Showing posts with label အချစ်ရေးဆိုင်ရာအထွေထွေ. Show all posts
Showing posts with label အချစ်ရေးဆိုင်ရာအထွေထွေ. Show all posts

Sunday, February 24, 2013

မိန်းကလေးတစ်ယောက်ရဲ.နောက်ဆုံးအပျိုစင်

"အပျိုစင်”ဆိုတဲ့စကားလေး(၃)ခွန်းဟာစကားအရာ(၃)ခွန်းဆိုပေမယ့်ထိန်းသိမ်းရတာတော့ခက်ပါ လားနော်အမေကမွေးပြီးအချိန်မှစလို့အရွယ်ရောက်တဲ့အချိန်၊ဆယ်ကျော်သက်ရူးမိုက်တတ်စအချိန်တွေမှာ ထိန်းသိမ်းရခက်ခဲပါတယ်။ကိုယ်တိုင်စောင့်ရှောက်မှုနဲ့အတူအမေ့ရဲ့သွန်သင်ဆုံးမမှုတွေကြောင့်သာ ဆယ်ကျော်သက်ဆိုတဲ့ဘ၀လေးကနေအသိဥာဏ်တွေရင့်ကျက်တဲ့အသက်အရွယ်အထိ“အပျိုစင်”ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကိုထိန်းသိမ်းနိုင်ခဲ့တာပါ။
                                         ဆယ်ကျော်သက်အရွယ်နဲ့အတူဒွန်တွဲပြီးဖြစ်ပေါ်လာတတ်တဲ့အချစ်ဆိုတဲ့အရာဟာအရွယ်နဲ့မမျှအောင် အင်အားကြီးမားခဲ့တာမို့ရင်ခုန်သံတွေရဲ့နောက်ကိုပါမသွားလေရအောင်ခက်ခက်ခဲခဲနဲ့ထိန်းသိမ်းခဲ့ရသူတွေ ကတော့ကျွန်မတို့မိန်းမသားတွေမဟုတ်လား…။ရင်ခုန်သံတွေစတင်ပြီးခုန်လာတတ်စမှာတော့သိပ်ချစ်တာပဲ
ဆိုတဲ့စကားလေးတစ်ခွန်းဟာမိန်းမတစ်ယောက်အတွက်တန်ဘိုးမဖြတ်နိုင်ပါဘူး…မိန်းမတစ်ယောက်ဟာ သူမရဲ့ဘ၀ကြီးတစ်ခုအတွက်ရှိသမျှအချစ်တွေအားလုံးကိုပေးချင်တတ်ကြပါတယ်၊အဲ့ဒီအရွယ်ဟာ..
ဆယ်ကျော်သက်အရွယ်လေးပါ…ဘာကိုမှမစဉ်းစားချင်၊ဘာကိုမှလည်းမဆုံးဖြတ်ဘဲ….တဒိန်းဒိန်း
ခုန်နေတာကိုအချစ်လို့မှတ်ယူတတ်ခဲ့လို့ပါပဲ…။ခုတော့လည်းရင်ခုန်သံတွေကတဆင့်ကျော်လာခဲ့ပြီမို့ အချစ်ဆိုတာကိုနားလည်သယောယောင်တော့ရှိလာသလိုလို…ဒါပေမယ့်လည်း မိန်းမတစ်ယောက်ရဲ့စိတ်ဟာခန့်မှန်းရခက်သားလား။ယောက်ျားတွေတွေ့တိုင်းဆွေ့ဆွေ့ခုန်၊ ရင်ခုန်ခြင်းမျိုးလည်းမဟုတ်။ရင်ခုန်သံတွေတဒိန်းဒိန်းမြည်နေခဲ့တိုင်းလည်းမိန်းမတွေမချစ်တတ်ခဲ့…။ ဒါဆို…ကျွန်မတို့မိန်းမတွေရဲ့အချစ်ဆိုတာကိုဘယ်လိုနားလည်ရမလဲ။
ဆယ်ကျော်သက်ရဲ့အထက်နှစ်ဆယ်ကျော်အရွယ်အစမှာတော့အချစ်ကိုရှာဖွေချင်သူဖြစ်လာခဲ့ပြန်ပါပြီ… ရှာဖွေချင်သော်ငြားလည်းရှာမရခဲ့။တိတ်တိတ်လေးရင်ထဲမှာကြိတ်နေပြီးချစ်တဲ့သူကိုလိုက်ရှာနေ မိတော့သည်…ဆယ်ကျော်သက်အရွယ်ကစိတ်မျိုးမဟုတ်ခဲ့…မိန်းမတစ်ယောက်ဟာသူမမြတ်နိုးသူ၊ သိပ်ချစ်တတ်တဲ့သူကိုသာရှာဖွေတတ်သည်…ယောက်ျားတစ်ယောက်ကချစ်သလား၊ကြိုက်သလားဆိုတဲ့ အရာကိုမစဉ်းစားမိ…စကားပုံတစ်ခုလိုပါပဲ…မချစ်ဘူးလို့အချစ်ရူး….အချစ်ဦးမို့အချစ်ထူးဆိုသလိုပါပဲ ပစ်ပစ်ခါခါ၊နှစ်နှစ်ကာကာချစ်ဖို့ကြိုးစားပြန်သည်….အချစ်တွေစုဆောင်းပြီးတောင်ပုံကြီး တစ်ခုလိုဖြစ်လာတဲ့အခါမိန်းမတစ်ယောက်ရဲ့အချစ်ဟာ…လောဘဆိုတဲ့အရာနဲ့ဒွန်တွဲလာပြန်ပါတယ်…။ သူမပေးထားသောအချစ်တွေအတွက်ယောက်ျားတစ်ယောက်ဆီကအစွမ်းကုန်လိုချင်သော အချစ်တစ်ခုပေါ့…ဆန့်ကျင်ဘက်တစ်ခုကတော့ပေးဆပ်ခြင်းဆိုတဲ့စိတ်တစ်ခုရယ်ပါ။ 
မိန်းမတစ်ယောက်ဟာယောက်ျားတစ်ယောက်အရမ်းချစ်တတ်တဲ့စိတ်တွေရှိလာတဲ့အချိန်နှလုံးသား တစ်ခုကိုပါစတေးပြီးချစ်တတ်ကြပါတယ်။ဒါပေမယ့်မိန်းမတစ်ယောက်ဟာအဲ့ဒီအချိန်မှာအချစ်ဆို တဲ့အရာကိုဆန်းစစ်ရှာဖွေနေချိန်လို့ပြောလို့ရနိုင်သလိုသေရာပါမယ့်အချစ်မျိုးဆိုရင်လည်းမှားမယ် မထင်ပါဘူး။နောက်ဆုံးအပျိုစင်ဘ၀…နောက်ဆုံးဆိုတဲ့စကားလေးတစ်ခွန်းကိုကြားမိတာနဲ့ မိန်းမတစ်ယောက်ရဲ့မကြားချင်ဆုံးသောစကားတစ်ခွန်းပါ။မိန်းမတွေဟာလောဘကြီးတယ်လို
ယောက်ျားတွေရဲ့တဖက်သက်အမြင်တွေကိုစွပ်စွဲခဲ့မယ်ဆိုရင်…သူမပြောပြချင်ပါတယ်။
ယောက်ျားတစ်ယောက်ရဲ့အချစ်ဆိုတာဘ၀ရဲ့တစ်စိတ်တပိုင်းပါ…မိန်းမတစ်ယောက်ကတော့သူမရဲ့ အပျိုစင်ဆိုတဲ့ဘ၀လေးကိုစွန့်လွှတ်ရတော့မယ်ဆိုတဲ့အသိစိတ်တစ်ခုဟာမီးတောင်တစ်ခုပေါက်ကွဲမတတ် ခံစားရတတ်ကြပါတယ်…ဘာကြောင့်လဲဆိုတဲ့အဖြေတစ်ခုမိန်းမတွေမှာရှိပါတယ်…အဲ့ဒီအချိန်မှာမိန်းမတွေ ဟာအချစ်ဆိုတဲ့အရာကိုနှလုံးသားနဲ့ရောဦးနှောက်နဲ့ပါအသိစိတ်တွေကရင့်ကျက်သွားခဲ့လို့ပါ။
မိန်းမတစ်ယောက်ရဲ့အပျိုစင်ဘ၀ကိုသူမချစ်တဲ့သူနဲ့ဖြတ်သန်းလိုက်ရမလား..သို့မဟုတ်သူမမချစ် မနှစ်သက်သူနဲ့ဖြတ်သန်းလိုက်ရမလားဆိုတဲ့စိုးရိမ်ပူပန်မှုတွေကမိန်းမတစ်ယောက်ကိုအကြီးအကျယ် ရိုက်ခတ်စေပါတယ်..ကျွန်မတို့မိန်းမသားဘ၀တွေမှာ…နောက်ဆုံးအပျိုစင်ဘ၀ကုန်ဆုံးသွားခဲ့ရင်အရာအား လုံးဟာပျောက်ဆုံးနေခဲ့ပါပြီ။ကျွန်မတို့ရဲ့ကိုယ်ပိုင်ရင်ထဲကခံစားချက်၊လွတ်လပ်ခွင့်တွေဟာနည်းပါးသွား ခဲ့ရပါပြီ။ရှေးရိုးအစဉ်လာတည်းကမိန်းမတစ်ယောက်ဖြစ်ခဲ့ရင်မီးဖိုချောင်မှာချက်ပြုတ်လုပ်ရတဲ့အလုပ်ပဲ လုပ်ရမယ်လို့သတ်မှတ်ချက်တစ်ခုဟာမိန်းမတစ်ယောက်အတွက်အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးရသလိုဖြစ်စေပါ တယ်။

အပျိုစင်ဘ၀တွေမှာရွေးချယ်ပိုင်ခွင့်၊လွတ်လပ်ပိုင်ခွင့်၊အများနှင့်တန်းတူပညာသင်ခွင့်တွေဟာနောက်ဆုံး အပျိုစင်ဘ၀မှာစွန့်လွှတ်ခဲ့ရပါသည်။အပျိုစင်ဘ၀လေးကိုမစွန့်လွှတ်ခင်အချိန်ကလေးမှာ ကျွန်မတို့မိန်းမတွေဘယ်လောက်ထိခက်ခက်ခဲခဲနဲ့ထိန်းသိမ်းခဲ့ရတယ်ဆိုတာသိနိုင်မယ်ဆိုရင်…
                                                                              ခိုင်လေး

Friday, February 22, 2013

ယောက်ျား၊မိန်းမ။အချစ်

နှစ်သက်ကျေနပ်မှုကို မပေးနိုင်သော ယောင်္ကျားသားများ
မိန်းကလေးများ အမြင်မှာ နှစ်သက်ကျေနပ်မှုကို မပေးနိုင်သော ယောင်္ကျားသားများ
၁. သဘောထား သေးသိမ်သော ယောင်္ကျားများ
၂. ခေတ်ရေစီးကြောင်းကို အလွန်အကျွံ လိုက်စားတတ်သော ယောင်္ကျားများ
၃. အားနွဲ့ဟန်၊ သိမ်မွေ့ဟန် ဆောင်တတ်သော ယောင်္ကျားများ
၎. ကတ်စီး အရမ်းနည်းတတ်သော ယောင်္ကျားများ
၅. သူတပါးအတွက် စဉ်းစားပေးလေ့ မရှိဘဲ ကိုယ့်အကြောင်းကိုဘဲ ကြည့်တတ်သော
တကိုယ်ကောင်းဆန်သော ယောင်္ကျားများ
၆. ရည်းစားဘ၀မှာ ကိုယ့်ရဲ့ ချစ်သူကို event တစ်ခုတစ်လေတောင်
လုပ်မပေးတတ်သော ယောင်္ကျားများ
၇. စကားအလွန်များသော ယောင်္ကျားများ
ဂ. ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲပြီး မသုံးတတ် မစွဲတတ်သော ယောင်္ကျားများ
၉. သူငယ်ချင်းများကို ဆဲဆိုနေတတ်သော ယောင်္ကျားများ
၁၀. အပြောင်းအလဲ မြန်ဆန်သော ယောင်္ကျားများ
၁၁. နှာဘူးကျလွန်းပြီး အသားအရမ်းယူတတ်သော ယောင်္ကျားများ

ဒီလို ယောင်္ကျားအမျိုးအစားများကိုတော့ မိန်းကလေးများက မနှစ်သက်ကြပါဘူးတဲ့။
ဒါဟာလည်း လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ မိန်းကလေးအားလုံးဟာ
ဒီလိုပါလို့တော့ ပြောလို့မရပါဘူး။ အရင်တစ်ခေါက် ရှောင်သင့်သောမိန်းမများ
အကြောင်းရေးတုန်းက အစ်ကို တစ်ယောက်က မျှမျှတတ ရေးပါဆိုလို့ ခုတခါတော့
အားလုံးကို ၁၁ချက်စီ ဖော်ပြပေးလိုက်ပါတယ်။

ယောင်္ကျားသားများ အမြင်မှာ သိပ်နှစ်သက်ဖွယ် မကောင်းသောမိန်းမများ
၁. အရမ်းကို over ဖြစ်နေတတ်တဲ့ မိန်းကလေးများ
၂. မိတ်ကပ်ကို ပြစ်ထူနေအောင် လိမ်းတတ်သော မိန်းကလေးများ
၃. ဆေးလိပ်သောက်တတ်သောမိန်းကလေးများ
၎. သူများစကားကို နားထောင်လေ့ မရှိဘဲ သူပြောချင်တာကို စွတ်ပြောတတ်သော မိန်းကလေးများ
၅. သူ့ပိုက်ဆံအကုန်သက်သာအောင် အနားကို အတင်းကပ်နေတတ်သော မိန်းကလေးများ
၆. အစစ်အမှန်ဆိုတာကို သူ့ရဲ့ ကိုယ်မှာ ရှာလို့ မတွေ့နိုင်သော မိန်းကလေးများ
၇. အမြဲတမ်း အလွဲလွဲ အချော်ချော်များကိုဘဲ လုပ်နေတတ်သော မိန်းကလေးများ
၈. အဆဲအဆို သန်သော မိန်းကလေးများ
၉. လုံးဝကို ပြင်ပြင်ဆင်ဆင် မနေတတ်သော မိန်းကလေးများ
၁၀. သူဟာသာ တလောကလုံးမှာ အတော်ဆုံး၊ အတတ်ဆုံးဟု ထင်တတ်ကြသော မိန်းကလေးများ
၁၁. ယောင်္ကျားတစ်ယောက်ကို အရာဝထ္ထု တစ်ခုလို သဘောထားတတ်ကြသောမိန်းကလေးများ

ဒီလို မိန်းကလေးမျာကိုတော့ အမျိုးသာများက သိပ်ပြီး မနှစ်သက်ကြပါဘူတဲ့။
လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ မတူနိုင်တဲ့ အချက်တွေလည်း ရှိနိုင်ပါတယ်။
ဒါပေမယ့် ယေဘူယျ သဘောတရားကို ဖော်ပြထားတာမို့ တစ်ခေါက်လောက် လေ့လာတာလည်း
မှားတယ် မဆိုနိုင်ပါဘူး။ ဒီစာကို ဖတ်မိတဲ့ အမျိုးသမီးများကတော့ ကိုယ်ဟာ
ဒီ ၁၁မျိုးထဲမှာ မပါဘို့ ရှောင်သင့်တာ ရှောင်နိုင်တာပေါ့နော်။

Sunday, February 17, 2013

အချစ်ဆိုသော အရာ...

                               သင်ဟာအသည်းတွေခဏခဏကွဲနေတဲ့လူလား? ပျော်ရွှင်နေတဲ့အချစ်ရေးကိုဒီထက်ပိုပြီးပျော်အောင် ဖန်တီးချင်လား?
အချစ်မှာကံကောင်းစေဖို့ မသိလိုက်တဲ့လျို.၀ှက်တဲ့အဆောင်လေးတွေ ရှိပါတယ် ။
ကဲလေ့လာကြည့်ကြမယ်နော်


နားလည်မှုအချစ်
လူတွေဟာအချစ်နဲ.တွေ.ရင်အရည်ပျော်သွားတတ်ကြသလို၊စိုးရိမ်ပူပန်မှုတွေလည်းရှိလာတတ်ကြတယ်။
အဲ့ဒါကအပြစ်တော့မဟုတ်ပါဘူး။သဘာဝထဲကသဘာဝတစ်ခုပဲလေ။
အဲ့ဒီတော့အထူးသတိထားရမယ့်အချက်ကလက်ရှိအချစ်မှာလိုက်လျောညီထွေဖြစ်အောင်နေဖို.ပါပဲ။
case တစ်ခုဖြစ်လာပြီဆိုရင်နှစ်ဦးနှစ်ဘက်မျှတွေးပေးပါ။
သင့်ရဲ့ စိုးရိမ်ပူပန်မှု၊သ၀န်တိုမှုတွေကြောင့်တစ်ဖက်သားအတွက်ကြောက်လန့်စိုးရွံစရာတွေမဖြစ်စေဖို့ 
ဂရုပြုသင့်ပါတယ်။ပြီးတော့ နောက်တစ်ခုကသင်ကသူ.ကိုချစ်ပါလျက်နဲ.အေးစက်စက်အပြုအမူတွေ၊
အပြောအဆိုတွေကြောင့်သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦးလမ်းခွဲလိုက်ကြတယ်ဆိုတဲ့အဖြစ်မျိုးတွေ
မကြုံရအောင်လူတစ်ယောက်ကိုချစ်မိပြီဆိုတာနဲ့ နားလည်မှုဆိုတဲ့အရာလေးပါတစ်ပါတည်း
မွေးဖွားပေးလိုက်မယ်ဆိုရင်တော့ပိုပြီးပျော်ရွှင်နိုင်လိမ့်မယ်ထင်ပါတယ်နော်။

မျက်မြင်ကိုယ်တွေ့ မှယုံပါ
ချစ်သူနှစ်ဦးကြားမှာ ပြသနာတစ်ခုဖြစ်ပြီဆိုရင်ကြားစကားတွေကိုဘယ်တော့မှမယုံမိပါစေနဲ့ ။
ကြားစကားတွေနဲ့ လည်းချစ်သူကိုစကားနာမထိုးမိပါစေနဲ့ နော် ။
သင်ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ မဟုတ်ဘဲနဲ့ ၁၀၀%မယုံမိပါစေနဲ့ ။
တစ်ကယ်လို့ အဲ့ဒီအဖြစ်တွေဟာအမှန်တွေဖြစ်ခဲ့မယ်ဆိုရင်သင်ထံမကြာမီရောက်လာမှာပါ။
သင့်ဘက်ကသာအစစ်အမှန်တွေပေးခဲ့မယ်ဆိုရင်စစ်မှန်တဲ့အကြောင်းအရာတွေကို
ကံတရားကသင့်အတွက်ချန်ထားမှာမဟုတ်ပါဘူး။ဒါကြောင့် ဖြစ်မလာသေးတဲ့ ပြသနာတွေကို
တွေးပြီင်္းစိတ်ပူမနေပါနဲ့ ။သင်ဟာနဂိုကတည်းကသံသယများတတ်တယ်ဆိုရင်တော့အစကတည်းက
သင်သိချင်တဲ့အကြောင်းအရာတွေကိုအားမနာစတမ်းမေးထားပါ။သူဘယ်အချိန်ဘယ်နေရာမှာ
ရှိနေမယ်ဆိုတာကိုဇယားချထားပါ။နှစ်ဦးနှစ်ဘက်မညာစတမ်းပွင့်ပွင့်လင်းလင်းစကားပြောထားပါ ။
ဒါကြောင့်အရေးမကြီးတဲ့စွပ်စွဲချက်တွေကိုရှောင်ရှားဖို့ အစကတည်းကနှစ်ဦးကြားမှာပွင့်လင်းမှုတွေနဲ့ 
ပိတ်ပင်ထားပါ။

