraphilia လို့ခေါ်တဲ့ မူမမှန် လိင်စိတ် ရောဂါ ထဲမှာပါဝင် ပါတယ်။  ဒီစိတ် ရောဂါ စုဟာ လိင် စိတ် မြင့်မား တက်ကြွ မှုကို ပုံမှန် အခြေ အနေမှာ မဟုတ်ဘဲ တစ်ဖက်သား (သို့မဟုတ်) ကိုယ်တိုင် အရှက်ကွဲခံ၊ နစ်နာ ထိခိုက်အောင် လုပ်ပြီး ရယူ တတ်တဲ့ စိတ်ရောဂါ ဖြစ်ပါတယ်။ ဒီထိခိုက်ခံ ရသူ တစ်ဖက်သား ကတော့ သိတောင်မှ မသိလိုက် တာမျိုးလည်း ဖြစ်နိုင် ပါတယ်။ စိတ်ရောဂါ သယ်ဆောင် ထားသူတွေက ကလေးတွေ၊ အသက် ငယ်ရွယ် သူတွေ၊ မိန်းမသား တွေကို ပိုပြီး ပစ်မှတ်ထား တိုက်ခိုက် လေ့ရှိ ပါတယ်။ ဒီလူတွေကို Frottage လို့ခေါ်ပါတယ်။ ဒီ Frottage တွေဟာ ဘတ်စ်ကား၊ လူစည်ကား ကျပ်သိပ်တဲ့ နေရာတွေ ဥပမာ ဈေးဝယ် စင်တာ၊ ရှော့ပင်း မောလ်၊ ဓါတ်လှေ ကားတွေ၊ လူသွား လမ်းကျဉ်း လေးတွေ၊ အများ ပြည်သူသုံး ယာဉ်ရထား တွေမှာ လှုပ်ရှား လေ့ရှိပါ တယ်။ ဒီ Frottage တွေရဲ့ ပစ်မှတ်တွေ ကတော့ တခြား တစ်ယောက်ရဲ့ ပေါင်နဲ့ တင်ပါး ပိုင်းတွေကို လိင်အင်္ဂါနဲ့ ထိတွေ့ ပွတ်သတ် ခြင်းဖြစ် ပါတယ်။ တခြား နည်းလမ်း တစ်မျိုး ကတော့ သူတို့ရဲ့ လက်တွေနဲ့ တစ်ပါးသူရဲ့ လိင်အင်္ဂါ ရင်သား စတာ တွေကို ပွတ်သတ် အာသာဖြေ ပါ တယ်။ ဒါက ခံရသူ သားကောင် အတွက် စိတ်ဆင်းရဲ စရာ၊ စိတ်ဒုက္ခ ရောက်စရာ အခြေအနေပါ။

ဒီအကျင့်ဟာ ဆယ်ကျော်သက် အရွယ်မှာ အရွယ် ရောက်မှု ဖြစ်စဉ်နဲ့ အတူ တစ်ပါးသူ မသိအောင် ပွတ်သတ် ပေးပြီး နိုးကြွမှု ဖြစ်လာအောင် လုပ်လို့ရတယ် ဆိုတာ သိရှိသွား ရာမှ စတင် ဖြစ်ပေါ် လာပါတယ်။ ဒီရောဂါ ခံစားရသူ အများစုက ယောက်ျားတွေ ဖြစ်ပြီး မိန်းမတွေက သား ကောင်တွေ ဖြစ်ရလေ့ ရှိပါတယ်။ ဒီအကျင့် ကိုစတင် သူတွေက သူတို့ဟာ သူတို့ သားကောင်ရဲ့ အာရုံစိုက်မှုကို ထိတွေ့စဉ် အတောအတွင်း မှာ ခံစား ရလို့ သာယာမှု ဖြစ်ပေါ် ပါတယ်။ ဒါပေမဲ့ မထိတွေ့ လိုက်ရဘူး ဆိုတာနဲ့ စုံစမ်း စစ်ဆေးမှု ခံရမယ့် အန္တရာယ်ကို သူက သတိရပြီး ထွက် ပြေးဖို့ ကြိုးစား ပါတယ်။ ဒီကိစ္စဟာ ကျပ်ပိတ်သိတ် နေတဲ့ ဘတ်စ်ကား ပေါ်မှာ မြေအောက်ရထား ပေါ်မှာ ဖြစ်ပွား လေ့ရှိပါတယ်။ သတိထား ပြီးကြည့်မယ် ဆိုရင် အဲ့ဒီ လူမျိုးဟာ အဲ့ဒီလို နေရာ အခြေအနေနဲ့ ကြုံလာတဲ့ အခါတိုင်း အဲ့ဒီလို လုပ်ချင်တဲ့ စိတ်ပေါ်နေပြီး နေ့စဉ် လုပ်ဆောင် ဖွယ်ကိစ္စ တွေကိုပါ လွှမ်းမိုး လာပါတယ်။ ဒီလို အခြေ အနေကို တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ နေလို့ မဖြစ်နိုင်တဲ့ ကျပ်ပိတ် ညှပ် နေတဲ့ ဂျပန်က မြေအောက် ရထားတွေမှာ ခဏခဏ တွေ့မြင်ရလေ့ ရှိပါတယ်။ မြန်မာပြည် မှာလဲ ဘတ်စ်ကား ကျပ်တာကို အခွင့်ကောင်း ယူပြီး လှုပ်ရှား ကြတယ်လို့ အခုတလော ကြားလာ နေရပါတယ်။ ဂျပန် မှာတော့ ပို့ဆောင်ရေး ကုမ္ပဏီ တွေနဲ့ လူနေ ကျပ်ပိတ် ထူထပ်တဲ့ နေရာတွေ မှာ သတိထား ကာကွယ်ဖို့ ကြိုးစား နေကြ ပါတယ်။ တချို့ ပို့ဆောင်ရေး ကုမ္ပဏီ တွေက အမျိုးသမီး သီးသန့် ကားတွေကို စတင် မိတ်ဆက် ပြေးဆွဲ ပါတယ်။

စင်ကာပူ နိုင်ငံလို အမျိုး သမီးတွေ အတွက် တင်းကြပ်တဲ့ ဥပဒေ ရှိတဲ့ နေရာတွေ မှာတောင် တစ်ခါတစ်လေ ဖြစ်ပွား မှုတွေ ရှိတာကြောင့် နှစ် သစ် ကြိုဆိုပွဲလို လူပေါင်းစုံ၊ လူမျိုးစုံ လာတဲ့ နေရာ တွေမှာ ကြီးမားတဲ့ ဆိုင်းဘုတ် ကြီးတွေ ထောင်လို့ အမျိုး သမီးတွေကို သတိ ထားစေ ဖို့နဲ့ အတူ သူတို့ နိုင်ငံရဲ့ ပြစ်ဒဏ် တွေကို ဖော်ပြ ထားပါတယ်။ မြန်မာ ပြည်မှာလဲ အမျိုး သမီး အခွင့်အရေး အရေးထားသူ တွေက ၀ီစီတွေ ဝေလို့ မိန်းကလေးတွေကို သတိပေး နှိုးဆော်မှု လုပ်ခဲ့တာ၊ အမျိုးသမီး သီးသန့် ယာဉ်လိုင်းတွေကို ပြေးဆွဲဖို့ ကြိုးစား ခဲ့ပေမယ်လည်း လူဦးရေနဲ့ ပို့ ဆောင် ရေးဟာ မမျှတ တာမို့ သိသိသာသာ မအောင်မြင် ခဲ့ပါဘူး။ ဒီ frotteurism ဆိုတဲ့ စိတ်ရောဂါ ပြဿနာ ရှိသူတွေဟာ သူတို့ စိတ်မှာ ပြ ဿနာ ဖြစ်နေတာ စိတ်ဝေဒနာ တစ်မျိုး ဆိုတာ မသိတဲ့ ဒါမှမဟုတ် လက်မခံ နိုင်တဲ့ အတွက် စိတ်ရောဂါကု ဆရာဝန်၊ စိတ်ပိုင်း ဆိုင်ရာ ဆွေး နွေး တိုင်ပင်သူ တွေလို professional တွေရဲ့ အကူအညီကို ယူလေ့ မရှိပါဘူး။ သူတို့မှ  မဟုတ် ပါဘူး။ ပြည်သူလူထု အတွင်းမှာလဲ ဒါဟာ စိတ် ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့တဲ့လို့ ဖြစ်တဲ့ အမူအကျင့် ပြဿနာ တစ်မျိုးပဲ ဆိုတာ သိရှိသူ နည်းလှပါတယ်။ တချို့နိုင်ငံ တွေမှာ ဒီလူမျိုး တွေက အတိုင်ခံ ရလို့ တရားခံ အဖြစ် ရောက်လာ တဲ့အခါ တရားရုံးရဲ့ ညွှန်ကြားမှုနဲ့ စိတ်ရောဂါ ကုသရေး ဆေးရုံတွေကို လွှဲပေးလေ့ ရှိပါ တယ်။

ရောဂါ နာမည်တပ်ဖို့ အတွက်ကို ဒီအကျင့် ရှိသူကို စိတ်ရောဂါကု ဆရာဝန် တွေလို စိတ်ပိုင်းဆိုင်ရာ ဆွေးနွေး တိုင်ပင်သူ တွေလို profes sional တွေက အင်တာဗျူး လုပ်ရပါတယ်။ သူတို့မှာ ဒီလို သူတစ်ပါးကို ထိတွေ့ရမှ ကျေနပ်မှု ရတယ် ဆိုတာကို သတိပြု မိအောင် ဖော်ထုတ် ရပါတယ်။ ဒါမှ စစ်ချက် ရယူနိုင် မှာမို့ပါ။ ဒီစိတ်ပိုင်း ဆိုင်ရာ ပြဿနာကို ရောဂါအမည် တပ်ပြီး တာတောင် ဘာလို့ ဒီလို ဖြစ်တာလဲ ဆိုတာက အကြောင်း အရင်းကို ဖော်ထုတ် နိုင်ဖို့ ခဲယဉ်း ပါတယ်။ တချို့ အခြေအနေ တွေမှာ ဝေဒနာရှင် ကိုသာမက ကျူးလွန်ခံရသူ သားကောင်နဲ့ ဘေးနားက မျက်မြင် သက်သေ တွေကို အင်တာဗျူး ရလေ့ ရှိပါတယ်။ ကုသမှု ကတော့ ဒီစိတ်ပိုင်း ဆိုင်ရာ ပြဿနာ လူနာဆီမှာ ဘာကြောင့် ဖြစ်လာတဲ့ ဆိုတဲ့ အကြောင်း အရင်းကို အဖြေရှာလို့ ဖော်ထုတ်ရင်း အပြုအမှုကို ထိန်းသိမ်းဖို့ စိတ်ပိုင်း ဆိုင်ရာ ကုသမှု တွေကို ပေးပါတယ်။ frotteur လူနာ အနေနဲ့ ဒီလို စိတ်ခံစားမှု ဖြစ်ပေါ်စေ နိုင်တဲ့ အခြေအနေ မျိုးမှာ ကိုယ့်အတွင်းပိုင်း စိတ်တုံ့ပြန်မှု impulse ကိုထိန်းသိမ်းပြီး တခြား သူ တစ်ယောက်ကို ထိတွေ့ တဲ့အခါ သာယာစိတ် ပေါ်လာ တာကို ထိန်းချုပ်လို့ ရအောင် သင်ကြား ပေးပါတယ်။ Medroxyprogestr one လို့ခေါ်တဲ့ ဟော်မုန်းကို လိုအပ်သူ တွေမှာ ပေးလေ့ရှိ ပါတယ်။

ဒီဘတ်စကား ပေါ်က ထောက်လှမ်းရေး ကိစ္စက ရာဇ၀တ်မှုလို ဆုံးဖြတ် ကြပေမယ့် အမှုကြီး ထဲမှာ မပါလို့  တချို့ နိုင်ငံတွေမှာ ပြစ်ဒဏ်က သေးငယ် ပါတယ်။ မြန်မာပြည် မှာတော့ ရာဇသတ်ကြီး ပုဒ်မ ၅၀၉မှာ "မည်သူမဆို မိန်းမ တစ်ဦး၏ ကာယ အိနြေ္ဒကို စော်ကားရန် ကြံရွယ်၍ ပြောဆိုခြင်း ပြုသည်တွင် သို့တည်း မဟုတ် အသံပြု သည်တွင်၊ သို့တည်းမဟုတ် ကိုယ်အမူအရာ ပြသည်တွင်၊ သို့မဟုတ် အမျိုးသမီး များ အား အရာဝတ္ထု တစ်ခုခု ပြသသည်တွင် ပြောဆိုသော စကားကို ဖြစ်စေ၊ ပြုသော အသံကို ဖြစ်စေ၊ ထိုမိန်းမအား ကြားစေရန် ကြံရွယ်လျှင် သို့ မဟုတ် ပြုသော ကိုယ်အမူ အရာကို ဖြစ်စေ၊ ပြသော အရာဝတ္ထုကို ဖြစ်စေ၊ ထိုမိန်းမအား ကြံရွယ်လျှင် သို့တည်း မဟုတ် ထိုမိန်းမ၏ ဆိတ် ကွယ်ရာသို့ ကျူးကျော်လျှင် ထိုသူကို ၁နှစ်ထိ အလုပ်နှင့် ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ် ရမည်။" လို့ပါရှိ ပါတယ်။ ဒါပေမဲ့ ဒီ frotteurs ကိုအရေးယူ ဖို့က မလွယ်ကူ ပါဘူး။ သာမန် အားဖြင့် မျက်မြင် သက်သေ မရှိတာမို့ မတော်တဆ ထိမိ တာပါလို့ ဖြေရှင်းချက် ပေးကြလေ့ ရှိပြီး အမျိုးသမီးက ရှက်တာကြောင့် တိုင်ကြားမှု မလုပ်တာ ကြောင့်လည်း ပါပါတယ်။ ဒါကြောင့်လည်း ဒီလူတွေ ဒီ လို အတင့်ရဲ လာကြ တာပါပဲ။ ဟိုအရင်က မြန်မာ နိုင်ငံမှာ ဒီလိုကိစ္စမျိုး ဖြစ်တယ်လို့ အမျိုးသမီးက တခြားလူ တွေကို ချက်ခြင်း ပြောခဲ့ရင် လူ ထုရဲ့ အကူအညီနဲ့ အရေးယူ မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ လူတိုင်းက ကိုယ့်ပြဿနာနဲ့ ကိုယ်မို့လို့ အလုပ်ရှုပ် မခံချင် ကြလို့ သိပ်ဂ ရုမစိုက် တော့ပါဘူး။ ဟုတ်ကဲ့။ ဒါကြောင့် ကျွန်မ ကတော့ ကိုယ့်ကိုကိုယ် ကာကွယ်ပါ။ ခုခံ တိုက်ခိုက်ပါလို့ ပြောချင် ပါတယ်။ တကယ်လို့များ ကိုယ်က သတိပြု မိသွား တာကို သူသိတာတောင် သူ့လုပ်ရပ်ကို မရပ်ဘဲ ရှိနေမယ် ဆိုရင် သူ့ကို နာကျင်အောင် လုပ်လိုက်ပါ လို့အကြံ ပေး ချင်ပါတယ်။ မုဒိမ်း အကျင့်ခံရမှ မိန်းကလေး တစ်ယောက်ကို ထိခိုက် စေတာ မဟုတ်ပါဘူး။ အလို မတူဘဲ ကာယ အိနြေ္ဒကို ပျက်ပြား စေခြင်း ကလည်း ထိခိုက် စေပါတယ်။ ဘယ်လောက် စိတ်အနှောင့် အယှက် ဖြစ်ရတယ် ဆိုတာကို မိန်းမသားချင်းပဲ သိတယ် မဟုတ် ပါလား။

ငါးဦးလျှင်လေးဦးကလက်မထပ်ခင်လိင်ကိစ္စအတွေ.အကြုံ ရှိ


လက်ထပ်ထိမ်းမြားခြင်းမပြုမှီမှာပင်အမျိုးသမီးငါးဦးလျှင်သုံးဦးကသူတို.၏
အပျိုစင်ဘ၀ကိုဘ၀ကြင်ဖော်မဟုတ်သည့်အခြားတစ်ယောက်နှင့်မျှဝေခဲ့ကြောင်း
နှင့်ငါးဦးလျှင်လေးဦးကမူကြင်ဖော်သို့ မဟုတ်အခြားတစ်ယောက်နှင့်မျှဝေခဲ့
ကြောင်း FNG ၏ လေ့လာမှုစစ်တမ်းတစ်ရပ်အရသိရသည်။

ရန်ကုန် ၊ မန္တလေး နှင့် နေပြည်တော်မြို.များတွင်ပြုလုပ်သည့်FNG ၏” လက်
မထပ်မှီအပျိုစင်ဘ၀ထိမ်းသိမ်းနိုင်မှု ” စစ်တမ်းတွင်ရန်ကုန် မြို.မှ၂၄ဦး၊မန္တလေး
မြို့ မှ၁၅ဦးနှင့်နေပြည်တော်မှအမျိုးသမီး၈ဦးကသူတို.၏အတွေ့ အကြုံများ
ကိုမျှဝေခဲ့ကြသည်။

နိုဝင်ဘာလအတွင်းကလက်ထပ်ထိမ်းမြှားမှုပြုခဲ့သည့်ကွန်ပျုတာဆော့ဖ်ဝဲနည်း
ပညာရှင်အသက်၂၅နှစ်အရွယ်အမျိုးသမီးတစ်ဦးက”လက်မထပ်ခင်ရည်းစားငါး
ယောက်ထားဖူပြီးငါးယောက်လုံးနဲ.အတူလိင်ဆက်ဆံခဲ့ဖူးကြောင်းFNGကို
ပြောသည်။

စစ်တမ်းတွင်ဖြေဆိုသည့်အမျိုးသမီးများ၏ထက်ဝက်ခန့် မှာလက်မထပ်ခင်
လိင်ကိစ္စအတွေ.အကြုံရှိဖူးရာနှစ်ယောက်ထက်ပင်ပိုမိုသည်ဟုအဖြေပေး
ခဲ့ကြသည်။

  ရန်ကုန်မြို့ မှဖက်ရှင်နဲ့ အလှအပရေးရာမဂ္ဂဇင်းမှာတာဝန်ရှိသူတစ်ဦးကမူ
” မိန်းကလေးတွေလက်မထပ်ခင်လိင်ကိစ္စအတွေ.အကြုံကသိပ်ပြီးတော့
အဆန်းကြီးတော့မဟုတ်တော့ပါဘူး၊တစ်ချို့ တွေဆိုတစ်ပြိုင်တည်းရည်း
စားနှစ်ယောက်ထားတာတို့ (ဘွိုင်းဖရန့် ) ရည်စားနှစ်ယောက်နဲ.အတူအိပ်တာတို့ 
တောင်ရှိတယ်”ဟုပြောသည်။

မြို.ပြယဉ်ကျေးမှုနှင့်အလှမ်းဝေးသည့်နယ်မြို.များတွင်မူမိန်းကလေးဆယ်ဦးလျှင်ရှစ်ဦးကသူတို.၏အပျိုစင် ဘ၀ကိုထိမ်းသိမ်းနိုင်ကြောင်းဖြေကြားခဲ့သည်။

ရန်ကုန်မြို့ မှဆရာဝန်တစ်ဦးကမူလစဉ်အသက်၁၈ နှစ် မှ ၂၈ နှစ် အရွယ်အမျိုး
သမီးဆယ်ဦးခန့် မှာကိုယ်ဝန်ဖျက်ချရန်အတွက်လာသည်ဟုသိရသည်။

ရန်ကုန်မြို့ ရှိဆေးဆိုင်များတွင်သန္ဓေတားဆေး ၊ လိင် အကာအကွယ်များမှာထိပ်
တန်း ၁၀ စာရင်းဝင်ရောင်းအကောင်းဆုံးဖြစ်သည်ဟုသိရသည်။

