Tuesday, April 23, 2013

ဘောင်းဘီဝတ် မိန်းမ

ယနေ့ခေတ်ပြိုင်ကာလတွင်မြန်မာမိန်းကလေးများထဲ၌ခေတ်စားနေသောဝတ်စားဆင်ယင်မှုဖက်ရှင် တစ်မျိုးရှိသည်။ထိုဖက်ရှင်ကိုမြီးကောင်ပေါက်အရွယ်မှသည်အသက်၂ဝကျော်အရွယ်အပျိုကြီး ဖားဖားတို့အထိတောရောမြို့ပါကျေနပ်စွာဆင်ယင်နေကြသည်။ထိုဖက်ရှင်စတင်ခေတ်စားလာခဲ့သော ကာလကိုကျွန်တော်အစကောက်တင်ပြနိုင်ရန်မစွမ်းပါ။မြန်မာဖက်ရှင်ပညာရှင်များကတော့ ထိုဖက်ရှင်မြန်မာပြည်မှာစတင်ခေတ်စားလာခဲ့သောကာလကိုမှတ်မိသတိရစွာဖော်ထုတ်နိုင်ကြပါလိမ့်မည်။
ဖက်ရှင်ဆို၍ထူးထူးခြားခြားဆန်းဆန်းပြားပြားထဲကတော့မဟုတ်။သလုံးသားကိုဦးစားပေး ဗန်းပြလိုသောကြောင့်ဘောင်းဘီရှည်အောက်အနားစကိုဒူးခေါင်းများအောက်ဘက်တွင်ပုံစံအမျိုးမျိုးဖြင့် ကျပ်စည်းထားကြသည့်အမျိုးသမီးဝတ်ဘောင်းဘီဖက်ရှင်ဖြစ်သည်။များသောအားဖြင့်ချည်ထည်“ပြောင်” ပိတ်သားများကိုအသုံးပြုကြသည်။ဂျင်းသားကိုဆင်မြန်းကြသူတွေလည်းရှိကြသည်။အပျိုပေါက် ကလေးတွေကရောင်စုံဒီဇိုင်းနှင့်ပိတ်သားဘောင်းဘီတွေကိုဆင်ယင်ကြွားဝင့်ပြကြသည်။၂ဝရာစုထဲမှာ ကျန်ရစ်ခဲ့သောမြန်မာအဘွားအိုတို့၏အမြင်ကလေးကမူဣတ္ထိယငယ်တို့၏ဝင်းဝါပြည့်တင်းသော
ခြေသလုံးသားကိုလူမြင်ကွင်းမှာပေါ်ပေါ်တင်တင်ထုတ်ပြထားခြင်းကြောင့်ဟိရိသြတ္တပ္ပတရားကင်းမဲ့သည်၊ “ရိုင်း”သည်ဟုသတ်မှတ်ကြပေလိမ့်မည်။
အမျိုးသမီး အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော Elizebath Cady Staton နှင့် Amelia Blommer တို့ အထိမ်းအမှတ် ရုပ်တုများ
အမျိုးသမီးအခွင့်အရေးအတွက်တိုက်ပွဲဝင်ခဲ့ကြသော Elizebath Cady Staton နှင့် Amelia Blommer တို့အထိမ်းအမှတ်ရုပ်တုများ