တိုက်ဆိုင်မှု တွေနဲ့ အချစ်အဓွန့် ရှည်ပါစေ
အချစ်ကိုတွေ.ရှိပြီးနောက်ကိုယ့်ဆီကထွက်မသွားစေဖို့ ချစ်သက်တမ်းတစ်လျှောက်အံ့သြမှုလေးတွေ၊
တိုက်ဆိုင်မှုလေးတွေနဲ.ချစ်သက်တမ်းလေးဆွဲဆန့် ကြည့်ပါ။သင့်အတွက်နေ.စဉ်အလုပ်တွေ လုပ်နေရင်းနဲတောင်တိုက်ဆိုင်မှုလေးတွေရှိအောင်ဖန်တီးနိုင်ပါတယ်။ဒီနေ.သူဝတ်ထားတဲ့ အင်္ကျီအရောင်နဲ့  သူဝတ်ထားတဲ့အင်္ကျီအရောင်လေးတွေကအစစားသောက်မှုလေးတွေ၊အကြိုက်လေးတွေ အဆုံးနေ့ စဉ်စကားပြောတိုင်းတိုက်ဆိုင်ကြည့်ပါ။သင်ဟာသူ.ကိုတကယ်ချစ်ရင်အနေဝေးနေပေမဲ့  အနီးမှာရှိနေသလိုခံစားရပါလိမ့်မယ်။ဒါပြင်သင်သိပ်ကြိုက်တဲ့ မင်းသား၊မင်းသမီး၊အစားအစာ၊ရုပ်ရှင်၊ အရောင်စသည်ဖြင့်သူ့ ကိုပြောပြထားပါ။သူရဲ.့အကြိုက်လေးတွေကိုလည်းမေးပြီးမှတ်သားထားပါ။
အံ့သြစေမယ့်အကြောင်းအရာလေးတွေကိုလည်းမှတ်သားထားပါ။တစ်ခါတစ်ရံတစ်ဘက်သား မမျော်လင့်တဲ့ နေရာမျိုးတွေဆီကနေအံ့သြစရာအဖြစ်အပျက်တွေနဲ.စကားအဆန်လေးတွေကို ကြိုးစားပြီးဖန်တီးပြပါ။အချစ်ဆိုတဲ့အရာကမြေပြင်လိုငြိမ်သက်နေတာထက်လှိုင်းကြပ်ခွပ်လေးတွေလို
လှုပ်ရှားမှုလေးတွေရှိနေမှပျော်ရွှင်စရာကောင်းမှာပေါ့။ဟုတ်ဘူးလား။

အလေ့အကျင့်လေးတွေနဲ့ ရှေ့ ဆက်ပါ
သင်တို့ နှစ်ယောက်ရဲ့ အချစ်တွေကိုဘယ်သူမှ့ အသိအမှတ်မပြုပေးရင်တောင်
သင်တို့ နှစ်ယောက်ကြားကအချစ်တွေဘယ်တော့မှမပြယ်ပါစေနဲ.။မဖြစ်နိုင်ဘူးဆိုရင်တောင် ယခုထိဆက်ချစ်နေသေးတဲ့သင်တို့ နှစ်ယောက်ရဲ့ ရဲရင့်မှုတွေကိုဂုဏ်ယူပေးပါ။
ဒီအလေ့အကျင့်လေးတွေကိုသင်တစ်ယောက်တည်းမဟုတ်ဘဲနှစ်ယောက်စုံစုံညီညီနဲ့ အချစ်မှတ်တိုင်
နေ့ ရက်ကလေးတွေမှာကျင်းပပေးပါ။ဒီလိုအလေ့အကျင့်လေးတွေကိုဖန်တီးတဲ့အခါ
ပျော်ပျော်ရွင်ရွင်နက်နက်နဲနဲဖန်တီးပြပါ။ချစ်သက်သေတွေပြပြီးတဲ့ အခါ သင့်ရဲ.လုပ်ဆောင်မှုအတွက်
အပြုံးတစ်ပွင့်နဲ့ ဂုဏ်ပြုတဲ့အကျင့်ကိုအမြဲရယူပါ။ချစ်သူရဲ့ အပြုံးတစ်ပွင့်ဟာရှေ့ ဆက်ရမယ့် ချစ်သက်တမ်းအတွက်အားအင်အသစ်တွေနဲ့ နွေးထွေးမှုတွေကို
အပြည့်အ၀ပေးနိုင်တဲ့ စိတ်ခွန်အားပေးတဲ့ ဖန်တီးမှုလေးတစ်ခုပါ။

လက်တွဲဖော်မှန်ပါစေ
သင်ရွေးချယ်တဲ့သူဟာအချိန်တိုင်းသင့်ကိုလိုအပ်နေတယ်။သင်အတွက်ဘယ်အရာမဆိုပြောင်းလဲပစ်ဖို့ 
အဆင်သင့်ရှိသူလား။အချစ်ကံကောင်စေဖို့ ၊အချစ်မှာပျော်ရွှင်ဖို့ အတွက်အခြားလိုအပ်မှုပေါင်းများစွာကို ထည့်စဉ်းစားဖို့ တော့လိုအပ်ပါတယ်။လောကကြီးထဲမှာရှိတဲ့လူသားတွေရဲ့ ဘ၀မှာအရာတိုင်းက
ပြည့်စုံနေတယ်ဆိုတာတော့မရှိပါဘူး။လိုအပ်ချက်တွေလည်းရှိကောင်းရှိနိုင်ပါတယ်။
ဒါပေမဲ့အချစ်စစ်သမားအတွက်တော့အရာရာဖြည့်ယူမယ်၊နားလည်မှုတွေပေးမယ်၊
ညှိနှိုင်းကြမယ်ဆိုတဲ့ပန်းတိုင်ကိုမျှော်လင့်နိုင်ပါတယ်။ဆင်ခြေတွေကိုအမြဲမပေးပါနဲ.။
လက်ရှိအခြေအနေတွေကိုရိုးသားပါ။ကိုယ်ကလည်းအစစ်အမှန်ကိုရချင်တယ်ဆိုရင် သင်ကိုယ်တိုင်ကလည်းအစစ်အမှန်တွေပေးမှဖြစ်မှာပေါ့။ဟုတ်ဘူးလား...သင့်စိတ်ထဲမှာသူမှတစ်ပါး အခြားသူကိုပေးဆပ်ဖို့ ဘယ်တော့မှမစဉ်းစားပါနဲ့။ဒါကိုလည်းသူသိအောင်လုပ်ပါ။
သင်တို့ နှစ်ဦင်္းကြားကစစ်မှန်မှုတွေကိုထုတ်ဖော်လေလေယုံကြည်မှုတွေခိုင်မြဲလေလေဖြစ်လာပါလိမ့်မယ်။

ချစ်ချင်သူတွေ အတွက် အချစ်နည်းလေး

အချစ်ကြောင့်ကမ္ဘာကြီးဟာလည်ပတ်နေတယ်လို့အဆိုရှိပါတယ်၊နေရာတိုင်းမှာကြည့်ပါ၊အချစ်နဲ့ ဆက်နွယ်နေတဲ့အရာတစ်ခုမဟုတ်တစ်ခုတော့တွေ့ရမယ်တဲ့၊အချစ်ဆိုတာလရိပ်တို့ရင်ထဲမှာရှိနေတဲ့ နက်ရှိုင်းတဲ့ခံစားမှုတစ်ခုပေါ့၊ဒါပေမယ့်တခါတရံမှာဘယ်လိုဘယ်ပုံဆိုတာဖေါ်ပြရခက်နေတတ်ပါတယ်၊ အဲဒီလိုပါပဲတချို့သူတွေမှာတော့ကိုယ်ကချစ်နေပေမယ့်သိအောင်ပြဖို့၊တစ်နည်းပြောရရင်အချစ်ကို
ကောင်းမွန်စွာပေးဖို့ဘာတွေလိုမယ်ဆိုတာမသိပဲဖြစ်နေတတ်ပြန်ပါသေးတယ်၊လရိပ်သူငယ်ချင်း တစ်ယောက်ရှိတယ်သူကတော့ချစ်တယ်ပြောနေတာပဲ၊ဒါပေမယ့်သူချစ်တဲ့သူကဘာကိုကြည့်ပြီး
သူချစ်တယ်ဆိုတာကိုနားလည်ရမလဲမသိဘူး၊သူချစ်တာကိုလည်းမခံစားရဘူး၊အဲဒီလိုတော့မဖြစ်စေချင်ပါဘူး။
ကိုယ့်စိတ်ထဲမှာပဲကိုယ်ကြိတ်ပြီးချစ်နေရင်တော့ကိုယ့်ရဲ့ခံစားမှုသီးသန့်အတွက်ပါပဲ၊ကိုယ့်ချစ်သူကို ဒါမှမဟုတ်ကိုယ်ချစ်ရတဲ့သူကိုအချစ်တွေပေးချင်လာပြီဆိုရင်တော့အချစ်ရဲ့ဘာသာစကားတွေကိုလေ့လာ
ထားသင့်ပါတယ်၊ကိုယ့်ရဲ့ချစ်သူကလည်းအချစ်ကိုရရှိနားလည်နိုင်စေမယ့်နည်းလေးတွေပေါ့၊
ဆန်းစစ်ကြည့်တဲ့အခါမှာတော့တကယ်ပဲချစ်သူနှစ်သက်စေမယ့်အချက်တွေဆိုတာတွေ့ရတဲ့အတွက် ချစ်လိုသူသူငယ်ချင်းများအတွက်ပြန်လည်ဝေငှပေးလိုက်ပါတယ်။

အချစ်ရဲ့ဘာသာစကားတွေကတော့....

၁. Give time .. အချိန်ပေးပါ

ကိုယ်ချစ်တဲ့သူကိုကိုယ့်ရဲ့အချိန်တွေထဲကမျှပေးဖို့ပါပဲ၊အတူရှိနေနိုင်ရင်လဲရှိနေပေါ့၊ရှိမနေနိုင်ရင်လည်း ဘယ်အချိန်မှာလိုအပ်မလဲ၊သူလိုအပ်တဲ့အချိန်မှာကိုယ်ကအချိန်လေးပေးနိုင်ဖို.ကြိုးစားသင့်ပါတယ်။ ချစ်သူတွေရဲ့ကြားမှာအချိန်မပေးနိုင်ခြင်းဟာလဲပြဿနာတစ်ခုပါ၊ဒါကြောင့်အချစ်ကိုပေးဖို့ဆိုရင် အချိန်ကိုလဲပေးသင့်တယ်ဆိုတဲ့အချက်ကိုသိထားသင့်ပါတယ်။

၂. Give caring … ဂရုစိုက်မှုပေးပါ

ကိုယ့်ချစ်သူကိုဂရုတစိုက်ရှိရမှာဖြစ်ပါတယ်၊ကိုယ်ချစ်တဲ့သူကဂရုတစိုက်ရှိနေစေချင်တာသဘာဝပါပဲ ၊ ဒါပေမယ့်လက်တွေ.မှာတော့အမှတ်တမဲ့ဖာသိဖာသာဖြစ်နေတတ်ပါတယ်၊အထူးသဖြင့်သူရဲ့ ခံစားချက်တွေကိုဂရုစိုက်ပြီးနားလည်ပေးဖို့ပါပဲ ။

၃. Give help … အကူအညီပေးပါ

ကိုယ့်ချစ်သူကိုကိုယ်ပေးနိုင်တဲ့အကူအညီလေးတွေပေးဖို့ပါ၊အသေးအမွှားလေးတွေပဲဖြစ်ဖြစ်ပေါ့၊ စိတ်ခံစားမှုပိုင်းဆိုင်ရာမှာတော့ထိရောက်ပါတယ်၊ကြင်နာမှုကိုပြရာရောက်သလိုပဲသူ့အတွက်ကြည်နူးပီတိ
ဖြစ်ရပါတယ်။

၎. Give understanding and be happy နားလည်မှု ပေးပြီး ပျော်ရွှင်ပါစေ

ကိုယ်ချစ်သူကိုနားလည်မှုပေးပြီးချစ်ပါ၊ချစ်တဲ့နေရာမှာကိုယ့်ချစ်သူဟာလွပ်လပ်မှုရှိစေဖို့ဘောင်တွေ ကန့်သတ်ချက်တွေကိုကျယ်ကျယ်လေးထားပေးပါ၊စည်းမျဉ်းကန့်သတ်ချက်တွေကသိပ်ပြီး
ကျဉ်းကျပ်နေရင်အချစ်ခံရတဲ့သူဟာလွပ်လပ်မှုမရှိတဲ့အတွက်အပြည့်အ၀ပျော်ရွှင်နိုင်မှာမဟုတ်သလို တခါတရံမှာစိတ်တောင်ညစ်သွားစေပါလိမ့်မယ် ။

၅. Give respect လေးစားမှု ပေးပါ

ကိုယ့်ချစ်သူဟာဘယ်လိုအခြေအနေအဆင့်အတန်းမှာဖြစ်စေကိုယ်ကချစ်ပြီဆိုရင်တော့လေးစားမှုလေး
ပေးပါ၊ကိုယ်ကအရမ်းလွှမ်းမိုးနေတာမျိုးမလုပ်ပဲနဲ့သူတည်ရှိနေမှုနဲ့သူ့ရဲ့အနေအထားလေးကိုလည်း အသိအမှတ်ပြုပေးပါ။

၆.Give attention ( Pay attention to details ) … အာရုံစူးစိုက်မှုပေးပါ

ကိုယ်ချစ်သူဟာဘာကိုနှစ်သက်တယ်ဘာကိုမနှစ်သက်ဘူးစတဲ့အသေးစိတ်အချက်အလက်
လေးတွေကစပြီးသိထားပါ၊အာရုံစူးစိုက်ပြီးမှတ်သားပါ၊သူကြိုက်တာကိုလုပ်ပြီးမကြိုက်တာကိုမလုပ်ပါနဲ့

၇. Give gifts …. လက်ဆောင်လေးတွေ ပေးပါ

တခါတရံမှာတော့လက်ဆောင်လေးတွေပေးတာဟာလဲအချစ်ကိုပြသရာရောက်ပါတယ်၊သတိရခြင်းရဲ့ အထိန်းအမှတ်အဖြစ်ပေါ့၊လက်ဆောင်သေးသေးလေးတွေပဲဖြစ်ပါစေတန်ဘိုးထားတတ်ကြပါတယ်။
အရာဝတ္ထုတိုင်းမှာတန်ဘိုးနှစ်မျိုးရှိကြပါတယ်၊အဲဒါတွေကတော့ material value နဲ့ sentimental value တို့ပါပဲ၊material value ကပစ္စည်းရဲ့မူလတန်ဘိုးဖြစ်ပြီးတော့sentimental value ကတော့အဲဒီပစ္စည်း အပေါ်မှာခံစားတဲ့သူ့ကြောင့် ဖြစ်ပေါ်လာတဲ့ခံစားချက်ရဲ့တန်ဘိုးပါ။ချစ်သူကထီးလေးတစ်လက်ကို လက်ဆောင်းပေးတယ်ဆိုပါစို့၊နေပူထဲသွားလို့အဲဒီထီးလေးကိုဆောင်းတဲ့အခါမှပိုပြီးအေးတယ်လို့ ခံစားရကောင်းရနိုင်ပါတယ်၊ချစ်သူရဲ့အမှတ်တရဖြစ်မှု၊ချစ်သူရဲ့အမှတ်သင်္ကေတ၊ချစ်သူရဲ့စေတနာစတဲ့.. စတဲ့ခံစားရခြင်းတွေပူးပေါင်းပါဝင်နေတာမို့အဲဒီထီးလေးကို...ရောင်းတဲ့ဆိုင်ပေါ်ကအလားတူ ထီးတစ်လက်ထက်တော့ပိုတန်ဘိုးထားပါလိမ့်မယ်၊အဲဒီသဘောပါပဲ။
ဒါကြောင့်မို့ကိုယ့်အတွက်မပင်ပန်းစေမယ့်လက်ဆောင်လေးတွေပေးသင့်ပါတယ်။

၈. Communication ဆက်သွယ်ပြောဆိုပါ

လူအချင်းချင်းဆက်ဆံတဲ့နေရာမှာတောင်ပြောဆိုဆက်ဆံရေးဟာအရေးကြီးပါတယ်၊ကိုယ့်ချစ်သူကို ကျတော့ကိုယ်ကချစ်တဲ့အကြောင်း၊သူဟာကိုယ့်အတွက်လိုအပ်တယ်ဆိုတဲ့အကြောင်း စတာတွေကိုပြောပေးရမှာဖြစ်ပါတယ်၊တချို့သူများဟာချစ်တယ်ဆိုတဲ့စကားကိုထပ်ခါ ထပ်ခါ ကြားချင်သလိုသေချာစေချင်တဲ့အတွက်မေးလဲမေးလေ့ရှိပါတယ်၊တစ်ယောက်နဲ့တစ်ယောက်ကတော့
ပုံစံချင်းမတူဘူးပေါ့၊ကိုယ့်ချစ်သူရဲ့ဆန္ဒကိုလိုက်ပြီးကိုယ်ခံစားချက်ကိုသိအောင်ပြောပေးရမှာဖြစ်ပါတယ်၊ အပိုတွေကိုညာဖြီးအာရွှီးဖို့ပြောတာမဟုတ်ပါဘူး၊ချစ်တဲ့အကြောင်းကိုပြောဖို့လဲ
လိုအပ်တယ်ဆိုတဲ့အချက်ကလေးကိုစားရင်းတို့ပေးလိုက်တာပါပဲ ။

၉. Touching ထိတွေ့မှုတဲ့

ဒီအချက်ကမြန်မာတော့မဆန်ဘူး၊ဒါပေမယ့်ချန်ခဲ့ဖို့လဲမကောင်းဘူး၊ဒါကြောင့်အောက်ဆုံးနားမှာထားပြီး ထည့်ပေးလိုက်ပါတယ်။တခါတရံအားငယ်နေတဲ့အခါမျိုးမှာတစုံတယောက်ကလက်ကို
ဖျစ်ညှစ်ဆုပ်ကိုင်ပြီးအားပေးစကားပြောလာတဲ့အခါအားရှိသွားသလိုမျိုးခံစားရဖူးပါသလား၊ ပုခုံးဖက်ပြီးပေါင်းလာကြတဲ့သူငယ်ချင်းတွေပါလို့ပြောကြတာကြားဖူးပါသလား၊နွေးထွေးမှုရင်းနှီးမှုစတဲ့
စိတ်ခံစားချက်တွေကိုခန္ဓာကိုယ်ရဲ့ထိတွေ့မှုတွေကနေတစ်ဆင့်ရရှိနိုင်ပါတယ်။နှလုံးကနေထုတ်လွှတ်တဲ့ စွမ်းအင်တွေကိုထိတွေ့မှုတွေကနေတစ်ဆင့်ကူးပြောင်းရရှိနိုင်တဲ့အကြောင်းတွေကိုဖတ်ဖူးပါတယ်။
ဒါကြောင့်မို့လက်ကလေးကိုဆုပ်ကိုင်တာ၊ပုခုံးကိုဖက်တာ၊လက်မောင်းကိုကိုင်တာ၊အကြင်နာပေးတာ
လေးတွေကအစပေါ့ဒါလေးတွေကလဲလိုအပ်ပါတယ်။အဓိကကတော့ခန္ဓာကိုယ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာကြင်နာမှုနွေးထွေးမှု စတဲ့ခံစားရတာတွေကိုပြောချင်တာပါ။

အချစ်နဲ.ပတ်သတ်ပြီးကျွှန်တော်အထင်ပါ မှန်ချင်လဲမှန်မယ်၊မှားနေရင်လဲမှားပါမယ်ဘာဖြစ်ဖြစ်အပျင်းပြေဖတ်ရတာပေါ့ဗျာ... 