Tuesday, April 23, 2013

ဘောင်းဘီဝတ် မိန်းမ

ယနေ့ခေတ်ပြိုင်ကာလတွင်မြန်မာမိန်းကလေးများထဲ၌ခေတ်စားနေသောဝတ်စားဆင်ယင်မှုဖက်ရှင် တစ်မျိုးရှိသည်။ထိုဖက်ရှင်ကိုမြီးကောင်ပေါက်အရွယ်မှသည်အသက်၂ဝကျော်အရွယ်အပျိုကြီး ဖားဖားတို့အထိတောရောမြို့ပါကျေနပ်စွာဆင်ယင်နေကြသည်။ထိုဖက်ရှင်စတင်ခေတ်စားလာခဲ့သော ကာလကိုကျွန်တော်အစကောက်တင်ပြနိုင်ရန်မစွမ်းပါ။မြန်မာဖက်ရှင်ပညာရှင်များကတော့ ထိုဖက်ရှင်မြန်မာပြည်မှာစတင်ခေတ်စားလာခဲ့သောကာလကိုမှတ်မိသတိရစွာဖော်ထုတ်နိုင်ကြပါလိမ့်မည်။
ဖက်ရှင်ဆို၍ထူးထူးခြားခြားဆန်းဆန်းပြားပြားထဲကတော့မဟုတ်။သလုံးသားကိုဦးစားပေး ဗန်းပြလိုသောကြောင့်ဘောင်းဘီရှည်အောက်အနားစကိုဒူးခေါင်းများအောက်ဘက်တွင်ပုံစံအမျိုးမျိုးဖြင့် ကျပ်စည်းထားကြသည့်အမျိုးသမီးဝတ်ဘောင်းဘီဖက်ရှင်ဖြစ်သည်။များသောအားဖြင့်ချည်ထည်“ပြောင်” ပိတ်သားများကိုအသုံးပြုကြသည်။ဂျင်းသားကိုဆင်မြန်းကြသူတွေလည်းရှိကြသည်။အပျိုပေါက် ကလေးတွေကရောင်စုံဒီဇိုင်းနှင့်ပိတ်သားဘောင်းဘီတွေကိုဆင်ယင်ကြွားဝင့်ပြကြသည်။၂ဝရာစုထဲမှာ ကျန်ရစ်ခဲ့သောမြန်မာအဘွားအိုတို့၏အမြင်ကလေးကမူဣတ္ထိယငယ်တို့၏ဝင်းဝါပြည့်တင်းသော
ခြေသလုံးသားကိုလူမြင်ကွင်းမှာပေါ်ပေါ်တင်တင်ထုတ်ပြထားခြင်းကြောင့်ဟိရိသြတ္တပ္ပတရားကင်းမဲ့သည်၊ “ရိုင်း”သည်ဟုသတ်မှတ်ကြပေလိမ့်မည်။
အမျိုးသမီး အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော Elizebath Cady Staton နှင့် Amelia Blommer တို့ အထိမ်းအမှတ် ရုပ်တုများ
အမျိုးသမီးအခွင့်အရေးအတွက်တိုက်ပွဲဝင်ခဲ့ကြသော Elizebath Cady Staton နှင့် Amelia Blommer တို့အထိမ်းအမှတ်ရုပ်တုများ

ထိုဘောင်းဘီမျိုးကိုမြန်မာပြည်မှာခေတ်ပြိုင်အမည်ဘယ်သို့မှည့်ခေါ်ထားကြောင်းကျွန်တော်မသိပါ။ ထိုဘောင်းဘီမျိုးကိုအားကစားမယ်များက“ထွက်စု” Track-Suit အဖြစ်စတင်ဝတ်ဆင်ခဲ့သည်ဟုထင်စရာ ရှိသော်လည်းမဟုတ်သေးပါ။ထိုမိန်းမဝတ်ဒူးကျပ်ဘောင်းဘီ၏မူရင်းအမည်မှာ Bloomer ဖြစ်ပါသည်။ ထိုဘောင်းဘီကိုခေတ်စားစေခဲ့သူအမေရိကန်အမျိုးသမီးအရေးလှုပ်ရှားသူ Amelia Bloomer(၁၈၁၈-၉၄) ကိုဂုဏ်ပြုရည်ညွှန်းပါသည်။ဆိုခဲ့သော“ဘလူးမား”ဒူးကျပ်ဘောင်းဘီတွင်ကျယ်ခေတ်စားလာရခြင်း၏ အကြောင်းရင်းနောက်ခံသမိုင်းကြောင်းရှိသည်။ဘလူးမားဒူးကျပ်ဘောင်းဘီစတင်ပေါ်ပေါက်ခဲ့သော၁၈၅ဝ ခုနှစ်အထိအမေရိကန်အမျိုးသမီးများသည်ကိုယ်ကျပ် “ကော့ဆက်” အင်္ကျီများနှင့်လေးလံကြီးမားလှသော ခါးစည်းဂါဝန်ဖားဖားရှည်ရှည်ကြီးများကိုသာပုံမကျပန်းမကျပင်ပန်းစွာဝတ်ဆင်နေခဲ့ကြရသည်။ထိုကဲ့သို့ ဝတ်စားမှပင်မိန်းမကောင်းပီသ၍ယဉ်ကျေးသည်ဟုလူမှုဝန်းကျင်အသိုင်းအဝိုင်းကလက်ခံကျေနပ်ကြသော ကာလဖြစ်သည်။သို့ရာတွင်အသုံးမတည့်လှသောစည်းစနစ်ဟောင်း၊ဝါဒဟောင်း၊အမူအကျင့်ဟောင်း များကိုတော်လှန်ပြောင်းလဲပစ်လိုသောအသိအမြင်သစ်တွေကလည်းထိုကာလမှာပင်နိုးကြားပေါက်ကွဲလျက် ရှိသည်။အထူးသဖြင့်ရာစုနှစ်နှင့်ချီ၍စွဲမြဲအမြစ်တွယ်ခဲ့သောငွေဝယ်ကျွန်စနစ်ကိုပယ်ဖျက်လိုသော “ငွေဝယ်ကျွန်စနစ်ဖျက်သိမ်းရေးဝါဒီ”များ၏လှုပ်ရှားမှုပြင်းထန်ချိန်ဖြစ်သည်။ထိုသို့သောဧရာမ အပြောင်းအလဲကြီးတစ်ခုနှင့်အတူလိုက်ပါပြောင်းလဲလိုကြသောအမျိုးသမီးများ၏တော်လှန်ရေး စိတ်ဓာတ်လည်းဆူပွတ်လာကြသည်။သမိုင်းတစ်လျှောက်သူတို့မှာမွေးရာပါအခွင့်အရေးများစွာ ဆုံးရှုံးနေခဲ့ကြသည်။ဥပမာဆိုရလျှင်သူတို့သည်တက္ကသိုလ်ကောလိပ်တက်ခွင့်မရခဲ့ကြ၊လူထုအစည်းအဝေး တရားဟောစင်မြင့်ပေါ်သို့လည်းတက်ရောက်ခွင့်မရခဲ့ကြသည့်နစ်နာဆုံးရှုံးမှုမျိုးများဖြစ်ကြသည်။ ဤသို့သောနှောင်ကြိုးများကိုဖြတ်တောက်ချိန်တန်ပြီဟုရဲရင့်သူအမျိုးသမီးတွေယူဆယုံကြည်ခဲ့ကြပြီ။
၁၈၅ဝ ခုနှစ်တွင်အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုထောက်ခံသူ၊ငွေဝယ်ကျွန်စနစ်ဖျက်သိမ်းရေးအတွက် တက်ကြွလှုပ်ရှားသူ Gerrit Smith သည်၊အမျိုးသမီးတို့၏အဝတ်အစားဖက်ရှင်ပြောင်းလဲရေး စတင်လှုံ့ဆော်သည်။အမျိုးသမီးများသည်မိမိတို့အကျဉ်းကျနေသောဝတ်စုံအကျဉ်းထောင်များထဲမှ ရုန်းထွက်ကြရမည်”ဟုစမစ်ကအမျိုးသမီးအခွင့်အရေးဝါဒီများကိုတိုက်တွန်းသည်။
စမစ်၏အကြံပေးလှုံ့ဆော်မှုကိုဦးစွာလက်တွေ့အကောင်အထည်aဖ်ာသူမှာသမီးဖြစ်သူ Elizabeth Smith Miller ဖြစ်သည်။အဲလိဇဘက်သည်ဘောင်းဘီရှည်ပွပွကြီးတစ်ထည်ကိုကိုယ်တိုင်ချုပ်၍ဒူးအထိသာ ရှည်သောစကတ်အောက်မှာထိုဘောင်းဘီပွကြီးကိုခံဝတ်သည်။သူ့ကိုအတုယူပြီးသူနှင့် ဝမ်းကွဲညီအစ်မတော်သူ Elizabeth Cady Staton ကလည်းထိုဖက်ရှင်ကိုအတုယူဝတ်ဆင်သည်။ စတင်တန်ဖက်ရှင်ကိုသူငယ်ချင်းအမ်မလီယာဘလွမ်းကပုံတူကူးဝတ်ဆင်ပြန်သည်။ဘလွမ်းက ဝတ်ဆင်ရုံမျှမဟုတ်။သူရေးသားနေသောသတင်းစာနီတိခန်းကနေအမျိုးသမီးတွေဘောင်းဘီ ဝတ်ဆင်သင့်ကြောင်းအားပေးလှုံ့ဆော်ရေးသားသည်။ဘောင်းဘီပွဖက်ရှင်ကိုကြော်ငြာသည်။ ထိုအခါဘောင်းဘီပွဖက်ရှင်ဝတ်ဆင်လိုကြသောအမျိုးသမီးပရိသတ်ကဘောင်းဘီပွဒီဇိုင်းနှင့်ချုပ်လုပ်ပုံ ချုပ်လုပ်နည်းများကိုစာဖြင့်တောင်းခံလာကြသဖြင့်ဘလွမ်းသည်ဘောင်းဘီပွဖက်ရှင်ချုပ်လုပ်နည်းကို ရုပ်ပုံများနှင့်တကွစာအုပ်ရိုက်နှိပ်ထုတ်ဝေရပြန်သည်။ဤသို့ဖြင့်မိန်းမဝတ်ဘောင်းဘီပွဖက်ရှင်သည်ကျော်ကြား ပျံ့နှံ့ကာ Bloomerettes အမည်ဖြင့်လည်းကောင်း  Bloomer Costume ဟုလည်းကောင်း၊  ထင်ရှားလာသည်။နောက်ဆုံးမှာတော့ Bloomers ဟူသောအမည်ကတရားဝင်တည်ရှိကာအဘိဓာန် စာရင်းဝင်ဝေါဟာရပင်ဖြစ်လာသည်။အမ်မလီယာဘလွမ်းသည် ၁၈၁၈ မှာမွေး၍ ၁၈၉၄ တွင် အနိစ္စရောက်သွားခဲ့သည်။အမေရိကမှာ ၁၈၅ဝ ခုနှစ်လောက်ကပေါ်ထွန်းခဲ့သောဘလူးမား မိန်းမဝတ်ဘောင်းဘီဒီဇိုင်းမျိုးကိုယခု ၂ဝ၁၂ ခုနှစ်တွင်မြန်မာပြည်မှကျွန်တော်၏မြေးမလေးကအမြတ်တနိုး ဝတ်ဆင်နေပါသည်။တစ်နေ့တော့အမ်မလီယာဘလွမ်းအကြောင်းမြေးမလေးကိုပြောပြဖို့ စိတ်ကူးထားသည်။ပြောမည်ဆိုလျှင်ဘလူးမားဘောင်းဘီနှင့်ဆက်လက်ပြီးပြောပြစရာတွေများစွာ ရှိလာလိမ့်မည်။ယခုဘလူးမားဘောင်းဘီဝတ်သောကျွန်တော့်ခေတ်မှာမည်သူကမျှမဝေဖန် မပုတ်ခတ်သော်လည်းဘလူးမားပေါ်ကာစကမူအမေရိကမှာပင်ပွက်ပွက်ညံသွားခဲ့ပါသည်။
ဘလူမားဘောင်းဘီလည်းဣတ္ထိယ၏ဒူးမှခြေမျက်စိအထိဟင်းလင်းဖြစ်နေသောကြောင့် “ယဉ်ကျေးသိမ်မွေ့မှုမရှိ”ဟုထင်မြင်ခဲ့ကြသည်။ဘလူးမားဘောင်းဘီဝတ်အမျိုးသမီးတွေကို လမ်းသွားလမ်းလာယောက်ျားတွေကလှောင်ပြောင်ကြသည်။သတင်းစာဆရာကာတွန်းဆရာတွေက “ယောက်ျားလိုဝတ်တဲ့မိန်းမတွေ”ဟုသရော်ကြသည်။သာသနာ့ဝန်ထမ်းများကတော့၊ဘလူးမားဘောင်းဘီ ဝတ်သောအမျိုးသမီးများကို“မိစ္ဆာမ”များဟုပင် ရှုတ်ချခဲ့ကြသည်။
ဘလူးမားဘောင်းဘီကိုစတင်ဝတ်ဆင်ခဲ့ပြီးဘလူးမားဘက်မှစာနှင့်ပေနှင့်အကြောင်းပြခုခံကာကွယ်ခဲ့သူ “အဲလိဇဘက်ကေဒီစတင်တန်”ကိုယ်တိုင်ဆန့်ကျင်မှုများစွာနှင့်မရှူသာမကယ်သာရင်ဆိုင်ခဲ့ရရှာသည်။
သူမ၏ဖခင်တရားသူကြီးဖြစ်သူကသူ့ထံလာလျှင်ဘလူးမားဘောင်းဘီဝတ်မလာရဟုသမီးကို အမိန့်ထုတ်သည်။အဆိုးဝါးဆုံးထိုးနှက်ချက်မှာအဲလီဇဘက်၏သားတော်မောင်နှစ်ယောက်က သူတို့၏ကျောင်းသို့လာလျှင်“တိုနံ့နံ့အဝတ်တွေဝတ်မလာပါနှင့်”ဟုမိခင်ဖြစ်သူကိုတားမြစ်ခဲ့ခြင်းပင်ဖြစ်ပေသည်။
ခေတ်သစ်ကရှေ့ကိုတိုးတက်လာတိုင်းခေတ်နောက်ပြန်ဆွဲသမားတွေကနောက်ကိုဆုတ်ကန်ဆုတ်ကန် လုပ်စမြဲမဟုတ်လား။
ယနေ.ခေတ် ယနေ.အချိန်တွင် ထိုဘလူးမားထက်ဆိုးသောဘောင်းဘီများကိုဝတ်ဆင်နေကြသောမြန်မာအမျိုးသမီးများရဲ.အလှကလဲ
ဖော်မပြနိုင်လောက်အောင်ကိုရှားပါးလှပါတယ်ဗျာ... 

Monday, April 22, 2013

အင်တာနက် မင်းသမီး မဖြစ်စေဖို့ မြန်မာ အမျိုးသမီး တို့ ဆင်ခြင်ဆို့



အမျိုးကောင်းသမီးများသို့အင်တာနက်မင်းသမီးမဖြစ်ရအောင်ကာကွယ်ဆေးကိုပြလည်ဖော်ပြပေးလိုက်ပါတယ်။ အခုခေတ်မှာလူတိုင်းနဲ့ရင်းနှီးကျွမ်းဝင်နေပြီဖြစ်တဲ့အင်တာနက်ရဲ့ကောင်းကျိုးတွေကတော့ဖော်ပြလို့ မကုန်နှိုင်အောင်များတာကိုတွေ့ရပါတယ်။အင်တာနက်နည်းပညာတိုးတက်လာတာနဲ့အမျှဘေးထွက် ဆိုးကျိုးတွေလဲမခွဲမခွာတွဲပါလာတာကိုလဲမြင်နေရပြန်ပါတယ်။ 
ကျွန်တော်နဲ့အဆင့်အလှမ်းကွာနေတဲ့spyware,mailware,virusစတာတွေကိုမပြောလိုပါဘူး။ ကျွန်တော့မျက်စိထဲကန့်လန့်ဝင်နေတဲ့အကြောင်းအရာကအမျိုးကောင်းသမီးတွေရဲ့ဘာညာကိစ္စ ဓါတ်ပုံ/ဗီဒီယိုများစွာကိုကာယကံရှင်မသိပဲအင်တာနက်ပေါ်မှာစေတနာကြီးမားစွာနဲ့ဝေငှ(share) အလုပ်ခံနေရတဲ့ကိစ္စပါ။ဒါကိုဒီအတိုင်းထိုင်ကြည့်နေလို့တော့မဖြစ်တော့ဘူးထင်ပါတယ်။နာမည်ကြီးချင်လို့၊ လူသိများချင်လို့(ဒါမှမဟုတ်)၀ါသနာအရကိုယ့်ပုံကိုယ်တင်တာဆိုရင်တော့လုပ်ပါ။ 
ကျွန်တော်တို့လဲကြည့်ရှုအားပေးပါ့မယ်။ဒါပေမယ့်တချို့ဆိုရိုးရိုးသားသားနေတာကိုချောင်းရိုက်ခံရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့လွပ်လွပ်လပ်လပ်နေတာကိုမှတ်တမ်းတင်ခံရတာတို့ကတော့မဖြစ်သင့်ပါ။အဆိုးဝါးဆုံး ကတော့ကိုယ့်ချစ်သူကိုယုံမှတ်လို့ပုံအပ်မိကာမှပဲကျောချမှဓါးပြမှန်းသိရတဲ့ကိစ္စပါ။ ကိုယ့်ချစ်သူကကိုဖော်ကောင်လုပ်ပြီးအင်တာနက်ပေါ်တင်ပေးတာပါ။ဒီကိစ္စကိုအမျိုးသမီးများအထူး
သတိထားစေချင်တယ်။တချို့ဆိုဒီကိစ္စကြောင့်အလုပ်အကိုင်ထိခိုက်၊ပတ်ဝန်းကျင်မှာမျက်နှာ မပြရဲအောင်ဖြစ်ရပါတယ်။ 
ဒါတွေရဲ့အရင်းခံကတော့မသိနားမလည်မှု၊နည်းပညာမကျွမ်းကျင်မှုကြောင့်ဆိုတာတွေ့နေရပါတယ်။ အမျိုးကောင်းသမီးများအနေနဲ့ဒီလိုအဖြစ်မျိုးတွေကရှောင်လွဲနှိုင်အောင်နည်းလမ်းကောင်းလေးတွေ 
ပေးချင်တယ်။ကျွန်တော်ကကွန်ပျူတာကျွမ်းကျင်သူတစ်ယောက်ပါ။ပြီးတော့ပညာရှင်အဆင့်ဓါတ်ပုံ၊ဗီဒီယို လဲရပါတယ်။ဒါကြောင့်ကျွန်တော်ပေးတဲ့နည်းလမ်းတွေကအမတို့ညီမတို့အရှက်နဲ့သိက္ခာကို တတ်နိုင်သလောက်ကာကွယ်ပေးနိုင်မယ်လို့လဲ ထင်ပါတယ်။ 

 ၁။ဘယ်သူ့ကိုမျှမယုံပါနဲ့ဘယ်လောက်ပဲချစ်ချစ်၊ဘယ်လောက်ပဲရင်းနှီးနှီးလွပ်လွပ်လပ်လပ်နေတာကိုမှတ် တမ်းတင်မခံပါနဲ့။သူကိုယ်တိုင်ကစိတ်ချရသော်လဲသူ့ကိုယ်တိုင်မသိလိုက်ပဲသူဆီကကိုယ့်ဓါတ်ပုံကို သူများခိုးသွားတာမျိုးခံရတတ်ပါတယ်။

