Tuesday, February 4, 2014

ကြောက်ဖို.ကောင်းသောအတွင်းစိတ်



ယခုစာရေးသူသည်အသက်၂၈နှစ်ရှိပေမဲ့လောကတွင်တွေ.ကြုံခဲ့ရသောကျန်းမာရေး၊လူမူရေးနှင့်စီးပွားရေး
ဗဟုသုတမျိုးစုံနှင့်တွေ.ကြုံခဲ့ရပါသည်။ပထမဦးဆုံးအနေဖြင့်လူတယောက်တွင်အရေးကြီးဆုံးမှာကျန်းမာရေး
ဟုဆိုရလိမ့်မည်။ကျန်းမာရေးကောင်းလျှင်စီးပွားရေးကောင်းဖို.ကျိုးစားရမည်စီးပွားရေးကောင်းလျှင်လူမူရေး
ကအလိုလိုကောင်းလာမှာသေချာပါတယ်…ကျန်းမာရေးကောင်းဖို.ဆိုတာလူတယောက်ကပုံမှန်အိပ်ချိန်၊စား
ချိန်၊အနားယူချိန်ဆိုတာလိုအပ်ပါတယ်။မည်သည့်ကိစ္စမဆိုလိုအပ်တာထက်ပိုလုပ်ရင်မကောင်းပါဘူး…ကျွန်တော့်အဖေမိတ်ဆွေတယောက်ဆိုရင်လွန်ခဲ့သော ၁၀ နှစ်လောက်ကကျန်းမာရေး၊စီးပွားရေး၊လူမူရေးဘာ
ဆိုဘာတခုမှမပြောပြနိုင်လောက်အောင်ကောင်းမွန်သူတယောက်ဖြစ်ပါတယ်…ရာထူးကလဲကြီးပဗျာ၊သူတာဝန်ကျသည့်တိုင်း၊ပြည်နယ်များကိုကျွန်တော်တို.သွားလည်သောအခါများတွင်အတိုင်းထက်အလွန်တာဝန်
ကျေခဲ့သောသူ၏မိတ်ဆွေများကိုယနေ.တိုင်မှတ်မိနေပါသေးသည်၊ဒီလိုနဲ.ဟိုပြောင်းလိုက်ဒီပြောင်းလိုက်
တာဝန်ထမ်းဆောင်နေရသောဝန်ထမ်းတယောက်ဖြစ်တာမလို.အသိမိတ်ဆွေတွေကလဲလေလိုပေါလာ
သည်မှာအမှန်ဖြစ်ပေသည်။လူတယောက်ကစနေ၊တနင်္ဂနွေလိုနေ.များတွင်ထမင်းဖိတ်ကျွေးချင်သည်ဆို
ရင်တောင် ၁ လ လောက်ကြိုတင်ချိန်းဆိုရတယ်၊အဲ့ဒီလောက်မိတ်ဆွေအပေါင်းအသင်းပေါများသလိုဥစ္စာ
ဓနလည်းပေါများခဲ့ပါတယ်။တနေ.ကျွန်တော်ကိုယ်တိုင်တောင်အတိအကျမသိတော့တဲ့နေမှာကျွန်တော့်
အဖေ၏မိတ်ဆွေသည်ရာသီဥတုနှင့်သွေးတိုးရောဂါကြောင့်လေရောဂါခံစားလိုက်ရပါတယ်…ထိုရောဂါဖြစ်
ဖြစ်ချင်းတိုင်း၊ပြည်နယ်အသီးသီးတွင်ရှိကြသောသူ၏မိတ်ဆွေများမှာသိသိချင်းပဲလိုက်လာကြပါတယ်။ဒီလို
နဲ.အချိန်အတိုင်းအတာတခုကြာသောအခါမှာရောဂါဝေသနာကြောင့်ရာထူးမှပင်စင်စားဘ၀သို.ရောက်ခဲ့ပါတယ်။ပင်စင်ယူပြီး ၁ နှစ်လောက်ကတော့သူ.မိတ်ဆွေတွေကလာကြသေးတယ်ဗျ…အဘဘယ်သူကိုဘာ
ပြောပေးပါအုံး၊ကူညီပေးနိုင်ရင်လုပ်ပေးပါဦးအဘရယ်ဆိုပြီးတချိန်ကအတိုင်းထက်အလွန်တာဝန်ကျေခဲ့
သောမိတ်ဆွေများကမပြောပြလောက်သောသိတတ်မူအဆင့်သောရောက်သွားခဲ့ပါတယ်…ဒီလိုနဲ.နေရင်း
အချိန်တွေကြာလာတော့ရောဂါကြောင့်ကုသမှုစရိတ်ကုန်တာကတကြောင်း၊အရင်လိုရာထူးမရှိတာကတ
ကြောင်းလူတွေကအလာကျဲသွားခဲ့ပါတယ်…အရင်ကဆိုအရမ်းကိုလူစည်ကားခဲ့တဲ့အိမ်ကြီးမှာလဲမိသားစု