Saturday, February 2, 2013

အိမ်ထောင်ပြုမဲ့ ကောင်မလေးတွေသတိထား…


မိန်းကလေးများကို(အန်)စေသောယောကျာ်း...

(၁) ကိုယ်အောင်မြင်မှုကို ပါးစပ်ဖျားကမချတတ်သောယောကျာ်း...

(၂) ခေါင်းလိမ်းဆီကို ရွှဲနစ်နေအောင်လိမ်းတတ်သောယောကျာ်း…

(၃) ဆီများရွှဲနစ်နေသော ဆံပင်ပေါ်တွင်ဘောက်များကပ်နေသောယောကျာ်း…

(၄) ရေမချိုးပဲ အနံပျင်းသောယောကျာ်း…(အရေးကြီးပါသည်)

(၅) နှာခေါင်းထဲကအမွေးများ နှာခေါင်းပေါက်အပြင်ထိ ရှည်ထွက်နေသောယောကျာ်း…

(၆) လေကြီးပြီး ကြွားဝါတတ်သောယောကျာ်း…

(၇) မိန်းကလေးများကြားတွင် မျက်နှာပန်းလှသည်ဟု ထင်နေသောယောကျာ်း…

Friday, February 1, 2013

ငါ့ကိုဘယ်အချိန်ထိချစ်မှာလဲ


"ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ! "
ကောင်လေးခါးကိုပွေ့ဖက်ထားတဲ့ကောင်မလေးကကောင်လေးကျောကို မှီပြီး
ခပ်တိုးတိုးလေးမေးတယ်။ကောင်လေးရဲ့အဖြေကကောင်မလေး စိတ်ကျေနပ်လောက်တဲ့
အမှတ်ပြည့်အဖြေ မဟုတ်မှန်း ကောင်မလေးသိနေခဲ့တယ်။

"ချစ်စရာ စကားလေးတွေနဲ့ ဖြေဖို့ အခွင့်အရေးပေးမယ်" ကောင်မလေးက
ချွဲနွဲ့ပြီးပြောတော့ ကောင်လေးက စိတ်ပါလက်ပါ စဉ်းစားလိုက်တယ်။

မီးနီနေတုန်း ကောင်လေးက ကောင်မလေးကို လက်"တစ်"ချောင်းထောင်ပြပြီး
အဖြေပေးလိုက်တယ်။ ကောင်မလေးက ဝမ်းသာအားရ "တစ်သက်လုံး! " လို့ ပြောတယ်။

ယောင်္ကျားလေးတွေလက်မတွဲသင့်သောမိန်းမ...

 

ယောင်္ကျားလေးတွေ အတွက်ဒီလိုမိန်းမမျိုးတွေကို အထူးရှောင်ကျဉ်သင့်ပါတယ်...
 
၁..။ချစ်သူတို့သဘာဝအပြင်ထွက်သွားလာစားသောက်တဲ့အခါမြင်မြင်သမျှလက်ညိုးထိုးပူဆာတတ်တဲ့မိန်းမ။
(ရှိသမျှပြောင်လိမ့်မည်..။မတတ်နိုင်သောအခါသင်ကျန်ရစ်ဖြစ်လိမ့်မည်..။)

Thursday, January 31, 2013

ချစ်သူများနေ.လက်ဆောင်...

လပြည့်ဝန်းပလာဇာရှေ့မှာကားငှားဖို့စောင့်နေတဲ့၊အဖြူရောင်တီရှပ်ပေါ်မှာအသည်းပုံLove၊Lifeစာတန်း ထိုးထားတဲ့ဆင်တူအင်္ကျီဝတ်စုံတွဲကိုကြည့်ပြီးဒီနေ့တရက်တော့ချစ်သူကိုသတိရမိတယ်လို့သူ့ချစ်သူနဲ့ လမ်းခွဲခဲ့ပြီးသူမကေခိုင်ကဆိုပါတယ်။
ဒီနေ့အတွက်သူ့မှာဘာအစီအစဉ်မှမရှိပေမယ့်ကော်ဖီဆိုင်မှာအတူတူထိုင်ပြီးစကားဖောင်ဖွဲ့နေတဲ့စုံတွဲတွေ၊
ရှော့ပင်းစင်တာထဲမှာလှည့်ပတ်သွားလာပြီးဈေးဝယ်နေတဲ့စုံတွဲတွေ၊ဂိမ်းပြိုင်ပွဲဝင်နေတဲ့စုံတွဲတွေ၊ လက်ဆောင်အပြန်အလှန်လဲလှယ်နေတဲ့စုံတွဲတွေကိုမနက်အလုပ်လာကတည်းက
တောက်လျှောက်တွေ့ရတာကတော့ကြည်နူးစရာကောင်းတယ်လို့လပြည့်ဝန်းပလာဇာမှာအရောင်း ၀န်ထမ်းလုပ်ကိုင်နေတဲ့သူကဆက်ပြောပါတယ်။
 “အလုပ် တရက်ပျက်ရင်တရက်စာဖြတ်တော့ချစ်သူရှိသေးရင်လည်း
ဒီနေ့လည်ဖြစ်မယ်မထင်ဘူး” လို့မကေခိုင်က ဆိုပါတယ်။
မြန်မာနိုင်ငံဟာစီးပွားရေး၊နိုင်ငံရေးပြဿနာတွေကြောင့်ပြင်ပကမ္ဘာနဲ့တော်တော်လေးအဆက်ပြတ်၊ အထီးကျန်နေခဲ့ပေမယ့်လည်းလွန်ခဲ့တဲ့၁၀နှစ်လာက်ကစတင်ပြီးလူငယ်ထုကြားမှာခေတ်စားလာတဲ့ ချစ်သူများနေ့မှာတော့ ပန်းစည်းတွေပေးတာ၊ချောကလက်ကျွေးတာ၊ပို့စ်ကတ်
လဲလှယ်ကြတာစတဲ့အလေ့အထတွေကတော့ပိုများလာတာတွေ့ရပါတယ်။
 အဲဒီလက်ဆောင်တွေရဲ့အောက်မှာဖုံးကွယ်နေတဲ့အမှတ်တရလက်ဆောင်တခု
ရှိနေပါတယ်။ဒါကတော့ အပျို၊ လူပျို ဘ၀ကိုစွန့်လွှတ်ပြီးအဲဒီနေ့မှာချစ်သူနဲ့အတူတူ
စနေမယ်ဆိုတဲ့အလေ့အထမြန်မာပြည်မှာရှိနေပြီဆိုတာပါပဲ။(ရာနှုန်းပြည့်တော့မဆိုလိုပါဘူး)
 “ကျနော်သတိထားမိသလောက်သိပ်မကြာသေးဘူး။၃ နှစ်လောက်ပဲရှိဦးမယ်။
အဲဒီနေ့ဆိုတည်းခိုခန်းကအချိန်ပိုင်းနဲ့တင်ဝင်ငွေတ်ာတော်ဖြောင့်တာ။တချို့ဆို
အခန်းပတ်ရှာတာမရလို့ဒီမှာပဲထိုင်စောင့်နေရတဲ့အထိပါရှိတယ်”လို့ ကန်တော်ကြီးအနီးမှာ
ရှိတဲ့ ဟိုတယ်တစ်ခုရဲ.ဟိုတယ် ၀န်ထမ်းတဦးကပြောပါတယ်။
အဲဒီနေ့မှာအဆင့်မြင့်ဟိုတယ်ကြီးတွေမှာထက်မိုတယ်တွေ၊တည်းခိုခန်းတွေ၊အင်းတွေ မှာ
အခန်းရဖို့မသေချာဘူးလို့သူကဆိုပါတယ်။
 ဒီလိုထွန်းကားလာတာကြောင့်လည်းပန်းခြံ၊စားသောက်ဆိုင်နဲ့ရှော့ပင်းမောလ်ကပရိုမိုးရှင်းပွဲတွေ၊ ချစ်သူများနေ့စင်တင်တေးဂီတဖျော်ဖြေပွဲတွေအပြင်
တည်းခိုခန်းနဲ့မိုတယ်တွေမှာအဲဒီနေ့ဆိုအခန်းအပြည့်ငှားရတဲ့အထိရှိနေတယ်လို့ဟိုတယ်ဝန်းထမ်းတွေမှ သိရပါတယ်။“သန်လျင်လို တည်းခိုခန်းနဲ့ ဟိုတယ်ပေါတဲ့ နေရာမှာတောင်အဲဒီနေ့ဆို
အခန်းရဖို့ မလွယ်ဘူး” လို့သန်လျင်မြို့နယ်သီလဝါဆိပ်ကမ်း MITT က အရာရှိ တဦးဖြစ်တဲ့
ကိုကျော်မင်းဆွေက ပြောပါတယ်။
ချောကလက်နဲ့ပန်းစည်းပေးတာတွေက ၁၄ နှစ်အောက်လူငယ်တွေကြားမှာပဲ
ရှိတော့တဲ့ အလေ့အထဖြစ်တယ်လို့သူက ဆိုပါတယ်။
ယုဇနပလာဇာအနောက်ဘက်က တောင်ပေါ်သား တည်းခိုခန်း၊ မြေနီကုန်းနားက
Motherland၊Summerplace၊စမ်းချောင်းကအကယ်ဒမီ၊ဖိုးစိန်လမ်းပေါ်ကဟိုတယ်တွေ၊အင်းတွေမှာဆိုလည်း စုံတွဲတွေအပြည့်လို့ သိရပါ တယ်။
ရန်ကုန်ကအထက်တန်းကျောင်းသားတဦးဖြစ်တဲ့ဇေယျာကတော့သာမန်နေ့တွေမှာထက်ချစ်သူများနေ့မှာ
စုံတွဲတွေအတူအိပ်ကြတာအဓိပ္ပာယ်ပိုရှိတယ်၊ပိုပြီးလေးနက်မှုကိုပြတယ်လို့ဆိုပါ တယ်။
“လွန်ခဲ့တဲ့၅နှစ်လောက်ကဆိုရင်တော့မယူဖြစ်ရင်အတူတူနေတယ်ဆိုတာ မိန်းကလေးရော၊ယောက်ျားလေး အတွက်ပါနစ်နာတယ်ဆိုတဲ့စကားကမှန်ပါသေးတယ်။အခုခေတ်မှာတော့မြို.နေအသိုင်းအ၀န်းမှာဆို ဒီလိုကိစ္စကိုလက်မခံတော့ပါဘူးလို့” သူကပြောပါတယ်။
အခုခေတ်မှာလူငယ်တွေကအတူတူနေတဲ့ကိစ္စကိုပွင့်လင်းတယ်လို့မြင်လာလက်ခံလာပြီးသူတို့ ဆယ်ကျော်သက်တွေ အလယ်မှာတော့ဖြစ်သင့်တဲ့ သဘာဝ တခုလို့မြင်တယ်လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့အိမ်နီးချင်းထိုင်းနိုင်ငံမှာဆိုရင်ချစ်သူများနေ့ဆိုတာစောင့်ဆိုင်းရတဲ့ ရက်တရက်လို့ပြောကြပါတယ်။ထိုင်းမှာရှိတဲ့အထူးနေ့ထူးနေ့မြတ်တွေအမျိုးစုံရှိတဲ့ကြားထဲကထိုင်းတွေဟာ လည်းချစ်သူများနေ့ကိုနေ့ထူးနေ့မြတ်တရက်လိုသတ်မှတ်ထားကျင်းပကြတာ ၁၀ စုနှစ်တခုလောက်ရှိပါပြီ။
စေ့စပ်ပွဲတွေ၊လက်ထပ်ပွဲတွေကအဲဒီနေ့မှာအများဆုံးကျင်းပတတ်ကြသလို၊
ချစ်သူတွေလည်း အဲဒီနေ့ကနေစပြီးအတူတူနေကြပါတယ်။အဲဒီနေ့ဟာထိုင်းတနိုင်ငံလုံးမှာ
ကွန်ဒုံးအရောင်းရဆုံးနေ့လို့လည်းသိရပါတယ်။ထိုင်းလူမျိုးတွေကချစ်သူများနေ့အတွက်
အကုန်အကျခံကြတဲ့ပိုက်ဆံတွေကမနည်းပါဘူး။
ချစ်သူများနေ့ဟာအနောက်နိုင်ငံကအစပြုခဲ့တဲ့၊မြန်မာ့ယဉ်ကျေးမှုမဟုတ်ပေမယ့်ချစ်သူတွေအချင်းချင်း လက်ဆောင်တွေဖလှယ်ကြတာ၊ပန်းကလေးတွေ၊ကဗျာကလေးတွေပို့ပေးကြတာ ကြည်နူးစရာကောင်းပါတယ်လို့စာရေးဆရာမ နုနုရည် (အင်းဝ) ကဆိုပါတယ်။ဒါပေမယ့်
စီးဆင်းလာတဲ့ယဉ်ကျေးမှုမှာမလိုလားအပ်တဲ့ဆိုးကျိုးတွေကိုသတိမူသင့်တယ်လို့ပြောပါတယ်။
“အဲဒီရေစီးကြောင်းကြီးထဲကိုတိုက်စားပွတ်တိုက်ပြီးပါမသွားစေချင်တာကတော့
Virgin ဆိုတဲ့ အပျိုစင်ဂုဏ်လေးပါပဲ။စောင့်ထိန်းနိုင်ခြင်းတန်ဖိုး၊မိမိကိုယ်ကိုယ်
ယုံကြည်မှုတန်ဖိုး၊သိက္ခာတန်ဖိုး၊ယဉ်ကျေးမှုတန်ဖိုးတွေနဲ့ ပြည့်စုံနေတဲ့ အပျိုစင်
ဆိုတဲ့ ဂုဏ်လေးကိုမြန်မာမိန်းကလေးငယ်တွေဂုဏ်ယူစွာနဲ့စောင့်ရှောက်ထိန်းသိမ်းစေချင်ပါတယ်”
လို့ မြန်မာစာ ဆရာမတဦးလည်းဖြစ်တဲ့ စာရေးဆရာမ နုနုရည် (အင်းဝ) ကဆိုပါတယ်။
ဆရာမနုနုရည်ကသူ့ကိုရှေးဆန်လိုက်တာလို့ပြောချင်ပြောပါစေ၊ရယ်စရာလို့လည်းထင်ကောင်းထင်မယ်၊ ဒါပေမယ့်ကိုယ့်ယဉ်ကျေးမှုဆိုတာကိုထိန်းသိမ်းစောင့်ရှောက်ချင်တဲ့၊ကိုယ့်ယုံကြည်မှုသိက္ခာကို တန်ဖိုးထားချင်တဲ့မြန်မာမိန်းကလေးတွေအနေနဲ့ ကတော့ နားလည်လောက်မယ်
ထင်ပါတယ်လို့ဆက်ပြောပါတယ်။တနင်္လာနေ့လိုပျားပန်းခတ်မျှရှုပ်ထွေးလှတဲ့ရန်ကုန်လမ်းတွေပေါ်မှာ
ဆင်တူအင်္ကျီဝတ်ဆင်ထားတဲ့စုံတွဲတွေ၊ချစ်သူများနေ့စင်တင်ဂီတဖျော်ဖြေပွဲကြော်ငြာဘေလ်ဘုတ်ကြီးတွေ၊ လမ်းမကြီးပေါ်အထိလျှံကျလာတော့မယ်ထင်ရတဲ့အင်းလျားကန်ပေါင်ကစုံတွဲတွေဟာ
ရန်ကုန်မြို့ရဲ့ချစ်သူများနေ့ပွဲတော်ကိုထင်ရှားပေါ်လွင်စေတဲ့ပြယုဂ်တွေပါပဲ။
ဒီလိုနေ့မှာစုံတွဲတွေအတူနေတာကြောင့်တည်းခိုခန်းတွေမှာအခန်းတွေမအားလပ်တဲ့အထိဖြစ်နေပေမဲ့
ကွန်ဒုံးတွေရဲ့ရောင်းအားကတော့သိသိသာသာ တက်မလာပါဘူးလို့လူငယ်ဆရာဝန်တဦးကပြောပါတယ်။
“ကွန်ဒုံးသုံးတာကိုကြေးစားဆန်တယ်လို့သဘောထားလို့လိင်ဆက်ဆံချိန်မှာကွန်ဒုံးမသုံးဖြစ်တာ များတယ်။
သုံးတဲ့ အချိန်ကလည်းကြေးစားလိင်အလုပ်သမမိန်းကလေးတွေနဲ့ နေတဲ့အချိန်ပဲ။လေ့လာရသလောက်
ချစ်သူတွေ၊သမီးရည်းစားတွေကြားထဲမှာကွန်ဒုံးမသုံးကြဘူး။အဲဒါနဲ့ပတ်သက်ပြီးလွဲမှားတဲ့
အမြင်တွေရှိတာကိုဘယ်လိုမှမတားဆီးနိုင်သေးဘူး” လို.ဆရာဝန်ငယ်ကပြောပါတယ်။
 မြန်မာနိုင်ငံနဲ့တခြားအိမ်နီးချင်းနိုင်ငံတွေကွာခြားတာကတော့မူလတန်းကျောင်းသား၊ကျောင်းသူ
အရွယ်ကတည်းကလိင်ပညာပေးသင်ခန်းစာတွေကိုအစိုးရကျောင်းတွေမှာသေသေချာချာသင်ကြားပေးတာပါ။ မြန်မာပြည်က အစိုးရကျောင်းတွေကတော့ယဉ်ကျေးမှုဆိုတဲ့တံတိုင်းနဲ့ဘောင်ခတ်ထားပြီးဒီလိုသင်ခန်းစာတွေကို ရှက်စရာလို့မြင်နေသေးတာတွေ့ရပါတယ်။ထိုင်းနိုင်ငံမှာဆိုရင်ဒီနေ့လိုချစ်သူများနေ့မှာဟိုတယ်တွေ၊ ကလပ်တွေမှာကွန်ဒုံး အခမဲ့ဝေတဲ့ဓလေ့မျိုး ရှိပါတယ်။ဒီမှာကတော့အလကားပေးရင်တောင်ပြန်ရောင်း
စားနေကြတာပါ။အမျိုးသမီး သတင်းထောက်တဦးက “အိမ်ထောင်ကွဲတွေကိုတွေ့ရတာ
များလို့လားတော့မသိဘူး။ယူလိုက်ပြီးမှအဆင်မပြေတာထက်အတူနေရင်းလေ့လာစေချင်တယ်။
တကယ်ချစ်တဲ့သူဆိုရင်တော့အစဉ်အလာတွေမထိန်းသိမ်းချင်ဘူး။ကိုယ့်မှာလည်းလွတ်လပ်ခွင့်
ရှိတယ်လေ။အပျိုစင်မဟုတ်တော့ပေမယ့်လည်းကိုယ့်ကိုချစ်တဲ့၊ကြိုက်တဲ့ယောက်ျားကယူလိမ့်မယ်”
လို့ပြောပါတယ်။ဒီလိုချစ်သူစုံတွဲတွေလက်မထပ်ခင်အတူတူနေတာနဲ့ပတ်သက်ပြီး
ဘာသာစကားသင်တန်းကျောင်းတကျောင်းမှာအင်္ဂလိပ်စာသင်ကြားနေတဲ့မကေဇင်သွယ်က“တရားဝင်
လက်ထပ်ထားတာမဟုတ်သေးတဲ့အတွက်အဲဒီလိုနေလိုက်ပြီးလို့မယူဖြစ်ကြတော့ရင်ယောက်ျားလေးက
ဘာမှမဖြစ်ဘူး။မိန်းကလေးပဲနစ်နာမှာလေ။မယူခင်အဲဒီအခွင့်အရေးကိုယောက်ျားလေးတွေကို
မပေးသင့်ဘူး။မြန်မာ့ယဉ်ကျေးမှုနဲ့ကြည့်ပြီးပြောရရင်လည်းမကိုက်ညီဘူး”လို့ ပြောပါတယ်။
မြန်မာပြည်မှာHIV/AIDS ရောဂါနဲ့ပတ်သက်လို့ပညာပေးနေတဲ့ NGO အဖွဲ့အစည်း PSI ရဲ့ဆက်သွယ်ရေး အရာရှိတဦးဖြစ်သလို၊ကျန်းမာရေးအသိပညာပေးစာပေတွေရေးသားနေတဲ့စာရေးဆရာမမြနှောင်းညိုက အချိန်မတိုင်ခင်သိပ်နုနယ်တဲ့အရွယ်မှာလိင်ဆက်ဆံတာကိုမလုပ်စေချင်ပါဘူးလို့ဆိုပါတယ်။
“လက်မထပ်ခင်အတူနေတဲ့အလေ့အထကိုခေတ်နဲ့လျော်ညီတဲ့ အကြံပေးရရင်မယူနိုင်သေးဘဲတအိမ်တည်းမှာအတူတူနေကြတဲ့အခိုက်အတန့်တယောက်နဲ့တယောက် သစ္စာရှိစေချင်တယ်။ကွဲသွားကြလို့မယူဖြစ်ရင် HIV စစ်ပေါ့” လို့ဆရာမမြနှောင်းညိုကဆက်ပြောပါတယ်။
ဒီအချိန်မှာတာ့မော်လမြိုင်မြို.ကအင်တာနက်ဆိုင်တဆိုင်မှာလွန်ခဲ့တဲ့ ၅ရက်လောက်ကတည်းကချစ်သူနဲ့တွေ့ဆုံစကားပြောနိုင်ဖို့အတွက်စက်တလုံး
ချန်ထားပေးဖို့တောင်းဆိုထားတဲ့ အသက် ၂၀ အရွယ် မနှင်းအိကတော့သူချိန်းဆိုထားတဲ့နာရီအတိုင်း
အရောက်သွားနိုင်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။
“လက်ဆောင် ကိုယ်တိုင်ကိုယ်ကျမပေးရပေမယ့်အင်တာနက်ကနေဒီမတိုင်ခင်ကတည်းက
ကြိုရှာထားတဲ့ Valentine ကတ် ကိုဒီနေ့ပို့ပေးလိုက်တယ်။ဖုန်းပြောချင်ပေမယ့်အိမ်ကိုတိုက်ရိုက်ခေါ်ဖို့ ဖုန်းကအဆင်မပြောတော့ဂျီတော့ခ်ကနေပဲပြောရတာပေါ့။ဒီနေ့အတွက်အမှတ်တရကသူများတွေလို
အကောင်အထည်ပြလို့မရတဲ့ချစ်စကားတွေပဲရှိတယ်လို့” သူကဆိုပါတယ်။
ချစ်သူသာအနားမှာရှိမယ်ဆိုရင်အတူတူလျှောက်လည်ပြီးတနေရာရာ
သွားဖို့ စီစဉ်မယ်၊သူကြိုက်တဲ့ ပန်းကိုအဲဒီနေ့မှာပေးဖို့တောင်းဆိုမယ်လို့မနှင်းအိကဆက်ပြောပါတယ်။
နိုင်ငံတ၀န်းလုံးကျင်းပနေတဲ့ချစ်သူများနေ့ဟာအနောက်နိုင်ငံတွေမှာဓလေ့တခုလိုဖြစ်နေပေမယ့်ကူးစက်ခံ အရှေ့တိုင်းနိုင်ငံတွေမှာကတော့ချစ်သူများနေ့ကိုပိုပြီးအမှတ်တရဖြစ်အောင်ဖန်တီးကြ တာတွေ့လာရပါတယ်။
ရောမခေတ်ကချစ်သူ၂ဦးကိုတိတ်တဆိတ်ထိမ်းမြားပေးခဲ့တာကြောင့်သေဒဏ်ပေးခံရတဲ့ဘုန်းတော်ကြီး
St. Valentine ကိုဂုဏ်ပြုတဲ့အနေနဲ့ဖေဖော်ဝါရီ ၁၄ ရက်နေ့ကိုချစ်သူများနေ့လို့သတ်မှတ်ခဲ့ကြပါတယ်။
ဒီအနောက်တိုင်းယဉ်ကျေးမှုကမြန်မာလူငယ်တွေရဲ့ယဉ်ကျေးမှုကိုစတင်ဖျက်ဆီးနေပြီလားဆိုတာကတော့စဉ်းစား စရာပါ။     ။
                                                              