၂။ကိုယ်ကိုယ်တိုင်လဲမှတ်တမ်းမတင်ပါနဲ့ကိုယ့်ကိုယ်လုံးဘယ်လောက်လှသလဲသိချင်ရင်မှန်ထဲမှာပဲ စိတ်တိုင်းကျကြည့်ပါခင်ဗျာ။ဓါတ်ပုံရိုက်မကြည့်ပါနဲ့။အဲဒါလဲအွန်လိုင်းမင်းသမီးဖြစ်ဖို့လမ်းစပါ။
 ၃။ကင်မရာထဲမှာ၊ကွန်ပျူတာထဲမှာဖျက်ပစ်လိုက်ပြီ(delete)ဆိုတိုင်းလဲစိတ်မချပါနဲ့ကင်မရာထဲမှာ၊ ကွန်ပျူတာထဲမှာဖျက်လိုက်ပြီဆိုတိုင်းလဲစိတ်ချရတာမဟုတ်ပါ။အစွမ်းထက်သောrecovery softwareမြောက်များစွာရှိနေပါတယ်။အဲဒီ့ဆော့ဝဲတွေဟာလွန်ခဲ့တဲ့၁နှစ်၊၂နှစ်လာက်ကဖျက်ထားတဲ့ဓါတ်ပုံ ဗီဒီယိုတွေကိုအလွယ်တကူပြန်လည်ရှာပေးနိုင်ပါတယ်။ကွန်ပျူတာပြင်ဆရာတိုင်းလိုလိုလုပ်တတ်ပါတယ်။ ကို့ကင်မရာနဲ့စိတ်ကြိုက်ရိုက်ကြည့်တယ်။ပြီးတော့ဖျက်ပစ်လိုက်တယ်ဆိုပေမယ့်သာမန်ကျွမ်းကျင်သူ တစ်ယောက်ဟာဒါတွေကိုအလွယ်တကူပြန်လည်ရယူနိုင်တာကိုလုံးဝမမေ့ပါနဲ့။ 
 ၄။အင်တာနက်ဆိုင်မှာကိုယ့်ကွန်ပျူတာနဲ့သုံးရင်လဲသတိထားပါ။အင်တာနက်ဆိုင်မှာကိုယ့်လက်ပ်တော့ပ် နဲ့သုံးရင်ကိုယ့်လက်ပ်တော့ပ်ထဲကအချက်အလက်ကိုအင်တာနက်ဆိုင်ကအလွယ်တကူ ၀င်ရောက်ကြည့်ရှုကော်ပီကူးထားနိုင်တယ်ဆိုတာသိထားပါ။အင်တာနက်ဆိုင်တွေမှာဆိုင်မှာရှိတဲ့ ကွန်ပျူတာတွေကိုကောင်တာကအလွယ်တကူထိမ်းချုပ်နိုင်အောင်networkစနစ်တစ်မျိုးချိတ်ဆက် ထားတတ်ပါတယ်။ကိုယ်ကအဲဒီဆိုင်မှာအင်တာနက်သုံးတယ်ဆိုရင်ကိုယ်ကလဲအဲဒီစနစ်ထဲကို အလိုလိုရောက်သွားပါတယ်။ဒါဆိုရင်အင်တာနက်ဆိုင်ကောင်တာကနေကိုယ့်ကွန်ပျူတာကိုနက်ဝါ့ခ်ကနေ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ဒါကြောင့်အင်တာနက်ဆိုင်မှာသုံးမယ့်ကိုယ့်လက်ပ်တော့ပ်မှာအရေးကြီးတဲ့ ကိုယ့်ပုံတွေထည့်မထားပါနဲ့။ 
 ၅။နည်းပညာကိုအထင်မသေးပါနဲ့ကိုယ့်လက်ပ်တော့ပ်ထဲမှာပုံတွေထည့်မထားပါနဲ့၊မလုံခြုံပါဘူးဆိုတော့ နည်းနည်းနားလည်တဲ့ကိုကို၊မမတွေကshareပေးမထားရင်ရပါတယ်လို့ဆိုကြတယ်၊ဟုတ်ကဲ့နည်းပညာကို အထင်မသေးပါနဲ့ခင်ဗျား၊ကိုယ့်ထက်ပိုတော်တဲ့ဆရာကြီးတွေရှိနေသေးတယ်ဆိုတာလဲမေ့မထားပါနဲ့။ crackerတို့hackerတို့ဆိုတာအလကားပေးထားတဲ့နာမည်တွေမဟုတ်ပါဘူး။သူတို့ရဲ့စွမ်းဆောင်ရည် ကပြောမယုံကြုံဖူးမှသိလောက်အောင်မြင့်တတ်ပါတယ်။ဒါကြောင့်ကိုယ့်ဘက်ကစိတ်ချရအောင်သတိရှိတာ အကောင်းဆုံးပါ။

၆။အင်တာနက်မှာတွေ့တဲ့သူကိုမယုံပါနဲ့အင်တာနက်ကတော်ကီကိုကိုတို့ကပဲအပြောကောင်းသလား၊ အွန်လိုင်းမမတွေကပဲအညှာလွယ်သလားမသိပါ။VZO Chat လိုဟာမျိုးနဲ့ချွတ်ပြ၊လှန်ပြတဲ့မမတွေ၊
ညီမတွေရဲ့ပုံများအင်တာနက်ပေါ်မှာတွေ့နေရပါတယ်။(ကျွန်တော်အသုံးရိုင်းသွားရင်ခွင့်လွှတ်ပါ)၀မ်းနည်း စရာကောင်းတာကပါးကွက်ကျားနဲ့ထမီနဲ့ဗမာမလို့ထင်းခနဲသိသာတဲ့ပုံတွေပါအများကြီးပါလာတာပါ။
ကြေးစားတွေပါလို့ပြောရအောင်လဲအိမ်မှာကိုယ်ပိုင်အင်တာနက်လိုင်းနဲ့ကိုယ်ပိုင်ကွန်ပျူတာနဲ့သုံးနိုင်တဲ့ အဆင့်ကကြေးစားမဟုတ်နိုင်ပါ။ဖြစ်နိုင်ခြေရှိတာကအွန်လိုင်းကိုကိုကလဲအပြောကောင်း၊ညီမလေးတို့ကလဲ သဒ္ဒါလွန်တယ်ထင်ပါတယ်။မယုံကြပါနဲ.ညီမလေးတို့ရယ်။ကိုယ့်ကိုတကယ်ချစ်တဲ့သူဆိုတာနှစ်ယောက်ချင်း ဆိတ်ကွယ်ရာမှာမှားချင်မှားမယ်၊အဲဒီလိုဗြောင်ကြီးတော့မတောင်းဆိုပါဘူး။အဲ…ကိုယ့်သိက္ခာကိုရင်းရဲတယ် ဆိုရင်တော့လုပ်ပေါ့။(VZO ကအရုပ်တွေအသံတွေမှတ်ထားလို့ရတယ်ဆိုတာလဲသတိရပါ။)
 ၇။ခိုးအရိုက်ခံရခြင်းမှကာကွယ်ဖို့ဆိုရင်ကိုယ်မရင်းနှီးမကျွမ်းဝင်တဲ့နေရာမှာ(ဟော်တယ်၊တည်းခိုခန်း၊ ပန်းခြံ)စတဲ့နေရာတွေမှာလွပ်လွပ်လပ်လပ်မနေပါနဲ့။သတိရှိပါ။ကင်မရာတွေအကြောက်ဆုံး၊အားနည်းချက် တစ်ခုကတော့အမှောင်ပါ။ဘယ်လောက်ကောင်းတဲ့ကင်မရာမဆိုအလင်းရောင်အားနည်းသောနေရာမှာ အဆင်မပြေနိုင်ပါ။ဒါကြောင့်စိတ်မချရသောနေရာများတွင်လွပ်လွပ်လပ်လပ်(ဥပမာ...အ၀တ်အစား လဲတာ)နေရတော့မယ်ဆိုရင်လုံးဝမှောင်သွားအောင်လုပ်ပါ။ဒါဆိုကင်မရာတွေမတတ်နိုင်တော့ပါ။ အမှောင်ထဲမှာရိုက်နိုင်တယ်ဆိုတဲ့(NightShot)ဆိုတဲ့ကင်မရာတွေတောင်အနဲဆုံးအနီရောင်ရောင်စဉ်လေး လင်းမှအလုပ်ဖြစ်တာပါ။ 
 ၈။spycameraတွေကိုတတ်နိုင်သမျှရှာပါအခုခေတ်မှာသုံးသောင်းလောက်ဆိုspycameraတစ်လုံးရနိုင်ပါတယ်။ ဒါကြောင့်စိတ်မချရတဲ့နေရာတွေမှာဆိုspy camera တတ်ထားမထားတတ်နိုင်သလောက်ရှာပါ။
ဒါကိုကိုတွေ၊ဦးဦးတွေအတွက်လဲအရေးကြီးပါတယ်။တော်ကြာကိုယ်တောင်မသိပဲနာမည်ကြီးအွန်လိုင်း မင်းသားဖြစ်သွားနိုင်ပါတယ်။များသောအားဖြင့်ကင်မရာတွေကိုမြင်ကွင်းကျယ်ကျယ်ရအောင်ဒေါင့်တွေမှာ တတ်ထားတတ်ပါတယ်။သေသေချာချာရှာပါ။အခန်းအပြင်မှာတတ်ထားပြီး မတ်စေ့လောက်အခန်းကိုဖောက်ထားတာမျိုးလဲလုပ်တတ်ကြပါတယ်။မသင်္ကာဖွယ်ရာ အပေါက်တွေကိုဒေါင့်တွေမျက်နှာကျက်တွေမှာသေချာရှာပါ။ဘာမှမတွေ့ဘူးဆိုပြီးလဲစိတ်ချမနေပါနဲ့၊ လိုအပ်ရင်အမှောင်ကိုအကာအကွယ်ယူပါ။အဲsupermarketတွေကအ၀တ်လဲခန်းတွေမှာလဲ ရှိတတ်တယ်နော်၊လုံခြုံရေးအတွက်တတ်ရတာပါဆိုပဲ။ 

 ၉။ဘာကြောင့်ပဲဖြစ်ဖြစ်အွန်လိုင်းမင်းသားမင်းသမီးဖြစ်သွားပြီဆိုရင်ရောရှက်ပြီးငြိမ်မနေပါနဲ့၊ သိပ်မပျံ့သေးမှီတားဆီးပါ။Sex၀က်ဆိုက်တော်တော်များများဟာUserကတောင်းဆိုလို့ရှိရင်အချက် အလက်တွေဖျက်ပေးပါတယ်။ကိုယ့်ပုံပါနေတာသေချာရင်အဲဒီ့ဝက်ဆိုက်ကိုအကြောင်းကြားပြီးဖျက်ခိုင်းပါ။ အဲဒီလိုအကြောင်းကြားလို့ဖျက်ပေးတာသုံးခါလေးခါတွေ့ဖူးပါတယ်။ 
၁၀။ကိုယ်ချင်းစာပါ။တွေ.ဖူးပါတယ်။အမျိုးသားနဲ့အမျိုးသမီးတွဲရိုက်ထားတဲ့ပုံတွေမှာအမျိုးသားကိုယ်တိုင်က တင်တာဆိုတော့သူ့မျက်နှာတော့သူဖျက်ထားတာတွေ့ဖူးတယ်။ဒါကိုယ်ချင်းမစာတာပါ။မလုပ်ပါနဲ့ဗျာ သူတို့ကကျွန်တော်တို့ထက်ပိုရှက်တတ်တာပေါ့။ကိုတောင်ရှက်တတ်သေးရင်သူများအရှက်ကွဲအကျိုး နည်းဖြစ်အောင်မလုပ်သင့်ပါဘူး။ဒါစေတနာဗလဗွနဲ့မျှဝေတတ်တဲ့ကိုယ်ချင်းမစာတဲ့အမျိုးသားတွေ အတွက်ပါ။ခိုးလဲမရိုက်ကြပါနဲ့။ကိုယ့်ကိုချစ်လို့အလိုလိုက်ထားတဲ့သူကိုလဲမျက်နှာလွဲခဲပစ်မလုပ်သင့်ပါ။ ဇာတ်လမ်းအသစ်တင်ချင်တယ်ဆိုရင်လဲကြေးစားအဆင့်ထဲမှာအရိုက်ခံတဲ့သူတွေရှိပါတယ်။သူတို့နဲ့ လှုပ်ရှားပေါ့။နောက်ဆုံးအဆင့်မျက်နှာလေးဖျက်ပေးတာပဲဖြစ်ဖြစ်တော့မဖြစ်မနေလုပ်ပေးကြပါ။ အင်တာနက်ဆိုတာဟာလူ့အကျိုးသယ်ပိုးဖို့ပေါ်ပေါက်လာတာပါ။ဒါကိုအကျိုးမရှိတဲ့နေရာမှာသူများအကျိုး ထိခိုက်အောင်မလုပ်ကြပါနဲ့။(ဒါကSexWebsiteတွေကိုမကြည့်ပါနဲ့လို့ပြောတာမဟုတ်ပါ။တော်ကြာ ကိုကိုတို့ကစိတ်ဆိုးနေဦးမယ်။နာမည်ကြီးချင်လို့တို့၊၀ါသနာအရတို့ဆိုတဲ့ရုပ်ပုံတွေဗီဒီယိုတွေ ဆိုရင်တော့ရောင်းသူဝယ်သူအသံတူရင်ပြီးတာပါပဲဗျာ။)အမျိုးကောင်းသမီးများကိုညှာတာဖို့ပြောတာပါ။
 
ယခုလိုတင်ပြရတာကဆရာလုပ်ချင်လို.မဟုတ်ပါဘူးဓါတ်ပုံတွေဗီဒီယိုတွေ တင်ချင်တိုင်းတင်နေကြတဲ့
ဦးဦး  ဒေါ်ဒေါ် ကိုကို မမ ညီငယ် ညီမငယ် တို.အတွက်စေသနာထားပြီးတင်ပြပေးတာပါ...

အရက်၏ဆိုးကျိုးများ (များစွာသောက်သုံးမိလျှင်)

အရက်အလွန်အကျွံသောက်တဲ့သူတွေဟာ...

၁.Accidents...ကားတိုက်မှုအပြင်အခြားတိုက်ခိုက်မှု၊ခိုက်ရန်ဖြစ်ပွားမှုတွေဖြစ်နိုင်တယ်လေ။
   Body ထဲမှာAlcohol level 0.05 ဆိုရင်ကားတိုက်မှုဖြစ်နိုင်ချေ ၅ ဆ၊
   Alcohol level 0.08 ဆိုရင်ကားတိုက်မှုဖြစ်နိုင်ချေ ၂၅ ဆ၊
   Alcohol level 0.15 ဆိုရင်ကားတိုက်မှုဖြစ်နိုင်ချေ ၈၀ ဆ ပိုပြီးမြင့်တက်လာကြောင်းတွေ.ရပါတယ်။

၂.ကင်ဆာရောဂါ...အထူးသဖြင့်အစာအိမ်ကင်ဆာ၊လည်ချောင်းကင်ဆာ၊အသဲကင်ဆာတွေဖြစ်နိုင်ပါတယ်။

၃.အသဲရောဂါ...နှစ်ရှည်အရက်စွဲသောက်သူတွေမှာအသဲရောဂါဖြစ်ကိုဖြစ်တာတွေ.ရပါတယ်။သေဆုံးမှု           ဟာလည်းအသဲရောဂါဖြစ်ပြီးသေဆုံးတာအဖြစ်များပါတယ်။

၎.အစာအိမ်ဝေဒနာ...အရက်မှာပါတဲ့အဆိပ်ဓာတ်ကြောင့်ရင်ပူခြင်း၊အစာအိမ်လောင်ခြင်းအပြင် အစာအိမ်ကင်ဆာအထိတောင်ဖြစ်နိုင်ပါတယ် ။

၅.သွေးတိုးရောဂါ...သတိမထားမိတဲ့အချက်တခုပါ။အရက်ဟာသွေးတိုးစေတာတွေ.ရပါတယ်။ဒါကြောင့် နဂိုသွေးတိုးရှိသူတွေအရက်သောက်မိရင်ပိုဆိုးလာပါမယ် ။

၆.နှလုံးရောဂါ...အရက်ဟာသွေးတိုးစေတဲ့အတွက်နောက်ဆက်တွဲပြသနာတွေဖြစ်တဲ့နှလုံးသွေးကြော
 ရောဂါတွေကိုပါဆက်ပြီးဖြစ်စေပါတယ်။နဂိုနှလုံးရောဂါအခံရှိသူတွေမှာနှလုံးရပ်ပြီးသေဆုံးတဲ့အထိကို ဖြစ်နိုင်ပါတယ်။

၇.လေဖြတ်ခြင်း...အရက်သောက်သူတွေမှာအသက်ငယ်ရွယ်သူတွေအပါအ၀င်ဦးနှောက်သွေးကြောပိတ်ပြီး
 လေဖြတ်ဖို့ ၈၀ % ရှိနေပါတယ်။

၈.အ၀လွန်ရောဂါ...အရက်မှာသကြားဓာတ်ပါဝင်မှုများတာကြောင့်လူကိုဝစေပါတယ်။နောက်ဆက်တွဲ ဆီးချိုရောဂါပါဖြစ်နိုင်ပါတယ်။

၉. အရိုးပွရောဂါ...နှစ်ရှည်အရက်သောက်သူတွေအရိုးပွနေတာကိုတွေ.ရပါတယ်။

၁၀. Pancreatitis...ပန်ကရိယယောင်တာလဲဖြစ်နိုင်ပါတယ်။အစာအိမ်ရောဂါနဲ့ဆက်စပ်နေပါတယ်။

၁၁. အိပ်မပျော်ခြင်း...တချို့တွေမှာပဲတွေ.ရတာပါ ။

၁၂. ခုခံအားကျခြင်း...အရေးကြီးပါတယ်။အရက်ဟာbodyရဲ့ရောဂါတွေကိုကာကွယ်နိုင်တဲ့စွမ်းအားကို ကျဆင်းစေပါတယ်။ဒါကြောင့်အရက်သောက်တဲ့လူတွေဟာမကြာခဏဖျားခြင်း၊ရောဂါပိုးဝင်ခြင်း၊ အနာရင်းခြင်းတွေအပြင်ဝေဒနာဖြစ်ပြီးရင်လဲပျောက်ဖို့ကြာတတ်ပါတယ် ။

၁၃. စိတ်ဝေဒနာ...အရက်ကြောင့်ဖြစ်တဲ့စိတ်ဝေဒနာ(alcohol-related dementia )၊ပိုဆိုးရင်စိတ်ရောဂါ
(Korsakoff’s psychosis) အထိကိုဖြစ်စေပါတယ် ။

အဲ့ဒီရောဂါတွေအပြင်...

၁၄. စွမ်းဆောင်ရည်ကျဆင်းခြင်း

၁၅. အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှုအားနည်းလာခြင်း၊တက်ကြွမှုပျောက်ဆုံးခြင်း၊လူမှုရေးပြသနာများ၊ အဆိုးဆုံးကမိမိကိုယ်ကိုသတ်သေခြင်းအထိကိုဖြစ်စေပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများအရက်သောက်တာမြန်မာအမျိုးသမီးတွေမှာမရှိသလောက်ကိုရှားပါတယ်။
ဒါကြောင့်ဒီအကြောင်းကိုချန်ခဲ့ပါမယ်။

ဤသို့သောအမျိုးသမီးများ”သင်”တွေ့ဖူးပါသလား?