ထိုဘောင်းဘီမျိုးကိုမြန်မာပြည်မှာခေတ်ပြိုင်အမည်ဘယ်သို့မှည့်ခေါ်ထားကြောင်းကျွန်တော်မသိပါ။ ထိုဘောင်းဘီမျိုးကိုအားကစားမယ်များက“ထွက်စု” Track-Suit အဖြစ်စတင်ဝတ်ဆင်ခဲ့သည်ဟုထင်စရာ ရှိသော်လည်းမဟုတ်သေးပါ။ထိုမိန်းမဝတ်ဒူးကျပ်ဘောင်းဘီ၏မူရင်းအမည်မှာ Bloomer ဖြစ်ပါသည်။ ထိုဘောင်းဘီကိုခေတ်စားစေခဲ့သူအမေရိကန်အမျိုးသမီးအရေးလှုပ်ရှားသူ Amelia Bloomer(၁၈၁၈-၉၄) ကိုဂုဏ်ပြုရည်ညွှန်းပါသည်။ဆိုခဲ့သော“ဘလူးမား”ဒူးကျပ်ဘောင်းဘီတွင်ကျယ်ခေတ်စားလာရခြင်း၏ အကြောင်းရင်းနောက်ခံသမိုင်းကြောင်းရှိသည်။ဘလူးမားဒူးကျပ်ဘောင်းဘီစတင်ပေါ်ပေါက်ခဲ့သော၁၈၅ဝ ခုနှစ်အထိအမေရိကန်အမျိုးသမီးများသည်ကိုယ်ကျပ် “ကော့ဆက်” အင်္ကျီများနှင့်လေးလံကြီးမားလှသော ခါးစည်းဂါဝန်ဖားဖားရှည်ရှည်ကြီးများကိုသာပုံမကျပန်းမကျပင်ပန်းစွာဝတ်ဆင်နေခဲ့ကြရသည်။ထိုကဲ့သို့ ဝတ်စားမှပင်မိန်းမကောင်းပီသ၍ယဉ်ကျေးသည်ဟုလူမှုဝန်းကျင်အသိုင်းအဝိုင်းကလက်ခံကျေနပ်ကြသော ကာလဖြစ်သည်။သို့ရာတွင်အသုံးမတည့်လှသောစည်းစနစ်ဟောင်း၊ဝါဒဟောင်း၊အမူအကျင့်ဟောင်း များကိုတော်လှန်ပြောင်းလဲပစ်လိုသောအသိအမြင်သစ်တွေကလည်းထိုကာလမှာပင်နိုးကြားပေါက်ကွဲလျက် ရှိသည်။အထူးသဖြင့်ရာစုနှစ်နှင့်ချီ၍စွဲမြဲအမြစ်တွယ်ခဲ့သောငွေဝယ်ကျွန်စနစ်ကိုပယ်ဖျက်လိုသော “ငွေဝယ်ကျွန်စနစ်ဖျက်သိမ်းရေးဝါဒီ”များ၏လှုပ်ရှားမှုပြင်းထန်ချိန်ဖြစ်သည်။ထိုသို့သောဧရာမ အပြောင်းအလဲကြီးတစ်ခုနှင့်အတူလိုက်ပါပြောင်းလဲလိုကြသောအမျိုးသမီးများ၏တော်လှန်ရေး စိတ်ဓာတ်လည်းဆူပွတ်လာကြသည်။သမိုင်းတစ်လျှောက်သူတို့မှာမွေးရာပါအခွင့်အရေးများစွာ ဆုံးရှုံးနေခဲ့ကြသည်။ဥပမာဆိုရလျှင်သူတို့သည်တက္ကသိုလ်ကောလိပ်တက်ခွင့်မရခဲ့ကြ၊လူထုအစည်းအဝေး တရားဟောစင်မြင့်ပေါ်သို့လည်းတက်ရောက်ခွင့်မရခဲ့ကြသည့်နစ်နာဆုံးရှုံးမှုမျိုးများဖြစ်ကြသည်။ ဤသို့သောနှောင်ကြိုးများကိုဖြတ်တောက်ချိန်တန်ပြီဟုရဲရင့်သူအမျိုးသမီးတွေယူဆယုံကြည်ခဲ့ကြပြီ။
၁၈၅ဝ ခုနှစ်တွင်အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုထောက်ခံသူ၊ငွေဝယ်ကျွန်စနစ်ဖျက်သိမ်းရေးအတွက် တက်ကြွလှုပ်ရှားသူ Gerrit Smith သည်၊အမျိုးသမီးတို့၏အဝတ်အစားဖက်ရှင်ပြောင်းလဲရေး စတင်လှုံ့ဆော်သည်။အမျိုးသမီးများသည်မိမိတို့အကျဉ်းကျနေသောဝတ်စုံအကျဉ်းထောင်များထဲမှ ရုန်းထွက်ကြရမည်”ဟုစမစ်ကအမျိုးသမီးအခွင့်အရေးဝါဒီများကိုတိုက်တွန်းသည်။