                                                                          နရီလင်းလက်

                                                          Monday, 14 February 2011 ကူညီပံ့ပိုးပါသည်...

Living together and Social problem

ယနေ့ခေတ်ကြီးမှာ
အရာရာဟာဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှရုပ်ဝထ္ထုပိုင်းဆိုင်ရာတွေဟာလည်းများစွာ
ဖွံ့ဖြိုးတိုးတက်လျှက်ရှိပါတယ်။ရုပ်ပိုင်းဆိုင်ရာတွေဘယ်လောက်ပဲ တိုးတက်တိုးတက်
စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေ၊အား နည်းချက်တွေဟာလည်း
နေရာတိုင်းမှာတွေ့မြင်နေရဆဲဖြစ်ပါတယ်။ကဲဒီတော့ဒီနေ့လူမှုရေးကွန်ယက်ကြီးအတွင်းInternetတွေ
Gtalk တွေ VZO တွေ Facebook တွေစသည်ဖြင့်ပေါ့အလွယ်တကူသုံးနေနိုင်ပြီဖြစ်တဲ့
ခေတ်ကြီးမှာဘာကြောင့်အားနည်းချက်တွေရှိနေသလဲ၊ဘာတွေလိုအပ်နေသေးလဲဆိုတာ
ကျွန်တော်တို့အား လုံးလေ့လာကြည့်ကြရအောင်။ယနေ့ခေတ်ကြီးမှာရေပန်းစားနေတဲ့
ဝေါဟာရတစ်ခုရှိပါတယ်။" Living Together " တဲ့ ..မြန်မာလိုပြောရရင်
လက်မထပ်ပဲအတူနေထိုင်ခြင်းပေါ့။ဒီထက်ပိုပြီးရှင်းရရင်လက်မထပ်ပဲလင်စုံမယား
ဖက်ပေါင်းသင်းနေထိုင်ခြင်းလို့အဓိပ္ပါယ်ရပါတယ် ။
 ဟိုးယခင်ကတော့....
Living Together ဟာမြန်မာလူမျိုးတွေနဲ့အတော်လေးစိမ်းနေခဲ့ပါတယ်။အခုတော့လည်း
ခေတ်လူငယ်တွေရဲ့တီးတိုးပါးစပ်ဖျားမှာရေပန်းစားလို့လာခဲ့ပါပြီ။အနောက်တိုင်းနိုင်ငံတွေမှာLiving
togetherအပေါ်ထောက်ခဲ့တဲ့လူတွေအများကြီးရှိခဲ့သလိုရှုံ့ချတဲ့သူတွေလည်း
အများကြီးရှိခဲ့ပါတယ်။ကဲဒါဆိုကျွန်တော်တို့ကရောLivinါtogetherအပေါ်ဘယ်လိုမြင်ပါသလဲ?
နှစ်ဦးနှစ်ဖက်လုံးကလည်းသဘောတူတယ်အခြေအနေအရပ်ရပ်ကလည်း
အိုကေတယ်ဆိုရင် ဘာမှဝေဖန်စရာ၊ မှတ်ချက်ချစရာမရှိပါဘူး။ဒီနေရာမှာအပိုင်းနှစ်ပိုင်းဖြစ်သွားပြီ။

(၁) နှစ်ဦးနှစ်ဖက်လုံး သဘောတူညီခြင်း
  
အိုဗျာ...အတူနေဖို့တောင်ညှိပြီးပြီပဲနှစ်ယောက်လုံးသဘောမတူတာမျိုးရှိပါ့မလားဗျာ”လို့မေးစရာရှိပါတယ် ။ အဲဒါကတော့အကျပ်ကိုင်ခြင်းပဲပေါ့။ယောင်္ကျားလေးဖက်က“နင်ငါ့ကိုတကယ်ချစ်ရင် တကယ်ယုံတယ်ဆိုရင် ဒီတစ်ခါတော့လိုက်လျောပေးပါ ” လို့
အကျပ်ကိုင်လာလို့ရှိရင်“ နင်ငါ့ကိုတကယ်ချစ်တာဟုတ်ရဲ့လားဟာဒါဆိုငါနဲ့အတူနေမှ
နင့်အချစ်ကို ယုံမယ် ” လို့ ဆိုလာရင်သာမန်အချစ်ကြီးတဲ့မိန်းကလေး၊ချစ်သူအတွက်
ဆိုဘာမဆိုပေးလိုက်မယ်လို့ ခံယူထားတဲ့မိန်းကလေး၊စိတ်ပျော့လွယ်တဲ့မိန်းကလေး
ကတော့ခေါင်းညှိတ်မိမှာအမှန်ပါပဲ။ဒီနေရာမှာလက်ထပ်ပြီးမှအပျိုစင်ဘ၀ကို
ပေးမယ်လို့ဆုံးဖြတ်ထားတဲ့မိန်းကလေးတစ်ယောက်ကငြင်းလိုက်ပြီဆိုရင်ပြဿနာရှိလာပါပြီ။ မိန်းကလေးကလည်းပြတ်သားဖို့လိုလာပြီပေါ့။ငါ့ကိုတကယ်ချစ်တာလား၊ကာမကိုလိုချင်တာလားဆိုတာ
ခွဲတတ်ဖို့လိုပါတယ်။တစ်ခုမှာချင်တာကမိန်းကလေးတစ်ယောက်ကိုတကယ်နှစ်နှစ်ကာကာ
ချစ်မိတဲ့ယောင်္ကျားလေးတစ်ယောက်အဖို့ အဲဒီမိန်းကလေးဆီကဘာမှလိုချင်တောင့်တမှု
မရှိပါဘူး။သူ့ကိုအမြဲဖြည့်ဆည်းပေးချင်တဲ့စိတ်သူပျော်နေတာကိုပဲမြင်ချင်တဲ့
စိတ်ကလေးသာရှိပါလိမ့်မယ်။ဒါကြောင့်နှစ်ဦးနှစ်ဖက်သဘောတူညီလို့ ဖြစ်မြောက်
သွားတဲ့Living togetherတွေရှိသလိုတစ်ဖက်ကအတင်းအကျပ်ကိုင်လို့ မတတ်သာလို့
(သူမချစ်ဘူးလို့ ထင်သွား မှာစိုးလို့ )အလျော့ပေးလိုက်ရတဲ့ တစ်ဖက်သတ် Living together
တွေလည်းရှိပါလိမ့်မယ် ။

(၂) အခြေအနေအရပ်ရပ်က အဆင်ပြေခြင်း

Living together နေဖို့ဆိုရင်အခြေအနေအရပ်ရပ်ကအဆင်ပြေမှသာလျှင်ဖြစ်မြောက်နိုင်မှာပါ ။
နိုင်ငံခြားမှာမိဘကွယ်ရာမှာကိုယ့်ခြေထောက်ကိုယ်ရပ်တည်နေတဲ့သူမျိုးကို
မဆိုလိုပါဘူး။မြန်မာနိုင်ငံအတွင်းမှာဆိုမိဘအလစ်လည်းဖြစ်ရဦးမယ်။ဥပမာ...မိဘက
ခရီးသွားနေတာမျိုး၊ဒါမှမဟုတ်အလုပ်(သို့မဟုတ်)ကျောင်းပြေးပြီး
ရည်းစားနဲ့အတူသွားနေခြင်းစတဲ့အပြုအမူမျိုးကိုဆိုလိုတာပါ။ဒါမှမဟုတ်နယ်ကနေ
မြို့တက်ပြီးတစ်ယောက်တည်းရပ်တည်နေရတဲ့သူမျိုး။ဇတ်လမ်းတွေကတော့
အမျိုးစုံရှိကြမှာပါ။မိုးကရွာ မှောင်ကလည်းမှောင်မိုးခိုရင်းဟော်တယ်မှာ
ရင်ခွင်ထဲရောက်သွားတဲ့သူတွေ၊သင်္ကြန်မှာလျှောက်လည်ရင်းချမ်းလွန်းလို့
အချမ်းပြေ Beer သို.မဟုတ် Spy လေးသာက်ဟိုတယ်၊တည်းခိုခန်းခဏရောက်သွားတဲ့အဖြစ်တွေ
အများကြီးရှိကြမှာပါ။
Living Together ၏ကောင်းကျိုးများသိပ်များများစားစားတော့ရှိမယ်မထင်ပါဘူး...
အလွန်ဆုံး ၁ နာရီလောက်အတူနေပြီးတဲ့နောက်မှာနှစ်ယောက်စလုံးရဲ့သံယောဇဉ်တွေ
ပိုပြီးခိုင်မာလာမယ်လို့သင်ထင်ပါသလား။နိုင်ငံခြားတိုင်း ပြည်အနေနဲ့ကြည့်ရင်တော့
လက်မထပ်သေးပဲ Living together နေခြင်းဖြင့်တစ်ယောက်နဲ့တစ်ယောက်အချိန်ကြာကြာ
လေ့လာနိုင်မယ်။ဒီအတောအတွင်းသဘောထားခြင်းမတိုက်ဆိုင်ရင်လမ်းခွဲကြမယ်ပေါ့။ပြဿနာမရှိဘူး
သူတို့ဆီမှာကဒီ sex ကိစ္စသည်ဒီလောက်ကြီးအရေးတယူရှိတဲ့ကိစ္စတော့မဟုတ်လှဘူး ။
ဒါကြောင့်တချို့ဆိုကလေးတွေဘာတွေရပြီးမှလက်ထပ်တာမျိုးလည်းရှိတာပေါ့။
သူ့အယူအဆနဲ့သူ၊သူ့အိုးနဲ့သူ့ဆန်တန်နေတာပါပဲ။
  
Living together ၏ဆိုးကျိုးများ

မှတ်ရလွယ်အောင်အချက်ကလေးတွေစဉ်ပြီးကြည့်ရအောင် ။

(၁) အပျိုစင်ဘ၀ကိုယူပြီးသွားတော့ချစ်သူကကြာရင်ရိုးလာပြီးစွန့်ပစ်ခံရတာမျိုး
ကြုံရနိုင်ပါတယ်။(ဒါကြောင့်ခက်ခဲလေပိုတန်ဖိုးမြင့်လေလို့ဆိုခဲ့ကြတာပေါ့ )

(၂) တနည်းနည်းနဲ့ မိဘတွေသိသွားရင်အရှက်၊သိက္ခာကျဆင်းနိုင်မဲ့အဖြစ်မျိုးပါ။အထူးသဖြင့်
မိန်းကလေးတွေမှာပေါ့။အရေးကြီးပါတယ်မိန်းကလေးများဂယုစိုက်ပါ။

(၃) ကိုယ်ကအပျိုစင်ဘ၀ပေးပြီးတော့သူ့ဖက်ကကိုယ့်ကိုတာဝန်ယူပါ့မလားဆိုတဲ့ပူပန်သောကမျိုး (Anxiety) ရနိုင်ပါတယ်။အမြဲတမ်းစိတ်ပူနေရတတ်ပါတယ်။နောက်ဆုံး depression အထိရနိုင်ပါတယ် ။

(၄) Living together နေခဲ့တုန်းကစိတ်ချရတဲ့သန္ဓေတားနည်း (Safety contraceptive
method) မသုံးခဲ့ရင်ကိုယ်ဝန်ရနိုင်ပါတယ် ။

(၅) ကိုယ်ဝန်ရလာခဲ့ရင်အဆင်သင့်မဖြစ်ကြသေးတော့အများစုကကိုယ်ဝန်ဖျက်ချခြင်း(Abortion) ဆိုတဲ့ဖက်ကိုဦးတည်ကြမှာပါ။ဒီအခါအပစ်မရှိတဲ့အသက်တွေသေကြရဦးမယ် ။

အထက်ပါအချက်(၅)ချက်ဟာအကြမ်းဖျဉ်းယေဘူယျဆိုးကျိုးငါးချက်ပဲရှိပါသေးတယ်။အသေးစိတ်ထပ်ချဲ့ရင်
အများကြီးရှိပါသေးတယ်။(ဥပမာအကုန်လုံးလူသိရှင်ကြားသိသွားပြီမှယောင်္ကျားလေးဖက်ကသဘောမတူဘူး တာဝန်မယူနိုင်ဘူးဆိုခဲ့ရင်.....................)