၁။နံနက်စောစောအိပ်ရာထတတ်သူ၊နောက်ဆုံးမှအိပ်တတ်သူ၊အိမ်မှုကိစ္စနိုင်နင်းသူ၊
    ဈေးဝယ်ကျွမ်းကျင်သူ။မိန်းမမြတ်စာရင်းဝင်

၂။လင်ယောင်္ကျား၏လုပ်ငန်းများအားကျွမ်းကျင်စွာလုပ်ကိုင်နိုင်၍မျက်နှာလွှဲရသူ။အဖိုးတန်မိန်းမ။

၃။ရည်းစားဘ၀ထဲကအလျှော့ပေးကာအနွံအတာခံတတ်သူ၊သင့်မျက်နှာသာတစ်ကမ္ဘာထင်သူ။
   သင့်ကိုအားကိုးသောမိန်းမ

၎။မိမိခင်ပွန်းအားဝတ်ကောင်းစားလှများသပ်ရပ်စွာစီစဉ်ပေးကာကိုယ်တိုင်လည်းသပ်သပ်ရပ်ရပ်နေတတ်သူ။
   အရည်အချင်းရှိသောမိန်းမ

၅။သင်ကျန်းမာရေးချို့တဲ့နေသည့်အခါတိုင်းမိမိမကျန်းမာသည်ကိုနောက်ချန်ကာသင့်ကိုသာဦးစားပေး၍
   မငြီးမငြူပြုစုသောသူသင့်ကိုချစ်သောမိန်းမ

၆။ချစ်သူဘ၀တွင်သင်နှင့်စိတ်တူကိုယ်တူသင်ကြိုက်တာမှန်သမျှအပေးအယူမျှတစွာဒိုးတူဘောင်ဖက်
   နေထိုင်တတ်သူ။သူငယ်ချင်းနှင့်တူသောမိန်းမ

၇။သင်မူးယစ်ဆေးစွဲနေသည်ကိုသိသော်လည်းစိတ်မပျက်ပဲသင့်အားချစ်လျှက်တွဲခေါ်ဖေးမဆေးပြတ်စေသူ။
   စိတ်ထားကောင်းသူမိန်းမ

၈။သင်ရိုင်းပျစွာပြောဆိုသော်လည်းသင့်ကိုအပြုံးနှင့်တုန့်ပြန်ကာဟာသလုပ်၍တုန့်ပြန်သူ။မိခင်လိုမိန်းမ

၉။သင်နှစ်သက်သောလိင်ပိုင်းဆိုင်ရာကိစ္စရပ်များကိုစိတ်မပါသော်လည်းအလိုလိုက်ဖြည့်စည်းပေးသူ၊
   နားလည်မှုပေးစွမ်းနိုင်သောမိန်းမ

၁၀။ရည်းစားဘ၀တွင်သင့်အားချစ်သည့်စိတ်ဖြင့်”ကာမ”အလိုလိုက်မိသော်လည်းသင်၏
     စွန့်ပစ်မှုအပေါ်တွင်အသိတရားရှာကာသင့်ထက်သူမကိုတန်ဖိုးထားချစ်တတ်သူယောင်္ကျားကို
     ပြတ်သားစွာရှာဖွေတတ်သောမိန်းမ။ထက်မြက်သောမိန်းမ

၁၁။အားလုံးပြည့်စုံသောသင့်ကိုမရွေးချယ်ပဲသင့်ထက်အဆပေါင်းများစွာနိမ့်ကျသူကိုရွေးချယ်ခြင်းသည်
     သင့်ကိုမချစ်၍ဖြစ်သည်၊သတ္တိရှိသူမိန်းမ

၁၂။မိမိဆွေမျိုးများကိုအလိုက်အထိုက်သာဆက်ဆံပြီးသင့်ဆွေမျိုးများအားပေးကမ်းရက်ရောသူ။
     လိမ်မာပါးနပ်သောမိန်းမ

၁၃။လုပ်ဖေါ်ကိုင်ဖက်များနှင့်ပျော်ရွှင်စွာနေထိုင်တတ်ပြီးသင့်ထက်သူငယ်ချင်းကိုပို၍အလေးထားသူ။
     အပျိုကြီးလုပ်မဲ့မိန်းမ

၁၄။သင့်ကိုနေရာတကာအနိုင်ယူကာဗိုလ်ကျဆိုးနွဲ့တတ်သူသင့်ကိုမျက်စေ့အောက်ကအပျောက်မခံနိုင်အောင်
     ချစ်သူ။ကလေးဆန်သောမိန်းမ

၁၅။သင်တစ်ယောက်အတွက်သာဘ၀ကိုပုံပေးကာယောင်္ကျားဆိုသင်တစ်ယောက်သာသူမအတွက်
     ရှိသည်ဟုထင်မှတ်သူ။အချစ်ကြီးသောမိန်းမ။

လောကမှာမိန်းမကောင်းတွေအများကြီးပါ…ရှာဖွေတတ်ဖို့တော့လိုတယ်နော်…(၁၅)ချက်ကလွတ်ကင်းတဲ့ယောင်္ကျားများဤကဲ့သို့သောမိန်းမမျိုးများရရန်လွယ်ကူပါကြောင်း။

Wednesday, April 10, 2013

အမျိုးသား နဲ. အမျိုးသမီးကွာခြားချက်





၁။ အမျိုးသားတစ်ဦးဟာ၁ဒေါ်လာတန်အတွက်၂ဒေါ်လာပေးကောင်းပေးပါလိမ့်မယ်။အမျိုးသမီးကတော့၂
ဒေါ်လာအတွက်၁ဒေါ်လာသာပေးပါလိမ့်မယ်။

၂။ အမျိုးသမီးဟာအိမ်ထောင်မပြုမချင်းအနာဂတ်အတွက်တွေးပူးပြီးအမျိုးသားများကတော့ အိမ်ထောင်မပြုမချင်းအနာဂတ်အတွက်ဘာမှတွေးမပူပါဘူး။

၃။ အောင်မြင်သောယောင်္ကျားဆိုတောမယားဖြစ်သူသုံးစွဲရန်ငွေအလုံလောက်ရှာဖွေပေးနိုင်သူဖြစ်ပြီး
အောင်မြင်သောအမျိုးသမီးကတော့ယင်းကဲ့သို့ယောင်္ကျားကိုရှာဖွေယူထားနိုင်သူဖြစ်ပါတယ်။

၎။ အမျိုးသားတစ်ယောက်နဲ့ပျော်ရွှင်မှုတစ်ခုတည်ဆောက်မယ်ဆိုရင်သူ့ကိုအများကြီးချစ်ဖို့ထက်အများကြီး နာလည်ပေးနိုင်မှုကပိုလိုအပ်ပါတယ်။အမျိုးသမီးတစ်ဦးနဲ့ပျော်ရွှင်ဖို့ဆိုရင်တော့အများကြီးချစ်ဖို့သာ ပိုလိုအပ်ပါတယ်။

၅။ အိမ်ထောင်ရှင်အမျိုးသားများဟာလူပျိုကြီးများထက်အသက်ပိုရှည်ပါတယ်။သို့ပေမယ့် အိမ်ထောင်ရှင်အမျိုးသားများဟာလူပျိုတွေထက်အသက်မရှည်ဖို့ဆန္ဒပိုရှိကြပါတယ်။

၆။ အိမ်ထောင်ရှင်များအနေနဲ့အတိတ်ကမိမိအမှားများကိုမေ့မေ့ပျောက်ပျောက်ထားသင့်ပါတယ်။အမှား တစ်ခုတည်းကိုနှစ်ယောက်စလုံးကပြန်သတိရနေရင်အသုံးမဝင်ပါဘူး။

၇။ အမျိုးသားများဟာညမအိပ်ခင်မျက်နှာနဲ့အိပ်ယာထချိန်မျက်နှာပြောင်းလဲမှုသိပ်မရှိပါဘူး။ အမျိုးသမီးများကတော့မနက်အိပ်ယာထချိန်မှာဖရိုဖရဲဖြစ်နေပါတယ်။

၈။ အမျိုးသမီးတစ်ဦးဟာအမျိုးသားတစ်ယောက်ကိုသူပြောင်းလဲလာမယ်မျော်လင့်ချက်နဲ့ လက်ထက်ပါတယ်။သို့ပေမယ့်အမျိုးသားကပြောင်းလဲမသွားပါဘူး။အမျိုးသားတစ်ဦးကတော့အမျိုးသမီး တစ်ဦးကိုမပြောင်းလဲစေဖို့မျော်လင့်ချက်နဲ့လက်ထက်ပါတယ်။သို့ပေမယ့်သူမပြောင်းလဲသွားပါတယ်။

၉။ ရန်ဖြစ်တဲ့အခါအမျိုးသမီးကအဆုံးသတ်စကားပြောနိုင်ပြီးအမျိုးသားပြောတဲ့စကားကတော့ပြဿနာရဲ့  အစပဲဖြစ်ပါတယ်။

၁၀။ အမျိုးသားတို့အတွက်ဘဝမှာနှစ်ကြိမ်ပဲသူ့အမျိုးသမီးကိုနားမလည်တာပါ။အိမ်ထောင်မပြုခင်နဲ့ အိမ်ထောင်ပြုပြီးပဲဖြစ်ပါတယ်။

Thursday, March 14, 2013

မြန်မာမလေးတွေ အိမ်ထောင်ဘက်ရွေးတဲ့အခါ ဒါတွေကိုသိထားသင့်တယ်

တစ်မိသားစုနှင့်တစ်မိသားစုအချိန်တန်အရွယ်ရောက်လာသော်တစ်ဦးနှင့်တစ်ဦးအကြောင်းပေါင်းဖက်
ရသည်မှာဓမ္မမှာပင်ဖြစ်ပေသည်။ယခုဘဝတွင်ဘဝတစ်သက်တာပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ထောင်တစ်ခုဖြစ်နိုင်ဖို.ရာအတွက် …

( ၁ ) အိမ်ထောင်ဖက်သည်ရောဂါဘယကင်းရှင်းပြီးကျန်းမာရေးကောင်းဖို.လိုပါသည်။
( ၂ ) ဘွဲ.ရခေတ်ပညာတတ်ကြီးမဟုတ်လင့်ကစားသင့်တင့်သောပညာရှိဖို.လိုပါသည်။
( ၃ ) နှစ်ဦးနှစ်ဖက်သင့်တင့်သောစီးပွားရေးရှိဖို.လိုပါသည်။တူနှစ်ကိုယ်တဲအိုပျက်မှာထမင်းရည်ပူ   လျက်ရစေတော့ဟူသည်သီချင်းထဲမှာပဲရှိသည်။
( ၄ ) ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်အောင်ပေါင်းသင်းဆက်ဆံဖို.၊လူဝင်ဆံ့ဖို.လည်းလိုအပ်ပါသည်။
( ၅ ) စိတ်ကောင်း၊နှလုံးကောင်း၊သဘောထားကောင်းသူဖြစ်ဖို.လိုအပ်သကဲ့သို့အကျင့်
စာရိတ္တကောင်းမွန်သူဖြစ်ရန်လည်းအရေးကြီးသည်။အိမ်ထောင်ဖက်ရွေးချယ်ခြင်းနှင့်ပတ်သက်ပြီး
“ပါသုံးပါ၊ချာသုံးချာ၊ကွာသုံးကွာ”ဟူသောရှေးရိုးစဉ်လာစကားမှာလည်းမှတ်သားလိုက်နာဖွယ်ကောင်း လှသည်။၎င်းတို့ မှာ..

“ ပါသုံးပါ “ ဟူသည်
( ၁ ) အကြွေးတွေပါလာသူ၊
( ၂ ) ရောဂါဘယ ပါလာသူ၊
( ၃ ) အပိုစားမည့်သူ ပါလာသူ၊

“ ချာသုံးချာ “ ဟူသည်
( ၁ ) ပညာအရည်အချင်း နုံချာသူ၊
( ၂ ) အကျင့်စာရိတ္တ နုံချာသူ၊
( ၃ ) အလုပ်အကိုင် နုံချာသူ၊

“ ကွာသုံးကွာ “ ဟူသည်
( ၁ ) တိုင်းနိုင်ငံနှင့် လူမျိုးမတူ ကွာခြားသူ၊
( ၂ ) အယူဝါဒမတူ ကွာခြားသူ၊
( ၃ ) စိတ်သဘောမတူ ကွာခြားသူတို့ ဖြစ်ကြသည်။

ရှေးလူကြီးသူမများ၏ပြောပြချက်အရယင်းအချက်ကိုးချက်နှင့်မကိုက်ညီသောအိမ်
ထောင်ရေးများသည်စိတ်ဆင်းရဲ၊ကိုယ်ဆင်းရဲဖြစ်တတ်ကြပြီး၊ကိုက်ညီသောအိမ်ထောင်ရေး
များသည်များသောအားဖြင့်အဆင်ပြေချောမွေ့ ပြီးစိတ်ချမ်းသာ၊ကိုယ်ချမ်းသာရှိကြသည်ဟု
ဆိုသည်။

Monday, March 4, 2013

မိခင်မေတ္တာနီးပါး ဖခင်မေတတ္တာ

မိဘမေတ္တာဟာ ကြီးမားလှပါတယ်...

မကြာခဏမိခင်နဲ့ဖခင်တို့ရဲ့မေတ္တာကိုချိန်စက်ကြည့်လေ့ရှိကြပါတယ်။မိခင်ဆိုတာကတော့သားသမီးကို ၀မ်းနဲ့လွယ်ခဲ့ကြရသူပါ။ယောက်ကျားဖေါင်စီး..မိန်းမမီးနေလို့တောင်ပြောစမှတ်ရှိကြပါတယ်။
မိခင်ဆိုတာသားသမီးကိုအရွယ်ရောက်အောင်ပြုစုကြတော့လဲတာဝန်အယူကြရဆုံးပါ။
သက်သေသာဓကအားဖြင့်တော့မိခင်မေတ္တာကြီးမားတာငြင်းစရာအကြောင်းမရှိပါ။
ဒီခေတ်မှာ...ဆရာကြီးဦးသုခ၊ဆရာချစ်စံဝင်းတို့ဆော်သြခဲ့လို့လဲမိခင်များနေ့ကိုကျင်းပကြ၊
ဟောပြောပွဲတွေလုပ်လာကြပါတယ်။
ဒါပေမဲ့ကျနော့်အနေနဲ့ဖခင်တွေရဲ့မေတ္တာတရားဆိုတာကိုသားသမီးတွေရဲ့အသိမှာ
အလေးနက်မထားတော့မှာကိုစိုးရိမ်မိပါတယ်။
တခါက...နာမည်ကြီးစာရေးဆရာကြီးတစ်ယောက်ကရေးခဲ့ဘူးပါသေးတယ်။ခွေးထီးတွေဟာ အမေမှန်းမသိ၊နှမမှန်းမသိကိလေသာသောင်းကျန်းကြပါတယ်တဲ့။ဒါကတော့
တိရစ္ဆာန်တွေပါ။လူသားဖခင်မှမဟုတ်တာ။ဒီလိုသာဆိုရင်မွေးစကြောင်ပေါက်လေးတွေကို
စားတတ်ကြတဲ့ကြောင်မကြီးတွေကိုဘယ်လိုပြောမလဲ။
ကျနော်တို့သူငယ်ချင်းတစ်စုနာဂစ်တုန်းကကယ်ဆယ်ရေးပစ္စည်းတွေနဲ့လပွတ္တာနဲ့ ဘိုကလေးမြို့နယ်တွေကိုရောက်ခဲ့ပါတယ်။ကယ်ဆယ်ရေးအရောက်ပေါက်နည်းတဲ့ချောင်ကြိုချောင်ကြား
ရွာတွေထိရောက်ခဲ့တာပါ။အဲဒီရွာတွေမှာအမျိုးသားထက်အမျိုးသမီးတွေနဲ့ကလေးကများများတွေ့ရပါတယ်၊
မေးကြည့်တော့ယောက်ကျားတွေအသက်ဆုံးပါးတာများပါတယ်တဲ့။
စုံစမ်းကြည့်တော့နာဂစ်ဖြစ်တဲ့ချိန်မှာကိုယ်လွတ်မရုံးပဲ မိသားစုကိုကယ်ဖို့လုပ်ရင်း အိမ်ထောင်ဦးစီးတွေ
အသက်ဆုံးရှုံးခဲ့ကြတာပါတဲ့။
ကိုလှသောင်းဆိုတဲ့သူပြောပြတာကတော့..သူအသက်စွန့်ပြီးဇနီးသည်နဲ့တစ်နှစ်ခွဲရွယ် သမီးလေးကိုကယ်ခဲ့တဲ့ဇာတ်လမ်းပါ။
ကေါက်ရိုးပုံကြီးကိုစီးရင်းမြောပါ၊ကေါက်ရိုးပုံကြီးပြိုပျက်တော့သစ်ပင်တစ်ပင်ပေါ်ကိုဇနီးနဲ့သမီးကို ကြံဖန်တင်၊သစ်ပင်ပေါ်ရောက်ပြန်တော့အပင်ကြီးရဲ့အမြစ်ခိုင်မခိုင်ရေထဲတစ်ခါဆင်းငုပ်ပီး အမြစ်တွေဆင်းစမ်းကြည့်ရ၊မိုးလင်းတော့အပင်ပေါ်ကဆင်း၊ပြန်လမ်းရှာရင်း ထန်းပင်ဥနှောက်လေးတွေရတော့သူကမစား၊ဇနီးနဲ့သမီးလေးကိုကြွေး၊
ဒီလိုနဲ့တောထဲမှာနှစ်ရက်လောက်အသက်ရှင်ခဲ့ရတဲ့ဇာတ်လမ်းပါ။
ကျနော်ပြောခြင်တာကတော့...မိခင်မေတ္တာကြီးမားတာကိုလက်ခံပါတယ်၊
ဒီအတိုင်းပါပဲဖခင်တွေရဲ့မေတ္တာကိုလဲအသိအမှတ်ပြုပေးကြပါလို.အကြုံပြုချင်ပါတယ်...မိခင်ရဲ.၀မ်းတွင်းထဲမှာ
နေကထဲကဖခင်ကကျွေးမွေးခဲ့တာပါသင့်နှလုံးတစ်ခါခုန်တိုင်းဖခင်ရဲ.ကျေးဇူးမကင်းဘူးလို.သိထားစေချင်ပါတယ်
ဗျာ....

မိတ်ဆွေ ဖြစ်ပြီလား

လူတစ်ယောက်နဲ့တစ်ယောက်တကယ်ရင်းနှီးပြီးမိတ်ဆွေဖြစ်သွားပြီဆိုရင်တစ်ဦးကိုတစ်ဦးရိုင်းပင်းရင်း ဘဝတွေကိုအောင်မြင်စွာဖြတ်သန်းနိုင်သွားတယ်။ဒါကိုလူတိုင်းသိထားတယ်သို့သော်လက်တွေ့
အသုံးချမှုနည်းတယ် ။
ဒါဘာကြောင့်လဲဆိုရင်ဟန်ချက်ညီမှုကြောင့်လို.ဆိုချင်မိပါတယ်။ဥပမာ-ခက်ခဲကြမ်းတမ်း အန္တရာယ်များတဲ့ခရီးတစ်ခုကိုလူနှစ်ယောက်ခရီးသွားကြပါပြီတဲ့။အဲ့လိုသွားတဲ့အချိန်အခက်အခဲတစ်ခုတွေ့လို့ တစ်ဦးနဲ့တစ်ဦးညှိနှိုင်းညီညွတ်ခြင်းမရှိပဲသူတစ်မျိုး၊ငါတစ်မျိုးနဲ့ဆိုရင်ကြုံလာတဲ့ပြဿနာအခက်အခဲကို
ကောင်းစွာဖြေရှင်းနိုင်မှာမဟုတ်ဘူး။ကြုံတွေ့တဲ့အခက်အခဲတွေအနက်တစ်ခါတစ်ရံမှာ လူတစ်ယောက်တည်းဖြေရှင်းလို့မရတာတွေရှိသလို၊နှစ်ယောက်အားတောင်မှ သိပ်မလွယ်ချင်တာတွေလည်းရှိတတ်ပါတယ်။အဲ့ဒီလိုအချိန်မှာညီညွတ်အားကတော်တော်လိုပါတယ်။
ဒါကြောင့်တစ်လမ်းတည်းသွားသူအချင်းချင်းညီညွတ်ပြီးမိတ်ဆွေဖြစ်ဖို့လိုပါတယ်။
ခေါင်းစဉ်နဲ့ပတ်သက်ပြီးကျွန်တော်တင်ပြချင်တာကဒီလိုပါ။လူတစ်ယောက်မှာထိလို့ကိုင်လို့ရတဲ့ရုပ်ဒြပ်နဲ့ ထိလို့ကိုင်လို့မရတဲ့အာရုံခံနာမ်ဒြပ်ဆိုတာရှိပါတယ်။ထိုနှစ်ခုကိုအထက်ကတင်ပြခဲ့တဲ့ ဘဝခရီးသွားနှစ်ဦးအဖြစ်သတ်မှတ်ကြည့်လိုက်ပါ။ ဘဝခရီးလမ်းမှာဖြေရှင်းစရာအခက်အခဲပြဿနာတစ်ခုခုနဲ့ကြုံလာတဲ့အခါထိုခရီးသွားအဖြစ်ရုပ်နဲ့နာမ်နှစ်ဦး မိတ်မဖွဲ့ထားပါကပြဿနာကိုအောင်အောင်မြင်မြင်ဖြတ်သန်းနိုင်မှာမဟုတ်ပါဘူး။ ဒီတော့အောင်အောင်မြင်မြင်ဖြေရှင်းနိုင်ဖို့အတွက်ညီညွတ်ပြီးမိတ်တွေဖြစ်နေဖို့လိုတာပါပဲ။
ဘယ်လိုညီညွတ်အောင်မိတ်ဆွေဖွဲလို့ရအောင်နေမလဲဆိုရင်ရင်းနှီးမှုပြုပါမှ၊တစ်ဦးကိုတစ်ဦး ထိတွေ့မှုပြုပေးမှအချင်းချင်းခင်တွယ်ပြီးမိတ်ဆွေဖြစ်လာမှာပါ။
(စကားချပ်။        ။လူမှာစိတ်နဲ့ကိုယ်ရှိတာဒီလောက်ရင်းနှီးရမလားအမြဲလိုလိုအတူတူရှိနေတာပဲဟာ ဆိုပြီးပြောစရာရှိလာနိုင်ပါတယ်။အဲ့ဒီလိုဆိုရင်မေးခွန်းလေးကိုမေးကြည့်ချင်တယ်။သင်ထိုင်နေစဉ်အတွင်း သင့်စိတ်သင့်ဆီမှာလား၊အဝေးတစ်နေရာမှာလားဆိုတာကိုပါ။အဲ့ဒိမေးခွန်းကအဖြေကိုထုတ်ပေးပါလမ့်မယ်။)
ဒီတော့မိတ်တွေဖြစ်အောင်လုပ်ရပ်တွေနဲ့စိတ်ကိုကပ်ထားပေးပါ။လှုပ်ရှားမှုတစ်ခုပြုတိုင်းလှုပ်ရှားမှုဟု သိပေးလိုက်ခြင်းဟာရုပ်ဒြပ်….ကိုယ်နဲ့နာမ်ဒြပ်စိတ်အသိအာရုံတို့မိတ်ဖွဲ့ခြင်းပါပဲ။
ဒီတော့မိမိဘဝခရီးမှာရုပ်နဲ့နာမ်ကိုမိတ်ဆွေတွေဖြစ်အောင်နေကြပါလို့အသိလေးပေးချင်တာပါ…။ဒါမှသာ ခုလိုရခဲတယ်ဆိုတဲ့လူ့ဘဝမှာအောင်မြင်တဲ့ဘဝအဖြစ်ကိုလျှောက်လှမ်းနိုင်ကြပါလိမ့်မယ်။