ဝင်နှင့်အလုပ်သမား ၃ ယောက်လောက်တာကျန်ခဲ့ပါတယ်…ခြံထဲမှာအရောင်၊အမျိုးအစားမျိုးစုံရှိသောကား
များမှာလည်းတဖြည်းဖြည်းနည်းလာခဲ့ပါတယ်၊၁လလောက်ရက်ချိန်းပြည့်ခဲ့သောနေ.ရက်များမှာလဲအချိန်
ပြည့်လိုလိုအားလပ်ခဲ့ပါတယ်…ကျွန်တော်ကိုယ်တိုင်ကလဲမရောက်ဖြစ်ခဲ့ပါဘူး…ဒီလိုနဲ.ကျန်းမာရေးကအသင့်သင့်ကောင်းလာသောအခါတလတခေါက်လောက်တော့အရင်ကမိတ်ဆွေတွေနဲ. Golf လေးဘာလေး
တော့ရိုက်ဖြစ်တာပေါ့ဗျာ…၂၀၁၃ နှစ်လည်ပိုင်းလောက်မှာတော့သူကိုတချိန်ကအရမ်းလေးစားသော
မိတ်ဆွေကြီး၏သမီးမင်္ဂလာဆောင်တော့သူကိုဖိတ်တာပေါ့ဗျာ…မဖိတ်ရင်ရိုင်းမှာဆိုးလို.ဖိတ်တာလား၊လေး
စားသမူနဲ.ဖိတ်တာလားတော့မသိဘူး…ဖိတ်တုန်းကတော့အဘမင်္ဂလာပွဲကိုချီးမြင့်ပေးပါဆိုပြီးဖိတ်သွားတယ်
ကျွန်တော်နဲ.ကလဲရင်းနီးနေတော့ဖိတ်စာရခဲ့ပါတယ်…ဒီလိုနဲ.မင်္ဂလာဆောင်ကိုကိုယ့်အစီအစဉ်နဲ.ကိုယ်သွား
ကြတယ်ပေါ့ဗျာ…မင်္ဂလာဆောင်ကမနက်ပိုင်းဖြစ်တာမလို.ကျွန်တော်တို.မိတ်ဆွေအဘကိုသူ.အိမ်က
ယာဉ်မောင်းကလိုက်ပို.ပေးပြီးအပြန်ကိုအဘကမင်္ဂလာဆောင်တဲ့မိန်းကလေးဖခင်ကိုလိုက်ပို.ခိုင်းမယ်လို.ဆို
ပြီးကားကိုအိမ်ပြန်လွတ်လိုက်တယ်ပေါ့ဗျာ…ကျွန်တော်မင်္ဂလာခန်းမထဲရောက်တော့အရမ်းကိုအံသြဖို.
ကောင်းတဲ့မြင်ကွင်းလေးကိုမြင်လိုက်တော့အရမ်းကိုအံသြသွားပါတယ်…ဘာလို.လဲဆိုတော့အဘ..အဘ
လို.တချိန်ကပါးစပ်ဖျားကမချတဲ့လူတစုက VIP ဆိုတဲ့ဝိုင်းတွေမှာထိုင်နေကြတယ်…အဲ့ဒီဝိုင်းမှာခုံတွေလဲ
လွတ်နေပါတယ်…ကျွန်တော်လိုဘာမဟုတ်တဲ့လူကိုတောင်ထိုင်ဖို.ခေါ်တယ်တချိန်ကအဘကိုကြတော့
ဘာလို.မခေါ်တာလဲ?????ကျွှန်တော်ကလဲအားနားတာနဲ.အဘဆိုတဲ့တုတ်ကောက်ကိုင်ဆံပင်အနည်းငယ်
ဖြူပြီးမျက်နှာမကောင်းဖြစ်နေတဲ့သူနဲ.ဘေးကပ်ရပ်ထိုင်လိုက်ပါတယ်….အဘကမျက်ရည်ဝဲပြီးအသံအနည်းငယ်တုန်နေတဲ့အသံနဲ.မင်းဟိုမှာထိုင်လေကွာ…အဘကရတယ်ဟိုနားကဘာဖြစ်လို.ညာဖြစ်လို.နဲ.စိတ်ဖြေ
ပြီးကျွှန်တော်ကိုပြောနေပါတယ်…ရပါတယ်အဘရယ်ကျွှန်တော်လဲအဘနဲ.စကားပြောရတာပေါ့ဆိုပြီးစကားတွေပြောခဲ့ပါတယ်…ဒီလိုနဲ.အခန်းအနားမှုးကမင်္ဂလာအချိန်ကြရောက်ပါသဖြင့်သတို.သား၊သတို.သမီးကို
ပွဲစထွက်လာပါတယ်…ဒီလိုနဲ.တချိန်ကအဘရှေ.ရောက်ရင်မျက်နှာလေးကိုပြုံးနေတဲ့သူကတလမ်းလုံးတော့