Living together ၏နောက်ဆက်တွဲကြုံတွေ့ရမည့်လူမှုရေးပြဿနာများ (Social Problems)

"သေသေချာချာ ပြင်ဆင်ထားခြင်းမရှိပဲ ဧည့်သည်တစ်ယောက်ကို ဖိတ်ခေါ်ခြင်းဟာ အိမ်ရှင်တာဝန် မကျေပါဘူး ”

လုပ်ပြီဆိုမှတော့ပီပီပြင်ပြင်ပေါ့...ကဲ Living together ဘယ်တော့မှအတူမနေဘူးဆိုရင်တော့ဘာမှပြော
စရာမရှိပါဘူး။ကဲနေမယ်ရှင်ဆိုတဲ့မိန်းကလေးတွေအဖို့ဘာတွေလုပ်သင့်သလဲဆိုတဲ့အချက်တွေကိုရေးပေး လိုက်ပါတယ်။
(၁) ကိုယ်ဝန်မရအောင်လုံးဝကာကွယ်မယ်ဆိုတဲ့စိတ်ကိုမွေးပါ။

(၂) မိမိရဲ့ partner ကိုကွန်ဒုံးသုံးခိုင်းပါ။တချို့လူတွေက
မိန်းကလေးဖက်ထည့်မတွက်ပဲတစ်လွှာခြားရင်တစ်ကမ္ဘာခြားတယ်လုပ်ကြသေးတယ်။
အဲဒီနေရာမျိုးမှာမိန်းကလေးဖက်ကပြတ်ပြတ်သားသားအမိန့်ပေးပါ ။
  
(၃) ကဲရှုံးနိမ့်သွားပြီဆိုပါစို့။အမိန့်ပေးနိုင်စွမ်းမရှိလို့အကာအကွယ်မဲ့
လိင်ဆက်ဆံမိပြီဆိုပါစို့။လိင်ဆက်ဆံမှုရဲ့အမြင့်ဆုံးအချိန်
သုတ်လွှတ်ခြင်းမရောက်ခင်ကြိုပြောခိုင်းပါ။သုတ်ရည်ကိုမိမိမိန်းမကိုယ် (vagina)
ထဲမှာမလွှတ်စေပဲအပြင်မှာထုတ်ခိုင်းပါ။ဒီနည်းလမ်းကလည်းပြောမယ့်သာပြောတာ
အဲဒီအချိန်ကျမှအပြင်ထုတ်၊အပြင်မှာလွှတ်ဆိုတာသိပ်တော့လွယ်မယ်မထင်ပါဘူး ။

(၄) ကဲနံပါတ်(၃)အချက်ကိုလည်းရှုံးနိမ့်ပြီးသုတ်ရည်ကိုလည်းမိန်းမကိုယ်ထဲလွှတ်မိသွားပြီး
အရာအားလုံးပြီးဆုံးသွားပြီဆိုပါစို့။ကိုယ်ဝန်မရအောင်အရေးပေါ်သန္ဓေတားဆေး
သောက်ဖို့လို ပါတယ် ။ ဈေးကွက်ထဲမှာ ၇၂ နာရီအတွင်း သေက်ရတဲ့အရေးပေါ်သန္ဓေတားဆေးတွေ
အလွယ်တကူဝယ်လို့ရပါပြီ။Levonogestrel 0.75 mgပါဝင်ပါတယ် ။
လိမ်ဆက်ဆံပြီးပြီးချင်း ၇၂ နာရီအတွင်းစောနိုင်သမျှစောစောစသောက်ရပါမယ်။ဆေး ၂
လုံးပါပါတယ်။ပထမဆေးသောက်ပြီးနောက်၁၂ နာရီကြာရင်နောက်တစ်လုံးသောက်ရပါမယ် ။
ဆေးသောက်ပြီးလို့ ၁ နာရီအတွင်းပျို့အန်ခဲ့ရင်ပြန်သောက်ရပါမယ်။
  
(၅) ခဏခဏတော့ Living together အတူမနေမိပါစေနဲ့။ဒါဆိုရင်အရေးပေါ်သန္ဓေတားဆေးကလည်း
ကူညီပေးနိုင်မှာမဟုတ်ပါဘူး။ခဏခဏနေမယ်စိတ်ကူးရှိရင်ရေရှည်စီမံကိန်းဆွဲပါ။
OC Pills မြှားကဒ်လေးတွေသောက်မလား၊ ၃ လခံဆေး 3 month depo injection
ထိုးမလား၊IUD လို့ခေါ်တဲ့သားအိမ်တွင်းထည့်ပစ္စည်းထည့်မလားသင်ကြိုက်ရာရွေးပါ။

ပြောရမယ်ဆိုရင်တော့ဖြင့်သိထားရမှာက...
ချစ်ခြင်းမေတ္တာဆိုတာsex နဲ့တွဲမှလေးနက်ခိုင်မြဲတဲ့အရာမဟုတ်ပါဘူး။သူ့အလိုလိုနားလည်ခွှင့်လွှတ်
ချစ်တတ်ခြင်းဟာလည်းမွန်မြတ်တဲ့စိတ်ကလေးတစ်ခုပါပဲ။

အထက်ပါအကြောင်းအရာများကို....
ရေးသားခြင်းဟာလူငယ်လူရွယ်လေးတွေအဖို့သိသင့်သိထိုက်တာတွေကိုရှင်းရှင်း လင်းလင်း
သိပြီးရှောင်သင့်တာရှောင်ဆောင်သင့်တာဆောင်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။Loveနဲ့Sexကိုခွဲခွဲခြားခြား သိမြင်နိုင်ပါစေဟု လေးနက်စွာ
ဆန္ဒပြုလျှက်.............။
(မရှင်းလင်းတာတွေ
ထပ်ပြီးသိချင်တာတွေကို ကွန်းမန့်မှာမေးသွားနိုင်ပါတယ်။အတတ်နိုင်ဆုံးပြန်လည်ဖြေပေးသွားပါ့မယ်။)
                                                             သက်တန်.ချို မှကူညီပံပိုးပါသည်

Tuesday, January 29, 2013

ချစ်သူဖွဲ.

(၁) သွေးမရှိသည့်နှယ် ဖြူသောအသားအရည်၊မနိမ့်မမြင့်အရပ်နှင့်နီထွေးသောနှုတ်ခမ်းပါးတို့သည်ချစ်သူ၏ အသွင်အပြင်များဖြစ်ပါသည်။ကိုယ့်အနေနှင့်ဆိုလျှင်မူချစ်သူ၏စူးရှသည်နှင့်အမျှသိမ်မွေ့တည်ငြိမ်သော ထိုမျက်လုံးအစုံတို့ကိုပိုမိုထည်ဝါစေသောမျက်မှန်တစ်လက်နှင့်ပိန်လျသည်နှင့်အမျှချည့်နဲ့ဟန်အပြည့်ရှိသော လက်အစုံတို့ကိုသာပိုမိုစွဲမက်သည်ဟုဆိုချင်ပါသည်။တည်ငြိမ်ထည်ဝါသည့်မျက်ဝန်းအစုံကကိုယ့်အပေါ် တွယ်တာမှုကိုပြပြီးချည့်နဲ့ဟန်အပြည့်ရှိသောလက်အစုံကကိုယ့်လက်ဖ၀ါးကိုဆုပ်ကိုင်ကာအားအင်အပြည့် ရရှိစေသောကြောင့်ပင်ဖြစ်သည်။ကိုယ့်ချစ်သူတွင်မိန်းမလှလေးများမက်မောလေ့ရှိသည့်အရှိန်အ၀ါများ မရှိလှပါ။သို့သော်မိန်းမကောင်းများမက်မောတတ်သည့်အရည်အသွေးများကိုမူချစ်သူပိုင်ဆိုင်ထားပါသည်။ စိတ်ဖြူသောချစ်သူသည်ရိုးသားသည်နှင့်အမျှပတ်ဝန်းကျင်၏လှည့်စားမှုကိုနားမလည်တတ်သူ၊ မခံယူနိုင်သူလည်း ဖြစ်ပါသည်။ 