Wednesday, February 27, 2013

ချစ်တယ်လို့ မိန်းကလေးများ စ မပြောမိပါစေနဲ့

ဒီပိုစ့်လေးကိုမရေးချင်ပေ့မယ့်ရေးလိုက်ပြီဗျာ။ကျွန်တော်ကောင်းစေချင်လို့ပါ။မိန်းကလေးတွေကို ပုတ်ခတ်တာလဲမဟုတ်ပါဘူး။မိန်းကလေးတွေကစိတ်အရမ်းနုနယ်ကြတယ်။အဲ့ဒါပြောရမယ်ဆိုရင် မကောင်းဘူးပေါ့ဗျာ။ရည်စားစကားဆိုတာယောင်္ကျားလေးကစပြောရမှာပါ။မိန်းကလေးဘက်ကစပြီး ဘယ်လောက်ပဲချစ်နေပါစေလုံးဝကိုဖွင့်မပြောသင့်ပါဘူး။ပြီးတော့အွန်လိုင်းကယောင်္ကျားလေးတွေကို လည်းမယုံပါနဲ့။မယုံဖို.ဆိုတာကိုလဲကျွှန်တော်ခဏခဏပြောခဲ့ပါတယ်။ကျွန်တော့်သူငယ်ချင်းရဲ.
ကိုယ်တွေတစ်ခုပြောပြမယ်။မိန်းကလေးတစ်ယောက်နဲ့အွန်လိုင်းမှာခင်တယ်။သူက အွန်လိုင်းလည်းသိပ်မသုံးတက်သေးဘူး။သူမသိတာလေးတွေပြောပြတာပေါ့။သူကရန်ကုန်ကမဟုတ်ဘူး တခြားကနေရန်ကုန်ကိုလာတာ။အဲဒါရန်ကုန်မှာဘယ်လိုနေဘယ်လိုထိုင်ဆိုပြီးပြောမိပါတယ်။နေမကောင်းဘူး ဆိုလည်းအွန်လိုင်းမှာကျွန်တော့်သူငယ်ချင်းကိုလာပြောတယ်။သူဖြစ်သမျှအခက်ခဲတွေကိုလည်းပြောပြတယ်။ ကျွန်တော်သူငယ်ချင်းကလည်းသာမန်သူငယ်ချင်းတစ်ယောက်အနေနဲ့နားထောင်ပေးဖြစ်ပါတယ်။ အကြံလည်းပေးဖြစ်ပါတယ်။ဒါကသူငယ်ချင်းတစ်ယောက်အနေနဲ့ရင်ဖွင့်တာကိုနားထောင်တာလေ။ဘာလို့ တလွဲသွားတွေးကြတာလဲ။သူကပြောတယ်ကျွန်တော်သူငယ်ချင်းနဲ့စကားပြောရတာပျော်တယ်တဲ့။  ကျွန်တော့်သူငယ်ချင်းကိုရင်ဖွင့်လိုက်ရင်သူရင်ထဲမှာရှိတာတွေပေါ့သွားတယ်တဲ့။ကျွန်တော့်သူငယ်ချင်းက
အဲလိုပြောတာတွေကိုသာမန်လို့ထင်ထားခဲ့တာ။သူနဲ့အွန်လိုင်းမှာခင်လာတာဆယ်လလောက်ရှိမယ်ထင်တယ်။
အဲဒီဆယ်လအတွင်းဘယ်နေ့လာခဲ့မယ်နော်။ရက်ချိန်းတွေပေးပါတယ်။ သူငယ်ချင်းတစ်ယောက်အဖြစ်တော့လာခဲ့တော့ပြောဖြစ်ပါတယ်။သူ့ကိုတအားကြီးလည်း ဂရုစိုက်ပြတာတော့မဟုတ်ပါဘူး။သူငယ်ချင်းတစ်ယောက်ကိုဂရုစိုက်သလိုသာမန်ဂရုစိုက်မှုလေးပါပဲ။ သူကိုမှမဟုတ်ပါဘူးတခြားသူငယ်ချင်းတွေကိုလည်းအဲလိုပဲ၊စာရေးတဲ့သူဆိုပိုတောင်ဆိုးသေးတယ်ပိုတောင်
ပြောတတ်သေးတယ်။ဒါပေ့မယ့်အဲဒီသာမန်ဂရုစိုက်မှုတွေကသူ့အတွက်သာယာမှု တစ်ခုဖြစ်သွားခဲ့တယ်ထင်ပါတယ်။တစ်ရက်မှာအချစ်အကြောင်းမပြောဖူးဘဲသူကပြောလာတယ်။ ကျွန်တော့်သူငယ်ချင်းထက်တစ်နှစ်ငယ်တယ်။အစ်ကိုတဲ့သူမှာချစ်ရမယ့်သူတစ်ယောက်ရှိနေပြီတဲ့။ ဟုတ်လားပေါ့။သူကမင်းကိုဖွင့်ပြောပြီးပြီလားလို့မေးတယ်။သူဘက်ကဒီအတိုင်းပဲတဲ့။ညီမဘက်က
ဖြစ်နေတာပါတဲ့။ဖွင့်ပြောလိုက်ရင်ကောင်းမလားတဲ့။ကျွန်တော်အဲဒီမှာသူ့ကိုသတိပေးတယ်။မင်းက မိန်းကလေးဖြစ်တယ်။လုံးဝဖွင့်မပြောသင့်ဘူးလို့။တကယ်လို့ဖွင့်ပြောလိုက်ရင်လည်းမင်းအတွက်က ရလဒ်မကောင်းဘူးလို့ပြောခဲ့ပါတယ်။မိန်းကလေးတစ်ယောက်ကိုအရင်ကသုံးနှစ်သုံးမိုးတောင် ရည်းစားစကားပြောရတာပဲတို့၊အစဉ်အလာမရှိတဲ့အကြောင်းတို့သူနားလည်အောင်သူ့ကိုပြောခဲ့ပါတယ်။ သူကပြောတယ်။ဒီတိုင်းကြီးတဖက်သတ်ကြီးနေနေရမှာလားတဲ့။အင်းပေါ့လို့ပြောခဲ့တယ်။မရတော့ဘူး အစ်ကိုတဲ့။ညီမရင်ထဲမှာဘယ်လိုမှမျိုသပ်မထားနိုင်တော့ဘူးတဲ့။ပြောမှကိုဖြစ်မယ်တဲ့။ကျွန်တော်ဘယ်လို နားဝင်အောင်ပြောပြောမရခဲ့ပါဘူး။သူကပြောတယ်။ညီမပြောလိုက်တော့မယ်တဲ့။သူအဲဒီစကားပြောပြီးရင် တပတ်လောက်အွန်လိုင်းမလာတော့ဘူးတဲ့။အဲဒီထိကိုမသိသေးပါဘူး။နောက်တော့အဲဒီတစ်ယောက်က အစ်ကိုပဲတဲ့။တိန်သေရောပဲလေ။ကျွန်တော့်သူငယ်ချင်းကဆက်ပြောခဲ့ပါတယ်။အစ်ကို့ဘက်ကတော့မင်းကို သာမန်ညီမ၊သူငယ်ချင်းတစ်ယောက်ထက်မပိုနိုင်ပါဘူ့း။ပြီးတော့မင်းအစ်ကို့ကိုပြောတဲ့အတွက်
တော်သေးတာပေါ့။တခြားတစ်ယောက်ဆိုရင်မင်းဘယ်နှယ့်လုပ်မလဲ။မင်းကိုအထပ်ထပ်မှာထားတာပဲ အွန်လိုင်းကသူတွေကိုမယုံပါနဲ့လို့။ယုတ်စွအဆုံးအစ်ကို့ကိုပါမယုံနဲ့လို့ပြောထားတာလေလို့ပြောခဲ့ပါတယ်။
သူကအစ်ကို့ကိုမို့လို.ပြောတာတဲ့။အဲလိုတွေဖြစ်ပြီးနောက်ပိုင်းမှာကျွန်တော်သူ့ကိုပြောခဲ့ပါတယ်။ မင်းနဲ့မတွေ့တော့ဘူးလို့။မင်းအစ်ကို့ကိုအစ်ကိုတစ်ယောက်လိုသဘောထားနိုင်တဲ့အချိန်အွန်လိုင်းလာခဲ့ပါလို့
ပြောခဲ့တယ်။သူတစ်ပတ်လောက်နေတော့ပြန်တက်လာပါတယ်။အဲဒီနောက်ပိုင်းကနေ အခုချိန်ထိမတွေ့တော့ပါဘူး။အဲလိုအဖြစ်မျိုးတိုက်တိုက်ဆိုင်ဆိုင်ပဲနောက်တစ်ယောက်ကြုံခဲ့ရပါတယ်။ အဲဒါကြောင့်လည်းဒီပို့စ်လေးကိုရေးလိုက်တာပါ။မိန်းကလေးတွေကိုပုတ်ခတ်ရည်ရွယ်ပြီးရေးသားခြင်းမဟုတ်ပါ။
အဲလိုမျိုးကျွန်တော်ကြုံခဲ့ရတယ်။အဲဒီတော့အဲလိုမိန်းကလေးတွေကိုပြောချင်ပါတယ်။မိမိသိက္ခာကို ငဲ့ကွက်ကြပါ။မိန်းကလေးဆိုတဲ့အိနြေ္ဒကိုစောင့်ထိန်းကြပါ။အရှက်ကိုအသက်နဲ့လဲရမယ်ဆိုတဲ့ မိန်းကလေးတွေအတွက်ဆောင်ပုဒ်တွေတောင်ရှိခဲ့တာပဲ။ရှေးလူကြီးပြောခဲ့တာတွေကိုဖျောက်ဖျတ်မပစ်ကြ
ပါနဲ့။ညီမတွေလိုကိုယ်ချင်းစာပြီးရေးသားခြင်းဖြစ်ပါတယ်။မဖြစ်သင့်တဲ့ကိစ္စတွေပါ။ ရုပ်စွအဆုံးပြောလိုက်မယ်မတော်သူနဲ့တွေ့ရင်ဘဝပါပျက်သွားနိုင်ပါတယ်။မိမိကိုယ့်ကိုယ်တန်ဖိုးထားကြပါ။ တအားကြီးမပျော့ညံ့ကြပါစေနဲ့။ယောင်္ကျားလေးတစ်ယောက်ဂရုစိုက်တိုင်းလည်းသူ့ဘက်ကိုပါ မသွားပါစေနဲ့။သေချာစဉ်းစားဆုံးဖြတ်ကြပါ။ဘယ်လောက်ပဲကိုယ့်ဘက်ကတစ်ဖက်သတ်ချစ်နေပါစေ
နောက်ဆုံးအချိန်ထိကိုကိုယ့်ဘက်ကစမပြောမိပါစေနဲ့ဗျာ။အဲလိုမိန်းကလေးမျိုးသူငယ်ချင်းတို့ ပတ်ဝန်းကျင်မှာတွေ့ခဲ့ရင်လည်းဝိုင်းဝန်းပြောဆိုဖြောင့်ဖျကြပါ။မိန်းကလေးများသောအားဖြင့် သူငယ်ချင်းတွေကိုတော့တိုင်ပင်မယ်လို့မျှော်လင့်ပါတယ်။ဖြစ်နိုင်ရင်တော့အွန်လိုင်းမှာသူငယ်ချင်းပဲရှာကြပါ။
ကြင်ယာမရှာကြပါနဲ့။အခုခေတ်လူငယ်တွေတ်ာကီတွေမှာလည်းမျောမသွားပါစေနဲ့။အွန်လိုင်းကို စသုံးတက်ခါစမိန်းကလေးတွေမှာအများဆုံးဖြစ်တက်ပါတယ်။မိမိသူငယ်ချင်းလေးတွေ အဲလိုစသုံးတဲ့သူရှိရင်ဖေးမကူညီကြပါလို့စာဖတ်သူများကိုပြောချင်ပါတယ်။အွန်လိုင်းက အသုံးချတက်ရင်ရွှေပါ။တလွဲအတွေးတွေနဲ့အွန်လိုင်းမသုံးကြပါနဲ့။အကျိုးရှိမယ့်အရာလေးတွေနဲ့ပဲ အွန်လိုင်းမှာအချိန်ကုန်ကြပါစေ။အွန်လိုင်းပေါ်ကကောင်လေးတွေကိုအတက်နိုင်ဆုံးမယုံတာအကောင်းဆုံးပါ။ အွန်လိုင်းမှာတွေ့တဲ့ကောင်လေးတွေပေါ်မှာလည်းမသာယာကြပါစေနဲ့နော်။ညီမချင်း ကိုယ်ချင်းစာမိလို့ရေးတာပါ။စော်ကားမှု၊ပုတ်ခတ်မှုများပါခဲ့ပါကအနူးအညွှတ်တောင်းပန်အပ်ပါသည်။
 

Sunday, February 24, 2013

ရန်ကုန်မြို့တွင် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေသော အမျိုးသမီးငယ်များက အင်တာနက်ကို အသုံးပြုပြီး ဖေါက်သည် ရှာဖွေမှုများ တိုးမြှင့် လုပ်ကိုင်လာ

ယခင်ကတယ်လီဖုန်းများဖြင့်ဆက်သွယ်ပြီးဖေါက်သည်ရှာဖွေခဲ့ကြသည်။မြို့တွင်းရှိကားမှတ်တိုင်များတွင် ရပ်ပြီးကားစီးမည့်ခရီးသည်အချင်းချင်းလိုက်လံကပ်မေးအချက်ပြပြီးတည်းခိုခန်း၊ ဟိုတယ်လ်သို့ခေါ်ဆောင်ကာလိင်ဖျော်ဖြေရေးလုပ်ငန်းများလုပ်ဆောင်နေကြသလို ကန်တော်ကြီး၊ပြည်လမ်းမများပေါ်ရှိကားမှတ်တိုင်အချို့တွင်ထိုင်လျက်ကိုယ်ပိုင်ကားများကိုအချက်ပြကာ လိင်ဖျော်ဖြေရေးလုပ်ငန်းလုပ်ကိုင်နေသူများလည်းရှိသည်။



အဆိုပါနည်းများဖြင့်လိင်ဖျော်ဖြေရေးလုပ်ကိုင်နေသူများကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့မှစစ်ဆေး အရေးယူမှုများကြောင့်ပေါ်ပေါ်တင်တင်မလုပ်ရဲကြဘဲမသိမသာပုံစံဖြင့်သာကိုယ်ယောင်ဖျောက် လုပ်ကိုင်နေကြသော်လည်းယခုအခါအိုင်တီနည်းပညာကိုအသုံးပြုပြီးခေတ်မှီနည်းများဖြင့်ဈေးကွက် ချဲ့ထွင်လာသည်ကိုတွေ့မြင်ကြားသိနေရသည်။ထိုကဲ့သို့အမှန်တကယ်ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်နေသူအမျိုးသမီးများအနေဖြင့်ပေါက်သည့်နဖူးမထူးဟူသောစကားအတိုင်းမထူးဆန်း လှသော်လည်းအတုမြင်အတတ်သင်လာမည့်ဆယ်ကျော်သက်များနှင့်အင်တာနက်ကိုအမှန်တကယ် အသုံးပြုနေသည့်ငယ်ရွယ်နုပျိုသည့်မိန်းကလေးများ၏အရှက်နှင့်သိက္ခာအတွက်မူစိုးရိမ်ဖွယ်အခြေအနေ တစ်ရပ်ဖြစ်လာနေသည်။
လက်ရှိဖြစ်ပေါ်နေသောအင်တာနက်ကိုအသုံးပြုပြီးလိင်ဖျော်ဖြေရေးလုပ်ငန်းလုပ်ကိုင်နေသူများမှာအသက် ၁၈ နှစ်မှအသက်၃၀ပတ်ဝန်းကျင်အထိအမျိုးသမီးများပါဝင်နေပြီးအချို့မှာဂိုဏ်းဖွဲ့ပြီးပြည့်တန်ဆာခေါင်းဆောင် များက Onlineအသုံးပြုကာဈေးကွက်ရှာဖွေပေးပြီးလိင်ဖျော်ဖြေမည့်အမျိုးသမီးငယ်များကိုစုဆောင်း ထားသည်ဟုပင်ကြားသိနေရသည်။


အဆိုပါအခြေအနေနှင့်ပတ်သက်ပြီးရန်ကုန်မြို့၌အင်တာနက်ကဖေးတစ်ခုကိုဦးစီးလုပ်ကိုင်နေသည့် ညီငယ်တစ်ယောက်၏အတွေ့အကြုံများကို MMDailynews.com မှမေးမြန်းခဲ့ရာ သူက.."ဟုတ်... အွန်လိုင်းကနေပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေတာတွေရှိတယ်အစ်ကို၊ဆိုင်မှာလာသုံးနေတဲ့ User တစ်ယောက်ပေါ့။သူကကောင်မလေးတစ်ယောက်ရဲ့အကောင့်ကိုရလို့ Gtalk ကနေAdd လိုက်တယ်။ အစကတော့သူဘာဆိုတာမပြောဘူးပြီးတော့အပြင်မှာချိန်းတယ်။အဲ့ဒီမှာသူတို့လုပ်စရာရှိတာတွေ ဆက်လုပ်ကြတယ်အဲ့တာကတစ်မျိုးအခကြေးငွေအတွက်တည်းခိုခန်းမှာချိန်းဘယ်လောက်ရရင် လိုက်မယ်ပေါ့။နောက်တစ်ခုကအကြီးစားပြည့်တန်ဆာတွေပေါ့။အွန်လိုင်းကနေတွေ့တယ်။ပြီးရင်ချိန်းတယ် ကြိုက်ရင်လိုက်သွားတယ်(ကက)သီးသန့်ပေါ့။
အခုနောက်ပိုင်းအွန်လိုင်းကိုပြည့်တန်ဆာတွေတော်တော်ကသုံးလာကြတယ်။Onlineကနေရတဲ့ဖေါက်သည်
တွေကလဲငွေကြေးများများပေးနိုင်တာကိုး။ဒီလုပ်ငန်းဖြစ်လာတာခန့်မှန်းရသလောက်အထူးသဖြင့် ရန်ကုန်မှာပေါ့။2008 ခုနှစ်နောက်ပိုင်းအခု 2010 ခုနှစ်မှာအမြင့်ဆုံးကိုရောက်နေတယ်လို့ထင်ပါတယ်။
ဒီလိုပြည့်တန်ဆာတွေလှူပ်ရှားလာတော့ကျန်တဲ့ဆယ်ကျော်သက်အမျိုးသမီးတွေမူဒိန်းမှူတွေနဲ့ ကိုယ်ကျင့်တရားအထိန်းသိမ်းလျော့ရဲတာတွေပါဖြစ်လာနိုင်ပါတယ်။