စမစ်၏အကြံပေးလှုံ့ဆော်မှုကိုဦးစွာလက်တွေ့အကောင်အထည်aဖ်ာသူမှာသမီးဖြစ်သူ Elizabeth Smith Miller ဖြစ်သည်။အဲလိဇဘက်သည်ဘောင်းဘီရှည်ပွပွကြီးတစ်ထည်ကိုကိုယ်တိုင်ချုပ်၍ဒူးအထိသာ ရှည်သောစကတ်အောက်မှာထိုဘောင်းဘီပွကြီးကိုခံဝတ်သည်။သူ့ကိုအတုယူပြီးသူနှင့် ဝမ်းကွဲညီအစ်မတော်သူ Elizabeth Cady Staton ကလည်းထိုဖက်ရှင်ကိုအတုယူဝတ်ဆင်သည်။ စတင်တန်ဖက်ရှင်ကိုသူငယ်ချင်းအမ်မလီယာဘလွမ်းကပုံတူကူးဝတ်ဆင်ပြန်သည်။ဘလွမ်းက ဝတ်ဆင်ရုံမျှမဟုတ်။သူရေးသားနေသောသတင်းစာနီတိခန်းကနေအမျိုးသမီးတွေဘောင်းဘီ ဝတ်ဆင်သင့်ကြောင်းအားပေးလှုံ့ဆော်ရေးသားသည်။ဘောင်းဘီပွဖက်ရှင်ကိုကြော်ငြာသည်။ ထိုအခါဘောင်းဘီပွဖက်ရှင်ဝတ်ဆင်လိုကြသောအမျိုးသမီးပရိသတ်ကဘောင်းဘီပွဒီဇိုင်းနှင့်ချုပ်လုပ်ပုံ ချုပ်လုပ်နည်းများကိုစာဖြင့်တောင်းခံလာကြသဖြင့်ဘလွမ်းသည်ဘောင်းဘီပွဖက်ရှင်ချုပ်လုပ်နည်းကို ရုပ်ပုံများနှင့်တကွစာအုပ်ရိုက်နှိပ်ထုတ်ဝေရပြန်သည်။ဤသို့ဖြင့်မိန်းမဝတ်ဘောင်းဘီပွဖက်ရှင်သည်ကျော်ကြား ပျံ့နှံ့ကာ Bloomerettes အမည်ဖြင့်လည်းကောင်း  Bloomer Costume ဟုလည်းကောင်း၊  ထင်ရှားလာသည်။နောက်ဆုံးမှာတော့ Bloomers ဟူသောအမည်ကတရားဝင်တည်ရှိကာအဘိဓာန် စာရင်းဝင်ဝေါဟာရပင်ဖြစ်လာသည်။အမ်မလီယာဘလွမ်းသည် ၁၈၁၈ မှာမွေး၍ ၁၈၉၄ တွင် အနိစ္စရောက်သွားခဲ့သည်။အမေရိကမှာ ၁၈၅ဝ ခုနှစ်လောက်ကပေါ်ထွန်းခဲ့သောဘလူးမား မိန်းမဝတ်ဘောင်းဘီဒီဇိုင်းမျိုးကိုယခု ၂ဝ၁၂ ခုနှစ်တွင်မြန်မာပြည်မှကျွန်တော်၏မြေးမလေးကအမြတ်တနိုး ဝတ်ဆင်နေပါသည်။တစ်နေ့တော့အမ်မလီယာဘလွမ်းအကြောင်းမြေးမလေးကိုပြောပြဖို့ စိတ်ကူးထားသည်။ပြောမည်ဆိုလျှင်ဘလူးမားဘောင်းဘီနှင့်ဆက်လက်ပြီးပြောပြစရာတွေများစွာ ရှိလာလိမ့်မည်။ယခုဘလူးမားဘောင်းဘီဝတ်သောကျွန်တော့်ခေတ်မှာမည်သူကမျှမဝေဖန် မပုတ်ခတ်သော်လည်းဘလူးမားပေါ်ကာစကမူအမေရိကမှာပင်ပွက်ပွက်ညံသွားခဲ့ပါသည်။
ဘလူမားဘောင်းဘီလည်းဣတ္ထိယ၏ဒူးမှခြေမျက်စိအထိဟင်းလင်းဖြစ်နေသောကြောင့် “ယဉ်ကျေးသိမ်မွေ့မှုမရှိ”ဟုထင်မြင်ခဲ့ကြသည်။ဘလူးမားဘောင်းဘီဝတ်အမျိုးသမီးတွေကို လမ်းသွားလမ်းလာယောက်ျားတွေကလှောင်ပြောင်ကြသည်။သတင်းစာဆရာကာတွန်းဆရာတွေက “ယောက်ျားလိုဝတ်တဲ့မိန်းမတွေ”ဟုသရော်ကြသည်။သာသနာ့ဝန်ထမ်းများကတော့၊ဘလူးမားဘောင်းဘီ ဝတ်သောအမျိုးသမီးများကို“မိစ္ဆာမ”များဟုပင် ရှုတ်ချခဲ့ကြသည်။
ဘလူးမားဘောင်းဘီကိုစတင်ဝတ်ဆင်ခဲ့ပြီးဘလူးမားဘက်မှစာနှင့်ပေနှင့်အကြောင်းပြခုခံကာကွယ်ခဲ့သူ “အဲလိဇဘက်ကေဒီစတင်တန်”ကိုယ်တိုင်ဆန့်ကျင်မှုများစွာနှင့်မရှူသာမကယ်သာရင်ဆိုင်ခဲ့ရရှာသည်။
သူမ၏ဖခင်တရားသူကြီးဖြစ်သူကသူ့ထံလာလျှင်ဘလူးမားဘောင်းဘီဝတ်မလာရဟုသမီးကို အမိန့်ထုတ်သည်။အဆိုးဝါးဆုံးထိုးနှက်ချက်မှာအဲလီဇဘက်၏သားတော်မောင်နှစ်ယောက်က သူတို့၏ကျောင်းသို့လာလျှင်“တိုနံ့နံ့အဝတ်တွေဝတ်မလာပါနှင့်”ဟုမိခင်ဖြစ်သူကိုတားမြစ်ခဲ့ခြင်းပင်ဖြစ်ပေသည်။
ခေတ်သစ်ကရှေ့ကိုတိုးတက်လာတိုင်းခေတ်နောက်ပြန်ဆွဲသမားတွေကနောက်ကိုဆုတ်ကန်ဆုတ်ကန် လုပ်စမြဲမဟုတ်လား။
ယနေ.ခေတ် ယနေ.အချိန်တွင် ထိုဘလူးမားထက်ဆိုးသောဘောင်းဘီများကိုဝတ်ဆင်နေကြသောမြန်မာအမျိုးသမီးများရဲ.အလှကလဲ
ဖော်မပြနိုင်လောက်အောင်ကိုရှားပါးလှပါတယ်ဗျာ... 

No comments:

Post a Comment