(၂)ချစ်သူသည်ဦးနှောက်ကောင်းကောင်းတစ်စုံကိုပိုင်ဆိုင်သည်။ရိုးသားသောမျက်လုံးအစုံကပတ်ဝန်းကျင်၏ ရုပ်ဒြပ်အလှကိုကြည့်မြင်နိုင်သည်။နှုတ်ခမ်းပါးပါးကအမှန်တရားကိုသာပြောပာတတ်သည်။ (ထို့ကြောင့်လောကနှင့်အဆင်မပြေ)။ချည့်နဲ့နဲ့လက်တစုံကအနုပညာများစွာကိုဖန်တီးသည်။(သီချင်းရေး၊ ကဗျာရေး၊ပန်းချီဆွဲသည်)။သန်မာသောခြေအစုံကဦးတည်ရာကိုတည့်မတ်စွာလှမ်းကာခန္ဓာကိုယ်ကို ခိုင်မာအောင်ပံ့ပိုးသည်။စိတ်ဓါတ်မာကျောသည်နှင့်အမျှစိတ်ထားသိမ်မွေ့သည့်ချစ်သူသည်လောက၀န်းကျင် အတွင်းတွင်ဝင့်ကြွားလောက်ဖွယ်ဟူ၍မိန်းမပျိုတို့ရင်ခုန်နိုင်ဖွယ်မျက်နှာအသွင်အပြင်နှင့် ဆံနွယ်ခွေလေးများရှိသည်။ထို့အပြင်သ၀န်တိုတတ်သောချစ်သူတစ်ယောက်လည်းရှိသည်။ ထိုချစ်သူကတော့ ကိုယ်ပဲ ဖြစ်ပါသည်။
(၃)အနုပညာအလှအပများစွာဖန်တီးနိုင်စွမ်းသည့်ချစ်သူတွင်မလှမပသောချစ်သူများစွာရှိနေသည်မှာ ထူးဆန်းသယောင်ဖြစ်သည်။သို့သော်ကိုယ်သည်ချစ်သူကိုအလွန်တရာချစ်ကြောင်းသိနိုင်လျှင်မူ ကိုယ်နှင့်ချစ်သူတို့၏နှစ်ယောက်တွဲဘ၀ကထူးဆန်းတော့မည်မဟုတ်ပါ။ကိုယ်ချစ်သူကိုသိပ်ချစ်ပါသည်။
ဖြူစင်သောချစ်သူကိုကလေးငယ်သဖွယ်လည်းသံယောဇဉ်ကြီးရပါသည်။အင်အားမျှဝေပေးသူဖြစ်၍လည်း အားကိုးတွယ်တာရပါသည်။ထို့ကြောင့်ပင်ချစ်သူနှင့်ကိုယ်သည်အဆင်မပြေလှသည့်ကြားမှပင် တည်မြဲနေကြရပါသည်။
(၄)ချစ်သူသည်မပြည့်မစုံသူတစ်ယောက်လည်းဖြစ်ပါသည်။စိတ်အင်အားချို့တဲ့ကာဘ၀ကို တစောင်းတိုက် ဖတ်နေရသူလည်းဖြစ်ပါသည်။ချစ်သူ၏ဘ၀သည်ကျဉ်းကျဉ်းလေးဖြစ်သည်။ချစ်သူ၏ဘ၀လေးထဲတွင် သားသမီးကိုစည်းစနစ်ကြီးလွန်းစွာအုပ်ချုပ်သော(ချုပ်ချယ်လှစွာသော)အဖေနှင့်သားကို အလွန်ချစ်သည်နှင့်အမျှလင်ယောက်ျားကိုအလွန်ရိုးကျိုးသောအမေတို့ရှိနေပါသည်။(ချစ်သူဘ၀တွင်ညီနှင့် ညီမလေးက အရေးမပါလှပါ)။
ဖခင်ထံမှနည်းစံနစ်မမှန်သော မိဘမေတ္တာပေးအပ်မှုနှင့် လင်ယောက်ျားနှင့်သားအကြားဗျာများရတတ်သည့်မိခင်မေတ္တာအကြားတွင် ချစ်သူလူလားမြောက်ခဲ့ရပါသည်။ချစ်သူ၏ငယ်ဘ၀သည်ကျန်းမာရေးချို့တဲ့မှု၊ အပြင်းအထန်စာကြိုးစားရကာအိမ်တွင်းအောင်းနေရမှုနှင့်လူငယ်ဘ၀ပျော်ရွှင်လွတ်လပ်ခြင်းဟူသည်ကို မသိရမှုတို့နှင့်အတူစိတ်ပျက်ငြီးငွေ့ဖွယ်ကုန်ဆုံးသွားခဲ့ရပါသည်။ပညာသင်အဆင့်အတန်းအသင့်မြင့်လာကာ အတန်လွတ်လပ်စွာပျော်ရွှင်ရသောတက္ကသိုလ်ပညာသင်နှစ်များသို့ရောက်လာသောအခါတွင်ကား ချစ်သူသည်မည်သည့်လူငယ်များနှင့်မှမတူလှစွာအလွန်ပျော်ပါး ခဲ့သည်။လှောင်အိမ်အတွင်းမှ လွတ်လာသောငှက်သို့ပင်ဖြစ်သည်။သို့သော်ချစ်သူ၏ရင်တွင်း၌မူကားငယ်စဉ်ဘ၀ဒဏ်ရာများစွာက
နေရာယူခဲ့ပြီဖြစ်သည်။ငယ်စဉ်ကလေးဘ၀ကကစားရမည့်အရွယ်တွင်စာအုပ်များနှင့်ကျင်လည်ခဲ့ရသော ချစ်သူသည်ပတ်ဝန်းကျင်သဘောကိုနားမလည်နိုင်သည့်စိတ်သဘောနှင့်အရာရာကိုသိနိုင်စွမ်းသော ဆင်ခြင်ဥာဏ်တို့ကိုပိုင်ဆိုင်ကာအဆင်မပြေဖွယ်ဘ၀အတွင်း၌ဘာသာပျော်မွေ့နေရရှာပါသည်။ ချစ်သူသည်လွတ်မြောက်ခြင်းနှင့်လွတ်လပ်ခြင်းတို့ကိုခွဲခြားမသိစွာပျော်နေရှာသူလည်းဖြစ်ပါသည်။
(၅)တဘက်စွန်းရောက်သောမိဘမေတ္တာ၏ချစ်ခြင်းသည်သားသမီး၏စိတ်အင်အားဖွံ့ဖြိုးမှုနှင့် စိတ်ဓါတ်လုံခြုံမှုကိုထိပါးစေနိုင်ကြောင်းချစ်သူ၏ပညာတတ်မိဘများကမသိကြပါ။သားဖြစ်သူကို စည်းဘောင်များစွာအတွင်းတင်းကျပ်စွာထိန်းသိမ်းပျိုးထောင်ခြင်းကြောင့်ရင်သွေးတွင်စိတ်အင်အားချို့တဲ့မှု၊ ကိုယ့်ကိုယ်ကိုမယုံကြည်မှုနှင့်အတွေးအခေါ်မညီမျမှုများဖြစ်တတ်ပါသည်။ဒါကိုလည်းဒက်ဒီနှင့်မာမီ (ချစ်သူကအဲသည်လိုခေါ်ပါသည်)မသိကြပါ။စာအဖတ်များမှုကြောင့်ဆင်ခြင်နားလည်နိုင်စွမ်း ထက်မြက်လှသောချစ်သူသည်၊တချိန်တည်းတွင်ပင်မသိစိတ်၏သိမ်ငယ်မှု၊စိတ်ဓါတ်နိမ့်ကျမှုတို့ကို အားဖြည့်မွမ်းမံပေးဖို့ရာကိုယ်သည်ချစ်သူ၏နံဘေးတွင်အဖော် ဖြစ်ခဲ့ရပါသည်။
ချစ်သူကကိုယ့်ကိုအလွန်တွယ်တာပါသည်။ချစ်သူ၏လိုအပ်သရွေ့သောလပ်ဟာမှုများစွာကိုကိုယ်က
သာဖြည့်ဆည်းပေးနိုင်သည်ဟုကိုယ်နှင့်အတူချစ်သူကလည်းယုံကြည်စွာလက်ခံထားပါသည်။ ကိုယ်သည်လည်းတဘက်စွန်းရောက်တတ်သောချစ်သူ၏ချစ်ခြင်း၊မချစ်ခြင်းများကြားတွင်စိတ်ညစ်တခါ၊ ၀မ်းသာကြည်နူးတလှည့်ဖြင့်ကျေနပ်စွာရှိနေခဲ့ပါသည်။
(၆) တခါတခါချစ်သူသည်အတွေးလွဲကာအသည်းကြောင်တတ်ပြန်ပါသည်။ဝန်းကျင်နှင့်လိုက်လျော ညီထွေမှုမရှိ၍စိတ်အခန့်မသင့်ရသည့်အခါချစ်သူသည်အတိုက်အခိုက်များအတွင်းတွင် တုန်လှုပ်တတ်ပြန်သည်။ထိုအခါကိုယ်၏မလှမပခြင်းနှင့်ချစ်သူ၏မပြည့်စုံမှု၊ကိုယ်၏ပြည့်စုံမှုနှင့်ချစ်သူ၏ အလိုမကျမှုတို့ကအစဉ်အမြဲပဋိပက္ခအဖြစ်ကြုံကြရပါသည်။ထိုအခါ...“မောင်ရယ် စိတ်ကိုဖော့ထားပါ... လူပြောမသန်..လူသန်မပြော..ဆိုတဲ့အတိုင်းပဲသဘောထားလိုက်ပါနော်” ဟု ချစ်သူ့စိတ်ကိုပြေလျော့စေရပါသည်။ထို့အပြင်...“မောင့်ကို ကိုယ်သိပ်ချစ်တယ်”ဟူသောစကားကို ဂါထာရွတ်သကဲ့သို့ ကိုယ်ရွတ်သည့်အခါတွင်လည်းမောင်ကစိတ်တုန်လှုပ်မှုတို့လွင့်ပါးကာ ကြည်လင်လာပြန်ပါသည်။ချစ်သူ၏ငယ်ဘ၀အငုံ့စိတ်များရိုက်ခတ်လာသည့်အခါတွင်လည်းချစ်သူသည် ကိုယ့်အားသူစိမ်းသဖွယ်ကြည့်ကာ“ကျနော်ခင်ဗျားကိုချစ်သူမတော်ချင်တော့ဘူး... တယောက်တည်းပဲအေးအေးနေချင်တယ်”ဟုဆိုတတ် ပါသေးသည်။ထိုစကားသည်ပင်ကိုယ်စိတ် ခက်ထန်မာကြောသောကိုယ့်အတွက်စိတ်ပျက်ဖွယ်ဖြစ်သော်လည်းချစ်သူကိုသိသော ကိုယ်သည် နှစ်နှစ်ခြိုက်ခြိုက်ပြုံးကာ“မောင်မချစ်လည်း ကိုယ်ကတော့ ချစ်မှာပဲ”ဟု မောင့်လည်ကို ခိုဖက်ကာမောင့်ရင်တွင်းသို့ တိုးဝင်မှီခိုကာပြန်ပြောဖြစ်သည်။ထိုအခါမောင်သည်အပြစ်ကင်းစင်စွာပြုံးကာ ကိုယ့်လက်ဖ၀ါးကို ဆုပ်ဖျစ်တတ်ပါသည်။
သို့နှင့်ပင်ချစ်သူနှင့်ကိုယ်သည်ခဏခဏနှုတ်ဆက်လျက်ကတစ်လက်မမျှပင်အဝေးမခံနိုင်ကြသော ချစ်သူစစ်များအဖြစ်ပို၍ပီပြင်လာခဲ့ပါသည်။
(၇)ချစ်သူ၏ဦးနှောက်တွင်တဘက်စွန်းရောက်သောအတွေးအခေါ်များစွာဖွဲ့စည်းပါဝင်နေသည်။ ချစ်သူသည်မိဘ၏အရှိန်အ၀ါတင့်တယ်မှုဖြင့်လုံခြုံနေရသည်နှင့်အတူတချိန်တည်းတွင်ပင် ပျက်စီးမည့်အရာများပဲဟုတွေးကာစိတ်သောကရောက်နေတတ်သောတဘက်စွန်းရောက်သူဖြစ်ပါသည်။ ထိုသို့သောအတွေးအခေါ်မှားယွင်းမှုများချစ်သူထံတွင်ရှိနေပါသည်။မိခင်ဖြစ်သူကချစ်သူ၏ကျန်းမာရေးကို အလွန်ဂရုစိုက်ပါသည်။ချစ်သူတွင်သုံးနှစ်ကြာပြီဖြစ်သောအစာအိမ်နာရောဂါရှိနေခဲ့ပါသည်။ထိုရောဂါကို ချစ်သူကအလွန်မုန်းတီးပါသည်။သို့သော်မိခင်ဖြစ်သူကထိုရောဂါကိုဂရုတစိုက်ဖြင့်ဆေးမှန်မှန်သောက်ခိုင်း
တတ်ရာချစ်သူသည်မိခင်၏ဂရုစိုက်မှုကိုလိုလားစွာအစာအိမ်နာရောဂါကိုမွေးမြူထားပြန်သည်။ချစ်သူသည် သနားစဖွယ်အစွဲအလန်းကြီးသူလည်းဖြစ်သည်။ထိုစိတ်အခြေအနေကြောင့်ပင်သူ၏စိတ်ခန္ဓာကို လုံခြုံမှုပေးထားနိုင်သည်ဖြစ်သော်လည်းသူ့ထက်အသက်အတန်းငယ်ကြီးမှု၊ပညာအနည်းငယ်မြင့်မားမှုတို့ကို အကြောင်းပြုကာကိုယ့်ကိုချစ်သူမဖြစ်စေချင်သောမာနကိုမွေးမြူသူလည်းဖြစ်သည်။ထိုမာနတို့ ကြီးမားလာသည့်အခါ...“မောင်ကမိဖုရားတစ်ပါးပဲလိုချင်တာ...ဘုရင်မကိုတော့မလိုချင်ဘူး...”ဟု ကိုယ့်နှလုံးကိုမငဲ့ညှာစွာပြောတတ်ပါသေးသည်။ထိုကြောင့်ချစ်သူသည်အလွန် စိတ်ပျက်အားမရဖွယ်ကောင်းသူလည်း ဖြစ်ပြန် ပါသည်။
(၈) ကိုယ်ကတော့သူ့နွံအတွင်းမှမလွတ်မြောက်နိုင်သူပဲဖြစ်ပါသည်။စိတ်နိမ့်ကျမှုနှင့်စိတ်ရောဂါ ရိုက်ခတ်မှုတို့ရှိနေသောချစ်သူကိုကြင်နာစွာမစွန့်ပစ်နိုင်သောသံယောဇဉ်တို့ဖြင့် ချစ်သူ့နွံအတွင်း နစ်နေသူလည်း ဖြစ်ပါသည်။ချစ်သူတွင်လိုအပ်နေသောနွေးထွေးသည့်မိဘအချစ်နှင့်သိပ်သည်းသော ချစ်သူတို့ကိုကိုယ်ကသာနားလည်စွာပေးအပ်နိုင်သည်ဟူသောသူရဲကောင်းစိတ်(ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်)တို့ဖြင့် မောင့်နံဘေး တွင် ရပ်တည်နေမိသည်။ဝန်းကျင်တခုတွင်အတိုင်းအတာတစ်ခုအထိ လူသိများသော၊၀န်းကျင်ကသဘောကျသောချစ်သူစုံတွဲဘ၀ကိုတပ်မက်လှစွာနားလည်နိုင်သူတို့သာတန်ဖိုးထားသော မောင့်အနုပညာအောင်မြင်မှုကို မြတ်နိုးစွာ မောင့်ချစ်သူ ဘ၀ကိုခုံမင်စွာကိုယ်သည်ဘ၀တွင်ကျေနပ်စွာနေထိုင်နေခဲ့ပါသည်။ကိုယ်အတွက်မူ အချစ်ဆိုသည်မှာမောင်ဖြစ်ပါသည်။ချစ်သူဖြစ်ပါသည်။ချစ်သူနှင့်ကိုယ်၏ယိုင်လိုက် တည့်မတ်လိုက်ရှိနေသောဘ၀လေးပင်ဖြစ်ပါသည်။ချစ်သူ၏စိတ်ကိုထိန်းမတ်ပေးရသော ၀တ္တရားလေးလည်းဖြစ်ပါသည်။
(၉)ပန်းချီသမားပီသလှစွာသောချစ်သူသည်များသောအားဖြင့်ကိုယ့်ကိုအလိုမကျဖြစ်နေတတ်သည်။ လှပသောမိန်းမပျိုလေးများကိုပန်းချီကားချပ်များကဲ့သို့ငေးမောကြည့်လိုသောချစ်သူနှင့်အလွန် သ၀န်တိုတတ်သောကိုယ်သည်မကြာခဏပဋိပက္ခဖြစ်တတ်ပါသည်။ထိုအခါများတွင်ကိုယ်သည် ချစ်သူကိုဖေါက်ပြန်လိုသူဟုရင်တွင်းမှအကြိမ်ကြိမ်စွပ်စွဲကာအလွန်သောကများရပါသည်။
နှုတ်မှဖွင့်ပြောလျှင်အေးဆေးသောချစ်သူစိတ်ညစ်မည်ကိုစိုးမိပါသည်။သို့သော်ချစ်သူ၏ပွင့်လင်းရိုးစင်းမှုကို သိသောကိုယ်ဖြစ်သည့်အတွက်ကြောင့်လည်းအဆုံးတွင်ချစ်သူနှင့်အတူအလှအပတို့ကိုလိုက်ပါခံစား ရစမြဲပင် ဖြစ်သည်။
(၁၀) ချစ်သူသည် “မောင် အချစ်ကိုသိပ်တွယ်တာတာပဲ၊သိပ်အားကိုးတာပဲ၊အချစ်ရှိနေရင်သိပ်လုံခြုံတာပဲ” ဟုတဖွဖွပြောခြင်းဖြင့်ကိုယ့်ရင်ကိုချည်နှောင်နိုင်ပါသည်။ကိုယ်ကလည်းချစ်သူ့အပေါ်သံယောဇဉ်ကြီးစွာ သူ၏ဆိုးမျိုးကိုသည်းးခံနိုင်ခြင်းဖြင့်ချစ်သူကိုချည်နှောင်ထားပါသည်။ထိုချည်တွယ်မှုသည်ပင် အချစ်ဖြစ်သည်ကိုအလွန်ရိုးစင်းသောမောင်ကနားမလည်တတ်သေးပါ။ထို့ကြောင့်ပင်ကိုယ့်ကိုချစ်သည် ဟူသောအသုံးအနှုံးမျိုးမသုံးခြင်းဖြစ်မည်ဟုကိုယ်ကယူဆပါသည်ချစ်သူသည်မည်သို့မှအစားထိုးမရနိုင်သော အရည်အချင်းများစွာကို ပိုင်ဆိုင်သည်။ချစ်သူပီသသောအပြုအမူအနေအထိုင်နှင့်တကွစကားချိုတို့ကို မဖေါ်ပြတတ်သောမောင်သည်ဘ၀ဖွဲ.အချစ်ဖွဲ့ကဗျာများစွာကိုအောင်မြင်နိုင်စွာသီကုံးနိုင်သည်။
ဖန်တီးရခက်ခဲဟန်ရှိသောပန်းချီအလှများစွာကိုလည်းဖန်ဆင်းနိုင်သည်။နက်နဲသိမ်မွေ့သောအသိတရား များစွာကိုလည်းဆင်ခြင်နိုင်စွမ်းသည်။အထူးသဖြင့်အကြည့်တစ်ချက်အပြုံးတစ်ချက်မျှနှင့်ပင်သူ၏ချစ်သူ (ကိုယ့်)ကိုစည်းရုံးနိုင်စွမ်းသူ ဖြစ်ပါသည်။
(၁၁) ချစ်သူသည်ဆန့်ကျင်ခြင်းများစွာနှင့် ဒွန်တွဲဖြစ်တည်နေသူဖြစ်သည်နှင့်အတူ ကြောက်ရွံ့ နာကျင်နေခြင်း၊ မိမိပိုင်အရည်အချင်းကို ယုံကြည်စွာ ပတ်ဝန်းကျင်တွင် နေပျော်သည်နှင့်အတူ ၀န်းကျင်၏ပုပ်အဲ့မှုကို ရွံမုန်းစွာ စိတ်ပျက်နေတတ်ခြင်း၊ ချစ်သူ(ကိုယ့်)ကို ချစ်ခင် တွယ်တာမှုနှင့်အတူ အပူအပင်ကင်းစွာ အနှောင်အဖွဲ့ကင်းစွာ နေလိုခြင်းတို့နှင့် မောင်သည် ပူလောင်ခြင်းတလှည့် ငြိမ်းအေးခြင်းတလှည့်နှင့် နေရသူပင် ဖြစ်ပါသည်။ ချစ်သူသည် အလိုလောဘကြီးစွာဖြင့် ပူလောင်တတ်သူလည်း ဖြစ်ပါသည်။ချစ်သူကို...မာမီနှင့်ဒက်ဒီ နားမလည်နိုင်ပါ။ညီနှင့်ညီမကလည်း နားမလည်နိုင်ပါ။ချစ်သူ၏ရည်းစားဦးကလည်းနားမလည်နိုင်ပါ။ထို့အပြင်ကိုယ်ကလည်းနားမလည် နိုင်ခဲ့ပါ။ အဆုံးတွင်ချစ်သူသည်ကိုယ့်ကိုယ်ကိုပင်နားမလည်ပါ။ထိုအခါသူ၏အလိုမပြည့်သောဘ၀ကို တပ်မက်ဖက်တွယ်ကာမသိခြင်းများအကြားတွင်ချစ်သူသည်ယဉ်ပါးနေခဲ့ပါသည်။ 
(၁၂) ချစ်သူနံဘေးတွင်ကိုယ်အမြဲရှိနေပါသည်။ချစ်သူ၏စိတ်အာရုံနှင့်နှလုံးသည်းပွတ်တွင်ကိုယ်အမြဲ ရှိနေပါသည်။ချစ်သူ၏ နှုတ်ဖျားတွင်မည်သူ့ကိုမျှမချစ်ကြောင်းများရှိနေပါမည်။(ချစ်သူကမည်သူ့ကှိုမျှ မယုံပါ)။ချစ်သူ၏ရင်တွင်းတွင်လောကအတွင်းအနေရခက်မှုဟူသောဝေဒနာများရှိနေပါမည်။ချစ်သူ၏ နက်ရှိုင်းလှသောရင်တွင်းတနေရာတွင်သိမ်မွေ့သိုဝှက်လှသော“အချစ်”တရား ရှိနေပါမည်။ထိုအချစ်သည် ကိုယ်မဟုတ်ပါ။ဒက်ဒီမဟုတ်ပါ။မာမီမဟုတ်ပါ။ညီနှင့်ညီမလည်းမဟုတ်ပါ။ရည်းစားဦးလည်းမဟုတ်ပါ။ ချစ်သူကိုယ်တိုင်လည်းမဟုတ်ပါ။သေချာသည်မှာချစ်သူကိုယ်တိုင်ပင်မသိသောလိုအင်ဆန္ဒတစ်ခုသာဖြစ်ပါသည်။
(၁၃) သေချာသည်မှာချစ်သူ၏ရင်တွင်း၌ပုပ်သိုးသောစိတ်ထားမရှိပါ။ကောက်ကျစ်သောစိတ်ထား အကြံအစည်မရှိပါ။ညစ်ညမ်းသောစကားလုံးများလည်းမရှိပါ။ထိုအခါ...ကိုယ်သည်ချစ်သူကို တန်ဖိုးထားစွာမြတ်နိုးလှပါသည်။ထို့ကြောင့်ချစ်သူ၏လိုအင်ဆန္ဒကိုကိုယ်ဖြည့်ဆည်းရပါသည်။
ချစ်သူအတွက်စာကြိုးစားရပါသည်။အလှပြင်ရပါသည်။ချစ်သူနှင့်အတူလမ်းလျှောက်ရပါသည်။ စိတ်ကောက်တတ်သည့်အကျင့်ကိုဖျောက်ရပါသည်။ကဗျာရေးစာရေးခြင်းကိုချစ်သူလောက် မချစ်ဘဲနေရပါသည်။မိန်းမပီသစွာနူးညံ့သိမ်မွေ့ရပါသည်။ထို့အပြင်ချစ်သူအလိုမကျ၍ဖြုတ်သောလက်တွဲကို ဘာသာလိုက်လံဖမ်းယူဆုပ်တွဲရပါသည်။ချစ်သူ၏လက်ဖ၀ါးကိုကိုင်ဆုပ်ကာလမ်းလျှောက်ရပါသည်။ ၀မ်းနည်းသော်လည်းမငိုသည့်စိတ်ခိုင်မာမှုကိုမွေးယူရပါသည်။တနည်းတဖုံဖြင့်မူချစ်သူသည်ကိုယ့်ကို လက်နက်ကောင်းများစွာတပ်ဆင်ပေးသည်ဟုပင်ဆိုရမည် ဖြစ်ပါသည်။
ကိုယ့်အမြင်ဖြင့်မူ ချစ်သူသည် အရာရာကို ဖန်တီးနိုင်စွမ်းသော ဖန်ဆင်းရှင် ဖြစ်ပါသည်။ လောကကို အနုပညာဖြင့် အနိုင်ရနေသော သူရဲကောင်းလည်း ဖြစ်ပါသည်။ ချစ်သူမိန်းကလေးတစ်ဦးကို လိုရာပုံ သွင်းနိုင်သော ပန်းပုဆရာကောင်းတစ်ယောက်လည်း ဖြစ်ပါသည်။ ချစ်သူသည် ကိုယ့်ဘ၀တွင် ပန်းများကို ပွင့်စေသူ၊ နေခြည်သာကို ထွန်းတောက်စေသူ၊ စမ်းရေသံသာကို စီးဆင်းစေသူဟု ကိုယ်က ယူဆပါသည်။ ထိုအခါ...ချစ်သူသည် ကိုယ့်လူမှုလောကအတွင်းတွင် ကြီးကျယ်မြင့်မြတ်စွာ ခိုင်မာစွာ စွဲမြဲနေပါ တော့သည်။
      ချစ်သူဟူသည် ချစ်ရသောသူတဦးဖြစ်ရန်သာလိုအပ်သည်ဟုလည်းကိုယ်ကယူဆသည်လေ။
                                                ဒေါ်လေမေငြိမ်း

Friday, January 25, 2013

အချိန်မတိုင်မီ အိမ်ထောင်ပြုရင်

အချိန်မတိုင်မီ အိမ်ထောင်ပြုရင

အချိန်မတိုင်မီပညာရေးနဲ့ငွေကြေးမလုံလောက်သေးခင်ဗဟုသုတနဲ့ရင့်ကျက်မှုမပြည့်စုံသေးခင် အိမ်ထောင်ပြုမယ်ဆိုရင်ပျော်ရွှင်သာယာတဲ့အိမ်ထောင်သည်ဘ၀ဆိုတာမဖြစ်နိုင်ပါဘူး။

ကိုယ့်ဖက်ကလည်းအဆင်သင့်မဖြစ်၊မိဘတွေကလည်းမကြည်ဖြူဘူးဆိုရင်တော့ အချန်တန်အရွယ်ရောက်မှအိမ်ထောင်ပြုတာအကောင်းဆုံးပဲ။
မိဘသဘောတူလို့မိဘစကား၊လူကြီးသူမစကားနားမထောင်ဘဲချစ်သူနောက်ခိုးရာလိုက်သွားတဲ့ မိန်းခလေး၊ယောကျာ်းလေးတွေတော်တော်များများလည်းမြင်ဖူးပါတယ်။

သီချင်းတောင် ရှိပါသေးတယ် " ချစ်သူနဲ့ဆိုရင် ထမင်းရေပူလျှက်ရပါစေ " ဆိုတာလေ။
အပြောသာလွယ်တာပါ။တစ်ကယ်တမ်းစဉ်းစားကြည့်တော့ ထမင်းရေပူလျှက်ဖို့ဆိုတာ ရေရှည်မဖြစ်နိုင်ပါဘူး။
ထမင်းရည်ဆိုတာရအောင်ဆန်ဝယ်နိုင်အောင်လည်းရှာရဖွေရအုံးမှာဘဲမဟုတ်လား။
အတန်ကြာတော့အဆင်မပြေလို့မိဘအိမ်ပြန်တက်ကျတာတွေအများကြီးပါ။
"မိဘအိမ်လောက်ကောင်းသောနေရာဘယ်မှာမှမရှိ " ဆိုတဲ့စကသားပုံအတိုင်းပါပဲ။

မိဘကျေးဇူးမဆက်ရသေးခင်မိဘရင်ကိုခြေစုံကန်ပြီးတစ်ခြားသူနောက်ကောက်ကောက် ပါအောင်လိုက်ရင်တော့မိဘစေတနာစော်ကား၊ကျေးဇူးကမ်းတဲ့သူဖြစ်သွားလို့ဆက်လျှောက်ရမယ့် ဘ၀ဟာအဆင်ပြေဖို့ဆိုတာတစ်ရာမှာတစ်ယောက်အင်မတန်ရှားပါတယ်။ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းက ကဲ့ရဲ့တာ၊ပညာရေး၊လူမှုရေး၊စီးပွားရေးတွေထိခိုက်ဆုတ်ယုတ်တာတွေဖြစ်နိုင်သလိုအနဲနဲ့ အများတော့ ပြသာနာတွေနဲ့ရင်ဆိုင်ရမှာမလွဲပါဘူး။

ဒါကြောင့်အချိန်မတိုင်ခင်အိမ်ထောင်ပြုပြီး " ခလုတ်ထိမှ အမိတ" ဆိုတာမျိုးမဖြစ်အောင်မိမိရဲ့ အရေးကြီးလှတဲ့အနာဂတ်ဘ၀တစ်ခုလှပအောင်သေချာတွေးခေါ်စဉ်းစားသုံးသပ်နိုင်ရမယ်။ကိုယ့်ဘ၀ အနာဂတ်ကောင်းမလားဆိုးမလားဆိုတာကိုယ်ဘယ်လမ်းရွေးချယ်သလဲ ပေါ်မှာမှုတည်တယ်။

Thursday, January 24, 2013

အယုံမလွယ်စေဖို.