အွန်လိုင်းပြည့်တန်ဆာတွေရဲ့ပစ်မှတ်ကအွန်လိုင်း(ချက်တင်)ကိုအသုံးပြုတတ်ခါစလူတွေ၊အပြင်မှာတစ်ခါမှ လက်တွေ့မစမ်းရဲကြတဲ့ဆယ်ကျော်သက်တွေငွေကြေးတတ်နိုင်တဲ့သူတွေလို့ထင်ပါတယ်။သူတို့ကGtalkနဲ့ VZOကိုအများဆုံးအသုံးပြုပါတယ်။အခုနောက်ပိုင်းပေါ့။မြန်မာဘလော့ဂါအချို့ရဲ့sex၀က်ဆိုဒ်တွေမှာ Member၀င်ပြီးလဲဆက်သွယ်နေကြပါတယ်။ကျွန်တော်ကိုယ်တိုင်တစ်ခါတော့ကြုံဘူးတယ်။အကောင့်က ကျွန်တော့်Gtalkကိုအမှတ်မထင်ရောက်လာတယ်။ကျွန်တော်ကလက်ခံလိုက်တယ်။သူဂျီတော့မှာ မက်ဆေ့ခ်ျတစ်ခုတင်ထားတယ်။သူနဲ့ပျော်ချင်ပါသလားတစ်ည( Edit )ဆိုပြီး။
ကျွန်တော့်သူငယ်ချင်းတွေနဲ့ဒီလောက်ရဲတင်းလှတာကောင်မလေးတကယ်ဟုတ်မဟုတ်မေးမယ်ဆိုပြီး သူငယ်ချင်းတွေသူ့အကောင့်ကိုဝိုင်းAddကြတယ်။အပြင်မှာချိန်းတယ်တကယ့်ကောင်မလေးပါဘဲ။သူက ဘယ်တည်းခိုခန်းမှာဘယ်လိုဆိုဘယ်လောက်စိတ်ကြိုက်ကြိုက်တာခိုင်းဆိုဘယ်လောက်။
လူဘယ်နှစ်ယောက်ဆိုဘယ်လောက်ဆိုပြီးဈေးတွေတောင်Onlineကနေညှိခဲ့ဘူးတယ်။တကယ်သူချိန်းတဲ့ လက်ဖက်ရည်ဆိုင်မှာတစ်ယောက်ကသွားပြီးစောင့်ကြည့်တယ်။တကယ်ဟုတ်မဟုတ်။ တကယ်ပါဘဲကောင်မလေးတော်တော်ချောချောလေးပါဘဲ။မထင်ရက်စရာပေါ့။အသက် ၁၉ နှစ် ၂၀နှစ် ၀န်းကျင်လေးပါ။တကယ်တော့ကျွှန်တော်တို့မပျော်ခဲ့ပါဘူး။
နောက်ပိုင်းတော့သူ့အကောင့်ကိုBlockလိုက်ပါတယ်။အသိUserတစ်ယောက်တော့အွန်လိုင်းကနေတွေ့ပြီး တစ်ခါအလုပ်ဖြစ်ခဲ့ဖူးတယ်ပြောပါတယ်။အင်တာနက်ဆိုင်မှဝန်ထမ်းတစ်ဦးကလည်း "ဟုတ်ကဲ့ခင်ဗျ၊ ဂျီတော့မှာကိုဖော်ချွတ်ပုံတင်ပြီးတကယ်လိုက်တဲ့အကောင့်ပိုင်ရှင်တွေရှိပါတယ်။ဆိုင်တွေမှာလည်းအဲ့သလို အကြောင်းကိစ္စတွေအတွက်အသုံးပြုနေတာတွေအနည်းနဲ.အများတော့မြင်နေရပါတယ်။
အွန်လိုင်းမှာပဲချိန်းပြီးကားနဲ့လာကြိုသွားတဲ့အထိတွေ့ ခဲ့ဖူးပါတယ်"ဟုသူမြင်တွေ့ခဲ့ရသမျှပြောသည်။ အွန်လိုင်းမှပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့်ဖေါက်သည်ရှာရန်အတွက်သီးခြားပြင်ဆင်စရာ မလိုသည့်အပြင်ပြောဆိုညှိ့နှိုင်းရာတွင်လည်းနှစ်ဦးနှစ်ဖက်မျက်နှာပူစရာမလိုခြင်း၊ဈေးညှိနှိုင်းနေစဉ် အဖမ်းအဆီးခံရမည့်အရေးအတွက်လည်းကျီးလန့်စာစားဖြစ်စရာမလိုခြင်း၊ပတ်ဝန်းကျင်မှ အသိမိတ်ဆွေများကရိပ်မိသွားမည်ကိုပါစိုးရိမ်စရာမလိုသည့်အခြေအနေများကြောင့် အွန်လိုင်းမှဖေါက်သည်ရှာခြင်းလုပ်ငန်းကိုတိုးမြှင့်ဆောင်ရွက်လာကြခြင်းဖြစ်သည်။
မြန်မာလူမျိုးမိဘများအနေဖြင့်သားသမီးများကိုခေတ်မှီနည်းပညာများနှင့်ထိတွေ့ရင်းနှီုးလာစေလိုသော သဘောဖြင့်အင်တာနက်အသုံးပြုမှုကိုလွတ်လပ်စွာခွင့်ပြုထားကြသော်လည်းကျန်းမာရေးရှုထောင့်အရ ကြည့်မည်ဆိုပါကလည်းကောင်းအကျင့်သိက္ခာပိုင်းအရလည်းကောင်းထိခိုက်နစ်နာမှုများမဖြစ်လာစေရေး အတွက်သားသမီးတို့၏အင်တာနက်အသုံးပြုမှုကိုအတိုင်းအတာတစ်ခုအထိစောင့်ကြည့် ထိန်းသိမ်းစောင့်ရှောက်သွားရန်ပါလိုအပ်လာပြီဖြစ်သည်။

မြန်မာမိန်းကလေးများအင်တာနက်( On Line) ပေါ်တွင် Sex ကိစ္စပြောဆိုခြင်း၊ပြသခြင်းများရှောင်ကြဉ်ပါ



ဒီလို Chatting မျိုးကအနောက်တိုင်းမှာအင်မတန်ရေပန်းစားပါတယ်။အနောက်တိုင်းရယ်လို့တောင်မဟုတ် ပဲဂျပန်၊တောင်ကိုရီးယား၊ဖိလစ်ပိုင်၊အစရှိသဖြင့်အာရှနိုင်ငံများမှာပါaရပန်းစားလာတဲ့Chattingဖြစ်ပါတယ်။ စကားပြောဆိုရုံChatting,ရုပ်မြင်ရုံဗီဒီယိုChattingတင်မဟုတ်တော့ပဲမမြင်သင့်တာတွေပါမြင်အောင်ပြတဲ့ Chattingအမျိုးအစားဟာမြန်မာပြည်မှာပါရေပန်းစားလို့နေပါပြီ။အများစုကနိုင်ငံခြားရောက်နေတဲ့ချစ်သူနဲ့ စကားပြောဆက်သွယ်တဲ့အခါမှာဖြစ်ပါတယ်။အနောက်တိုင်းမှာခေတ်စားတာကတော့မဆန်းပြားပါဘူး။
ဒီလိုတွေခေတ်စားသလိုVideo-ChattingကRecordလုပ်ထားတာတွေဟာလည်းပလူပျံနေ တတ်ကြပါတယ်။မြန်မာဖြစ်Sexy-Chattingမှတ်တမ်းတင်ထားမှုတွေဟာလည်းအနောက်တိုင်းနဲ့ ရင်ဘောင်တန်းလို့အင်တာနက်စာမျက်နှာတွေမှာပလူပျံနေပါပြီ။ချစ်သူချင်းမဟုတ်ပဲအွန်လိုင်းမှာသိပြီး စိတ်ဝင်စားတဲ့သူအချင်းချင်းတောင်ပွင့်ပွင့်လင်းလင်းထင်သာမြင်သာတဲ့အထိတောင်ကြားနေရပါတယ်။ ဒါဟာဘာကြောင့်လဲ?ဘုရားဟောတရားနဲ့သာတရားကိုယ်ကောက်ရရင်တဏှာအရင်းခံပြီးဖြစ်တဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။အိန္ဒြိယလက္ခဏာချို.ယွင်းမှုတစ်ခုပါပဲ။ချစ်ရုံကြိုက်ယုံနဲ့မိမိမှာရှိတဲ့အရှက်(ဟီရိ) တရားပါလက်လွတ်စပယ်ပြုလိုက်တာမျိုးဟာမရင့်ကျက်တဲ့သူများဖြစ်ပါတယ်။အထူးသဖြင့်ဆယ်ကျော် သက်လူငယ်များ၊အသက်ကြီးသော်လည်းစာရိတ္တပျက်ပြားသောအမျိုးသား၊အမျိုးသမီးများဖြစ်ပါတယ်။
ပြန့်လွင့်သွားနိုင်တဲ့ဗီဒီယိုတွေကိုပြန်ပြီးRecoverလုပ်ပေးမယ့်ဆော့ဖ်ဝဲ၊ဘာညာအစရှိသဖြင့်ပေါ်ပေါက်လာပါတယ်။
သို့ပေမယ့်အင်တာနက်ခေတ်ကြီးထဲမှာဒါတွေဟာပုရွတ်တစ်ကောင်လောက်အောင်အစွမ်းမထက်ပါဘူး။ သို့ပေမယ့်အစွမ်းအထက်ဆုံးနည်းလမ်းတစ်ခုရှိပါတယ်။ဒီနည်းလမ်းကအင်တာနက်ပေါ်ပျံလွင့်မှုလုံးဝ မဖြစ်စေတော့ပါဘူး။လုံးဝ(လုံးဝ)SexyChattingမလုပ်ဖို့ပဲဖြစ်ပါတယ်။ကိုယ်နဲ့ယခုမှစသိတဲ့သူပဲဖြစ်ဖြစ်
နှစ်လရှည်ကြာ တွဲလာတဲ့ ချစ်သူပဲ ဖြစ်ဖြစ်ချက်တင်ထိုင်တဲ့အခါ လိင်ပိုင်းဆိုင်ရာ ရိုင်း စိုင်းသော ပြောဆိုမှု ကိုရှောင်ရှားရန်လိုအပ်ပါတယ်။အဲလိုသာရှောင်ရှားရင်တော့Sex-Chattingဘက်ကိုရောက်ဖို့ အင်မတန်ဝေးသွားပါပြီ။အချို.ကျသိသိမသိသိတစ်ဖက်သားကိုဇွတ်အတင်းမြင်အောင်၊ဖတ်အောင် ကြိုးပမ်းကြသူများဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ်ဘလော့(Block)ပစ်ဖို့လိုအပ်ပါတယ်။ချစ်သူအရင်းခေါက်ခေါက်ဖြစ်နေခဲ့ရင်လမ်းခွဲမယ်လို့ သတိပေးတဲ့အဆင့်ထိပြောဆိုရန်သတ္တိရှိပါတယ်။ဟုတ်ပါတယ်။ဒီလိုမကြိုက်ဘူးလို့ပြော ထားရဲ့သားဇွတ်အတင်းပြောဆိုပြသနေရင်ဒါတကယ်ချစ်တာမဟုတ်ပါဘူး။အကယ်၍ပျံလွင့်သွားရင်ဖြစ်လာ  မယ့်အကျိုးဆက်ကစာရေးသူမပြောလည်းသိကြမယ်ထင်ပါတယ်။အချို.ကျတော့Chattingမဟုတ်ပဲ Record လုပ်ထားတဲ့အပျော်ဗီဒီယို၊အသံဖိုင်အစရှိသဖြင့်ဖြန့်ဝေကြပါတယ်။ဒီမှာလည်းထိုနည်းတူစွာပါပဲ။
ဒီကိစ္စတွေကိုရှောင်ရှားထားရင်ပြဿနာဆိုတာဖြစ်လာစရာအကြောင်းမရှိပါဘူး။မရှောင်ရှားနိုင်ဘူး ဆိုရင်တော့ဗီဒီယိုရိုက်တဲ့ချစ်သူမျိုးဆိုရင်မတွဲသင့်တာလုံးဝသေချာနေပါပြီ။ဒါဘာရည်ရွယ်ချက်လည်း။ ဘာလို့မှတ်တမ်းတင်တာလဲ။အသိဥာဏ်ရှိရှိစဉ်းစားတွေးခေါ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။ဒါကြောင့်ဒီ ပြဿနာတွေ၊ အန္တရာယ်တွေကင်းကောင်တစ်ခုတည်းသောနည်းလမ်းကလုံးဝ(လုံးဝ)မပြုလုပ်ခြင်း၊ရှောင်ကြဉ်ခြင်းသာဖြစ်ပါ တယ်။

Saturday, February 23, 2013

ခေတ်သစ်လူငယ်တို. ခေတ်မှီရေးသို.

ဆယ်ကျော်သက်အရွယ်ကနေ နှစ်ဆယ်ကျော်အထိ လူငယ်လို့ သတ်မှတ်ခံရသလို၊ လူကြီးတွေကလည်း ကိုယ့်ထက်ငယ်သူတွေကို လူငယ်လို့ ခေါ်တတ်ကြသည်။ အသက် သုံးဆယ်ကျော် ကျမက ဆယ်ကျော်သက်များနဲ့ နှစ်ဆယ်ကျော်သက်များကို လူငယ်များလို့မြင်သလို၊ အသက် ငါးဆယ်ကျော် လူကြီးများက ကျမကို လူငယ်တယောက်ဟုပင် မြင်ကြသည်။ တကယ်တော့ လူငယ်ဆိုသည်မှာ အသက်အရွယ်ကို ရည်ညွှန်းခြင်းထက်၊ ခေတ်တခုကို လက်ဆင့်ကမ်း သယ်ဆောင်မည့် မျိုးဆက်တခုနဲ့ ပိုသက်ဆိုင်မည်။ မျိုးဆက် (generation) တခုဟာ အနှစ် ၃၀ လောက် ရှိခဲ့ရင်၊ ကျမက လက်ရှိမျိုးဆက်ရဲ့ အဆုံးစွန်နားရောက်နေသလို၊ ဆယ်ကျော်သက်တွေကတော့ အစနားမှာရှိနေသည်။

ကျမအမြဲထိတွေ့ဆက်ဆံရသော လူငယ်များမှာ အသက် ၁၈ - ၂၇ ၀န်းကျင်လောက် ရှိကြသည်။ ကျမစာသင်ခဲ့သော စင်္ကာပူနိုင်ငံရှိ ပေါ်လီတက္ကနစ် (polytechnic) မှ ကျောင်းသား/သူ များ၊ လက်ရှိစာသင်နေသော ထိုင်းနိုင်ငံရှိ တက္ကသိုလ်မှ ကျောင်းသား/သူ များ၊ စေတနာ့ဝန်ထမ်းအဖြစ် ကျမစာသင်ပေးသောကျောင်းမှ ကျောင်းသား/သူ များ၊ အပြင်မှာ တခါတလေ ဆုံရသော လူငယ်များ ဖြစ်ကြသည်။ မြန်မာ၊ စင်္ကာပူ၊ ဗီယက်နမ်၊ တရုတ်ပြည်၊ မလေးရှား၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာ စသော နိုင်ငံပေါင်းစုံမှ လာကြသည်။

နိုင်ငံခြားတွင် ပညာလာသင်ကြသော လူငယ်အများအတွက် လွတ်လပ်မှု (independence) သည် ကိုယ်လုပ်ချင်ရာလုပ်တာမျိုး ဖြစ်တတ်ကြသည်။ တကယ်တော့ မိဘများနဲ့ဝေးပြီး၊ ကိုယ့်ဘာသာ ထိန်းကြောင်းရသော လွတ်လပ်မှုမျိုး ဖြစ်သည်။ ထိုအခါ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစည်းကမ်းတကျနေမလဲဆိုတာ အရေးကြီးလာသည်။ လွတ်လပ်ခြင်းနောက်တွင် (ကိုယ့်ဘာသာ) တာဝန်ယူတတ်ဖို့ လိုလာသည်။ ကိုယ့်လုပ်ရပ်တိုင်းရဲ့ ရလဒ်များကို သတ္တိရှိရှိ ရင်ဆိုင် တာဝန်ယူပြီး၊ သင်ခန်းစာယူတတ်ဖို့ ပြင်ဆင်ထားရမည်။

လူတိုင်း ကိုယ်မလုပ်ဖူးတာကို လက်တည့်စမ်းလိုစိတ်ရှိသည်။ ကျမကိုယ်တိုင်လည်း ထိုသို့ပင်။ သို့သော် ကိုယ့်ဘ၀အတွက် ထိခိုက်သွားနိုင်သည့် လက်တည့်စမ်းမှုမျိုးကိုတော့ ဘယ်တော့မှ လုပ်ဖို့ စိတ်မကူးခဲ့ပေ။ မိဘများက ဆေးလိပ်မသောက်ရ၊ အရက်မသောက်ရ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားမထားရ၊ ညမိုးချုပ် အပြင်မထွက်ရ စသည့် စည်းကမ်းများ ချတတ်ကြသည်။ ဒါဟာ မကောင်းဘူးလို့ ပြောကြသည်။ တကယ်လည်း အဲဒီလုပ်ရပ်တွေနောက်မှာ အမှားကျူးလွန်နိုင်စရာ အလားအလာ အများကြီးရှိသည်။ လုံးဝရှောင်နိုင်ရင် အကောင်းဆုံးဖြစ်သည်။ အဲဒီအရာတွေ လုပ်မိတဲ့လူငယ်တွေကိုလည်း မှားတယ် ဆိုးသွမ်းတယ်လို့ မဆိုနိုင်။ လူငယ်သဘာဝ လက်တည့်စမ်းတာ ဖြစ်နိုင်သည်။ အဓိကက ဘယ်အရာမဆို အလွန်အကျွံ မဖြစ်ဘဲ balance ဖြစ်ဖို့ပင်။ ကိုယ့်ဘ၀ အနာဂတ်ကို ထိခိုက်နိုင်လောက်အောင် မလုပ်ဖို့ အမြဲစဉ်းစားဆင်ခြင်ဥာဏ်ရှိအောင် ကိုယ့်ဘာသာ စည်းကမ်း (discipline) ရှိဖို့ပင်။

နိုင်ငံခြားတွင် ကျောင်းသွားတက်ဖို့ဆိုတာ မြန်မာလူငယ်တိုင်းလုပ်ချင်သော်လည်း မလုပ်နိုင်သောအရာ။ တချို့က ငွေကြေးအရ မတတ်နိုင်။ တချို့ကျ ၀င်ခွင့်စာမေးပွဲ သတ်မှတ်ထားသော ၀င်ခွင့်လိုအပ်ချက်နဲ့ မပြည့်စုံ။ တချို့ဆို လေး ငါး နှစ်အထိ ၀င်ခွင့်စာမေးပွဲအောင်ဖို့ ကြိုးစားကြရသည်။

မြန်မာနိုင်ငံ မြ၀တီမြို့ တဘက်ကမ်းမှာရှိတဲ့၊ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ လူငယ်တချို့နဲ့ ကျမ စကားဝိုင်းလုပ်ဖူးသည်။ သူတို့ကို အနာဂတ်အတွက် ဘာမျှော်လင့်ချက်ရှိလဲလို့ ကျမကမေးတော့၊ အနည်းစုက ထိုင်းနိုင်ငံ တက္ကသိုလ်တခုခုတွင် ကျောင်းတက်ချင်ကြသည်။ ဒါပေမယ့် အဲလိုတက်နိုင်ဖို့ စကောလားရှစ် (scholarship) ရအောင် သူတို့ ကြိုးစားရမည်။ ကျောင်းသားပေါင်း ရာချီလျှောက်တဲ့ထဲက ဆယ်ဂဏန်းလောက်သာ ရွေးသောကြောင့် စကောလားရှစ် ရဖို့က မလွယ်။ ထိုအနည်းစုကမှ သူတို့ဘာလုပ်ချင်လဲ သိကြသေးသည်။ ကျန်သည့်အများစုက သူတို့အနာဂတ်တွက် တိုးတက်ချင်သည်၊ သို့သော် ဘာဆက်လုပ်ရမည်ဆိုတာ မသိ။ စကောလားရှစ်ရလောက်အောင် စာမေးပွဲဖြေနိုင်ဖို့ အခြေခံပညာအဆင့်အတန်းအရ သူတို့မှာမရှိ။ လုပ်နိုင်မည်လို့လည်း ကိုယ့်ဘာသာ ယုံကြည်ချက် မရှိကြ။ မိဘတွေကလည်း ထောက်ပံ့မှုမပေးနိုင်။ သူတို့ ပတ်ဝန်းကျင်မှ အများစုလုပ်ကြသလို တနေ့လုပ်တနေ့စားပဲ ၀င်လုပ်ရမည်လား မရေမရာ ဖြစ်နေကြရှာသည်။

ဒါကြောင့် စင်္ကာပူနိုင်ငံရှိ ပေါ်လီတက္ကနစ်မှ မြန်မာကျောင်းသား/သူ တချို့ ကို သူတို့ကံကောင်းကြောင်း၊ ရရှိထားသော အခွင့်အရေးကို အလဟဿ မဖြစ်ဖို့အရေးကြီးကြောင်း ကျမပြောပြလေ့ရှိသည်။ ဘ၀တွင် အချိန်ဆိုသည်မှာ ကုန်ဆုံးပြီးသော ဘယ်လိုမှ နောက်ပြန်မလှည့်နိုင်သောအရာ ဖြစ်သည်။ ရရှိသော အခွင့်အရေးကို ရရှိသော အချိန်တွင် မြဲမြဲဖမ်းဆုတ်ပြီး၊ အကျိုးရှိရှိ အသုံးချတတ်ဖို့ အရေးကြီးသည်။ လူငယ်သဘာဝ ပျော်ပျော်နေတတ်ကြတာ မှန်ပေမယ့်၊ တနေ့တနေ့ အလေလိုက်နေမယ်ဆိုရင် အချိန်တွေ နှမြောစရာကောင်းလှသည်။ လူတယောက်ဟာ ကိုယ့်ဘ၀ရဲ့ ဆယ်စုနှစ်တခုစာကို ပြန်ကြည့်လိုက်တိုင်း တိုးတက်မှုရှိနေတာကိုသာ မြင်သင့်သည်။ အဲလိုမဟုတ်ခဲ့ရင် တခုခုလုပ်ဖို့ အချိန်တန်ပြီဆိုတာလည်း ကိုယ့်ဘာသာ သိနားလည်သင့်သည်။