ပြုံးနေတာပဲ…အဘနားရောက်မှမျက်နှာကဟိုဘက်ကိုလွှဲလိုက်တယ်…ခံရခက်လိုက်တာဗျာထိုသူကတချိန်ကဘာလဲဆိုတာကျွှန်တော်နဲ.ထိုအဘကအသိဆုံး…တော်တော်ခက်တဲ့သူဗျာကျေးဇူးတရားကိုနားမလည်တဲ့လူ…ဒီလိုနဲ.ကျွှန်တော်ကလူငယ်စိတ်တိုနေတဲ့မျက်နှာနဲ.အဘကားပါလားမေးလိုက်တော့ကားကတခြားသုံးစရာရှိလို.ပြန်သွားတယ်တဲ့….ဒါဆိုကျွှန်တော်လိုက်ပို.ပေးမယ်လို.ဆိုပြီးခဏနေပြီးသူတို.ပြောတဲ့မင်္ဂလာခန်းမကနေထွက်လာခဲ့ပါတယ်…ဒီလိုနဲ.တလမ်းလုံးဘာစကားမှမပြောပဲအင်းယားမြိုင်ထဲကအဘရဲ.တလုံးထဲသာရှိတဲ့အိမ်ကိုလိုက်ပို.ပေးခဲ့ပါတယ်…ထိုအချိန်တွင်အရင်ကကျွှန်တော်ထက်ပိုရင်းနှီးမှုရှိခဲ့သောအဘတပည့်
များကပြုံုးပြတာကလွှဲလို.နေကောင်းးလားလို.တောင်တခွန်းမမေးကြဘူးဗျာ…ကဲထားလိုက်တော့အိမ်ထဲ
ရောက်တော့အဘနေကောင်းအောင်နေဗျာ…ကျန်းမာရေးကအရေးကြီးတယ်တုတ်ကောက်နဲ.အဘကိုကြည့်
ရတာစိတ်မကောင်းဘူးလို.ပြောပြီးအဲ့အိမ်ကနေထွက်လာတော့တချိန်ကအိမ်အနေအထားကိုမြင်ပြီးတနေ
ကုန်စိတ်ထဲမှာအလိုမကျဖြစ်ခဲ့ပါတယ်…ဒီလိုနဲ.အချိန်အတန်ကြာတော့ကျန်းမာရေးမကောင်းတဲ့အဘကကျွှန်တော်ကိုဖုန်းဆက်လို.အိမ်ကိုသွားခဲ့ပါတယ်…အိမ်ရောက်တော့အရမ်းကိုပြုံးပျော်ပြီးတက်ကြွနေတဲ့အဘကို
မြင်လိုက်ရပါတယ်…၀မ်းသာတယ်ဗျာလို.ပြောလိုက်တော့မျက်ရည်ကျလာတဲ့အဘကငါအခုလိုနေကောင်းအောင်ခွန်အားတွေပေးခဲ့တဲ့ဦး…….ဆိုတဲ့သူကြောင့်ပဲကွလို.ပြောပြီးကျွှန်တော်ကိုအဘကတော်ကိုယ်တိုင်ချက်
ကျွေးသောကြက်ဘူးသီး၊၀က်သားကြော်၊ပဲကြီးနှပ်နဲ.မျှင်ငါးပိတောင်းကိုအားရပါးရတီးလိုက်တယ်ဗျာ…
ပြောရမယ်ဆိုရင်လူတယောက်ကဂုဏ်ရှိန်ရာထူးကြီးနေတဲ့အချိန်မှာဘေးကနေတောင်းလိုက်တဲ့အလုပ်
နဲ.တောင်းလိုက်တဲ့အကူအညီမျိုးစုံတွေကိုအမျိုးမျိုးအကူအညီပေးခဲ့ပေမဲ့…တနေ.လုပ်ပေးနိုင်တဲ့အရည်
အချင်းမရှိသောအခါတချိန်ကပြုစုပျိုးထောင်ပေးလိုက်သောလူများကလှည့်တောင်မကြည့်ချင်သောပုံများ
ကတော်တော်တရားရဖို.ကောင်းပါတယ်ဗျာ…အရေးကြီးဆုံးပြောချင်တာကတော့လူတယောက်ကကျန်းမာ
ရေးကောင်းဖို.အရေးကြီးဆုံးပါပဲဗျာ…ကျန်းမာရေးကောင်းရင်စိတ်သွားတိုင်းကိုယ်ပါပြီးအရာရာအောင်မြင်
ပါမယ်လို.ကျွန်တော်ယုံကြည်လိုက်ပါတယ်…လူတိုင်း၊လူတိုင်းကိုလဲကျေးဇူးတရားကိုနားလည်စေချင်ပါ
တယ်….ကျေးဇူးတရားကိုမသိသောသူသည်ခွေးထက်မိုက်သောသူပင်ဖြစ်ပေလိမ့်မည်။  

စာရေးသူသည် pro တယောက်မဟုတ်တဲ့အတွက်စာများကိုရေးတဲ့အခါအစီအစဉ်တကျမရှိမှာသေချာပါ
တယ်…စာဖတ်ပရိသတ်အနေဖြင့်နားလည်ပေးပါရန်အထူးအထူးတောင်းပန်ပါတယ်။

No comments:

Post a Comment