Cartoon: Love in the Internet Era (medium) by Atride tagged love,internet,computer,romeo,juliet 
တစ်လောကကျွန်မအစ်မရဲ့သမီး (ကျွန်မတူမ) ကျွန်မဆီကို ရောက်လာပါတယ်။
သူ့ရွှေထည်ပစ္စည်းတစ်ခု အသစ်ပြန်လုပ်ချင်လို့ အလိုက်ပေးရမယ့်ပိုက်ဆံ ငါးသောင်း ကျွန်မဆီကလာချေးတာပါ။
ကျွန်မလည်း ထွေထွေထူးထူး မေးမနေဘဲ ထုတ်ပေးလိုက်ပါတယ်။
တစ်ပတ်လောက်နေတော့ ကျွန်မရဲ့အစ်မဖြစ်သူ ဖုန်းဆက်ပါတယ်။
ကျွန်မတူမ မူပျက်နေကြောင်း၊ ပိုက်ဆံအင်မတန်အသုံးအစွဲများကြောင်း၊ လက်စွပ်နှစ်ကွင်းလဲမတွေ့တော့ကြောင်း
ပြောပါတယ်။
ဒါကြောင့် ကျွန်မလည်း အစ်မရဲ့အိမ်ကိုသွားလိုက်ရပါတယ်။
အိမ်ရောက်တော့ ကျွန်မတူမကို ဖြစ်ကြောင်းကုန်စင် မေးရပါတယ်။
ကျွန်မတူမက တက္ကသိုလ် ပထမနှစ်တက်နေသူလေးပါ။
တူမဖြစ်သူက ခေါင်းတခါခါနဲ့ ကျွန်မ ဘယ်လိုမေးမေး မဖြေပါဘူး။
နောက်ဆုံး အတင်းအကျပ် မရမက မေးတော့မှ ဖြစ်ကြောင်းကုန်စင်ပြောပြပါတယ်။
ဖြစ်ပုံက ယခုခေတ်လူငယ်တွေ အသုံးများနေတဲ့ အင်တာနက်က စတာပါ။
အင်တာနက်မှာ ကျွန်မတူမက ချက်တင်ထိုင်ရင်း သူ့ကိုယ်သူ အဆိုတော်လို့ပြောတဲ့ကောင်လေးတစ်ယောက်နဲ့
တွေ့ပါတယ်။
နှစ်ခါသုံးခါ ချက်မိတော့ အပြင်မှာတွေ့ဖို့ကောင်လေးက တောင်းဆိုပါတယ်။
ထုံးစံအတိုင်း ကျွန်မတူမနဲ့ အဲဒီကောင်လး အပြင်မှာတွေ့ကြပြီး၊သမီးရည်းစားဖြစ်သွားကြပါတယ်။
ကောင်လေးက အဆိုတော်လို့သာပြောတာပါ။
စတူဒီယိုမှာ သွင်းထားတဲ့သီချင်းအကြမ်းတစ်ပုဒ်နှစ်ပုဒ်ကို အင်တာနက်မှာForward လုပ်ပြီးပို့ထားတာသာရှိတာပါ။
ဘာမှ မည်မည်ရရ ပြစရာမရှိပါဘူး။
ဘယ်အခွေထဲမှာမှ မပါပါဘူး။
သူ့ကိုယ်သူ တကယ့် နံမည်ကြီးအဆိုတော်လို ပုံစံဖမ်းထားတာပါ။
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာပါ။ ကျွန်မတူမကလည်း အယုံလွယ်လွန်းပါတယ်။
သူတို့ သမီးရည်းစားဖြစ်ပြီး အပြင်မှာတွေ့တိုင်း ကျွန်မတူမက အကုန်အကျခံရပါတယ်။
ကောင်လေးက မုန့်စားပြီးရင် ရှင်းဖို့ မသိချင်ယောင်ဆောင်တတ်ပါတယ်။
ထားပါ။ ဒါကိုမပြောလိုပါဘူး။
နောက်ပိုင်းမှာ ကောင်လေးက စတူဒီယိုဖိုးရှင်းဖို့ပိုက်ဆံငါးသောင်းတောင်းပါတယ်။
ကျွန်မတူမက သူ့အမေမသိအောင် လက်စွပ်တစ်ကွင်းရောင်းပြီးပေးလိုက်ပါတယ်။
ဒါနဲ့ပြီးမသွားပါဘူး။ ပိုပြီးရောင့်တက်လာပါတယ်။
သူ ရှိုးပွဲသွားကြည့်ဖို့ လက်မှတ်ဝယ်ပေးရပါတယ်။ ရှိုးပွဲကြည့်ရင် ၀တ်ဖို့အ၀တ်အစားကအစ ၀ယ်ခိုင်းပါတယ်။
ဝယ်မပေးပြန်ရင် စိတ်ဆိုးပါတယ်။
သူ့ကို စပွန်ဆာပေးတဲ့ကောင်မလေးတွေ အများကြီးရှိပါတယ်။ မ၀ယ်ပေးချင်လဲ ရတယ်ဆိုတဲ့
စကားနဲ့ ချုပ်ပါတယ်။ ဒီတော့ ကျွန်မတူမက မနေနိုင်ပါဘူး။ ၀ယ်ပေးလိုက်ရပါတယ်။
နောက်ဆုံးတစ်ခေါက်ကတော့ သူငယ်ချင်းတွေနဲ့ အခွေထုတ်ဖို့ ပိုက်ဆံတစ်သိန်း ကျွန်မတူမဆီက တောင်းပါတယ်။
သူ့ကို တကယ်ချစ်ရင် မဖြစ်ဖြစ်အောင်လုပ်ပေးပါ။ အခွေထွက်ရင်ပြန်ပေးပါမယ် ဆိုတဲ့စကားနဲ့တင်
ကျွန်မတူမလည်း အရည်ပျော်ကျရပါတယ်။
ဒါကြောင့် သူ့ရဲ့လက်စွပ် နောက်တစ်ကွင်းနဲ့ ကျွန်မဆီကယူသွားတဲ့ ပိုက်ဆံငါးသောင်းပါပေးလိုက်ပါတယ်။
အဲဒီနောက်ပိုင်း ကောင်လေးကို အတွေ့ရနည်းသွားပါတယ်။ အွန်လိုင်းပေါ်မှာလည်း မတွေ့ရတော့ပါဘူး။
ဘာအခွေမှလည်းထွက်မလာပါဘူး။
ကျွန်မတူမက ဖုန်းဆက်ပြီး ပိုက်ဆံပြန်တောင်းတော့ ရှောင်နေပါတယ်။
နောက်ပိုင်း အစအန ပျောက်သွားပါတယ်။
ကျွန်မတို့လည်း လွန်မှသိရတော့ ဘာမှ မဖြေရှင်းလိုက်နိုင်ပါဘူး။ ကိုယ့်တူမကိုပဲ ဆုံးမရပါတယ်။
ဒီလောက်နဲ့ ဇာတ်လမ်းပြတ်သွားတာကိုပဲ ကျွန်မတို့က ကျေးဇူးတင်ရပါတယ်။
ဒီနေရာမှာ ကျွန်မပြောချင်တာက.....
ယခုခေတ်မိန်းကလေးတွေ အယုံမလွယ်စေဖို့ပါ။
ဖြူသလား၊မဲည်းသလား၊ဆိုးသလား၊ကောင်းသလား မသိတဲ့သူအပေါ်မှာ မယုံကြည်ကြပါနဲ့။
မိမိမှာ စဉ်းစားတတ်တဲ့ဦးနှောက်ရှိပါတယ်။
ဒါကြောင့် စဉ်းစားပါ။ စုံစမ်းပါ။ ဆင်ခြင်ကြပါ။
ဒီကိစ္စမှာ ကောင်လေးက ဒီလိုပဲ အယုံလွယ်တဲ့ မိန်းကလေးတွေအပေါ်မှာ လုပ်နေကျလို့ထင်ပါတယ်။
ကျွန်မတူမတင် မကပါဘူး။ မိန်းကလေးဘယ်နှယောက် ဒီလိုဖြစ်ပျက်ပြီးပြီလဲ မသိပါဘူး။
ပိုက်ဆံတစ်ခုတင်ပဲ လိမ်သွားရင် ကိစ္စမရှိပါဘူး။
နောက်ဆက်တွဲကိစ္စတွေဖြစ်လာရင် မိန်းကလေးတွေကပဲ အရှက်တကွဲ အကျိုးနည်းဖြစ်ကြရမှာပါ။
မိဘတွေကလည်း မိမိတို့ရဲ့သားသမီးတွေကို လွှတ်မထားစေချင်ပါဘူး။
အမြဲမပြတ်စောင့်ကြည့်နေစေချင်ပါတယ်။
အဓိက ကတော့...
အမျိုးသမီးလေးတွေ ဘယ်သူ့ကိုမှအယုံမလွယ်ကြဖို့ပါပဲ။
ယဉ်ယဉ်

Ref: 7DAY NEWS JOURNAL VOL:9, NO.23,AUGUST 26, 2010 PAGE(9)

မြန်မာသူငယ်ချင်းများနေ့ ကိုစိုးဝင်းအောင်ထံမှ ပြန်လည်ကူးယူ မျှဝေးပေးလိုက်ပါသည်။

အချစ်ရေးနှင့်စိတ်ညှို.ပညာ

အချစ်ဆိုသောအရာ

အချစ်ဆိုသောအရာသည်လူသားတိုင်းနှင့်လုံးဝကင်းကွာလို့မရတဲ့အရာ။အားလုံးနှင့်သက်ဆိုင်နေသောအရာ၊အားလုံးထဲမှာ ရှင်သန်နေသောအရာ၊ဘယ်တော့မှပျောက်ပျက်မသွားတဲ့အရာဖြစ်တယ်။မချစ်တတ်သောလူသားဆိုတာက လောကကြီးမှာ မရှိသလောက်ရှားတယ်။တစ်ရာမှာတစ်ရာ-ရာခိုင်းနှုန်းမှာချစ်တတ်တဲ့စိတ်ဟာ မွေးဖွားလာပြီဆိုကတည်းက ပူးတွဲပါဝင်လာကြတာ။လူနည်းစုလောက်သာချစ်တတ်တဲ့စိတ်ကိုမချစ်တတ်တဲ့စိတ်ဖြစ်အောင်ကြိုးစားအားထုပ်သွား ကြတာမဟုတ်လား။ဒါကြောင့်လူသားတိုင်းမှာမွေးဖွားလာပြီဆိုကတည်းကပူးတွဲပါဝင်လာတဲ့ဒီချစ်တတ်တဲ့စိတ် ဆိုတာကို ကောင်းတယ်လို့ ပြောလို့မရသလို မကောင်းဘူးလို့ ပြောလို့လည်း မရပြန်ဘူး။ ဘာကြောင့်လည်း ဆိုတော့ ဒီအချစ်ဆိုတဲ့ အရာဟာ သဘာဝတရား များစွာထဲက သဘာဝတစ်ခုပဲ မဟုတ်လား။

အချစ်ကိုဘယ်လိုရင်ဆိုင်မလဲ


အိုကေနော်…ဒီအချစ်ဆိုတဲ့အရာကြီးကိုကျွန်တော်တို့ဘယ်လိုရင်ဆိုင်ကြမလဲ။လူဆိုတာကလည်းလူအမျိုးမျိုး ရှိတာဆိုတော့အချစ်ဆိုတဲ့အရာကိုတွေ့ဆုံရင်ဆိုင်လာကြရတဲ့အခါမှာလည်းတစ်ယောက်နဲ့တစ်ယောက်ခံယူချက်ခြင်း ၊ခံစားချက်ခြင်းမတူညီကြတဲ့အတွက်ရင်ဆိုင်ပုံခြင်းလည်းမတူညီကြပြန်ဘူး။တစ်ချို့ကနူးနူးညံ့ညံ့လေးရင်ဆိုင်ကြတယ်။ တစ်ချို့တော့ကြမ်းကြမ်းတမ်းတမ်းရင်ဆိုင်တတ်ကြတယ်။တစ်ချို့ကတော့ဘာသာတရားနဲ့လက်တွဲပြီးရင်ဆိုင်တတ်ကြတယ်။ တစ်ချို့ကြပြန်တော့အရက်ဆိုင်ကနေရင်ဆိုင်တတ်ကြတယ်။ကဲ…ကိုယ့်ပါတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုပဲလိုက်ကြည့်လိုက်ပါဦး။ တစ်ယောက်နဲ့ တစ်ယောက် တူညီကြသလားလို့။

အချစ်ရဲ့အကျိုးသက်ရောက်မှု့


နောက်တစ်ခုကအကျိုးသက်ရောက်မှု့။တစ်ချိုကတော့အချစ်ကြောင့်ကောင်းသွားကြတယ်။တစ်ချို့ကြပြန်တော့ ဆိုးသွားကြတယ်။ တစ်ချို့ကြပြန်တော့ ကြီးပွား ချမ်းသာသွားကြတယ်။ တစ်ချို့ကြပြန်တော့ ဆင်းရဲ မွဲတေ သွားကြတယ်။ တစ်ချို့ကြပြန်တော့ ကိုယ့်ကိုကို သတ်သေ သွားကြတယ်။ တစ်ချို့ကြပြန်တော့ အသက်ကို ရှည်သထက်ရှည်အောင် နေထိုင်သွားကြတယ်။ တစ်ချို့ကြတော့ အောင်မြင် သွားကြပြီး တစ်ချို့ကြတော့ ကျရှုံးသွားကြတယ်။ ဒါတွေက အချစ်ရဲ့ အကျိုးသက်ရောက်မှု့တွေပေါ့။

အဲဒီတော့ကျွန်တော်တို့ရင်ထဲကိုအချစ်ဆိုတဲ့အရာက၀င်ရောက်လာပြီဆိုကြပါစို့။ကျွန်တော်တို့ဘယ်လိုလုပ်မလဲ။ အခုကျွန်တော်ကစိတ်တန်ခိုးနဲ့ပါတ်သက်ပြီးပြောမှာဆိုတော့ဒီပြင့်အပြင်ကကြိုးစားအားထုပ်မှု့တွေကိုမပြောတော့ဘူး။ စိတ်တန်ခိုးနဲ့ပါတ်သက်တာကိုပဲပြောတာကောင်းတယ်။အဲဒီတော့ ခေါင်းစဉ်တစ်ခုလောက် ပေးကြမယ်။ ပေးလိုက်တဲ့ခေါင်းစဉ်က နည်းနည်းတော့ ကြမ်းချင်ကြမ်းမယ်။ ဒါပေမယ့် ရှင်းအောင်ရေးတာဆိုတော့ နားလည်ပေးပါ။

ကိုယ်ကြိုက်နေသူက ကိုယ့်ကို ပြန်ကြိုက်အောင်-စိတ်တန်ခိုးနဲ့ ညှို့နည်း


အဲဒီတော့ဒီနေရာမှာကျွန်တော်ကယောက်ျားလေးဆိုတော့ယောက်ကျားလေးနေရာကနေရေးမယ်နော်။ ဥပမာကျွန်တော်ကကောင်မလေးတစ်ယောက်ကိုကြိုက်နေပြီဆိုကြပါစို့။အရေးကြီးတာကအဲဒီကောင်မလေး ကျွန်တော်ကိုပြန်ချစ်အောင်၊ပြန်ကြိုက်အောင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲ။တစ်ခုသတိပြုရမှာကဒီနေရာမှာ ကျွန်တော်တို့ လုပ်မှာကစိတ်အလုပ်ကိုလုပ်မှာနော်။ရုပ်အလုပ်မဟုတ်ဘူး။

အဆင့် (တစ်)- ပြင်းပြသောစိတ်နှင့်ယုံကြည်ချက်ရှိရမယ်

ကျွန်တော်တို့မှာအရမ်းအရေးကြီးတာကစိတ်အားထက်သန်ခြင်းဆိုတာပါပဲ။မိမိလုပ်တဲ့အလုပ်ကိုယုံကြည်ရမယ်။ ငါဒီစိတ်အလုပ်ကိုလုပ်တယ်။တစ်နေ့ထက်တစ်နေ့ငါအလိုရှိတဲ့အရာနဲ့ပို၍ပို၍နီးစပ်လာပြီဆိုတာကို လေးလေးနက်နက် ယုံကြည်ထားရမယ်။နောက်ပြီးစိတ်ဇောထက်သန်စွာနဲ.နေ့စဉ်ပုံမှန်လုပ်သွားရမယ်။ဦးတည်ချက်ကလည်း တိကျနေရမယ်။အကြီးလိုလိုအငယ်လိုလိုမရဘူးနော်။ဝတ်မှုန်ရွှေရည်ဆိုရင်ဝတ်မှုန်ရွှေရည်ပဲ။ ၀တ်မှုန်ရွှေရည်ကိုမရရင်မိုးဟေကိုကွာအဲဒီလိုမရဘူး။ကိုယ့်ရဲ့ဦးတည်ချက်၊ကိုယ့်ရဲ့ပစ်မှတ်ကကွက်တိဖြစ်နေရမယ်။ တစ်ခုခုကို သေသေချာချာ ဦးတည်ထားရမယ်။

နောက်တစ်ခုကကိုယ်ကဘာလိုချင်နေတာလဲ။ကောင်မလေးရဲ့မေတ္တာတရားနော်။အဲဒီတော့သူ့ဆီကစစ်မှန်တဲ့ မေတ္တာတရားကို ကိုယ်ကလိုချင်နေတာဆိုရင်ကိုယ့်ဆီမှာလည်းမေတ္တာတရားရှိနေရမယ်နော်။စစ်မှန်ရမယ်။ကိုယ်ကအတုကြီးဆိုရင် သူ့ဆီကလည်းအတုကြီးပြန်လာလိမ့်မယ်နော်။ဒါဟာအမှန်တရားပဲ။တန်ပြန်သက်ရောက်မှု့ပဲ။တူညီတဲ့တုန့်ပြန်မှု့ပဲ။

အဆင့်(၂)- သူ့မျက်နှာကို တိတိကျကျ ပြတ်ပြတ်သားသား မြင်ယောင်နိုင်ရမယ်


ဒါကိုတော့နိမိတ်လို့ပြောရင်ရမလားပဲ။ကိုယ်ကြိုက်နေတဲ့ကောင်မလေးရဲ့ပုံကိုပြတ်ပြတ်သားသားအာရုံပြုနိုင်ရမယ်။ ၀ါးတားတားကြီး ဖြစ်နေလို့ မရဘူးနော်။ ရှင်းရှင်းလင်းလင်းမြင်ယောင်နိုင်ရမယ်။

အဆင့်(၃)- သူနဲ့ ကိုယ်နဲ့ အပြင်မှာ စကားပြောနေသလို မြင်ယောင်ရမယ်


အိုကေ…။စပြီ။ကောင်မလေးကိုညှို့တော့မယ်။အရင်ဆုံးငြိမ်ငြိမ်လေးထိုင်နေပြီးစရမယ်။ငြိမ်ငြိမ်လေးထိုင်ရမယ်ဆိုတာက ကိုယ့်ရဲ့ယောက်ယက်ခတ်နေတဲ့စိတ်ကိုအတည်ငြိမ်ဆုံးဖြစ်အောင်စုစည်းလိုက်တာပဲ။ဘာကြောင့်လဲဆိုတော့ တည်ငြိမ်တဲ့စိတ်ကသာအောင်မြင်စေမှာဖြစ်တယ်။ဒါကိုလည်းသမာဓိလို့ပြောရင်ရမလား။ ဘယ်လိုပဲပြောပြောအဓိကကတော့သင့်ရဲ့စိတ်ဟာအေးချမ်းပေါ့ပါးနေရမယ်။တည်ငြိမ်နေရမယ်။ယောက်ယက် ခတ်မနေရဘူး။ဟိုရောက်ဒီရောက်ဖြစ်မနေရဘူး။ကိုယ်ချစ်ခင်စွဲလန်းနေတဲ့ကောင်မလေးဆီကိုကိုယ့်ရဲ့စိတ်အာရုံကို အပြည့်အ၀စေလွှတ်တော့မှာ ဖြစ်တယ်။