လူငယ်တွေ လမ်းမှားမရောက်အောင် စာများများဖတ်ဖို့ လိုတယ်၊ စာဖတ်မှ အမှား အမှန် သိလာမယ် လို့ ဆိုကြသည်။ ကျမအမြင်မှာတော့ စာဖတ်တာက ပထမအဆင့်ဖြစ်သည်။ သို့သော် ခုခေတ်တွင် စာဖတ်ရုံနဲ့ မလုံလောက်တော့။ စာဖတ်တာဟာ စာအုပ်ထဲက စကားလုံးကြီးကြီးတွေသုံးပြီး၊ လူတွေအထင်ကြီးအောင် ပြောဖို့ပဲ မဟုတ်။ ဘယ်လိုစာမျိုးကို ဖတ်မလဲ၊ ဖတ်ထားတဲ့စာတွေကို ဘယ်လိုအသုံးချမလဲ၊ ဘယ်လို ပြန်သုံးသပ်မလဲ ဆိုတာတွေက ပိုအရေးကြီးလာသည်။

ကျမကတော့ လူငယ်တွေနဲ့ ပတ်သက်လာရင် လမ်းမှားပဲ ရောက်နေနေ၊ လမ်းမှန်ပဲ ရောက်နေနေ၊ သူတို့ပြောတာတွေကို နားထောင်ပေးဖို့ပဲ အဆင်သင့်ပြင်ဆင်ထားသည်။ သူတို့ပြောတာ နားထောင်ပြီး ကျမအမြင်ကို ပြောပြသည်။ ဘယ်လိုလုပ်လိုက်ရင် ဘယ်လိုဖြစ်လာနိုင်တယ်၊ ဘယ်လိုအချက်တွေ ထည့်စဉ်းစားရမယ် ဆိုတာတွေ ပြောသည်၊ ဆွေးနွေးသည်။ သို့သော် ဆုံးဖြတ်ချက်ကတော့ သူတို့ကိုယ်ပိုင် ရွေးချယ်မှုပင်ဖြစ်သည်။ ကျမကိုယ်တိုင်လည်း ကိုယ်ပိုင်ရွေးချယ်မှုကိုပင် တန်ဖိုးထားသည်။

နာမည်ကျော် အမေရိကန် လက်ဝှေ့ထိုးသမား ဖြစ်ခဲ့ဖူးသူ Muhammad Ali ကတော့ .. လူတယောက်ရဲ့ အသက် ၂၀ အရွယ်က ဘ၀ကိုကြည့်တဲ့ပုံစံက၊ အသက် ၅၀ အထိ အတူတူဖြစ်နေမယ်ဆိုခဲ့ရင် အဲဒီလူဟာ သူ့ဘ၀ရဲ့ အနှစ် ၃၀ ကို အလကား နေပစ်လိုက်သလိုပဲ .. ဟု ဆိုခဲ့သည်။ လက်ရှိ ခေတ်သစ်ရဲ့လူငယ်တွေဟာ နောင် အနှစ် ၃၀ ဆယ် မှာ ဘယ်လို လူကြီးတွေ ဖြစ်လာမလဲဆိုတာဟာ၊ သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုအပေါ် များစွာမူတည်နေသည်။

ပေါ်လီတက္ကနစ်မှ ကျမကျောင်းသူတချို့က သူတို့ တကယ်စိတ်ပါဝင်စားတဲ့ profession နဲ့ လက်ရှိတက်နေတဲ့လိုင်းတို့ ကွဲလွဲနေလို့ ဘယ်လိုလုပ်ရမလဲလို့ ကျမကို အကြံဥာဏ်တောင်းလေ့ရှိသည်။ ထိုသို့လူငယ်များတွက် ကျမအလွန်အားရမိသည်။ အသက် နှစ်ဆယ်ကျော်အချိန်တွင် ဘ၀မှာ ဘယ်လို profession ကို လုပ်မလဲဆိုတာ သူတို့အသေအချာ သိကြသည်။ ကျမသူတို့အရွယ်တုန်းက အင်ဂျင်နီယာအလုပ်ကို နှစ်ခြိုက်ခဲ့ပေမယ့်၊ သူတို့လောက် မသေချာခဲ့။ ကိုယ့်ထက်ငယ်တဲ့ မြန်မာလူငယ်တွေက ကိုယ့်ထက် စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ အနေအထိုင်၊ ခံယူချက် စတာတို့ သာတာမျိုးကိုပဲ ကျမမြင်ချင်မိသည်။ (အဲလိုဖြစ်အောင်လည်း တတ်နိုင်သလောက် ကြိုးစားမည်ဟု ဆုံးဖြတ်ထားသည်)။ နာမည်ကျော် သိပ္ပံပညာရှင် Isaac Newton က “ကျနော်ဟာ သူများတွေထက် ပိုဝေးဝေးမြင်နိုင်တာ၊ ကျနော့်အရင် မျိုးဆက်ရဲ့ ပုခုံးပေါ် တက်ကြည့်နိုင်လို့ ဖြစ်တယ်” လို့ ဆိုခဲ့သည်။ သူဆိုလိုချင်တာ မျိုးဆက်သစ်တွေဟာ မျိုးဆက်ဟောင်းတွေလုပ်ခဲ့တာအပေါ် တဆင့်တက်ပြီးကြည့်နိုင်ရင်၊ မျိုးဆက်တခုစီဟာ ပို ပိုပြီး တိုးတက်နေမယ် ဆိုတဲ့သဘောပါ။

လူငယ်တို့က သူတို့အပြုအမူအပေါ် ဝေဖန်ခံရတဲ့အခါ၊ ခေတ်မမှီဘူး၊ ရှေးဆန်တဲ့အတွေးတွေနဲ့ လာပြောနေတယ်လို့ တုန့်ပြန်တတ်ကြသည်။ မျိုးဆက်တခုနဲ့တခုကြားမှာ၊ အထူးသဖြင့် လူကြီးနဲ့လူငယ်ကြား မျိုးဆက်ကွာဟမှု (generation gap) ကို လက်ညှိုးထိုးတတ်ကြသည်။ တချို့လူငယ်တွေအတွက် ဂျင်းဘောင်းဘီ၊ တီရှပ်၊ စကပ်တို၊ ဘောင်းဘီတိုတို့ဝတ်မှ၊ မိုဘိုင်းဖုန်း ကိုင်နိုင်မှ၊ Facebook ရှိမှ၊ ကဖေးထိုင်မှ၊ ကလပ်သွားမှ စတာတို့ ဖြစ်နိုင်သည်။ တကယ်တော့ ထိုသို့ ခေတ်မှီတာကို အဓိပ္ပါယ်ဖော်တာက အပေါ်ယံဆန်လှသည်။

ခေတ်မှီရေးသို့ (becoming modern) နဲ့ ပတ်သက်ပြီး ဟားဗတ်တက္ကသိုလ်မှ ပညာရှင်များက ဖွံ့ဖြိုးဆဲခြောက်နိုင်ငံမှ (Argentina, Chile, India, Israel, Nigeria, Bangladesh) လူငယ် ၆၀၀၀ ကို သုတေသနလုပ်ထားတာကို ဖတ်ဖူးသည်။ နိုင်ငံတနိုင်ငံ ခေတ်မှီလာဖို့အတွက် ဘယ်လိုခေတ်မှီတဲ့ လူငယ်တွေ လိုအပ်သလဲဆိုတာကို ရှာဖွေလေ့လာခြင်းဖြစ်သည်။ သူတို့တွေ့ရှိချက်အရ ခေတ်မှီလူသား (modern man) တွင် စရိုက်လက္ခဏာ လေးမျိုးရှိသည်။

(၁) သူဖြတ်သန်းနေသော ခေတ်မှာ အများတကာ ဘာတွေ ဖြစ်နေလဲ၊ ကိုယ့်နိုင်ငံနဲ့ကမ္ဘာမှာ ဘာတွေဖြစ်နေလဲ ဆိုတာတွေကို အစဉ်လေ့လာ၊ အသိပညာဖွံ့ဖြိုးပြီး၊ ခေတ်ကို ထဲထဲဝင်ဝင် စူးစမ်းလိုစိတ်ရှိသည်။
(၂) သူ့ကိုယ်ပိုင်လုပ်ရပ်ဟာ သူ့အတွက်သာမက၊ သူနဲ့ပတ်သက်နေတဲ့ ပတ်ဝန်းကျင် (ကိုယ့်မိဘအသိုင်းအ၀ိုင်း၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ) ကိုပါ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာ နားလည်သည်။
(၃) သူက လွတ်လပ်စွာ တွေးခေါ်ဆုံးဖြတ်သည်။ အထူးသဖြင့် ဘယ်တက္ကသိုလ်လိုင်းကို ရွေးမလဲ၊ ဘယ်အလုပ်လုပ်မလဲ စတဲ့ ကိုယ်ပိုင်ကိစ္စများ ဆုံးဖြတ်ရာတွင်၊ ခေတ်ဟောင်းမှ အတွေးအခေါ် အယူအဆတို့ လွှမ်းမိုးခြင်းကို မခံ။
(၄) သူက အိုင်ဒီယာအသစ်၊ အတွေ့အကြုံအသစ်များအတွက် အမြဲ အသင့်ဖြစ်နေသည်။ သူ့တွင် ဖွင့်ထားသောစိတ် (open mind)၊ ဒါဆိုဒါမှဟု တယူသန်အစွဲမရှိသော၊ အသိအမြင်အားဖြင့် ပျော့ပြောင်းနိုင်စွမ်း (cognitive flexibility) ရှိသည်။

ထိုသုတေသနကို ၁၉၇၄ ခုနှစ်ကလုပ်ခဲ့ပေမယ့်၊ ခုချိန်ထိ အကျုံးဝင်နေသေးသည်။ ထိုသုတေသနမှာ ဖော်ပြထားသော ခေတ်မှီလူသား တယောက် ရှိထိုက်သော စရိုက်လက္ခဏာလေးမျိုး နဲ့ ပတ်သက်ပြီး၊ မြန်မာလူငယ်တို့ သေချာစဉ်းစားသင့်သည်။ ဥပမာပြောရရင်.. ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုနဲ့ သင့်တော်တယ် မတော်တယ် မစဉ်းစား၊ ကိုယ်အပြုအမူကြောင့် တခြားသူတွေက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအပေါ် ဘယ်လိုမြင်သွားမယ် မစဉ်းစား၊ အတုယူမှားတာတွေဟာ ခေတ်မှီတာမဟုတ်တာတော့ သေချာသည်။ အတုယူတဲ့အခါ ကိုယ့်အတွက် ပိုကောင်းသွားစေမယ့် အရာမျိုးကိုသာ အတုယူသင့်သည်။ ဘယ်လိုဟာမျိုးကို အတုယူသင့်သလဲဆိုတာလည်း အရင် သေချာစဉ်းစား တွေးတောကြည့်သင့်သည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲ၊ ရှေ့လျှောက်ဖွံ့ဖြိုးဖို့ အလားအလာကောင်းနေတဲ့ နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံ ကမ္ဘာမှာ ခေတ်မှီရေးအတွက် မြန်မာလူငယ်တို့ ဘယ်လောက်ထိ ခေတ်မှီလူသား ဖြစ်နိုင်ကြမလဲဆိုတာပေါ် အများကြီးမူတည်နေပေသည်။

Ref: Becoming Modern: Individual Change in Six Developing Countries

(၃ မတ်လ ၂၀၁၂ ထုတ် Venus News ဂျာနယ်တွင် ဖော်ပြပြီး ဖြစ်သည်)

                                                                                     ခင်နှင်းစိုး

လူငယ် နှင့် ချက်တင်

ခုခေတ်လူငယ်တွေဟာချက်တင်ထိုင်ကြတယ်။လူငယ်ရယ်လို့တော့မဟုတ်ပါဘူးကလေး၊လူကြီးအစုံပါပဲ။ တချို့ကချက်တင်ပေါ်မှာလေ့လာတယ်ချက်တင်ဆိုတာလည်းလေ့လာသင်ယူစရာတွေလည်းများတယ်
မဟုတ်ပါလား။ဒါကိုတချို့ကဒီကောင်အား၊အားနေ၇င်အင်တာနက်ဆိုင်သွားပြီးမဟုတ်က၊ဟုတ်ကတွေ ကြည့်၊ဟိုကောင်မလေးကိုရည်စားစကားပြောလိုက်ဒီကောင်မလေးကို ကြိုက်လိုက်လို့ပြောသံတွေကြားနေရပါတယ်။သူတို့ပြောတာတွေလည်းဟုတ်တော့ဟုတ်သားဗျ တချို့ဆိုအဲလိုတကယ်ကိုရှိတာပဲလေ။ဒါပေမယ့်ချွင်းချက်တော့၇ှိပါတယ်ချက်တင်ထိုင်တဲ့ လူတိုင်း၊လူတိုင်းကလဲအဲလိုမဟုတ်ပါဘူးလို့ပြောလိုပါတယ်တချို့လူငယ်လေးတွေဆိုရင်ပြိုင်ပွဲ တခုခုဝင်ပြိုင်ရပြီဆိုရင်သူတို့မသိတဲ့စာသူတို့နားမလည်တဲ့မသိတဲ့ဟာတွေကိုချက်တင်ပေါ်မှာ
လိုက်ရှာရတတ်တယ်မဟုတ်ပါလား။ပြီးတော့ဒီခေတ်ကြီးထဲမှာချက်တင်မှမတတ်ရင်လည်း အလုပ်ရှာရတာကအစမလွယ်ဘူးလေအနည်းဆုးံတော့အင်တာနက်၊အီးမေးလ်လောက်
တော့တတ်ထားသင့်တယ်လူတိုင်တော့အဲလောက်အနည်းဆုးံတတ်ထားသင့်တယ်မဟုတ်ပါလား။ ဒါပေမယ့်ချက်တင်ပေါ်မှာပညာရှာကြသလိုချက်တင်ထဲမှာလည်း မကောင်းမှုဒုစရိုက်တွေအရမ်းကိုများနေတာကိုလည်းသတိတော့ထားစေချင်ပါတယ်။ ကိုယ့်ထက်ငယ်တဲ့လူတွေကိုလည်းပြောပြလို့ရတာပေါ့ဗျာမကောင်းတာတွေပယ်ကောင်းတာလေးတွေကို အတုယူတတ်အောင်ပြောပေးရမှာကကျွန်တော်တို့ရဲ့သမိုင်းပေးတာဝန်တွေပဟုတ်ပါလား မကောင်းမှု့ဆိုတွေကတော့ကျွန်တော်ကိုယ်တွေ့လည်းတခုပါကောင်မလေးတစ်ယောက်ဘယ်သူ ဘယ်ဝါဆိုတာတော့မပြောတော့ပါဘူးသူ့ဂုဏ်သိက္ခာရှိတယ်လေကောင်မလေးကနယ်ပါကျွန်တော့် သူငယ်ချင်းနဲ့ပတ်သက်ပြီးမှာသိတာပါချက်တင်ထဲမှာပေါ့သူငယ်ချင်းယောကျွန်တော်ပါ သူ့ကိုအပြင်မှာမတွေ့ဖူးပါဘူးတရက်မှတော့စကားပြောဖြစ်ကြတယ်စလိုက်နောက်လိုက်နဲ့ပေါ့ ထင်းစားပြီးလားမေးတော့မစားရသေးဘူးအဆောင်မှာနေပြီးကျောင်းတက်တာပိုက်ဆံကုန်လို့ မစားရသေးဘူးတဲ့အိမ်ကလဲပိုက်ဆံမပို့ဘူးတဲ့လေသူကပိုက်ဆံနည်းနည်းချေးပါလားတဲ့ ခုလည်းထမင်းမစားရသေးဘူးတဲ့လေကျွန်တော်ကလဲနောက်တယ်မှတ်လို့ဘယ်လောက်လဲမေး
လိုက်မိပါတယ်အယ်သူကအတည်ချေးတာဗျာပြီးတော့ဘဏ်ကနေပို.ခိုင်းတယ်
နောက်ပြီးအဝေးပြေးဝင်းထဲကနေပို့ခိုင်းတယ်ဗျာသူကအတည်ချေးနေတာလို့ပြောရင်းနဲ့သိလာတော့တယ် သူ၇န်ကုန်လာ၇င်ပြန်ပေးပါ့မယ်တဲ့လေကဲအဲဒါပဲကြည့်ကြပေတော့ဗျာနောက်ရှိပါသေးတယ်ဒီဆိုဒ်ထဲမှာ ရှိတဲ့ကောင်းကောင်းလင်းကိုသာမေးကြည့်ပါဗျာနောက်ပြီးချက်တင်ထဲမှာလူကုန်ကူးတာကအစရှိတယ်
လို့တောင်ပြောသံတွေကြားနေရတယ်ဗျာတကယ်ကိုရှိတာပါအဲဒါတွေက။ဒါကြောင့်ကောင်လေးပဲ
ဖြစ်ဖြစ်ကောင်မလေးပဲဖြစ်ဖြစ်အပြင်မှာတစ်ခါတွေ့ဖူးရုံလောက်နဲ့မယုံမိစေဖို့ပါပဲ ဒါပေမယ့်လူတိုင်းတော့မဟုတ်ကြပါဘူးအပြင်မှာတခါတည်းနဲ့ယုံရမယ့်လူလည်းတကယ်ကိုရှိကြပါတယ် လူတယောက်မကောင်းတာနဲ့လူတိုင်းကိုအဲလိုမထင်စေချင်ဘူးဗျာစောစောကပြောခဲ့တာတွေကိုတော့ လူတိုင်းကိုပြောတာမဟုတ်ပါဘူးလူတိုင်လူတိုင်းကလည်းအဲလိုမဟုတ်ကြပါဘူးကျွန်တော်ကကြုံဖူး ကြားဖူးလို့ပြောပြလိုက်ရတာပါချက်တင်ထဲမှာပညာ၊ဗဟုသုတသင်ယူလေ့လာစရာတွေအများကြီးပါ ချက်တင်တော့ထိုင်ပေါ့လမ်းမှားမရောက်အောင်ကိုယ့်ကိုယ်ကိုယ်လမ်းမှားမရောက်အောင်တော့ လိုတာပေါ့ဗျာကျွန်တော်ဆိုဒီဆိုဒ်ထဲရောက်မှာစာပေတွေ၊ဗဟုသုတတွေ၊သူငယ်ချင်းအပေါင်းအသင်းတွေ
အများကြီး၇ခဲ့တာလေဒါချက်တင်ထိုင်တဲ့အကျိုးရလဒ်တွေပေါ့ကိုယ့်ကိုကိုယ်လဲ လမ်းမှားမရောက်အောင်နေပါတယ်ဒါကြောင့်လူငယ်တွေချက်တင်ထိုင်ရင်လဲမကောင်းမှုံရှောင်၊
ကောင်းမှု့ဆောင်ဆိုသလိုမကောင်းတာလေးတွေကိုအတုမယူတတ်အောင် ကျွန်တော်ရေးပြရခြင်းသာဖြစ်ပါသည်။ပြီးတော့ကိုယ့်ထက်ငယ်တဲ့ကလေးတွေကိုလဲပြောပြလို့ရတာပေါ့။
 အင်းးအရေးကြီးတာကတော့မိန်းကလေးတွေဖြစ်နိုင်ရင်မိမိပုံကိုမတင်ကြပါနဲ.လို.မေတ္တာရပ်ခံချင်ပါတယ်...

Wednesday, February 13, 2013

အမှန် ..... အမှား

အမှားအယွင်းတစ်ခုကိုလုပ်မိပြီဆိုရင်ဘယ်လိုနည်းနဲ့သိနိုင်သလဲဆိုတော့အမှားလုပ်ပြီးမှသိတော့တာပဲ..။ ဒါဆိုနည်းနည်းညံ့သေးတယ်...။သိသိကြီးနဲ့အမှားလုပ်ပစ်တာဆိုရင်တော့မိုက်ရူးရဲဆန်တယ်ပေါ့...။ မှားတာသိလို့ရှောင်ကြဉ်နိုင်တယ်ဆိုရင်တော့ပညာရှိပေါ့...။ဘယ်ဟာမှန်သလဲဘယ်ဟာမှားသလဲ မသိရင်တော့အင်း...အဲဒီသူကိုဘယ်လိုခေါ်ရမလဲ...။အတီးအတလို့ပဲထားကြပါစို့ရဲ့...။
မှားတယ်မှန်တယ်နဲ့နှစ်ခုပဲရှိတယ်ဆိုတဲ့ကိစ္စထက်ထူးဆန်းတာမှားလည်းမမှားမှန်လည်းမမှန်ဘူးဆိုတဲ့ အမြင်ဗျ...။အကြီးနဲ့အငယ်နှစ်ခုရှိတာတောင်ညီမျှခြင်းဆိုတဲ့ကိစ္စလည်းရှိတယ်...။ဒီတော့အဖြူအမည်း မသဲကွဲဘူးဆိုတဲ့သူတွေမီးခိုးရောင်တွေဖြစ်နေကြတယ်ထင်တာပဲ...။အသက်ကြီးလာလေ မီးခိုးရောင်ဖြစ်တာများလာလေလို့ပဲပြောရမလားမသိဘူး..။
ကျွန်တော်တစ်ခါတလေတော့လည်းစဉ်းစားမိတယ်။မှားတာတွေလုပ်နေမိပြီလား..။ဒါမှမဟုတ် မှားခါစပဲလား။ဒါမှမဟုတ်အမှားလို့ပဲထင်နေသလားဆိုတာစိတ်ထဲဇဝေဇဝါဖြစ်လာပါတယ်။ ဒီလိုစဉ်းစားမိတိုင်းအတီးအတဘဝပဲရှိသေးတာပါလားလို့ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်မိပြီးပြုံးမိတယ်..။ ဟုတ်ချင်လည်းဟုတ်မယ်...မဟုတ်ချင်လည်းမဟုတ်ဘူးပေါ့လေ။ဒါပေမယ့်သေချာတာတော့ မလုပ်လိုက်ရလို့နောင်တရနေတာထက်စာရင်လုပ်လိုက်မိတဲ့အတွက်ကိုယ့်အမှားကိုယ် တာဝန်ယူရဲတာကိုလည်းသတ္တိဆိုတာမျိုးလည်းရှိနေတတ်ပြန်ကော..။ကျွန်တော်အရင်ကကြောက်တတ်
ပါတယ်။တစ်ခုခုဖြစ်မှာကိုစိုးရိမ်တဲ့စိတ်ကကျွန်တော့်စိတ်မှာသံမှိုစွဲနေသလိုပါပဲ။နောက်တော့အချိန်လွန်မှ
နောင်တရတဲ့အလုပ်ကိုကျွန်တော်မုန်းလာတယ်။ဒါနဲ့တုန်းတိုက်တိုက်ကျားကိုက်ကိုက်ဆိုတဲ့စိတ်ဖြစ်လာ
ပြန်တယ်။အဲဒီနောက်တော့စဉ်းစားရင်းမလုပ်ဖြစ်လိုက်တဲ့ကိစ္စတွေအတွက်နှမြောနေရတဲ့ဘဝတွေ
မြင်ရတော့လုပ်စရာရှိတာကိုပဲလုပ်ပစ်လိုက်တယ်။ဒီလိုလုပ်တဲ့နေရာမှာသတ္တိတော့ရှိဖို့လိုပါတယ်။ မဟုတ်တာမမှန်တာမကောင်းတာကိုမလုပ်ရဲတဲ့သတ္တိပါ..။လူလို့ဖြစ်လာရင်ပတ်ဝန်းကျင်ရှိပါတယ်..။ ပတ်ဝန်းကျင်ကလူကိုပြင်တာအဲဒီလူမှာအားပျော့နေလို့ဖြစ်လိမ့်မယ်လို့ခံယူပါတယ်..။ ပတ်ဝန်းကျင်ကိုပြင်နိုင်ရပါမယ်။ဒီလိုစိတ်မရှိရင်ရှေ့တိုးတက်ဖို့ခက်ပါတယ်။ဒါကကျွန်တော်မြင်တဲ့အမြင်ပါ။
ရေလိုက်ငါးလိုက်နေမယ်ဆိုရင်အနေသာကြီးဖြစ်ပေမယ့်တစ်ခါတလေရေလိုက်ငါးလိုက်ဘဝထက် လွန်ဆန်ရတဲ့ဘဝတွေကိုရတတ်ပါတယ်။ကိုင်တွယ်ရတာသိပ်ကိုသိမ်မွေ့တယ်ဆိုတဲ့ကိစ္စတွေ
လောကကြီးမှာအများကြီးပါပဲ။နောင်လည်းရှိနေဦးမှာပါပဲ။ဒါတွေဖြေရှင်းနိုင်တဲ့သူကသာ
ရှေ့ကိုရောက်မယ့်သူတစ်ယောက်ပေါ့..။
                       မျှဝေခြင်းသက်သက်ပါ..။ လွတ်လပ်စွာကွဲလွဲနိုင်ပါတယ်..။

Monday, February 11, 2013

အထက်တန်းကျတဲ့စိတ်နဲ့ စာခိုးသူ ပြဿနာများ...

လွန်ခဲ့တဲ့နှစ်နှစ်လောက်ကဆယ်တန်းစာမေးပွဲရက်အတွင်းမှာကျွန်တော့်မိတ်ဆွေရဲ့သမီးငယ်လေး စာဖြေရာကအပြန်အိမ်ရောက်ရောက်ချင်းပဲရှိုက်ကြီးတငင်ငိုပါတော့တယ်။ဘာဖြစ်လို့လဲမေးတော့ တခြားအခန်းကကျောင်းသားတွေကျတော့ခိုးချလို့ရပြီးသူတို့အခန်းကျတော့ခိုးချလို့မရလို့ပါတဲ့။
"ဟဲ့-စာမေးပွဲမှာခိုးချခွင့်မပြုတာကအမှန်တရားပဲ။ဒါမှစာမေးပွဲကအဓိပ္ပာယ်ရှိမှာပေါ့။အဲသလိုသာခိုးချင်တိုင်း ခိုးခွင့်ရရင်ဒီစာမေးပွဲဆိုတာကြီးကိုဘာလို့အချိန်ကုန်ခံ၊အပင်ပန်းခံပြီးလုပ်စရာလိုသေးလဲ။ဘယ့်နှယ် ခိုးချလို့မရလို့ငိုရတယ်လို့ကွယ်။စာမဖြေနိုင်လို့ဆိုတာလူကြားကောင်းသေးတယ်။ခိုးချလို့မရလို့ ဆိုတာကတော့သူများတွေကြားရင်ရှက်စရာကွာ။"ကိုယ့်သမီးလိုဖြစ်နေလို့လေသံခပ်ပြင်းပြင်းပြောမိရင်းက ဒီပြဿနာဟာသိပ်သေးဖွဲတဲ့ပြဿနာမဟုတ်ဘူးဆိုတာကိုပါတစ်ဆက်တည်းလေးလေးနက်နက်ကြီး
တွေးမိခဲ့တယ်။ဒီလိုနဲ့ ၂-၅-၉၅ နေ့ကြေးမုံသတင်းစာမှာပါလာတဲ့သတင်းတစ်ပုဒ်ကိုဖတ်မိရပြန်တော့ ဒီပြဿနာနဲ့ပတ်သက်တဲ့အတွေးစတွေပြန်ပြီးခေါင်းထောင်လာပြန်ပါရော။ကြည့်ပါ...
 
ကျောင်းသားများအဆင့်မြင့်မြင့် စာခိုးချ
လန်ဒန်-မေ, ၃
“ဗြိတိန်နိုင်ငံတွင်ကျောင်းသူကျောင်းသားအားလုံးအနက်ထက်ဝက်ကျော်သည်စာမေးပွဲများဖြေဆိုရာတွင် စာခိုးချခဲ့ကြကြောင်း၊စာခိုးသူများသည်စာမေးပွဲစစ်ဆေးသူများအားတစ်ပတ်ရိုက်ကာစာခိုးချနိုင်ရန် ယခုအခါအဝေးထိန်းစနစ်သုံးရေဒီယိုမင်တန်ကဲ့သို့သောအဆင့်မြင့်ကိရိယာများကိုပင်လျှင် အသုံးပြုနေကြပြီဖြစ်ကြောင်းဗြိတိသျှစိတ်ပညာအသင်း၏ဥက္ကဋ္ဌပါမောက္ခ စတီဖင်နယူးစတက် ၏နှစ်နှစ်ကြာလေ့လာချက်တစ်ရပ်တွင်ဖော်ပြသည်”
အဲဒီသတင်းမှာဆက်ဖော်ပြထားတာကတော့ကျောင်းသား/သူတွေဟာသမာရိုးကျနည်းရော၊ဆရာ ဆရာမတွေကိုလာဘ်ပေးတဲ့နည်းရော၊စာမေးပွဲခန်းအတွင်းအနီအောက်ရောင်ခြည်သုံးစက်ကိရိယာ ငယ်လေးတွေနဲ့တစ်ဦးနဲ့တစ်ဦးစာလှမ်းမေးတာမျိုးတွေပါနည်းမျိုးစုံသုံးကြတဲ့အကြောင်းတွေရှိရတာပါပဲ။ ကျွန်တော်တို့ဆီကကျောင်းသူ/သားလေးတွေ(ဘာဂျာတို့၊ဖလင်တို့၊ပေတံတို့မျှလောက်သာသိကြသူတွေ) အားကျပြီးတီထွင်အသုံးပြုကြရင်တော့အဲ-အဲ-တီထွင်နိုင်တယ်ဆိုရင်တောင်ဘာပဲဖြစ်ဖြစ် ဝမ်းသာစရာကောင်းဦးမယ်။မှာယူအသုံးပြုကြရင်တော့...တကယ်တော့ စာမေးပွဲဆိုတာကျောင်းသားတစ်ယောက်ရဲ့အရည်အသွေးကိုစစ်ဆေးဖို့ရာအနီးစပ်ဆုံးအဖြေရနိုင်လို့သာ နည်းလမ်းတခုအနေနဲ့သုံးနေရတာ။တကယ်တော့ပြီးပြည့်စုံတဲ့စနစ်မဟုတ်သေးကြောင်းပညာရှင်အများက လက်ခံပြီးသားပါ။သို့သော်လည်းသူ့ထက်အားကိုးရတဲ့အခြားနည်းစနစ်မရသေးသမျှတော့ ဒါပဲသုံးနေရဦးမှာပဲ။ပြောချင်တာကစာမေးပွဲဆိုတာအရည်အသွေးစစ်ဆေးရေးနည်းလမ်းတစ်ခုသာ
ဖြစ်တယ်ဆိုတာရယ်၊နောက်တစ်ချက်ကစာမေးပွဲဆိုတာဘဝဆိုတဲ့ဖြစ်စဉ်ကြီးထဲမှာပေါင်းစပ်ပါဝင်နေတဲ့
ဖြစ်စဉ်ငယ်လေးတစ်ခုသာဖြစ်တယ်ဆိုတဲ့အချက်၂ချက်အကြောင်းပါ။ဘာ့ကြောင့်စာခိုးချရသလဲဆိုတဲ့
ပြဿနာကိုစိတ်ပိုင်းဆိုင်ရာရှုထောင့်ကကြည့်ရင်ကိုယ်နဲ့မထိုက်တန်တဲ့ဂုဏ်ကိုမတရားသောနည်းနဲ့ အချောင်ရချင်လို့ဆိုတာသွားတွေ့မိတယ်။ဒါဟာအချောင်သမားစိတ်ဓာတ်ဖြစ်တယ်။အောက်တန်းကျတဲ့ ကလေကချေစိတ်ဓာတ်ဖြစ်တယ်။စာမေးပွဲဘဝအစိတ်အပိုင်းဖြစ်စဉ်ငယ်လေးမျိုးမှာတောင်အဲဒီစိတ်မျိုးနဲ့ ရင်ဆိုင်ချင်သူမျိုးဟာတကယ့်ဘဝကြီးထဲမှာဘယ်လိုစိတ်ဓာတ်မျိုးနဲ့ရင်ဆိုင်ပါလိမ့်မလဲ။သေချာပါတယ်။ အချောင်သမားစိတ်၊ကလေကချေစိတ်၊ကိုယ်ပိုင်အစွမ်းအစကိုအားမကိုးချင်တဲ့စိတ်၊အညံ့စားအောက်တန်းစား
စိတ်မျိုးနဲ့သာရင်ဆိုင်ကြပေလိမ့်မယ်။လောကကြီးထဲမယ်အဲသလိုကိုယ်နဲ့မတန်မရာနေရာတစ်ခုရဖို့ တရားမျှတမှုရှိရှိ မရှိရှိလုပ်မယ်ဆိုတဲ့အညံ့စားအတွေးအခေါ်မျိုးလွှမ်းမိုးတဲ့လူ့အဖွဲ့အစည်းဟာဘယ်လိုမှ အထက်တန်းစားနိုင်ငံမျိုး ဖြစ်မလာနိုင်ဘူးဆိုတာသေချာတယ်။တစ်ညနေမိသားစုစကားဝိုင်းမှာ ဇနီးသည်ကအဆင့် (၁) ရဖို့ဆိုတာကလေးကစာတော်ရုံနဲ့လည်းမရနိုင်ကြောင်း၊သက်ဆိုင်ရာဆရာ၊ ဆရာမများနဲ့အဆင်ပြေဖို့ကလည်းလိုသေးကြောင်းပြောပြ တယ်။(အဆင်ပြေဖို့ဆိုတာကတော့ အဆင်ပြေဖို့ပေါ့လေ)ခက်ပုံကအဲသလိုအဆင်ပြေစေတဲ့နည်းတွေသုံးဖို့ဇနီးသည်ကောကျွန်တော်ပါ စိတ်မဝင်စားတာဘဲ။စိတ်မဝင်စားတဲ့အပြင်စိတ်ပျက်လက်ပျက်ကြီးပါဖြစ်ရတယ်။သီတင်းကျွတ်လို့ တန်ဆောင်တိုင်လိုအခါမျိုးမှာတော့မိဘ၊ဆရာသမားများကိုမြန်မာဓလေ့ယဉ်ကျေးမှုအစဉ်အလာအတိုင်း စားဖွယ်သောက်ဖွယ်နဲ့ကန်တော့ဖို့စေခိုင်းတာမျိုးတော့ရှိပါရဲ့။ဒါပေမယ့်ကိုယ့်သားသမီးအတွက်မထိုက် တန်ဘဲနေရာတစ်ခုရဖို.အညံ့စားနည်းလမ်းတွေသုံးဖို့ဝါသနာမပါ။"ကိုယ့်အရည်အချင်းအစစ်နဲ့ရတဲ့ အဆင့်မျိုးကိုပဲလိုချင်တယ်။ကိုယ့်မှာအရည်အချင်းမရှိဘဲမတန်တဲ့အဆင့်ရအောင်မတရားနည်းတွေသုံးပြီး အရယူတယ်ဆိုတာလူညံ့တွေရဲ့စိတ်ဓာတ်ပဲ။ဒါကြောင့်ကိုယ့်အရည်အချင်းကိုလိုချင်တဲ့အဆင့်နဲ့ထိုက်တန်
အောင်အားထုတ်။မတန်ရင်မလိုချင်နဲ့။"၆ တန်းတက်ရမယ့်သားနဲ့သမီးကိုပြောတဲ့စကားက သိပ်လေးလံနေလွန်းသလားတော့မသိပါ။ကိုယ့်စိတ်ထဲမယ်တကယ်ရိုးရိုးသားသားယုံကြည်တာကို
ပြောခဲ့မိတယ်။တနည်းအားဖြင့်မတရားနည်းတွေသုံးပြီးအဆင့်တွေဝင်အောင်လုပ်မပေးနိုင်ဘူးဆိုတာကို သွယ်ဝိုက်တဲ့နည်းနဲ့ ပြောတာမျိုးလည်းဖြစ်နိုင်ပါတယ်။"ဒါပေမယ့်တစ်ခါတစ်လေအရည်အချင်းချင်း
တူနေတဲ့အခါအဆင်ပြေတဲ့မိဘရဲ့သားသမီးကိုဦးစားပေးလိုက်တာမျိုးကျတော့ဘယ်လိုလုပ်မလဲ။"
ဇနီးသည်ကစကားစမပြတ်ဘဲဆက်လာနေပြန်တယ်။"အဲဒီအခါကျတော့လည်းအဲဒီအဆင့်တစ်ဆိုတာကြီးကို
မယူနဲ့တော့ပေါ့ကွာ။"အထေ့အငေါ့ပြောခြင်းမဟုတ်ပါ။ကိုယ့်စိတ်ထဲရှိတာကိုရိုးရိုးသားသားပြောချင်းသာ
ဖြစ်ပါတယ်။(ကိုယ့်အရည်အချင်းကိုကိုယ်တိုင်မှန်မှန်ကန်ကန်အကဲဖြတ်ယုံကြည်နိုင်သူအဖို့ သူများကပေးတဲ့သတ်မှတ်ချက်တွေအပေါ်မှာဝမ်းနည်းဝမ်းသာဖြစ်နေစရာမလိုပေဘူး။)
ခုနေခါလူငယ်တွေစိတ်ထဲမှာစာခိုးချတာကိုပဲပျော်စရာ၊ဂုဏ်ယူစရာလို့သဘောထားလာကြတာကတော့ စိတ်မသက်မသာဖြစ်စရာပါပဲ။အဲဒီလုပ်ငန်းရဲ့နောက်ကွယ်မှာရှိနေတဲ့ကိုယ်နဲ့မထိုက်တန်တဲ့အရာကို မတရားသောနည်းလမ်းတွေနဲ့အချောင်လိုချင်တဲ့အောက်တန်းစားခပ်ညံ့ညံ့စိတ်ဓာတ်တွေထူပြောလာမှာကို စိုးရိမ်မိတာပါပဲ။လူ့သမိုင်းစဉ်တစ်လျှောက်မှာအရည်အချင်းမဲ့သူတွေရဲ့ရူးပေါပေါအတွေးတွေ၊ လုပ်ရပ်တွေကြောင့်(၇)ရက်သားသမီးတွေခမျာဒုက္ခသုက္ခရောက်ကြရတဲ့သာဓကတွေကလည်း အများသားကိုး။ဒါကြောင့်ကျွန်တော်တို့ရဲ့သားသမီး၊တူ၊တူမတွေကိုသင်ကြားပေးကြရမှာကစာမေးပွဲမှာ ခိုးမချကြဖို့ဆိုတဲ့အချက်မျှသာမဟုတ်၊လောကကြီးထဲမှာကိုယ်နဲ့မတန်ဘဲဘာမှမလိုချင်တဲ့ စိတ်ဓာတ်မျိုးဖြစ်တဲ့တကယ့်လူကြီးလူကောင်းဆန်တဲ့ရိုးသားထက်မြက်ပြီးအဆင့်အတန်းမြင့်တဲ့ စိတ်ဓာတ်မျိုးခိုင်ခံ့သွားအောင်ပါလုပ်ပေးကြဖို့ပါပဲ။ကိုယ့်အရည်အသွေးကလိုအပ်တာထက်လျော့နေရင်
ထပ်ဖြည့်ပေါ့။ပေမှီဒေါက်မှီဒေါင်ဒေါင်မြည်အရည်အသွေးရှိသူအဖို.စာမေးပွဲမှာလည်းခိုးချဖို့မလို။ ဘဝကြီးထဲမှာလည်းမတန်တာရအောင်အချောင်သမားစိတ်မွေးဖို့မလို။ကိုယ့်အရည်အသွေးနဲ့မတန်တဲ့
နေရာကိုလုယူဖို့တခြားသူတွေကိုလည်းနင်းခြေချိုးဖဲ့ဖို့မလို။အဲသလိုလူကြီးလူကောင်းစိတ်ဓာတ်၊ အထက်တန်းကျတဲ့စိတ်ဓာတ်၊ကိုယ်ကျင့်တရားရိုးသားဖြောင့်မတ်ပြီးထက်မြက်ကြီးမားတဲ့ မဟာဉာဏ်ပညာရှင်အမျိုးကောင်းသားတွေအပြည့်ရှိမယ်ဆိုရင်မရှိတဲ့ဂုဏ်ပုဒ်တွေနဲ့ကြွားဝါနေဖို့မလိုပါဘူး။ တခြားလူ့အဖွဲ့အစည်းတွေကအထင်ကြီးမော်ကြည့်ရတဲ့တောက်ပဝင်းလက်တဲ့လူမျိုးတစ်မျိုးအဖြစ် အလွဲမသွေထည်ဝါနိုင်ရမယ်လို့ယုံကြည်မိကြောင်းပါ။

                                                                    သင့်ဘဝ မဂ္ဂဇင်း
                                                                    ၁၉၉၆ ဇန်နဝါရီလ