အဆင့်(၄)- ကိုယ်ကြိုက်တဲ့ ကောင်မလေးကို စိတ်ကူးနဲ့ အရင်သွားတွေ့ရမယ်

အိုကေ…။နောက်တစ်ဆင့်တက်ပြီ။သွားတွေ့တော့မယ်။အ၀တ်အစားသန့်သန့်ရှင်းရှင်းဝတ်ပြီး တက်ကြွတဲ့ခြေလှမ်းတွေနဲ့ကောင်မလေးကိုသွားတွေ့မယ်။ရောက်ပြီ။ကောင်မလေးကိုတွေ့ရပြီ။ ကိုယ်ကကောင်မလေးကိုအရင်ဆုံးလှိုက်လှိုက်လှဲလှဲပြုံးပြလိုက်။အဲဒီမှာကောင်မလေးကလည်းကိုယ့်ကို လှိုက်လှဲဖော်ရွှေစွာပြန်လည်ပြုံးပြတယ်နော်။အဲဒီမှာကိုယ်ကကောင်မလေးကိုအချစ်တွေ၊ မေတ္တာတွေ ပြည့်ဝနေတဲ့ မျက်ဝန်းတွေနဲ့ကောင်မလေးရဲ့မျက်ဝန်းကိုစိုက်ပြီးကြည့်လိုက်တယ်။ကောင်မလေးကလည်းကိုယ့်မျက်ဝန်းတွေကိုပြန်လည် စိုက်ကြည့်နေပြီ။သူနဲ.ကိုယ်နဲ့မျက်လုံးခြင်းဆုံနေပြီနော်။မျက်စိကိုလုံးဝမလွဲလိုက်နဲ့။စိုက်သာကြည့်နေ။ ပြီးတော့မှ ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ စိတ်ခံစားချက်တွေကို တစ်လုံးချင်းချင်း သူ့ကို ပြောပြလိုက်မယ်။

ဒီမှာမ၀တ်မှုန်။ကျွန်တော်မကိုစကားပြောချင်တယ်။ကျွန်တော့်စကားကိုသေသေချာချာနားထောင်နော်။ ကျွန်တော်ကတော့မကိုအရမ်းချစ်တယ်။စစ်မှန်တဲ့မေတ္တာတရားတွေနဲ.တကယ်မြတ်မြတ်နိုးနိုးချစ်တာပါ။ အရမ်းလည်းစွဲလန်းနေပါတယ်။ကျွန်တော်ကမကိုစွဲလန်းချစ်ခင်နေသလိုပဲ မကလည်းကျွန်တော်ကိုပြန်ချစ်ရမယ်။ပြန်ချစ်တယ်မဟုတ်လားလို့တစ်ခါတည်းပြန်မေးလိုက်တယ်။အဲဒီမှာ သူကကိုယ့်ကိုတစ်ခါတည်းပြုံးပျော်ရွှင်လန်းစွာနဲ့စကားပြန်ပြောတယ်။ကျွန်မလည်းရှင့်ကိုချစ်ပါတယ်ရှင်ပေါ့။

(ဒါကဥပမာပြောတာနော်။တော်ကြာကိုယ့်မှာချစ်သူရှိတဲ့လူတွေကဘာလုပ်ရမှန်းမသိဖြစ်နေဦးမယ်။ကိုယ့်မှာ ချစ်သူရည်းစားရှိတဲ့လူတွေကြပြန်တော့ကိုယ့်ချစ်သူရဲ့ရင်ထဲကိုဝင်ပြီးကိုယ့်ကိုပိုချစ်သထက်ချစ်အောင်၊စွဲလန်းသထက်စွဲလန်းအောင် ၊သတိယသထက်သတိယအောင်ဝင်ပြီးကိုယ်ချစ်သူလေးရဲ့စိတ်ကို ညှို့လို့ရတာပေါ။)


အခုအပေါ်မှာပြောခဲ့တာတွေအားလုံးဟာစိတ်ကူးနေတာနော်။စိတ်ကူးနေတာ။အဲဒီလိုနေ့တိုင်း စိတ်ကူးရမယ်။ ထက်သန်တဲ့ စိတ်၊ တက်ကြွတဲ့ စိတ်နဲ့ နေ့တိုင်း စိတ်ကူးရမယ်။ ဘယ်နှစ်ရက်လုပ်ရမလဲ လို့တော့ မမေးပါနဲ့။ ကိုယ့်ရဲ့ စိတ်အားထက်သန်ရင် ထက်သန်သလောက် မြန်မယ်။ ကိုယ့်စိတ်က စွဲလန်းရင် စွဲလန်းသလောက် မြန်မယ်။ တကယ်လုပ်ရင် သေချာပေါက် အောင်မြင်မှာလားလို့ မေးရင်တော့ တကယ်ကို သေချာပေါက် အောင်မြင်ပါ့မယ်ဆိုတာကို အာမခံပေးလိုက်ပါတယ်။

အဆင့်(၅)- ဘယ်အချိန်လုပ်ရင် အကောင်းဆုံးလဲ

အကောင်းဆုံးကတော့ကိုယ်ကြိုက်နေတဲ့ကောင်မလေးအိပ်စက်တဲ့အချိန်လုပ်တာအကောင်းဆုံးပါပဲ။

မိတ်ဆွေများခင်ဗျား...စိတ်ပညာနှင့်ပါတ်သက်၍ကျွန်တော်ဟာပညာရှင်မဟုတ်ပါ။ဆရာသခင်လမ်းပြပေးခဲ့သော နည်းနာများကိုအခြေခံ၍စိတ်တန်ခိုးဆိုသောလမ်းရှည်ကြီးကိုစိတ်ရှည်လက်ရှည်ဆက်လက်ခရီးဆက်နေသောသာမန်လူတစ်ဦးပင်ဖြစ်ပါတယ်။ ကျွန်ုပ်သည်ကောင်းကင်ပေါ်လည်းပြန်သန်းနိုင်သောတန်ခိုးကိုမလိုချင်ပါ။ရေထဲမှာသွားနိုင်သောသူလည်း မဖြစ်လိုပါ။အရာဝတ္ထုများကိုမတို့မထိပဲရွေ့ရှားအောင်လည်းမစွမ်းဆောင်ချင်ပါ။ကျွန်ုပ်လိုချင်သောစိတ်တန်ခိုး ဆိုသည်မှာကားကျွန်ုပ်နေ့စဉ်နှင့်အမျှကြုံတွေ့နေရသောလူမှု့ရေး၊စီးပွားရေး၊လုပ်ငန်းဆောင်တာကိစ္စများကို သာကျွန်ုပ်ဆန္ဒရှိသည့်အတိုင်းစေနိုင်သူသာဖြစ်ချင်ပါသည်။ထို့ကြောင့်အောင်မြင်သောဘ၀ခရီးလမ်းကို ကျွန်ုပ်ကဲ့သို့ရှေ့ရှု့ကြကုန်သောသူအပေါင်းတို့အတွက်ရည်ရွယ်၍သိသလောက် ရေးသားပေးလိုက်ရခြင်း ဖြစ်ပါတယ်။
                                    ဆရာဟိန်းတင့်ဇော်

Sunday, January 20, 2013

အပြောင်းအလဲနဲ.ပြေငြိမ်းမှုယူပါ

ဘ၀မှာ ရှောင်လွှဲမရနိုင်တဲ့သေချာပေါက်ရင်ဆိုင်ရမယ့် အရာတွေရှိပါတယ်။အိုခြင်း၊နာခြင်း၊သေခြင်း တို.ဖြစ်ပါတယ်။နောက်ထပ်လျှောင်လွှဲမရနိုင်တဲ့အရာတစ်မျိုးရှိပါသေးတယ်...အဲ့ဒါကတော့နေ.စဉ်ဘ၀မှာ
တစ်နေ.ပြီးတစ်နေ.၊တစ်ချိန်ပြီးတစ်ချိန်အမြဲမပြတ်ရင်ဆိုင်တွေ.ကြုံနေရတဲ့အပြောင်းအလဲတွေဖြစ်ပါတယ်။
ဒါကြောင့်မိမိနဲ.သူတစ်ပါးတို.ရဲ.ဆက်ဆံရေးအတွက်ပေးနိုင်တဲ့အကောင်းဆုံးလက်ဆောင်ကအမှန်တကယ်တည်
ရှိနေတဲ့ အပြောင်းအလဲတွေနဲ.ပြေငြိမ်းမှုကိုရယူဖို.ဖြစ်ပါတယ်။
ကျွှန်တော်တို.ကအပြောင်းအလဲတွေသာမရှိခဲ့ရင်ကောင်းမှာပဲလို.တောင့်တပေမဲ့ဘယ်အရာကမှတည်မြဲပါဘူး။
ကျွှန်တော်တို.ခန္ဓာကိုယ်တွေပြောင်းလဲနေတာပါပဲ၊ဒီနေ.ကောင်းနေပေမဲ့ နောက်နေ.မှာကျန်းမာရေးကချို.တဲ့
လာပြန်ပါတယ်။ကျွှန်တော်တို.ကတွန်းလှန်တိုက်ခိုက်ကြပေမယ့် အပြောင်းအလဲတွေကဆက်လက်ဖြစ်ပျက်
နေပါတယ်။ကျွှန်တော်တို.ရဲ.စိတ်အခြေအနေတွေကလည်းအမြဲမပြတ်ဆိုသလိုပြောင်းလဲတတ်ပါတယ်။ဒါ့အပြင်
တွေးအခေါ်တွေလည်းပြောင်းနေပါတယ်။တစ်ချိန်မှာကျွှန်တော်တို.ကစိတ်အားတွေတက်ကြွနေပြီး ကြင်နာစာနာစိတ်တွေရှိနေကြပါတယ်။နောက်တော့ဆိုင်းမဆင့် ဗုံမဆင့် ဗြုန်းစားကြီးကျွှန်တော်တို.က
သံသယတွေဝင်မယ် ကြောက်ရွှံခြင်းတွေဖြစ်လာပါမယ်။နောက်နာရီအနည်းငယ်အတွင်းမှာပဲကျွှန်တော်တို.က
ကိုယ်လျှောက်နေတဲ့ လမ်းကြောင်းပေါ်ကိုပြန်ပြီးရောက်သွားကြပြန်ပါတယ်။
ဆက်ဆံရေးတွေကလည်းပြောင်းလဲနေပါတယ်။တစ်နေ.မှာကျွှန်တော်တို.ရဲ.ချစ်ခင်သူတွေက ကြင်နာတဲ့စကားလေးတွေနဲ.ဆက်ဆံတဲ့အတွက်အားလုံးသာယာဆိုပြည်နေကြပါတယ်။ဒီလိုရင်းနှီးကျွမ်းဝင်
တဲ့ဆက်ဆံရေးတွေကိုရာယူတာ ကျေးဇူးတင်စရာကောင်းတယ်လို.ခံစားရပါတယ်။နောက်နေ.တွေကျတော့
သူတို.ကဆန်.ကျင်ဘက်စကားတွေပြောမယ်မျှော်လင့်ချက်တွေပျက်ပြားစေမယ့်အပြုအမှုတွေပြုလုပ်မယ်။
အဲ့ဒီတော့ကျွှန်တော်တို.ဒေါသူပုန်ထပြီးဘာလို.များသူတို.နဲ.ဆက်ဆံမိပါလိမ့်လို.တွေဝေမိတတ်ပါတယ်။
ကျွှန်တော်တို.က အပြောင်းအလဲကို တွန်းလှန်မိတဲ့အခါမှာစိတ်ပျက်လက်ပျက်ဖြစ်ရုံကလွှဲလို.ဘာမှထူးခြား
မလာပါဘူး။မိမိတို.ကသိသည်ဖြစ်စေ၊မသိသည်ဖြစ်စေ အမြဲသတိအနေအထားနဲ.ရှိနေတတ်ကြပါတယ်။
ဘာကြောင့်လဲဆိုတော့ကျွှန်တော်တို.ကတစ်ခုခုနဲ.အဆင်ပြေသွားရင်အဲ့ဒီ့တစ်ခုကိုအမြဲတည်ရှိနေဖို.ကြိုးစား
ကြလို.ပါပဲ။
အပြောင်းအလဲကို လက်ခံလိုက်ရင်တော့ကြီးမားတဲ့လွတ်လပ်မှုကတွဲလျက်ပါတော့မယ်။အပြောင်းအလဲကို
လက်ခံလိုက်ခြင်းအားဖြင့်မကျေမနပ်နဲ.ကန်.ကွက်နေတာတွေရပ်ဆိုင်းသွားပါတယ်။ဥပမာသင့်ရဲ.ချစ်ခင်သူ
 ကမခံမရပ်နိုင်လောက်အောင်အမှားတစ်ခုကိုပြုလုပ်လာမယ်၊နှိမ့်ချပြောလာမယ်၊စိတ်အနှောက်ဖြစ်အောင်
လုပ်လာမယ်ဆိုရင်စိတ်မချမ်းမသာဖြစ်နေမယ့်အစားရင်ဆိုင်နိုင်လာပါလိမ့်မယ်။ဆက်ဆံရေးကာလတစ်လျှောက်
မှာဒီလိုအပြောင်းအလဲတွေရာထောင်ချီပြီးဖြစ်နေမှာကိုသိရှိသဘောပေါက်လို.ဖြစ်ပါတယ်။အဆင်ပြေတဲ့အချိန်
တွေနဲ.ကြည်နူးစရာကောင်းတဲ့ခံစားမှုတွေကပြန်ပြီးလာဦးမယ်ဆိုတာကိုလည်းသိနေပါတယ်။သာယာချမ်းမြေ့
တဲ့အချိန်တွေကိုပီတိနဲ.ပွေ.ပိုက်ထားကြပေမယ့်သိပ်တင်းတင်းကျပ်ကျပ်ကြီးတော့ဆုပ်ကိုင်မထားသင့်ပါဘူး။
ဘယ်အကြောင်းအရာတစ်ခုကမှထာဝရမတည်မြဲဘူးဆိုတာသင်သိတယ်မဟုတ်ပါလား။
အရာရာဟာပြေပြေလည်လည်ဖြစ်နေတဲ့အချိန်မှာရရှိနေတဲ့နှစ်သက်ဖွယ်ခံစားမှုမျိုးအပါအ၀င်အတူတူရယ်မော
ပျော်ရွှင်ရတဲ့အချိန်ကလေးတွေကို တစ်ဦးနဲ.တစ်ဦးစိတ်သဘောထားချင်းတူညီကြလို.သီးခြားကမ္ဘာလေးထဲမှာရှိနေကြတာကိုမြတ်နိုးတန်ဖိုးထား
ကြရတာတွေ၊ဒါပေမဲ့စိတ်အခြေအနေတွေပြောင်းသွားတဲ့အခါမှာမေတ္တာမပျက်ဖို.လိုအပ်ပါတယ်။
ခေတ်စားနေတဲ့တေးသီချင်းတွေကပေးတဲ့ message တွေက "တစ်သက်လုံးအတွက် ရည်ရွယ်လို.သူ.ကိုသိပ်ချစ်မိတဲ့အချိန်မှာ..." "ကိုယ်ဟာမင်းအတွက်ပေးဆပ်သူသက်သက်ပါ" "နောက်ဆုံးထွက်သက်အထိချစ်နေခွင့်ကလေးပေးလိုက်ပါ..."စသည်ဖြင့်ပေါ့ဗျာ...လှပတဲ့သံစဉ်တွေ သာယာတဲ့အသံတွေနဲ.သီဆိုခဲ့ကြပါတယ်။ဆိုလိုရင်းကတော့တစ်ယောက်အပေါ်မှာတစ်ယောက်ထားရှိတဲ့မျှော်
လင့်ချက်တွေ အိမ်မက်တွေကသူတို.ရဲ.အချစ်တွေကိုမပြောင်းလဲစေဘဲ ထာဝရတည်မြဲစေဖို.ပဲ ဖြစ်ပါတယ်။
လူအများစုကသူတို.ရဲ.ရင်းနှီးမှုဆက်ဆံရေးတွေအပေါ်မှာမကျေမနပ်ဖြစ်ရတဲ့အကြောင်းကပြောင်းလဲသွားကြလို.
ပဲဖြစ်မယ်ထင်ပါတယ်။အဆင်ပြေနေကြပြီဆိုရင် တလောကလုံးမှာ အပျော်ဆုံးလို.ထင်ကြပါတယ်။စိတ်အခြ
အနေပြောင်းလဲသွားပြီဆိုရင် စိုးရိမ်ကြောက်လန်.လာမယ်၊မကျေမနပ်တဲ့စိတ်တွေဝင်လာပါတော့မယ် "ငါဖြစ်ချင်နေတာကဒီလိုမဟုတ်သေးဘူး" "ထင်ထားတာနဲ.တစ်ခြားစီပါလား" စတဲ့အတွေးတွေဝင်လာပါ
တယ်။နောက်တော့စိတ်မချမ်းမသာဖြစ်လာပါတယ်။နောက်ထပ် စိတ်တိုင်းကျမယ့်မိတ်ဆွေ ချစ်သူအသစ်
ကိုရှာဖွေတော့မှာဖြစ်ပါတယ်။တကယ်တော့ဒီလိုမဖြစ်ရပါဘူး။ဘ၀မှာမလွှဲမသေကြုံရမဲ့ အပြောင်းအလဲတွေကိုတွန်းလှန်ပစ်မယ့်အစားအလိုက်သင့်စီးမျောလိုက်ရင်လက်ခံလာနိုင်ပြီးအချိန်တိုင်းမှာတွေ.ရ
မယ့်အပြောင်းအလဲတွေကိုကောင်းစွာခံစားနိုင်ပါလိမ့်မယ်။အပြောင်းအလဲတွေကြောင့် "ဒါတွေကို ငါမကြိုက်ဘူး" လို.တခြားတစ်ခုကိုတောင်းဆိုတာတွေ၊ဝေဖန်ဖြစ်တင်တာတွေဟာစိတ်အင်အားကိုလျော့ပါး
စေတယ်ဆိုတာနားလည်သွားပါတယ်။ဆက်ဆံရေးဘ၀မှာဒါတွေဟာအမြဲမပြတ်တွေ.ကြုံရမယ့်အချိန်တွေလို.
သိရှိသွားလို.ဖြစ်ပါတယ်။ပျှော်ရွှင်ရတဲ့အချိန်တွေရှိသလို၊ဆန်.ကျင်ဘက်အချိန်တွေလည်းအများကြီးရှိပါတယ်။
ကျွှန်တော်တို.က ပျှော်ရွှင်ရတဲ့အချိန်တွေကိုပိုပြီးနှစ်သက်လိုလားကြတာအမှန်ပါပဲ။ရှုံးနေတဲ့တိုက်ပွဲကိုတိုက်ဖို.
လိုလိုလားလားမရှိဖို.ကိုသာဆိုလိုတာပါ။
သင့်ရဲ.ချစ်သူခင်သူအဖို.လဲ သင့်စိတ်အခြေအနေတွေပြောင်းလဲသမျှအပေါ်မှာသတိနဲ.အနေအထိုင်အပြော
အဆိုဆင်ခြင်နေရမဲ့အစားသူ.ကိုလက်ခံပြီး ချစ်ခင်နေရတယ်လို.ဘယ်လောက်စိတ်သက်သာရာရမလဲဆိုတာစဉ်းစားသာကြည့်ပါတော့...အပြောင်းအလဲကို
လက်ခံခြင်းကသင်တို.ရဲ.ဆက်ဆံရေးအတွက်ငြိမ်းအေးခြင်းနဲ.သဟဇာတဖြစ်ခြင်းတွေကိုယူဆောင်လာတော့
မှာဖြစ်ပါတယ်။   ။
                                           MAKE PEACE WITH CHANGE